Chapter - 70.2
(တိတ်တခိုး အချစ်)
"တီတီ....တီတီ -"
မက်ခါ စနစ်သည် သတိပေးချက်တစ်ခု စတင်ထွက်ပေါ်လာပြီး အကာအကွယ်မရှိသည့် လမ်းတစ်ခု ရှေ့တွင်ရှိနေပြီး ထိုလမသည် ရှည်သည်လည်း မဟုတ် တိုသည်လည်း မဟုတ်သော်လည်း အပူချိန်နှင့် ဖိအားကြောင့် သာမန်လူသားတစ်ဦးကို သတ်ရန် လုံလောက်မှုရှိနေသော်လည်း ယခုအချိန်တွင် ထိုနေရာသည် အင်အားတစ်ခုကြောင့် ပေါက်ကွဲထွက်ရန် အချိန်တစ်ခုသာ လိုတော့သည်ဖြစ်ရာ အခါနှောင်းသွားလေပြီ...။
ဒါက ...ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ...။...
ကျောင်းမြန် မျက်လုံးသာ မှိတ်ချလိုက်သည်။
-သူသေမှာမဟုတ်ပေ.... ဒါသည် လွန်ကဲသော ယုံကြည်မှု၊ ပင်ကိုယ်အသိစိတ်ကြောင့် မဟုတ်ပေ။
ဘန်း-
မက်ခါသည် လေထုထဲသို့ ပြေးဝင်သွားလေသည်။ထိုအချိန်တွင် အပူလှိုင်းတစ်ခု တက်လာပြီး ကျောင်းမြန် ပူလောင်လွနသဖြင့် သတိလစ်လုနီးပါး ဖြစ်နေလေသည်။ကျောင်းမြန် အော်ဟစ်ရုံမှလွဲ၍ မတတ်နိုင်ဘဲ မက်ခါ၏ ဖန်ဖြင့် ပြုလုပ်ထားသည့်နေရာများမှ အက်ကွဲလာပြီး သံထည်မှာလည်း အရည်ပျော်စပြုနေပြီဖြစ်သော်လည်း သူ့အရှိန်သည်တော့ မလျော့သွားဘဲ လျင်မြန်စွာ သွားနေဆဲဖြစ်သည်။
သိပ်မကြာခင်...မကြာတော့ဘူး.....!
ကျောင်းမြန် ရှေ့သို့ တည့်တည့်ကြည့်လိုက်ပြီး သူမြန်မြန်သာ ထွက်သွားချင်မိသည်။
မြင့်မားသောဖိအားနှင့် အပူချိန်မြင့်မားမှုက သူ့ကို ဆက်လက်နှိပ်စက်ခဲ့ပြီး သူ့အရေပြားများ ကွဲအက်လာသည်။ ကျောင်းမြန် အောက်သို့ ငုံ့ကြည့်လိုက်စဉ် ကိုယ်ထည်အောက်ပိုင်းကို မီးစွဲနေပြီဖြစ်ပြီး မီးတောက်သည် သူ့ခြေဖဝါးကို လောင်ကျွမ်းလုနီးပါး ဖြစ်နေသည်။
ကျောင်းမြန် အံ့ဩသွားသည်။
- ဒီမြင်ကွင်းက ကြုံဖူးနေသလိုမျိုး ငါ့စိတ်ထဲမှာ ဘာလို့ရင်းနှီးနေရတာလဲ.....။
"Ahhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhh"
ဦးနှောက်အတွင်းမှ နာကျင်မှုနှင့် အပြင်က ဖိအားများသည် ကျောင်းမြန်ကို မူးမေ့ကာ သတိလစ်သွားစေရန် လုံလောက်ပါသည်။
******
"မမ ပုံပြင်လေး နားထောင်ချင်လို့!"
ငါ အမှောင်ခန်းထဲ ပြန်ရောက်လာတာပဲ.....။
ရှောင်ကျစ်သည် အမကြီးကို နှောင့်ယှက်ကာ နူးညံ့စွာပြောလေသည်။
"မမ...မမ နောက်တစ်ပုဒ် ပြောပြပါဦး... ရလားဟင်..!"
စီဆဲလ် အငယ်လေးသည် ဘေးမှာထိုင်နေပြီး ပြုံးကာ မေးလိုက်သည်။
"မရှက်ဘူးလား.... အသက်ပဲ ဘယ်လောက်ဖြစ်နေပြီလဲ... ပုံပြင်နားထောင်ချင်နေတာ..."
ရှောင်ကျစ် ဒေါသထွက်ကာ စီဆဲလ်အား ရိုက်လိုက်သည်။
"ကောင်းပြီ ကောင်လေးတွေ ပြောပြမယ်နော်..."
ထိုမိန်းကလေး၏ မျက်ဝန်းများသည် နူးညံ့သိမ်မွေ့ကာ ကစားနေသည့် ကလေးနှစ်ယောက်ကို မြင်လိုက်သောအခါတွင် သူမ၏ နှလုံးသားသည် ပျော့ပျောင်းသွားပြီး သူမသည် မည်သည့်တောင်းဆိုမှုကိုမဆို သဘာဝအတိုင်း သဘောတူလိုက်လေသည်။
ကောင်မလေးသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်ထဲမှ စာအုပ်အား တစ်မျက်နှာ လှန်လိုက်သည်။
ဘယ်ဘက်အောက်ထောင့်မှာ အမျိုးသမီးတစ်ယောက် ရပ်နေပြီး ညာဘက်အပေါ်ထောင့်မှာ အမျိုးသားတစ်ယောက် ရပ်နေကာ အလယ်တွင် ငှက်ကလေးများ တန်းစီနေပြီး ကြယ်များဖြင့် တောက်ပနေသည့် ကောင်းကင်ကြီးပါရှိနေသည်။
ရှောင်ကျစ်သည် ပုံပြင်စာအုပ်ဘေးတွင် အိပ်ကာ မျှော်လင့်ချက်အပြည့်ဖြင့် နားထောင်ရန် အသင့်ပြင်ထားလေသည်။
ကောင်မလေးသည် ပြုံးကာ ပြောပြလေသည်။
"အခု အမပြောပြမယ့် ဇာတ်လမ်းက နွားကျောင်းသားနဲ့ ရက်ကန်းသမလေး လို့ခေါ်တယ်... ဒီဇာတ်လမ်းက ရှေးဟောင်းကမ္ဘာမြေရဲ့ အရှေ့ဘက်တိုင်းက လှပတဲ့ ဒဏ္ဍာရီတစ်ပုဒ်ပဲ"
"ဟုတ်!"
ရှောင်ကျစ် ခေါင်းညိတ်လိုက်သည်။
"ဟိုးရှေးရှေးတုန်းက ယောက်ျားပျို တစ်ယောက်နဲ့ မိန်းမပျို တစ်ယောက် ချစ်မိသွားခဲ့တယ်"
ကောင်မလေးသည် နွားကျောင်းသားနှင့် ရက်ကန်းသမလေး၏ ပုံပြင်ကို ဖြည်းညှင်းစွာ ပြောပြပြီး ကလေးနှစ်ယောက်က နားထောင်သည်။
"ဒီလိုနဲ့ နောက်ဆုံးကျတော့ သပိတ်လွယ်ငှက်တွေဟာ သူတို့အတွက် တံတားတစ်ခု ဆောက်ပေးခဲ့ကြတယ်..... အဲ့ဒီ့အချိန်ကစပြီး နွားကျောင်းသားနဲ့ ရက်ကန်းသမလေးက နှစ်စဉ်နှစ်တိုင်း တရုတ်ချစ်သူများနေ့မှာ တစ်ယောက်ကိုတစ်ယောက် ဆုံစည်းဖို့ ဒီတံတားကို အသုံးပြုခဲ့ကြတယ်တဲ့"
ရှောင့်ကျစ်သည် ရှုံ့တွနေသော မျက်နှာနှင့် နီရဲနေသော မျက်လုံးများဖြင့် ငြိမ်နေပြီးမှ မေးလိုက်သည်။
"ဒါဆို သူတို့က တွေ့ချင်ရင် တစ်နှစ်မှ တစ်ကြိမ်ပဲ တွေ့လို့ရတာပေါ့... ကျွန်တော်ဆို ကိုကြီးနဲ့ တစ်ရက်မတွေ့ရရင်တောင် မပျော်တော့ဘူး..."
"အဲဒါ အဲ့ဒီ့ နွားကျောင်းသားက အသုံးမကျတဲ့ အရူးကောင်မို့လို့ပဲ!"
ရှောင်ကျစ် မပျော်တော့သည်ကို စီဆဲလ် မြင်လိုက်ချိန်တွင် သူ့၏လက်ကလေးကို ရုတ်တရက် လှမ်ူကိုင်ပြီး ပြောလိုက်သည်။
"တကယ်လို့ ငါသာဆို... နွားကျောင်းသားလို ဖြစ်မှာမဟုတ်ဘူး... ငါက ရှောင်ကျစ်ကို တွေ့ဖို့လာရှာမှာ မင်းကို တစ်ယောက်တည်း မနေခိုင်းဘူး..."
"တကယ်လား!"
ရှောင်ကျစ်သည် မျက်ရည်များကြားမှ စီဆဲလ်အားကြည့်ကာ တခစ်ခစ်ဖြင့် ရယ်လိုက်သည်။
"ခွီး.."
ကောင်မလေးသည် ထိုကလေးစုံတွဲကို ကြည့်ကာ စီဆဲလ်၏ နှာခေါင်းလေးအား တို့ကာ ပြော၏။
"မင်းပြောတော့ လွယ်လိုက်တာ..."
"အတည်!"
စီဆဲလ်က ထထိုင်လိုက်ပြီး စကားလုံးတိုင်းကို လေးလေးနက်နက် ပြောလိုက်သည်။
"ကျွန်တော်သာဆိုရင် တံတားဆောက်မယ်..... ဘယ်လောက်ကြာကြာ တံတားတစ်စင်း ရအောင်ဆောက်မယ်... ပြီးရင် ရက်ကန်းသမလေးကို သွားရှာမယ်.... ဘယ်လောက်ပဲ ဝေးဝေး သူ့ကို တွေ့မှာပါ"
ကောင်မလေးသည် ခဏလောက် အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်တော့သည်။
"ကိုကြီးက... အရမ်းတော်တာပဲ"
ရှောင်ကျစ်သည်လည်း ပြုံးပြီး ပြန်ပြောလိုက်သည်။
"ဒါဆို ကိုကြီး ကျွန်တော်နဲ့ ဘယ်တော့မှ မခွဲခွာရဘူး... ကျွန်တော် ဘယ်ကိုပဲ ရောက်နေပါစေ.... တွေ့အောင်လိုက်ရှာရမယ်..."
"ဟုတ်ပြီ!"
...........................
'အုံး..... အုံး'
"ဓာတ်ခွဲခန်း ပေါက်ကွဲပြီး ပြိုကျနေပြီ ပြေးကြတော့...."
"နေဦး ကလေးနှစ်ယောက် ဘယ်မှာလဲ"
စမ်းသပ်ခန်းရှိ နေရာတိုင်းတွင် မီးလောင်ကျွမ်းပြီး နေရာအနှံ့တွင် ပြိုကျနေပြီဖြစ်ရာ သုတေသီများသည် အရပ်မျက်နှာ အမျိုးမျိုးသို့ ထွက်ပြေးသွားကြသော်လည်း အဘိုးအိုသည်တော့ လက်လျော့ချင်ပုံမရပေ။
"အဲဒီကလေးနှစ်ယောက်ကို မင်းနဲ့အတူခေါ်သွားလိုက်... သူတို့က တန်ဖိုးရှိတဲ့ စမ်းသပ်ခံတွေပဲ..... သူတို့ကို ငါတို့ လွှတ်ပေးလိုက်လို့ မရဘူး....."
"ငါ့နောက်က စစ်သားတွေ အကုန်လက်နက်ကိုင်ပြီး လိုက်ခဲ့ကြ...."
အခြေစိုက်စခန်း၏ မမြင်ကွယ်ရာ၌ မိန်းကလေးသည် ဘယ်ဘက်လက်နှင့် ရှောင်ကျစ်ကိုကိုင်ထားပြီး ညာဘက်လက်ဖြင့် စီဆဲလ်ကို ဆွဲကာ ဓါတ်ခွဲခန်း၏ လေဆိပ်သို့ ထွက်ပြေးလေသည်။
"အန်နာက စမ်းသပ်ခံတွေကို ခေါ်ပြီး သစ္စာဖောက်သွားပါပြီ..... မြန်မြန်လိုက်ကြ....!"
"အန်နာကိုသတ်ပြီး စမ်းသပ်ခံတွေကို ပြန်ခေါ်လာခဲ့.."
"မမ..!"
ရှောင်ကျစ်သည် သူတို့နောက်သို့ လိုက်လာကြသည်ကို မြင်သဖြင့် တုန်ရီစွာပြောလေသည်။
"သူတို့ လိုက်လာကြပြီ....!"
'မကြောက်နဲ့…”
ကောင်မလေးက ခိုင်မာသောမျက်လုံးများဖြင့် ကတိပေးလိုက်သည်။
"အမ မင်းတို့ကို သေချာပေါက်ခေါ်ထုတ်သွားမယ်"
သူတို့ သုံးဦးသည် လေယာဉ်ပေါ်သို့ အောင်မြင်စွာရောင်သွားပြီးနောက် နယ်စပ်သို့ တိုက်ရိုက်မောင်းနှင်ခဲ့သည်။
"ကျွန်တော် လုပ်မယ်..."
ရှောင်ကျစ်သည် သူ့လက်များကို ကျင်လည်စွာ အလုပ်ပေးလိုက်ပြီး လေယာဉ်အား နောက်မှလိုက်လာသူများ၏ ကျည်ဆန်များရန်မှ ထိခိုက်မှုမရှိဘဲ ရှောင်လိုက်နိုင်သွားသည်။
သူမသည် စမ်းသပ်မှုများကြောင့် ကဏ္ဍပေါင်းစုံတွင် ထူးချွန်ထက်မြက်သော ယောက်ျားလေးအဖြစ် ကြီးပြင်းလာခဲ့သည့် ရှောင်ကျစ်ကို ကြည့်ကာ သူမဘေးမှ စီဆဲလ်အား ကြည့်လိုက်သည်။ စီဆဲလ်သည် အခက်အခဲများကို ကျော်ဖြတ်ခဲ့သောကြောင့် ဒဏ်ရာများစွာဖြင့် သူမအား မှီနေခဲ့သဖြင့် ကောင်မလေးလည်း ရုတ်တရက် သက်ပြင်းချလိုက်သည်။
စမ်းသပ်ခန်းသည် မူလက နယ်စပ်တွင်ဖြစ်ပြီး လိုက်ရှာသူများကြောင့် နယ်စပ်သို့ ပိုနီးကပ်စွာ သွားရရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။ ထို့နောက် ပြန်ဆုတ်ရန် ရွေးချယ်စရာ မရှိတော့သဖြင့် ခံတပ်ရှေ့တွင်သာ ရပ်လိုက်ရသည်။
ခံတပ်ကို ဖြတ်သွားချင်ပါက မီးတောက်များကို အရငမလဖြတ်ကျော်ရမည်ဖြစ်သည်။
"သူတို့ကိုဝိုင်းထားကြ!"
ရှောင်ကျစ်သည် သူ့ရှေ့မှ ဖြစ်စဥ်များကို ကြည့်ကာ စီဆဲလ်နှင့် သူ့ဘေးမှ ကောင်မလေးကိုကြည့်ပြီး ခဏငြိမ်သွားရာမှ ပြတ်သားစွာ ပြော၏။
"လေယာဉ်ထဲမှာ မက်ခါတစ်စီးရှိတယ်.... ကျွန်တော် အဲ့ဒီ့ မက်ခါကိုသုံးပြီး သူတို့ကို လမ်းလွှဲလိုက်မယ်.... အဲ့အချိန်အတွင်းမှာ မမက ကိုကြီးကို ခေါ်သွားပေးလို့ရလား..."
"..မဟုတ်ဘူး!"
စီဆဲလ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဒေါသထွက်ကာ အော်လိုက်သည်။
"ရှောင်ကျစ်!! မင်း..."
သူစကားမဆုံးခင်မှာသည် ရှောင်ကျစ်သည် သူ့အား ထိုင်ခုံခါးပတ်ကြိုးဖြင့် သေချာချည်ပေးလိုက်သည်။
"ကိုကြီး..."
ရှောင်ကျစ်သည် မျက်လုံးများကို မှိတ်ကာ ပြောလိုက်သည်။
"ကျွန်တော်တို့ အနာဂတ်မှာ ခွဲရရင်တောင် ကိုကြီး ကျွန်တော့်ကို လိုက်ရှာရမယ်နော်..... မမေ့သွားရဘူးနော်....!"
စီဆဲလ် မျက်လုံးများ ပြူးကျယ်လာပြီး လက်သီးများကို တင်းတင်းဆုပ်ထားကာ.....
"ရှောင်ကျစ်.... ငါ့ကို လွှတ်ပေး...!"
ပြင်းထန်သော လှုပ်ရှားမှုကြောင့် ဒဏ်ရာက ပွင့်ထွက်သွားပြီး စီဆဲလ်၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲနေတော့သည်။
"ရှောင်ကျစ်...!"
"ကိုကြီး....ကျွန်တော့်ကို သတိရနေရမယ်နော်..... သတိရနေရမှာ..."
ရှောင်ကျစ်သည် သက်ပြင်းချကာ ဘေးမှ မိန်းကလေးနှင့် စီဆဲလ်အား တစ်ချက်ကြည့်ကာ မက်ခါပေါ်သို့ တက်လိုက်သည်။
နောက်မှ လိုက်လာသည့်သူများသည် လေယာဉ်မှထွက်လာသော မက်ခါအား မြင်လိုက်ကြရာ နောက်သို့ အပြေးအလွှား လိုက်သွားကြပြီး အမြှောက်များဖြင့် တရစပ် ပစ်ခတ်ကြလေသည်။
လေယာဉ်သည် မက်ခါ၏ ကာကွယ်မှု အောက်တွင် လွတ်မြောက်သွားသည်။
"ရှောင်ကျစ်!!!! ယုတ်မာလိုက်ကြတာ...!!"
စီဆဲလ် အော်ဟစ်ကာ....
"အန်နာ...! ကျွန်တော်ကို လွှတ်ပေး...! ပြန်သွားမယ်လို့...!"
ကောင်မလေးသည်လည်း မျက်လုံးတွေကိုမှိတ်လိုက်စဉ် မျက်ရည်များသည် တလိမ့်လိမ့်စီးကျလာသည်။ ဒီနည်းဖြင့်သာ တစ်ယောက်ကို ကယ်နိုင်မည်ဖြစ်သည်။
နောက်ဆုံးတွင် စီဆဲလ်အား ကာကွယ်ရန် မိန်းကလေးသည်လည်း တားဆီးထားခဲ့ရသည်။
ရှောင်ကျစ်သည်လည်း နောက်ဆုတ်ဖို့ နည်းလမ်းမရှိတော့သဖြင့် မီးထဲသာ ဝင်တိုးလိုက်ရသည်ကို မြင်လိုက်ရသည်။
နောက်ဆုံး ရှောင်ကျစ်တစ်ယောက် မီးထဲမှာ သေဆုံးသွားခဲ့ပါမှ Black Phoenix၏ ဖမ်းဆီးခြင်းကို ခံရမည် မဟုတ်ဟု တွေးလိုက်မိသည်။
လေထုထဲတွင် သူ၏ တစ်ကိုယ်လုံးကို မီးလောင်ကျွမ်းနေလေသည်။ သူ့အရေပြားများ မီးလောင်သွားပြီး ခြေရာလက်ရာများ အကုန်ပျက်ဆီးသွားပြီး နောက်ဆုံး သူ့ဆံပင်သည်လည်း အပြာရောင်မှ ငွေပြာရောင်အဖြစ်သို့ပြောင်းလဲသွားသည်။
သို့သော် Dark Phoenix ၏ စမ်းသပ်ချက်များကြောင့် အသက်တော့ မသေခဲ့ပေ။
ကျိုးပဲ့ပျက်စီးနေသော ခန္ဓာကိုယ်ကို သယ်ဆောင်ကာ အမှတ်တရများ ပျောက်ဆုံးသွားပြီး ဆည်းဆာမြို့တွင် သူပြန်နိုးထလာခဲ့သည်။
*
'ကျွန်တော်တို့ အနာဂတ်မှာ ခွဲရရင်တောင် ကိုကြီး ကျွန်တော့်ကို လိုက်ရှာရမယ်နော်..... မမေ့သွားရဘူးနော်....!'
'ကိုကြီး....ကျွန်တော့်ကို သတိရနေရမယ်နော်..... သတိရနေရမှာ...'
'ကိုကြီး.... ကိုကြီး ကျွန်တော့်ကို မေ့လို့မရဘူးနော် လုံးဝ!'
စီဆဲလ်သည် ကျောင်းမြန်အား ကယ်တင်လိုက်ပြီးနောက် လူရင်ထဲမှလူအား ကြည့်လိုက်စဉ် မီးလောင်ဒဏ်ရာများကို မြင်လိုက်ပြီးနောက် သူမပြုံးနိုင်တော့ပါ။
မမေ့ပါဘူးလို့ ပြောခဲ့ပြီးမှ သူကအရင် ဘာလို့မေ့ခဲ့မှန်း စဉ်းစားလို့မရပေ။
-မင်းဘယ်လို့ မေ့သွားရတာလဲ။
"ကိုယ် ကတိတည်တယ်နော်..."
စီဆဲလ် ခေါင်းငုံ့ကာ ကျောင်းမြန်အား တိတ်တိတ်လေး နမ်းလိုက်သည်။
"ကိုယ် တစ်ခါမှမမေ့ဖူးဘူးနော်...."
"မင်း မှတ်မိနေမှရမယ်လေ....!"
---------------------------------------------------------------------------------