Chapter 137
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၃၇)


Chapter 137 (ရှယ်နွီကိုတိုက်ခိုက်ခြင်း)

မင်းမျက်လုံးကြည့်ရမယ်။

မင်းမျက်လုံးကိုကြည့်ရအောင် ငါကအရူးလား။

လင်ချီးယဲ့သည် တစ်စက္ကန့်မျှ မတွေးဘဲ မျက်လုံးမှိတ်ထားလိုက်သည်။

မယ်ဒူဆာသည် လူသိများသော ဒဏ္ဍာရီလာသတ္တဝါဖြစ်ပြီး လင်ချီးယဲ့က ၎င်းကို ကောင်းစွာ သိရှိခဲ့သည်။ [ရှယ်နွီ] သည် ကိုယ်စားလှယ်အနေဖြင့် ‘စိုက်ကြည့်သူတိုင်း ကျောက်ရုပ်အဖြစ်သို့ ပြောင်းလဲစေခြင်း’ စွမ်းရည်ကို မည်မျှအမွေဆက်ခံခဲ့သလဲ သူမသိပေမယ့် အမြဲသတိထားတာက ပိုကောင်းပါသည်။

မျက်လုံးချင်းမဆုံမိသရွေ့ သူ့ကို ဘာမှမလုပ်နိုင်ဘူး။

မျက်လုံးမှိတ်ပြီး တိုက်ခိုက်ခြင်းသည် တခြားသူများအတွက် ခက်ခဲနိုင်ပေမယ့် လင်ချီးယဲ့အတွက်ကတော့ စိန်ခေါ်မှုလုံးဝမရှိပေ။ သူ၏ [သေမျိုးနတ်ဘုရားနယ်ပယ်] ဖြင့် သတင်းအချက်အလက်စုဆောင်းရန် သူ၏မျက်လုံးများကို အားကိုစရာမလိုသည်မှာ ကြာပါပြီ။

ရှယ်နွီ: "…"

သူမ၏ပြိုင်ဘက်ကင်းစွမ်းရည်များထဲမှတစ်ခုသည် အလွယ်တကူ ဖယ်ထုတ်ခံသွားသည်ကို မြင်လိုက်ရသောအခါ [ရှယ်နွီ] ဒေါသဖြစ်သွားသည်။ အနက်ရောင်စပါးအုံးမြွေကြီးသည် သူမပတ်လည်ရှိ အနက်ရောင်ဆံပင်များဖြင့် အသွင်ပြောင်းကာ ဟိန်းဟောက်ကာ လင်ချီးယဲ့ကို ကိုက်လိုက်သည်။

လင်ချီးယဲ့သည် [ရှယ်နွီ] ၏ လက်ကိုင်မဲ့ဓားကို ထိန်းထားပြီး လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့သည်။ အနက်ရောင်စပါးကြီးမြွေသည် [ရှယ်နွီ] ၏ ခန္ဓာကိုယ်မှ ထွက်ခွာပြီးနောက် လျင်မြန်စွာ ကြီးမားလာသည်။ တစ်ကောင်ချင်းစီစည် ရေပုံးကဲ့သို့ တုတ်ခိုင်လာပြီး အနည်းငယ်ပွတ်သပ်လိုက်ရုံဖြင့် အနီးနားရှိ သစ်ပင်များကို တစ်ဝက်ခန့် ဖြတ်သွားကြသည်။

ကြီးမားသော စပါးကြီးမြွေများ၏ လှိုင်းလုံးကြီးနှင့် ရင်ဆိုင်နေရသော လင်ချီးယဲ့၏အသွင်အပြင်သည် လေထဲတွင် လွင့်မျောနေသော သစ်ရွက်များကဲ့သို့ လှုပ်ရှားသွားကာ ခြေလှမ်းတိုင်း ၎င်းတို့၏ အကိုက်ခံရခြင်းကို ကျဉ်းမြောင်းစွာ ရှောင်ရှားလိုက်သည်။ ဤအခိုက်အတန့်လေးအတွင်းမှာပဲ မီတာဒါဇင်နဲ့ချီပြီး ပြန်ဆုတ်သွားခဲ့သည်။

သူ့အမူအရာက ပို၍လေးနက်လာသည်။

[ရှယ်နွီ] ၏ နည်းစနစ်များသည် ထူးဆန်းပြီး ကွဲပြားသည်— တယ်လီပို့ခြင်း၊ ကြောက်မက်ဖွယ်ကောင်းသော မြွေမျက်လုံးများ၊ လုပ်ဆောင်ချက်မသိရသော တားမြစ်မြွေအစွယ်နှင့် မရေမတွက်နိုင်သော စပါးကြီးမြွေများပြည့်နေသည့် သူမ၏ဦးခေါင်း…

ကံကောင်းထောက်မစွာ သူမ၏ နယ်ပယ်အဆင့်သည် မမြင့်မားခဲ့ပေ။ သူမ၏စိတ်စွမ်းအား ခွန်အားဖြင့် အကဲဖြတ်ကြည့်လျှင် သူမသည် သူ့ကဲ့သို့ 'ချီ' နယ်ပယ်တွင် ရှိနေပုံရသည်။ သို့သော် သူတို့နှစ်ယောက်လုံးသည် တူညီသော 'ချီ' နယ်ပယ်မှာရှိနေလျှင် သူမ၏တားမြစ်အပျက်အစီး အရွယ်အစားက ဘာကြောင့်လမ်းတစ်ခုလုံးကို လွှမ်းခြုံနိုင်ရသနည်း။ ဘယ်လိုလုပ် ဧရိယာဒီလောက်ကျယ်ရသနည်း။

ပုံမှန်အားဖြင့် တားမြစ်အပျက်အစီး၏အရွယ်အစားသည် အသုံးပြုသူ၏စွမ်းရည်နှင့်ဆက်စပ်နေသည်— စွမ်းအားပြင်းထန်လေလေ တားမြစ်အပျက်အစီး အကွာအဝေးက သေးငယ်လေလေဖြစ်သည်။ 'ချီ' နယ်ပယ်ကို ဝင်ရောက်ပြီးနောက် လင်ချီးယဲ့၏ [သေမျိုးနတ်ဘုရားနယ်ပယ်] သည် မီတာ ၁၀၀ အကွာအဝေးရှိပြီး [အမှောင်ထုနတ်ဘုရားအပျက်အစီး] က မီတာ ၅၀ သာ ကျယ်ဝန်းသည်။

[ရှယ်နွီ] ၏ ထူးဆန်းသော တားမြစ်အပျက်အစီးသည် အနည်းဆုံး မီတာ ၃၀၀ ကို ဖုံးလွှမ်းထားသည်။ ဒီတားမြစ်အပျက်အစီး၏ လုပ်ဆောင်ချက်က အဘယ်နည်း။

လင်ချီးယဲ့သည် တွေးနေရင်း [ရှယ်နွီ] ၏ ရုပ်သွင်က ပျောက်ကွယ်သွားပြန်သည်။ တခဏချင်းမှာပဲ သူ့ဘေးနားတွင် နံရံဟောင်းတစ်ခုပေါ်လာပြီး သူမ၏ခြေထောက်များသည် နံရံကို ရုတ်တရက် ခပ်ကြမ်းကြမ်းတွန်းထုတ်ပြီး အသွင်အပြင်တစ်ခုလုံးသည် ချွန်ထက်သောမြားကဲ့သို့ လင်ချီးယဲ့ရှေ့ကို ရောက်လာသည်။

ချွင်… 

ဓားဖြောင့်နှင့် မြွေအစွယ်သည် ထိမိသွားကာ စူးစူးရှရှ အသံတစ်ခုထွက်လာပြီး နားအူစေသည်။ လင်ချီးယဲ့သည် မျက်လုံးများကို တင်းတင်းမှိတ်ထားရင်း တစ်ချိန်တည်းမှာပင် သူ့ဘေးမှာလဲကျနေသော သစ်ပင်၏ပင်စည်သည် မြေပြင်မှ လွင့်ထွက်သွားပြီး [ရှယ်နွီ] ဆီသို့ ပစ်လိုက်သည်။

သစ်ပင်ပင်စည်၏ ချွန်ထက်သောအကိုင်းအခက်များက လှံများနှင့်ဆင်တူသည်။ သူမ၏ခေါင်းပေါ်ရှိ မြွေများသည် စိတ်အနှောင့်အယှက်ဖြစ်နေစဉ် ၎င်းသည် [ရှယ်နွီ] အား သူမ၏မူလလမ်းကြောင်းမှ လေထဲတွင် သွေဖည်သွားစေခဲ့သည်။ လင်ချီးယဲ့သည် သူ၏ဒုတိယမြောက် ဓားဖြောင့်ကို လျင်မြန်စွာ လှည့်လိုက်သည်။

ဝှီး…

ဓားအလင်းရောင် လင်းလက်နေပြီး [ရှယ်နွီ] ၏ ခန္ဓာကိုယ်သည် ရေမြွေကဲ့သို့ တွန့်လိမ်ရင်း ထူးဆန်းသောကိုယ်ဟန်အနေအထားဖြင့် ဓားကိုရှောင်ရှားလိုက်ပေမယ့် သူမပခုံးပေါ်မှမြွေဆံပင်သည် ဓားကြောင့် ခုတ်ဖြတ်ခံရကာ ပြတ်သွားသောဆံချည်မျှင်များကဲ့သို့ မြေပေါ်သို့ လွင့်ကျသွားသည်။

[ရှယ်နွီ] သည် သူမခွန်အားဖြင့် ထပ်ခုန်ပြီး တခြားသစ်ပင်ကြီး၏ထိပ်ပေါ်ကို ပြင်းထန်စွာ ခုန်ဆင်းရင်း ရေမြွေကဲ့သို့ ပင်စည်ပေါ်တွင် ရစ်ပတ်ထားသည်။

လင်ချီးယဲ့သည် မျက်လုံးများကိုမှိတ်ထားဆဲဖြစ်ပြီး ခေါင်းအနည်းငယ်စောင်းကာ အခုလေးတင် သူမပေါ်လာသည့်နေရာကို စစ်ဆေးရန် သူ့စိတ်စွမ်းအားကိုအသုံးပြုပြီး တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

သူနားလည်သွားပြီ။

"သေလမ်းကိုရှာနေတာပဲ။"

[ရှယ်နွီ] ၏ လက်ချောင်းများသည် ပြတ်သွားသောဆံပင်များပေါ်ကို ပွတ်သပ်လိုက်ပြီး သူမမျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပို၍ပြင်းထန်လာသည်။ သူမလက်ထဲက လက်ကိုင်မဲ့ဓားကို စက်ဝိုင်းတစ်ဝက်လှည့်ပြီး သူမ၏ရုပ်သွင်က ပျောက်ကွယ်သွားပြန်သည်။

သူမရုပ်သွင်ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် လင်ချီးယဲ့သည် သူ့လက်ထဲကဓားဖြောင့်ကို နောက်ပြန်ဆုတ်ပြီး လေထဲသို့ ဓားဖြင့်ထိုးလိုက်သည်။

နောက်အခိုက်အတန့်တွင် [ရှယ်နွီ] သည် သူ့ဓားသွားရှေ့တွင် အလိုအလျောက် ပေါ်လာသည်။

တင်း…

[ရှယ်နွီ] ၏ ရင်ဘတ်တွင် မြွေအကြေးခွံများပေါ်လာပြီး ဓားဖြောင့်၏စွမ်းအားအများစုကို စုပ်ယူလိုက်ချိန်တွင် နူးညံ့သောခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာသော်လည်း ဓားထိပ်ဖျားသည် သူမ၏ခန္ဓာကိုယ်ကို ညင်သာစွာထိုးဖောက်ကာ အကြေးခွံများကို ထိုးဖောက်နေဆဲဖြစ်သည်။

[ရှယ်နွီ] ၏ မျက်လုံးအိမ်က ရုတ်တရက် ကျုံ့သွားသည်။

သူမသည် တွေးတောရန်အချိန်မရခင် သူမရုပ်သွင်က ထပ်မံပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်း မီတာဒါဇင်များစွာအကွာအဝေးရှိ အိမ်နိမ့်လေးပေါ်တွင် ပေါ်လာသည်။

သူမရင်ဘတ်ပေါ် ဓားဒဏ်ရာကို ဆုပ်ကိုင်ရင်း လင်ချီးယဲ့အား ဒေါသစိတ်အပြည့်နေသော မြွေမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"နင်…"

လင်ချီးယဲ့သည် မျက်လုံးများကို တင်းကျပ်စွာမှိတ်ထားပြီး ဓားကိုဆုပ်ကိုင်ရင်း သူ့အနီးနားကအမှောင်ထုဖြင့် [ရှယ်နွီ] ဆီသို့ ငြိမ်သက်စွာ လျှောက်လာခဲ့သည်။

"ပထမကတော့ လမ်းပေါ်က မြွေမျက်လုံးတွေက လူတွေကို ကြောက်လန့်ဖို့ လှည့်ကွက်တစ်ခုလို့ ငါထင်ခဲ့တာ… အဲဒါတွေက မင်းစွမ်းအားရဲ့ အဓိကအချက်လို့ အခုငါနားလည်သွားပြီ။

မြေပြင်ပေါ်ကမြွေမျက်လုံးတွေ၊ နှင်းထဲကမြွေမျက်လုံးတွေ၊ သစ်ပင်အကိုင်းအခက်တွေနဲ့ ပြုလုပ်ထားတဲ့ မြွေမျက်လုံးတွေ၊ နံရံအက်ကြောင်းတွေထဲက မြွေမျက်လုံးတွေ…

မင်းရဲ့တယ်လီပို့ခြင်း ကျပန်းမဟုတ်ဘူး။ အဲဒီမြွေမျက်လုံးတွေ ရှိနေတဲ့နေရာမှာပဲ မင်းပေါ်လာနိုင်တာ။

ငါဒါကိုသိနေသရွေ့ မင်းရဲ့ခြိမ်းခြောက်မှုဟာ သိသိသာသာ လျော့ကျသွားပြီ။"

[ရှယ်နွီ] ရှိနေသော အဆောက်အအုံနိမ့်အောက်ကို လင်းချီးယဲ့လျှောက်လာပြီး တည်ငြိမ်စွာ ဆက်ပြောခဲ့သည်။

"ငါခန့်မှန်းရသလောက် မင်းရဲ့တားမြစ်အပျက်အစီး… မဟုတ်ဘူး၊ မင်းရဲ့နတ်ဘုရားအပျက်အစီးတာက မြွေမျက်လုံးပုံစံတွေကို ဖန်တီးဖို့အတွက် လွှမ်းခြုံဧရိယာအတွင်း 'ကျိုးကြောင်းဆီလျော်မှု' အားလုံးကို အသုံးပြုခွင့်ပေးပြီး အဲဒီပုံသေအမှတ်တစ်ခုကိုရွှေ့ဖို့ ဒီမြွေမျက်လုံးတွေကို အသုံးပြုပြီး 'တယ်လီပို့ခြင်း' ထင်ယောင်ထင်မှားဖြစ်စေတယ်။

အနည်းဆုံးတော့ မင်းရဲ့လက်ရှိအဆင့်မှာ ဒီနတ်ဘုရားအပျက်အစီးက ဒီစွမ်းအားအဆင့်ကိုပဲ ပိုင်ဆိုင်ထားတယ်။

မင်းရဲ့ 'တယ်လီပို့ခြင်း' လျှို့ဝှက်ချက်ကို ငါ ဖော်ထုတ်လိုက်ပြီဆိုတော့ မင်းရဲ့အနက်ရောင်စပါးကြီးမြွေတွေပြောင်းလဲနိုင်တဲ့ ဆံပင်ရှည်နဲ့ မင်းရဲ့ညံ့ဖျင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေအားလုံးက ငါ့ပြိုင်ဘက်မဖြစ်နိုင်တော့ဘူး။"

မင်းရဲ့ကြောက်စရာကောင်းတဲ့မြွေမျက်လုံးနဲ့ ပတ်သက်ပြီးတော့…"

လင်ချီးယဲ့သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ၏ဘယ်ဘက်မျက်လုံးသည် မီးကဲ့သို့ နီရဲကာ တောက်ပနေပြီး ညာဘက်သည် မှင်ကဲ့သို့ မည်းမှောင်နေသည်။ လုံးဝခြားနားသည့် မြင့်မြတ်သောနတ်စွမ်းအားနှစ်ခုသည် သူ့ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာသည်။

အပူနှင့် အမှောင်နှစ်ခုလုံး နတ်စွမ်းအားနှစ်မျိုးလုံးသည် သူ့ခန္ဓာကိုယ်အတွင်း ထူးဆန်းသော ဟန်ချက်တစ်ခုသို့ ရောက်ရှိသွားသည်။

"မင်းစမ်းကြည့်လို့ရတယ်။ ငါတို့အချင်းချင်းကြည့်လိုက်ရင် ငါအရင်ကျောက်ရုပ်ဖြစ်မလား… ဒါမှမဟုတ် မင်းအရင်သေမလား။"

တောက်ပသော မျက်လုံးတစ်စုံနှင့် နက်မှောင်သော မျက်လုံးတစ်စုံသည် [ရှယ်နွီ] ၏ အကြည့်ကို ဆုံမိသွားသည်။ ထိုအခိုက်အတန့်တွင် နတ်ဘုရားသုံးပါး၏ နတ်စွမ်းအားများသည် အချင်းချင်းတိုက်မိကြလေသည်။

ဒန်း…

မျက်စိတစ်မှိတ်အတွင်းမှာပင် [ရှယ်နွီ] ၏စိတ်သည် ဆန့်ကျင်ဘက် နတ်စွမ်းအားနှစ်ခုကြောင့် အတင်းအကျပ်ဆုတ်ဖြဲခံလိုက်သလို ခံစားလိုက်ရသည်။ နာကျင်မှုသည် မချိမဆံ့ဖြစ်ပြီး သူမပါးစပ်ထဲမှ သွေးများထွက်လာပြီး သူမမျက်နှာက ဖြူဖျော့သွားသည်။

"အားးးး"

လဲကျသွားကာ သူမ၏လက်ချောင်းများကြားမှ သွေးများစီးကျလာသည်နှင့်အမျှ နာကျင်မှုကြောင့် မျက်လုံးကို အုပ်ထားမိသည်။

လင်ချီးယဲ့၏မျက်လုံးထဲက နတ်စွမ်းအားပျောက်သွားကာ သူ့လက်မောင်းကိုငုံ့ကြည့်လိုက်ပြီး အရေပြားမျက်နှာပြင်ပေါ်တွင် မီးခိုးရောင်အကွက်များတချို့ပေါ်လာရာ ၎င်းတို့ကို ညင်သာစွာ ပွတ်သပ်လိုက်သောအခါ ထုံနေမှန်း သိလိုက်ရသည်။

ဒါက ကျောက်ရုပ်ဖြစ်စေတဲ့မျက်လုံးပဲ…

၎င်းက ကြောက်စရာကောင်းသော်လည်း သူမ၏လက်ရှိစွမ်းအားဖြင့် တူညီသော 'ချီ' နယ်ပယ်ဖြစ်သည့် လင်ချီးယဲ့ကို သူမသည် ကျောက်ရုပ်ဖြစ်စေချင်ပါက အချင်းချင်း အနည်းဆုံးဆယ်စက္ကန့်ကြည့်ရမည်ဖြစ်ပြီး လင်ချီးယဲ့၏နတ်ဘုရားနှစ်ပါးစွမ်းအားအောက်တွင် သူမသည် ငါးစက္ကန့်ထက် ပိုကြာမည်မဟုတ်ပေ။

သူ့နတ်ဘုရားကြောင့် ထိတ်လန့်ပြီး [ရှယ်နွီ] ၏ စိတ်ရှုပ်ထွေးမှုကို အခွင့်ကောင်းယူကာ လင်ချီးယဲ့အနားကအမှောင်ထုသည် ပို၍ပို၍ပြင်းထန်လာသည်။ သူသည် ခြေချောင်းများဖြင့် မြေပြင်ပေါ်ကို ပေါ့ပါးစွာထောက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက တစ္ဆေကဲ့သို့ လွင့်မျှောနေကာ [ရှယ်နွီ] ရှိနေသော အိမ်ခေါင်မိုးပေါ်သို့ ဆင်းသက်လာခဲ့သည်။

သူ့အသွင်အပြင်သည် လျှပ်တပြက်ဖြင့် သူ့လက်ထဲကဓားဖြောင့်သည် [ရှယ်နွီ] ၏ လည်ပင်းဆီသို့ လျှပ်စီးကြောင်းလို ခုတ်ဖြတ်လိုက်သည်။

ထိုအချိန်တွင် [ရှယ်နွီ] က နာကျင်စွာ လဲကျနေပြီဖြစ်သည်။ လင်ချီးယဲ့၏လှုပ်ရှားမှုများကို သူမ၏မျက်လုံးထောင့်ကနေ သူမမြင်လိုက်ရပေမယ့် သူမခန္ဓာကိုယ်သည် မတုံ့ပြန်နိုင်ဘဲ ‌သူမ၏မြွေမျက်လုံးများက အကန့်အသတ်မဲ့ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ချွင်…

ဓားဖြောင့်သည် [ရှယ်နွီ] ၏ ဦးခေါင်းကို ဖြတ်ခါနီးတွင် ငွေရောင်လှံရှည်တစ်ချောင်းက လင်ချီးယဲ့၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

လင်ချီးယဲ့သည် မျက်မှောင်ကြုတ်လိုက်ရင်း အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

သူ၏လှံရှည်ကို တစ်ချက်လှုပ်လိုက်ပြီး လင်ချီးယဲ့သည် ထိတ်လန့်ကာ ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်ခဲ့ရသည်။ သူ့သွေးများအလိပ်လိပ်ထလာပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ်စိမ့်ထွက်လာသည်။

"မင်္ဂလာပါ။" ထိုလူသည် သူ့နောက်ကျောပေါ်က လှံရှည်ဖြင့် [ရှယ်နွီ] ရှေ့တွင်ရပ်ကာ လင်ချီးယဲ့ကို တည်ငြိမ်စွာကြည့်ပြီး ယဉ်ကျေးသောလေသံဖြင့် ပြောလိုက်သည်။

"ငါက ဟန်ရှောင်ယွင်၊ [ယုံကြည်သူများ] ရဲ့ ဆယ့်သုံးခုမြောက်နေရာကပါ။"


TK Team (Chapter 137)