Chapter 70.1
Viewers 7k

Chapter - 70.1

(တိတ်တခိုး အချစ်)


မင်း ငါ့ကိုဘယ်တော့မှ မေ့သွားလို့မရဘူး.....!


သူ့နှလုံးမှ သွေးများ အဆက်မပြတ် စိမ့်ထွက်ကျလာသောကြောင့် ချင်းယင်၏ အင်္ကျီတစ်ထည်လုံးအား စွန်းထင်းကုန်သည်။


သူသည် အရင်ကတည်းက အနီရောင်အဝတ်အစားကိုသာ ဝတ်ဆင်တတ်သောကြောင့် ထင်ရှားစွာမသိသာသော်လည်း ကျောင်းမြန်၏လက်ထဲတွင်ရှိသော ဓားမြှောင် နှင့် ထိုဓား‌မြှောင်ဖြင့်အထိုးခံထားရသည့် နေရာမှ ထွက်လာသည့် သွေးများ၏ ပူနွေးမှုနှင့် ပြင်းထန်သော သွေးနံ့တို့က သူဒဏ်ရာရထားကြောင်း သက်သေပြနေလေသည်။


သူတို့နှစ်ဦး၏ ခြေဖဝါးအောက်နှင့် သူတို့ နင်းထားသည့် လေယာဉ်သည် ယခုအချိန် ထိုနေရာရှိ ကင်းလွတ်ခွင့်ဇုန်တွင် ရပ်ထားသည်။ ထိုနေရာသည် လူများဖြတ်သွားနိုင်သည့် ကြယ်ရောင်စုံတောက်ပနေသည့် ကောင်းကင်လိုဏ်ခေါင်းသေးသေးလေး ဖြစ်သော်လည်း နှစ်ဖက်စလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော မီးလုံးများကဲ့သို့ နီရဲတောက်ပနေသော နီဗျူလာများရှိသည်။


၎င်းသည် ရေခဲပြင်စနစ်အား နေအဖွဲ့အစည်းနှင့် ပိုင်းခြားပေးသည့် နေရာလွတ်တစ်ခုဖြစ်သည်။


ကျောင်းမြန်သည် ဘေးသို့ တစ်ချက်ကြည့်လိုက်ပြီး ရေခဲမြစ်စစ်တပ်၏ တိုက်ခိုက်ခြင်းကို ခံထားရသည့် ဇာစ့်လေယာဉ်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။


ကျောင်းမြန်‌ ဘေးသို့ထပ်ကြည့်လိုက်ရာ ဖြူဖွေးနေသည့် မျက်နှာဖြင့် ထိုနေရာတွင် လဲကျနေကာ သူ့အား ပြုံးပြီး

ကြည့်နေသည့် အနီရောင်အရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် သူ့နှလုံးသားထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။


ချင်းယင်သည် ကျောင်းမြန်ဘက်သို့ကြည့်ကာ နှုတ်ခမ်းများ တွန့်ကွေးလိုက်ပြီး ဆို၏။


"အာ့မြန်..... သိလား! တကယ်က ငါ့မှာ အခုထိ မင်းကိုသတ်ဖို့ စိတ်ကူးမရှိသေးဘူး...."


ချင်းယင်သည် သူ့ကိုမြှောက်ကာ ကျောင်းမြန်၏လက်ပေါ်ထပ်ကိုင်လိုက်သဖြင့် ဓါးမြှောင်ကို ကိုင်ထားသည့်လက်ချောင်းများကြားမှ သွေးများ စီးကျလာသည်။


ကျောင်းမြန်သည် ချင်းယင်အား လုံးဝမကြည့်ပေ။


ချင်းယင် ထပ်ပြုံးပြကာ ကျောင်းမြန်၏လက်ကိုယူ၍ သူ၏ဒဏ်ရာပေါ်သို့ ထပ်ထိုးလိုက်ပြီး အားကုန်သုံးထားသောကြောင့် ဓါးသည် အသားထဲသို့ လက်မအနည်းငယ်ခန့် ထပ်မံဝင်သွားလေသည်။


ကျောင်းမြန် အံ့ဩသွားသည်။


"နည်းနည်းလေးမှ သောကရောက်တယ်လို့ မခံစားရဘူးလား...! နည်းနည်းလေး တွန့်ဆုတ်နေ‌ သေးလို့လား..!" 


ချင်းယင် ဒေါသထွက်ပြီး မျက်နှာဖြူဖျော့သွားသော်လည်း သူ့မျက်လုံးများက ကျောင်းမြန်ကို စိုက်ကြည့်နေဆဲဖြစ်သည်။


ကျောင်းမြန်က ပြန်မဖြေသော်လည်း သူ့လက်ကောက်ဝတ်တွင် အားကုန်ထည့်ထားပြီး ရှေ့ဆက်တိုးခွင့်မ‌ပေးပေ။


ချင်းယင်က သူ့အသားထဲ ဓါးကို အနက်ရှိုင်းဆုံးထိ ထပ်ထိုးထည့်မည်အား ခွင့်မပြုပေးခဲ့ပေ။


"ငါ့ရဲ့ မိုယင်း... မင်းက တကယ်ကို အကြင်နာမဲ့တာပဲ"


‌ချင်းယင် ခေါင်းကိုမော့ပြီး ပြုံးလိုက်သည်။


"ငါတို့ပထမဆုံးတွေ့ဖူးတာကို မင်းမှတ်မိသေးလား"


ရုတ်တရက် ချင်းယင်၏ မျက်နှာသည် အနည်းငယ် နီရဲလာပြီး သူ၏ အသံသည် ပိုကျယ်လာသည်။ 


"ဟီဂူရာရှိမြို့ရဲ့ မဲမှောင်နေတဲ့ လမ်းကြားထဲမှာ.... 

အဟွတ်... အဟွတ်..... မင်းက ငါ့ဆီ ပေါင်မုန့် ပူပူလေးတစ်လုံး ယူလာပေးတယ်လေ...."


ကျောင်းမြန် မျက်လုံးပြူးသွားသည်။ 


ဟုတ်ပါသည်..... သူမှတ်မိသေးသည်....။


ထိုအချိန်တွင် ချင်းယင်သည် ပိန်ပိန်ပါးပါးနှင့် သူရဲဘောကြောင်သော အသွင်အပြင်ရှိကာ ငယ်ရွယ်ဆဲဖြစ်သည်။ 


ချင်းယင် ဟန်ဆောင်နေသည်ဆိုတာကို ထိုကလေးငယ်က မသိဘဲ အရမ်းသနားစရာ ကောင်းသည်ဟုသာ ထင်နေခဲ့သည်။


"ငါ မင်း နောက်ကို တိတ်တိတ်‌လေး လိုက်လာခဲ့တယ်.... မင်းမှာ အဲ့ပေါင်မုန့်တစ်ခုပဲရှိတာ ငါသိတယ်လေ.... ငါ့ကို ပေးလိုက်ရင် မင်းမှာ စားစရာမရှိတော့ဘူး.... အဟွတ်.... အဲ့တုန်းက ငါတွေးမိတာ.... ဘယ်လိုလူမို့လို့ အဲ့လောက်တုံးရတာလဲလို့.....!"


ချင်းယင်သည် ကျောင်းမြန်၏ မျက်နှာအား သူ့အကျင့်အတိုင်းနူးညံ့စွာ မော့ကြည့်လိုက်သည်။


ထိုအချိန်တွင် ကျောင်းမြန်က သူ့ကို ပေါင်မုန့်တစ်လုံးပေးခဲ့သည်။ 


ထိုအလင်းရောင်သည် တောက်ပလွန်းသောကြောင့် သူ့မျက်လုံးများပင် ကျိန်းစက်သွားခဲ့သည်။


"........" 


ချင်းယင် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး သူ့ပါးစပ်ထဲတွင့် သွေးများဖြင့် ပြည့်နှက်သွားသည်။


သို့သော် သူကတော့ မဟုတ်ခဲ့ပေ။


ကျောင်းမြန်သည် အလင်းရောင်လေးဖြစ်ပြီး... သူကတော့ သွေးများ၊ ညစ်ညမ်းသောအရာများဖြင့် စွန်းထင်းနေသည့် အမှောင်ထုဖြစ်သည်။ ထိုအလင်းရောင်လေးကို အမှောင်ထုထဲ ဆွဲသွင်းရန် အကြိမ်ပေါင်းများစွာ အစွမ်းကုန် ကြိုးပမ်းခဲ့ဖူးသည်။ 


ချင်းယင်၏ လက်များ အားလျော့သွားကာ ရုတ်တရက် ဓါးပေါ်ရှိအားများ လျော့သွားပြီး အသက်ကို ဖြည်းညင်းစွာရှူနေလိုက်သည်။


သူ အခုချိန်တွင် ကျောင်းမြန်အား ပွေ့ဖက်ထားချင်မိသည်။


ချင်းယင် သူသည် သေခါနီးအချိန်ထိ ခွန်အားများ ရှိနေလိမ့်ဦးမည်ဟု ကျောင်းမြန် မထင်ထားမိသဖြင့် ခဏတာမျှ ဆွံအသွားသည်။


ဓားမြှောင်သည် ချင်းယင်၏ ခန္ဓာကိုယ်ကို တစ်ဆုံးထိ ထိုးစိုက်မိသွားသဖြင့် ကျောင်းမြန် မျက်လုံးများ ပြူးကျယ်သွားသည်။


'အင့်.....'


နောက်ဆုံးတွင် ချင်းယင်သည် ခွန်အားဆုံးရှုံးသွားပြီး ကျောင်းမြန်အား ထိတွေ့ရန် ဆန့်ထားသည့်လက်ပင် ထိခါနီးဆဲဆဲတွင် အားလျော့ကာ ပြုတ်ကျသွားသည်။


သူ နောက် ဘယ်...တော့...မှ ကျောင်းမြန်အား ထပ်တွေ့နိုင်တော့မည် မဟုတ်ပါ။ 


ကျောင်းမြန် သူ့ရှေ့မှ သေဆုံးသွားသောသူအား ကြည့်ကာ အချိန်တစ်ခုကြာသည်အထိ ဘာမှမတုန့်ပြန်ဘဲ အသက်ရှူသံသာ ထွက်ပေါ်နေသည်။


သူသေသွားပြီ.....။


သူ သူ့ကိုသတ်လိုက်မိတယ်....။


ကျောင်းမြန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။


"ချင်းယင် သေသွားပြီ.... သူ့အလောင်းကို ပင်မတိုက်ပွဲဝင်သင်္ဘောနဲ့ အနီးဆုံး နေရာကို သယ်သွားပါ!"


"ဟုတ်ကဲ့ပါ!"


တဖက်မှ ဒုဗိုလ်ချုပ်ကလည်း ရဲဝံ့စွာ လှမ်းပြောလိုက်သည်။


ဘန်း...-


"အုံး..."


သို့သော် ဤအခိုက်အတန့်တွင် မြေကြီးများကွဲအက်လုမတတ် ကျယ်လောင်သည့် ပေါက်ကွဲသံသည် မနီးမဝေးမှ ရုတ်တရက် ထွက်ပေါ်လာသည်။


...အဲဒါက စီဆဲလ် ဘက်က လာတာလား...။


ကျောင်းမြန်သည် တာမီနယ်ကို ဖွင့်ကာ မေးလိုက်သည်။


 "ဘာဖြစ်နေတာလဲ.."


ကတ်စပါ ပြန်ဖြေခဲ့သည်။


 "တံတား ကျိုးသွားပါပြီ"


ကျောင်းမြန် မျက်လုံးပြူးသွားသည်။


"တံတားတစ်ဝက်လောက် ကျိုးသွားပါပြီ... ဗိုလ်ချုပ်ကြီးက လူတွေ မထိခိုက်ဘဲ ပျက်စီးနှုန်းနည်းအောင် ညွှန်ကြားထားပါတယ်..."


တံတား ကျိုးသွားတယ်...


တံတားတစ်ဝက်ကျိုးသွားတယ်ဆိုတာ....ဘာကိုဆိုလိုတာလဲ။


ဆိုလိုသည်မှာ ရေခဲမြစ်နှင့် ဖက်ဒရေးရှင်းတို့သည် တံတားပြုပြင်လို့ မပြီးမချင်း အချင်းချင်း ခဏတာ ဆက်သွယ်နိုင်မည်မဟုတ်ပေ။ 


အလယ်တွင် အပူချိန်မြင့်မားသည့် နေရာကရှိနေလေသည်။


ကျောင်းမြန် ရောက်နေသဘ်မှာ ရေခဲမြစ်စနစ်တွင်ဖြစ်သည်။


တံတားကို ပြုပြင်သည်က ကြီးမားသည့် ကိစ္စ မဟုတ်သော်လည်း ကျောင်းမြန်၏ နှလုံးသားသည် ရုတ်တရက် ဗလာဖြစ်ပြီး သူ တကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။


မဖြစ်နိုင်ဘူး...အဲ့ဒါ....မဖြစ်နိုင်ဘူး...!


"...ဗိုလ်ချုပ်ကျောင်း!"


ရုတ်တရက် ကျောင်းမြန်သည် သူ့မက်ခါထဲသို့ ပြန်ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသောကြောင့် ဘေးမှ လက်ထောက် ဗိုလ်ချုပ်ကြီးလည်း လန့်ဖြန်သွားသည်။


ထိုမက်ခါ၏ ဦးတည်ချက်မှာ... အဆုံးမရှိသော ကြယ်ဥမင်လိုဏ်ခေါင်းဖြစ်သည်။


"ဗိုလ်ချုပ်ကျောင်း ဘာလုပ်မလို့လဲ!"


မက်ခါမှ အသံလွှင့်စက်ကြောင့် ထိုနေရာတွင်ရှိနေသည့် တပ်ကြပ်များ၊ ဗိုလ်ချုပ်များအားလုံးလည်း ထိုအသံကို ချက်ချင်းကြားလိုက်ရသည်။


ယခုတစ်ကြိမ်တွင် ကျောင်းမြန်သည် ‌ရေခဲမြစ်၏ ရေတပ်ဗိုလ်ချုပ်တစ်ဦးသာမက ဖက်ဒရယ် ရေတပ်ဗိုလ်ချုပ်ကြီး၏ ဇနီးလည်းဖြစ်သည့် ဝန်ထုပ်ဝန်ပိုးနှစ်ခုကို ထမ်းရခြင်းဖြစ်ရာ ရေတပ်ဗိုလ်ချုပ်ရာထူးကို အခြားဗိုလ်ချုပ်တစ်ဦးထံ လွှဲပေးရန် ပြင်ဆင်ခဲ့ပြီး ထိုအချိန်တွင် လွှဲပေးခံရသည့် ဗိုလ်ချုပ်သည် ကျောင်းမြန်ဘက် လှည့်ကြည့်လိုက်စဉ် သူ၏မက်ခါသည် ကြယ်ဥမင်လိုဏ်ခေါင်းဆီသို့ ဦးတည်နေသောကြောင့် စစ်တပ်တစ်ဖွဲ့လုံးကို အမီလိုက်ကာ တားဆီးနေကြသည်။


"ဗိုလ်ချုပ်ကျောင်း..."


"ဗိုလ်ချုပ်၊ စိတ်အေးအေးထားပါ၊ ဒီဥမင်လိုဏ်ခေါင်းက ဖက်ဒရေးရှင်းဘက်ကို သွားလို့ရပေမယ့် အလယ်မှာ အပူချိန်နဲ့ လေဖိအားမြင့်တဲ့ နေရာတစ်ခုရှိနေပါတယ်...." 


"ဟုတ်တယ်... ဇာစ့်တွေပဲ ခုခံနိုင်တာ... ငါတို့လို သာမန်လူတွေက အဲ့ဒီ့မှာ အသက်မရှင်နိုင်ဘူး...." 


............


"ဗိုလ်ချုပ် ပြန်လာခဲ့ပါ!"


ကျောင်းမြန်သည် စခရင်ကို ကြည့်ကာ သူ့နောက်သို့ လိုက်လာနေသည့် စစ်ဗိုလ်ချုပ်များကို ကြည့်လိုက်သည်။


ထို့နောက် သူသည် နှုတ်ခမ်းကို ကိုက်ကာ အရှိန်ထပ်တင်ပြီး ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးသွားကာ သူ့နောက်မှ လူများကို ချန်ခဲ့လေသည်။


"ဗိုလ်ချုပ်ကျောင်း မင်းရူးနေလား" 


ဗိုလ်ချုပ်‌ကျောင်းသည် နောက်ဆုံးတွင် မျက်ခြေဖြတ်သွားခဲ့သည်။


ကျောင်းမြန်သည် သူ့ကိုယ်သူ ရူးသွပ်နေပြီဟု ခံစားမိသော်လည်း သူ့ခန္ဓာကိုယ်နှင့် အသိဉာဏ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ ရေခဲမြစ်တွင် သူတစ်ယောက်တည်း မနေနိုင်ဘဲ တံတားသည်လည်း သူနှင့် စီဆဲလ်ကို မခွဲထားနိုင်ပါ။ ဤ အရာများသည် ကျိန်စာတစ်ခုကဲ့သို့ သူ့ရင်ထဲတွင် တင်းကျပ်သွားပြီး ခံစားချက်များက သူ့ကို လွှမ်းမိုးသွားသည်ကိုသာ သိတော့သည်။


ယခုလို ခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့ကို ထိတ်လန့်ကြောက်ရွံ့စေသလို လွတ်လပ်မှုကိုပါ ခံစားရစေသည်။ ဒါသည် သူ့အသက်သူ စတေးဖို့လုပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။


ဆယ်နှစ်ကျော်ကြာအောင် သူသည် မာရှယ်ကျောင်း၏ သွန်သင်မှုနှင့် အမိန့်ကို နာခံခဲ့ပြီး စစ်မှုမထမ်းမနေရ အမိန့်ကို လိုက်နာကာ စံနမူနာပြခဲ့သည်။ စီဆဲလ်သည်ကား သူ့ကို ရင်ခုန်တတ်အောင်နှင့် လွန်ကဲသည့် စိတ်ကူးယဉ်မှုနှင့် စိတ်ခံစားချက်များ အားလုံးကို ပေးခဲ့သူဖြစ်သည်။