Chapter - 69.2
(နောက်ဆုံး တိုက်ပွဲ)
ထိုအခါ ကျောင်းမြန်သည် တည်ငြိမ်သော အသံဖြင့် မေးလိုက်သည်။
"ဒါဆို တံတားကို ဘာလို့ ကာကွယ်ရမှာလဲ.."
"ဘာရယ်...!"
အရာရှိက အံ့အားသင့်သွားသည်။
အာ.....
ကျောင်းမြန် စီဆဲလ်အား ပြုံးကာ ကြည့်လိုက်ပြီးနောက် ပြောလေသည်။
"တံတားက ကျိုးသွားရင် ပြန်ဆောက်လို့ရတယ်... သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ရေခဲမြစ်နဲ့ ဖက်ဒရေးရှင်းကို ဆက်သွယ်ဖို့ပဲ.... ဖက်ဒရေးရှင်းနဲ့ ရေခဲမြစ်သာ မပါရင် အဲ့ဒါက ပုံစံတစ်ခုပဲ ဖြစ်နေမှာ... တကယ့် အရေးကြီးဆုံးအချက်က တိုင်းပြည်နဲ့ ပြည်သူတွေပဲ...."
စီဆဲလ် ခေတ္တရပ်ပြီး ခေါင်းညိတ်လိုက်သည်။
စီဆဲလ်သည် ကျောင်းမြန်၏ ပါးလေးအား ချစ်စနိုးဖြင့်ဆွဲလိုက်ပြီး ထောက်ခံလိုက်သည်။
"အာ့မြန် ပြောတာမှန်တယ်... အခု ဇာစ့်တွေဘက်က တံတားကို ကျုပ်တို့ရဲ့ အားနည်းချက်လို့သိထားကြတာ... ဒါပေမယ့် အဲဒါကို ကျုပ်တို့ရဲ့ အားနည်းချက်လို့ မမှတ်ယူထားရင် ကြောက်နေစရာ မလိုတော့ဘူး..."
စီဆဲလ်သည် ကျောင်းမြန်နှင့် အတူ စားပွဲဝိုင်းတစ်ဝိုက်ရှိလူအားလုံးကို ခေါ်လိုက်သည်။
စီဆဲလ် : "ကျုပ် အခု စဉ်းစားနေတာက ဇာစ့်တွေကို တိုက်ခိုက်ဖို့ နေရာပဲ..."
စီဆဲလ်သည် နေရာတစ်ခုကို ထောက်ပြပြီး ထပ်ပြောလိုက်သည်။
"ဇာစ့်တွေရဲ့ ဖွဲ့စည်းပုံကို နောက်ကနေမှ တဖြေးဖြေး ကြည့်သွားကြတာပေါ့...."
ထိုအရာရှိများသည် စိုးရိမ်မှုများရှိသော်လည်း ၎င်းတို့သည် ဤနေရာတွင် ထိုင်နေကြဆဲဖြစ်သည်။ သူတို့သည် လောင်းကစားလုပ်ရန် မတတ်နိုင်သည့် သို့မဟုတ် အရှက်မရှိသော သူရဲဘောကြောင်သူများမဟုတ်ပါ၊ ယခု ပို၍သတိထားကာ လေးနက်လာကြပြီး စီဆဲလ်၊ ကျောင်းမြန်တို့နှင့်အတူ ဗျူဟာများကို ဆွေးနွေးခဲ့ကြသည်။
တစ်နာရီခွဲကြာ ဆွေးနွေးပြီးနောက် အစည်းအဝေး ပြီးဆုံးခဲ့သည်။
"ပင်ပန်းနေပြီလား"
စီဆဲလ်သည် ကျောင်းမြန်ကို အဝေးထိန်းအခန်းမှ ဆွဲထုတ်ပြီး အနားယူရန် လှေငယ်လေးဆီသို့ သွားခဲ့သည်။
သူသည် ကျောင်းမြန်၏ ဆံပင်လေးအား သပ်ကာမေးလိုက်သည်။
"တစ်ရေးတစ်မော အိပ်ချင်လား"
"ရတယ်... ကျွန်တော် အဆင်ပြေပါတယ်..."
ကျောင်းမြန် မေးလိုက်သည်။
"လီယိုလေးရော... ဘယ်မှာလဲ..."
"ကလေးထိန်းက သူနဲ့ ရှောင်လဲ့ ကို အတူတူအိပ်ဖို့ ခေါ်သွားတယ်"
"အင်းပါ..."
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် မှီ၍ ပြတင်းပေါက်အပြင်ဘက်ရှိ ကြယ်ရောင်စုံ တောက်ပနေသော ကောင်းကင်ကြီးကို ကြည့်ကာ စိတ်ထဲတွင် တစ်မျိုးလေး ခံစားလိုက်ကြရသည်။
ထိုအချိန်တွင် သူတို့သည် စစ်မြေပြင်တွင် ဆန့်ကျင်ဘက် အရပ်တွင်ရပ်ကာ တိုက်ခိုက်ရန် စစ်တပ်များကို အိမ့်ပေးခဲ့ကြသော်လည်း ယခုအချိန်တွင် အတူပူးပေါင်းကာ ရန်သူကို အတူတကွ တိုက်ခိုက်နေရမည်ဟု မည်သူက ထင်မည်နည်း။
သူတို့တွင် ကလေးတောင် ရှိနေပြီဖြစ်သည်။
ရေခဲမြစ်နှင့် ဖက်ဒရေးရှင်း၏ ဗိုလ်ချုပ်ကြီး နှစ်ယောက်လုံး၏ မျိုးရိုးဗီဇနှင့် အမွေကို ဆက်ခံမည့် ကလေးလေးဖြစ်သည်။
"စီဆဲလ်.."
ကျောင်းမြန်သည် စီဆဲလ်၏ ပခုံးပေါ်တွင် မှီကာ သာမန်စကားပြောသကဲ့သို့ စကားစလိုက်သည်။
"ခင်ဗျားမှာ အစကတည်းက ဇာစ့်တွေကို တိုက်ဖို့ အခွင့်အရေးရှိပြီး စီစဉ်နေတာကို ဘာလို့ ကျွန်တော့်ကို မပြောတာလဲ...."
ကျောင်းမြန်သည် စီဆဲလ်တွင် စိုးရိမ်မှုအချို့ရှိနေသည်ဟု ထင်မိသည်။ ထို့ကြောင့် စီဆဲလ်သည် တံတားအား ဖြိုချရန် ဝန်လေးနေခြင်းဖြစ်ပေလိမ့်မည်။
စီဆဲလ်သည် ဒီလောက်ထိ သဘောထားသေးသိမ်သည့်လူ မဟုတ်ဟု ကျောင်းမြန် ခံစားမိသည်။ ထို့ကြောင့် ကြီးကျယ်ခမ်းနားသော ဖက်ဒရယ်ရေတပ်ဗိုလ်ချုပ်ကြီးသည် ဤအရာကို လက်မလွှတ်နိုင်သဖြင့် စီဆဲလ်၏ စိတ်သည် ထိုအရာနှင့် ပတ်သက်ပြီး အမှန်တကယ် လေးနက်မှုရှိနေသည် မဟုတ်လား....။
"မင်းမှန်ပါတယ်..."
စီဆဲလ် သက်ပြင်းချလိုက်ပြီး ပြောလေသည်။
"ကိုယ် လက်လွှတ်ဖို့ ဝန်လေးနေတယ်.... ဆွဲထားလို့လည်း မရဘူးလေ...."
ကျောင်းမြန်သည် စီဆဲလ်ကို မော့ကြည့်လိုက်သည်။
စီဆဲလ်၏ မျက်လုံးများတွင် မထင်မရှား အရိပ်တစ်ခု ဖြတ်ပြေးသွားပြီးပြော၏။
"အဲ့ဒီ့ တံတားက ကိုယ့်အတွက် အများကြီး အဓိပ္ပာယ်ရှိတယ်..."
"အိုး..."
"အာ့မြန် ကိုယ်မင်းကို နမ်းလို့ရလား...."
"အာ...!"
ကျောင်းမြန် ဆွံ့အသွားပြီး ရုတ်တရက် ခေါင်းစဉ် ဘာလို့ပြောင်းသွားသည်အား နားမလည်တော့ပေ။
"အာ့မြန်....."
စီဆဲလ်သည် ကျောင်းမြန်၏ခါးကို ရစ်ပတ်ကာ ဖက်ထားပြီး ပြုံးကာ ခေါင်းကို အနည်းငယ်ငုံ့လိုက်သည်။
ကျောင်းမြန် ငြိမ်ကျသွားရာမှ ခေါင်းမော့ကာ သူ့အရှေ့မှ နှုတ်ခမ်းအား လှမ်းနမ်းလိုက်သည်။
နှုတ်ခမ်းနှစ်စုံသည် အချိုးစားညီမျှစွာ တွယ်ဆက်သွားပြီး မည်သည့် တပ်မက်မှုမှ မပါဘဲ ချစ်ခြင်းတရားတို့၏ ငယ်ရွယ်နုပျိုမှုတို့သာ ထုံမွှန်းနေသည်။
"အာ့မြန်..."
စီဆဲလ် အနည်းငယ်ပူနွေးလာသောကြောင့် ကျောင်းမြန်၏ အဝတ်အစားများကို မတင်ရန် လက်ဆန့်လိုက်သော်လည်း ကျောင်းမြန်သည် အချက်ပေးသံကြောင့် ထိတ်လန့်သွားပြီး စီဆဲလ်အား တွန်းဖယ်ကာ မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
"လာလေ.... အချက်ပေးနေပြီ.."
တီ...တီ ...
"ဇာစ့်တွေက S4ကို ဦးတည်ပြီး တိုက်နေပါတယ်..... ထပ်ပြောပါမယ်.... ဇာစ့်တွေက S4ကို ဦးတည်ပြီး တိုက်နေပါတယ်..... "
ကျောင်းမြန် : "အချိန်မရှိတော့ဘူး၊ ကျွန်တော့် လူတွေကို ဦးဆောင်ပြီး နောက်တန်းက တိုက်မယ်.... ခင်ဗျားက ရှေ့တန်းက တိုက်..!"
ကျောင်းမြန်သည် စီဆဲလ်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့်ကို နောက်တန်းမှာ ထားခဲ့နော်...."
"ကောင်းပြီ!"
"အာမြန်...!"
စီဆဲလ်သည် ပြုံးကာ....
"အစစအရာရာ သတိထားနော်...."
"ကောင်းပြီ..."
ဘန်း....
ဇာစ့်သည် တံတားပေါ်သို့ ဦးတည်ကာ ပစ်ခတ်ခဲ့ပြီး စီဆဲလ်သည် တံတားကို ကာကွယ်ရန် စစ်တပ်ကို ဦးဆောင်ကာ အမြောက်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ထက်တွင် အနီရောင်အလင်းများကသာ စိုးမိုးနေတော့သည်။
ဒုတိယမင်းသား ကာလီဒို... စီဆဲလ်သည် ကာလီဒို ရှိနေသည့်ပင်မစစ်သင်္ဘောရှိရာနေရာကို အမြန်ရှာဖွေတွေ့ရှိခဲ့သည်။
ထို့နောက် စီဆဲလ်သည် သူ့နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်သည်။
လူကိုမပစ်ခင် မြင်းကို အရင်ပစ်ရမည်။ သူခိုးကို ဖမ်းချင်ရင် ဘုရင်ကို အရင်ဖမ်းရမည်။
စီဆဲလ်သည် ရန်သူစစ်သားများကို သတ်ဖြတ်ရသည်ကို အမြဲ နှစ်သက်သည်။
"အမှတ်၁၂တပ်ဖွဲ့ ငါ့နောက်ကလိုက်ခဲ့!"
စီဆဲလ်သည် ပင်မစစ်သင်္ဘောမှ ထွက်ခွာသွားပြီး သူ၏ မက်ခါထဲသို့ ခုန်ဆင်းသွားသည်။
"ရန်သူ ပင်မစစ်သင်္ဘောကို ငါနဲ့အတူ တိုက်ခိုက်ကြ!"
"တိုက်ခိုက်ကြ.."
အခြားတစ်ဖက်တွင်၊ ကျောင်းမြန်သည်လည်း ရေခဲမြစ် စစ်တပ်နှင့် အတူရှိနေသည်။ သူသည် ဇာစ့်တို့၏ နောက်တန်းသို့ သွယ်ဝိုက်သွားကာ သူတို့၏ ဖွဲ့စည်းပုံပျက်ယွင်းစေမည့် အားနည်းစေမည့် အပိုင်းကို ရှာကာ တိုက်ခိုက်ရန် ပြင်လေသည်။
"တိုက်ခိုက်ကြ..."
"တိုက်ခိုက်ကြ..."
"တိုက်ခိုက်ကြ..."
လူသတ်သည့်သံမျက ပို၍ ကျယ်လောင်လာသည်။
"အာ့မြန်"
ဤအခိုက်အတန့်တွင်၊ ကျောင်းမြန်သည် မက်ခါ၏ အသံလွှင့်စနစ်မှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည်။
ဒါက...
ကျောင်းမြန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူနှင့် မနီးမဝေးတွင် အနီရောင် မက်ခါတစ်ခုရှိနေပြီး ချင်းယင်သည် အထဲမှာ ထိုင်ကာ ကျောင်းမြန်အား မျက်ခုံးပင့်လျက် ပြုံးကာ ကြည့်နေသည်။
"မင်းမသေသေးဘူးပဲ"
ကျောင်းမြန်လည်း ပြုံးပြီး ပြန်ပြောလိုက်သည်။
" မင်းက အရမ်းသတ္တိရှိတာပဲ....ဒီကို မက်ခါနဲ့တောင် ပြေးလာရဲသေးတယ်"
"အာ့မြန်.."
ချင်းယင်သည် ကျောင်းမြန်အား ထိုသို့ခေါ်လိုက်တိုင်း ထိုအသံထဲတွင် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အဆုံးမဲ့ အလိုလိုက်မှုများ ချစ်ခင်မှုများသည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။
"ငါက ဘာလို့ကြောက်ရမှာလဲ...! မင်းအကြောင်းလေးများ တွေးလိုက်ရရင် ငါဘာကိုမှ မကြောက်ဘူး"
ထိုလေသံမှာ သံသယဖြစ်ဖွယ်ရှိသည်။
ယခုမူ ကျောင်းမြန်သည် ချင်းယင်၏ သဘောထားကြောင့် ကြောက်ရွံ့ခြင်း သို့မဟုတ် တုန်လှုပ်ခြင်း မရှိတော့ပေ။
ကျောင်းမြန်သည် မက်ခါ၏ ထိန်းချုပ်သည့် လက်ကိုင်ကို ကိုင်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ချင်းယင်ထံသို့ပြေးဝင်သွားကာ သူ၏ မက်ခါအား ထိန်းချုပ်ရန် ကြိုးပမ်းလိုက်သည်။
ချင်းယင်လည်း ပြုံးကာ ပြန်တိုက်ခိုက်လိုက်သည်။ အချင်းချင်း အမြှောက်များဖြင့်ပစ်ကာ ဓါးဖြင့်ထိုးမည်ဟု ကြံရွယ်ထားသည့်အလား အသေအကြေ တိုက်ခိုက်ကြသည်။
"ဝုန်း...."
ကျောင်းမြန်၏ဓားသည် ချင်းယင်၏ မက်ခါထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ၎င်း၏လက်တစ်ဖက်ကို ဖြတ်ပစ်ကာ ကျောင်းမြန်သည် သူ၏မက်ခါတွင်တပ်ဆင်ထားသည့် သေနတ်များထဲမှ တစ်ခုဖြင့် ချင်းယင်အား ပစ်လိုက်သည်။
ကျောင်းမြန် ထိုသို့ မက်ခါ၏ ယာဉ်မှူးအခန်းသို့ ချိန်ကာ ပစ်တော့မည်ကို တွေ့လိုက်သောကြောင့် ချင်းယင်သည် ယခင်က သူ့အား ကျောင်းမြန် သတ်ရန်ကြိုးစားသည့် နမူနာအား အတုယူကာ မက်ခါပေါ်မှ ခုန်းဆင်းသွားပြီး ကျောင်းမြန်၏ မက်ခါပေါ်သို့ ခုန်ချကာ မှန်များကို လက်သီးဖြင့်ထိုးပြီး ကျောင်းမြန်၏ လက်တစ်ဖက်ကို လိမ်ချိုးကာ တားဆီးလိုက်သည်။
"အာ့မြန်... မင်း ငါနဲ့ ယှဉ်တိုက်လို့မရဘူး...."
ချင်းယင် ပြုံးကာ ဆက်ပြော၏။
" ပင်လယ်ဓားပြသင်္ဘောပေါ်မှာ မင်းရဲ့ တိုက်ခိုက်နည်းတွေကို ငါသင်ပေးခဲ့တယ်ဆိုတာ မမေ့နဲ့...."
ကျောင်းမြန်သည် ချင်းယင်၏ အရေးကြီးသော အစိတ်အပိုင်းကို လက်ဖြင့် ထိုးလိုက်ရာ ချင်းယင်မှ အလွယ်တကူ ရှောင်ထွက်သွားသည်။
"မင်း မှားတယ်.."
ချင်းယင် အံ့အားသင့်သွားသည်။
နောက်အခိုက်အတန့်တွင် ချင်းယင်သည် ကျောင်းမြန်၏ အခြားလက်တစ်ဖက်ကိုသာ တွေ့လိုက်ရပြီး သူလျစ်လျူရှုထားမိသည့် အထိန်းအကွပ်မရှိသည့်လက်ဖြင့် ပုံဖော်ထားသည့် သေနတ်ကို ထုတ်လိုက်ပြီး ချင်းယင်၏ နဖူးအားချိန်ကာ ပစ်လိုက်သည်။
အင့်!
ချင်းယင်သည် သားရဲတစ်ကောင်ကဲ့သို့ ကျောင်းမြန်အား အားအပြည့်ထည့်၍ ထိုးချလိုက်ရာ ကျည်ဆန်သည် ချင်းယင်၏ ပခုံးကို ထိမှန်သွားသည်။
တစ်ချိန်တည်းမှာပင်၊ ချင်းယင်သည်လည်း ကျောင်းမြန် နှင့် သူတပြန် ကိုယ်တပြန် ထိုးကြိတ်နေကြသည်။
သူတို့နှစ်ဦးသည် စစ်သင်္ဘောခေါင်မိုးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ကျောင်းမြန် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ ချောနေသည့် ခေါင်မိုးကိုသာ မြင်ရလေသည်။
သတိမထားမိရင် ပြုတ်ကျသွားနိုင်သည်..!
ကျောင်းမြန် မျက်လုံးရှင်ရှင်ထားကာ ချင်းယင်၏ အံ့ဩဖွယ်ကောင်းသည့် တိုက်ကွက်များကို လျင်မြန်စွာ ရှောင်ရှားကာ တောင့်ခံထားရင်း နှစ်ယောက်သား အပြန်အလှန် တိုက်ခိုက်ကြပြန်သည်။
ချင်းယင်က ပြုံးကာ တာမီနယ်ကိုဖွင့်လိုက်သည်။
"မင်းရဲ့ အရှင်သခင်က ငါပဲ"
"ကျေးဇူးပြုပြီး B7 စစ်သင်္ဘောကို လမ်းကြောင်းအတိုင်းသွားခွင့်ပြုလိုက်ပါ...."
ကျောင်းမြန် မျက်လုံးပြူးသွားသည်။
ချင်းယင် ရူးနေပြီလား?
ကျောင်းမြန်သည် လူတိုင်းအား ဇာစ်တို့၏ နောက်မှ ရေခဲမြစ်မှ တံတားအား တိတ်တဆိတ်ဖြတ်သန်းစေခဲ့သည်။ ထို့ကြောင့် လူအများသည် ကြယ်စင်နယ်မြေတစ်ခုဖြစ်သည့် ရေခဲမြစ်၏ ပိုင်နက်ထဲတွင်ရှိနေကြပြီဖြစ်သည်။
သို့သော် အခု ချင်းယင်က ဘာလုပ်ချင်နေတာလဲ....။
သူတို့၏ အောက်ရှိ ဇာစ့်များ မောင်းနှင်သော စစ်သင်္ဘောများကို လူသားများ မတတ်နိုင်သော အပူချိန်မြင့်ပြီး ဖိအားမြင့်သော အာကာသထဲသို့ တိုက်ရိုက် အလျင်အမြန် မောင်းနှင်စေခဲ့သည်။
"ငါမင်းကိုမနှိမ်နင်းနိုင်ရင် ငါတို့အတူတူသေရလိမ့်မယ်"
ချင်းယင်သည် ဓါးမြှောင်ကို တင်ူကြပ်စွာ ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
"အာ့မြန် ... လာလေ..."
ကျောင်းမြန် အာကသထဲမှ အဝေးတစ်နေရာသို့ မျှော်ကြည့်လိုက်သည်။
... အချိန် ကျပြီ....။
ကျောင်းမြန် လှောင်ရယ်လိုက်ပြီး အရှေ့သို့ ပြေးသွားလေသည်။
သူရှုံးမှာမဟုတ်ဘူး!
ကျောင်းမြန် မြေပြင်ပေါ်သို့ ခုန်ဆင်းကာ ခြေထောက်ဖြင့် ကန်ရန်ပြင်လိုက်သည်။
ချင်းယင် ဘေးသို့ ရှောင်ပေးလိုက်ပြီး ကျောင်းမြန်၏ခါးကို ဓါးမြှောင်ဖြင့် ထောက်ထားလိုက်ပြီး ပြုံးကာ ပြော၏။
"အာ့မြန်...မင်းရဲ့နည်းလမ်းတွေကို ငါသိနေလို့ မင်းပြောင်းလဲလို့မရဘူးမလား...."
'ဖြောင်း..'
သို့သော် သူစကားမဆုံးခင် ချင်းယင်၏ ရင်ဘတ်ကို လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
"မင်း မှားနေပြီ..."
ကျောင်းမြန် အေးစက်စွာ ထပ်ပြောလိုက်သည်။
"မင်းငါ့ကို တစ်ဝက်ပဲ သင်ပေးခဲ့တာ၊ ဒါပေမယ့် အခု ငါရဲ့ တိုက်ခိုက်ရေးစွမ်းရည်အားလုံးကို စီဆဲလ်က သင်ပေးထားတာ..."
သူတို့နှစ်ယောက် လက်ထပ်ပြီးကတည်းက ကျောင်းမြန်သည် စီဆဲလ်ထံမှ ကိုယ်ခံပညာကို သင်ယူခဲ့သည်။
"မင်း...!"
ချင်းယင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မေးလိုက်သည်။
"ဒါက ဘာလဲ....မင်းငါ့ကို အနိုင်ယူလို့မရဘူး"
"အဲဒါက ငါ မင်းကို အရင်က ကြောက်နေလို့လေ..."
သို့သော် အမှန်တွင်လည်း သူ့မှာ ချင်းယင်အား ကြောက်စရာ အကြောင်းမရှိပါ.... သူ့ လိပ်ပြာ သူလုံသည်။
ထို့နောက် ကျောင်းမြန် တစ်ချက်ပြုံးကာ ဓားမြှောင်ကို မြှောက်လိုက်ပြီး ချင်းယင်၏ နှလုံးသားကို ဓားဖြင့် ထိုးချလိုက်သည်။
ထိုအချိန်တွင်၊ ချင်းယင်၏ မျက်လုံးများသည် ကြယ်ရောင်စုံသော ကောင်းကင်တွင် ဖြန့်ကျက်ထားသော ငွေပြာရောင်များနှင့် ပြည့်နေသည်။
အရမ်း ကောင်းတယ်...။
'ဘန်း....'
စစ်သင်္ဘောသည် လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့သော်လည်း နောက်ဆုံးတွင် ကင်းလွတ်ခွင့်နေရာရှေ့ရှိကျောင်းမြန် ခေါ်ဆောင်လာသည့် ရေခဲမြစ် စစ်တပ်ရှေ့တွင် ရပ်တန့်သွားလေသည်။
စစ်သင်္ဘောပေါ်တွင် ကျောင်းမြန်၏ဓားမြှောင်သည်လည်း ချင်းယင်၏ရင်ဘတ်ထဲသို့ ထိုးဖောက်ကာ ဝင်ရောက်သွားခဲ့သည်။
---------------------------------------------------------------------------------