Chapter 102
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၀၂)


Chapter 102 (လူတစ်ယောက်)

ကျင်းနန်တောင်ကိုဝင်ရန် ရှစ်နာရီကြာသည်။

လင်ချီးယဲ့နှင့် ချောင်ယွမ်းတို့သည် သူတို့၏ကျောပေါ်က အလေးကြီးကိုသယ်ရင်း တောင်မည်မျှကျော်သွားသည်ကို မသိပေ။ ကောင်းကင်က မှောင်ပြီးရင်းမှောင်လာပြီး သူတို့ရှေ့ကတောင်သည် လုံးဝအမှောင်ကျသွားသည်။

နေရာတိုင်းတွင် သစ်ကိုင်းများနှင့် တွင်းများရှိသော ဤပတ်ဝန်းကျင်မှယ ဓာတ်မီးမပါဘဲ လမ်းလျှောက်ရန် မဖြစ်နိုင်သလောက်ပင်။ နောက်တစ်လှမ်းသည် မြေပြန့်လား ဒါမီမဟုတ် ဆူးများပြည့်နေသော တွင်းလားဆိုတာ မည်သူမှ မသိနိုင်ပေ။

ထိုအချိန်တွင် ကြီးမားကျယ်ပြန့်သော ကျင်းနန်တောင်သည် တိတ်ဆိတ်နေ၏။

"ဘယ်နှစ်ယောက်ကျန်သေးလဲ။" နည်းပြအားလုံးနှင့် နည်းပြဟုန်တို့သည် အတူတူထိုင်နေကြပြီး အချိန်ကိုကြည့်ကာ မေးလိုက်သည်။

"သုံးယောက်ကျန်သေးတယ်။ အထူးတပ်ဖွဲ့ ကျန့်ကျုံး၊ လင်ချီးယဲ့နဲ့ ချောင်ယွမ်းတို့ပါ။"

"လခွမ်း၊ ဒီကောင်လေးနှစ်ယောက်က အခုအချိန်ထိ ဘယ်လိုလုပ်တောင့်ခံနိုင်ရတာလဲ။ ဒါက သိပ္ပံနည်းကျမဟုတ်ဘူး…" နည်းပြတစ်ယောက်က သူ့ကိုယ်သူရေရွတ်နေသည်။

"ချောင်ယွမ်းရဲ့ခန္ဓာကိုယ်က [ဟေးဝမ်ဓားချက်]ကို ချုပ်တည်းထားတာရကြောင့် သူတောင့်ခံနိုင်တာ အံ့ဩစရာမဟုတ်ပေမယ့် လင်ချီးယဲ့ကတော့… သူဘယ်လိုလုပ်နိုင်တာလဲ။" နည်းပြဟုန်သည် သူ့မေးစေ့ကိုပွတ်ရင်း သူ့မျက်လုံးများက သံသယများဖြင့် ပြည့်နှက်နေသည်။

"အခု နှစ်ယောက်ပဲကျန်တော့တယ်။" ဖန်သားပြင်ကို တစ်ချိန်လုံးကြည့်နေသောနည်းပြက ပြောလာသည်။ "အခုပဲ ကျန့်ကျုံးက အမှောင်ထဲမှာ တောင်ပေါ်ကနေ ချော်ကျပြီး သတိလစ်သွားပြီး ဆေးအဖွဲ့သယ်သွားပြီ။"

"ဒီအချိန်တောင် ရောက်နေပြီကို ဒီပြင်းထန်တဲ့လေ့ကျင့်ရေးကို ဘာကြောင့် အရင်အဆုံးမသတ်သေးတာလဲ။"

"ဟုတ်တယ်၊ ကောင်းကင်က အရမ်းမှောင်နေပြီး တောင်တွေပေါ်မှာ ဘာမှမမြင်ရဘူး။ ဒီလိုဆက်သွားနေရင် မတော်တဆဖြစ်နိုင်တယ်။"

နည်းပြဟုန်သည် ခဏတာလောက် တိတ်ဆိတ်နေပြီးမှ "အလျင်မလိုနဲ့၊ ဒရုန်းတွေအားလုံးကို ဒီကောင်လေးနှစ်ယောက်ဆီ လွှဲပြောင်းပြီး ဆေးဘက်ဆိုင်ရာစစ်သားတွေကို သူတို့နောက်က ထက်ကြပ်မကွာလိုက်ခိုင်းပြီး ကယ်တင်ဖို့ အသင့်ပြင်ထားပါ။"

"ငါတကယ်ကြည့်ချင်တယ်… ဒီနှစ်ယောက်ရဲ့ ကန့်သတ်ချက်တွေက ဘယ်လောက်လဲဆိုတာ။"


တောနက်ကြီးထဲတွင်

လင်ချီးယဲ့၏မျက်လုံးများ လင်းလက်နေကာ သူ့လက်ထဲရှိဓားသည် သူ့ရှေ့က ဆူးများကို အတိအကျဖယ်ပစ်ကာ သူသည် ခေါင်းငုံ့ပြီး အလယ်ကနေဖြတ်သွားသည်။

ချောင်ယွမ်းသည် သူ့နောက်ကနေ အနီးလိုက်လာပြီး ဘယ်တော့မှ နောက်ကျန်မနေပေ။

"အရမ်းမှောင်နေပြီကို မင်းမြင်ရသေးလား။" ချောင်ယွမ်းသည် ဇွန်းသေးသေးလေးကို ကိုင်ထားရင်း မနေနိုင်ဘဲ မေးလိုက်သည်။

"အင်း။" လင်ချီးယဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

"…ဒါဆို မင်းဖြည်းဖြည်းသွားဦး၊ ငါလုံးဝမမြင်ရဘူး။"

"ငါ ဖြည်းဖြည်းချင်း လျှောက်နေတာပဲလေ။"

"မဟုတ်ဘူး၊ မင်း လွန်ခဲ့တဲ့တစ်နာရီခွဲလောက်က မင်းရဲ့ကန့်သတ်ချက်ကိုရောက်နေပြီလို့ ပြောခဲ့တာကို၊ အခု မင်းဘာလို့ အရမ်းတက်ကြွနေတာလဲ။" ချောင်ယွမ်းက ညည်းညူလေသည်။ "မင်းက ညဇီးကွက်လား။"

"အနည်းနဲ့အများပေါ့။"

လင်ချီးယဲ့သည် အစောပိုင်းတွင် တကယ်ကန့်သတ်ချက်ရောက်နေသော်လည်း ထို့နောက် ကောင်းကင်သည် မှောင်သထက်မှောင်လာပြီး သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားသည် အံ့ဩဖွယ်ကောင်းသောအရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာသည်။ သူသည် နေရာတွင် ခဏလောက် အနားယူလိုက်သရွေ့ သူ့စိတ်ဝိညာဉ်က သူပထမဆုံး ကျင်းနန်တောင်ကို ရောက်ရှိလာသည့်အချိန်ထက် ပိုကောင်းလာသည်။

လိမ်ညာလှည့်စားရန် သူ့စွမ်းရည်ကို မသုံးချင်ပေမယ့်… ဒီ passive စွမ်းရည်ကို လုံးဝပိတ်မရဘူး။

သူလည်း ကောင်းကောင်းလေ့ကျင့်ပြီး သူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ဖြတ်ကျော်ချင်ပေမယ့် ကန့်သတ်ချက်နားကို ရောက်သွားတယ်လို့ သူခံစားမိတိုင်း သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားက သိသိသာသာ ပြန်ကောင်းလာခဲ့သည်...

တစ်ဖက်တွင် ချောင်ယွမ်းသည် တားမြစ်အပျက်အစီးကြောင့် ရုပ်ပိုင်းဆိုင်ရာအရည်အသွေးသည် အလွန်အားကောင်းသော်လည်း ခံနိုင်ရည်၏ အမြင့်ဆုံးကန့်သတ်ချက်တစ်ခုရှိနေသည်။ ယခုအချိန်အထိ သူသည် တောင့်ခံထားပြီး ကန့်သတ်ချက်ကို ချဉ်းကပ်လာပြီဖြစ်သည်။

တစ်နည်းဆိုရသော် ချောင်ယွမ်း၏ mana ဘားက ရှည်လျားနေစဉ် လင်ချီးယဲ့သည် ၁၀၀၀ ရာခိုင်နှုန်း mana ပြန်လည်ကောင်းမွန်ခြင်းအမြန်နှုန်းဖြင့် ထူးဆန်းသောပန်းကဲ့သို့ဖြစ်ကာ mana ပြန်လည်ကောင်းမွန်ခြင်းအမြန်နှုန်းက အလွန်နှေးကွေးပြီး ယိုယွင်းပျက်စီးမည့်အခိုက်အတန့်ကို ရှိလာလိမ့်မည်။

"ငါ အပြစ်ပေးသံကို ကြားလိုက်တာကြာပြီ၊ ဒီတောင်ပေါ်မှာ ငါတို့နှစ်ယောက်ပဲ ကျန်တော့တာလား။"

"လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က တစ်ယောက်ရှိတယ်၊ အခု ငါတို့နှစ်ယောက်ပဲ ရှိတော့တယ်။"

"မင်းက ဒါအကုန်သိတာလား။"

လင်ချီးယဲ့သည် ပြန်မဖြေဘဲ လေထဲတွင် ပျံဝဲနေသည့် လင်းနို့ကို တစ်ချက်ကြည့်လိုက်သည်။

ဤညဥ့်နက်သောတောင်တန်းတွင် တီကောင်များ၊ ပိုးကောင်များ၊ ပုတ်သင်များ၊ လင်းနို့များ… ညမှကျက်စားသော သတ္တဝါများအားလုံးသည် လင်ချီးယဲ့၏မျက်လုံးများဖြစ်လာသည်။ လွန်ခဲ့သည်တစ်နာရီခန့်က သူတို့ဖြတ်ကျော်နေသော တောင်၏အခြေအနေကို လုံးလုံးလျားလျား ကျွမ်းကျင်လာခဲ့သည်။

သူ့နောက်မှာ ဆေးဘက်ဆိုင်ရာစစ်သားအနည်းငယ်နှင့် ဒရုန်းတချို့ အပေါ်မှာ ပျံဝဲနေတာကိုတောင် သူသိသည်။ သူလုပ်ချင်ရင် တောင်တွေထဲမှာ ပုန်းအောင်းနိုင်ပြီး ဘယ်သူမှ သူ့ကို ရှာတွေ့မည်မဟုတ်ပေ။

ယခုဆိုလျှင် တောင်သည် လင်ချီးယဲ့၏အိမ်ကွင်း ဖြစ်လာသည်။

"ငါသေတော့မယ်ထင်တယ်။" နှစ်ယောက်သား ခဏလောက် ဖြတ်လျှောက်လာရင်း ချောင်ယွမ်း၏ခြေလှမ်းများ ရပ်တန့်သွားပြီး လင်ချီးယဲ့တွင် သူရပ်လိုက်သည်။

လင်ချီးယဲ့သည် မျက်မှောင်ကြုတ်ပြီး "ပိုပြီးကြိုးစားကြည့်ပါလား။"

"ငါမသွားနိုင်တော့ဘူး။" ချောင်ယွမ်းက ခေါင်းယမ်းလိုက်သည်။ "ငါ သတိလစ်သွားတဲ့တစ်ခါတည်း တားမြစ်အပျက်အစီးက ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး အဲဒီအခါ ပိုပြီးဒုက္ခရောက်လိမ့်မယ်။"

"တားမြစ်အပျက်အစီး နံပါတ်စဉ်အရမ်းမြင့်တာကလည်း ကောင်းတဲ့အရာမဟုတ်ဘူးထင်တယ်။" လင်ချီးယဲ့က သက်ပြင်းချလိုက်သည်။

"မင်းသွားတော့။ ငါဒီမှာစောင့်နေတော့မယ်။ မတော်တဆမှုတွေမဖြစ်ရင် မိနစ်အနည်းငယ်အတွင်း ငါ့ရဲ့အပြစ်ပေးသံကို မင်းကြားရလိမ့်မယ်။" ချောင်ယွမ်းသည် နေရာတွင်ထိုင်ပြီး လင်ချီးယဲ့ကို ပြုံးပြလိုက်သည်။

"ဒါဆို ငါအရင်သွားပြီ။"

"လေ့ကျင့်ရေးစခန်းမှာ တွေ့မယ်။"

"အင်း"

လင်ချီးယဲ့သည် လှည့်၍ သူ့လက်ထဲက ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး ည၏ နက်ရှိုင်းသော တောင်များဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားသည်။

တောင်အောက်တွင်

"ချောင်ယွမ်းမှာ နေရာမှာ လက်လျှော့လိုက်ပြီး အခု လင်ချီးယဲ့တစ်ယောက်ပဲကျန်တော့တယ်။" နည်းပြက ပြောခဲ့သည်။

"ဒီကလေးကတော့… ငါတို့ကို အံဩစေနိုင်တာပဲ။" နည်းပြဟုန်သည် မျက်ခုံးပင့်ကာ စိတ်လှုပ်ရှားမှုဖြင့် ပြောသည်။

"ပြီးတော့…"

"လွန်ခဲ့တဲ့တစ်နာရီကျော်ကတည်းက သူ မျဉ်းဖြောင့်အတိုင်း လမ်းလျှောက်နေတာ။"

"ဘာ။" တဲအတွင်းမှ နည်းပြများ အံ့ဩသွားကြသည်။ "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့ ကျင်းနန်တောင်ရဲ့ လမ်းကြောင်းကို ပြောင်းခဲ့တာကို သူ ဘယ်လိုလုပ် မျဉ်းဖြောင့်အတိုင်း သွားနိုင်တာလဲ။"

"ငါမသိဘူး၊ ဒါပေမယ့် သူသွားနိုင်တယ်။ ဒီနှုန်းအတိုင်းဆိုရင်… အများဆုံးသုံးနာရီအတွင်း သူ ကျင်းနန်တောင်တစ်ခုလုံးကို ဖြတ်ကျော်နိုင်တယ်။"

"သုံးနာရီလား။ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားက အလုံအလောက်ရှိသလား။"

"မလုံလောက်ဘူးလို့တော့ ငါပြောချင်ပေမယ့် သာမန်အသိကတော့ သူ့အတွက် သက်ရောက်မှုမရှိဘူးလို့ ထင်မိတယ်။"

"…" နည်းပြဟုန်သည် ခဏလောက် တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဒီနေရာက တဲတွေအားလုံးကို ဖြိုချပြီး ချောင်ယွမ်းကို အပြစ်ပေးဖို့ လူတစ်ယောက်ထားခဲ့လိုက်ပါ၊ ကျန်တဲ့လူတွေက ငါနဲ့အတူ ‌ကျင်းနန်တောင်ရဲ့တစ်ဖက်ကို သွားကြမယ်…"

"ငါတို့ သူ့ကို အဲဒီမှာ သွားစောင့်မယ်။"

"နည်းပြဟုန်၊ သူ ဒါကိုလုပ်နိုင်မယ်လို့ မင်းတကယ်ထင်လား။"

"တခြားဖြစ်ရင်တော့ ငါမယုံလောက်ပေမယ့် သူဆိုရင်တော့… တခြားဇာတ်လမ်းတစ်ပုဒ်ပေါ့။"


ကျင်းနန်တောင်သို့ဝင်ပြီး ကိုးနာရီအကြာတွင်

လင်ချီးယဲ့သည် ညဉ့်နက်သန်းခေါင်တွင် တောင်များနှင့် တောအုပ်များပေါ်မှာ တဟုန်ထိုး ပြေးလာသည်။ သူသည် သူ့အိမ်မှာရှိနေသကဲ့သို့ တောင်များတွင် လွတ်လွတ်လပ်လပ် ဖြတ်သန်းနေသည့် တစ္ဆေနှင့်တူသည်။

ရုတ်တရက် သူ့နောက်က အလေးချိန်ဆီမှ အသံတစ်သံ ထွက်လာသည်။

"ချောင်ယွမ်းလား။"

"အင်း။"

"မင်း ကောင်းကောင်းလုပ်ခဲ့တယ်။"

"ကျွန်တော်သိတယ်။"

"ဒါပေမယ့် ကံမကောင်းစွာပဲ… မင်း အပြစ်ဒဏ်ကို ခံစားရဦးမယ်။"

"ကျွန်တော်သိတယ်။"

"နည်းပြအနည်းငယ်ကလွဲပြီး တောင်ပေါ်မှာ ရုန်းကန်နေဆဲဖြစ်တဲ့ ရဲဘော်ရဲဘက်တစ်ယောက်ကလွဲလို့ ငါတို့ရဲ့စကားတွေကို ကြားနိုင်သူအများကြီးမရှိတာကြောင့် မင်းနည်းနည်းတော့ စိတ်သက်သာရာရနိုင်ပါတယ်။"

"မေးလေ။"

"မင်း ဘယ်လိုမိန်းကလေးမျိုး သဘောကျတာလဲ။"

"ကျွန်တော် မိန်းကလေးတွေကို သဘောမကျဘူး…"

"မင်းက…"

"အရင်က လက်တွဲဖော်ရှိဖူးတဲ့ အရွယ်ရောက်ပြီး ဖွံ့ဖြိုးတဲ့ ဉာဏ်ကောင်းတဲ့ အမျိုးသမီးတွေကို ကျွန်တော် ပိုကြိုက်တယ်…"

"တော်သေးတာပေါ့၊ တော်သေးတာပေါ့… ခဏနေပါဦး၊ မင်း အခုလေးတင် သာမန်မဟုတ်တဲ့တစ်ခုခုကို ပြောလိုက်သလိုပဲ။" နည်းပြ၏အမူအရာက ပြောင်းလဲသွားကာ "မင်းရဲ့အကြိုက်က…"

"…"

"အဟမ်း၊ ချောင်ယွမ်း၊ မေးခွန်းပြောင်းရအောင်… မင်းဘဝရဲ့ အကြီးမားဆုံးနောင်တက ဘာလဲ။"

တစ်ဖက်တွင် ချောင်ယွမ်းက ခေတ္တတိတ်ဆိတ်သွားသည်။

"ကျွန်တော် အသက်ခြောက်နှစ်အရွယ်တုန်းက ‌မြစ်ထဲမှာ ကိုယ့်ကိုကိုယ် ရေနစ်မသေခဲ့တာပဲ။"

"ဘာကြောင့်လဲ။"

"အဲဒီတုန်းက ကျွန်တော်သေသွားရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမှာမဟုတ်ဘူး။" ချောင်ယွမ်းက တည်ငြိမ်စွာပြောလေသည်။ "ကျွန်တော်က ရွာကိုလည်း ပြန်သွားမှာမဟုတ်သလို၊ မြေပြင်ပေါ်မှာ တံစဉ်ကိုလည်း စူးစမ်းချင်စိတ်နဲ့ ကောက်ကိုင်မိမှာမဟုတ်ဘူး…"

"ကျွန်တော်သာ ကျွန်တော့်ရဲ့တားမြစ်အပျက်အစီးကို ဒေါသတကြီးလျှောက်ရမ်းခွင့်မပြုခဲ့ရင် ရွာထဲက အပြစ်မဲ့ရွာသား ၁၇၂ ယောက်လုံးကို သတ်မိခဲ့မှာမဟုတ်ဘူး။"

"ရဲစခန်းမှာ အကျဉ်းချခံထားပြီး လက်သည်းညှပ်ကြောင့် ရဲစခန်းတစ်ခုလုံးက လူ ၁၆၁ ယောက်လုံးကို သတ်ပစ်ခဲ့တာကိုတော့ ပြောစရာမလိုတော့ဘူး…"

"…ဒါက မင်းအပြစ်မဟုတ်ပါဘူး။"

"အဲဒါ ကျွန်တော့်အမှားပဲ။ ကျွန်တော်ရှောင်မပြေးဘူး။"

"မင်းရဲ့ခန္ဓာကိုယ်က စွမ်းအားကို မင်းမထိန်းချုပ်နိုင်ရုံပါ၊ အဲဒါက မင်းရဲ့ရည်ရွယ်ချက်မှ မဟုတ်တာ။"

"ကျွန်တော့်ခန္ဓာကိုယ်ကို ကျွန်တော်မထိန်းချုပ်နိုင်တာက ကျွန်တော့်အပြစ်ပဲ။"

"…" နည်းပြသည် ခဏလောက် တိတ်ဆိတ်သွားပြီး "ဒါဆို‌ အခု ‌တောင်ပေါ်က ရဲဘော်ရဲဘက်အတွက် မင်းပြောစရာရှိလား။"

ချောင်ယွမ်းသည် အနည်းငယ်ပြုံးကာ ညအမှောင်ထဲက ‌ကျင်းနန်တောင်ကိုကြည့်ရန် သူ့ခေါင်းကိုလှည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောခဲ့သည်။

"လင်ချီးယဲ့၊ ငါတို့ မိစ္ဆာဒိဋ္ဌိတွေကို အရှက်မရစေနဲ့…"


TK Team (Chapter 102)