Volume 1 (သေမျိုးနယ်မြေ ၁၂၀)
Chapter 120 (အပေးအယူ)
"ဝက်သားခေါက်ဆွဲတစ်ပန်းကန်။"
"ခေါက်ဆွဲပွဲကြီးတစ်ပန်းကန်။"
"အမဲသားပြုတ် ခေါက်ဆွဲတစ်ပန်းကန်၊ နံရိုးအပို၊ သက်သက်လွတ်ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ အနံ့မွှေးမွှေးလေးခေါက်ဆွဲ။"
"…"
လူသုံးယောက်သည် ကြုံရာကျပန်း ခေါက်ဆွဲဆိုင်ကို ရှာတွေ့ပြီး ထိုင်လိုက်ကြသည်။ ဒီခေါက်ဆွဲဆိုင်တည်နေရာက အလွန်ဝေးလံပြီး လမ်းမကြီးမှ ဝေးကွာတယ်ဆိုတာ ပြောစရာပင်မလိုဘဲ ဆိုင်းဘုတ်များ စုတ်ပြဲနေသော်လည်း အတွင်းမှ မွှေးကြိုင်သောအနံ့ကို အဝေးကနေ အနံ့ခံနိုင်သည်။
ညဆယ်နာရီကျော်နေပြီဖြစ်သောကြောင့် ခေါက်ဆွဲဆိုင်တစ်ဆိုင်လုံးတွင် လင်ချီးယဲ့နှင့် တခြားသူများသာ ရှိတော့သည်။ သူတို့သည် မှိန်ပျပျမျက်နှာစာမှာ ထိုင်ဖို့ မရွေးချယ်ဘဲ ခေါက်ဆွဲဆိုင်တံခါးနားက စားပွဲသေးသေးလေးပေါ်မှာ ထိုင်လိုက်သည်။
တိတ်ဆိတ်ပြီး မည်းမှောင်သောလမ်းကြားတွင် မီးဖိုချောင်ကနေ အလင်းရောင်တောက်ပနေပြီး ဘေးအိမ်ရှိ လူကြီးသုံးကုန်ပစ္စည်းဆိုင်၏ ရောင်စုံနီယွန်မီးများဖြင့် ရောယှက်ကာ ဤဆူညံသောမြို့လေးရှိ အပြာ-မီးခိုးရောင် ဒက်စတော့ပေါ်တွင် တောက်ပနေပြီး အတော်လေးထူးခြားသည်။
"မင်းက ခေါက်ဆွဲစားမယ်ပြောပြီ… ဒီလိုနေရာမျိုးမှာ မင်းလာစားတယ်ပေါ့။"
ပိုင်လီဖက်တီးသည် လှည့်ပတ်ကြည့်ရင်း လင်ချီးယဲ့၏နားထဲသို့ ကိုင်းညွတ်ပြီး တိုးတိုးပြောလိုက်သည်။
"ငါတို့ရဲ့လက်ရှိအခြေအနေအရ ငါမင်းကို ခမ်းနားတဲ့ဟိုတယ်ဆီ ခေါ်သွားနိုင်လို့လား။" လင်ချီးယဲ့က မျက်စောင်းထိုးလိုက်သည်။ "ငါတို့တွေ ဘယ်သူမှမလာတဲ့ ဒီလိုချောင်ကျတဲ့နေရာရွေးရင် ငါတို့တွေ အေးအေးဆေးဆေး စားသောက်လို့ရတယ်။"
"အဲဒီလိုကို၊ ချီးယဲ့က ရေရှည်ကြည့်တတ်တာပဲ။"
"ပြီးတော့ ငါ့ပိုက်ဆံက မင်းတို့ကို ခေါက်ဆွဲဝယ်ကျွေးဖို့ပဲ တတ်နိုင်တာ။"
"…"
"စိတ်မပူပါနဲ့။ ဆိုင်ပုံစံက သိပ်မကောင်းပေမယ့် ခေါက်ဆွဲအရသာကတော့ လုံးဝထိပ်တန်းပဲ။" လင်ချီးယဲ့က ထပ်ပြောခဲ့သည်။
ခဏအကြာတွင် ခေါက်ဆွဲသုံးပန်းကန်ကို စားပွဲသေးသေးလေးပေါ်တွင် ချထားခဲ့သည်။ ညဉ့်နက်သန်းခေါင်တွင် လှိုင်ထနေသောခေါက်ဆွဲရနံက အလွန်ပေါ်လွင်ပြီး အံ့သြဖွယ်ကောင်းပုံရသည်။
"သူဌေး စုစုပေါင်း ဘယ်လောက်ကျလဲ။" လင်ချီးယဲ့က သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။
"ဝက်သားခေါက်ဆွဲက ၁၀ ယွမ်၊ ခေါက်ဆွဲပွဲကြီးက ၁၂ ယွမ်၊ ပြီးတော့ ဒီလူငယ်က… ၄၂ ယွမ်၊ စုစုပေါင်း ၆၄ ယွမ်ပါ။" သူဌေးသည် အပြုံးဖြင့် သူ့လက်ကို ဖြန့်လိုက်သညါ။
လင်ချီးယဲ့၏လက်က လေထဲတွင် ရုတ်တရက်ရပ်သွားသည်။
"သူက သူ့ဟာသူရှင်းလိမ့်မယ်။" လင်ချီးယဲ့သည် သူ့ပိုက်ဆံအိတ်ထဲမှ ၂၂ ယွမ်ကိုထုတ်ယူပြီး သူဌေးဆီပေးလိုက်ကာ ပိုင်လီဖက်တီးကို လက်ညိုးထိုးပြလိုက်သည်။
ပိုင်လီဖက်တီး၏ခန္ဓာကိုယ်က တုန်ခါသွားသည်။ "ချီးယဲ့ မင်းငါ့ကို ခေါက်ဆွဲဝယ်ကျွေးမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား…"
"ငါစိတ်ပြောင်းသွားပြီ။"
"…" ပိုင်လီဖက်တီးသည် ခဏလောက် တုံ့ဆိုင်းသွားပြီး "သူဌေး ကတ်နဲ့ရှင်းလို့ရလား။"
"…"
နောက်ဆုံးတွင် ချောင်ယွမ်းသည် ပိုင်လီဖက်တီးအတွက် ကြေမွနေသော ယွမ် ၅၀ ကို ထုတ်လိုက်ပြီး အပြန်အလှန်အနေဖြင့် ပိုင်လီဖက်တီးသည် နောက်ရက်အနည်းငယ်အတွက် သူ၏စားစရိတ်နှင့် နေထိုင်စာရိတ်ကို ပေးရလိမ့်မည်။
တကယ်တော့ လင်ချီးယဲ့ တွန့်တိုတာမဟုတ်ဘဲ သူ ဒီတစ်ခေါက် အပြင်ထွက်လာတော့ ယွမ် ၅၀ သာယူလာခဲ့ပြီး ခေါက်ဆွဲစားရင် လုံလောက်နိုင်တယ်လို့ တွေးခဲ့ပေမယ့် သူမထင်ထားတာက…
ကျော်သွားမယ်ဆိုတာပဲ။
သူတို့သုံးယောက် သူတို့ခေါင်းများကို ခေါက်ဆွဲထဲ နစ်မြုပ်ရင်း အခုလေးတင် တိုက်ပွဲအကြောင်း ဆွေးနွေးနေကြသည်။
"ဒါဆို မင်းတို့က တိုက်ရိုက် တိုက်ခိုက်ခံရတာပေါ့။ သူတို့က အထပ် ၉၀ ကို တိတိကျကျ ဖောက်ခွဲခဲ့တာလား။" လင်ချီးယဲ့သည် သူတို့နှစ်ယောက်၏ဖော်ပြချက်ကို နားထောင်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟုတ်တယ်။ ငါ အခုထိ ရေချိုးတဘက်ဝတ်ထားတာကို မင်းမမြင်ဘူးလား။" ပိုင်လီဖက်တီးသည် စုတ်ပြတ်နေသော ရေချိုးတဘက်ကို လက်ညှိုးထိုးပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ "ဒါပေမယ့် သူတို့က အပူလက်နက်မဟုတ်ဘဲ အစုလိုက်အပြုံလိုက် ဖျက်ဆီးခြင်း တားမြစ်အပျက်အစီးတစ်မျိုးမျိုးကို သုံးလောက်တယ်။"
"ဒီလိုစွမ်းအားမျိုးနဲ့ ပြုလုပ်နိုင်တဲ့သူက အနည်းဆုံး 'ချွမ်း'နယ်ပယ် ရှိလိမ့်မယ်။ မင်းတို့တွေ အဆောက်အအုံကနေ ခုန်ချပြီး တိုက်ရိုက် ထွက်ပြေးခဲ့တဲ့ နည်းဗျူဟာက မှန်ကန်တယ်။ သူတို့တွေ မင်းတို့အသွင်အပြင်ကို ဖမ်းမိသွားတာနဲ့ လုံးဝမလွတ်မြောက်နိုင်တော့ဘူး။ နည်းပြတွေရဲ့တိုက်ပွဲကြားမှာ ပါဝင်သွားလိမ့်မယ်။" လင်ချီးယဲ့က ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"မင်းက ထင်ပေါ်အောင် နေလွန်းတာကို။" ချောင်ယွမ်းက ကြားဖြတ်ပြောလိုက်သည်။ "ဒီလိုဟိုတယ်မျိုးမှာနေဖို့ မင်းရဲ့ID ကို စာရင်းသွင်းဖို့ လိုအပ်ပြီး မင်းကိုစိတ်ဝင်စားနေတဲ့သူတွေက စစ်ကြည့်လိုက်တာနဲ့ မင်းဘယ်မှာလဲဆိုတာ သိနိုင်တယ်။"
ပိုင်လီဖက်တီးက ရေရွတ်လိုက်သည်။ "ငါ… ငါက ကျင့်သားရနေလို့ပါ။ ငါ ကွမ်ရှန်းမှာ ရှိတုန်းကဆို ဒီထက်ပိုကောင်းတဲ့ ဟိုတယ်တွေမှာ အမြဲနေခဲ့တာ။"
"ဒါက ချန်းနန်၊ မင်းရဲ့ပိုင်လီမိသားစု ကမ္ဘာမဟုတ်ဘူး။"
"ဒါပေမယ့် သခင်လေးဖြစ်တဲ့ ငါက ဒီအချိန်အထိ ကြီးပြင်းလာတဲ့တလျှောက် အကြိမ်တစ်ထောင်မဟုတ်ရင်တောင် အကြိမ် ၈၀၀ လောက်တော့ လုပ်ကြံခံရဖူးတယ်။ ဒီအဆင့်လုပ်ကြံမှုက အသေးအဖွဲပါပဲ။" ပိုင်လီဖက်တီးက သိပ်ဂရုမစိုက်ဘဲ လက်ဝှေ့ယမ်းလိုက်သည်။
ချောင်ယွမ်းက ပခုံးတွန့်ပြကာ "သူဌေးဖြစ်ရတာလည်း မလွယ်ကူပါလား။"
သုံးယောက်သား စကားပြောနေရင်း အပြင်ဘက်မှ နောက်ထပ်အသွင်အပြင်လေးယောက်က အထဲကို ဝင်လာခဲ့သည်။
"အစ်ကိုရှန်… ငါတို့ ခေါက်ဆွဲကို တစ်ခါတည်း နှစ်ကြိမ်ဆက်တိုက်စားနေတာ… ဒီညလည်း ခေါက်ဆွဲစားဦးမလို့လား။"
"မင်းဘာသိလို့လဲ… ခေါက်ဆွဲ… ချန်းနန်ရဲ့ခေါက်ဆွဲက ထူးခြားချက်တစ်ခုပဲ။ ဒီကိုလာဖို့ ရှားတာကြောင့် ဘယ်လိုလုပ် ပွဲအနည်းငယ်မစားဘဲ နေရမှာလဲ။"
ရှန်ချင်းကျူသည် တုန့်ဝေ၊ လီကျာ၊ လီလျန့်တို့ကို အပြင်ကနေ ခေါ်လာပြီး သူတို့မရောက်ခင် ကျယ်လောင်စွာ အော်လိုက်သည်။
"သူဌေးက ခေါက်ဆွဲပြုတ် လေးပန်းကန် အလွတ်ပေးပါ။"
"အိုး မင်းတို့ပါလား။ ခေါက်ဆွဲပြုတ်အလွတ်ကို နှစ်နပ်စားပြီးတာတောင် ဒါပဲပြန်စားချင်တာလား။" သူဌေးသည ဒီလူလေးယောက်ကိုတွေ့တော့ အံ့သြပြီး မေးလိုက်သည်။
"ဟုတ်တယ်။"
ရှန်ချင်းကျူသည် ဆိုင်တံခါးဝသို့ လျှောက်သွားပြီး ခေါက်ဆွဲထိုင်စားနေသော လူသုံးယောက်ကိုမြင်သောအခါ သူထိတ်လန့်သွားသည်။
"မင်းတို့ပါလား။"
"ရို့ အစ်ကိုကျွိုင်းလည်း ခေါက်ဆွဲလာစားတာလား။" ပိုင်လီဖက်တီးသည် သူ့ပါးစပ်ထဲက အသားတုံးတစ်ဝက်ဖြင့် ရှန်ချင်းကျူကို နှုတ်ဆက်လိုက်သည်။
လင်ချီးယဲ့နှင့် ချောင်ယွမ်းတို့ကလည်း သူ့ကို ခေါင်းညိတ်ပြကြသည်။
သူတို့သည် နှစ်ဝက်လောက် အတူတူ ငရဲခံခဲ့ရသော ရဲဘော်ရဲဘက်များဖြစ်သည်။ သူတို့သည် နားရက်များတွင် အချင်းချင်း အဆက်အသွယ်မရှိကြပေမယ့် သူတို့က ရဲဘော်ရဲဘက်များဖြစ်နေဆဲပင်။
ရှန်ချင်းကျူသည် အသံပြုလိုက်ပြီး လူသုံးယောက်၏ မွှေးကြိုင်သော မျက်နှာပြင်ပေါ်သို့ မျက်လုံးများ ကျရောက်ကာ သူ့နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
ဂလု…
အတော်လေး တိတ်ဆိတ်သောလမ်းတွင် ဘယ်သူက တံတွေးမျိုချလိုက်မှန်းမသိပေ။
ရှန်ချင်းကျူ တစ်ချက်ပြန်ကြည့်လိုက်တော့ နောက်လိုက်သုံးယောက်က သူတို့ခေါင်းများကို အတူတူငုံ့ထားကြပြီး ဆိုင်အလယ်တွင် ချိတ်ဆွဲထားသောစာရင်းကို လှမ်းကြည့်လိုက်တော့ သူ့မျက်လုံးများ ရှုပ်ယှက်ခတ်သွားသည်။
"သူဌေး ပြောင်းလိုက်မယ်။ ကျွန်တော်တို့ကို ဝက်သားခေါက်ဆွဲသုံးပွဲနဲ့ အလွတ်ခေါက်ဆွဲတစ်ပွဲပေးပါ။"
ရှန်ချင်းကျူသည် လင်ချီးယဲ့နံဘေးရှိ စားပွဲတွင်ထိုင်ပြီး ဆိုင်ထဲကို အော်ပြောလိုက်သည်။
"ဟုတ်ပြီ။ ဝက်သားခေါက်ဆွဲက တစ်ပန်းကန် ၁၀ ယွမ်၊ အလွတ်က ၆ ယွမ်၊ စုစုပေါင်း ၃၆ ယွမ်ပါ။"
ရှန်ချင်းကျူသည် သူ့ပိုက်ဆံအိတ်ကို ထုတ်ကာ အတွင်းမှ ကြေမွနေသော ငွေစက္ကူတချို့ကို ထုတ်ယူကာ ထမင်းစား စားပွဲပေါ်တင်ပြီး ပိုက်ဆံအိတ်ကို အမြန်ဖယ်လိုက်သည်။
လင်ချီးယဲ့သည် စိတ်စွမ်းအားဖြင့် ကြည့်လိုက်ကာ သူ၏ပိုက်ဆံအိတ်က လုံးဝဗလာဖြစ်နေကြောင်း သူသိလိုက်ရသည်။
သူက ဈေးနှုန်းကို တွက်ချက်ထားသည်။
"အစ်ကိုရှန် မင်းဘာလို့ ဝက်သားခေါက်ဆွဲကို ထပ်စားတာလဲ။"
"အလွတ်ခေါက်ဆွဲစားပြီးတော့ မင်းတို့လည်း ငြီးငွေ့လောက်ပြီလို့ ထင်တာကြောင့် အရသာပြောင်းလိုက်တာပေါ့။"
"အစ်ကိုရှန်ကရော။"
"ငါက အလွတ်ခေါက်ဆွဲစားရတာ ကြိုက်တယ်။" ရှန်ချင်းကျူက ဂုဏ်ယူစွာ ကြည့်လိုက်သည်။ "ရိုးရှင်းတယ်၊ ဖြူဖွေးတယ်၊ အဲဒါက ခေါက်ဆွဲရဲ့ အဓိပ္ပါယ်အမှန်ပဲ။"
နောက်လိုက်သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တိတ်တဆိတ် ခေါင်းငုံ့ထားကြသည်။
ရှန်ချင်းကျူသည် တစ်ခုခုကို တွေးနေပုံရပြီး လင်ချီးယဲ့ကို လှည့်ကြည့်ကာ "စကားမစပ် မင်း ကားပေါ်မှာ ဒဏ်ရာရသွားတယ်မလား။ သက်သာသွားပြီလား။"
လင်ချီးယဲ့က ခေါင်းယမ်းလိုက်သည်။ "အဆင်ပြေသွားပြီ။"
ရှန်ချင်းကျူသည် အသံပြုပြီး ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူပြောလိုက်သည်။ "အဲဒီအချိန်တုန်းကအတွက်… ကျေးဇူးတင်ပါတယ်။ အဲဒီအပိုင်းအစတွေကို မတားနိုင်ခဲ့ရင် ငါတို့အားလုံး ဒဏ်ရာရမှာ။"
"အစ်ကိုကျွိုင်းက ဘယ်တုန်းက ဒီလောက်ယဉ်ကျေးသွားတာလဲ။" ပိုင်လီဖက်တီးက သံသယဖြစ်စွာ မေးလိုက်သည်။
"ဖက်တီး၊ ငါက အမြဲတမ်း ကျေးဇူးတရားနဲ့ ရန်ငြိုးတွေကို ရှင်းရှင်းလင်းလင်းထားတယ်။ ဘယ်လိုလုပ် ငါယဉ်ကျေးရမှာလဲ။" ရှန်ချင်းကျူသည် ပိုင်လီဖက်တီးကို ကြည့်ပြီး လင်ချီးယဲ့ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒီအားလပ်ရက်က မလွယ်ဘူးဆိုတာ ငါသိတယ်။ မင်းမှာ အခက်အခဲရှိရင် ငါ့ကိုပြောလို့ရတယ်။ ရဲဘော်ရဲဘက်တွေအတွက် ငါတတ်နိုင်သလောက် ကူညီပေးမယ်။"
လင်ချီးယဲ့သည် မျက်မှောင်ကြုတ်ပြီး စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒါဆို ငါမင်းကို ပြောချင်တဲ့ အပေးအယူတစ်ခုရှိတယ်။" လင်ချီးယဲ့က ပြောလိုက်သည်။
"ဘာလဲ။"
လင်ချီးယဲ့သည် ပိုင်လီဖက်တီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "အားလပ်ရက်မှာ သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ပေးပါ။"
ပိုင်လီဖက်တီး အပါအဝင် ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်။
"သူ့ကိုလား။" ရှန်ချင်းကျူ၏ မျက်လုံးများသည် ပိုင်လီဖက်တီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျလာပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"အပြန်အလှန်အနေနဲ့ သူက မင်းက ကာကွယ်ခအဖြစ် တစ်ရက် ယွမ် ၁,၀၀၀ ပေးလိမ့်မယ်။ ဘယ်လိုလဲ။" လင်ချီးယဲ့က နောက်ထပ်စကားတစ်ခွန်း ဆိုလေသည်။
ရှန်ချင်းကျူ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး လင်ချီးယဲ့၏ မျက်လုံးများကို စိုက်ကြည့်ကာ သူဘာတွေးနေသလဲလို့ တွေးဆနေခဲ့သည်…
ခဏအကြာတွင် သူက ဖြည်းညှင်းစွာ ပါးစပ်ဖွင့်လိုက်သည်။
"သဘောတူတယ်။"
ချက်ချင်းပဲ သူသည် သူ့နောက်လိုက်သုံးယောက်ကို လက်ညှိုးထိုးပြခဲ့သည်။ "ဒါပေမယ့် ဒီအပေးအယူမှာ ငါပဲပါဝင်ပြီး သူတို့သုံးယောက်ကို ထည့်မတွက်ဘူး။"
"သဘောတူတယ်။"
TK Team (Chapter 120)