Chapter 150
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၅၀)


Chaptee 150 (သိဝနာကြဉ်းမှု)

"ချန်မုရယ်ကတော့…" ယွမ်ကန်းသည် သူ့လက်ချောင်းများကို စားပွဲပေါ်တွင် ညင်သာစွာ တောက်ရင်း "အမှန်အတိုင်းပြောရရင် အဲဒီနှစ်က ဘာ‌ဖြစ်ခဲ့တာလဲဆိုတာ ငါရှင်းရှင်းလင်းလင်းမသိဘူး။

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ချန်မုရယ်ဟာ တပ်သားသစ်လေ့ကျင့်ရေးစခန်းကနေ ထွက်လာပြီးနောက် သူနဲ့ တခြားပါရမီရှင်တစ်ယောက်က ရှန့်ကျင်းမြို့ရဲ့ ညကင်းစောင့်လူသားတပ်ဖွဲ့ထဲကို အတူတူဝင်ခဲ့ကြတယ်။ သူတို့နှစ်ယောက်ရဲ့ တားမြစ်အပျက်အစီးနံပါတ်စဉ်က အရမ်းရှားပါးပြီး အချင်းချင်း ပံ့ပိုးခဲ့ကြတယ်။ တခြားအထူးတပ်ဖွဲ့တွေက သူတို့ကိုခေါ်ယူဖို့ ကြိုးစားခဲ့ကြပေမယ့် တပ်မှူးချုပ်က သူတို့ကို ရှန့်ကျင်းမြို့တပ်ဖွဲ့ထဲထည့်ခဲ့တယ်။
 
ချန်မုရယ်ရဲ့တားမြစ်အပျက်အစီးနံပါတ်စဉ်က ၀၃၇ ရဲ့ [ဟေးဝူချန်] ဖြစ်ပြီး နောက်ထပ်တစ်ယောက်ကတော့ လက်ရှိရှန့်ကျင်းမြို့တပ်ဖွဲ့ရဲ့ခေါင်းဆောင် ရှောက်ဖျင်ကောဖြစ်ပြီး တားမြစ်အပျက်အစီးနံပါတ်စဉ်က ၀၃၈ ရဲ့ [ပိုင်ဝူချန်] ပဲ။ တားမြစ်အပျက်အစီးတွေကြောင့် အပြင်လူတွေက သူတို့နှစ်ယောက်ကို 'ရှန့်ကျင်းရဲ့ဟေးပိုင်ဝူချန်' ဆိုပြီးခေါ်ကြတယ်။"

"ဟေးဝူချန်နဲ့ ပိုင်ဝူချန်လား။" လင်ချီးယဲ့၏မျက်လုံးများက သံသယအရိပ်အယောင်ပေါ်လာသည်။ "ကျွန်တော်အမြဲတမ်းသိချင်နေတာကလေ ဒီတားမြစ်အပျက်အစီးတွေကို ဘယ်သူကနာမည်ပေးခဲ့တာလဲ၊ သာ့ရှဒဏ္ဍာရီရဲ့ ဒီဟေးဝူချန်နဲ့ပိုင်ဝူချန်နှစ်ယောက်ကြားမှာ ဘာဆက်စပ်မှုတွေရှိနေတာလဲ။"

"ငါလည်းမသိဘူး၊ ဒီတားမြစ်အပျက်အစီးနှစ်ခုရဲ့ မူလဇစ်မြစ်က အရမ်းကြာလှပြီ၊ ပြီးတော့ သက်ဆိုင်ရာဖိုင်တွေက ညကင်းစောင့်လူသားရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး ငါ့ရဲ့အခွင့်အာဏာနဲ့ သူတို့အားလုံးကိုကြည့်ဖို့မဖြစ်နိုင်ဘူး။" ယွမ်ကန်းက ခေါင်းယမ်းပြီး ဆက်ပြောသည်။

"သူတို့တပ်ဖွဲ့က ရှန့်ကျင်းမြို့မှာ နှစ်နှစ်ကြာနေပြီး ရုတ်တရက်ဆိုသလိုပဲ တစ်နေ့မှာ ချန်မုရယ်က အထူးညွှန်ကြားချက်တစ်ခုရခဲ့ပြီး နောက်တစ်နေ့မှာတော့ ရှန့်ကျင်းမြို့ကနေ ပျောက်ကွယ်သွားခဲ့တယ်…

အဲဒီအချိန်မှာ ငါက ရှန့်ကျင်းမြို့ရဲ့ ညကင်းစောင့်လူသားတပ်ဖွဲ့ကို မပါဝင်သေးဘူး။ အဲဒီနေ့မှာပဲ ရှောက်ဖျင်ကောနဲ့ တခြားလူတွေက တပ်မှူးချုပ်ဆီရောက်လာပြီး ဖြစ်ပျက်ခဲ့သမျှကို မေးမြန်းခဲ့ပေမယ့် တပ်မှူးချုပ်က 'ဒါကလျှို့ဝှက်ချက်ဖြစ်ပြီး ထုတ်ဖော်လို့မရဘူး' လို့‌ပြန်ဖြေပြီး သူတို့ကိုငြင်းလွှတ်ခဲ့တယ်။

အဲဒီအချိန်မှာ လူတိုင်းက 'ကမ္ဘာ့ပျက်ကပ်ဆိုးကြီး' နဲ့ အလုပ်ရှုပ်နေကြဆဲဖြစ်တယ်။ အချိန်အတော်ကြာပြီးနောက် ချန်မုရယ်ရဲ့နေရာကိုစုံစမ်းဖို့ သူတို့လက်တွေကိုလွှတ်လိုက်ပြီး… သူက တကယ်တော့ ချန်းနန်မြို့မှာ ခေါင်းဆောင်လုပ်နေတာကို တွေ့လိုက်ရတယ်။

ရှောက်ဖျင်ကောက ချန်းနန်ကို အကြိမ်ကြိမ်ရောက်လာပြီး ချန်မုရယ်ပြန်လာဖို့‌တောင်းဆိုခဲ့ပေမယ့် သူက အကြိမ်းတိုင်းငြင်းဆိုခဲ့တယ်လို့ ငါ ရှောက်ဖျင်ကောဆီက ကြားခဲ့တယ်။ အကြိမ်များစွာကြာပြီးနောက် ရှောက်ဖျင်ကောက ဒီစိတ်ကူးကိုလုံးဝလက်လျှော့ပြီး နောက်ဆုံးမှာတော့ ရှန့်ကျင်းမြို့ကိုပြန်လာပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှန့်ကျင်းမြို့ရဲ့ခေါင်းဆောင်ဖြစ်လာတယ်။"

ယွမ်ကန်း၏ဖော်ပြချက်ကို နားထောင်ပြီးနောက် လင်ချီးယဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ယွမ်ကန်းသည် အချက်အလက်အများကြီးကို သိပ်မသိဘဲ အဓိကအချက်ကပျောက်ဆုံးနေပြီး အဖြစ်အပျက်တစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သောအငွေ့အသက်များပြည့်နှက်နေသည်…

"အခုလေးတင် ခင်ဗျားပြောလိုက်တဲ့ 'ကမ္ဘာ့ပျက်ကပ်ဆိုး' က ဘာလဲ။" လင်ချီးယဲ့က သံသယဖြင့် မေးလိုက်သည်။

"တားမြစ်ပစ္စည်းပဲ၊ သမိုင်းမှာ ကြောက်စရာအကောင်းဆုံးတားမြစ်ပစ္စည်းပဲ။" ယွမ်ကန်းက အသက်ပြင်းပြင်းရှူရင်း "အဲဒါရဲ့အမည်ကို [သိဝနာကြဉ်းမှု] လို့ခေါ်တယ်။"

"သိဝလား။ အိန္ဒိယဒဏ္ဍာရီထဲက နတ်ဘုရားသုံးပါးထဲက တစ်ပါး၊ ဖျက်ဆီးခြင်းနတ်ဘုရားလား။"

"ဟုတ်တယ်၊ [သိဝနာကြဉ်းမှု] ရဲ့ အဓိကခန္ဓာကိုယ်က ရှေးဟောင်းစာလိပ်ဖြစ်ပြီး နံပါတ်စဉ် ၀၀၈ ကမ္ဘာ့ပျက်ကပ်ထိတ်လန့်ဖွယ် နတ်ဘုရားအပျက်အစီးတစ်ခုပဲ၊ စာလိပ်ထဲက ဗလာနေရာမှာ 'နာမည်' တစ်ခုကိုရေးလိုက်တာနဲ့တပြိုင်နက် အဲဒါကိုညွှန်ပြတဲ့ 'သဘောတရား' က တိုက်ရိုက်ပျက်စီးလိမ့်မယ် "

လင်ချီးယဲ့က ထိတ်လန့်သွားသည်။ "'သေမင်းမှတ်စု' လိုလား။"

"ကွာခြားချက်က အရမ်းများတယ်။" ယွမ်ကန်းက ခေါင်းယမ်းလိုက်သည်။ "'သေမင်းမှတ်စု' က နာမည်ချရေးတဲ့လူတွေကိုပဲ သတ်နိုင်တာ၊ ဒါပေမယ့် [သိဝနာကြဉ်းမှု] က လူ‌တွေကိုသာမကဘူး…

ဥပမာအားဖြင့် စာလိပ်ရဲ့မျက်နှာပြင်ပေါ်မှာ 'သာ့ရှ' လို့ရေးလိုက်ရင်…"

လင်ချီးယဲ့သည် တစ်ခုခုကို တွေးတောနေပုံရပြီး ရုတ်တရက် သူ့မျက်လုံးများပြူးကျယ်သွားသည်။ "ဒါဆို…"

"'သဘောတရား' ရှုထောင့်ကနေ တိုက်ရိုက်ပြောရရင် အဲဒါက သာ့ရှတစ်ခုလုံးကို တိုက်ရိုက်ပျက်သုဉ်းစေလိမ့်မယ်… အဲဒါက တစ်နိုင်ငံလုံးကို ဖျက်ဆီးလိမ့်မယ်။" ယွမ်ကန်း၏အသံက အလွန်နက်ရှိုင်းနေသည်။

"ဒီလိုမျိုးပြင်းထန်တဲ့ တားမြစ်အပျက်အစီးက ဘယ်လိုလုပ်ရှိနိုင်ရတာလဲ။" လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူပြီး မနေနိုင်ဘဲ ပြောလိုက်သည်။

ထိပ်တန်းတားမြစ်အပျက်အစီးဆယ်ခုတွင် ထိုသို့သောသာလွန်သည့်စွမ်းအားများရှိနိုင်ပါသလား။ ဒါက 'တားမြစ်အပျက်အစီး' အမျိုးအစားကို လုံးဝကျော်လွန်သွားပြီ မဟုတ်ပါလား။

"ဟုတ်တာပေါ့၊ ဒါက သီအိုရီသက်သက်ပါပဲ။" ယွမ်ကန်းသည် ရပ်လိုက်ပြီး ‌ဆက်ပြောလေသည်။ "ဒီတားမြစ်အပျက်အစီးက အစွမ်းထက်ပေမယ့် မင်းလှုံ့ဆော်ချင်တယ်ဆိုရင်တော့ စိတ်စွမ်းအားက အရမ်းကြီးကြီးမားမားကုန်ဆုံးလိမ့်မယ်၊ အဲဒီအပေါ်မှာ 'သေမင်းမှတ်စု' လို့ နာမည်တွေပဲရေးလို့ရမယ်ဆိုရင်တောင် သာမန်လူတစ်ယောက်ရဲ့အသက်ကို ပျက်သုဉ်းစေဖို့ 'ချွမ်း' နယ်ပယ်ရှိ သန်မာလူတစ်ယောက်ရဲ့စိတ်စွမ်းအားကို တိုက်ရိုက်ကုန်ဆုံးစေမှာဖြစ်ပြီး နိုင်ငံကိုဖျက်ဆီးမယ့် ပြင်းထန်တဲ့အဆင့်ကိုတော့ ပြောစရာမလိုတော့ဘူး။"

"ဒီလိုဆိုရင် အဲဒါရဲ့ခြိမ်းခြောက်မှုက အရမ်းကြီးမားပုံမပေါ်ဘူးပေါ့၊ ဘာလို့ 'ကမ္ဘာ့ပျက်ကပ်' လို့ခေါ်ရတာလဲ။" 

ယွမ်ကန်းက သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ "လူသားတွေမလုပ်နိုင်ပေမယ့် နတ်ဘုရားတွေမလုပ်နိုင်ဘူးလို့ မဆိုလိုဘူး… နတ်စွမ်းအားကို အဲဒီတားမြစ်ပစ္စည်းထဲထည့်လိုက်ရင် နိုင်ငံကိုဖျက်ဆီးဖို့ မလုံလောက်ပေမယ့် မြို့တစ်မြို့ကိုဖျက်ဆီးဖို့က အလွယ်လေးပဲ။

[သိဝနာကြဉ်းမှု] ပေါ်ပေါက်လာပြီးနောက် မြူတွေကြားမှာ မြူတွေထဲမှာ ကျင်လည်နေတဲ့ နတ်ဆိုးများစွာက အဲဒါရဲ့တည်ရှိမှုကို လိုလားကြတယ်။ အဲဒီစာလိပ်ကို လုယူဖို့အတွက် နတ်ဘုရားတွေကြားက စစ်ပွဲဟာ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတောင် ဖြစ်ပွားခဲ့တယ်။"

"နတ်ဘုရားစစ်ပွဲလား။" လင်ချီးယဲ့က မျက်လုံးများပြူးကျယ်သွားသည်။

"အဲဒီအချိန်တုန်းက လူသားထျန်းဟွားပန်ငါး‌ယောက်စုစည်းပြီး နော့စ်ရဲ့ လှည့်စားခြင်းနတ်ဘုရား လိုကီနဲ့ ဂရိရဲ့ ကမ္ဘာမြေနတ်ဘုရားမ ဂိုင်ယာတိုနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ကြတယ်။"

"ပြီးတော့ရော"

"ပြီးတော့လား။ ပြီးတော့ ငါမသိတော့ဘူး။" ယွမ်ကန်းက ပခုံးတွန့်ပြပြီး ကူကယ်ရာမဲ့ပြောသည်။ "ငါက ရှန့်ကျင်းမြို့ရဲ့ ညကင်းစောင့်လူသားတပ်ဖွဲ့က လက်ထောက်ခေါင်းဆောင်တစ်ယောက်ပါ၊ အထူးအဆင့်မြင့်ပုဂ္ဂိုလ်မှမဟုတ်တာ။ လျှို့ဝှက်ချက်တွေပါဝင်နေတဲ့အရာကို ငါဘယ်လိုလုပ်သိမှာလဲ။

အတိုချုပ်ရရင် အဲဒီနောက်ပိုင်းမှာတော့ ညကင်းစောင့်လူသားရဲ့ထိပ်ပိုင်းမှာ [သိဝနာကြဉ်းမှု] အကြောင်း ဘယ်တော့မှ ထပ်ပြီးမဖော်ပြတော့ဘူး။"

"…ကောင်းပြီ။"

လင်ချီးယဲ့က ကူကယ်ရာမဲ့သက်ပြင်းချလိုက်သည်။ ဇာတ်လမ်းသည် ရုတ်တရက် ပျောက်ကွယ်သွားချိန်မှ သူသည် သော့ချက်ကိုကြားလိုက်ရပြီး သူသည် အသက်ရှူမဝသလို သက်သောင့်သက်သာမဖြစ်သလို ခံစားနေရသည်။

"ငါမင်းကိုလူနှစ်ယောက်အကြောင်းအကုန်ပြောပြပြီး [သိဝနာကြဉ်းမှု] ဇာတ်လမ်းတောင်ပါသေးတယ်၊ ငွေနှစ်သန်းကို မင်းရဲ့ဘဏ်ကတ်ထဲ နှစ်ရက်အတွင်း ပို့ပေးမှာဖြစ်ပြီး ငါ ဒီတားမြစ်ပစ္စည်းကို ယူထားလိုက်တော့မယ်၊ မင်းအတွက် မနက်ဖြန် ညကင်းစောင့်လူသားဌာနချုပ်ကို ပို့လိုက်မယ်။"

ယွမ်းကန်သည် လက်ဆန့်ကာ [သွေးပွက်ပွက်ဆူခြင်း] ကိုယူပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

လင်ချီးယဲ့သည် ထိုအချိန်ကိုကြည့်ကာ မတ်တတ်ထရပ်ပြီး ယွမ်ကန်းကို စစ်တပ်အလေးပြုပြီးနောက် လှည့်ထွက်ခဲ့သည်။

ယွမ်ကန်းသည် ရုံးထိုင်ခုံတွင်ထိုင်ကာ လင်ချီးယဲ့ထွက်ခွာသွားသော နောက်ကျောကိုကြည့်ရင်း သက်ပြင်းရှည်ကြီးချလိုက်သည်။


ထိုအချိန်၌ နည်းပြတစ်ယောက်၏အိမ်တွင်

လေးလံသော ရှေးဟောင်းစာအုပ်များနှင့် သီအိုရီစာအုပ်များသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေကာ ထူထပ်များပြားနေပြီး မူလအညိုရောင်ကြမ်းပြင်ကို လုံးလုံးလျားလျား နစ်မြုပ်သွားသည်။ စာအုပ်ပုံများကြားတွင် နည်းပြကုသည် ခေါင်းငုံ့ကာ လက်ထဲတွင်ရှိသော စာအုပ်များကို ဂရုတစိုက်လေ့လာရင်း တစ်ခါတစ်ရံ တရားထိုင်ကာ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်နေသည်...

"ကမ္ဘာကြီးရဲ့စစ်မှန်မှုက… အမှန်လား။ အမှားလား… မဟုတ်သေးဘူး… မဟုတ်သေးဘူး…"

နည်းပြကုသည် သူ့လက်ထဲကစာအုပ်ကိုချကာ မျက်မှောင်ကြုတ်ရင်း ခါးနာနေသော ကျောရိုးကို ပွတ်သပ်ပြီး သူ့မျက်လုံးများက သွေးနီရဲနေကာ သူ့ပုံစံက အလွန်မျက်တွင်းချောင်ကျနေသည်။

"ထားလိုက်တော့၊ အရင်အိပ်လိုက်ဦးမယ်။"

သူက အချိန်ကိုကြည့်ပြီး ရေရွတ်လိုက်သည်။

နည်းပြကုသည် မြေပြင်မှ ဖြည်းညှင်းစွာထ၍ အိပ်ယာပေါ်တက်ကာ အသက်ပြင်းပြင်းရှူရင်း မျက်လုံးမှိတ်လိုက်သည်...

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...

မိနစ်ဝက်အကြာအတွင်

သူ ရုတ်တရက်နိုးလာပြီး ကုတင်ပေါ်ထထိုင်ကာ ဆံပင်များကို သူ့လက်များဖြင့်ကုတ်လိုက်သည်...

"အားးးးး… လခွမ်း… ဒီကမ္ဘာက အစစ်လား။

ဟုတ်တယ်။

မဟုတ်ဘူးလား။

အား အား အား အား အား"

『TK: သိဝ(Shiva) = ဖျက်ဆီးခြင်းနတ်ဘုရား(အိန္ဒိယ)』

TK Team (Chapter 150)