Chapter 139
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၃၉)


Chapter 139 (နှင်းမုန်တိုင်း ဟန်ရှောင်ယွင်)

"ချန်းနန်မြို့မှာ တပ်စွဲထားတဲ့ ညကင်းစောင့်လူတပ်ဖွဲ့…" ဟန်ရှောင်ယွင်သည် လူအုပ်ကိုကြည့်ပြီး ခေါင်းခါလိုက်သည်။ "တတိယအဆင့်မြို့က ညကင်းစောင့်တပ်ဖွဲ့ဟာ ငါ့အတွက် ဘာမှမဟုတ်ဘူး။"

ညကင်းစောင့်တပ်ဖွဲ့ကို တစ်မြို့တစ်ဖွဲ့စနစ်ဖြင့် သတ်မှတ်ပေးထားပြီး မြို့ကြီးက ပိုအရေးကြီးလေလေ၊ ညကင်းစောင့်လူသားတပ်ဖွဲ့၏ပျမ်းမျှအင်အားက အားကောင်းလေလေဖြစ်သည်။ ဥပမာအားဖြင့် ရှန့်ကျင်းမြို့တွင် တပ်စွဲထားသော ၀၀၆ တပ်ဖွဲ့ကို 'ဟိုင်' နယ်ပယ်တွင်ရှိသော အလွန်အစွမ်းထက်သောလူများဖြင့် ဖွဲ့စည်းထားပြီး သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် အထူးတပ်ဖွဲ့တချို့ထက်ပင် ကျော်လွန်ကာ သူတို့ကို စစ်မှန်သော ACE တပ်ဖွဲ့ဖြစ်လာစေသည်။

သို့သော် ပုံမှန်တတိယအဆင့်မြို့ဖြစ်သည့် ချန်းနန်မြို့တွင် ညကင်းစောင့်တပ်ဖွဲ့မှာ အင်အားအကန့်အသတ်ဖြင့်ရှိသည်။ ထို့အပြင် ဒီအဆင့်ရှိသောမြို့များက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ များသည်။ အမှန်တကယ်တော့ ချန်းနန်က သိပ်မဆိုးချေ။ ပို၍ဝေးလံသောမြို့များတွင် ညကင်းစောင့်အဖွဲ့တစ်ဖွဲ့မှာ 'ချွမ်း' နယ်ပယ် အဖွဲ့ဝင်တစ်ဦးပင်မရှိနိုင်ပေ။

ထိုသို့သောမြို့တွင် အထူးတပ်ဖွဲ့တစ်ဖွဲ့သည် အကူအညီမပေးပါက ယေဘုယျအားဖြင့်ပြောရလျှင် 'ဟိုင်' နယ်ပယ်က ဘေးကနေ လမ်းလျှောက်နေနိုင်ပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်နိုင်ငံလုံးအတိုင်းအတာကိုသုံးသပ်ကြည့်လျှင် 'ဟိုင်' နယ်ပယ်မှာ သန်မာသူများ အတော်လေးနည်းပါးပါသည်။ တတိယအဆင့်မြို့ကို လွှမ်းမိုးရန် မည်သူကအချိန်းဖြုန်းမည်နည်း။ တစ်စုံတစ်ယောက်က တကယ်လုပ်ခဲ့လျှင်တောင် နှစ်ရက်အတွင်း အထူးတပ်ဖွဲ့တစ်ဖွဲ့က သေချာပေါက်ရောက်လာပြီး ဘယ်လိုပြုမူရမလဲဆိုတာ သင်ခန်းစားပေးလိမ့်မည်။

လင်ချီးယဲ့သည် တပ်ဖွဲ့ ၁၃၆ ၏ အဖွဲ့ဝင်များကိုမြင်သောအခါ အံ့အားသင့်သွားသည့်ခံစားချက်ကို ပထမဆုံးခံစားလိုက်ပြီးနောက် သူ စိတ်ပူသွားသည်...

အကယ်၍ သူတစ်ယောက်တည်းသာဆိုလျှင် နက်စ်၏ညလင်းလက်ခြင်းဖြင့် သူထွက်ပြေးနိုင်သော်လည်း လူတွေအများကြီးရောက်လာသဖြင့် သူမည်သို့ပြေးနိုင်မည်နည်း။

သူတို့ကိုထားခဲ့ပြီး သူတစ်ယောက်တည်း ထွက်ပြေးသင့်သလား။

လုံးဝမဖြစ်နိုင်ဘူး။

အချိန်အတော်ကြာ အပြန်အလှန် ပေါင်းသင်းဆက်ဆံပြီးနောက် လင်ချီးယဲ့၏ရင်ထဲတွင် တပ်ဖွဲ့ ၁၃၆ အဖွဲ့ဝင်များသည် ရဲဘော်ရဲဘက်ချည်းသာ မဟုတ်တော့ပေ။ လန်ရွှမ်းပြောသည့်အတိုင်း ဒီနေရာက… သူ၏ဒုတိယအိမ်ဖြစ်နေပြီဖြစ်သည်။

သူ့မိသားစုကို သူစွန့်ပစ်မှာမဟုတ်ဘူး။

လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူရင်း သူ့လက်ထဲကဓားလက်ကိုင်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများက ဆုံးဖြတ်ချက်ကို အရိပ်အမြွက် ပြသသည်။

အောက်လမ်းတွင် ဟုန်ယင်းသည် အနီရင့်ရောင်ခေါင်းစွပ်ကို ဖယ်လိုက်ကာ တောက်ပသောမျက်လုံးတစ်စုံဖြင့် လင်ချီးယဲ့ကို ကြည့်ရင်း ပြုံးပြနေသည်။ သူမသည် လက်ကိုဆန့်တန်းကာ လင်ချီးယဲ့ကို ပျော်ရွှင်စွာ ဝှေ့ယမ်းလိုက်သည်။

"မောင်လေးချီးယဲ့… ငါတို့နင့်ကိုကယ်ဖို့ရောက်လာပြီ။"

ဒီလိုအခြေအနေမျိုးမှာ ပြုံးနိုင်နေသေးသော ဟုန်ယင်းကိုမြင်တော့ လင်ချီးယဲ့၏နှုတ်ခမ်းထောင့်များ အနည်းငယ်မြှောက်တက်လာသည်။ "အရူး…"

သူ ရုတ်တရက် နောက်ပြန်ဆုတ်သွားကာ အိမ်ခေါင်မိုးအစွန်းပေါ်မှ ပြုတ်ကျသွားပြီး မြေပြင်ကိုမထိခင် သူသည် ခြေဖျားထောက်ပြီး သူ့အသွင်အပြင်က တစ္ဆေကဲ့သို့ ပျောက်ကွယ်သွားပြီး တခဏအတွင်း အားလုံးဘေးမှာ ရပ်နေသည်။

ဟန်ရှောင်ယွင်သည် လက်ထဲတွင်လှံရှည်ကိုကိုင်ကာ မလှုပ်မယှက်ဘဲ တိတ်တဆိတ်ကြည့်နေခဲ့သည်။

လင်ချီးယဲ့သည် ဓားနှစ်လက်ကို ကိုင်ဆောင်ကာ ချန်မုရယ်အနားတွင်ရပ်နေသည်။ အရပ်ရှည်ပြီး ခမ်းနားစွာရပ်နေသော ဟန်ရှောင်ယွင်ကိုကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ခေါင်းဆောင် အဲဒါက 'ဟိုင်' နယ်ပယ်ပဲ…"

ချန်မုရယ်က ခေါင်းညိတ်သည်။ "ငါသိတယ်။"

"ကျွန်တော်တို့ သူ့ကိုအနိုင်ယူနိုင်လား။"

"ကြိုးစားကြည့်တာပေါ့။"

"ကောင်းပြီ။"

ချန်မုရယ်ပြောတာကိုကြားတော့ အဆောက်အအုံထိပ်တွင်ရပ်နေသော ဟန်ရှောင်ယွင်သည် ခေါင်းယမ်းကာ တည်ငြိမ်စွာပြောသည်။

"'ချွမ်း' နယ်ပယ်နှစ်ယောက်၊ 'ချီ' နယ်ပယ်နှစ်ယောက်နဲ့ သာမန်လူတစ်ယောက်နဲ့… မင်းတို့ငါ့ကို အနိုင်မယူနိုင်ဘူး။ မလိုအပ်တဲ့စတေးမှုတွေ လုပ်စရာမလိုပါဘူး။"

"ငါမင်းကိုမှတ်မိတယ်။" ချန်မုရယ်သည် ရုတ်တရက် ပြောလာ၏။ "မင်းက ကူးစူးမြို့က ညကင်းစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း ဟန်ရှောင်ယွင်ပဲ။"

ဟန်ရှောင်ယွင်သည် ခဏမျှ နှုတ်ဆိတ်သွားပြီး "ဒီတော့ဘာဖြစ်လဲ။"

"မင်းလည်း တစ်ချိန်က ခေါင်းဆောင်ဖြစ်ခဲ့တာပဲ၊ အခု ဘာလို့ မင်းက ရှေး‌နတ်ဘုရားကျောင်းရဲ့ လက်ဆွဲခွေးဖြစ်လာတာလဲ။" ချန်မုရယ်၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

"မင်း နားမလည်ဘူး။" ဟန်ရှောင်ယွင်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး ချန်မုရယ်ကို တိုက်ရိုက်မကြည့်တော့ဘဲ သူ့အသံက နိမ့်ကျပြီး ဩရှနေသည်။

"တစ်နေ့ မင်းရှေ့မှာ မင်းရဲ့အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေတာကို မင်းကြည့်နေရရင်… ငါ့ရဲ့ရွေးချယ်မှုကို မင်းနားလည်လိမ့်မယ်။"

ချန်မုရယ်သည် မျက်မှောင်ကြုတ်ပြီး တစ်ခုခုပြောခါနီးတွင် ဟန်ရှောင်ယွင်က ထပ်ပြောလာသည်။

"ငါမင်းတို့ကို ထပ်သတိပေးလိုက်မယ်၊ ဒီတစ်ခေါက် ငါ့ရဲ့ပစ်မှတ်က ဒီကောင်လေးပဲ၊ မင်းတို့အခုထွက်သွားရင် ငါဘာအခက်အခဲမှလုပ်မှာမဟုတ်ဘူး၊ မလိုအပ်တဲ့စတေးမှုတွေမလုပ်နဲ့။"

ချန်မုရယ်က ဘာမှမပြောချေ။

သူပြောစရာ မလိုဘူး။

ဘာကြောင်လဲဆိုတော့ လူတိုင်းက သူ့ရွေးချယ်မှုကို နားလည်လို့ပဲဖြစ်သည်။

လန်ရွှမ်းသည် သူ့ခါးနောက်ကို ညင်သာစွာထိလိုက်သည်နှင့် ငွေရောင်လင်းလက်လာပြီး သူ့ပခုံးပေါ်တွင် ကြီးမားသောပြောင်းတိုအမြောက်ကို သယ်ထားကာ ခေါင်မိုးပေါ်ရှိ ဟန်ရှောင်ယွင်ကို ချက်ချင်းချိန်ပြီး ခလုတ်ဆွဲလိုက်သည်။ 

ဝှီး…

လက်ပစ်ဗုံးတစ်လုံးကို လန်ရွှမ်း၏ပခုံးမှ ပစ်လွှတ်လိုက်ပြီး အဖြူရောင်မီးတောက်က နောက်မှလိုက်ကာ ဟန်ရှောင်ယွင်ဆီသို့ တည့်တည့်ပစ်လိုက်သည်။ ဟန်ရှောင်ယွင်သည် မျက်မှောင်ကြုတ်ပြီး သူ့လက်ထဲကလှံရှည်ကို ဝှေ့ယမ်းလိုက်သည်။

ဗုန်း…

ဟန်ရှောင်ယွင်ရှေ့မှာ တောက်ပသောမီးတောက်များ ပေါက်ကွဲသွားပြီး ပြင်းထန်သောပေါက်ကွဲမှုလှိုင်းလုံးကြီးက ဟန်ရှောင်ယွင်ကိုရိုတ်ခတ်မည့်အချိန် သူ့ဆီကနေ ပြင်းထန်သောလေပြင်းများထွက်လာပြီး အိမ်ခေါင်မိုးပေါ်တွင် နှင်းများလှည့်ပတ်ကာ ပေါက်ကွဲမှုအားလုံးကို တွန်းလှန်ပစ်လိုက်သည်။

တပြိုင်နက်တည်း ဟုန်ယင်း‌၏နောက်မှသေတ္တာနက်ကနေ အနီရောင်ဆူးချွန်ဖြင့် လှံရှည်ထွက်ပေါ်လာသည်။ သူမသည် လှံရှည်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ရာ သူမခန္ဓာကိုယ်မှ နှင်းဆီရောင်မီးတောက်များ ထွက်ပေါ်လာပြီး မြေပြင်ကို သူမ၏ခြေထောက်များဖြင့် ပြင်းပြင်းကန်ကာ သူမသည် နှင်းဆီနီအရိပ်ဖြင့် ဟန်ရှောင်ယွင်ဆီသို့ ပြေးသွားသည်။

လက်ပစ်ဗုံး ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များ လေထဲတွင် ပြည့်လျှံလာပြီး လေနှင့်နှင်းများထဲတွင် အနီရောင်လှံက လျှပ်တပြက်ပေါ်လာသည်။ 

ဟန်ရှောင်ယွင်သည် လျှပ်စီးကဲ့သို့ ဘေးကိုလှည့်ကာ လှံထိပ်ကို ရှောင်ရှားလိုက်ပြီး ပြင်းထန်သောလေကြောင့် နှင်းပွင့်များသည် လှံရှည်ထိပ်တစ်ဝိုက်တွင် ကခုန်နေပြီး သူ့ခန္ဓာကိုယ်ပေါ်က နှင်းပွင့်များကို ဖယ်ရှားလိုက်ကာ ဟုန်ယင်း၏ခါးဆီသို့ ရုတ်တရက် ဖြတ်ပြေးသွားသည်။

လှံရှည်ပြုတ်ကျခါနီးမှာ ဟန်ရှောင်ယွင်၏မျက်လုံးထဲမှာ ဟုန်ယင်းသည် အစိမ်းရောင်အဝတ်အစားဝတ်ထားသော အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားကာ လွှင့်ပျံနေသောဆံပင်ရှည်ရှည်၊ ပြုံးနေသောမျက်လုံးများနှင့် ရေကဲ့သို့နူးညံ့သောအမူအရာများကို မြင်လိုက်ရသည်…

ဟန်ရှောင်ယွင်၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားကာ သူ၏လှံရှည်က လေထဲ၌ ခေတ္တရပ်တန့်သွားသည်။

"ချင်းချင်း…" သူ့မျက်လုံးများ ဝေဝါးသွားသော်လည်း ကြည်လင်မှုက သူ့စိတ်ထဲပြန်ဝင်လာသည်။ "မဟုတ်ဘူး… ဒါက စိတ်လှည့်စားခြင်းပုံစံ တားမြစ်အပျက်အစီးလား။"

လမ်းမပေါ်တွင် ဝမ်းချီမော့သည် ထူးဆန်းသောပုံသဏ္ဌာန်တစ်ခုဖြင့် သူ့လက်ချောင်းများကို ရောယှက်ထားသည်။ သူသည် အဆောက်အအုံပေါ်ရှိ ဟန်ရှောင်ယွင်ကိုကြည့်ကာ ထူးဆန်းသောအလင်းရောင်ဖြင့် သူ့မျက်လုံးများက တောက်ပနေသည်။

ဟန်ရှောင်ယွင်သည် သူ၏ကြီးမားသောစိတ်စွမ်းအားဖြင့် လှည့်စားခြင်းကို ဖိနှိပ်လိုက်ရာ သူ့မျက်လုံးထဲတွင် အစိမ်းရောင်ဝတ်အမျိုးသမီးသည် ပျောက်ကွယ်သွားကာ ဟုန်ယင်း၏ရုပ်သွင်က ပြန်ပေါ်လာသည်။

ဝမ်းချီမော့သည် နဖူးပေါ်မှ အေးစက်သော ချွေးသီးများဖြင့် ရွှဲနစ်နေပြီး ညည်းညူသံကို ထုတ်လွှတ်လိုက်သည်။

ထိုအခိုက်အတန့်လေးမှာ ဟုန်ယင်းသည် သူမ၏လှံကို ချိန်ညှိနိုင်ခဲ့ပြီး မီးတောက်နေသော လှံထိပ်က ဟန်ရှောင်ယွင်၏နဖူးကို တိုက်ရိုက်ညွှန်ပြနိုင်ခဲ့သည်။

ဟန်ရှောင်ယွင်၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကာ အေးစက်စက်သရော်ပြီး သူ့ညာခြေဖြင့် မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ပြီး သူ့ထံမှ ပြင်းထန်သော နှင်းမုန်တိုင်းများ ထွက်ပေါ်လာကာ ဟုန်ယင်းနှင့် သူမ၏လှံကို တလွယ်တကူ လွင့်ထွက်သွားစေပြီး တစ်ချိန်တည်းမှာပင် သူ့ခြေထောက်အောက်က အဆောက်အအုံဟောင်းကြီးသည် ပြိုကျသွား၏။

ဟန်ရှောင်ယွင်၏ရုပ်သွင်သည် နှင်းထဲတွင် တဖြည်းဖြည်းတွင် ဆင်းသက်လာပြီး သူ့လှံရှည်ကို မြေပြင်သို့ ညွှန်ပြထားကာ လေပြင်းသည့် တက်လာသော ဖုန်မှုန့်များကို ရှင်းထုတ်ပြီး သူဖြည်းညှင်းစွာ ထွက်လာခဲ့သည်...

သူသည် လမ်းတစ်ဖက်မှာ ရပ်နေဆဲဖြစ်ပြီး ဖြူဖျော့နေသော ဝမ်းချီမော့ကိုကြည့်ရင်း သူ့မျက်စိကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

"တားမြစ်အပျက်အစီး နံပါတ်စဉ် ၁၈၀ [အတွင်းနတ်ဆိုးချည်နှောင်ခြင်းနည်းလမ်း]…"

ဝမ်းချီမော့သည် မတ်မတ်ရပ်ပြီး ရယ်မောရင်း "ဒါက အစွမ်းထက်တဲ့ တားမြစ်အပျက်အစီးမဟုတ်ပေမယ့် အတွင်းနတ်ဆိုးကြောင့် ခြောက်လန့်ခံရတဲ့ ခင်ဗျားလိုလူအတွက် မထင်မှတ်ဘဲ ထိရောက်ပုံရတယ်…"

"ဟုတ်လား။"

ဟန်ရှောင်ယွင်သည် သူ့လက်ထဲက လှံရှည်ကို အနည်းငယ် မြှောက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ ကြီးမားကျယ်ပြန့်သော နှင်းထူထပ်သည့်ကွင်းပြင်တွင် လှိုင်းလေများ ရုတ်တရက် ပေါ်လာပြီး နှင်းများကို မြေပြင်မှ ကောင်းကင်သို့ သယ်ဆောင်ကာ ကောင်းကင်နှင့် နေရောင်ကို ပိတ်ဆို့လိုက်သည်။

ဆယ်မိုင်အတွင်းမှာ ကောင်းကင်တွင် နှင်းမုန်တိုင်းများပြည့်နှက်နေသည်။

"တားမြစ်အပျက်အစီး နံပါတ်စဉ် ၀၇၉ [လေပြင်းမုန်တိုင်းကြီး]"


TK Team (Chapter 139)