Chapter 152
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၅၂)


Chapter 152 (ကျွန်တော်နေမကောင်းဘူး)

 ‌လေ့ကျင့်ရေးစခန်းဂိတ်တံခါးတွင်

အရပ်ဝတ်နှင့် ဦးထုပ်ဆောင်းထားသည့် အမျိုးသားတစ်ဦးသည် တံခါးဝသို့ ခိုးကြောင်ခိုးဝှက်ဝင်ကာ မျက်နှာကိုဖုံးအုပ်ရန် မျက်နှာဖုံးကို တိတ်တဆိတ်ဆွဲယူပြီး သတိဖြင့် လှည့်ပတ်ကြည့်နေသည်။

"မင်းကဘယ်သူလဲ။" တံခါးတွင် စောင့်ကြပ်နေသော နည်းပြက သံသယဖြစ်စွာ မေးခွန်းထုတ်သည်။

အဲဒီလူသည် သူ့အိတ်ကပ်ထဲက လက်မှတ်တစ်စောင်ကို ထုတ်ယူပြီး နည်းပြကိုပေးကာ မျက်နှာဖုံးထောင့်ကို ဆွဲလှန်လိုက်ပြီး တိုးတိုးလေးပြောသည်။

"ငါပါ။"

"လောင်ကုလား။" နည်းပြ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "မင်း… ဘာလို့ ဒီလိုဝတ်ထားရတာလဲ။"

နည်းပြကုသည် သက်ပြင်းချကာ နှစ်လကြာအောင် မတွေ့ရတော့ဘဲ သူ့မျက်နှာမှာ မျက်တွင်းချောင်ကျနေသည်ာ

"ငါ ဆေးရုံမှာ ခဏနေခဲ့ပြီး ပစ္စည်းတချို့ယူဖို့ ပြန်လာခဲ့ပေမယ့် ဆရာဝန်က ငါ့ရောဂါနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဘယ်သူ့ကိုမှ မတွေ့ဖို့ ညွှန်ကြားထားတယ်… ဘာပဲဖြစ်ဖြစ် တခြားသူတွေ ငါ့ကိုမမှတ်မိတာ ပိုကောင်းတယ်။"

"အဲဒါလား…" နည်းပြက ခေါင်းညိတ်ပြပြီး "မင်းမြန်မြန်ဝင်ပြီး ကိစ္စပြီးရင် မြန်မြန်ထွက်လာခဲ့လိုက်။ အခု တပ်သားသစ်တွေက ကန်တင်းမှာ စားသောက်နေလောက်တယ်၊ ဒါကြောင့် မင်းအနီးနားသွားလို့ရတယ်။"

"ကောင်းတယ်။"

နည်းပြကုသည် ခေါင်းညိတ်ကာ သူ့မျက်နှာကို ပြန်ဖုံးပြီး လေပြင်းတိုက်သလို နည်းပြအဆောင်ကို ပြေးသွားသည်။

တံခါးနားက နည်းပြပြောသလိုပဲ အခု တပ်သားသစ်များသည် ကန်တင်းမှာ စားသောက်နေကြပြီး အခြေခံအားဖြင့် လေ့ကျင့်ရေးစခန်းမှာ တစ်ယောက်မှ မရှိပေ။ ရံဖန်ရံခါ ဖြတ်သွားသော တပ်သားသစ်များသည် နည်းပြကုမမြင်ချင်သောလူ မဟုတ်ပေ။

ဒါပေမယ့်…

ဖြတ်သန်းသွားသော တပ်သားသစ်များသည် သူ့ကို ထူးဆန်းစွာ ကြည့်နေကြသည်ဟု သူအမြဲခံစားရသည်။

နည်းပြကုသည် ခေါင်းခါကာ သူအတွေးလွန်နေသည်ဟု တွေးလိုက်သည်။ ထို့အပြင် သူက ဒီလိုမျိုးဝတ်ဆင်ထားသည်။ သူဘယ်သူလဲဆိုတာမှတ်မိသူ လူဘယ်လောက်ရှိမည်နည်း။ ဒီလူတွေက သူ့ကိုမှတ်မိရင်တောင် သိပ်အရေးမကြီးပေ…

"နည်းပြကုပြန်လာပြီ"

နည်းပြကုကို အချိန်အကြာကြီး ဂရုတစိုက် ဖော်ထုတ်ခဲ့သော တပ်သားသစ်တစ်ယောက်သည် အသက်ပြင်းပြင်းရှူပြီး သူ့အမြင့်ဆုံးအသံဖြင့် အော်လိုက်သည်။

သူ့အသံကြားပြီးနောက် အဝေးမှ ရှည်လျားသောအတန်းလိုက်အသံများသည် တောက်လောက်နေသောမီးပြတိုက်ကဲ့သို့ ကန်တင်းဦးတည်ရာသို့ အသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

"နည်းပြကုပြန်လာပြီ။ နည်းပြအဆောင်ရဲ့တံခါးမှာ။"

"နည်းပြကုက နည်းပြအဆောင်ရဲ့ တံခါးမှာ ငါတွေ့ခဲ့တယ်။"

"သတင်းပို့တယ်။ နည်းပြအဆောင်ရဲ့တံခါးမှာ။ ပစ်မှတ်နည်းပြကုကိုတွေ့ပြီ။"

"…"

နည်းပြကု: (???皿??)????!!!

ဘာလဲဟ။

နည်းပြကု၏စိတ်ကို ရုတ်တရက် တားမြစ်လိုက်သော ခံစားချက်တစ်ခု ဝင်လာသည်။

သူထွက်ပြေးသွားသည်။

"သူက လေ့ကျင့်ရေးကွင်း အရှေ့ဘက်ကို ရောက်နေပြီ။"

"သူက လေ့ကျင့်ရေးကွင်းကို ဖြတ်နေပြီ။"

"သူက အထူးလေ့ကျင့်ရေးစခန်းကို ရောက်နေပြီ။"

"သူ့ပစ်မှတ်က ရုံးဧရိယာပဲ။ သတင်းပို့တယ်။ သူ့ပစ်မှတ်က ရုံးဧရိယာပဲ။"

"…"

နေရာတိုင်းတွင် တပ်သားသစ်များသည် ရေဒါလူသားအသွင်သဏ္ဌာန်နှင့်တူကာ အချိန်နှင့်တပြေးညီ နည်းပြကု၏တည်နေရာကို အစီရင်ခံပြီး နည်းပြကုသည် သွေးအန်လုနီးပါးဖြစ်နေကာ သူတစ်ခုခုကိုယူရန် ပြန်လာသောအခါ ဒီတိုက်ပွဲမျိုးဖြစ်သွားမည်ဟု သူဘယ်တုန်းကမှ အိမ်မက်မမက်ဖူးပေ။

ရှေ့သွားမည့်လမ်းတွင် လူအသွင်အပြင်တစ်ဦးသည် လျင်မြန်စွာဖြတ်သွားကာ နည်းပြကုရှေ့တွင် ခိုင်မာစွာရပ်လိုက်သည်။  

ဒီလူလာတာကိုကြည့်ရင်း နည်းပြကု၏နှလုံးခုန်သံက အဆက်မပြတ်ခုန်လာသည်။

လင်ချီးယဲ့သည် နှစ်ကြိမ်ချောင်းဟန့်ကာ နည်းပြကုကို လက်ဝှေ့ယမ်းပြီး အပြုံးဖြင့်ပြောလိုက်သည်။ "နည်းပြကု မတွေ့တာကြာပြီ။"

မတွေ့တာကြာပြီတဲ့လား။

လခွမ်း။

နည်းပြကုသည် ထွက်ပြေးရန် တွန်းအားကို တွန်းလှန်လိုက်သည်။ ထို့အပြင် သူလည်း နည်းပြတစ်ဦးဖြစ်သည်။ သူဦးဆောင်ခဲ့သောစစ်သားများကို မြင်သောအခါ သူအနေဖြင့်ထွက်ပြေးရန် ‌အကြောင်းပြချက်မရှိပေ။ ယခု သူသည် သူ့ကိုမြင်သောအခါ သူအံကြိတ်လိုက်သည်။ 

"ဘာကိစ္စလဲ။" သူသည် သူ့ကိုယ်သူ စိတ်အေးအေးထားပြီး ဖြည်းညှင်းစွာပြောခိုင်းသည်။

"အမ်… တကယ်တော့ ကျွန်တော်မေးချင်တာက ဆရာဝန် ခင်ဗျားကို ဘာပြောခဲ့သလဲဆိုတာပဲ။" လင်ချီးယဲ့သည် ခေါင်းကုတ်ပြီး "ဆိုလိုတာက သူ ခင်ဗျားကို ဘယ်လိုကုသခဲ့တာလဲ။"

နည်းပြကု၏နှုတ်ခမ်းထောင့်သည် လှုပ်ယမ်းသွားကာ သူတို့က သူ့ရောဂါနှင့်ပတ်သက်၍ သိထားပြီဖြစ်လေသည်…

လခွမ်း၊ ရှက်စရာကောင်းလိုက်တာ။

"ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပါဘူး။ ပညာပေးတဲ့ စကားလုံးအနည်းငယ်၊ ဆေးအနည်းငယ်၊ စိတ်လျှော့လိုက်ရင် အဆင်ပြေသွားလိမ့်မယ်။" နည်းပြကုက ဝိုးတိုးဝါးတားဖြစ်နေသည်။

"သူက ခင်ဗျားကို ဘယ်လိုပညာပေးခဲ့တာလဲ။ ခင်ဗျားဘာဆေးသောက်ခဲ့တာလဲ။"

နည်းပြကု: "…"

"မင်းနေမကောင်းဘူးလား။" သူက မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။

လင်ချီးယဲ့သည် ခဏလောက်တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။ "အင်း၊ ကျွန်တော်နေမကောင်းဘူး။"

"…"

"နည်းပြကု၊ တကယ်တော့ ကျွန်တော် ဒီမေးခွန်းကိုမေးပြီးနောက် ကျွန်တော့်ကိုယ်ကျွန်တော် သေသေချာချာတွေးတောခဲ့တယ်။ ကျွန်တော် ညဘက်မအိပ်နိုင်ဘဲ ကျွန်တော့်စိတ်အခြေအနေက တဖြည်းဖြည်းပိုဆိုးလာတယ်။ တစ်ခါတလေ လူတစ်ကိုယ်လုံးက တုန်လှုပ်ချောက်ချားလာတယ်…" လင်ချီးယဲ့က နဖူးထောက်လိုက်ကာ ဩရှရှပြောလိုက်သည်။ "ကျွန်တော့်အထင် ကျွန်တော်လည်း…" 

"မင်းလည်းနေမကောင်းဖြစ်နေတာလား။" နည်းပြကုက လှုပ်ရှားသွားသည်။

"ဒီတော့ ခင်ဗျားဘယ်လိုပြန်ကောင်းလာသလဲလို့ ကျွန်တော်တွေးနေတာ… အဲဒါက ကျွန်တော့်အတွက် အလုပ်ဖြစ်နိုင်တယ်။" 

နည်းပြကုသည် လင်ချီးယဲ့ကို အချိန်အကြာကြီး ငြိမ်သက်စွာ စိုက်ကြည့်ပြီးနောက် ကူကယ်ရာမဲ့ သက်ပြင်းချရင်း "ဒါဆို… မင်း ငါနဲ့လိုက်ခဲ့။"

လင်ချီးယဲ့၏မျက်လုံးထဲတွင် ပျော်ရွှင်မှုပေါ်လာပြီး ရုံးခန်းထဲသို့ နည်းပြကုနောက်ကနေ လိုက်သွားခဲ့သည်။

မိနစ်နှစ်ဆယ်လောက်ကြာတော့ လင်ချီးယဲ့သည် ကျေနပ်စွာ ရုံးခန်းထဲက ထွက်လာခဲ့သည်။

နောက်ဆုံးတော့… အောင်မြင်သွားပြီ။


နတ်ဘုရားများစိတ်ကျန်းမာရေးဆေးရုံ

"ရပ်လိုက်။ မပြေးနဲ့။"

"အာဟားဟားဟားဟားဟား။ Squidward။ Squidward။ မင်းငါ့ကိုဖမ်းလို့မရဘူး။ ဟားဟားဟား။"

"… အရူး။ အရူး။ အဲဒီမှာရပ်နေလိုက်။"

"ဂျယ်လီငါး။ အရမ်းကြီးတဲ့ဂျယ်လီငါးပဲ။ Squidward ဂျယ်လီငါးကိုဖမ်းရအောင်။"

"သွားသေလိုက်။ ထွက်မပြေးနဲ့။"

"အိုး၊ မြေးလေး၊ နင်ဖြည်းဖြည်းပြေးပါ၊ လဲမကျစေနဲ့…"

"…"

ခြံဝင်းထဲတွင် နက်စ်သည် အလှုပ်ကုလားထိုင်ပေါ်တွင် အေးအေးလူလူ ထိုင်နေပြီး ပန်းရောင်ကြယ်ငါးနှင့် ပင်ပန်းနေသော လီယိဖေးတို့ ကမ္ဘာအနှံ့ ပြေးလွှားနေတာကို ကြည့်ရင်း ကြင်နာသောအပြုံးကို ပြသနေသည်။

လီယိဖေးသည် အံကြိတ်ရင်း သူ့ရှိသမျှခွန်အားကို အသုံးပြုပြီး ပန်းရောင်ကြယ်ငါးဆီသို့ ပြေးသွားသည်။ ကျယ်လောင်စွာ အော်လိုက်ရင်း သူ့လက်ထဲက စိတ်ငြိမ်ဆေးကို သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးထည့်လိုက်သည်။

ပန်းရောင်ကြယ်ငါး၏ ခန္ဓာကိုယ်သည် လှုပ်ခါကာ အရှိန်တဖြည်းဖြည်းနှေးသွားပြီး နောက်ဆုံးတွင် သူသည် မြေပြင်ပေါ်သို့ လဲကျသွားကာ မာလင်အဖြစ်သို့ ပြန်ပြောင်းသွားသည်။

လီယိဖေးလည်း မြေကြီးပေါ်ထိုင်ကာ ခေါင်းထက် ကောင်းကင်းကို ကူကယ်ရာမဲ့ မော့ကြည့်ရင်း မောဟိုက်နေသည်။

ချက်ချင်းမှာပဲ အဖြူရောင်ကုတ်အင်္ကျီဝတ်ထားသည့် အသွင်အပြင်က သူ့ရှေ့တွင် ပေါ်လာသည်။

လီယိဖေး၏မကျေမနပ်မျက်ရည်များ ထွက်လာပြီး လင်ချီးယဲ့၏အင်္ကျီစကိုဆွဲကိုင်ကာ ငိုလေသည်။

"ချီးယဲ့။ ဒီအလုပ်က လူတွေအလုပ်မဟုတ်ဘူး။ အခု ငါ ပန်းကန်ဆေး၊ ချက်ပြုတ်၊ နက်စ်ကိုချော့၊ သူမကိုဆေးတိုက်ပြီး ဒီရောဂါသည်ကြယ်ငါးနဲ့လည်း အပြေးပြိုင်ရတယ်။

ငါ၊ ငါ... ငါအရမ်းခက်ခဲ့တယ်။"

လင်ချီးယဲ့သည် ခေါင်းငုံ့ပြီး သူ့ပခုံးကို ပုတ်လိုက်သည်။ "လီယိဖေး၊ မင်းသန်မာရမယ်။ ဒါ့အပြင် မင်းက လူသားမှမဟုတ်တာ… မင်းက မြွေမိစ္ဆာလေ။"
 
လီယိဖေး: (?﹏?)

"ဒီတော့ နောက်ထပ်သူနာပြုကို မင်းဘယ်အချိန်မှခေါ်လာမှာလဲ။ ငါတစ်ယောက်တည်း ငါတကယ်သည်းမခံနိုင်ဘူး…"

"အဲဒါက… အချိန်တစ်ခုကြာနိုင်တယ်။" လင်ချီးယဲ့သည် ခေါင်းကုတ်ပြီး "ဒါ့အပြင် အခု ငါကလေ့ကျင့်ရေးစခန်းမှာ ရှိနေဆဲဖြစ်ပြီး တခြားလျှို့ဝှက်ဆန်းကြယ်တွေနဲ့ ငါမထိတွေ့ရဘူး။"

လင်ချီးယဲ့သည် ၎င်းကို ယခင်က မြင်ခဲ့ပြီးပြီ။ ဌာနမှူး၏အခန်းအောက်ရှိ အကျဉ်းခန်းများသည် ဒဏ္ဍာရီ သို့မဟုတ် ဒဏ္ဍာရီလာများမှ 'လျှို့ဝှက်ဆန်းကြယ်များ'ကိုသာ ထိန်းသိမ်းထားနိုင်သည်။ သူသတ်လိုက်သော လူသားဝိညာဉ်များသည် သူနာပြုများဖြစ်လာဖို့ နေနေသာသာ စုပ်ယူနိုင်မည်မဟုတ်ပေ။

လီယိဖေး၏ မျက်လုံးများသည် ဘဝအတွက် မျှော်လင့်ချက်များ ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်။

လင်ချီးယဲ့သည် သူ့ကို မြေပြင်ပေါ်ကနေ ထူပေးပြီး ပြောလိုက်သည်။ "ရပါတယ်၊ နေ့လယ်စာပြင်ဆင်ဖို့ သွားလိုက်ပါ... ငါ မာလင်နဲ့ စကားပြောလိုက်မယ်။"

TK Team (Chapter 152)