Chapter 142
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၄၂)


Chapter 142 (ပြန်လည်မွေးဖွားခြင်း)

ချွင်…

လှံရှည်သည် လင်ချီးယဲ့၏ဓားဖြောင့်ကို အခိုင်အမာ ပိတ်ဆို့ထားပြီး ဟန်ရှောင်ယွင်၏ခန္ဓာကိုယ်မှ လေရိုက်ခတ်လာကာ လေဓားသွားများက လင်ချီးယဲ့ကို ကတ်ကြေးကဲ့သို့ နှစ်ဖက်စလုံးမှ ဝိုင်းရံထားသည်။

လေရွေ့သွားသည့်အခိုက်တွင် လင်ချီးယဲ့သည် လေဓားသွားများ၏ လမ်းကြောင်းကို ခန့်မှန်းနေပုံရပြီး သူ့ခန္ဓာကိုယ်သည် လေထုအလယ်တွင် လှည့်ပတ်ကာ လေဓားသွားနှစ်ခုကို ရှောင်လိုက်သည်။

ဗုန်း…

မီးတောက်များဝိုင်းရံထားသော လှံရှည်ရောက်လာပြန်ပြီး ဟုန်ယင်းသည် သူမ၏ ကြော့ရှင်းသော မျက်ခုံးများပင့်ကာ အနီရောင်တောက်တောက်လှံထိပ်မှ လေထဲတွင် ပွင့်လန်းနေသောပန်းများဆွဲထုတ်လိုက်စဉ် စူးရှစွာ အော်လိုက်သည်။

နောက်အခိုက်အတန့်တွင် ချန်မုရယ်၏ရုပ်သွင်သည် ဝူချန်က သူ့အသက်ကိုမေးခွန်းထုတ်နေသကဲ့သို့ ဟန်ရှောင်ယွင်နောက်တွင် ထူးဆန်းစွာပေါ်လာပြီး ဓားနှစ်လက်က သူ့လည်ပင်းကို တိတ်တဆိတ် ခုတ်ဖြတ်လိုက်သည်…

လမ်းကြောင်းသုံးသွယ်မှ တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း ဟန်ရှောင်ယွင်ပင် ရုန်းကန်စပြုလာပြီး သူတို့သုံးယောက်ကြားတွင် လှည့်စားနေသော ချန်မုရယ်ပါရှိနေသည်။ သူ့ကြောင့် သူအခုတ်ခံရပါက အသက်သေဆုံးတာ ဒါမှမဟုတ် ပြင်းထန်သောဒဏ်ရာရနိုင်သည်။

ဝှီး…

အဝေးမှ လန်ရွှမ်းသည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး သူ့စနိုက်ပါရိုင်ဖယ်ကို ထပ်မံပစ်ခတ်လိုက်သည်။ ကျည်ဆန်တစ်တောင့်သည် လင်ချီးယဲ့နှင့် တခြားသူများကို တိတိကျကျ ရှောင်ရှားခဲ့ပြီး ဟန်ရှောင်ယွင်၏ခြေထောက်ကိုထိကာ သွေးများစီးကျလာခဲ့သည်။

သူ့ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာကြောင့် ဟန်ရှောင်ယွင်၏ လှုပ်ရှားမှုများ သိသိသာသာ နှေးကွေးသွားသည်။ ချန်မုရယ်သည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး လှံရှည်ကို ခဏတာ ရှောင်ရှားရန် ဗလာနတ္ထိအဖြစ်ပြောင်းပြီး ဟန်ရှောင်ယွသ်အပေါ် အပြင်းအထန် နှစ်ချက်မျှခုတ်လိုက်သည်။

ဖွီး…

ဟန်ရှောင်ယွင်သည် ပါးစပ်ထဲကသွေးများကို ထွေးထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် သိသိသာသာ တုန်ခါသွားကာ ပူလောင်နေသောဒဏ်ရာသုံးခုသည် သူ့ဝိညာဉ်ကို အဆက်မပြတ် လောင်ကျွမ်းစေသောကြောင့် နာကျင်မှုက ပြင်းထန်လွန်းတော့ သူ့အသိစိတ်က အနည်းငယ် မှုန်ဝါးလာသည်။

သူယိမ်းယိုင်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းရင်း အော်ဟစ်လိုက်ပြီး သူ့ပတ်ဝန်းကျင်က ‌လေပြင်းသည် အရှိန်ပြင်းလာပြီး လင်ချီးယဲ့နှင့် တခြားသူများကို ခေတ္တလွင့်ထုတ်လိုက်သည်။

ဤအခိုက်အတန့်တွင် ဝူရှန်းနန်သည် လေပြင်းတိုက်သကဲ့သို့ လမ်းကိုဖြတ်လာကာ လေပြင်းကိုအံတုရင်း မတည်မငြိမ်ဖြစ်နေသော ဟန်ရှောင်ယွင်ကို ဖက်ထားသည်။

လင်ချီးယဲ့က အံ့သြသွားသည်။

ဟန်ရှောင်ယွင်က ပို၍ပင်အံ့ဩသွားသည်။ ခဏတာကြောင်သွားပြီးနောက် သူသည် ဝူရှန်းနန်ကို အားကုန်သုံးကာ တွန်းထုတ်ရန် ကြိုးစားလိုက်သည်။

"ပြေးတော့။" ဒီမြင်ကွင်းကိုမြင်တော့ ချန်မုရယ်က အော်လိုက်သည်။

လင်ချီးယဲ့နှင့် ဟုန်ရင်းတို့သည် အစပိုင်းတွင် စိတ်ရှုပ်ထွေးနေကြသော်လည်း ဝူရှန်းနန်၏ဝတ်ရုံကိုမလိုက်ရာ အောက်တွင်သေသပ်စွာထုပ်ပိုးထားသော ဖောက်ခွဲရေးပစ္စည်းများကို ထုတ်ပြလိုက်သောအခါ သူတို့၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားကြသည်။

ကံကောင်းစွာပဲ ချန်မုရယ်သည် သူတို့ဆီအမြန်ပြေးလာပြီး သူတို့ကို‌ဆွဲခေါ်ကာ အမြန်ပြန်ဆုတ်သွားသည်။

ဝူရှန်းနန်သည် ဟန်ရှောင်ယွင်ကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး သုံးယောက်သား နောက်ပြန်ဆုတ်သွားသောအခါ သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ့ရင်ဘတ်ပေါ်မှ ကြိုးကို ပြတ်ပြတ်သားသား ဆွဲချလိုက်သည်။

ဗုန်း…

မြေကြီးပေါက်ကွဲသံနှင့်အတူ ကြီးမားသော မှိုတိမ်တိုက်ကြီး တက်လာပြီး လမ်းပေါ်တွင် ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းသွားသည်။ လင်ချီးယဲ့နှင့် ဟုန်ယင်းတို့သည် ထိုမြင်ကွင်းကို ကြောင်တောင်တောင် စိုက်ကြည့်နေကြပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး နေရာမှာတင် အေးခဲသွားကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ခေါင်းဆောင်… ဒါက…"

ချန်မုရယ်က သူတို့ပခုံးကို ပုတ်လိုက်သည်။ "စိတ်မပူပါနဲ့၊ ရှန်းနန်ရဲ့တားမြစ်အပျက်အစီးက [ပြန်လည်မွေးဖွားခြင်း] ပဲ၊ 'ချွမ်း' နယ်ပယ်မှာ ပြန်လည်ရှင်သန်ဖိုက အခွင့်အရေးဆယ့်နှစ်ကြိမ်ရှိပြီး သူသေမှာမဟုတ်ဘူး။"

"ပြန်လည်မွေးဖွားခြင်းလား။"

လင်ချီးယဲ့ အမှန်တကယ်ပင် အံ့အားသင့်သွားသည်။ ဤကမ္ဘာပေါ်တွင် ဤမျှ ပြင်းထန်သော တားမြစ်အပျက်အစီးတစ်ခုရှိသလား။

ဝူရှန်းနန်သည် သူ့တားမြစ်အပျက်အစီးက အတော်လေးထူးခြားပြီး အခွင့်အရေးကို သူဆုပ်ကိုင်ရန် လိုအပ်ကြောင်းပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ...

"ဒါဆို… သူက အမြဲတမ်း ဒီလိုမျိုး ကိုယ့်ကိုကိုယ်ဖောက်ခွဲတဲ့နည်းနဲ့ တိုက်ခိုက်တာလား။" ဟုန်ယင်းက မနေနိုင်ဘဲ မေးလိုက်သည်။

"မဟုတ်ဘူး။" ချန်မုရယ်သည် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး ပျက်စီးနေသောလမ်းပေါ်ကို စိုက်ကြည့်နေသည်။ "ဟိုးအရင်တုန်းက သူဒဏ်ရာမရတုန်းက ဒီလိုမျိုးမဟုတ်ဘူး… အဲဒီအချိန်က သူအရမ်းသန်မာတာ။"

မီးခိုးများ တဖြည်းဖြည်း ရှင်းသွားသည်နှင့်အမျှ ဝူရှန်းနန်သည် အပျက်အစီးများမှ ချောင်းဆိုးပြီး ထွက်လာသည်။ သူက ရုပ်ရှင်ထဲက ဖုတ်ကောင်တစ်ယောက်လို စုတ်ပြတ်သတ်နေပြီး ကြည့်ရတာ လူတို့၏ဦးရေပြားအား ထုံကျင်သွားစေသည်။ သို့သော် အံ့ဩစရာမှာ သူ၏အသွေးအသားသည် သူ့အလိုလို လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး သူ၏ခန္ဓာကိုယ်သည် မြင်သာသောအရှိန်ဖြင့် သက်သာသွားခဲ့သည်။

ငါးစက္ကန့်လောက်ကြာတော့ အမာရွတ်တစ်စက်မှမရှိဘဲ သူ့မူလခန္ဓာကိုယ်အခြေအနေကို ပြန်ရောက်သွားသည်။

ဝူရှန်းနန်သည် ခေါင်းငုံ့ပြီး သူ့လက်များကို ကြည့်လိုက်သည်။ သူ့လက်ဖဝါးပေါ်ရှိ နက်နဲနီရဲနေသောအမာရွတ်နှစ်ခုက ကျန်နေဆဲဖြစ်ပြီး သူ့မျက်လုံးများတွင် ခါးသီးမှုအရိပ်အမြွက်ပေါ်လာသည်...

ဗုန်း…

လေပြင်းတိုက်ခတ်ကာ ပတ်ဝန်းကျင်မှ မီးခိုးများ လွင့်စင်သွားသည်။

ဝူရှန်းနန်သည် လှည့်ကြည့်ပြီး ကူကယ်ရာမဲ့သက်ပြင်းချလိုက်သည်။ "[‌ပြန်လည်မွေးဖွားခြင်း] ရဲ့ နောက်ဆုံးအခွင့်အရေးကို အသုံးချပြီး သူ့ကို မသတ်နိုင်သေးဘူး..."

ပေါက်ကွဲမှုကြောင့် ဖန်တီးထားသော နက်ရှိုင်းသည့်တွင်းထဲ၌ လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသော ရုပ်သွင်းက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လာသည်။ သူ့ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သူ့ပုံစံက အလွန်အမင်း ရှက်ရွံ့စရာကောင်းသော်လည်း သူ အသက်ရှင်နေသေးသည်။

ဟန်ရှောင်ယွင်သည် မတ်တတ်ရပ်နေစဉ် ချောင်းဆိုးကာ သူ့မျက်လုံးထဲက ထိတ်လန့်သောအကြည့်ဖြင့် ဒဏ်ရာကင်းမဲ့သော ဝူရှန်းနန်ကို ကြည့်လိုက်သည်။
 
"မင်းက 'အပြာရောင်မိုးတပ်ဖွဲ့' ရဲ့ မသေမျိုးပဲ…"

ဘမ်း…

ကျည်ဆန်တစ်တောင့်သည် လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ဟန်ရှောင်ယွင်ဆီသို့ ပစ်လွှတ်လိုက်သည်။ အခုတော့ အရင်ကလို သူ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ဘူး။ သူ့အနေအထားကို ချိန်ညှိရန် ကြိုးစားပေမယ့် ပစ်ခတ်မှုက သူ့ပုခုံးကို ထိသွားသည်။

စနိုက်ပါရိုင်ဖယ်သည် အဆင့်မြင့်စွမ်းရည်အသုံးပြုသူများကို ထိခိုက်ဒဏ်ရာရစေနိုင်သည့် အပူလက်နက်အနည်းငယ်ထဲမှတစ်ခုဖြစ်သည်။

"နီးပါးပဲ…" ဟန်ရှောင်ယွင်၏ ခြေဖဝါးအောက်တွင် လေပွေတစ်ခုပေါ်လာပြီး သူ့ကို လေထဲသို့ ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူက ချန်မုရယ်ကို တည်ငြိမ်စွာ ကြည့်ပြီး ပြောသည်။

"မင်းငါ့ကိုသတ်ဖို့ အရမ်းနီးစပ်နေပြီ… ကံမကောင်းစွာပဲ ‌နောက်ထပ်ကတော့ ငါမင်းကို [လေပြင်းမုန်တိုင်းကြီး] အစစ်အမှန်ပြမယ်။"

သူသည် ကောင်းကင်သို့ ဖြည်းညှင်းစွာတက်သွားပြီး လှံရှည်ကို မြေကြီးထဲသို့ စိုက်ရန် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့အနီးပတ်ဝန်းကျင်ရှိ နှင်းမုန်တိုင်းသည် ရုတ်တရက် ငြိမ်သက်သွားကာ လေလုံးဝမတိုက်တော့ပေ။ နှင်းပွင့်များသည် နောက်ထပ်နှင်းများထူထပ်စွာ ကျဆင်းနေသကဲ့သို့ ကောင်းကင်မှ လွင့်ပျံလာသည်။

ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ယှက်ထားပြီး ဖြည်းညှင်းစွာ ပိတ်လိုက်သည်။ အပြာရင့်ရောင်တစ်ခုသည် လေထဲကနေ သူ့လက်ဖဝါးတွင်ပေါ်လာပြီး ညင်သာစွာလှည့်ပတ်ကာ ပို၍ပို၍ကြီးမားလာသည်။

၎င်းက မုန်တိုင်းမျက်လုံးဖြစ်သည်။

မြေပြင်ပေါ်တွင် ချန်မုရယ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

လင်ချီးယဲ့၏စိတ်စွမ်းအားသည် မုန်တိုင်းမျက်လုံးကို လွှမ်းခြုံသွားပြီး ၎င်းတွင်ပါရှိသော ကြောက်မက်ဖွယ်စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။ သူ့အမူအရာက လေးနက်လာသည်။

"ဒီမုန်တိုင်းမျက်လုံးကို အပြည့်အဝဖန်တီးပြီးတာနဲ့ ‌တပြိုင်နက် လေပြင်းက မင်းရဲ့ [ဝူကျဲ့လေဟာနယ်] ကို အလွယ်တကူဖျက်ဆီးပြီး ချန်းနန်မြို့တစ်ခုလုံးကို ဖြတ်သန်းသွားလိမ့်မယ်။ ဒီအရာရဲ့စွမ်းအားက မြို့တစ်ဝက်ကိုပြားပြားဝပ်စေဖို့ လုံလောက်တယ်…"

ဟန်ရှောင်ယွင်သည် ချန်မုရယ်ကို ငုံ့ကြည့်ပြီး သူတစ်ခုခုကိုပြောချင်ပေမယ့် သူမပြောနိုင်ခဲ့ပေ။ သူက မျက်မှောင်ကြုတ်ကာ ကူကယ်ရာမဲ့ ပြောခဲ့သည်။

"ပြဿနာကို အခြေခံကျကျ ဖြေရှင်းဖို့… မင်းမှာ အချိန်အများကြီး မကျန်တော့ဘူး။"

လင်ချီးယဲ့သည် နောက်ဆုံးစကားကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။ သူ အတွေးလွန်နေသလားလို့ တွေးလိုက်မိပေမယ့် ဟန်ရှောင်ယွင်က တစ်ခုခုကို အရိပ်အမြွက်ပြနေသလို ခံစားရသည်။

ဘမ်း…

စနိုက်ပါကျည်ဆန်သည် ကောင်းကင်ယံကိုဖြတ်၍ ဟန်ရှောင်ယွင်ဆီသို့ ပျံသန်းသွားသည်။ သို့သော် မုန်တိုင်းမျက်လုံးအနီးသို့ ရောက်သွားသောအခါ မမြင်နိုင်သော လေအတားအဆီးတစ်ခုက မုန်တိုင်းမျက်လုံးအနီးတွင်ရှိနေသကဲ့သို့ ၎င်း၏အရှိန်က ရုတ်တရက် နှေးကွေးသွားပြီး ပြတ်သားစွာ တားဆီးလိုက်သည်။

ဟုန်ယင်းသည် မျက်ခုံးပင့်ကာ သူမ၏လှံရှည်ကို နှင်းဆီရောင်မီးတောက်များဖြင့် ပစ်လိုက်ပြီး ကောင်းကင်ကို ဖြတ်ကာ ကြယ်ပွင့်ကဲ့သို့ ဖြာထွက်နေသည်။ သို့သော် မုန်တိုင်းမျက်လုံးနှင့် နီးကပ်လာပြီးနောက် ကျည်ဆန်ကဲ့သို့ နှေးကွေးသွားပြီး နောက်ဆုံးမှာ ကန်ထွက်သွားသည်။

ဤအခိုက်အတန့်တွင် ဟန်ရှောင်ယွင်ကို လုံးဝပြိုင်ဘက်ကင်းလေပိုင်နက်ဖြင့် ဝန်းရံထားပြီး မည်သည့်အရာမှ စိမ့်ဝင်မသွားနိုင်ပေ။

"ပြဿနာကို အခြေခံကျကျ ဖြေရှင်းဖို့…" ချန်မုရယ်သည် ဤစကားများကို ညည်းညူရင်း နားမလည်နိုင်စွာ မျက်ခုံးပင့်သွားသည်။

အားလုံး ကူကယ်ရာမဲ့နေချိန်တွင် ကောင်းကင်မှ ‌မုန်တိုင်းမျက်လုံးသည် ပိုမိုကြီးမားလာပြီး ဟန်ရှောင်ယွင်ကို ဗဟိုပြုသော ဟာရီကိန်းမုန်တိုင်းက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်...

တခြားတစ်ဖက်တွင်

ပိုင်လီဖက်တီးနှင့် တခြားသူများနှင့်အတူ [ဝူကျဲ့လေဟာနယ်] ဆီ ချဉ်းကပ်လာသော ရှန်ချင်းကျူးသည် တစ်ခုခုကို ခံစားမိပုံရသည်။ သူသည် ပေါ့ပါးစွာသက်ပြင်းချလိုက်ပြီး တဖြည်းဖြည်းစုစည်းနေသော မုန်တိုင်းမျက်လုံးရှိရာသို့ ခေါင်းလှည့်ကြည့်လိုက်သည်။

သူသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့ညာလက်ကို ဖြည်းညှင်းစွာ ဆန့်တန်းကာ အဝေးက ကောင်းကင်ဆီသို့ သူလက်ဖျောက်တီးလိုက်သည်…
 

TK Team (Chapter 142)