Chapter 151
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၅၁)


Chapter 151 (နည်းပြကုရဲ့ရောဂါ)

အခမဲ့သေနတ်ပစ်လေ့ကျင့်ရေးကွင်း။

ပေါက်ကွဲဒဏ်ခံမျက်မှန်နှင့် နားကြပ်တပ်ထားသော ပိုင်လီဖက်တီးသည် သူ့ပစ္စတိုသေနတ်ကို မြှောက်လိုက်ပြီး မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ သူ့မျက်နှာပေါ်တွင် ရှားရှားပါးပါး အလွန်လေးနက်မှုပြသကာ ခလုတ်ကို ဆက်တိုက်ဆွဲလိုက်သည်။

ဘမ်း ဘမ်း ဘမ်း

ပစ်ခတ်မှု ၃ ချက်ဆက်တိုက်ထွက်ပေါ်လာပြီး ကျည်ဆန်သည် မီတာ ၂၀၀ အကွာမှ နွားမျက်လုံးကို တပြိုင်နက် ထိမှန်ကာ ပိုင်လီဖက်တီး၏နှုတ်ခမ်းထောင့်က အနည်းငယ်မြင့်တက်သွားသည်။

"ဆယ်ကွင်း၊ ဆယ်ကွင်း၊ ဆယ်ကွင်း။"

အဝေးမှ အီလက်ထရွန်းနစ်အသံထွက်ပေါ်လာကာ ပိုင်လီဖက်တီးသည် သေနတ်၏ပြောင်းဝကို လေမှုတ်ပြီးနောက် နားကြပ်ကိုဖယ်ရှားကာ လက်ဆန့်ထုတ်လိုက်သည်။

"အား… သေနတ်ပစ်လေ့ကျင့်ရေးလား။ ဒါပေမယ့် ဒီလောက်ပါပဲ…"

သူသည် သူ့ဘေးက ထိုင်ခုံပေါ်တွင်ထိုင်ပြီး ရေအနည်းငယ်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပြီး အေးအေးဆေးဆေး ခြေချိတ်ထိုင်နေသည်။

နှစ်လကြာလည်ပတ်ပြီးနောက် နာရီမှယူဆောင်လာသော စိတ်လျှပ်စီးကြောင်းကို သူစတင်ကျင့်သားရလာခဲ့ပြီး အနည်းဆုံး နောက်ပြန်လှန်ရန် အကြောင်းပြချက်မရှိသော်လည်း ပထမဆုံးရက်အနည်းငယ်ကတော့ လူတစ်ယောက်လုံး စက်ဝိုင်းတစ်ဝက်လှည်အောင် သူ့ကို အတော်လေးနှိပ်စက်ခဲ့သည်။

သူအိပ်ပျော်နေချိန် ထိန်းမနိုင်သိမ်းမရ နောက်ပြန်လှန်တာကို မည်သူသည်းခံနိုင်မည်နည်း။

အရေးကြီးဆုံးအချက်မှာ သူ့နောက်ကျောလှန်တာသည် သူ့ကိုယ်သူသာမက သူ့ဘေးတွင် အေးချမ်းစွာအိပ်ပျော်နေသော လင်ချီးယဲ့ကိုပါ ရုတ်တရက် လန့်နိုးစေသည်။ 

ဒုတိယအကြိမ်တွင် လင်ချီးယဲ့သည် ပိုင်လီဖက်တီးကို သတ်ချင်နေခဲ့သည်…

ယခုအချိန်သည် အခမဲ့သေနတ်ပစ်ချိန်ဖြစ်သည်။ အခမဲ့သေနတ်ပစ်သင်တန်းကို နည်းပြများက ကြီးကြပ်ခြင်းမရှိပေ။ တပ်သားသစ်များကို သေနတ်နှင့်အကျွမ်းတဝင်ရှိအောင် အသုံးပြုခိုင်းခြင်းဖြစ်သည်။ ထို့အပြင် အရာအားလုံးကို သင်ကြားပြီးသားဖြစ်သည်။ ယခုအခါ သူတို့လိုအပ်တာက လေ့ကျင့်ရန်ဖြစ်ပြီး သီအိုရီအတန်းပြီးနောက် အားလပ်ရက်ချိန်အဖြစ် မှတ်ယူနိုင်သည်။

သေနတ်ပစ်ခြင်းသည် ပိုင်လီဖက်တီး၏မြင့်မားသောအမှတ်ဖြစ်ကာ သဘာဝအတိုင်း သူ၏သက်တောင့်သက်သာအရှိဆုံး လေ့ကျင့်ရေးဖြစ်သည်။

"စကားမစပ် နည်းပြကုကိုမတွေ့တာ နှစ်လလောက်ရှိပြီထင်တယ်... သူဘယ်သွားတာလဲ။" ပိုင်လီဖက်တီးသည် တစ်စုံတစ်ခုကိုတွေးမိပြီး သံသယဖြင့်စွာ မေးလိုက်သည်။

ဘေးတစ်ဖက်မှ ချောင်ယွမ်းသည် အဝေးမှ ပစ်မှတ်ကို လှမ်းကြည့်ကာ အသံမကြားသလို ခလုတ်ကိုတစ်ချက်ပြီးတစ်ချက် ဆွဲလိုက်သည်။

ဘမ်း ဘမ်း ဘမ်း

"ဆယ်ကွင်း၊ ကိုးကွင်း၊ ကိုးကွင်း။"

သူသည် သက်ပြင်းချလိုက်ပြီး ပစ္စတိုကို ချလိုက်ပြီး ခေါင်းကို ခါလိုက်သည်။

"ငါမသိဘူး။"

ပိုင်လီဖက်တီးသည် ခေါင်းစောင်းပြီး ခဏလောက်တွေးတောကာ သူတစ်ခုခုကို သဘောပေါက်သွားသည်။ "သူက လက်ထပ်ဖို့ ဇာတိမြို့ဆီပြန်သွားတာများလား။"

"…ငါမှတ်မိတာတော့ သူလက်ထပ်ပြီးတာကြာလှပြီ။"

"ဒုတိယအကြိမ်လက်ထပ်တာ။"

"…"

ချောင်ယွမ်းသည် ပိုင်လီဖက်တီး၏စိတ်ကူးစိတ်သန်းကို အာရုံစိုက်ရန် အလွန်ပျင်းရိကာ တိတ်တဆိတ် မျက်ဆန်လှန်လိုက်သည်။

ထိုအချိန်တွင် နောက်ထပ် ပစ်ခတ်မှုသုံးခု ထပ်မံထွက်ပေါ်လာသည်။

ဘမ်း ဘမ်း ဘမ်း

"လွဲတယ်၊ လွဲတယ်၊ လွဲတယ်။"

လင်ချီးယဲ့: "…"

သူသေနတ်ကို ဖြည်းညှင်းစွာချလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ထိုင်ခုံဆီသို့ ပြန်သွားကာ မကျေမနပ်ဖြစ်နေသော မျက်လုံးများဖြင့် သေနတ်ပစ်ကွင်းကိုကြည့်ရင်း ထိုင်ချလိုက်သည်...

"ဟီးဟီးဟီး ချီးယဲ့၊ မင်း ဒီအပစ်အခတ်ကို ကောင်းကောင်းလေ့ကျင့်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့တပ်သားသစ် ၂၀၀ ထဲမှာ သုံးကြိမ်ဆက်တိုက်ပစ်ရင်လွဲတဲ့သူ သိပ်မရှိဘူး။" ပိုင်လီဖက်တီးသည် အပြုံးဖြင့် ပြောလိုက်ပြီး သူ့ရင်ဘတ်ကို ယုံကြည်ချက်အပြည့်ဖြင့် ပွတ်သပ်လိုက်သည်။

"မင်းငါ့ကိုပြောပြခိုင်းစေချင်ရင် မင်းငါ့ကို မင်းဆရာအဖြစ်သဘောထားပြီး ငါမင်းကို ငါ့ရဲ့သေနတ်ပစ်စွမ်းရည်နည်းနည်းသင်ပေးမယ်လေ။" 

"မင်းကလား။" လင်ချီးယဲ့က သူ့ကိုကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ "အနီးကပ်တိုက်ခိုက်ရေးလေ့ကျင့်တဲ့အခါ မင်းငါ့ရဲ့ပြိုင်ဘက်ဖြစ်လာလိမ့်မယ်…" 

"ညီအစ်ကို၊ ငါမှားပါတယ်၊ ငါတကယ်မှားပါတယ်။" ပိုင်လီဖက်တီးက လန့်သွားသည်။

လင်ချီးယဲ့သည် တည်ငြိမ်စွာ ရေသောက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ရင်း "ဒါပေမယ့် နည်းပြကု နှစ်လလောက်ပျောက်သွားတာ တကယ်ထူးဆန်းတယ်…"

လွန်ခဲ့သည့်နှစ်လက လင်ချီးယဲ့သည် နည်းပြကုထံ ပြဿနာကို ပစ်ချခဲ့ပြီး ရက်အနည်းငယ်ကြာတော့ နည်းပြကုပျောက်ဆုံးသွားကာ သူ့အတန်းကိုပင် တခြားနည်းပြများက ယာယီအစားထိုးထားသည်။ မူလကတော့ လင်ချီးယဲ့သည် သူ့ကိုအဖြေပေးမည်ဟု နည်းပြကုကို မျှော်လင့်ထားသော်လည်း ရလဒ်အနေဖြင့် နှစ်လလောက်စောင့်လိုက်ရသည်။

"လင်ချီးယဲ့။"

ထိုအချိန်တွင် အဝေးမှ ရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာပြီး လင်ချီးယဲ့ လှည့်ကြည့်လိုက်ရာ နည်းပြဟုန်က သူ့အား လက်ဝှေ့ယမ်းပြနေတာကို တွေ့လိုက်ရသည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လင်ချီးယဲ့က အမြန်ထွက်လာခဲ့သည်။

"နည်းပြဟုန် ကျွန်တော်ဘာလုပ်ပေးရမလဲ။" လူနှစ်ယောက်သည် သေနတ်ပစ်ကွင်းအပြင်ဘက်ကို လျှောက်သွားပြီး လင်ချီးယဲ့ကို သံသယဖြင့် မေးလိုက်သည်။

နည်းပြဟုန်သည် သူ့ကို အချိန်အကြာကြီး အပေါ်အောက်ကြည့်ရင်း တိတ်တဆိတ်ပြောလာသည်။ "မင်းဘာလုပ်လိုက်တာလဲ… မင်းမသိဘူးလား။"

လင်ချီးယဲ့က လန့်သွားသည်။ "ကျွန်တော်လား။ ကျွန်တော်ဘာလုပ်မိလို့လဲ။"
 
နည်းပြဟုန်သည် သက်ပြင်းရှည်ကြီးချလိုက်ပြီး "မင်း နည်းပြကုကိုပေးခဲ့တဲ့မေးခွန်းက သူ့ကိုရူးသွပ်သွားစေတယ်… အခု သူက စိတ်ကျန်းမာရေးဆေးရုံမှာ ကုသမှုခံယူနေရတုန်းပဲ။"

လင်ချီးယဲ့သည် ပါးစပ်အဟောင်းသားဖွင့်ကာ သူ့မျက်လုံးများက ထိတ်လန့်မှုဖြင့် ပြည့်နေသည်။

ဘာလဲဟ။

နည်းပြကုက… စိတ်ရောဂါခံစားနေရတာလား။

ငါ့ရဲ့မေးခွန်းကြောင့်လား။

"သူ့… သူ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။"

"သူလုံးဝစိတ်ရှုပ်ထွေးနေတယ်။" နည်းပြဟုန်၏မျက်နှာက ခါးသက်မှုကိုပြသနေသည်။ "အရင်တုန်းက သူက နံရံကို ကြောင်တောင်တောင်နဲ့ နေ့တိုင်းစိုက်ကြည့်ပြီး 'အစစ်၊ အတု၊ ကမ္ဘာ… ငါတို့ကဘာတွေလဲ… ငါ‌သက်သေမပြနိုင်ဘူး…' စသဖြင့် ရံဖန်ရံခါ စကားပြောပြီး ရုတ်တရက် သူက ကခုန်ပြီး ငါကမ္ဘာအစစ်ကို သွားရှာတော့မယ်လို့ပြောတယ်…

ဒါပေမယ့် နှစ်လကြာကုသမှုခံယူပြီးနောက် သူ့အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး အရင်ကလို ပုံမှန်ဘဝကို သူပြန်လည်ရောက်ရှိနိုင်ခဲ့တယ်။"

လင်ချီးယဲ့က အံ့အားသင့်သွားသည်။

အဲဒါက မာလင်ပုံစံအတိုင်းမဟုတ်ဘူးလား။

အင်း… အဲဒါကို သေသေချာချာ တွေးကြည့်လိုက်ရင် မထူးဆန်းဘူး။ နည်းပြကုန်နဲ့ မာလင်တို့က ကမ္ဘာကြီးအကြောင်း သိချင်စိတ်တွေ ပြည့်နှက်နေပြီး နှစ်ယောက်စလုံးက ထောင့်နားအထိ တူးဖော်ချင်ပုံရတယ်။ ပြဿနာတစ်ခုကြောင့် အချိန်အတော်ကြာ ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် မူမမှန်တာမျိုးဖြစ်ဖို့ လွယ်ကူပါတယ်။

နေပါဦး။

စိတ်ကျန်းမာရေးဆေးရုံမှာ နည်းပြကုရရှိခဲ့တဲ့ ကုသမှုအစီအစဉ်ကို မာလင်ဆီမှာလည်း အသုံးချလို့ရတယ်လို့ ဆိုလိုတာလား။

လင်ချီးယဲ့၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။

"ငါမင်းကိုလာရှာတာက ဒီကိစ္စအတွက် မင်းကိုအပြစ်တင်ဖို့မဟုတ်ဘူး။ ဒါ့အပြင် ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး။ နည်းပြကုသာ ဒီအထဲမှာ ပိတ်မိသွားတာ…"

"ဒါဆို ခင်ဗျားဘာအတွက်…"

"မင်းသိပါတယ်၊ ငါတို့လိုညကင်းစောင့်လူသားတွေက တခြားအလုပ်တွေနဲ့မတူဘဲ လျှို့ဝှက်ချက်တွေအများကြီးရှိတာကြောင့် အပြင်ကစိတ်ကျန်းမာရေးဆေးရုံမှာ ကြာကြာနေဖို့ အဆင်မပြေဘူး။ ဒါကြောင့် ငါတို့ နည်းပြကုကို အားပြန်ဖြည့်ဖို့ အိမ်ပြန်ခိုင်းခဲ့တယ်။ နှစ်ရက်ကြာရင် သူလေ့ကျင့်ရေးစခန်းရောက်လာပြီး ပစ္စည်းတွေထုပ်ပိုးပြီး ပြန်လောက်တယ်။ မင်းသူနဲ့တွေ့ရင် လုံးဝ လုံးဝ လုံးဝ…

'ကမ္ဘာအစစ်' အကြောင်း သူ့ကို ထပ်ပြီးမပြောနဲ့၊ မဟုတ်ဘူး၊ မင်းသူ့ကိုတွေ့ရင် လမ်းဖြတ်လျှောက်သွားပြီး မင်းကိုမတွေ့စေနဲ့။ 

မင်းနားလည်လား။"

လင်ချီးယဲ့သည် မျက်တောင်ခတ်ကာ နာခံစွာ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်နားလည်ပါတယ်။"

"ကောင်းပြီ၊ သွားလေ့ကျင့်လို့ရပြီ။" နည်းပြဟုန်သည် နောက်ဆုံးတွင် သက်သာရာရသွားပြီး လက်ဝှေ့ယမ်းကာ ထွက်ခွာသွားခဲ့သည်။

လင်ချီးယဲ့တစ်ယောက်သာ နေရာတွင် ရပ်ထားခဲ့ပြီး နည်းပြဟုန် အဝေးသို့ ထွက်သွားသောအခါ သူ့နှုတ်ခမ်းထောင့်က မထိန်းနိုင်ဘဲ မြင့်တက်လာသည်…
 

"ငါမင်းတို့ကိုတောင်းဆိုစရာရှိတယ်။"

သေနတ်ပစ်ကွင်းကို ပြန်ရောက်ပြီးနောက် လင်ချီးယဲ့သည် ပိုင်လီဖက်တီးနှင့် ချောင်ယွမ်းကိုကြည့်ပြီး အလေးအနက်ပြောခဲ့သည်။

လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကာ သံသယဖြင့် "ဘာကိစ္စလဲ။"

"ဒီနှစ်ရက်မှာ မင်းတို့ စခန်းမှာ နည်းပြကုကိုတွေ့ရင် မင်းတို့ငါ့ကို အချိန်မီပြောရမယ်။"

"ဘာလို့လဲ။" ချောင်ယွမ်းက မနေနိုင်ဘဲ မေးလိုက်သည်။

"ငါ သူ့ကို တစ်ခုခုမေးချင်လို့။"

ပိုင်လီဖက်တီးသည် ခဏလောက် စဉ်းစားကာ "အဲဒါကအရေးကြီးလား။"

"အရမ်းအရေးကြီးတယ်။"

"ကောင်းပြီ၊ ငါ အဲဒါကို ကိုင်တွယ်လိုက်မယ်။" ပိုင်လီဖက်တီးသည် သူ့ရင်ဘတ်ကိုပုတ်ကာ အိတ်ကပ်ထဲမှ Rolex သုံးလုံးကိုထုတ်ပြီး မြင့်မြင့်မြှောက်ကာ အသက်ပြင်းပြင်းရှူရင်း သေနတ်ပစ်ကွင်းရှိ တခြားသောတပ်သားသစ်များအား ကျယ်လောင်စွာ ပြောလိုက်သည်။

"ညီအစ်ကိုတို့။ ငါမင်းတို့ကို တစ်ခုလောက်တောင်းဆိုချင်လို့ပါ…"


TK Team (Chapter 151)