Chapter 135
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၃၅)


Chapter 135 (မြွေမျက်လုံး)

ချန်းနန်မြို့ရှိ အချက်ပြမျှော်စင်ထိပ်တွင်

အမျိုးသမီးတစ်ဦးသည် လက်ရန်းပေါ်တွင် ပေါ့ပေါ့ပါးပါး လက်တင်ထပြီး လေညင်းက သူမ၏အနက်ရောင်ဆံပင်ကောက်ကောက်ကို တိုက်ခတ်လာကာ ပရော်ပရည်နှင့် ဆွဲဆောင်မှုရှိသောမျက်နှာကို ပေါ်လွင်စေပြီး ထူးဆန်းသောဒေါင်လိုက်မျက်လုံးတစ်စုံသည် တဖြည်းဖြည်း တက်ကြွလာသောမြို့ကို အပြုံးမမည်သောအပြုံးဖြင့် ငြိမ်သက်စွာ ကြည့်နေသည်။

တီ… တီ…

ဖုန်းသံမြည်လာသည်။

သူမသည် လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းကိုင်ပြီး ပျင်းရိစွာ ပြောလိုက်သည်။

"ဟေး…"

"လေ့ကျင့်ရေးစခန်းမှာ နေရာချထားတဲ့လူတချို့ ဖော်ထုတ်ခံရပြီး ယွမ်ကန်းက လေ့ကျင့်ရေးစခန်းကနေ ထွက်သွားပြီ။ မင်းအတွက် အချိန်သိပ်မကျန်တော့ဘူး။" ဖုန်းတစ်ဖက်မှ လေးနက်သောအမျိုးသားအသံ ထွက်ပေါ်လာသည်။

"အာ…" အမျိုးသမီးသည် သူမ၏မေးစေ့ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။ "အစောကြီးအဆုံးသတ်တော့မှာလား။ ငါကလုံလောက်အောင် ပျော်တောင်မပျော်ရသေးဘူး…"

"[ရှယ်နွီ] မင်း ချန်းနန်ကို ပျော်ဖို့ရောက်တာမဟုတ်ဘူးဆိုတာကို ငါသတိပေးဖို့လိုနေပြီထင်တယ်။" အမျိုးသား၏အသံက တဖြည်းဖြည်း လေးနက်လာသည်။

"လင်ချီးယဲ့က သမိုင်းမှာ ပထမဆုံးနတ်ဘုရားနှစ်ပါးကိုယ်စားလှယ်ပဲ။ သူ့ကို ငါတို့ရှေးနတ်ဘုရားကျောင်းက တကယ်ခေါ်ယူဖို့မဖြစ်နိုင်ရင် ဒီကမ္ဘာမှာ သူ့ကိုဆက်ပြီးနေထိုင်ခွင့်မပြုနိုင်ဘူး။ မဟုတ်ရင် အနာဂတ်မှာ ငါတို့‌တွေ ဝမ်မြန့်ထက်ပိုရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်တစ်ယောက်တိုးလာလိမ့်မယ်။"

"ဝမ်မြန့်… အဲဒီကောင်က နောက်ဆုံးတစ်ကြိမ် ငါ့ကို နှစ်ပိုင်းဖြတ်လုနီးပါးပဲ။ ချစ်ခြင်းမေတ္တာကို မခံစားတတ်တဲ့ ဒီလိုယောက်ျားမျိုး ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ရှိနေရတာလဲ။" ရှယ်နွီက သက်ပြင်းချလိုက်သည်။ 

"မင်းက ရှေးနတ်ဘုရားကျောင်းကို မကြာသေးခင်ကမှ ဝင်ရောက်လာတဲ့လူသစ်တစ်ယောက်ဖြစ်ပြီး မင်းနယ်ပယ်က မြင့်မားခြင်းမရှိဘူး။ ဒီတစ်ခေါက် မင်း လင်ချီးယဲ့နဲ့ ဆက်သွယ်တဲ့အခါ ဆွဲဆောင်ဖို့အတွက် မင်းအာရုံစိုက်ရမယ်။ မင်းတကယ်မဆွဲဆောင်နိုင်ရင် ‌ဟန်ရှောင်ယွင်ကို ချက်ချင်းလှုပ်ရှားခိုင်းပြီး ‌နေရာမှာတင် သူ့ကိုသေချာပေါက်သတ်ပစ်ခိုင်းလိုက်။

ဟန်ရှောင်ယွင်ရဲ့တိုက်ခိုက်ရေးအင်အားနဲ့ ဒီချန်းနန်မြို့မှာ ယွမ်ကန်းတစ်ယောက်ပဲ သူ့ကိုထိပ်တိုက်အနိုင်ယူနိုင်မှာ။ ဒါပေမယ်ြ အချိန်ကျလာရင် ယွမ်ကန်းကိုထိန်းထားဖို့ လူတစ်ယောက်က မင်းကိုကူညီပေးလိမ့်မယ်။"

"ဟန်ရှောင်ယွင်နဲ့ ယွမ်ကန်းတို့အပြင် ဒီမြို့မှာ ပုန်းအောင်းနေတဲ့ 'ဟိုင်' နယ်ပယ်ရှိတယ်ပေါ့…" [ရှယ်နွီ] က သူမမျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။

"ဟုတ်တယ်။ ဒါပေမယ့် သူက ယွမ်ကန်းကို အချိန်အကြာကြီး မထိန်းနိုင်ဘူး။ မင်းအတွက် အချိန်နည်းနည်းပဲ ဆွဲထားပေးနိုင်မှာ။"

"နားလည်ပြီ…" ‌[ရှယ်နွီ] သည် လက်ရန်းမှ ဖြည်းညှင်းစွာ မတ်တတ်ရပ်ကာ သူမခါးကိုဆန့်ပြီး မြွေမျက်လုံးတစ်စုံဖြင့် အဝေးကဆိုင်သေးလေးကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို စိတ်ဝင်တစားတွေးတောနေသကဲ့သို့ သူမပါးစပ်ထောင့်များက ထူးဆန်းသောလခြမ်းကွေး ကွေးသွားသည်။

"နတ်ဘုရားနှစ်ပါးကိုယ်စားလှယ်… ကြည့်ရတာ စိတ်ဝင်စားစရာကောင်းမယ့်ပုံပဲ။"


နှင်းကိုသန့်ရှင်းပြီးနောက် လင်ချီးယဲ့သည် ရုံးခန်းထဲသို့ဝင်သွားပြီး ထောင့်နားကသေတ္တာနက်နှစ်လုံးကို ကောက်ယူကာ ခဏလောက်တုံ့ဆိုင်းနေပြီးနောက် စားပွဲပေါ်မှ နှစ်သစ်ကူးပစ္စည်းတချို့ကို ကောက်ယူပြီး သူ့အိတ်ကပ်ထဲထည့်လိုက်သည်။

"အပြင်ထွက်မလို့လား။" ချန်မုရယ်သည် မီးဖိုချောင်မှထွက်လာပြီး မေးလိုက်သည်။ 

"အင်း။" လင်ချီးယဲ့သည် ခေါင်းညိတ်ကာ "ဒါက နှစ်သစ်ကူးနှုတ်ဆက်ဖို့အတွက်ပဲ။"

အခုလေးတင် အချစ်ဟိုတယ်တွင် ဖြစ်ပျက်ခဲ့သောပေါက်ကွဲမှုသည် လင်ချီးယဲ့၏နားထဲမှာ တဝဲလည်လည်ဖြစ်နေဆဲဖြစ်သည်။ ဖက်တီးက တစ်ခုခုဖြစ်မည်ဟု သူမထင်သော်လည်း သွားကြည့်တာက ပိုကောင်းသည်။

ဘာမှမဖြစ်ပါက သူအခုလေးတင်ပြောခဲ့သလို နှစ်သစ်ကူးနှုတ်ဆက်ရန်ပေးမည်။

သေချာပေါက် ပို၍အရေးကြီးသောအချက်တစ်ခုရှိသည်။ မနက်ဖြန်သည် အားလပ်ရက်၏နောက်ဆုံးနေ့ဖြစ်သည့်အတွက်ကြောင့် အမှောင်ထဲမှာရှိနေသောသူများသည် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ အပြင်ထွက်လမ်းလျှောက်တာက သူတို့၏အောက်ခြေလိုင်းကိုလည်း စမ်းသပ်နိုင်သည်။

တကယ်အစွမ်းထက်သောရန်သူပေါ်လာပါက လင်ချီးယဲ့မကြောက်ပါ၊ နက်စ်ကိုလွှတ်ပြီး တောက်ပသောညအောက်တွင် ထွက်ပြေးလို့ရသည်။ နက်စ်၏နတ်စွမ်းအားသည် ညကင်းစောင့်ကို ရုန်းရင်းဆန်ခတ်အလွယ်တကူဖြစ်စေပြီး မလိုအပ်ပါက နက်စ်ကို သူမသုံးချင်ပေ။

ချန်မုရယ်သည် လင်ချီးယဲ့ကိုမတားဘဲ အနည်းငယ်ခေါင်းညိတ်ပြသည်။ "အင်း မင်းသွားတော့။"

လင်ချီးယဲ့သည် သေတ္တာနက်နှင့် နှစ်သစ်ကူးပစ္စည်းများကိုသယ်ပြီး ဟောက်သံထွက်နေသော စားသောက်ဆိုင်ကိုဖြတ်၍ ညင်သာစွာထွက်လာပြီး တံခါးဖွင့်လိုက်သည်။

သူထွက်သွားပြီးနောက် ခွေးသေတစ်ကောင်လို ဆိုဖာပေါ်တွင် လဲလျောင်းနေသော ဝူရှန်းနန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ဆိုဖာပေါ်မှ ထထိုင်ပြီး ချန်မုရယ်ကိုကြည့်ပြီး သူ့ဘေးကဝမ်းချီမော့ကို ရိုက်ကာနိုးလိုက်သည်။
 
"အလုပ်သွားလုပ်ရအောင်။"


လင်ချီးယဲ့သည် ဟယ်ဖျင်ရုံးမှ ထွက်သွားပြီးနောက် အချစ်ဟိုတယ်ဆီသို့ ဦးတည်သွားခဲ့သည်။

မူလကသက်ဝင်လှုပ်ရှားနေသောလမ်းသည် ယခုအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ပတ်ပတ်လည်က ဈေးဆိုင်အားလုံး၏တံခါးများကိုလည်း ပိတ်ထားပြီး တံခါးပေါ်တွင် 'ဖူ' စကားလုံးများကိုကပ်ထားပေမယ့် ဆိုင်ထဲကလူများသည် နှစ်သစ်ကူးအတွက် အိမ်ပြန်သွားကြပြီဖြစ်သည်။

ရံဖန်ရံခါဖြတ်သွားသော ကားအနည်းငယ်သည် လမ်းဘေးရှိ နှင်းတချို့ကိုလှုပ်ခါကာ လင်ချီးယဲ့သည် ပဝါဖြင့်ပတ်ထားပြီး တခြားဝေးလံခေါင်သီသောလမ်းသို့ လှည့်သွားကာ ကမ္ဘာကြီးက လုံးဝတိတ်ဆိတ်သွားသည်။

ရှည်လျားပြီး ဟောင်းနွမ်းသောလမ်းတစ်ခုဖြစ်ကာ ဘေးတစ်ဖက်တစ်ချက်တွင် နိမ့်ကျမှောင်မည်းနေသော အိမ်များ၊ ရေညှိနံရံများနှင့် လမ်းတစ်လျှောက်ရှိ သစ်ပင်ကြီးများ၏ ပင်စည်များသည် ကောင်းကင်ပေါ်သို့ စူးရှစွာ ထိုးဖောက်နေသော အညိုရောင်ဆူးပင်များကဲ့သို့ပင်။

သူတို့နေထိုင်သော အချစ်ဟိုတယ်သည် ဟယ်ဖျင်တံတားနှင့် သိပ်မဝေးဘဲ ဆယ်မိနစ်လောက်သာ လမ်းလျှောက်ရပေမယ့် လမ်းကပိုပိုပြီးဝေးသွားကာ ဘာကြောင့်မှန်းမသိဘဲ လင်ချီးယဲ့ ပို၍ပို၍စိတ်မသက်မသာဖြစ်လာ‌သည်။

သို့သော် ဤမသက်မသာခံစားမှုသည် ဘယ်ကလာသနည်းဟု လင်ချီးယဲ့မပြောနိုင်ပေ။

နောက်ဆုံးတော့ သူရပ်သွားသည်။

တိတ်ဆိတ်သောလမ်းဘေးတွင် လင်ချီးယဲ့သည် တစ်စုံတစ်ခုကို အာရုံခံလိုက်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင် သူသည် ညာဘက်ခြမ်းရှိ စွန့်ပစ်ထားသော အဆောက်အအုံနိမ့်ကို လှည့်ကြည့်ပြီး အဆောက်အအုံနိမ့်၏နံရံကိုထိရန် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

သူ့လက်ပေါ်က နှင်းများဖြင့် နံရံပေါ်မှ ဖုန်မှုန့်နှင့် ရေညှိများကို ညင်သာစွာသုတ်လိုက်သည်။ ခဏအကြာတွင် ထူးဆန်းသောအက်ရာသည် နံရံပေါ်တွင် ပေါ်လာသည်။

ဤအက်ရာသည် သဘာဝအတိုင်း ဖွဲ့စည်းထားပုံရပြီး ရှည်လျားကျဉ်းမြောင်းသော စက်ဝိုင်းခြမ်းအဖြစ် ပိတ်ထားကာ စက်ဝိုင်းခြမ်းကြားတွင် အက်ကွဲကြောင်းများစွာ လိမ်ယှက်နေသည်။ ပထမအကြည့်တစ်ချက်တွင် ဘာမှဖြစ်ပုံမပေါ်သော်လည်း သေချာကြည့်လျှင်…

ဒီပုံစံက မျက်လုံးနဲ့တူသလား။

ရှည်လျားကျဉ်းမြောင်းသော နတ်ဆိုးမြွေမျက်လုံး။

"ဒါက…" လင်ချီးယဲ့သည် တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်ကာ ထိုင်ချလိုက်ပြီး သူ့ခြေထောက်အောက်က နှင်းများကို ဖယ်ရှားရန် သေတ္တာနက်ကို အသုံးပြုလိုက်သည်။ သူရပ်နေသော လမ်းဘေးလည်း ဘယ်အချိန်ကမှန်းမသိ ဖုံးလွှမ်းနေသော ဤထူးဆန်းသည့် မြွေမျက်လုံးများရှိနေသည်။

ဤမြွေမျက်လုံးများကို မီးသွေးကဲ့သို့ အနက်ရောင်မျဉ်းများဖြင့် ပြုလုပ်ထားပြီး သဘာဝအစွန်းအထင်းများကဲ့သို့ ချန်ထားသည်။ မြွေမျက်လုံးများသည် အကြီးအသေးများရှိပြီး အသေးများက လက်မအရွယ်အစားသာရှိပြီး အကြီးများက ရေဆိုးပြွန်အရွယ်အစားရှိသည်။ ၎င်းတို့ကို နေရာတိုင်းတွင် ထူထပ်စွာဖုံးအုပ်ထားသည်။

လင်ချီးယဲ့သည် သူ့စိတ်စွမ်းအားကို ပြန်လည်အားဖြည့်ထားပြီး သူ့မျက်နှာက ပို၍တည်ကြည်လာသည်။

လမ်းတလျှောက် အကိုင်းအခက်များသည် ယိမ်းယိုင်နေကာ တိကျသောထောင့်မှ ၎င်းသည် မြွေမျက်လုံးဖြစ်သည်။

လမ်းဘေးရှိ နှင်းအများစုကို သန့်ရှင်းရေးလုပ်သားများက ရှင်းလင်းလိုက်ပြီး ကျန်ရှိသော မြေပြင်ပေါ်က နှင်းများမှာလည်း မြွေမျက်လုံးပုံစံရှိသည်။

အဆောက်အအုံဟောင်းအနိမ့်များ၏ မျက်နှာပြင်ပေါ်တွင် မြွေမျက်လုံးများသည် ထူးဆန်းသောပုံစံဖြင့် တဖြည်းဖြည်း ပေါ်လာသည်။

ကောင်းကင်မှာ တွဲလျားကျနေသော နေရာင်တောင်မှ ဘယ်အချိန်ကမှန်းမသိ မြွေမျက်လုံးပုံသဏ္ဌာန်က တိုးဝင်လာသည်...

ဤလမ်းသည် မြွေမျက်လုံးများကမ္ဘာ ဖြစ်လာသည်။

လင်ချီးယဲ့သည် သူ၏စိတ်မသက်မသာခံစားချက် ဘယ်ကလာသည်ကို နောက်ဆုံးသိလိုက်သည်။

"ဒါက… တားမြစ်အပျက်အစီးလား။" သူ့မျက်လုံးများသည် ရွှေရောင်အလင်းတန်းအလွှာဖျော့ဖျော့ဖြင့် အရောင်ဆိုးထားပြီး သူကိုင်းညွတ်ကာ နှစ်သစ်ကူးပစ္စည်းများကိုချပြီး သူ့လက်ထဲက သေတ္တာနက်နှစ်လုံးကို တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သတိထားပြီး စောင့်ကြည့်နေလေသည်။

ရုတ်တရက် ရုပ်သွင်တစ်ခုက သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

သဘာဝအတိုင်း ပခုံးတွင်ပြန့်ကျဲနေသာ အနက်ရောင်ဆံပင်ကောက်ကောက်ရှည်ရှည်ဖြင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မြွေမည်းတစ်ကောင်သည် လေထဲတွင် တွန့်လိမ်နေသကဲ့သို့ ထူးဆန်းစွာယိမ်းယိုင်နေကာ နတ်ဆိုးမြွေမျက်လုံးများက လင်ချီးယဲ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

သူမသည် ပြုံးနေသကဲ့သို့ သူမ၏နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်သွားသည်။


TK Team (Chapter 135)