Chapter 111
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၁၁)


Chapter 111 (အားလပ်ရက်)

"တစ်ယောက်ယောက်က လေ့ကျင့်ရေးစခန်းကို တစ်ခုခုလုပ်ချင်နေတာလား။" ယွမ်ကန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ "သူတို့ ရူးနေကြတာလား။ ဒီမှာ စောင့်ကြပ်နေတဲ့ နည်းပြဘယ်နှစ်ယောက်ရှိသလဲ။ အလင်းနဲ့အမှောင်ထဲမှာ ထားထားတဲ့ ထောင်ချောက်တွေ ဘယ်လောက်ရှိသလဲ။ သူတို့လုပ်ရဲသလား။"

"တချို့လူတွေက အကျိုးအမြတ် ကြီးမားသရွေ့ ဘာမဆို လုပ်ကြလိမ့်မယ်။"

"လေ့ကျင့်ရေးစခန်းတစ်ခုမှာ အကျိုးအမြတ်က ဘယ်ကရမှာလဲ။"

"လေ့ကျင့်ရေးစခန်းထဲမှာ ဘယ်သူရှိသလဲ။ နည်းပြယွမ် ငါ့အထင်ကတော့ မင်းငါ့ထက် ပိုသိပါတယ်။" ချန်မုရယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ယွမ်ကန်းသည် တစ်စုံတစ်ခုကို ပြောချင်သလို သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်။

"ပိုင်လီအုပ်စုရဲ့ သခင်လေးတစ်ဦးနဲ့တင် မှောင်ခိုဈေးကွက်မှာ အခု သူ့ခေါင်းကို သူတို့ဈေးဘယ်လောက်ခေါ်ထားသလဲ မင်းသိလား။" ချန်မုရယ်သည် သူ့လက်ကိုဖြန့်ပြီး နံပါတ်တစ်ခုကို ရေတွက်လိုက်သည်။

"သန်းရှစ်ရာ။ ပိုင်လီအုပ်စုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူရဲ့ အသက်ကိုရယူဖို့ တစ်စုံတစ်ယောက်က သန်းရှစ်ရာပေးချေဖို့ ဆန္ဒရှိနေတယ်။

ဒါက သေးငယ်တဲ့ဂဏန်းမဟုတ်ဘူး။ သန်းရှစ်ရာက လူများစွာအတွက် သူတို့ရဲ့အရာအားလုံးကို စွန့်စားဖို့ လုံလောက်တယ်။

ပိုင်လီအုပ်စုရဲ့ သခင်လေးကို သတ်ချင်ရင် ကွမ်ရှန်းမြို့မှာဆိုရင်တော့ ကောင်းကင်ကိုတက်သလို ခက်ခဲပေမယ့် ချန်းနန်မြို့သေးသေးလေးမှာဆိုရင်တော့… လူတော်တော်များများက စွန့်စားချင်ကြမယ်ထင်တယ်။

နည်းပြယွမ် ဒီလေ့ကျင့်ရေးစခန်းရဲ့ ကာကွယ်ရေးက ပိုင်လီအုပ်စုရဲ့ အခြေစိုက်စခန်းထက် ပိုပြီးလုံခြုံနိုင်မယ်လို့ ထင်လား။"

ချန်မုရယ်သည် ခေတ္တရပ်ပြီး ဆက်ပြောသည်။

"ဒါ့အပြင် ပိုင်လီမိသားစုရဲ့ သခင်လေးအပြင် မင်းရဲ့စခန်းမှာ မထင်မှတ်ဘဲ နတ်ဘုရားနှစ်ပါးရဲ့ ကိုယ်စားလှယ်တစ်ယောက်လည်း ရှိနေတယ်။

ဒီသတင်းကို အခု လူအများကြီးမသိကြ‌သေးပေမယ့် ရှေးနတ်ဘုရားကျောင်းရဲ့ စွမ်းအားနဲ့ သူတို့မသိဘူးလို့ မင်းထင်နေလား။ သူတို့က လင်ချီးယဲ့ စွမ်းအားကြီးလာမှာကို ဒီအတိုင်း တိတ်တဆိတ် ထိုင်စောင့်နေကြမှာလား။

ပိုင်လီအုပ်စုရဲ့ သခင်လေး၊ နတ်ဘုရားနှစ်ပါးရဲ့ ကိုယ်စားလှယ်၊ ဒီလူနှစ်ယောက်က မင်းစခန်းမှာရှိနေသရွေ့ သူတို့ယူဆောင်လာမယ့် ရေဝဲတွေကနေ မင်းဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး။

သူတို့က ငါးလလောက် သည်းခံထားပြီးပြီ။ အခု သူတို့စတင်လှုပ်ရှားနေပြီဆိုတော့ အပြည့်အဝပြင်ဆင်ထားလိမ့်မယ်။ အခု… မင်း ဒီလေ့ကျင့်ရေးစခန်းကို အရမ်းလုံခြုံတယ်လို့ ထင်နေတုန်းလား။"

ယွမ်ကန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သူ့မျက်လုံးများသည် တင်းမာမှုများနှင့် ပြည့်နှက်နေ၏။ "ငါဒီမှာရှိနေသရွေ့ သူတို့ကို ဘယ်သူမှ မထိခိုက်စေရဘူး။"

"မင်းက ရှန့်ကျင်းမြို့က တပ်ဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်ပြီး 'ဟိုင်'နယ်ပယ်မှာ သန်မာတဲ့သူပဲ။ မင်းဒီမှာထိုင်နေရင် သေချာပေါက် လုံခြုံတယ်ဆိုပေမယ့်…"

ချန်မုရယ်၏ မျက်လုံးများသည် တည်ကြည်နေပြီး အောက်ပါစာကြောင်းကို ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မင်းရဲ့နည်းပြတွေကြားမှာ သစ္စာဖောက်တွေမရှိဘူးဆိုတာ မင်း‌အာမခံနိုင်လား။"

ဗုန်း…

ယွမ်ကန်းသည် ထိုင်ခုံကနေ ရုတ်တရက်ထရပ်ပြီး ချန်မုရယ်၏မျက်လုံးများကို တင်းကျပ်စွာ စိုက်ကြည့်နေသည်။

"မင်းဘာကိုဆိုလိုတာလဲ။"

"အကျိုးအမြတ်ရဲ့ ဆွဲဆောင်မှုကို ဘယ်တော့မှ လျှော့မတွက်နဲ့။ လူ့သဘောသဘာဝရဲ့ တည်ကြည်မှန်ကန်မှုကို အလွန်အကျွံ မယုံကြည်နဲ့ … ငါပြောခဲ့သလိုပဲ သန်း ၈၀၀ က လူအများစုကို ရူးသွပ်သွားစေလောက်အောင် လုံလောက်တယ်။

မင်းရဲ့နည်းပြတွေက သံမဏိရေပုံးလိုဖြစ်နေရင်တောင်မှ ငါသိသလောက်တော့ ရှေးနတ်ဘုရားကျောင်းမှာ လှုံ့ဆော်မှုကောင်းတဲ့ နတ်ဘုရားကိုယ်စားလှယ်တွေ အများကြီးရှိတယ်။ မင်းရဲ့နည်းပြတွေထဲက ဘယ်သူမှ ခြယ်လှယ်ခြင်းမခံရဘူးလို့ မင်းအာမခံနိုင်လား။"

"ဒါဆို မင်းပြောသလိုဆိုရင် ငါတို့လေ့ကျင့်ရေးစခန်းက အခု အတွင်းအပြင်ပြဿနာတွေနဲ့ ပြည့်နေပြီး ငါတို့ကို အဖက်ဖက်ကနေ ဝိုင်းထားတာလား။" ယွမ်ကန်းက သရော်လိုက်သည်။ "ငါတို့လေ့ကျင့်ရေးစခန်းက ဒီလူအုပ်စုကို မတားနိုင်ရင်တောင် မင်းရဲ့တပ်ဖွဲ့ ၁၃၆ က လင်ချီးယဲ့ကို ကာကွယ်ပေးနိုင်မယ်လို့ ဘာကြောင့်မင်းထင်ရတာလဲ။"

"ဘာလို့လဲဆိုတော့ ငါတို့မှာလူခြောက်ယောက်ပဲရှိပြီး ငါတို့က အချင်းချင်း အပြည့်အဝနားလည်တဲ့အတွက် အနည်းဆုံးတော့ ငါတို့က အတွင်းပြဿနာတွေကို စိတ်ပူစရာမလိုဘူး။ အပြင်ပြဿနာတွေကတော့…" ချန်မုရယ်က ခပ်ရေးရေး ပြုံးလိုက်သည်။

"ငါတို့တပ်ဖွဲ့ ၁၃၆ က ပြင်ပကျူးကျော်မှုကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး။"

ယွမ်ကန်းသည် သူ့ရှေ့က ချန်မုရယ်ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားသည်။

ရှန့်ကျင်းမြို့ရှိ ညကင်းစောင့်တပ်ဖွဲ့သည် သာ့ရှတစ်ခုလုံးရှိ ညကင်းစောင့်တပ်ဖွဲ့များ၏ ခေါင်းဆောင်ဖြစ်နိုင်သည်ဟု ဆိုနိုင်ပြီး အကောင်းဆုံးထဲမှ အကောင်းဆုံးလူများကို စုစည်းထားခဲ့သည်။ ယွမ်ကန်းသည် လက်ထောက်ခေါင်းဆောင် ဖြစ်သောကြောင့် အရူးမဟုတ်ပေ။

ချန်မုရယ်ပြောသလို လေ့ကျင့်ရေးစခန်းပစ်မှတ်က အလွန်ကြီးမားသည်။ အထဲမှာ နည်းပြများနှင့် ထောက်ပံ့ပို့ဆောင်ရေးလူများ ၁၀၀ ကျော်ရှိသည်။ ဒီလောက်လူများစွာထဲတွင်… အတွင်းသူလျှိုမရှိဘူးလို့ သူတကယ်အာမခံနိုင်သလား။

ချန်မုရယ်ပြောသည့်အတိုင်း ပြင်ပအခြေအနေသည် ပြင်းထန်ပါက ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများကို တွန်းလှန်ရန် သူ့အတွက် ခက်ခဲမည်ဖြစ်သည်။ တကယ်ပဲ သူလျှိုများက ပြဿနာများကိုဖြစ်စေလျှင် အခြေအနေသည် အလွန်ပြင်းထန်သွားလိမ့်မည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ယွမ်ကန်းသည် သူ့ထိုင်ခုံတွင် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်ပြီး "ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။"

ချန်မုရယ်သည် သူ့လက်ဆစ်များဖြင့် စားပွဲကို ညင်သာစွာ တောက်ပြီး တစ်လုံးချင်းပြောလိုက်သည်။

"ရွှေပုစဉ်းရင်ကွဲကို သူ့အခွံကနေ ခွဲထွက်စေပြီး အဲဒါကို တစ်စစီဖျက်ဆီးလိုက်။"


ကျယ်လောင်သောအသံသည် ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။

တပ်သားသစ်များစွာသည် အိပ်ဆောင်အဆောက်အအုံမှ အမြန်ပြေးကာ လေ့ကျင့်ရေးကွင်းဆီသို့ သုံးမိနစ်အတွင်ူ ပြေးလာကြပြီး လူတိုင်း ကိုယ်ခံပညာစင်မြင့်အောက်သို့ ရောက်ရှိလာကြသည်။

နည်းပြဟုန်သည် လူအရေအတွက်ကို ရေတွက်ပြီး အနည်းငယ် ခေါင်းညိတ်ပြသည်။

"ကောင်းပြီ၊ ငါးလလောက် လေ့ကျင့်ပြီးပြီဆိုတော့ မင်းတို့က စစ်သားတွေနဲ့ တူလာပြီ…"

စင်မြင့်အောက်တွင် တပ်သားသစ်များသည် သူတို့၏ရင်ဘတ်ကို မြှောက်ကာ ဓားရှည်များကဲ့သို့ ထင်ရသည်။

"ဒီနေ့လယ်ခင်းမှာ ငါတို့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု လေ့ကျင့်ရေးအစား ကြေညာချက်တစ်ခုထုတ်ပြန်မယ်..." နည်းပြဟုန်၏ မျက်လုံးများက လူအုပ်ကြားကို ဖြတ်သွားကာ သူ့ပါးစပ်ထောင့်အနည်းငယ် မြှောက်တက်သွားသည်။ "ဒီလေ့ကျင့်ရေးရဲ့ ပထမနှစ်ဝက်က အထူးရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးတစ်ခုလည်း ဖြစ်တယ်။ တစ်လကြိုတင်ပြီးဆုံးသွားပြီ။

တစ်နည်းပြောရရင် ဒီနေ့ကစပြီး ငါတို့လေ့ကျင့်ရေးက နည်းဗျူဟာတွေ၊ အပူလက်နက်တွေနဲ့ တားမြစ်အပျက်အစီးတွေအပေါ် အာရုံစိုက်သွားမှာဖြစ်တယ်။"

ဤစာကြောင်း၏အဆုံးတွင် စင်မြင့်အောက်ရှိ တပ်သားသစ်များအားလုံး ရုတ်တရတ် ဝမ်းသာပီတိဖြစ်ကာ အချင်းချင်း တီးတိုးပြောစပြုလာသည်။

"ချီးယဲ့ ချီးယဲ့။ မင်းကြားလိုက်လား။ နောက်ဆုံးတော့ အိမ်မက်ဆိုးက ပြီးသွားပြီ…" ပိုင်လီဖက်တီးသည် အလွန်စိတ်လှုပ်ရှားနေပြီး ငိုချင်နေသည်။

လင်ချီးယဲ့လည်း သက်ပြင်းရှည်ကြီးချလိုက်သည်။ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးသည် အရေးကြီးသော်လည်း တစ်နေ့တာလုံး လေ့ကျင့်ခန်းလုပ်ရန် သူဆန္ဒမရှိပေ။ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေး စောစီးစွာပြီးဆုံးသည့်သတင်းက လူတိုင်းအတွက် ပျော်ရွှင်စရာဖြစ်ရပ်တစ်ခု ဖြစ်နိုင်သည်။

"ပြီးတော့ နောက်ထပ်…"

နည်းပြဟုန်သည် ထပ်မံပြောလိုက်ပြီး အားလုံးရုတ်တရက်တိတ်ဆိတ်သွားသည်။

"ငါတို့နည်းပြတွေရဲ့ သဘောတူညီမှုနဲ့ နောက်တစ်ဆင့် လေ့ကျင့်‌ရေးမစတင်မီ လူတိုင်းကို အားလပ်ရက်အချိန်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီနေ့ကနေစပြီး နှစ်သစ်ကူး ဒုတိယနေ့အထိ အားလပ်ရက် စုစုပေါင်း လေးရက်ပါ။"

အကယ်၍ ယခင်စာကြောင်းက သူတို့ကို စိတ်လှုပ်ရှားစေခဲ့လျှင် ဤစာကြောင်းကို ကြားလိုက်သောအခါတွင် လူတိုင်းက ပထမဆုံး အေးခဲသွားပြီး တိုက်ရိုက် ဝမ်းသာသွားကြသည်။

"ဘုရားရေ။ ချီးယဲ့။ မင်းကြားလိုက်လား။ ငါတို့တကယ် အားလပ်ရက်ရပြီ။" ပိုင်လီဖက်တီးသည် လင်ချီးယဲ့၏အဝတ်များကိုဆွဲကာ ပေါင်နှစ်ရာကျော် ကလေးတစ်ယောက်လို စိတ်လှုပ်ရှားနေသည်။

"တကယ်အားလပ်ရက်ပေးလား။" ချောင်ယွမ်း၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ့နားများကို မယုံနိုင်ဖြစ်မိသည်။

"ချီးယဲ့။ ပြန်သွားပြီး မင်းရဲ့ပစ္စည်းတွေကိုထုပ်ပိုးလိုက်။ ငါမင်းကို ကွမ်ရှန်းဆီ လှည်ပတ်ဖို့ခေါ်သွား…"

ပိုင်လီဖက်တီးသည် သူ့စကားကို ဆုံးအောင်မပြောရသေးခင် နည်းပြဟုန်က နောက်ထပ်စာကြောင်းကို ဆက်ပြောခဲ့သည်။

"ဒါပေမယ့်… အားလုံး ချန်းနန်ကနေ ထွက်သွားလို့မရဘူး။ ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရင် ညကင်းစောင့်အဖြစ် ဝင်ရောက်ခွင့်ဖို့ အရည်အချင်းပြည့်မီမှုကို တိုက်ရိုက်ဖယ်ရှားမယ်။"

ပိုင်လီဖက်တီး: "…"

လင်ချီးယဲ့က သူ့ပခုံးကို ပုတ်လိုက်သည်။ "ငါအရင်ပြောမယ်။ ငါ့ကိုအားမကိုးနဲ့နော်။ ငါ့မှာ ကိုယ်ပိုင်အိမ်မရှိဘူး။

"အားလုံး အဆောင်ကိုပြန်ပြီး ပစ္စည်းတွေထုပ်ပိုးကြ။ နာရီဝက်အတွင်း လေ့ကျင့်ရေးကွင်းမှာ ပြန်စုမယ်။ မင်းတို့အားလုံးကို ‌လိုက်ပို့ဖို့ ကားရှိတယ်။ ငါပြောတာကြားလား။"

"ကြားပါတယ်။"

"တန်းဖြုတ်တော့။"

ဝှီး…

မူလ သပ်ရပ်သော လူတန်းကြီးသည် ပြန့်ကျဲသွားကာ လူတိုင်း၏မျက်နှာက စိတ်လှုပ်ရှားမှုအပြည့်ရှိနေသည်။ သူတို့သည် အိမ်မပြန်နိုင်သော်လည်း အသက်ရှူဖို့ အပြင်ထွက်ပြီး မီးရှူးမီးပန်းများ ပစ်လွှတ်တာကို ခံစားနိုင်တာက ကောင်းပါသည်။

"ချီးယဲ့ သွားရအောင်။ ပြန်သွားပြီး မင်းပစ္စည်းတွေ သွားယူတော့။" လင်ချီးယဲ့ မလှုပ်မယှက် မတ်တတ်ရပ်နေတာကိုမြင်တော့ ပိုင်လီဖက်တီးက ပြောလိုက်သည်။

လင်ချီးယဲ့၏ မျက်ခုံးသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ခဏမျှ စဉ်းစားလိုက်သည်။

"ဒီတစ်ခေါက် အားလပ်ရက်က ရုတ်တရက်ဖြစ်လွန်းတယ်လို့… မင်းမထင်ဘူးလား။"


TK Team (Chapter 111)