Chapter 136
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၃၆)


Chapter 136 (ပုံမှန်မဟုတ်သောအမျိုးသမီး)

"ရှေးနတ်ဘုရားကျောင်းက လူလား။" လင်ချီးယဲ့သည် [ရှယ်နွီ] ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။

[ရှယ်နွီ] သည် သူ့ကို ဂရုတစိုက်ကြည့်နေကာ သူမနှုတ်ခမ်းကိုအုပ်ရင်း နူးညံ့စွာ ပြုံးလိုက်သည်။ "နတ်ဘုရားနှစ်ပါးကိုယ်စားလှယ်က ကောလဟာလတွေလို နာမည်ကြီးတင်မကဘဲ တကယ်လည်းချောတာကို…"

လင်ချီးယဲ့သည် သူမစနောက်တာကို ဂရုမစိုက်ဘဲ သူ့စိတ်စွမ်းအားကို တိတ်တဆိတ်စုစည်းကာ အချိန်မရွေး အမှောင်ထုနတ်ဘုရားအပျက်အစီးကို ဖွင့်ရန်အသင့်ဖြစ်နေသည်။

သူခန့်မှန်းတာမှန်ကန်ပါက ဤလမ်းအတိုင်း သူလျှောက်လာသောအခါ တစ်ဖက်လူ၏တားမြစ်အပျက်အစီးထဲသို့ မသိလိုက်ဘဲ သူဝင်ရောက်သွားခဲ့ပြီး မြေပြင်တလျှောက် မြွေမျက်လုံးများနှင့် မှတ်မိနိုင်သောရုပ်သွင်ဖြင့် ပေါင်းစပ်ကာ တစ်ဖက်လူ၏ အထောက်အထားကို ထုတ်ဖော်ပြသလိုက်သည်။

သူမသည် ယခင်က ဒုံးကျည်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သော ရှေးနတ်ဘုရားကျောင်း၏ အဖွဲ့ဝင်၊ မယ်ဒူဆာ၏ကိုယ်စားလှယ်၊ ကုတ်နာမည် [ရှယ်နွီ] ဖြစ်သည်။

ဒီတစ်ခါတော့ ငါ ငါးကြီးကြီးတစ်ကောင် ဖမ်းမိသွားပုံပဲ...

"မင်းငါ့ကိုသတ်ဖို့ ရောက်လာတာလား။" လင်ချီးယဲ့၏အသံက အလွန်တည်ငြိမ်နေသည်။

"နင့်ကိုသတ်ရမယ်။ ဟီးဟီးဟီး…" [ရှယ်နွီ] သည် သူမ၏သွယ်လျသောခါးကို ရေမြွလိုတွန့်လိမ်နေကာ လင်ချီးယဲ့ဆီသို့ မနှေးမမြန်ချဉ်းကပ်လာကာ မျက်မှောင်ကြုတ်ပြီး ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိသည်။

"တကယ်တော့ ငါနင့်ကိုခေါ်ယူဖို့ ရည်ရွယ်ချက်မရှိဘူး။ နင့်လို မကြုံစဖူးနတ်ဘုရားနှစ်ပါးကိုယ်စားလှယ်က သူတို့အတွက်ရှားတယ်လေ၊ ဒါပေမယ့် ငါဂရုမစိုက်ဘူး။ ငါ့အတွက်တော့ ပါရမီရှင်တစ်ယောက်ကို ငါ့လက်နဲ့သတ်ရတာက ငါ့ကိုကျေနပ်စေမယ့်အရာပဲ…

ဒါပေမယ့် အခုတော့ ငါစိတ်ပြောင်းသွားပြီ။"

သူမသည် လင်ချီးယဲ့ရှေ့သို့ လျှောက်လာပြီး သူမ၏နီမြန်းသောလျှာဖြင့် နှုတ်ခမ်းကိုလျှက်ကာ သူမ၏မြွေမျက်လုံးများက လခြမ်းကဲ့သို့ကွေးသွားပြီး သူမလက်ကိုညင်သာစွာ ဆန့်ထုတ်ကာ လင်ချီးယဲ့၏ပါးပြင်ကို ထိချင်နေသည်။

"ဒီလောက်ချောမောတဲ့မျက်နှာကို ဖျက်ဆီးရမှာနှမြောစရာကြီး…"

ချွင်…

သူ့မျက်လုံးများ မှုန်ဝါးသွားသည့်အခိုက်တွင် ပြတ်သားသောဓားနှစ်လက်က တစ်ပြိုက်နက် ထွက်ပေါ်လာသည်။

လင်ချီးယဲ့သည် သေတ္တာနက်ထဲမှ ထွက်လာသော ဓားဖြောင့်ကိုကိုင်ထားကာ သူ့မျက်လုံးတွင် အေးစက်စက်အလင်းတန်းရှိနေပြီး အပြာနုရောင်ဓားသွားက [ရှယ်နွီ] ၏ လည်ချောင်းကို လျှပ်စီးလက်သလို ဖြတ်ပစ်လိုက်သည်။

ဒီအမျိုးသမီးက သူ့အား စော်ကားနေတာကို လင်ချီးယဲ့သည်းခံနေရန် အကြောင်းပြချက်မရှိပေ။

[ရှယ်နွီ] ၏ တားမြစ်အပျက်အစီးနှင့်ပတ်သက်၍ သူသိပ်နားမလည်ပေ။ သူသည် အစပြု၍ အလျင်အမြန်လှုပ်ရှားခဲ့ပါက အောင်မြင်နိုင်ခြေအလွန်နည်းပါးသည်။ ထို့အပြင် သူ့မှာ အဝေးမှတိုက်ခိုက်ရေးနည်းလမ်းများစွာမရှိသောကြောင့် သတ်ပစ်ရန် သူသေချာမှုမရှိပေမယ့် ယခုအခါ [ရှယ်နွီ] ကိုယ်တိုင်က သူ့ရှေ့ကိုရောက်လာပြီး အံ့ဖွယ်အကျိုးသက်ရောက်မှုဖြစ်စေနိုင်သည်။

ဘယ်ဘက်မှတစ်ခု၊ ညာဘက်မှတစ်ခုဖြင့် အေးစက်စက်အလင်းတန်းနှစ်ခုသည် တစ်ချိန်တည်းတွင်း ဖြတ်လိုက်သည်။ [ရှယ်နွီ] ၏ လည်ချောင်းကို ဓားသွားဖြတ်သွားခါနီးအခိုက်အတန့်တွင် သူမရုပ်သွင်သည် ရုတ်တရက် တွန့်လိမ်သွားပြီး နေရာမှာတင် ပျောက်ကွယ်သွားသည်။

တစ်ယောက်တည်းကျန်နေသော လင်ချီးယဲ့က မျက်မှောင်ကြုတ်ကာ နောက်အခိုက်အတန့်တွင် လျှင်မြန်စွာ လှည့်လိုက်ပြီး သူ့နောက်က သစ်ပင်ဆီသို့ ကြည့်လိုက်သည်။ 

ဆူးများဖြင့်ရောယှက်နေသော အညိုရောင်သစ်ပင်၏ပင်စည်ပေါ်မှာ [ရှယ်နွီ] သည် အပြုံးဖြင့် ထိုင်နေ၏။ သူမ၏ဒေါင်လိုက်မျက်လုံးများထဲတွင် ဒေါသမရှိရုံသာမက ထူးဆန်းသောစိတ်လှုပ်ရှားမှုဖြင့် ပြည့်နေခဲ့သည်။

သူမလက်ထဲတွင် လက်ကိုင်မဲ့ ချွန်ထက်သည့်ဓားတစ်ချောင်းကိုကိုင်ထားပြီး ပေါ့ပါးပြီး ကြော့မော့သောကိုယ်ဟန်အနေအထားဖြင့် ညင်သာစွာ ပစ်မြှောက်ပြီး တည်ငြိမ်စွာ ဖမ်းလိုက်သည်။

"ဒါက တကယ်ရိုင်းတာပဲ…" သူမသည် လက်တစ်ဖက်ဖြင့် မေးထောက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ "နင်ငါပြောတာနားမထောင်ဘူးလား။"

"စိတ်မဝင်စားဘူး။"

"နင်က အေးစက်စက်နဲ့ လွှမ်းမိုးတတ်တဲ့ CEO ပုံစံမျိုးပဲ… ဟီးဟီးဟီး" [ရှယ်နွီ] သည် နှုတ်ခမ်းသပ်လိုက်ကာ သူမမျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ "ငါ့ကျွန်ဖြစ်လာပြီး ငါ့ခြေထောက်အောက်မှာ အရှုံးပေးဖို့ ငါ့ရဲ့မြင့်မြတ်ပြီးလှပတဲ့ခြေထောက်ကို အသုံးပြုပြီး နင့်ရဲ့ခန္ဓာကိုယ်နဲ့ ဂုဏ်သိက္ခာကို မညှာမတာဖျက်ဆီးပစ်ပြီး နင့်ကိုအကြီးကျယ်ဆုံးကြည်နူးမှုပေးမယ်။

အား…

အဲဒါကိုတွေးကြည့်လိုက်ရုံနဲ့… ငါ့ကိုအရမ်းစိတ်လှုပ်ရှားစေတယ်။"

[ရှယ်နွီ] ၏ မျက်လုံးများသည် ပို၍ပို၍ စိတ်လှုပ်ရှားလာကာ သူမ၏အနီရောင်တောက်တောက်နှုတ်ခမ်းများက အပြင်းအထန်မြင့်တက်လာပြီး သူမ၏ခန္ဓာကိုယ်သည် အလိုအလျောက် တွန့်လိမ်သွားကာ သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသောနီမြန်းမှုတစ်ခု ပေါ်လာသည်။

လင်ချီးယဲ့၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဒီမိန်းမက… ပုံမှန်မဟုတ်တာလား။

"နင်ဘာတွေတုံ့ဆိုင်းနေတာလဲ။" [ရှယ်နွီ] သည် သူမ၏လက်ကိုဖွင့်ပြီး သစ်ပင်ပင်စည်မှ ညင်သာစွာ ခုန်ဆင်းကာ မြွေ၏အမြီးကဲ့သို့ သူမ၏ခြေထောက်များကို သစ်ပင်ပင်စည်တွင်ချိတ်ထားပြီး သူမ၏လည်ပင်းကို ၁၈၀ ဒီဂရီလိမ်ကာ သူမ၏ဆွဲဆောင်မှုရှိသောမျက်နှာသည် နောက်ကျောဘက်တွင် ပေါ်လာပြီး လင်ချီးယဲ့ကို စိတ်လှုပ်ရှားစွာ ဇောက်ထိုးကြည့်နေသည်။

"ဒါက ယောက်ျားများစွာရဲ့အိမ်မက်ပဲ။ ငါ့ကျွန်ဖြစ်ဖို့၊ နင်က ငါ့အပိုင်ဖြစ်လာပြီး အကြီးကျယ်ဆုံးပျော်ရွှင်မှုကို ခံစားဖို့သာမက ရှေးနတ်ဘုရားကျောင်းမှာလည်း နင်ပါဝင်နိုင်ပြီး အနာဂတ်ရဲ့ အမှောင်ခေတ်မှာ သောင်းနဲ့ချီတဲ့လူတွေရဲ့အထက်က နတ်ဘုရားဖြစ်လာလိမ့်မယ်။

လင်ချီးယဲ့ လင်ချီးယဲ့...

လှလိုက်တဲ့နာမည်လေး၊ ငါ နင့်ရဲ့အဝတ်အစားတွေကို ချွတ်ပြီး နင့်ခေါင်းကိုတက်နင်းပြီးတော့ နင့်နာမည်ကိုအော်ခေါ်နေမယ့်မြင်ကွင်းကို ငါစိတ်ကူးကြည့်ပြီးပြီ။

လာလေ။

ငါ့ခြေထောက်အောက်မှာ ဒူးထောက်ပြီး ငါ့ခြေထိပ်ကိုနမ်းပြီးတော့ ငါ့ကျွန်ဖြစ်လာလိုက်ပါ…"

ဝှီး…

ချွန်ထက်သော ဓားတစ်လက် လျှပ်တပြက်ဖြတ်သွားကာ [ရှယ်နွီ] သည် တဖန်ပျောက်ကွယ်သွားပြီး ဓားသွားသည် လေကိုဖြတ်မိကာ အသံအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။

လင်ချီးယဲ့သည် အေးဆေးတည်ငြိမ်သောမျက်နှာဖြင့် ဓားဖြောင့်ကိုကိုင်ထားပြီး သူ့အနောက်သို့ လှည့်ကြည့်လိုက်သည်။

သူနှင့် မီတာအနည်းငယ်အကွာတွင် ရပ်နေသော [ရှယ်နွီ] ကို သူမြင်လိုက်ရပြီး သူမမျက်နှာပေါ်က နီမြန်းမှုသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူမအမူအရာက တဖြည်းဖြည်း အေးစက်လာသည်။

"နင်က… ငါ့ကိုငြင်းနေတုန်းလား။"

"ငါမင်းကိုငြင်းပယ်ရုံတင်မကဘူး…" လင်ချီးယဲ့သည် ဓားကိုကိုင်ထားပြီး ပေါ့ပါးစွာဆိုသည်။ "ငါမင်းကိုသတ်ပစ်ချင်တာ။"

[ရှယ်နွီ] ၏မျက်နှာသည် လုံးဝမည်းမှောင်သွားပြီး ဒေါင်လိုက်မြွေမျက်လုံးတစ်စုံက လင်ချီးယဲ့ကို အေးစက်စက်ကြည့်နေသည်။ ခဏအကြာတွင် သူမ၏နှုတ်ခမ်းထောင့်မှာ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ဒါဆို နင်သေလိုက်တော့။"

အသံကျသွားသည်နှင့် လမ်းတလျှောက်က မြွေမျက်လုံးပုံစံများသည် အနီရောင်အလင်တန်းဖြင့် တစ်ချိန်တည်းလင်းလက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ထူထပ်စွာဖုံးအုပ်ထားကာ ကောင်ကင်းပေါ်ကလရောင်သည် ပျောက်ကွယ်သွားပြီး ထူးဆန်းသောအနီရောင်အလင်တန်းက ကမ္ဘာကြီးကို လွှမ်းခြုံသွားသည်။

[ရှယ်နွီ] ၏ မျက်လုံးများတွင် ထူးဆန်းသောအနက်ရောင်အလင်းတန်း ထွက်ပေါ်လာပြီး သူမပခုံးပေါ်ရှိအနက်ရောင်ဆံပင်များသည် အသက်ဝင်လာသလို ပို၍ထူပြီးပို၍ရှည်လာကာ အနက်ရောင်စပါးကြီးမြွေများကဲ့သို့ သွေးရောင်ကမ္ဘာကြီးထဲတွင် တွန့်လိမ်နေသည်။

တစ်ချိန်တည်းမှာပင် လင်ချီးယဲ့ကိုဗဟိုပြု၍ ပြင်းထန်သောအမှောင်ထုက ဖုံးလွှမ်းထားပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့လာကာ ထိုသွေးရောင်မြွေမျက်လုံးလမ်းပေါ်သို့ တဖြည်းဖြည်း တိုးဝင်လာသည်။

[ရှယ်နွီ] ၏ တားမြစ်အပျက်အစီးက ထူးဆန်းလွန်းသည်။ လင်ချီးယဲ့သည် တားမြစ်အပျက်အစီးကို အချိန်မီမဖွင့်ဘဲ ပြိုင်ဘက်၏အိမ်ကွင်းတွင် တိုက်ခိုက်မည်ဆိုပါက သူလုံးလုံးပြုသမျှနုတော့မည်။ အမှောင်ထုနတ်ဘုရားအပျက်အစီး၏ အကွာအဝေးသည် မြွေမျက်လုံးလမ်းလောက် မကျယ်သော်လည်း အနည်းဆုံးတော့ ၎င်းက လင်ချီးယဲ့ကမ္ဘာဖြစ်သည်။

အနီရောင်လမ်းတွင် အနက်ရောင်ကမ္ဘာတစ်ခုသည် ၎င်းနှင့်မလိုက်ဖက်ဘဲ မြုပ်နှံထားသည်။

[ရှယ်နွီ] ၏ ရုပ်သွင်သည် လင်းလက်သွားပြီး နေရာမှာတင် ပျောက်ကွယ်သွားသည်။ လင်ချီးယဲ့သည် ရှေးဖြစ်ဟောကဲ့သို့ တစ်ဖက်ကိုလှည့်လိုက်ပြီး လက်ကိုင်မဲ့ဓားက ဖြတ်သွားကာ သူ့နှလုံးသားမှ ဆံပင်တစ်မွေးသာဝေးတော့သည်။

"တယ်လီပို့တာလား။"

ဒီစကားက လင်ချီးယဲ့၏စိတ်ထဲတွင် လင်းလက်သွားသည်။ [ရှယ်နွီ] သည် သတိပေးခြင်းမရှိဘဲ တစ်ခါတည်းသုံးကြိမ်ဆက်တိုက် ပျောက်သွားလိုက် ပေါ်လာလိုက်ဖြစ်ခဲ့သည်။ လင်ချီးယဲ့၏စိတ်စွမ်းအားသည် ပတ်ဝန်းကျင်အခြေအနေကို တစ်ချိန်လုံးစူးစမ်းနေပြီး [ညကောင်းကင်အက] က အမြန်နှုန်းအပိုပေးလို့သာ မဟုတ်ပါက ယခုအခိုက်အတန့်တွင် သူထောင်ချောက်ထဲကျသွားလောက်ပြီ။

ဓားဖြောင့်နှစ်လက်သည် ယိမ်းယိုင်သွားပြီး လျှပ်စီးလက်သလို ခုတ်ဖြတ်လိုက်သည်။ [ရှယ်နွီ] ၏ လက်ထဲက လက်ကိုင်မဲ့ဓားသည် သူမလက်ထဲတွင် အနည်းငယ် လှည့်သွားပြီး ဓားဖြောင့်နှစ်လက်၏တိုက်ခိုက်မှုကို ပြတ်သာစွာ တားဆီးလိုက်သည်။

လင်ချီးယဲ့၏မျက်လုံးများတွင် ညအရိပ်အယောင်တစ်ခု ပေါ်လာပြီးနောက် သူ့မျက်ခုံးများကြုတ်သွားခဲ့သည်။

သူသည် [ရှယ်နွီ] လက်ထဲရှိ လက်ကိုင်မဲ့ဓားကို ထိန်းချုပ်ရန် အမှောင်ထုတိုက်စားခြင်းကို အသုံးပြုဖို့ ကြိုးစားခဲ့သော်လည်း တိုက်စား၍မရခဲ့ပေ။ ၎င်းက အနက်ရောင်လျှပ်ကာတစ်ခုကဲ့သို့ လင်ချီးယဲ့ ဘယ်လောက်ပဲကြိုးစားပါစေ သူထိန်းချုပ်၍မရပေ။

"မြွေအစွယ်လား။"

လင်ချီးယဲ့၏စိတ်စွမ်းအားသည် လက်ကိုင်မဲ့ဓားကို ဂရုတစိုက် စစ်ဆေးခဲ့ပြီး နောက်ဆုံးတွင် ၎င်း၏မျက်နှာအမှန်ကို ဖော်ထုတ်ခဲ့သည်။

ဤအရာသည် မယ်ဒူဆာ၏ကိုယ်စားလှယ်သာ ပိုင်ဆိုင်သော တားမြစ်ပစ္စည်းဖြစ်နိုင်သည်။

ဓားနှင့်သွားများ တပြိုင်နက်တည်း တိုက်မိသွားရာ လူနှစ်ယောက်၏ ခန္ဓာကိုယ်သည် အလွန်နီးကပ်နေခဲ့သည်။ ထိုအချိန်တွင် [ရှယ်နွီ] ၏ လည်ပင်းသည် ထူးဆန်းစွာ ကွေးညွတ်သွားပြီး လင်ချီးယဲ့ရှေ့သို့ လှည့်သွားသည်။

သူမမျက်လုံးများမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

"ငါ့မျက်လုံးကို… လာကြည့်လှည့်ပါ။"


TK Team (Chapter 136)