Chapter 115
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၁၅)


Chapter 115 (အပေါ်ထပ်မှာမီးလောင်နေတယ်)

ဝမ်းချီမော့၏ အရှက်မရှိတောင်းဆိုမှုကြောင့် နောက်ဆုံးတွင် သူနေခဲ့ပေမယ့် လင်ချီးယဲ့နှင့် တစ်ကုတင်တည်းမျှဝေမည့်အစား ဧည့်ခန်းက ကြမ်းပြင်တွင် တစ်ယောက်တည်း အိပ်နေခဲ့သည်။

သူ၏နေသာသောအပြုံးကိုကြည့်ရင်း လင်ချီးယဲ့သည် တိတ်တဆိတ် မျက်ဆံလှန်လိုက်ပြီး ဒီလူက သူ့ကိုကာကွယ်ချင်လို့ တကယ်နေတာရောဟုတ်ရဲ့လားဟု တွေးလာမိသည်။

"ကျွန်တော် လမ်းလျှောက်ထွက်ဦးမယ်။" လင်ချီးယဲ့သည် သူ့ခရီးဆောင်အိတ်တစ်လုံးကို ရိုးရိုးရှင်းရှင်း ထုပ်ပိုးကာ ပြတင်းပေါက်မှ ကောင်းကင်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

"ငါနင်နဲ့ အဖော်လိုက်ပေးခဲ့ရမလား။" ဟုန်ယင်းက ခေါင်းမော့ပြီး မေးလာသည်။

လင်ချီးယဲ့က ခဏလောက် တုံ့ဆိုင်းသွားကာ "မလိုဘူး။ ကျွန်တော်သွားမယ့်နေရာက မိန်းကလေးတွေအတွက် မသင့်တော်ဘူး။"

ဝမ်းချီမော့သည် ထိတ်လန့်သွားပြီး သူ့မျက်လုံးများ တောက်ပလာသည်။ "ဒါဆို… ငါမင်းနဲ့လိုက်ပေးခဲ့ရမလား။"

"…ကျွန်တော် ဟိုတယ်ကိုသွားပြီး သူငယ်ချင်းရှာမလို့။ ခင်ဗျားဘာတွေတွေးနေတာလဲ။"

"အိုး… ထားလိုက်ပါတော့။"

လင်ချီးယဲ့သည် ပိုင်လီဖက်တီးကို တွေ့ရန် ဟိုတယ်ကိုသွားဖို့ စီစဉ်ထားသည်။ ထို့အပြင် ချန်းနန်မြို့၏ အိမ်ရှင်အနေဖြင့် ဒီလိုမျိုး သူဘေးဖယ်နေတာက မကောင်းပေ။ သူ ဟုန်ယင်းကို အဲဒီကိုခေါ်သွားပါက ဟုန်ယင်းက မတော်တဆ တစ်စုံတစ်ခုကို မြင်သွားမှာ သူစိုးရိမ်သည်…

"အခုက အရေးပေါ်အခြေအနေဖြစ်ပြီး နင်တစ်ယောက်တည်းသွားတာ မလုံခြုံဘူးမလား။" ဟုန်ယင်းက တုံ့ဆိုင်းသွားသည်။

"မကြာခင် မှောင်တော့မှာ။ ကျွန်တော်တစ်ယောက်တည်းသွားတာက ပိုလုံခြုံပါတယ်။" လင်ချီးယဲ့၏နှုတ်ခမ်းထောင့်က အနည်းငယ်မြှောက်တက်သွားသည်။ "ပြီးတော့ လက်ထောက်ခေါင်းဆောင်ကလည်း ခင်ဗျား ကျွန်တော့်ကို အရမ်းဂရုမစိုက်ဖို့ ပြောထားတယ်လေ။ အခု… ကျွန်တော် တကယ်တိုက်ခိုက်နိုင်ပါပြီ။

ဒါ့အပြင် မြို့ထဲမှာ နည်းပြတွေအများကြီး ပုန်းအောင်းနေပြီး လန်ရွှမ်းကလည်း ဘယ်နေရာမှာ လျှို့ဝှက်ပုန်းအောင်းနေလဲမသိတာကြောင့် ဘာမှဖြစ်လာမှာမဟုတ်ဘူး။"

‌ဟုန်ယင်းသည် ခေါင်းညိတ်ပြပြီး တစ်စုံတစ်ခုကို သတိရသွားသလို အခန်းထဲမှ သေတ္တာနက်ကို ကိုင်ဆောင်လာပြီး လင်ချီးယဲ့ကို ပေးလိုက်သည်။

"နင်နဲ့အတူ ဓားယူသွားလိုက်"

"အင်း"

လင်ချီးယဲ့သည် စစ်ယူနီဖောင်းကိုပြောင်းရန် အခန်းထဲဝင်သွားပြီး ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ကာ ဗီရိုထဲက အနက်ရောင် လူကြီးလူကောင်းဆန်ဆန် ဦးခေါင်းကို ရှာတွေ့ပြီး သူ့မျက်နှာကိုကာရန် ခေါင်းကိုဆောင်းလိုက်သည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကျောက်ခုန်းချိန်၏ဓားနှင့် လေ့ကျင့်ရေးစခန်းမှ ယူဆောင်လာသောဓားကို သူယူသွားပြီး သေတ္တာနက်နှစ်လုံးကို သယ်ကာ တိတ်တိတ်ဆိတ်ဆိတ် ဗီလာမှ ထွက်ခွာသွားခဲ့သည်။


ခိုင်လန်စစ်းကျီးဟိုတယ်၊ စိမ်ကျဥက္ကဋ္ဌတိုက်ခန်းတွင်

"နှုတ်ဆက်ပါတယ် အမေ။ ကျွန်တော် ဒီည ရွက်လွှင့်လိုက်ဦးမယ်။

ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ ကျွန်တော့်မှာ ပျော်ရွှင်မှုနဲ့ ဉာဏ်ပညာရှိတယ်။"

ရေချိုးခန်းကနေ ဖက်တီးလေးသည် သူ့ခါးတွင် ရေချိုးတဘက်ကိုပတ်ရင်း စွဲမက်ဖွယ်ကောင်းစွာ အင်္ကျီမပါဘဲ ထွက်လာပြီး သူ၏ရေစိုနေသော ဆံပင်ကို စမတ်ကျစွာ ပင့်တင်ရင်း သူ့လက်ထဲတွင် ဝိုင်နီတစ်ခွက်ကို ကိုင်ပြီး ညင်သာစွာ လှုပ်ခါလိုက်သည်။

တေးဂီတ၏ စည်းချက်ဖြင့် ခပ်ဝဝအကသမားကဲ့သို့ သူ့ခန္ဓာကိုယ်ကို ပျော့ပြောင်းစွာ လှည့်ပတ်ကာ စင်္ကြံတွင် ၃၆၀ ဒီဂရီ လှည့်နေပြီး ဧည့်ခန်းထဲသို့ စမတ်ကျကျ လျှောက်သွားသည်...

ထို့နောက် သူ့မျက်နှာပေါ်က အပြုံးများ အေးခဲသွားသည်။

ဧည့်ခန်းထဲတွင် ချောင်ယွမ်းသည် သူ့လက်မောင်းထဲက ဓားအိမ်နှင့်အတူ ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ့ကို အရူးကဲ့သို့အကြည့်ဖြင့် ကြည့်နေသည်။

"ဘာလဲဟ… မင်းဒီမှာ ဘာလုပ်နေတာလဲ။ ဘေးနားက ဟိုတယ်အသေးမှာ မင်းအတွက် ငါတစ်ယောက်တည်း ငှားပေးခဲ့တယ်မဟုတ်ဘူးလား။"

ပိုင်လီဖက်တီးသည် သူ့လက်နှစ်ဖက်ဖြင့် သူ့ရင်ဘတ်ကိုကာရင်း ဒေါသထွက်စွာ ပြောလိုက်သည်။

"တစ်ယောက်ခန်းက ဥက္ကဋ္ဌတိုက်ခန်းလောက် သက်သောင့်သက်သာမရှိဘူး။" ချောင်ယွမ်းသည် ပခုံးတွန့်ကာ ကော်ဖီစားပွဲပေါ် ခြေထောက်ကို သဘာဝအတိုင်း တင်လိုက်သည်။

ပိုင်လီဖက်တီ: (`⌒′メ)

"သွား သွား သွား… မင်းဒီမှာရှိနေတာက ငါ့ဘဝရဲ့ပျော်ရွှင်မှုကို သက်ရောက်မှုရှိစေတယ်။" ပိုင်လီဖက်တီးက စက်ဆုပ်စွာ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
 
"အဆင်ပြေပါတယ်။ မင်းဟာမင်း ကနေလိုက်ပါ။ ငါမမြင်ချင်ယောင်ဆောင်ပေးမယ်။"

"…" ပိုင်လီဖက်တီး၏ပါးစပ်သည် အနည်းငယ် လှုပ်ယမ်းသွားပြီး "ဧည့်ခန်းထဲမှာ ဓားကိုင်ထားတဲ့ လူကြီးတစ်ယောက်က ငါကနေတာကို ကြည့်မှာလား။ ငါကနိုင်မယ်လို့ မင်းထင်လား။"

ချောင်ယွမ်းက ခဏလောက် စဉ်းစားပြီး "ဒါဆို ငါ ဓားကိုချထားလိုက်မယ်…"

"ဓားကိုပြောနေတာမဟုတ်ဘူး။" ပိုင်လီဖက်တီးသည် ကူကယ်ရာမဲ့ သူ့နဖူးကို ထောက်လိုက်သည်။

"မင်းငါ့ကို အဝေးနှင်ထုတ်ဖို့ အရမ်းစိတ်အားထက်သန်နေပါလား။ မဟုတ်မှလွဲရော မင်း…"

"လခွမ်း။ ဒီသခင်လေးက ငါ့ကိုယ်ငါ အမြဲတမ်း သန့်ရှင်းအောင်ထားတယ်ကွ။ ငါက ဘယ်လိုလုပ်…" ပိုင်လီဖက်တီး၏ခန္ဓာကိုယ်က သုံးကြိမ်လောက် တုန်ယင်သွားသည်။

ချောင်ယွမ်းသည် ခေါင်းစောင်းပြီး ‌ခဏလောက်စဉ်းစားကာ "KFC နဲ့ ကိုယ့်ကိုကိုယ် သန့်ရှင်းအောင်ထားတာနဲ့ ဘာဆိုင်လို့လဲ။"

"…"

『TK: ချောင်ယွမ်းက ပိုင်လီဖက်တီး သူ့ကိုနှင်ထုတ်နေတာ KFC ကြက်ကြော်မှာထားတာလို့ မကျွေးချင်တာကြောင့်လို့ ထင်နေတာပါ။ ပိုင်လီဖက်တီးက သူအိပ်ဖော်ခေါ်ထားတယ်လို့ ချောင်ယွမ်းပြောနေတယ် ထင်နေတာပါ။』

"ငါဂရုမစိုက်ဘူး။ သွား သွား သွား သွား… မင်းအခုသွားတော့။" ပိုင်လီဖက်တီးက စိုက်ကြည့်နေသည်။

"ဒီမှာနေပြီး ငါမင်းကို ကြွက်ကူဖမ်းပေးနိုင်တယ်။"

"အဓိပ္ပါယ်မရှိတာ။ ဒါက ကြယ်ငါးပွင့်ဟိုတယ်ကွ။ ဘယ်လိုလုပ် ကြွက်ရှိမှာလဲ။"

"အဲဒါမဟုတ်ဘူးလား။" ချောင်ယွမ်းသည် သူ့လက်ကိုဆန့်ကာ အခန်းထောင့်ရှိ ကြွက်ငယ်လေးကို ညွှန်ပြလိုက်သည်။

ပိုင်လီဖက်တီးသည် ဖြူဖျော့ကာ ခြေတစ်လှမ်းဆုတ်ပြီး အိပ်ခန်းထဲကို ဒေါသတကြီး လျှောက်သွားသည်။ "လခွမ်း… ဒါက ဘယ်လိုအမှိုက်ဟိုတယ်မျိုးလဲ။ ငါ ကောင်တာကို ဖုန်းခေါ်ပြီး လာကြည့်ခိုင်း…"

ဗုန်း…

ပြတင်းပေါက်မှ ပြိုးပြိုးပြက်ပြက် မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး ကြမ်းပြင်မှ မျက်နှာကျက် ပြတင်းပေါက်များ တစ်စစီကွဲအက်သွားကာ ပေါက်ကွဲမှုကြောင့် မြေကြီးကွဲအက်သွားသည်။ မီးခိုးလှိုင်းများဖြင့် လေလှိုင်းလုံးများက ရောနှောကာ ပိုင်လီဖက်တီးနှင့် ချောင်ယွမ်းကို တိုက်ရိုက် ပျံသန်းသွားစေသည်။

မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး လမ်းပေါ်ရှိ လူများက တစ်ချိန်တည်းတွင် မျှော်ကြည့်ကာ အော်ကြသည်။

မည်းမှောင်သောညကောင်းကင်အောက်တွင် ကောင်းကင်ထဲသို့ ဝင်ရောက်နေသော အထပ်မြင့်ဟိုတယ်ကြီး၏ထိပ်က မီးမြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ မီးလောင်နေသော ပရိဘောဂအပိုင်းအစများနှင့် မှန်ကွဲများရောကာ အမြင့်မှ လျင်မြန်စွာ ပြုတ်ကျလာသည်။

ပြုတ်ကျနေသော အရာဝတ္ထုများစွာထဲမှ တစ်စုံတစ်ဦးသည် ညဘက်ကြည့်မှန်ပြောင်းဖြင့် ဂရုတစိုက်ကြည့်ပါက လျင်မြန်စွာ ပြုတ်ကျနေသော အသွင်အပြင်နှစ်ခုကိုလည်း တွေ့ရှိနိုင်သည်။

"အား အား အား အား…"

ရေချိုးတဘက်ဖြင့် ပတ်ထားသော ပိုင်လီဖက်တီးသည် ကျယ်လောင်စွာ အော်လိုက်ရင်း သူ့နားကို ဖြတ်သွားသော လေပြင်း၊ ပြင်းထန်သော ကိုယ်အလေးချိန် ကင်းမဲ့သည့် ခံစားချက်က သူ့နှလုံးသားကို ဖုံးလွှမ်းသွားပြီး သူ့မျက်နှာက ဖြူဖျော့သွားသည်။

သူ့ဘေးမှာ ချောင်ယွမ်းသည် ဓားကိုကိုင်ပြီး တူညီသောအရှိန်ဖြင့် ပြုတ်ကျနေပေမယ့် သူ့အမူအရာက တည်ငြိမ်နေသည်။

သူသည် မီးလောင်နေသောအပေါ်ထပ်ကို မော့ကြည့်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ "သေချာပေါက် အဲဒီမှာကြွက်ရှိတယ်…"

"သေသင့်တဲ့ ချောင်ယွမ်း။ ငတုံး ချောင်ယွမ်း။ ‌ငတုံးချောင်ယွမ်း။

သေစမ်း၊ အားလုံး ကားပေါ်ကနေ ဆင်းပြီးနောက် သူတို့က ငါ့ကို ကပ်ဆိုးလို ရှောင်နေတာကို မင်းကဘာလို့ ဒီလိုအရေထူတဲ့မျက်နှာမျိုးနဲ့ ငါ့ဆီလာကပ်နေသေးတာလဲ။

ငါ့ကို သတ်ဖို့ကြိုးစားနေတဲ့လူတွေ ဒီမြို့မှာ ဘယ်နှစ်ယောက်ရှိလဲ မင်းသိလား။

မင်းသေရမှာကို မကြောက်ဘူးလား။"

ပြုတ်ကျနေစဉ် ပိုင်လီဖက်တီးသညိ ငြိမ်သက်နေသော ချောင်ယွမ်ကို ကြည့်ပြီး ကျယ်လောင်စွာ ဆဲဆိုလေသည်။ 

ချောင်ယွမ်းက မျက်မှောင်ကြုတ်ကာ "မကြောက်ဘူး။"

ပိုင်လီဖက်တီးသည် ချောင်ယွမ်က ဒီအဖြေကို ပြောလိမ့်မယ်လို့ မမျှော်လင့်ထားဘဲ သူခဏတာ အံ့အားသင့်သွားပြီးနောက် ဒေါသတကြီးပြောလိုက်သည်။

"အရူးကောင်။ အရူးကောင်း။ ငါပြင်ဆင်ထားတာ ကံကောင်းတယ် မဟုတ်ရင် မင်းငါနဲ့အတူ သေသွားပြီ။"

ထိုသို့ပြောပြီးနောက် ပိုင်လီဖက်တီးသည် သူ့လက်ကို ရေချိုးတဘက်ထဲသို့ ထည့်ကာ လည်ဆွဲကို ထုတ်ယူလိုက်သည်။

"ကျောက်စိမ်းအလင်းတန်း။"

ပိုင်လီဖက်တီးသည် သူ့လက်ချောင်းကို ဆန့်ထုတ်ပြီး ခဏတာ ရွှေရောင်အလင်းတန်း လင်းလက်လာကာ နူးညံ့သောတိမ်နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့နှစ်ယောက်ကို လွင့်မျောသွားစေကာ သူတို့စခန္ဓာကိုယ်အလေးချိန်ကို ဖယ်ရှားလိုက်သည်...

လွင့်မျောရင်း မြေပြင်သို့ မှန်မှန်ဆင်းသက်သွားသည်။

ချောင်ယွမ်းသည် အံ့အားသင့်စွာ ရေချိုးတဘက်သာ ပတ်ထားသော ပိုင်လီဖက်တီးကို ကြည့်ပြီး သူ့အမူအရာက ထူးဆန်းလာသည်။

"[နေရာလွတ်]ကို မင်းဘယ်မှာဖွက်ထားတာလဲ။"

ပိုင်လီဖက်တီး၏မျက်နှာက မည်းမှောင်လာသည်။ "မင်းအပူပါလား။"

ချောင်ယွမ်းသည် ဟိုတယ်၏ အပေါ်ဆုံးထပ်ကို မျှော်ကြည့်ရာ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာဆဲဖြစ်သည်။

"နည်းပြတွေက လှုပ်ရှားနေပြီ။ သူတို့က လူသတ်သမားနဲ့ တိုက်ခိုက်နေတာဖြစ်မယ်။"

"အိုး… ငါ့ကို ရေကောင်းကောင်းတောင် ချိုးခွင့်မပေးဘူး။" ပိုင်လီဖက်တီးသည် သူ့ဗိုက်ပေါ်ရှိ အသားများကို ညစ်ကာ သက်ပြင်းချလိုက်သည်။

"ပိုင်လီမိသားစုရဲ့ သခင်လေးဘဝက အမြဲတမ်း ဒီလိုစိတ်လှုပ်ရှားစရာကောင်းနေတာလား။"

"ဟမ်… ငါငယ်ငယ်ကတည်းက လုပ်ကြံသတ်ဖြတ်မှုတွေ အများကြီး ကြုံခံရပေမယ့် အခုထိတော့ ငါကောင်းကောင်းနေခဲ့ရပါတယ်။" ပိုင်လီဖက်တီးသည် ခေါင်းမော့ပြီး ညကောင်းကင်ကို ကြည့်လိုက်သည်။ "မနက်ဖြန် ငါ့သက်တော်စောင့်အဖွဲ့ ဒီကိုရောက်လာလိမ့်မယ်… အချိန်ကျလာရင် သခင်လေးကို ဘယ်သူတိုက်ခိုက်ရဲသလို ကြည့်ကြတာပေါ့။"

ချောင်ယွမ်း၏ မျက်လုံးများသည် ပတ်ဝန်းကျင်ကို ကျရောက်သွားပြီး အနည်းငယ် ကျဉ်းမြောင်းသွားသည်။ "ငါအထင်တော့ မင်း ဒီနေ့ကို အရင်ဆုံး ဖြတ်သန်းရလိမ့်မယ်…"

ပိုင်လီဖက်တီးသည် သံသယစိတ်က သူ့ခေါင်းကို လှည့်ကြည့်လိုက်သည်။

ချောင်ယွမ်းသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လွတ်နေသောလမ်းကို ညွှန်ပြရင်း သူ့ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

"ဒီမှာ အရမ်းတိတ်ဆိတ်နေတယ်လို့ မင်းမထင်ဘူးလား။"


TK Team (Chapter 115)