Volume 1 (သေမျိုးနယ်မြေ ၁၀၄)
Chapter 104 (လက်ဆောင်ကြီး)
ယနေ့မနက်ပိုင်း လေ့ကျင့်ရေးမရှိသောကြောင့် အချိန်က သိပ်အရေးမကြီးပေ။ လင်ချီးယဲ့သည် အလျင်လိုမနေဘဲ ဆေးရည်စိမ်ပြီးနောက် အဝတ်အစားလဲပြီး ကန်တင်းကို သွားလိုက်သည်။
ချောင်ယွမ်းပြောတာမှန်သည်။ ယနေ့၏ ကန်တင်းမှာ ရွံ့စရာ ဂျုံပေါင်မုန့်ဖြူနှင့် အသားစိမ်းတွေ မဟုတ်ဘဲ အရသာရှိသော တရုတ်မနက်စာ ပဲနို့၊ မုန့်ညက်ချောင်းကြော်၊ ဘန်းမုန့်၊ ပေါင်မုန့်ပြား၊ ဆန်ပြုတ်တို့ ဖြစ်သည်…
ထိုအချိန်တွင် ကန်တင်းမှာ တပ်သားသစ်များ ပြည့်နေသည်။ အိမ်မက်ဆိုး ပြင်းထန်သောလေ့ကျင့်ရေးပြီးနောက် သူတို့သည် တကယ်ဆာလောင်နေပြီး အစားသရဲများကဲ့သို့ သူတို့ပါးစပ်ထဲကို အစားအစာများထည့်နေကြသည်။
ဘန်းမုန့် နှစ်ပန်းကန်စားပြီးသွားသော ပိုင်လီဖက်တီးကို ကြည့်ရင်း လင်ချီးယဲ့ပါးစပ်ထောင့်က အနည်းငယ်လှုပ်သွားသည်။
"ချီးယဲ့ ဒီဘန်းမုန့်က တကယ်အရသာရှိတယ်၊ အဲဒီအဘိုးကြီးစွန်းက အသိတရားများ ရလာတာလားမသိဘူး… လာစားကြည့်ပါလား။" ပိုင်လီဖက်တီးသည် သူ့ပါးစပ်ထဲကို စားစရာများထည့်ပြီး လင်ချီးယဲ့ကို ဘန်းမုန့်တစ်ခု ပေးလိုက်သည်။
လင်ချီးယဲ့သည် ငြင်းဆန်မနေဘဲ သူ့လက်ထဲတွင် ဘန်းမုန့်ကို ကိုင်ထားပြီး ပဲနို့နဲ့အတူ အေးအေးဆေးဆေး စားနေသည်။
"စကားမစပ် ချီးယဲ့၊ မင်း မနေ့ညက တောင်ထဲကနေ ဘယ်လိုထွက်လာတာလဲ။ မင်း မေ့လဲသွားတာလဲ၊ ဒါမှမဟုတ် အပစ်ခံရတာလား။" ပိုင်လီဖက်တီးက တစ်စုံတစ်ခုကို တွေးမိပုံရပြီး မေးလိုက်သည်။
လင်ချီးယဲ့သည် မနေ့ညက အချိန်ကြာခဲ့သောကြောင့် တခြားတပ်သားသစ်များကို လေ့ကျင့်ရေးစခန်းသို့ ပြန်ပို့ခဲ့သည်။ ထုံးစံအတိုင်း လင်ချီးယဲ့က ကျင်းနန်တောင်ကို တစ်ယောက်တည်း ဖြတ်ကျော်ခဲ့ကြောင်း ဘယ်သူမှမသိပေ။
"ထွက်လာတာ။" လင်ချီးယဲ့က ပေါ့ပါးစွာ ဖြေလိုက်သည်။
ပိုင်လီဖက်တီးသည် လင်ချီးယဲ့၏အဓိပ္ပါယ်ကို ခဏတာ သဘောမပေါက်နိုင်ဘဲ အချိန်အတော်ကြာ မှင်တက်သွားပြီး ထိတ်လန့်စွာ ပြောလိုက်သည်။
"မင်းဆိုလိုတာက… မင်းတကယ်ကြီး ကျင်းနန်တောင်တစ်ခုလုံးကို ဖြတ်ကျော်နိုင်ခဲ့တာလား။"
"အင်း။"
"…မင်း ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။"
"…"
"မင်းတကယ် လုပ်နိုင်တာပဲ။" ချောင်ယွမ်းသည် တစ်ဖက်စားပွဲမှ တိတ်တဆိတ် ချဉ်းကပ်လာပြီး လင်ချီးယဲ့၏ပန်းကန်ထဲကို အသားတုံးကြီး ထည့်ပေးလိုက်သည်။ "ကံကောင်းစွာပဲ ငါတို့က တချို့မိစ္ဆာဒိဋ္ဌိတွေကို အရှက်မရစေခဲ့ဘူး။"
ပိုင်လီဖက်တီးက ကြောင်တောင်တောင် သူ့ခေါင်းကိုကုတ်လိုက်သည်။ "နေပါဦး၊ မင်းတို့က ‘မိစ္ဆာဒိဋ္ဌိတွေ’လို့ ပြောရအောင် မင်းတို့နှစ်ယောက်အပြင် ဘယ်သူရှိသေးလို့လဲ။"
လင်ချီးယဲ့နှင့် ချောင်ယွမ်းတို့သည် ပိုင်လီဖက်တီးကို တစ်ချိန်တည်း ကြည့်လာကြသည်။
ပိုင်လီဖက်တီး: "…"
"ငါက သာမန်…"
"ပါးစပ်ပိတ်ထား။"
"အိုး"
လင်ချီးယဲ့သည် ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် သူ့လက်ထဲက ပန်းကန်လုံးကို ချလိုက်ပြီး နံရံပေါ်ရှိ နာရီကို ကြည့်လိုက်သည်။
"မင်းတို့စားကြ၊ ငါလုပ်စရာရှိသေးတယ်။"
ပြောပြီးနောက် သူလှည့်ပြီး ကန်တင်းမှ ထွက်သွားခဲ့သည်။
ပိုင်လီဖက်တီးသည် သူ့မျက်ခုံးကိုပင့်ပြီး ချောင်ယွမ်းကို ပြောလိုက်သည်။ "မင်းပြောကြည့်စမ်း၊ ဒီနေ့ သူ ဘာထူးထူးဆန်းဆန်းသွားလုပ်မှာလဲ။"
"ဘယ်သူသိမှာလဲ။" ချောင်ယွမ်းက မျက်နှာသေဖြင့် ပြောသည်။ "ဘာပဲဖြစ်ဖြစ် ချစ်သူနဲ့ သီးသန့်သွားချိန်းတွေ့မှာမဟုတ်တာ။"
"ဘာလို့လဲ။"
"သူ့ပင်ကိုယ်စရိုက်နဲ့ ဒါကဖြစ်နိုင်တယ်လို့ မင်းထင်လား။"
"…ဟုတ်သားပဲ"
…
လင်ချီးယဲ့သည် ကန့်တင်းမှ ထွက်လာပြီးနောက် နည်းပြရုံခန်းသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
"သတင်းပို့ပါတယ်။"
"ဝင်ခဲ့"
လင်ချီးယဲ့သည် ရုံးခန်းထဲသို့ ဝင်လာသောအခါ နည်းပြဟုန်သည် သူ့ကိုကြည့်ပြီး ရုတ်တရက် ခေါင်းကိုက်လာသည်။
"ငါမင်းကို ပြောမယ် ကောင်လေး၊ ဒါက အရမ်းအပြုသဘော မဆောင်လွန်းဘူးလား။ ငါမင်းကို မနေ့ညက ဒီကိုလာဖို့ ပြောလိုက်ပေမယ့် မင်းက ဒီမနက်စောစောမှာ တကယ်ရောက်လာတယ်လား။"
"ကျွန်တော့်မှာ အချိန်ရှိနေလို့ပါ။" လင်ချီးယဲ့က ပခုံးတွန့်ပြသည်။
"ထိုင်ပါ။"
နည်းပြဟုန်သည် မတ်တတ်ထရပ်ကာ သူ့နောက်မှ ဗီရိုထဲကနေ စာအိတ်နှင့် အနက်ရောင်သေတ္တာလေးကို ထုတ်ပြီး ၎င်းတို့ကို လင်ချီးယဲ့အား ပေးလိုက်သည်။
"မနေ့က ဝမ်မြန့် ငါတို့ကို ပြောထားပြီးသားပါ၊ အခြေအနေတွေက နည်းနည်းများလွန်းပေမယ့် ငါတို့ လက်မခံလို့မရဘူး။
ဘယ်ဘက်က စာအိတ်ထဲမှာ ယွမ် ၅၀၀,၀၀၀ ပါတဲ့ ဘဏ်ကတ်ရှိပြီး စကားဝှက်ကို အဲဒီပေါ်မှာ ရေးထားတယ်။ ဘယ်ဘဏ်မှာမဆို မင်းထုတ်ယူလို့ရတယ်။
ညာဘက်က သေတ္တာထဲမှာ ငါတို့မင်းကို ဆုချတဲ့ တားမြစ်ပစ္စည်းရှိတယ်။"
နည်းပြဟုန်သည် သူ့ထိုင်ခုံမှာ ပြန်ထိုင်ပြီး စိတ်ခံစားချက်ဖြင့် ပြောလိုက်သည်။
"မင်းက တကယ်တော်တာပဲ၊ ခေါင်းဆောင်ယွမ်ဆီကနေ ပစ္စည်းရတာ လူသိပ်မရှိဘူး။"
လင်ချီးယဲ့က ကြောင်သွားသည်။ "နည်းပြယွမ်က ဒါကို သူကိုယ်တိုင်ပေးခဲ့တာလား။"
"ဟုတ်တယ်။" နည်းပြဟုန်သည် ထိုင်ခုံနောက်သို့ သူ့ခေါင်းမှီလိုက်ပြီး ဖြည်းညှင်းစွာ ဆိုသည်။ "မျက်နှာဖုံးအဖွဲ့ကို မင်းနဲ့ တိုက်ခိုက်ခိုင်းတာက ခေါင်းဆောင်ရဲ့အကြံပဲ။ ဒီလိုရှုံးသွားမယ်လို့ ငါမထင်ထားခဲ့ဘူး… ခေါင်းဆောင်ကိုယ်တိုင်က မင်းအတွက် ဒီသတ်မှတ်ချက်တွေ ချမှတ်ဖို့ ခံယူထားပြီသား။ ငါတို့က သူ့ကို ကူညီဖို့ ကြိုးစားပေမယ့် သူမလိုလားခဲ့ဘူး။"
လင်ချီးယဲ့သည် သူ့ရှေ့က စာအိတ်နှင့် သေတ္တာကိုကြည့်ရင်း ခဏတာ တိတ်ဆိတ်သွားပြီး စာအိတ်ကို ပြန်တွန်းပို့လိုက်သည်။
"ဒါကအဆင်ပြေပါတယ်။"
နည်းပြဟုန်က မှင်တက်သွားသည်။ "ဒါကို မင်း အရင်က ပြောခဲ့ပေမယ့် အခု မင်းမလိုချင်တော့ဘူးလား။"
"မလိုတော့ဘူး။"
"တကယ်တော့ မင်း ဒီလိုလုပ်စရာ မလိုပါဘူး။ ဒါက ငါတို့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ပေကျင်းမှာရှိတဲ့ ညကင်းစောင့်အဖွဲ့ရဲ့ လက်ထောက်လည်းဖြစ်တယ်။ သူက အဆင့်မြင့်ညကင်းစောင့်ရဲ့ ရာထူးကိုလည်း ကိုင်ထားတယ်။ သူက ယွမ် ၅၀၀,၀၀၀ လောက်နဲ့ ပိုက်ဆံပြတ်လတ်သွားမယ်လို့ မင်းထင်လား။"
"ဒါက ပိုက်ဆံပြတ်လတ်တာ၊ မပြတ်လတ်တာနဲ့ မဆိုင်ပါဘူး။" လင်ချီးယဲ့က တည်ငြိမ်စွာ ပြောသည်။ "စစ်သားတွေဆီက ပိုက်ဆံကို ကျွန်တော်လက်မခံဘူး။"
နည်းပြဟုန်သည် လင်ချီးယဲ့ကို အံ့ဩသင့်စွာကြည့်ပြီး အတန်ကြာပြီးနောက် ပြောလိုက်သည်။ "မင်း ဒါကိုတွေးထားရမယ်နော်၊ ဒီတစ်ခေါက် မင်းမလိုချင်ရင် နောက်တစ်ခါ မင်းလိုချင်လာရင် ငါမင်းကို မပေးတော့ဘူး။"
"မလိုချင်ဘူး။"
"ကောင်းပြီ၊ ပြီးရော" နည်းပြဟုန်သည် ခေါင်းညိတ်ပြီး စာအိတ်ကို ပြန်ယူပြီးနောက် စားပွဲပေါ်က သေတ္တာကို ယူရန် လက်လှမ်းလိုက်သည်…
ဘုတ်…
လင်ချီးယဲ့သည် လက်ဆန့်ပြီး သေတ္တာကို ဖိထားသည်။
"ဒါက ကျွန်တော့်ဟာလေ။" လင်ချီးယဲ့သည် နည်းပြဟန်၏မျက်လုံးများကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
"…မင်းပဲမလိုချင်…" နည်းပြဟုန်က ပြုံးလိုက်သည်။
"ကျွန်တော်က ပိုက်ဆံမလိုချင်ပေမယ့် ဒီပစ္စည်းက ကျွန်တော့်အတွက် အသုံးဝင်တယ်။"
"ဟေ့ ငါမင်းကို နောက်တာပါ။" နည်းပြဟုန်သည် သူ့လက်ကိုလွှတ်ပြီး ပြုံးလိုက်သည်။ "ခေါင်းဆောင် ဒီပစ္စည်းကို ထုတ်လိုက်တုန်းက သူ့အမူအရာက ဘယ်လောက်စိတ်ညစ်နေလဲဆိုတာ မင်းမသိဘူး။"
"အထဲမှာ ဘာပါတာလဲ။"
"ဖွင့်ကြည့်လိုက်လေ။"
လင်ချီးယဲ့သည် သူ့လက်ထဲက သေတ္တာကို ဖွင့်လိုက်ပြီး အထဲတွင် အပြာရောင်စိန်ပုံသဏ္ဌာန် သလင်းကျောက်ရှိနေပေမယ့် လက်သည်းအရွယ်အစားဖြင့် မျက်နှာပြင်သည် ခပ်ဖျော့ဖျော့ အရောင်အဝါကို ထုတ်လွှတ်နေကာ တစ်ချက်ကြည့်ရုံနဲ့ သာမန်မဟုတ်မှန်း ပြောနိုင်သည်။
"ဒါက…"
"[မိုးပြာရောင်နှလုံးသား]၊ ဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က အရှေ့တရုတ်ပင်လယ်မှာ ဆယ်ယူရရှိတဲ့ တားမြစ်ပစ္စည်းပဲ။ အဲဒါရဲ့ တစ်မီတာအတွင်း တားမြစ်အပျက်အစီး နံပါတ် ၂၇၈ [မိုးပြာရောင်အကာအကွယ်] ကို အမြဲဖွင့်ထားပြီး စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအများစုကို ခံနိုင်ရည်ရှိတယ်။
သေချာပေါက် ခံနိုင်ရည်ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ပမာဏ ကန့်သတ်ချက် ရှိတယ်။ တိုက်ခိုက်သူက မင်းထက် စိတ်စွမ်းအားမြင့်ရင် အားနည်းတဲ့အခြေအနေကို ရောက်သွားလိမ့်မယ်။"
လင်ချီးယဲ့၏ မျက်လုံးများ တောက်ပလာသည်။
ယခု သူ့တွင် နတ်ဘုရားနှစ်ပါးရှိသော်လည်း တစ်ယောက်မှာမှ စိတ်ပိုင်းဆိုင်ရာစွမ်းရည်မရှိပေ။ ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးရှင်းရှင်း အမူအရာဖြင့် တိုက်ခိုက်ရတာက ကောင်းပါသည်။ တစ်စုံတစ်ယောက်သည် သူ့အပေါ် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု အသုံးပြုလာပါက တောက်လောင်ခြင်း ကောင်းကင်တမန်တော် စွမ်းအားကို ခုခံဖို့ တိုက်ရိုက်အသုံးပြုခြင်းမှလွဲ၍ တခြားနည်းလမ်းမရှိပေ။
ကောင်းကင်တမန်တော်၏ နတ်စွမ်းအားသည် စိတ်စွမ်းအားများစွာကို ပို၍သုံးစွဲရပြီး တိုက်ခိုက်ရန် အလားအလာရှိကာ ခုခံမှု အားမကောင်းပေ။ [မိုးပြာရောင်နှလုံးသား] သည် သူ၏အားနည်းချက်ကို တိုက်ရိုက် ပြုပြင်ပေးသည်။
"ပစ္စည်းကောင်းပဲ။" လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။
"ခေါင်းဆောင် ထုတ်လိုက်တဲ့ပစ္စည်းက ဘယ်လိုလုပ်မကောင်းရမှာလဲ။" နည်းပြဟုန်က ပြုံးလိုက်သည်။ "ပြန်သွားပြီး မင်းခန္ဓာကိုယ်မှာ အဲဒါကိုဝတ်ထားဖို့ ကြိုးတစ်ချောင်းရှာလိုက်။ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး၊ အနည်းဆုံးတော့ 'ချွမ်း' နယ်ပယ်အောက်မှာ ရှိတာကြောင့် လုံလောက်ပါတယ်။"
လင်ချီးယဲ့သည် တည်ကြည်စွာ [မိုးပြာရောင်နှလုံးသား] ကို ဖယ်လိုက်ပြီး "ကျွန်တော့်အတွက် နည်းပြယွမ်ကို ကျေးဇူးတင်ပါတယ်။"
နည်းပြဟုန်က သူ့လက်ကို ဝှေ့ယမ်းပြီး "ယဉ်ယဉ်ကျေးကျေးတွေ ပြောမနေနဲ့တော့၊ မြန်မြန်ပြန်ပြီး လေ့ကျင့်ရေးစတင်တော့မယ်။"
လင်ချီးယဲ့သည် နည်းပြဟုန်ကို နှုတ်ဆက်ပြီး ရုံးခန်းထဲမှ အမြန်ထွက်သွားသည်။
သူထွက်သွားပြီးနောက် ယွမ်ကန်း၏အသွင်အပြင်သည် ရုံးခန်းထဲတွင် သရဲတစ္ဆေလိုပေါ်လာပြီး စားပွဲပေါ်ရှိ စာအိတ်ကိုကြည့်ကာ သူ့နှုတ်ခမ်းထောင့်က အနည်းငယ်မြှောက်တက်သွားသည်။
"ခေါင်းဆောင် သူ့ကို ဘယ်လိုထင်လဲ။" နည်းပြဟုန်သည် ယွမ်ကန်း၏အသွင်အပြင်ကို လုံးဝအံ့ဩခြင်းမရှိပေ။
"အရမ်းကောင်းတယ်၊ ဝမ်မြန့်က သူ့ကို သဘောတူညီမှုအကြောင်း မပြောခဲ့ရင်တောင် သူ့ကို [မိုးပြာရောင်နှလုံးသား]ပေးဖို့ ငါနည်းလမ်းရှာမှာပါ၊ ဒါ့အပြင် သူက ကောင်းကင်တမန်တော်ရဲ့ ကိုယ်စားလှယ်ဖြစ်တာကြောင့် ငါစောစောမသေခိုင်းပါဘူး။"
ယွမ်ကန်းသည် ခေါင်းမော့ပြီး
လင်ချီးယဲ့ထွက်သွားသော ဦးတည်ရာဘက်ကို ကြည့်လိုက်သည်။
"အခုရော"
"အခုတော့ သူက ငါ့ဆီကနေ ဒီလက်ဆောင်ကြီးနဲ့ တကယ်ထိုက်တန်တယ်လို့ ငါထင်တယ်။"
TK Team (Chapter 104)