Volume 1 (သေမျိုးနယ်မြေ ၁၁၈)
Chapter 118 (ဓားတစ်ချက်တည်း)
"အားးးးး…"
ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများက ညကောင်းကင်ယံ၌ ပဲ့တင်ထပ်နေသည်။ တိုက်ခိုက်နေသော ဓားသုံးချောင်းနဲ့လူနှင့် ပိန်ပါးပါးလူတို့သည် အမျိုးသမီးလေးသမား၏ ဦးတည်ရာကို ကြည့်ရန် တစ်ချိန်တည်းတွင် ခေါင်းကို လှည့်လိုက်ရာ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများရှိနေသည်။
အဲ… အဲဒီမှာ နောက်ထပ်ရန်သူရှိနေတာလား။
ခေါင်မိုးပေါ်မှာတွင်
အမျိုးသမီးလေးသမား၏မျက်လုံးများသည် လုံးဝမည်းသွားပြီး နာကျင်ကိုက်ခဲကာ မြေပြင်ပေါ်တွင် တစ်ဝက်တစ်ပျက် ဒူးထောက်ရင်း သူမသည် စိတ်ထဲကနေ တစ်စုံတစ်ရာကို မောင်းထုတ်ရန် ကြိုးစားနေသကဲ့သို့ သူမလက်များက သူမဦးရေပြားကို ထိန်းမနိုင်သိမ်းမရဖြစ်ကာ ကုတ်ထားသည်။
သူမခေါင်းထိပ်ကနေ သွေးတွေ စီးကျလာကာ သူမ၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး အနက်ရောင်သွေးများအန်ကာ သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်နဲ့ သူမ၏ခန္ဓာကိုယ်ကို မည်းမှောင်စေသည်။
"အားးးးး… နင်… နင်ဘာလုပ်လိုက်တာလဲ။"
သူမသည် နာကျင်စွာ ခေါင်းကိုကိုင်ရင်း လင်ချီးယဲ့ကို ရုတ်တရက် မော့ကြည့်ကာ အော်လိုက်သည်။
လင်ချီးယဲ့သည် အမျိုးသမီးလေးသမား၏ ကြေကွဲဖွယ်အခြေအနေကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့မေးစေ့ကို ထိရန် လက်ဆန့်လိုက်သည်။
"အမှောင်တိုက်စားခြင်း အသိဉာဏ်ရှိတဲ့သတ္တဝါတွေအပေါ် အကျိုးသက်ရောက်မှုညံ့ဖျင်းတယ်… အသိဉာဏ်မြင့်လေ တိုက်စားဖြိ့ ပိုခက်ခဲလေပဲ။ ငါ့ရဲ့အခြေအနေအရ အများဆုံးမှ ကြောင်နဲ့ ခွေးတွေကိုပဲ ထိန်းချုပ်နိုင်ပြီး လူသားတွေအပေါ် အကျိုးသက်ရောက်မှုက သာမန်ပဲ…"
ထိုအခိုက်အတန့်တွင် အမျိုးသမီးလေးသမား၏မျက်လုံးများသည် တောက်ပသောအလင်းတန်းနှင့် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး စိတ်စွမ်းအားများ တစ်ဟုန်ထိုးထွက်ကျလာကာ သူမမျက်လုံးများထဲက ညသည် ဒီရေကဲ့သို့ ပြန်လျှောကျသွားသည်။
သူမသည် လျှပ်စီးကြောင်းကဲ့သို့ မတ်တတ်ထရပ်ပြီး နောက်သို့ ယိမ်းယိုင်သွားသည်။
လင်ချီးယဲ့သည် သရော်ပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ နဖူးပေါ်လက်တင်ပြီး တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်သည်။
"စိတ်စွမ်းအားက ညအမှောင်တိုက်စားခြင်းကနေ လွတ်မြောက်နိုင်တယ်။ တစ်ဖက်ရဲ့နယ်ပယ်က မြင့်လေလေ ငါ့ကို တုံ့ပြန်တိုက်ခိုက်နိုင်မှုက ကြီးလေလေပဲ။ သူမကလည်း 'ချီ'နယ်ပယ် စိတ်စွမ်းအားဖြစ်နိုင်တယ် မဟုတ်ရင် ငါ့ကို အလဲထိုးသွားနိုင်တယ်…
လူတွေအပေါ် အမှောင်တိုက်စားခြင်းကို အသုံးချပြီး သူတို့ရဲ့စိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်သေးဘူးထင်တယ်။"
အမျိုးသမီးလေးသမားသည် ခေါင်မိုးပေါ်မှ တည့်တည့်ပြုတ်ကျသော်လည်း ဘာပဲပြောပြော သူမက ညကင်းစောင့်ဟောင်းဖြစ်သည်။ သူမသည် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သူမက လျင်မြန်နေဆဲဖြစ်သည်။
လျှပ်စီးကြောင်းကဲ့သို့ သူမနောက်က ကျည်တောက်မှ ငှက်မွေးမြားကို ဆွဲထုတ်ကာ အဆောက်အအုံ၏မာကျောသောနံရံကို ထိုးဖောက်ပြီး ပြုတ်ကျမှုအရှိန်ကို နှေးကွေးစေခဲ့သည်။
ထို့နောက် ခန္ဓာကိုယ်၏ သဘာဝအတိုင်း လွှဲယမ်းခြင်းကြောင့် လေးကန်ခြင်းအပေါ် ဖြစ်ပေါ်စေမှုကို အမှီပြုလျက် သူမသည် အဆောက်အအုံအောက်ခြေက မြက်ခင်းပြင်မှာ နှစ်ကြိမ်မျှလူးလိမ့်ပြီး မတ်မတ်ရပ်ကာ လျင်မြန်စွာ သူမလေးဖြင့် မြားကိုတည်လိုက်သည်။
ဝှီး…
ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်လာသော ငှက်မွေးမြားသည် လင်ချီးယဲ့ ရပ်နေရာသို့ တိကျစွာ ပျံသန်းသွားသည်။
လင်ချီးယဲ့သည် မြား၏ပျံသန်းရာလမ်းကြောင်းကို အပြည့်အဝမျှော်လင့်ထားသကဲ့သို့ မျက်ခုံးများက အနည်းငယ်မြင့်တက်လာပြီး သူ့ခေါင်းကို ဘေးသို့ အသာလေးရွေ့လိုက်သည်။ ငှက်မွေးမြားသည် သူ့ဆံပင်ကို ပွတ်တိုက်ပြီး သူ့နားရွတ်ကို ဖြတ်သွားပေမယ့် သူ့ကိုထိခိုက်ရန် ကျရှုံးခဲ့သည်။
အမျိုးသမီးလေးသမားက အံ့အားသင့်သွားသည်။
လင်ချီးယဲ့သည် လက်တစ်ဖက်တွင် သေတ္တာနက်ကို ကိုင်ဆောင်ကာ ဝခြားလက်တစ်ဖက်ဖြင့် ခေါင်းပေါ်ရှိ ဦးထုပ်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။ ပြင်းထန်သောလေက သူ့အင်္ကျီထောင့်ကို လွင့်ထုတ်ပြီး သူ့နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားသည်။
သူသည် ရှေ့သို့ တိုးလာကာ ခေါင်မိုးပေါ်မှ ဖြည်းညှင်းစွာ ခုန်ဆင်းလိုက်သည်။
အမျိုးသမီးလေးသမားလို ပြုတ်ကျမှုနှေးအောင် တစ်စုံတစ်ခုမှ မသုံးခဲ့ဘဲ လွတ်လွတ်လပ်လပ် ပြုတ်ကျသွားပြီး ညနက်သန်းခေါင်တွင် တစ္ဆေသရဲကဲ့သို့ အဆောက်အဦးနံရံပေါ်၌ သူ့ခြေချောင်းများကို ပေါ့ပေါ့ပါးပါး ထိလိုက်ကာ ခြောက်ထပ်အကွာအဝေးကို တဝဲလည်လည် ဖြတ်သန်းလာခဲ့ပြီး မြေပြင်ပေါ်မှာ ခပ်မှန်မှန် ဆင်းသက်ခဲ့သည်။
အိမ်ရှိ ဗီရိုပေါ်မှ ခုန်ဆင်းလာသော ကြောင်နက်ကဲ့သို့ စီးဆင်းနေသော ရေလို ဆက်တိုက်လှုပ်ရှားမှုများက ပြေပြစ်ပြီး ပေါ့ပါးသည်။
ဤသည်မှာ 'ချီ'နယ်ပယ်ထဲက [ညကောင်းကင်အက] ဖြစ်သည်။
"နောက်ဆုံးတော့… ငါလည်း အဆောက်အအုံပေါ်ကနေ ခုန်ချနိုင်ခဲ့ပြီ။" လင်ချီးယဲ့သည် ကျောင်းတွင် နန်ထော်မြွေမိစ္ဆာကို ဖမ်းခဲ့သည့်နေ့တုန်းက လှေကားထစ်မှ ပြေးဆင်းခဲ့ရသော ဒုက္ခရောက်နေသည့် မြင်ကွင်းကို တွေးရင်း သူ့ကိုယ်သူ ရယ်လိုက်သည်။
"နင်… နင်က လူလား။ တစ္ဆေလား။" အမျိုးသမီးလေးသမားသည် ဒီမြင်ကွင်းကိုမြင်းတော့ သူမဦးရေပြားထုံကျင်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ တစ်ဖက်ကိုလှည့်ပြီး လေကဲ့သို့ ရှုပ်ထွေးနေသောလမ်းဖက်ကို ပြေးသွားခဲ့သည်။
ပြေးနေစဉ်တွင် ကျည်တောက်မှ မြားကိုယူရန် လက်ဆန့်လိုက်ပြီး လေးကြိုးကိုဆွဲကာ မြားတည်ပြီး လင်ချီးယဲ့ကို ပြန်လှည့်ပစ်လိုက်ရာ လှုပ်ရှားမှုက အလွန်သေသပ်သည်။
ဝှီး… ဝှီး…
မြားအနည်းငယ် ဆက်တိုက် ထွက်လာပြီး လင်ချီးယဲ့သည် လမ်းလျှောက်သွားသည့် လမ်းသွားလမ်းလာကဲ့သို့ပင် အလျင်မလိုဘဲ မြားအားလုံးကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။
[သေမျိုးနတ်ဘုရားနယ်ပယ်] ၏ မီတာ ၁၀၀ အကွာအဝေးမှ ယူဆောင်လာသော အာရုံခံစားမှုနှင့် ရွေ့လျားအမြင်အာရုံသည် [ညကောင်းကင်အက] နှင့် တွဲလျက် နောက်စရာမဟုတ်ပေ။
အမျိုးသမီးလေးသမားသည် ဤမြင်ကွင်းကိုမြင်ပြီး သွားများကိုအံကြိတ်ကာ မြားသုံးချောင်းကိုဆွဲထုတ်ပြီး လေးပေါ်တင်လိုက်သည်။ ချိန်ရွယ်ပြီးနောက် ပစ်လွှတ်လိုက်သည်။
မြားသုံးစင်းသည် လေကိုဖြတ်သန်းကာ 'ပင်အပ်' ပုံသဏ္ဌာန်ရှိပြီး လင်ချီးယဲ့လှုပ်ရှားရန် နေရာတစ်ခုလုံးကို ပိတ်ဆို့ထားပြီး ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ဖြစ်ပြီး မြားထိပ်သည် လင်ချီးယဲ့ကို ဖုံးလွှမ်းထား၏။
လင်ချီးယဲ့သည် သူ့ခေါင်းပေါ်ရှိ ဦးထုပ်ကို ဖိထားပြီး သူ့ကိုဗဟိုထား၍ ပြင်းထန်သော အမှောင်ထုသည် အရပ်မျက်နှာတိုင်းကို ဖြန့်ကြက်ထားသည်။
နောက်အခိုက်အတန့်တွင် မြားသုံးစင်းသည် အမှောင်ထဲတွင် ပိတ်မိနေပြီး တစ်ချောင်းမှပင် ကယ်တင်လို့မရတော့ပေ။
လင်ချီးယဲ့သည် စက္ကန့်ဝက်အတွင်း ရာနှင့်ချီသော ဒုံးကျည်အပိုင်းအစများကို ဖမ်းယူနိုင်ပြီး ထိုမြားသုံးချောင်းကိုဖမ်းတာက လွယ်ကူပါသည်။
သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး မြားသုံးစင်းသည် တစ်ဖက်သို့လှည့်၍ အမျိုးသမီးလေးသမားကို ပစ်လိုက်သည်။
သို့သော် ငှက်မွေးမြားသည် အမျိုးသမီးလေးသမားထံမှ ပစ်ခဲ့တာမဟုတ်သောကြောင့် အလွန်ပြင်းထန်သောရွေ့လျားခြင်းစွမ်းအင်မရှိပေ။ ထို့အပြင် သူ၏ပစ်နိုင်စွမ်းကို မူလတန်းအဆင့်ဟု ခေါ်ဆိုနိုင်သည်။
အမျိုးသမီးလေးသမား: "…"
လင်ချီးယဲ့သည် သက်ပြင်းချကာ သူ၏အံ့ဩဖွယ်ပစ်ခတ်ခြင်းစွမ်းရည်ကို မထုတ်ဖော်ရန် နှုတ်ပိတ်ဖို့ သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် သေတ္တာနက်၏ လက်ကိုင်ပေါ်မှ သူ့လက်ချောင်းကို ညင်သာစွာ ဖိလိုက်ပြီး ပေါ့ပါးသောအသံဖြင့် သေတ္တာနက်၏ နံဘေးမှ ဖြောင့်စင်းသော ဓားတစ်ချောင်း ထွက်ပေါ်လာသည်။
လင်ချီးယဲ့သည် သူ့လက်ကို ဆန့်လိုက်ပြီး ဓားကို ဆုပ်ကိုင်လိုက်သည်။
ချွမ်…
ပြတ်ပြတ်သားသား အသံထွက်လာပြီး ဓားသည် ၎င်း၏ဓားအိမ်မှ ထွက်သွားသည်။
လင်ချီးယဲ့၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ လက်တစ်ဖက်တွင် ဓားတစ်ချောင်းကို ကိုင်ထားကာ တစ္ဆေတစ်ကောင်ကဲ့သို့ အမျိုးသမီးလေးသမားဆီ ချဉ်းကပ်လာပြီး သူ့အမြန်နှုန်းမှာ ယခင်ကနှင့် လုံးဝမတူတော့ပေ။
အမျိုးသမီးလေးသမားသည် သူမ၏နှုတ်ခမ်းကိုကိုက်ကာ မြားပေါင်းများစွာကိုပင် ပစ်လွှတ်လိုက်သော်လည်း လင်ချီးယဲ့က အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။
အလင်းနှင့်မှောင်မိုက်သော လမ်းမီးတိုင်အောက်တွင် လင်ချီးယဲ့၏အသွင်အပြင်က တစ္ဆေတစ်ကောင်လိုပင်။ အပြာနုရောင်ဓားသည် မှောင်မိုက်သောလမ်းတွင် မျဉ်းဖြောင့်တစ်ချက်ဆွဲပြီး အမျိုးသမီးလေးသမားဆီသို့ ချက်ချင်း ရောက်လာခဲ့သည်။
အမျိုးသမီးလေးသမား၏ မျက်လုံးအိမ်က ရုတ်တရက် ကျဉ်းသွားသည်။
ဓားလင်းလက်သွားပြီး သွေးများစီးကျလာသည်။
လင်ချီးယဲ့သည် အမူအရာမဲ့စွာ အမျိုးသမီးလေးသမား၏ နံဘေးကို ဖြတ်သွားပြီး ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်သည်။
ဘုတ်…
အမျိုးသမီးလေးသမားသည် သူမလည်ပင်းဖြတ်ခံရပြီး မြေပြင်ပေါ် လဲကျသွားသည်။
သွေးအိုင်များ တဖြည်းဖြည်း ပျံ့နှံ့လာသည်။
'ချီ'နယ်ပယ်လည်း ဖြစ်သောကြောင့် လင်ချီးယဲ့သည် သူမကို သတ်ဖို့ ဓားတစ်ချက်တည်းသာ လိုအပ်သည်။
၎င်းသည် တားမြစ်အပျက်အစီးအတွင်း ကွာဟချက်သာမက အရေးကြီးဆုံးကတော့ လက်နက်ကွာဟချက်ဖြစ်သည်။
အကယ်၍ အရူးချောင်ယွမ်းနှင့် ဓားသုံးချောင်းနဲ့လူကြားက တိုက်ပွဲသည် ထိန်းချုပ်မှုကင်းမဲ့နေသောလူက လုပ်ကြံသတ်ဖြတ်သူကို နှိပ်ကွပ်ခြင်းသာ ဖြစ်လျှင် သူမသည် လင်ချီးယဲ့နှင့် ကြုံတွေ့ရသည်မှာ အသံတိတ်လှုပ်ရှားသော လေးသမားက လုပ်ကြံသတ်ဖြတ်သူနှင့် ကြုံတွေ့ရသကဲ့သို့ပင်။ အလွန်အမင်း လျင်မြန်သွက်လက်သူကို ရင်ဆိုင်ရရင် သူမသည် တန်ပြန်မတိုက်ခိုက်နိုင်ပေ။
ပိုင်လီဖက်တီးနှင့် ပိန်ပါးပါးယောက်ျားအတွက်တော့… ဒိုရာအဲမွန်နှင့် ကျားဖက်တီးကြားက တိုက်ပွဲဖြစ်နိုင်သည်။
လင်ချီးယဲ့သည် မြေပြင်ပေါ်ရှိ သေတ္တာနက်ကို ကောက်ယူလိုက်ပြီး အနက်ရောင်ဦးထုပ်ကို အနည်းငယ်မြင့်လိုက်ကာ ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည့် အကွာအဝေးကို ကြည့်ကာ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
"နောက်ကျရင် အဲဒီအနက်ရောင်အရူးကို အနိုင်ယူရမှာ တကယ်ပြဿနာများတော့မယ်…"
သူသည် ခေါင်းယမ်းကာ သေတ္တာနက်နှစ်လုံးကို ယူကာ ညလမ်းဆီသို့ ထွက်လာခဲ့သည်။
…
တစ်ချိန်တည်းမှာပင် မိုင်ရာနှင့်ချီဝေးသော တခြားအထပ်မြင့် အဆောက်အအုံတစ်ခုမှာ
လန်ရွှမ်းသည် မျက်လုံးများရှေ့မှ စနိုက်ပါမှန်ကို ဖြည်းညှင်းစွာ ရွှေ့လိုက်ပြီး လင်ချီးယဲ့ ထွက်သွားသော ဦးတည်ရာကို ကြည့်လိုက်ရာ သူ့နှုတ်ခမ်းထောင့်တွင် ပေါ့ပါးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"တော်တယ်။"
TK Team (Chapter 118)