Chapter 144
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၄၄)


Chapter 144 (ပြန်ပြီ)

"ဒါဆို…"

"ဒါပေမယ့် အဲဒါက မရိုးရှင်းဘူး။" ချန်မုရယ်က ဆက်ပြောသည်။ "ဒီလိုစာချုပ်က ဝိညာဉ်အဆင့်ကနေ တိုက်ရိုက်ချုပ်နှောင်နိုင်ပြီး စိတ်ကိုတိုက်ရိုက်သက်ရောက်စေတဲ့ စာချုပ်တွေက အရမ်းရှားတယ်။ ရှေးနတ်ဘုရားကျောင်းရဲ့ အရေအတွက်အစုအဝေးက သိပ်မများတာတောင် တစ်ခုချင်းစီကို တန်ဖိုးရှိပြီး အလားအလာရှိတဲ့ လူတစ်ယောက်စီအတွက်သာ အသုံးပြုတယ်။

ဒါ့အပြင် ရှေးနတ်ဘုရားကျောင်းရဲ့ [ယုံကြည်သူများ] ဖွံ့ဖြိုးတိုးတက်ရေး အဓိကရည်ရွယ်ချက်က အရေအတွက်မလုံလောက်ခြင်းပြဿနာကို ဖြေရှင်းဖို့ပဲ။ [ယုံကြည်သူများ] ဖွံ့ဖြိုးတိုးတက်ပြီးနောက် ညကင်းစောင့်လူသားတွေအထဲမှာ သူလျှိုတွေဖြစ် အသုံးပြုဖို့ ရွေးချယ်တာက တစ်နည်းအားဖြင့် ဖြုန်းတီးခြင်းပဲဖြစ်လိမ့်မယ်။

ဒါ့အပြင် ဒီလိုစာချုပ်က အကြွင်းမဲ့ ထိန်းချုပ်ခြင်းမဟုတ်ဘူး။ တချို့ကိစ္စတွေမှာ ထိန်းချုပ်ခံရတဲ့သူတွေက တခြားသူတွေကို သတိပေးဖို့ အရိပ်အမြွက်တွေကို အသုံးပြုနိုင်တယ်။ ဟန်ရှောင်ယွင် အခုလေးတင်ပြောခဲ့တဲ့ ‘ပြဿနာကို အခြေခံကျကျ ဖြေရှင်းဖို့’ နဲ့ပတ်သက်ပြီး အခြေခံအားဖြင့် ဒီအမျိုးအစားထဲကို ရောက်သွားတယ်။ ဒါကြောင့် [ယုံကြည်သူများ] ကို ညကင်းစောင့်လူသားတွေထဲ စိမ့်ဝင်ခွင့်ပြုခြင်းက စွန့်စားမှုတချို့တွေရှိနေသေးတယ်။"

ဒါကိုကြားတော့ ဟုန်ယင်းက နောက်ဆုံးမှာ သက်ပြင်းချလိုက်သည်။

လင်ချီးယဲ့လည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ အမှန်စင်စစ် ဤနည်းဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် [ယုံကြည်သူများ] သည် ညကင်းစောင့်လူသားများထဲသို့ စိမ့်ဝင်ခြင်းက ဆုံးရှုံးရတာ မထိုက်တန်ပေ။

သို့သော် ထိန်းချုပ်ခံရသောလူက ရာထူးကြီးဖြစ်နေလျှင် ဒါကမတူညီသောကိစ္စဖြစ်သွားမည်…

ဤသည်မှာ လင်ချီးယဲ့၏ ပူးပေါင်းကြံစည်မှုသီအိုရီမဟုတ်ပါ၊ အဆိုးဆုံးဖြစ်ရပ်ကို သူမသိစိတ်ကသာ တွေးတောနေမိခြင်းဖြစ်သည်၊ ‘အမြတ်က ဆုံးရှုံးမှုလောက် မတန်ဘူး’ ဆိုသည်မှာ ‘မလုပ်ဘူး’ လို့ဆိုလိုခြင်းမဟုတ်သလို၊ ‘အလွန်နည်းပါးသောအရေအတွက်’ ဆိုသည်မှာ ‘လုံးဝမတည်ရှိဘူး’ လို့မဆိုလိုပေ။

အမြဲတမ်း အရာအားလုံးကို သတိရှိနေတာက ကောင်းပါသည်။

"ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးရဲ့ ပထမဆုံးတိုက်ပွဲက ပြီးသွားပြီ။ ဒီ [ယုံကြည်သူ] ဆယ့်သုံးခု‌မြောက်နေရာနဲ့ ယွမ်ကန်းကိုင်တွယ်ဖြေရှင်းခဲ့တဲ့ 'ဟိုင်' နယ်ပယ် သန်မာသူတို့က ဒီလုပ်ကြံသတ်ဖြတ်မှုအတွက် ထိပ်တန်းအင်အားတွေဖြစ်လောက်တယ်။ ဒီအဖြစ်အပျက်ကို ပြီးသွားပြီလို့ မှတ်ယူလို့ရတယ်။" ဝမ်းချီမော့က ပျင်းရိစွာ ခါးဆန့်လိုက်သည်။

"စကားမစပ် မောင်လေးချီးယဲ့က မနက်ဖြန်ည စခန်းကို ပြန်လောက်ပြီ။" ဟုန်ယင်းက သက်ပြင်းချလိုက်သည်။ "နောက်တစ်ခါ ငါနင့်တွေ့ရင် နောက်နှစ်ဝက်လောက်မှာဖြစ်မယ်။"

"အဲဒီအချိန်ကျရင် သူက ညကင်းစောင့်လူသားအစစ် ဖြစ်လာလိမ့်မယ်။" ဝူရှန်းနန်က အပြုံးဖြင့် ဆိုလေသည်။ 

လင်ချီးယဲ့ ပြုံးလိုက်သည်။ "အမှန်တော့… နှစ်ဝက်က မြန်မြန်ကုန်လိမ့်မယ်။"

လေ့ကျင့်ရေးစခန်းမှာ အချိန်တွေ ဖြည်းညှင်းစွာ ကုန်ဆုံးသွားပုံရပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်သွားပုံရသည်။ ပန်းရောင်ခရီးဆောင်အိတ်ဖြင့် သူ ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ရေးစခန်းဂိတ်သို့ ရောက်ရှိလာသည်ကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။

"စကားမစပ်" ချန်မုရယ်သည် တစ်ခုခုကို သတိရသွားပုံရပြီး ရပ်တန့်လိုက်သည်။ "မနက်ဖြန် ရုံးမှာ မင်းသူငယ်ချင်းတွေကို ညစာလာစားဖို့ ဖိတ်လိုက်ပါ။"

လင်ချီးယဲ့ အံ့သြသွားသည်။

"အရင်တုန်းကတော့ မင်းတို့နှစ်ယောက်က ပစ်မှတ်တွေဆိုတော့ အတူတူနေတာက အဆင်မပြေတာကြောင့် ငါသူတို့ကိုမခေါ်ခဲ့တာ။ အခုတော့ ကိစ္စကပြေလျော့သွားပြီး ဒါ့အပြင် မင်းက ချန်းနန်ရဲ့အိမ်ရှင်လည်း ဖြစ်တာကြောင့် အိမ်မှာထမင်းလာစားဖို့ ဖိတ်သင့်တယ်။"

"ဒါပေမယ့် ရုံးက ညကင်းစောင့်လူသားတွေရဲ့ အခြေစိုက်စခန်းပါ။ ၁၃၆ တပ်ဖွဲ့ရဲ့ လူတွေကလွဲရင် အပြင်လူတွေ ဝင်လာဖို့က မလွယ်ဘူး…" ဝူရှန်းနန်က ရေရွတ်လိုက်သည်။

"ငါ့အိမ်ကိုလာခဲ့" ဟုန်ယင်းက သူမ၏ရင်ဘတ်ကို ပုတ်လိုက်သည်။ "ငါ့နေရာက ကျယ်တယ်။"

လင်ချီးယဲ့သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။ "သူတို့ကို မေးလိုက်‌ဦးမယ်…"


နောက်နေ့လယ်တွင်

လင်ချီးယဲ့နှင့်အတူ ပိုင်လီဖက်တီး၊ ချောင်ယွမ်းနှင့် တုံ့ဆိုင်နေသော ရှန်ချင်းကျူတို့က ဗီလာ၏တံခါးဝတွင် ရပ်နေကြသည်။

ပိုင်လီဖက်တီးသည် သူ့ရှေ့ကဗီလာကိုကြည့်ပြီး လင်ချီးယဲ့ကို အကြိမ်အနည်းငယ်လောက်ကြည့်ရင်း အံ့ဩစွာပြောလာသည်။ "ကောင်းလိုက်တာ ချီးယဲ့၊ မင်းရဲ့နေရေးထိုင်ရေးက တော်တော်ကောင်းတာပဲ။"

"ဒါက သူငယ်ချင်းတစ်ယောက်အိမ်ပါ၊ ငါ ဒီမှာ ယာယီနေတာ။" လင်ချီးယဲ့က ပခုံးတွန့်သည်။

ချောင်ယွမ်းက အနံ့ခံရင်း တံတွေးမျိုချလိုက်သည်။ "ငါ အသားနံ့ရတယ်…"

လွန်ခဲ့သည့်နှစ်ရက်က သူသည် ပိုင်လီဖက်တီးနှင့် ရှန်ချင်းကျူတို့နှင့်အတူ အချစ်ဟိုတယ်တွင်နေပြီး ‌ပါဆယ်အစားအသောက်နှင့် အသင့်စားခေါက်ဆွဲများကိုသာ စားသောက်ခဲ့ရသည်။ ထို့အပြင် လွန်ခဲ့သည့်ခြောက်လကျော်က စခန်းရှိ အလယ်အလတ်အစားအစာများနှင့် ပေါင်းစပ်လိုက်သဖြင့် သူ့ကန့်သတ်ချက် ပြည့်လုနီးပါး ဖြစ်နေသည်။

"မင်းက ဘုန်းကြီးမဟုတ်ဘူးလား။"

"မဟုတ်ဘူး၊ ငါ့နှလုံးသားထဲမှာပဲ ဗုဒ္ဓရှိတာ။"

"…"

ရှန်ချင်းကျူသည် ဗီလာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "မင်းသူငယ်ချင်းတွေကို ညစာစားဖို့ ဖိတ်ခဲ့ဖို့ပဲ ပြောခဲ့တာမဟုတ်ဘူးလား။ ဘာလို့ငါ့ကိုပါ ခေါ်လာတာလဲ။"

လင်ချီးယဲ့နှင့် တခြားသူများက သူတို့ခေါင်းကိုလှည့်ပြီး သူ့အား ထူးဆန်းစွာကြည့်နေလေသည်။

ပိုင်လီဖက်တီးသည် သူ့နဖူးကို ကူကယ်ရာမဲ့ထောက်ရင်း ရှေ့တိုးပြီး ရှန်ချင်းကျူ၏ပခုံးကို ပုတ်လိုက်သည်။ "Tsundere ဖြစ်တာက အကန့်အသတ်ရှိသင့်တယ် မဟုတ်ဘူးလား။ မင်းကို ဒီကိုဘာကြောင့်ခေါ်သလဲဆိုတာ ရှင်းပြရရင်…

လွန်ခဲ့တဲ့နှစ်ရက်က မင်းဟာ အလုပ်သမားတစ်ယောက်အနေနဲ့ ကောင်းကောင်းလုပ်ခဲ့တယ်လို့ ငါတို့ထင်တာကြောင့်ပဲ။"

ရှန်ချင်းကျူ၏နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားကာ သူ့ပခုံးပေါ်က ပိုင်လီဖက်တီး၏လက်ကိုရိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။ 

"ဖက်တီးကောင်၊ မင်းဘယ်သူ့ကိုလာပြောနေတာလဲ။"

"…" ပိုင်လီဖက်တီးသည် သူ့အင်္ကျီလက်များကိုလိပ်တင်ကာ နာရီများဖြင့်ဖုံးအုပ်ထားသော ဖြူဖွေးကြီးမားသည့်လက်နှစ်ဖက်ကို ထုတ်ဖော်လိုက်သည်။ 

"ကောင်းပြီ၊ ကောင်းလိုက်တဲ့ ရှန်ချင်းကျူ၊ ငါမင်းရဲ့လုပ်အားခကို ဒီနေ့ပေးလိုက်ပြီဆိုတော့ မင်းကစပြီးမာနကြီးပြီပေါ့လေ။"

လင်ချီးယဲ့က ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ "မင်းတို့ပြဿရှာလို့ပြီးပြီလား။ အရင်ဆုံး စားဖို့ အထဲဝင်ရအောင်။"

ပိုင်လီဖက်တီးနှင့် ရှန်ချင်းကျူတို့သည် အကြည့်ချင်းဆုံနေရင်း တစ်ချိန်တည်း နှာမှုတ်လိုက်ပြီး ဗီလာထဲကို လင်ချီးယဲ့နောက်ကနေ လိုက်သွားကြသည်။

"ငါမိတ်ဆက်ပေးမယ်၊ ဒါက ခေါင်းဆောင်ချန်မုရယ်…"

"ဒါက လက်ထောက်ခေါင်းဆောင်ဝူရှန်းနန်…"

"ဒါက အစ်မဟုန်ယင်း၊ ဒီအိမ်က သူမပိုင်တာ…"

"ဒါက ဝမ်းချီမော့…"

"စစ်းရှောင်နန်…"

"လန်ရွှမ်း…"

လင်ချီးယဲ့က အချင်းချင်း စတင်မိတ်ဆက်ပေးသည်။ သူ လူတစ်ယောက်ကိုမိတ်ဆက်ပြီးတိုင်း ပိုင်လီဖက်တီးသည် သူ့လက်မောင်းဆီမှ နာရီတစ်လုံးကိုချွတ်လိုက်ပြီး တခြားလူများကို အပြုံးဖြင့် ပေးလေသည်။

"ခေါင်းဆောင်ချန်မုရယ်။ မျှော်လင့်ထားတဲ့အတိုင်း ထူးခြားတဲ့ရောင်ဝါရှိတာပဲ။ ကျွန်တော် ဒါကို အချိန်အကြာကြီးရှာခဲ့ရတာ၊ ဒီ Rolex ခင်ဗျားရဲ့ရောင်ဝါနဲ့ လိုက်ဖက်လောက်တယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ…"

"အိုး အစ်ကိုရှန်းနန်၊ ဒီတစ်ခေါက် ကျွန်တော်အပြင်ထွက်တော့ ကျွန်တော်နဲ့အတူ ဘာမှကောင်းတာမယူလာခဲ့ရဘူး။ ကျေးဇူးပြုပြီး ဒီ Green Water Ghost (Rolex) ကို လက်ခံပေးပါ…"

"ဝိုး အစ်မဟုန်ယင်း၊ ခင်ဗျားက အရမ်းလှတာပဲ။ လက်ကောက်ဝတ်လေးပဲ နည်းနည်းဗလာဖြစ်နေတာ၊ ဒီ Van Cleef & Arpels က ခင်ဗျားရဲ့ရောင်ဝါနဲ့ လုံးဝလိုက်ဖက်တယ်…"

"…"

ပိုင်လီဖက်တီးသည် လူတိုင်းအား နာရီများအရူးအမူးပေးနေတာကိုကြည့်ရင်း လက်ဗလာဖြစ်နေသော ချောင်ယွမ်းနှင့် ရှန်ချင်းကျူတို့သည် မျက်ခွံများလှုပ်နေသည်။ သူတို့သည် မြေကြီးထဲဝင်ဖို့ တွင်းတစ်တွင်းရှာချင်နေကြသည်။ ဒါက အလွန်ရှက်စရာကောင်း၏။

Rolex တစ်လုံးကိုင်ဆောင်ထားသော ဝမ်းချီမော့သည် ထူးဆန်းသောအမူအရာဖြင့် လင်ချီးယဲ့နားဆီသို့ ကပ်လိုက်သည်။ "ဒါက… သူဌေးအိမ်က ငတုံးသားလား။"

လင်ချီးယဲ့က ခဏတုံ့ဆိုင်းသွားပြီး "ဟုတ်တယ်။"

"အိုး… ငါသိပြီ၊ ဒီလူက သိပ်တော့မဆိုးပေမယ့် သူ့ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်ပုံမပေါ်ဘူး…"

"…"

ပိုင်လီဖက်တီးနှင့်အတူ ညစာစားပွဲ၏ အငွေ့အသက်က ချက်ချင်း အသက်ဝင်လာခဲ့သည်။ ချောင်ယွမ်းသည် သက်မဲ့အစာစားစက်အဖြစ်သို့ ပြောင်းလဲကာ အစားအစာကို ခေါင်းငုံ့ကာ ဝါးမျိုနေလေသည်။

ရှန်ချင်းကျူအတွက်တော့… သူသည် ထိုနေရာတွင် သတိရှိစွာ ထိုင်နေခဲ့ပြီး တစ်စုံတစ်ယောက်က သူနဲ့စကားပြောလာလျှင် အပြုံးဖြင့်ပြန်ဖြေလိမ့်မည်။ စခန်းတွင်းရှိ ပုံမှန်မာနကြီးမှုပျောက်ကွယ်သွားပြီး ရှက်တတ်သည့် လူငယ်တစ်ယောက်၏ အမူအရာဖြင့် အစားထိုးခဲ့သည်။

အရသာရှိလှသော ညစာစားပြီးနောက် လင်ချီးယဲ့သည် သူ၏ခရီးဆောင်အိတ်ကိုကောက်ယူကာ ၁၃၆ တပ်ဖွဲ့ကလူအားလုံးကိုနှုတ်ဆက်ပြီး တခြားသုံးဦးနှင့်အတူ ယခင်သဘောတူထားသည့် လာခေါ်မည့်နေရာသို့ ဦးတည်သွားခဲ့သည်။

အဲဒီမှာ ရင်းနှီးပြီးသား အနက်ရောင်ဘတ်စ်ကားအများအပြားက စောင့်ဆိုင်းနေတာကြာပါပြီ။

စခန်းမှယူလာသော စံပြကြယ်ဓားကိုအပ်ပြီးနောက် လင်ချီးယဲ့သည်ကားပေါ်တက်ပြီး နောက်ဆုံးတန်းမှာထိုင်လိုက်သည်။

သူက ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။ ညအမှောင်ထဲတွင် အဝေးရှိမြို့၏ကောက်ကြောင်းက စိုးမိုးလျက်ရှိသည်။ အဝေးကအဆောက်အအုံထိပ်တွင် စနိုက်ပါရိုင်ဖက်သေနတ်တစ်လက်ကိုင်ထားသော ရုပ်သွင်တစ်ခုအား သူမြင်လိုက်ပုံရပြီး ထိုနေရာတွင်တစ်ယောက်တည်းထိုင်နေကာ လင်ချီးယဲ့ထွက်သွားတာကို တိတ်တဆိတ်ကြည့်နေသည်…

မကြာမီ ဘတ်စ်ကားသည် ဖြည်းညှင်းစွာ စတင်ကာ ကြယ်ရောင်နှင့်ညကို ဖြတ်ကျော်ကာ လေ့ကျင့်ရေးစခန်းဆီသို့ စနစ်တကျ ဦးတည်သွားခဲ့သည်...

 
TK Team (Chapter 144)