Chapter 103
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၀၃)


Chapter 103 (နောင်တ)


လင်ချီးယဲ့သည် ဒီစကားလုံးကို ကြားသောအခါ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်သွားသည်။ 


သူသည် ဓားကို လက်နောက်ဘက်တွင် ကိုင်ထားပြီး သူ့အသွင်အပြင်က တောထဲမှာ သရဲတစ္တေလို ဖြစ်နေသည်။ ယခုအခါ သူသည် ကန့်သတ်စရာမလိုတော့ဘဲ သူ့အမြန်နှုန်းက အဆမတန်တိုးလာသည်။


လျှို့ဝှက်ဆန်းကြယ် တားမြစ်ပစ္စည်းများကို ဖိနှိပ်ထားပေမယ့် [ညကောင်းကင်အက]အပေါ် သက်ရောက်မှုက သိပ်မကောင်းဘဲ ယခုအခါ သူသည် အမှောင်ထုအမြင်၊ နှစ်ဆပြန်လည်ကောင်းမွန်မှု၊ အလွန်သက်လုံကောင်းမွန်မှု၊ အမြန်နှုန်းနှစ်ဆနှင့် မြေပုံအပြည့်ဖြင့် လှည့်စားစက်ရှိသော ကစားသမားတစ်ဦးလိုဖြစ်နေသည်။


နည်းပြများလက်ထဲ၌ နေရာချထားသည့်ကိရိယာတွင် လင်ချီးယဲ့သည် ကျင်းနန်တောင်တစ်ခုလုံးကိုဖြတ်၍ တစ်ဖက်သို့ တည့်တည့်ပြေးလာနေသည်။


ထိုအချိန်တွင် တခြားတပ်သားသစ်များ တင်ဆောင်လာသော ဘတ်စ်ကားလေးစီးသည် အချိန်အတော်ကြာ ထွက်ခွာသွားခဲ့ပြီး ရိက္ခာများတင်ဆောင်ထားသည့် ကားတစ်စင်းနှင့် နည်းပြများသာ ကျန်ရှိတော့ကာ ညအမှောင်အောက်တွင် ကျင်းနန်တောင်ထွက်ပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။


လင်ချီးယဲ့၏အနောက်မှ ဒရုန်း၏ဘက်ထရီများသည် တဖြည်းဖြည်း အားကုန်ပြီး အခြေစိုက်စခန်းသို့ ပြန်သွားခဲ့ရသည်။ လင်ချီးယဲ့နောက်ကိုလိုက်နေရသော ဆေးဘက်ဆိုင်ရာစစ်သားများလည်း စတင်ရုန်းကန်နေပြီး သူတို့သည် သူ့ကြောင့် တဖြည်းဖြည်း နောက်ကျကျန်နေခဲ့ကာ မကြာခင် လုံးဝပျောက်ကွယ်သွားခဲ့သည်။


လျင်မြန်စွာ ရွေ့လျားနေဆဲဖြစ်သော မြေပုံပေါ်ရှိ အနီစက်လေးကြောင့်သာ မဟုတ်ပါက လင်ချီးယဲ့နဲ့ အဆက်အသွယ်ပြတ်သွားသည်ဟု နည်းပြများက ထင်မြင်ကြလိမ့်မည်။


ကျင်းနန်တောင်သို့ဝင်ရောက်ပြီး ကိုးနာရီအကြာ…


ကျင်းနန်တောင်သို့ဝင်ရောက်ပြီး ဆယ်နာရီအကြာ…


နည်းပြများ၏ ဘတ်စ်ကားသည် ကျင်းနန်တောင်၏ အခြားတစ်ဖက်စွန်းသို့ ရောက်ရှိနေပြီဖြစ်ပြီး သူတို့အားလုံး ဘတ်စ်ကားပေါ်မှ ဆင်းကာ သူတို့၏ ညမြင်ကွင်းမှန်ပြောင်းဖြင့် ရှေ့မှ လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည်။


"သူ ဘယ်လောက်ကြာနိုင်သေးလဲ။"


"အရမ်းနီးနေပြီ… နှစ်နာရီပဲလိုတော့တယ်။ သူဘယ်လိုလုပ်နိုင်တာလဲ။" တက်ဘလက်ကို ကိုင်ဆောင်ထားသော နည်းပြသည် မနေနိုင်ဘဲ ပြောလိုက်သည်။ "[ဖိနှိပ်ခြင်းအပျက်အစီးကျောက်တိုင်]က သူ့ရဲ့တားမြစ်အပျက်အစီးကို လုံးဝမဖိနှိပ်နိုင်ရင်တောင် ဒီအမြန်နှုန်းက အရမ်းကြောက်စရာကောင်းတယ်။"


"သူက တစ္ဆေအသွင်နဲ့ တိုက်ရိုက်လွှင့်မျှောနေတာလား။"


"နတ်ဘုရားကိုယ်စားလှယ်တွေအားလုံးကပဲ သာလွန်နေတာလား။ ဝမ်မြန့် ပထမဆုံး ပြင်းထန်တဲ့လေ့ကျင့်ရေးသင်တန်းတုန်းက အချိန်ဘယ်လောက်ကြာခဲ့လဲ။" နည်းပြဟန်လိက မေးလိုက်သည်။


"အကောင်းဆုံးအချိန်က ခြောက်နာရီ ဒါပေမယ့် အဲဒီအချိန်က သူပြီးလုနီးပါးဖြစ်ခဲ့ပြီး အဲဒီမတိုင်ခင် အရမ်းပြင်းထန်တဲ့ လေ့ကျင့်ရေးငါးခုမှာ သူ တစ်ခါမှ မြေပြင်တစ်ခုလုံးကို အမှန်တကယ် မဖြတ်ကျော်နိုင်ခဲ့ဘူး။" နည်းပြဟုန်သည် သူ့ရှေ့က အနက်ရောင်တောင်ကို စိုက်ကြည့်သည်။


"အရင်လေ့ကျင့်ရေးနေရာက ကျင်းနန်တောင်မဟုတ်ပေမယ့် အဲဒီနှစ်ခုကြားမှာ ကွာခြားမှုအနည်းငယ်ပဲရှိပြီး ကျင်းနန်တောင်ရဲ့မြေပြင်အနေအထားက ပိုပြီးခက်ခဲတယ်…"


"သူတင်မကဘူး လေ့ကျင့်ရေးစခန်းသမိုင်းတစ်လျှောက် ပြင်းထန်တဲ့ လေ့ကျင့်ရေးကို အမှန်တကယ် ကျော်ဖြတ်နိုင်တဲ့ လူအနည်းငယ်သာ ရှိပြီး ပထမဆုံးလေ့ကျင့်ရေးကို ဖြတ်ကျော်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။"


"ဒီတစ်ခေါက် လင်ချီးယဲ့က အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့ရင် သူက ငါတို့လေ့ကျင့်ရေးစခန်းရဲ့ သမိုင်းကြောင်းကို ဖန်တီးနိုင်သူအဖြစ် မှတ်ယူလို့ရတယ်…"


"သူ မကြာခင် ရောက်လာတော့မယ်။" နည်းပြ၏အသံကို ထပ်မံကြားရပြန်သည်။


နည်းပြဆရာများအားလုံးသည် ငြိမ်သက်နေပြီး သူတို့၏ မှန်ပြောင်းကို ထုတ်ကာ ရှေ့ကို ဂရုတစိုက်ကြည့်နေကြသည်။


ရုတ်တရက် အနက်ရောင်တောင်တန်းကြီးအောက်မှာ ရွှံ့ပေနေသောကောင်လေးတစ်ယောက် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်...


သူ၏စစ်ဝတ်စုံမှာ သစ်ကိုင်းများခြစ်ရာနှင့် ရွှံ့များ ပြည့်နှက်နေပြီး ဦးခေါင်းပေါ်ရှိ ဦးထုပ်သည် တစ်နေရာတွင် ပျောက်ဆုံးသွားကာ သူ့လက်ထဲတွင် ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့လက်ဖဝါးမှ သွေးမြေကျနေသည်။


လရောင်အောက်တွင် ချောမောသော မျက်နှာသည် ပို၍ ကြည်လင်လာ၏။ သူသည် နည်းပြများရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာကာ ရပ်လိုက်သည်။


"ကျွန်တော်ပြီးပြီလား။"


လင်ချီးယဲ့၏အသံက ဩရှရှဖြစ်နေသည်။


နည်းပြများ အံ့အားသင့်သွားသည်။ ခဏအကြာတွင် နည်းပြဟုန်သည် ရှေ့သို့ လှမ်းလာပြီး ပခုံးပေါ် လက်ဖြင့် ပုတ်လိုက်သည်။


"မင်းပြီးပြီ။" သူက ပြောလိုက်သည်။ "မင်း သမိုင်းတွင်ခဲ့ပြီ။"


လင်ချီးယဲ့၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်ကာ ရှေ့သို့ ထိန်းမနိုင်သိမ်းမရ လဲကျသွားသည်။ နည်းပြဟုန်သည် လျင်မြန်သော အမြင်အာရုံရှိပြီး အလျင်အမြန် လက်ဆန့်ကာ သူ့ကို ထောက်ကူပေးသည်။


လင်ချီးယဲ့ အမှန်တကယ် ပင်ပန်းနေခဲ့သည်။ [ညကောင်းကင်အက]၏ ကောင်းချီးများရှိနေလျှင်ပင် ဤကဲ့သို့ပြင်းထန်သောလေ့ကျင့်မှုမှာ သူသည်ကန့်သတ်ချက်သို့ရောက်ရှိနေပြီဖြစ်ပြီးကန့်သတ်ချက်ကိုပင် လုံးဝချိုးဖျက်လိုက်သည်။


သူသည် ဒီနေရာအထိ တောင့်ခံနေနိုင်တာက ထို[ညကောင်းကင်အက]ကြောင့်သာမက သူ၏အံ့ဩဖွယ် ဇွဲလုံ့လနှင့် မဆုတ်မနစ်ကြိုးစားမှုကြောင့် ဖြစ်သည်။ 


နည်းပြဟုန်သည် သူ့ဘေးတွင်ထိုင်ရန် သူ့ကို ကူညီပေးခဲ့သည်။ နည်းပြဟန်လိသည် သူ့ကို ရေဘူးလှမ်းပေးပြီး လက်မထောင်ပြသညိ။


"အံ့ဩဖွယ်ပဲ။"


လင်ချီးယဲ့သည် အနည်းငယ် ပြုံးပြီး ရေဘူးကို ယူကာ သူ့ပါးစပ် ရေလောင်းထည့်လိုက်သည်။


ဆယ်နာရီကြာအောင် အလယ်တွင် စမ်းချောင်းထဲက ရေကလွဲ၍ သူ ဘာမှမသောက်ခဲ့ရဘဲ သူ့လည်ချောင်းက ခြောက်ကပ်ပြီး အငွေ့ထွက်နေလေပြီ။


"ဖြည်းဖြည်းသောက်ပါ။ ဖြည်းဖြည်းသောက်ပါ။" နည်းပြဟန်လိက နှုတ်ခမ်းသပ်လိုက်သည်။ 


"ကျွန်တော် ရုတ်တရက် တစ်ခုသတိရပြီ။"


"ဘာလဲ။"


"ခင်ဗျားတို့ ကျွန်တော့်ကို လျော်ကြေးမပေးသေးဘူး။" လင်ချီးယဲ့က အလေးအနက် ပြောလိုက်သည်။


"လျော်ကြေးလား။" နည်းပြဟန်လိက ထိတ်လန့်သွားသည်။ "ဘာလျော်ကြေးလဲ။"


နည်းပြဟန်လိသည် ယနေ့နံနက်မှ ရောက်ရှိလာပြီး မနေ့က တပ်သားသစ်များနှင့် မျက်နှာဖုံးတို့ကြားရှိ တိုက်ပွဲနဲ့ပတ်သက်၍ သူ ရှင်းရှင်းလင်းလင်း မသိခဲ့သော်လည်း တခြားနည်းပြများကတော့ သူတို့စိတ်ထဲရှိ မှန်ချပ်များကဲ့သို့ပင်။ လင်ချီးယဲ့၏စကားကိုကြားတော့ သူတို့က ရှက်ရွံ့စွာ အဝေးကို ခေါင်းလှည့်လိုက်ကြသည်။


"စိတ်မပူပါနဲ့၊ မင်းက မရှိမဖြစ်ပဲ၊ မနက်ဖြန် အချိန်ရရင် ငါ့နေရာဆီလာခဲ့ပါ။"


နည်းပြဟုန်သည် သူ့ဘေးကို လျှောက်လာပြီး သူ့လက်ထဲတွင် လက်စွပ်တစ်ကွင်းကို ကိုင်ဆောင်ကာ ကူကယ်ရာမဲ့ ပြောလိုက်သည်။


"ကောင်းပြီ။" လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။


"သမိုင်းဖန်တီးသူအနေနဲ့ မင်း ပြစ်ဒဏ်ကို ခံယူချင်သလား။"


လင်ချီးယဲ့က ကြောင်သွားသည်။ "ကျွန်တော်အောင်တယ်လေ၊ ဘာလို့ ကျွန်တော်က ပြစ်ဒဏ်ခံယူရမှာလဲ။"


"ဟေ့ ကစားရအောင်ပါ။ ဘာပဲဖြစ်ဖြစ် အခု ဘယ်သူမှ နားထောင်မနေဘူးလေ၊ ဒီတော့ မေးခွန်းတစ်ခုမေးကြည့်ရအောင်။"


လင်ချီးယဲ့သည် ခဏမျှ တုံ့ဆိုင်းသွားကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။"


သူသည် [အမှန်ပြောခြင်းလက်စွပ်] ကို ယူပြီး သူ့လက်ညှိုးပေါ်တင်လိုက်သည်။


နည်းပြဟုန်သည် အချိန်အတော်ကြာ ရှုပ်ယှက်ခတ်နေပြီး တစ်ခုတည်းသော မေးခွန်းကို လေးနက်စွာ မေးလိုက်သည်။


"မင်းဘဝမှာ အကြီးမားဆုံးနောင်တက ဘာလဲ။"


လင်ချီးယဲ့ ထိတ်လန့်သွားသည်။


ဒီမေးခွန်း၏အဖြေကို သူ့ကိုယ်တိုင်တောင် မသိဘူး။


သူ့တွင် နောင်တများစွာရှိပုံရသည်။ ထိုညက သူသည် အိမ်ခေါင်မိုးပေါ်သို့တက်၍ ကောင်းကင်တမန်တော်ကိုမြင်သောအခါ သူ့မျက်စိကွယ်သွားပြီး သာမန်လူများအတွက် အလွန်လွယ်ကူသော ကလေးဘဝကို ဆုံးရှုံးခဲ့ရတာ…


ဒါမှမဟုတ် အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး စိတ်ကျန်းမာရေးဆေးရုံကို ပို့ခံရပြီးကတည်းက မိစ္ဆာဒိဋ္ဌိလို့ သတ်မှတ်ခံခဲ့ရတာ…


ဒါမှမဟုတ် သူ့ဒေါ်လေးနှင့် အားကျင့်တို့ကို ကောင်းမွန်သောဘဝ မပေးနိုင်တာ…


သူ့ဘဝသည် ကြေကွဲဝမ်းနည်းစရာများနှင့် နောင်တများဖြင့် ပြည့်နှက်နေပုံရသည်။ 


သူ ဘယ်လောက်ကြာကြာ တိတ်ဆိတ်နေမှန်းမသိဘဲ အဝေးက မှောင်မိုက်နေသော ညကောင်းကင်ကို သူခေါင်းလှည့်ကြည့်လိုက်ပြီး မသိစိတ်က လျစ်လျူရှုထားသော အဖြေကို ဖြည်းညှင်းစွာနဲ့ လေးလေးနက်နက် ပြောလိုက်သည်။


"ကျွန်တော် သူ့ကို(ကျောက်ခုန်းချိန်) မကယ်နိုင်ခဲ့တာပဲ…" 



ရီဝေဝေဖြင့် ပိုင်လီဖက်တီးက သူ့မျက်လုံးများကို ဖွင့်လိုက်သည်။


"ဟမ်။ ငါဘာလို့စည်ပိုင်းထဲရောက်နေတာလဲ။" ကိုယ်ဗလာဖြစ်နေသော သူ့ကိုယ်သူကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း ယခုအခိုက်အတန့်တွင် ကြီးမားသော ရေချိုးစည်ပိုင်းထဲမှာ သူလဲလျောင်းနေသည်။ ထဲတွင် အမည်မသိအရည်ပါဝင်ပြီး အနံ့ဆိုးများ ထွက်နေသည်။


မသိစိတ်က သူအပြင်ထွက်ချင်ခဲ့သည်။


"မင်း တိတ်တိတ်လေး လဲနေတာပိုကောင်းတယ်။" စည်ပိုင်းထဲတွင် ရေစိမ်နေဆဲဖြစ်သော လင်ချီးယဲ့လည်း သတိပေးလိုက်သည်။


"ချီးယဲ့၊ ဒါက… ဘယ်လိုအခြေအနေကြီးလဲ။"


"ငါမင်းထက်နောက်ကျမှ ရောက်လာတာကြောင့် ငါမသိဘူး။ အတိုချုံးပြောရရင် နည်းပြတွေက ငါတို့တစ်ယောက်ချင်းစီအတွက် ဆေးရေချိုးစည်ပိုင်း ပြင်ဆင်ထားပေးပြီး ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပြီး ကိုယ်ခန္ဓာကို ကြံ့ခိုင်စေဖို့ အထူးပြုလုပ်ထားပုံရတယ်။"


"ဒါဆို ငါ့အဝတ်အစားတွေက…"


"ငါမသိဘူး၊ ငါပြန်ရောက်လာတော့ မင်းက ကြက်ဖြူတစ်ကောင်လို အဲဒီထဲမှာ လဲလျောင်းနေတာပဲ။"


"…"


ပိုင်လီဖက်တီးသည် သူ့ခေါင်းကို ကုတ်လိုက်ပြီး လက်မောင်းမှ မူလနာကျင်မှုသည် ပုံမှန်ပြန်ဖြစ်သွားတာကို ခံစားလိုက်ရသဖြင့် အံ့သြမှုဖြင့် သူပြောလိုက်သည်။


"ဒီဆေးရည်နဲ့ ရေချိုးတာက အကျိုးသက်ရောက်မှု ကောင်းတာပဲ။"


"ညကင်းစောင့်ရဲ့ ဆေးဖော်စပ်နည်းကို သေချာပေါက် ကောင်းမှာပေါ့။"


အိပ်ဆောင်တံခါးကိုဖွင့်လိုက်ပြီး ချောင်ယွမ်းသည် သူ့ပါးစပ်ထဲက သွားပွတ်တံဖြင့် တံခါးဝတွင်ရပ်ကာ တည်ငြိမ်စွာပြောလိုက်သည်။


"မင်းကဘာလို့ ဆေးရည်နဲ့ ရေချိုးမနေတာလဲ။" ပိုင်လီဖက်တီးက သံသယဖြစ်စွာ မေးလိုက်သည်။


"ငါထွက်လာတာ။" ချောင်ယွမ်းသည် မျက်လုံးများလှည့်ပြီး အပြင်ဘက်က ကြည်လင်နေသော ကောင်းကင်ကို ညွှန်ပြရင်း "မနက်ရောက်နေပြီ၊ ဒီနေ့မနက် လေ့ကျင့်ရေးကို ဆိုင်းငံ့ထားတယ်လို့ နည်းပြ‌တွေက ပြောပြီး ငါတို့ ညစာစားဖို့ ကန်တင်းကို တိုက်ရိုက်သွားတော့မယ်။"


"ကန်တင်း…" တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ ပိုင်လီဖက်တီး၏ မျက်လုံးများသည် တောက်ပလာပြီး လျင်မြန်စွာ မှိန်ဖျော့သွားသည်။


ချောင်ယွမ်းသည် တစ်ဖက်သို့လှည့်ပြီး ထွက်သွားကာ စကားတစ်ခွန်းချန်ထားခဲ့သည်။


"ဒီနေ့ ကန်တင်းမှာ မနက်စာက မုန့်ညက်ချောင်းနဲ့ ပဲနို့လို့ ငါကြားတယ်။"


ဝိုး…


ဖြူဖွေးပြီး ဝတုတ်သော ပိုင်လီဖက်တီးသည် စည်ပိုင်းထဲမှ ရုတ်တရက် ထရပ်ကာ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ စည်ပိုင်းထဲမှ ထွက်လာကာ ဖိနပ်ကို စီးပြီး အိပ်ဆောင်ထဲမှ ပြေးထွက်လာခဲ့သည်။


လင်ချီးယဲ့သည် တစ်ဖက်သို့ သူ့ခေါင်းကိုလှည့်ကာ ကုတင်ပေါ်တွင် ပိုင်လီဖက်တီး

ဝတ်ဖို့မေ့သွားသော အဝတ်အစားများနဲ့ပတ်သက်၍ တွေးနေခဲ့သည်…


နောက်အခိုက်အတန့်မှာ မိန်းကလေး၏အော်သံက ပြတင်းပေါက်အပြင်ဘက်ကနေ ရုတ်တရက် ထွက်လာသည်။



TK Team (Chapter 103)