Chapter 112
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၁၂)


Chapter 112 (တိုက်ခိုက်မှု)

"ရုတ်တရက်ကြီးလား။" ပိုင်လီဖက်တီးသည် သူ့ခေါင်းကို ကုတ်လိုက်ပြီး "ဒါကို အံ့ဩစရာလို့ ခေါ်သင့်တယ်ထင်တာပဲ။

ဒါ့အပြင် အားလပ်ရက်ရတာက ဘာဖြစ်လို့လဲ။ ဘာလို့ အရမ်းအတွေးလွန်နေတာလဲ။"

လင်ချီးယဲ့သည် ခဏတာတိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ငါအတွေးလွန်နေတာပဲဖြစ်ဖို့ မျှော်လင့်ပါတယ်…"

လင်ချီးယဲ့သည် အိပ်ဆောင်ကို ပြန်လာပြီး သူ့ခရီးဆောင်အိတ်ကို ရိုးရှင်းစွာ ထုပ်ပိုးလိုက်ပေမယ့် သူ့မှာ ပစ္စည်းသိပ်မရှိပေ။ ထို့အပြင် ဟုန်ယင်းအိမ်မှာ နေ့စဉ်သုံးပစ္စည်းအားလုံး ရှိပြီးသားဖြစ်သည်။ ဒါက အိပ်နီးနားချင်း၏ အကျိုးကျေးဇူးလည်း ဖြစ်နိုင်သည်။

နောက်ဆုံးတွင် လင်ချီးယဲ့သည် ကျောပိုးအိတ်အပေါ့စားလေးသာ ယူဆောင်လာပြီး လေ့ကျင့်ရေးကွင်းသို့ တန်းစီရန် ထွက်သွားသည်။ ပိုင်လီဖက်တီးသည် လက်ဗလာပင် ဖြစ်နေပြီး သူက ဘာမှယူမလာပေ။

"မင်းက ဒီအတိုင်း ထွက်သွားမလို့လား။" လက်ဆွဲသေတ္တာကို ဆွဲယူလာသော ချောင်ယွမ်းသည် ပိုင်လီဖက်တီးကို မြင်သောအခါ အံ့အားသင့်စွာ ပြောလိုက်သည်။

"အင်း။"

"အဝတ်အစားတွေရော။ နေ့စဉ်သုံးပစ္စည်းတွေရော။"

"ငါ့အတွက် လူတစ်ယောက်ကို ဝယ်ခိုင်းလိုက်မယ်။"

"…"

လူချမ်းသာတွေကတော့…

တပ်သားသစ်များ လေ့ကျင့်ရေးကွင်းသို့ ရောက်သောအခါတွင် ဘတ်စ်ကားအများအပြား စောင့်ဆိုင်းနေပြီဖြစ်ပြီး ဘတ်စ်ကားများဘေးတွင် အနက်ရောင်သေတ္တာရှည်များ အစုအပုံကြီး ရှိနေသည်။

လင်ချီးယဲ့သည် ထိုသေတ္တာများကို မြင်လိုက်ရသည့်အခိုက်တွင် သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဒီသေတ္တာများအထဲတွင် ဘယ်အရာပါရှိသည်ကို သူသိပြီး လက်ရှိ တပ်သားသစ်များစွားကလည်း အကြမ်းဖျင်းခန့်မှန်းနိုင်သည်။

"ဒီအားလပ်ရက်က… မလွယ်လောက်ဘူး။" ချောင်ယွမ်းက မျက်မှောင်ကြုတ်လိုက်သည်။

နည်းပြဟုန်သည် လက်နောက်ပစ်ကာ တပ်သားသစ်များရှေ့တွင် မတ်တတ်ရပ်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

"ဒီတစ်ခေါက် အားလပ်ရက်မှာ ငါတို့က စခန်းကနေ အဝေးကို ရောက်နေမှာဖြစ်လို့ လူတိုင်းက ကြယ်ဓားကို သယ်ဆောင်သွားရမယ်။ ဒါပေမယ့် လုံးဝမလိုအပ်သရွေ့ အသုံးမပြုရဘူး။

မင်းတို့ အထူးအခြေနေတွေနဲ့ ကြုံတွေ့ရရင်တောင် လူအများရဲ့အမြင်ကို တတ်နိုင်သမျှ ရှောင်ရှားပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေဖို့ ကြိုးစားရမယ်။

နားလည်ကြလား။"

"နားလည်ပါတယ်။"

"ဓားကိုယူတော့။"

တပ်သားသစ်အားလုံးသည် တန်းစီပြီး မြေပြင်မှ သူတို့၏ သေတ္တာနက်များကို စည်းစနစ်တကျ လက်ခံယူပြီး စနစ်တကျ ဘတ်စ်ကားပေါ် တက်ခဲ့သည်။ လုပ်ငန်းစဉ် တစ်ခုလုံးက စည်းစနစ်တကျ ရှိခဲ့ကြသည်။

လင်ချီးယဲ့သည် သေတ္တာကို ကိုင်လိုက်ပြီး ကားပေါ်တွင် ထိုင်လိုက်သည်။ သူ၏စိတ်စွမ်းအားသည် သေတ္တာကို ဖြတ်ကျော်ကာ သက်ပြင်းရှည်ချလိုက်သည်။

"ဘာဖြစ်တာလဲ။" အနောက်မှာထိုင်နေသော ချောင်ယွမ်းက ခေါင်းထွက်လာသည်။

"ဓားမှာ နာမည်မပါဘူး။ ‌ဒါက ယာယီငှားပေးတဲ့ဓားဖြစ်မယ်။ ငါတို့ပြန်လာတဲ့အခါ ပြန်ပေးရလောက်တယ်။"

"အဲဒါသေချာတယ်။" ချောင်ယွမ်းက ခေါင်းညိတ်လိုက်သည်။ "လေ့ကျင့်ရေးစခန်းပြီးမှသာ လူတိုင်းပို ကိုယ်ပိုင်ဓား၊ ဝတ်ရုံနဲ့ ကုတ်အင်္ကျီတွေ ဖြန့်ဝေပေးမှာဖြစ်ပြီး အခုတော့ ငါတို့ရဲ့ကြယ်ဓားက လုပ်နေဆဲဖြစ်လောက်တယ်။" 

ပိုင်လီဖက်တီးသည် သူ့လက်ထဲက ‌သေတ္တာနက်ကို ပုတ်လိုက်ပြီး ခံစားချက်ဖြင့် ပြောသည်။ "ဒီဓားရဲ့အရည်အသွေးက ကောင်းပေမယ့် တားမြစ်ပစ္စည်းတွေထက် နည်းနည်းညံ့တယ်။"

"…မင်းပါးစပ်ပိတ်ထား။"

လူပြည့်သွားသောအခါတွင် ဘတ်စ်ကားအများအပြားသည် ဖြည်းညှင်းစွာစတင်ထွက်ကာ လေ့ကျင့်ရေးစခန်းအပြင်ဘက်သို့ တည့်တည့်သွားကြသည်။

လေ့ကျင့်ရေးစခန်းမှ ဖြည်းဖြည်းချင်း မောင်းထွက်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့အား ဖိနှိပ်ထားသည့် အလေးချိန်တချို့ ပျောက်ကွယ်သွားသကဲ့သို့ သူတို့ခန္ဓာကိုယ်များ ပေါ့ပါးသွားသလို ခံစားရပြီး သူတို့စိတ်ဝိညာဉ်များ လန်းဆန်းလာသည်။

ဖိအားများ ပျောက်ကွယ်သွားသည့်အခိုက်တွင် အချုပ်အနှောင်အလွှာသည် ကျိုးပျက်သွားပုံရပြီး ဦးနှောက်မှ တစ်ကိုယ်လုံးသို့ အေးမြမှုစီးဆင်းသွားကာ အရေပြား၏လက်မတိုင်းကို ဆေးကြောပေးသည်။

လင်ချီးယဲ့၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး နောက်အခိုက်အတန့်မှာ လူတစ်ကိုယ်လုံး မကြုံစဖူး ကြည်လင်ပြတ်သားမှုကိုသာ ခံစားလိုက်ရသည်။

"ဒါက…" လင်ချီးယဲ့သည် သူ့လက်များကို ကြောင်တောင်တောင် ကြည့်လိုက်ပြီး သူ့မျက်လုံးများ ထိတ်လန့်တုန်လှုပ်သွားသည်။

"ဖြတ်ကျော်မှုလား။ ငါဖြတ်ကျော်သွားပြီ။"

"ငါလည်းပဲ။"

"ဘာတွေဖြစ်နေတာလဲ။ ငါလည်း ဖြတ်ကျော်သွားပြီ။"

"လခွမ်း။ နောက်ဆုံးတော့ ငါ 'ချီ' နယ်ပယ်ကို ရောက်သွားပြီ ဟားဟားဟား"

"…"

လင်ချီးယဲ့သာမက လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားသော တပ်သားသစ်များအားလုံးတွင် အလားတူအခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်။

ထိုအချိန်တွင်ပင် တွဲဖက်ယာဉ်မောင်းထိုင်ခုံမှာ ထိုင်နေသော နည်းပြဟုန်က မတ်တတ်ထရပ်ပြီး ပြုံးလိုက်သည်။

"မင်းတို့ရဲ့တားမြစ်အပျက်အစီးတွေကို ဖိနှိပ်ဖို့သက်သက် ငါတို့က ဒီအဖိုးတန်တားမြစ်ပစ္စည်းကို အသုံးပြုတယ်လို့ ထင်နေလား။ မင်းတို့ရဲ့တားမြစ်အပျက်အစီးတွေ ဖိနှိပ်ခံရတဲ့အခါ မင်းတို့ရဲ့စိတ်စွမ်းအားစီးဆင်းမှုကလည်း ဖိနှိပ်ခံရလိမ့်မယ်။

ဒီတားမြစ်ပစ္စည်းနဲ့ မင်းတို့ကို ငါးလကျော်ကြာအောင် ဖိနှိပ်ထားခဲ့ပြီး အခုရုတ်တရက် ဖြေလျော့လိုက်တာနဲ့ အချိန်အတော်ကြာအောင် ချုပ်တည်းထားတဲ့ မင်းတို့ရဲ့စိတ်စွမ်းအားတွေက ပြင်းထန်စွာ ပြန်တက်လာတာကြောင့် မင်းတို့က 'ချီ' နယ်ပယ်ရဲ့ အဟန့်အတားကို အလွယ်တကူ ဖြတ်ကျော်ဝင်ရောက်နိုင်စေပြီး နယ်ပယ်အသစ်ကို ဝင်ရောက်နိုင်တယ်။"

ဒါက ငါတို့လေ့ကျင့်ရေးစခန်းက တပ်သားသစ်တိုင်းကိုပေးတဲ့ အကျိုးအမြတ်ပဲ။ ငါးလကြာ ငရဲလေ့ကျင့်ရေးကို အောင်မြင်စွာဖြတ်ကျော်နိုင်ခြင်းအတွက် ဆုလာဘ်အဖြစ်လည်း မှတ်ယူနိုင်တယ်။"

နည်းပြဟုန် ပြောပြီးသည်နှင့် ဘတ်စ်ကားတစ်ခုလုံး၏ လေထုက ပွက်ပွက်ဆူသွားသည်။

လင်ချီးယဲ့သည် စုစုပေါင်းပမာဏ သို့မဟုတ် ပြန်လည်ကောင်းမွန်ခြင်းအမြန်နှုန်းဖြင့် စိတ်စွမ်းအားစီးဆင်းမှုအပေါ် ဂရုတစိုက် ခံစားလိုက်ပြီး ၎င်းက 'ကျန်' နယ်ပယ်ကနေ ဝေးကွာလှသည်။

ဤတစ်ကြိမ်တွင် သူ၏စိတ်စွမ်းအားသည် 'ကျန်' နယ်ပယ်မှ 'ချီ' နယ်ပယ်သို့ ပြောင်းလဲခြင်းကို အမှန်တကယ်ပြီးမြောက်ခဲ့သည်။

လူအများစုသည် နယ်ပယ်ထဲတွင် ပြောင်းလဲခြင်းများကို ခံစားနေသောအခါ ပိုင်လီဖက်တီးသည် ကြောင်တောင်တောင်ဖြင့် သူ့နဖူးကိုထိပြီး လင်ချီးယဲ့ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။

"မင်းလည်း ဖြတ်ကျော်သွားပြီလား။"

"အင်း"

"ကျွတ်… စိတ်စွမ်းအားနယ်ပယ်ကို ငါခံစားလို့မရဘူး။ ငါ့တစ်ကိုယ်လုံးကို အတော်လေးပေါ့ပါးသွားသလိုပဲ ခံစားရတယ်။"

"ဒီအဓိပ္ပါယ်က မင်းရဲ့စိတ်စွမ်းအားတွေလည်း အများကြီးတိုးတက်လာတာပေါ့။" ချောင်ယွမ်းက ဖြည်းညှင်းစွာပြောလိုက်သည်။ "မင်းမှာ တားမြစ်အပျက်အစီးမရှိတာကြောင့် စိတ်စွမ်းအားကို အတိအကျ ခံစားလို့မရပေမယ့် အဲဒါက အရှိအတိုင်းတည်ရှိနေဆဲဖြစ်ပြီး စိတ်စွမ်းအားတိုးတက်သွားရင် နောက်နောင် တားမြစ်ပစ္စည်းတွေရဲ့ စွမ်းအားကလည်း ပိုပြီူကြီးမားလာလိမ့်မယ်။"

"ဟေ့ တားမြစ်အပျက်အစီးတွေရှိတဲ့ မင်းတို့လိုလူတွေကို ငါတကယ်မနာလိုဖြစ်မိတယ်။"

"…ကိုယ့်အသိစိတ်ကို ပြန်စမ်းစစ်လိုက်ဦး။ မင်းရဲ့တားမြစ်ပစ္စည်းတွေကိုကြည့်ပြီးမှ မင်းပြောလိုက်တာကို ပြန်ပြောလိုက်။"

"အဲဒါက မယှဉ်နိုင်ဘူး။ တားမြစ်ပစ္စည်းတွေက တိုင်းတစ်ပါးပစ္စည်းတွေပဲ။ ဒါ့အပြင့် အဲဒါတွေက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူတို့ကိုယ်တိုင်က မတည်မြဲ…"

ပိုင်လီဖက်တီးသည် ဒီအကြောင်းပြောနေချိန်တွင် တစ်စုံတစ်ယောက်သည် ပြတင်းပေါက်ကို လက်ညှိုးထိုးပြီး အော်လိုက်သည်။

"လခွမ်း။ အဲဒါတွေက ဘာတွေလဲ။"

အားလုံးသည် ချက်ချင်း တိတ်ဆိတ်သွားကာ သူ့လက်ချောင်းနောက်ကို ကြည့်လိုက်ပြီး တစ်ချိန်တည်း ထိတ်လန့်သွားကြသည်။

ကြည်လင်သောကောင်းကင်ပြာတွင် တိမ်တိုက်များကိုဖြတ်၍ အမည်မသိပစ္စည်းငါးခုပျံသန်းလာကာ အဖြူရောင်အမြီးများထွက်နေပြီး သူတို့ဆီသို့ လျင်မြန်စွာ ကျဆင်းလာသည်။

"အဲဒါ… အဲဒါက…" လင်ချီးယဲ့သည် ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားသည်။

"ဒုံးကျည်တွေပဲ။

အဲဒါက ဒုံးကျည်တွေပဲ။

အားလုံး အောက်ငုံ့ပြီး တစ်ခုခုကို ကိုင်ထားကြ။"

တွဲဖက်ယာဉ်မောင်းထိုင်ခုံတွင်ထိုင်နေသော နည်းပြဟုန်က ကျယ်လောင်စွာ အော်လိုက်သည်။

ဝှီး…

ဒုံးကျည်ငါးစင်းသည် လေထဲသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ၎င်းတို့ထဲမှ သုံးစင်းသည် အားလုံး၏ဦးခေါင်းများကို ကျော်ဖြတ်ကာ လေ့ကျင့်ရေးစခန်းဆီသို့ တည့်တည့်ကျရောက်သွားခဲ့သည်။

ဒုံးကျည်သုံးစင်းသည် လေ့ကျင့်ရေးစခန်းထဲသို့ ကျရောက်သောအခါ တောက်လောင်သော မီးတောက်ကြီး ထွက်ပေါ်လာသည်။

ဗုန်း…

ကမ္ဘာမြေပြိုကျစေသော ပေါက်ကွဲသံများ၊ နဂါးမီးမှုတ်သကဲ့သို့ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များ၊ အနက်ရောင်မီးခိုးများသည် မှိုတိမ်တိုက်ကြီးတစ်ခုထဲသို့ စုရုံးရောက်ရှိသွားသည်။

စက္ကန့်ဝက်လောက်ကြာတော့ ကားနောက်ကနေ ကြောက်စရာကောင်းသော လေလှိုင်းများ ရိုက်ခတ်လာပြီး ဘတ်စ်ကားတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

လင်ချီးယဲ့သည် ထိုင်ခုံအောက်ရှိ ဘောင်ကို အပြင်းအထန် ဆုပ်ကိုင်ကာ လေ့ကျင့်ရေးစခန်းဆီသို့ ပြန်ကြည့်ရာ မီးတောက်လောင်ပြီး ရွှေရောင်တောက်နေတာကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် တခြားသော ဒုံးကျည်နှစ်စင်းလည်း ကျသွားသည်။

တစ်စင်းက သူတို့ဖြတ်သွားခဲ့သော စစ်တပ်စစ်ဆေးရေးဂိတ်မှာ ဆင်းသက်ပြီး ပေါက်ကွဲသံကြားလိုက်ကာ စစ်ဆေးရေးဂိတ်တစ်ခုလုံး မြေပြင်ပေါ်ကို လုံးလုံးပြိုကျသွားသည်။

ပြီးတော့ နောက်တစ်စင်းက… လူတိုင်း၏ခေါင်းပေါ်ကို ပြုတ်ကျလာသည်။

လင်ချီးယဲ့၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားပြီး နည်းပြဟုန်သည် ရုတ်တရက် မတ်တတ်ထလာကာ တစ်စုံတစ်ခု ပြုလုပ်တော့မည့်ပုံပေါ်သည်။ နောက်အခိုက်အတန့်တွင် လှံရှည်တစ်လတ်သည် နှင်းဆီနီရောင်မီးလျှံများဖြင့် ဝိုင်းရံထားသော အဝေးမှ ထွက်ပေါ်လာသည်။ 

ဤလှံရှည်၏ အရှိန်သည် အံ့သြဖွယ်ကောင်းပြီး သာမန်မျက်စိဖြင့် ၎င်း၏လှုပ်ရှားမှုလမ်းကြောင်းကို ဖမ်းဆုပ်မိရန် ခဲယဉ်းသည်။ ၎င်းသည် ကောင်းကင်ယံ၌ အနီရောင်မျဉ်းကိုဆွဲပြီး ဝေဟင်မှ ဒုံးကျည်ကို တိကျစွာ ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်။

ဗုန်း…


TK Team (Chapter 112)