Volume 1 (သေမျိုးနယ်မြေ ၀၉၈)
Chapter 98 (အစုလိုက်အပြုံလိုက်သေဆုံးမှုမြင်ကွင်း)
ဖတ်
ပိုင်လီဖက်တီး စကားပြောပြီးသည်နှင့် ဒရုန်းတစ်ခုသည် သူ့နောက်က သစ်ပင်တွေကနေ ထွက်လာပြီး သူ့နောက်က တပ်သားသစ်တစ်ယောက်ကို ပစ်လိုက်သည်။
တပ်သားသစ်က မှင်တက်သွားပြီး ခြေလှမ်းနှစ်လှမ်း ပြေးလိုက်ရင်း ပတ်ချာလည်သွားသလို ခံစားလိုက်ရကာ သူ့ခြေထောက်များမှာလည်း ပျော့ခွေကျသွားသည်။
ထို့နောက်ချက်ချင်းပင် နည်းပြနှစ်ယောက်က သူတို့နောက်ရှိ တောအုပ်ထဲက ထွက်လာပြီး လှောင်ပြုံးပြုံးပြီး သတိလစ်သွားသော တပ်သာသစ်ကို တောထဲဆွဲခေါ်သွားသည်။
ပိုင်လီဖက်တီးသည် ဤမြင်ကွင်းကိုမြင်ပြီး ညည်းညူကာ ခြေလှမ်းအနည်းငယ် အမြန်ပြေးခဲ့သည်။
"ဘာကြီးလဲ။ အဲဒါကဆေးသေနတ်မဟုတ်ဘူးလား။ ထိမှန်တာနဲ့ ဘာလို့သတိလစ်သွားတာလဲ။ ပြီးတော့ အခုလေးတင် နည်းပြနှစ်ယောက်ကဘာလဲ။ သူတို့အမူအရာတွေကိုကြည့်လိုက်ဦး အဲဒီညီအစ်ကိုရဲ့ဖြူစင်မှုကို ထိန်းသိမ်းဖို့ ခက်ခဲမယ်လို့ ငါခံစားရတယ်။"
ပိုင်လီဖက်တီးသည် လူနှစ်ယောက်ကနေ ပြေးလိုက်ပြီး မနေနိုင်ဘဲ ညည်းညူကြသည်။
ချောင်ယွမ်းသည် ခေတ္တတိတ်ဆိတ်နေပြီး "ကျရှုံးမှုအတွက်ပြစ်ဒဏ်က ဖြူစင်မှုကိုဆုံးရှုံးမှာများလား…"
"ငါတော့ ဖြစ်နိုင်မယ်မထင်ဘူး…" လင်ချီးယဲ့၏နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားသည်။ "ငါတို့ထဲမှာ မိန်းကလေးတွေအများကြီးရှိတယ်။"
"ဟုတ်သားပဲ။ ဒါနဲ့ အခု သူတို့တောထဲမှာ ဘာလုပ်နေကြတာလဲ။"
ပိုင်လီဖက်တီးသည် တောအုပ်ကို ပြန်လှည့်ကြည့်ပြီး သူ့မျက်လုံးသေးသေးလေးထဲတွင် သံသယကြီးတစ်ခု ရှိနေသည်။
…
နည်းပြနှစ်ယောက်သည် သတိလစ်နေသော တပ်သားသစ်ကို သူတို့ဘေးရှိထမ်းစင်ပေါ်တင်ကာ တောင်ခြေရင်းရှိ စမှတ်ဆီသို့ တောက်လျှောက် သယ်သွားခဲ့သည်။
"ဒါက ဒီနှစ် ပြင်းထန်တဲ့လေ့ကျင့်ရေးမှာ ပထမဆုံး ဖယ်ရှားခံရသူမလား။ ဟီးဟီး စိတ်ဝင်စားစရာပဲ…" နည်းပြတစ်ယောက်သည် သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားနေသောအကြည့်ဖြင့် တပ်သားသစ်ဖယ်ရှားခံရတာကို မြင်လိုက်ရသည်။
"သူ့ကို [အမှန်ပြောခြင်းလက်စွပ်] ဝတ်ပေးပြီး မိုက်ခရိုဖုန်းကိုဖွင့်ပြီးတော့ တပ်သားသစ်အားလုံးရဲ့အလေးပေါ်က Bluetooth စပီကာတွေနဲ့ ချိတ်ဆက်လိုက်ပါ..."
နည်းပြဟုန်သည် အရာအားလုံးကို စည်းစနစ်တကျ အမိန့်ပေးသည်။ မကြာခင်မှာ နည်းပြသယ်လာသော တပ်သားသစ်သည် နိုးလာပြီး ထိုင်ခုံမှာ ကြိုးနှင့်ချည်ကာ လှုပ်လို့မရပေ။
"ဟယ်လို ဟယ်လို ဟယ်လို… မင်းတို့ကြားရလား။"
နည်းပြ၏အသံသည် တပ်သားသစ်များအားလုံး၏ အလေးမှ ရုတ်တရက် ထွက်ပေါ်လာပြီး လန့်ဖျပ်သွားကာ လင်ချီးယဲ့တို့သုံးယောက်က တစ်ချိန်တည်း ရပ်တန့်သွားသည်။
"ဒီအထဲမှာ တကယ်တော့ စပီကာရှိတာပဲ။ သူတို့ဘာလုပ်ချင်နေတာလဲ။" လင်ချီးယဲ့က အံ့အားသင့်ကာ မေးသည်။
စကားလုံးများထွက်လာသည်နှင့် စပီကာမှ အသံထွက်လာပြန်သည်။
"မင်းတို့ကြားရရင် ကောင်းတယ်။ အဟမ်း… ဒါဆို ပြစ်ဒဏ်စရအောင် မင်းနာမည်က ဝမ်လျန်ဟုတ်တယ်မလား။ မင်းဘဝမှာ အရှက်မရှိဆုံးလုပ်ဖူးတဲ့အရာက ဘာလဲ။"
"ကျွန်တော် ခုနစ်နှစ်သားတုန်းက အိမ်နီးနားချင်းရဲ့ အစ်မကြီး ရေချိုးနေတာကို ချောင်းကြည့်ခဲ့တယ်။"
"အိုး… သူမက လှလား။"
"သူမ တော်တော်လှတယ်။ သူမက အရမ်းကောင်းမွန်တဲ့ အသွင်အပြင်ရှိပြီး အရှေ့က ပြူးထွက်ပြီး အနောက်က ကွေးကောက်နေတယ်။ သူမက အရမ်းလည်း သဘောကောင်းတယ်။ အဲဒီအချိန်က ကျွန်တော် နံရံမှာ တိတ်တဆိတ် ပုန်းနေပြီး ပြတင်းပေါက်ရဲ့ အက်ကွဲကြောင်းကနေ ကြည့်နေတာ။ ကျွန်တော် သူမကို အရမ်းရှင်းရှင်းလင်းလင်းမြင်ရတယ်။"
"မင်းကိုတွေ့သွားလား။"
"ကျွန်တော့်ကို တစ်ခါတွေ့သွားတော့ ကျွန်တော့်အမေကို သူမကတိုင်ပြီး အဲဒီညက ကျွန်တော်အရိုက်ခံရတယ်။"
"အိုး… မင်း အဲဒီအစ်မကြီးကို ကြိုက်လား။"
"ကြိုက်တယ်။ ကျွန်တော် ခဏခဏ သူမအကြောင်း အိမ်မက်မက်ပြီး တစ်ခါတစ်လေ…"
…
ဝမ်လျန်၏ပါးပြင်များ နီရဲနေပြီး မျက်နှာကြွက်သားများက အပြင်းအထန် တင်းမာနေသော်လည်း သူ့ပါးစပ်ကို ထိန်းချုပ်လို့မရဘဲ သူ့လက်များကို ထိုင်ခုံပေါ်တွင် ချည်နှောင်ထားကာ မလှုပ်ရှားနိုင်တော့ပေ။
သူနှင့် ဆန့်ကျင်ဘက်တွင် နည်းပြဟုန်သည် လူမှုရေးသေခြင်း မေးခွန်းမျိုးစုံကို လေးနက်စွာ မေးခဲ့သည်။
တခြားနည်းပြများသည် စကားဝိုင်းကို အပြင်ကနေ နားထောင်နေကြပြီး ပါးစပ်ကို တင်းတင်းကျပ်ကျပ်စိထားသော်လည်း သည်းမခံနိုင်တော့ဘဲ အားရပါးရရယ်မောပြီးနောက် တဖြည်းဖြည်း သူတို့၏သည်းခံနိုင်စွမ်းကုန်ဆုံးသွားကာ အုပ်စုလိုက် အပြင်းအထန် ရယ်မောကြသည်။
ကျင်းနန်တောင်တွင် ဝမ်လျန်မှလွဲ၍ အဖွဲ့ဝင် ၂၃၈ ယောက်သည် တစ်ချိန်တည်းတွင် လမ်းလျှောက်တာကို ရပ်လိုက်ကြပြီး... အရှက်မဲ့စွာ စတင်ရယ်နေတော့သည်။
"ဟားဟားဟား။ ဝမ်လျန် ဒီကောင့်မှာ ဒီလိုရှက်စရာကိစ္စတွေရှိတာကို။"
"ကောင်စုတ်လေး။ မင်းက တကယ်ပဲ အစ်မကြီးရေချိုးနေတာကို ချောင်းကြည့်ခဲ့တာလား။ ငါ့ကိုဘာလို့မခေါ်သွားတာလဲ။"
"ငါရယ်ရလွန်းလို့သေတော့မယ်။ ဒီကောင့်က သူ့ပစ္စည်း ဘယ်လောက်ကြီးလဲ နေ့တိုင်း ကြွားလုံးထုတ်နေတာ လေးစင်တီမီတာပဲ ရှိတယ်တဲ့။ ဟားဟားဟားဟား…"
"…"
ရယ်မောနေရင်း သူတို့မျက်နှာများ ပြောင်းသွားသည်။
မကြုံစဖူး အအေးဓာတ်က သူတို့နှလုံးသားကို လွှမ်းခြုံလာပြီး သူတို့၏ မျက်နှာများသည် နှင်းခဲထားသော ခရမ်းသီးတွေလို ရုပ်ဆိုးနေခဲ့သည်။
ပိုင်လီဖက်တီးသည် တံတွေးမျိုချပြီး သူ့မျက်နှာလေးက ဖြူဖျော့ကာ အသံဩရှရှဖြင့် ပြောလိုက်သည်။
"ဒါ… ဒါက ကျရှုံးခြင်းအတွက် ပြစ်ဒဏ်လား။"
"ဒါက လူတွေကို အမှန်အတိုင်းပြောဖို့ တွန်းအားပေးတဲ့ တားမြစ်ပစ္စည်းတစ်မျိုးကို အသုံးပြုထားလောက်တယ်… ဒီလှည့်ကွက်က တကယ်ရက်စက်တာပဲ။" လင်ချီးယဲ့က မနေနိုင်ဘဲ ပြောလိုက်သည်။
လူသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ခေတ္တမျှ ကြည့်လိုက်ပြီး ကျင်းနန်တောင်၏ နက်နဲရာသို့ ပြေးသွားသည်။ ပိုင်လီဖက်တီးသည် မည်သည့်နေရာမှ ခွန်အားရလာမှန်းမသိဘဲ ရှေ့ကို အလွန်လျင်မြန်စွာပြေးလေသည်။
သူ့သွားများကို တင်းတင်းကျပ်ကျပ် အံကြိတ်ရင်း သူ့မျက်လုံးများသည် တိုက်ခိုက်ရေးစိတ်ဓာတ်ပြည့်နှက်နေပြီး မီးမှုတ်တော့မလို သူခံစားနေရသည်။
ဒါကပြစ်ဒဏ်လား။
ဒါကကြီးမားတဲ့လူမူရေးသေခြင်းမြင်ကွင်းပဲ။
ဒီနည်းပြအုပ်စုက ရိုးသားဖြောင့်မတ်ခြင်းမရှိသလို ကန့်သတ်ချက်လည်းမရှိတာကြောင့် ဘယ်လိုမေးခွန်းမဆို တကယ်မေးရဲတယ်။
အဲဒီတားမြစ်ပစ္စည်းရဲ့ သက်ရောက်မှုအောက်မှာ သူ့အရွယ်အစားတောင် ပေါ်သွားပြီ။ ငါသာ ဝမ်လျန်နေရာမှာ ထိုင်နေရမယ်ဆိုရင်…
ရလဒ်က စိတ်ကူးကြည့်လို့တောင်မရဘူး။
ယခုအချိန်တွင် တပ်သားသစ်အားလုံးသည် ကြက်သွေးဖြင့် ဆေးဆိုးထားသလို နီရဲသောမျက်လုံးများဖြင့် ရှေ့ကိုပြေးလွှားနေကြသည်။
တောင်ခြေရင်းရှိ ယာယီနည်းဗျူဟာတဲတွင် နည်းပြဟုန်သည် ဖန်သားပြင်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေသော အနီရောင်အစက်များကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်သည်။
"အဲဒါဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား။"
နည်းပြဟန်သည် ရယ်မောနေရာမှ နာကျင်နေသောသူ့ဝမ်းဗိုက်ကို ဆုပ်ကိုင်ထားရင်း လက်မထောင်ပြသည်။
"အရမ်းမိုက်တယ်။"
…
ဝှီး ဝှီး
ဒရုန်းပေါင်းများစွာသည် တောထဲဖြတ်ပျံသွားပြီးနောက် အော်ဟစ်သံများနှင့် လေးလံသော အရာဝတ္ထုများ မြေပြင်ပေါ်သို့ ပြုတ်ကျသံများက ဆက်လက်ထွက်ပေါ်လာသည်။
လင်ချီးယဲ့သည် မျက်မှောင်ကြုတ်ကာ တောအုပ်ဘက်သို့ မျှော်ကြည့်ရင်း နောက်အခိုက်အတန့် လျှပ်စီးလက်သလိုနောက်ဆုတ်ကာ ဒရုန်းနှစ်စင်းကို ရှောင်လိုက်သည်။
"ဘယ်ဘက်မှာ ဒရုန်းတွေက ငါတို့ကို ဝိုင်းထားတယ်။" သူက လေးနက်သောအသံဖြင့် ပြောသည်။
"ဒါဆို ငါတို့ ညာဘက်ကိုပဲ သွားလို့ရတယ်။" ချောင်ယွမ်းသည် တခြားဖက်သို့ လှမ်းကြည့်လိုက်ရာ သူ့မျက်နှာသည် အနည်းငယ် ရုပ်ဆိုးသွား၏။ "မြေပြင်အနေအထားက ပိုကြမ်းတမ်းပြီး ပိုပြီးစွမ်းအင်ကို ကုန်ဆုံးစေလိမ့်မယ်။"
"ဒီနည်းပြတွေက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ ငါ ငါ… ငါအမြဲတမ်း ခံစားရတယ်။" ပိုင်လီဖက်တီးက မော့ဟိုက်စွာဆိုသည်။ "သူတို့က ငါတို့ကို ဒီသောက်နေရာဆီ တွန်းပို့နေတာပဲ။"
"ငါတို့မှာ ရွေးချယ်စရာ မရှိဘူး။" ချောင်ယွမ်းက ငြိမ်သက်စွာ ပြောသည်။
လင်ချီးယဲ့သည် ကျောက်ဆောင်များနှင့် သစ်ပင်ဟောင်းများ ဖုံးလွှမ်းနေသော တောကြီးထဲသို့ အပြေးအလွှားဦးဆောင်သွားကာ ပြေးလိုက်၊ ခုန်လိုက်၊ ရှောင်ရှားလိုက်၊ လိမ့်ပြီး လှုပ်ရှားလိုက်၊ သူ့လက်ထဲကဓားမြောင်ဖြင့် ပတ်ဝန်းကျင်ရှိ သစ်ပင်အကိုင်းအခတ်များကို အဆက်မပြတ်ခုတ်ဖြတ်ပြီး ခက်ခဲစွာရှေ့ဆက်သွားသည်။
ခဏအကြာတွင် သူ၏စစ်ယူနီဖောင်းသည် အစွန်းအထင်းများ ပြည့်နှက်နေပြီး သူ့လက်များကို သူ့ပတ်ပတ်လည်ရှိ ချွန်ထက်သော သစ်ကိုင်းများဖြင့် လှီးဖြတ်ထားသည်။
မည်သို့ပင်ဖြစ်စေ သူက အထက်တန်းကျောင်းသူလေးဖြစ်သည်။ တစ်လလောက် သူ ကျူရှင်တက်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကတော့ အကန့်အသတ်ရှိနေသေးသည်။ အဆက်မပြတ် ပြင်းထန်သောလေ့ကျင့်ရေးသည် သူ၏ခန္ဓာကိုယ်စွမ်းအင်ကို လျင်မြန်စွာ သုံးစွဲနေသည်။ တဖြည်းဖြည်းနှင့် သူ့လှုပ်ရှားမှုတွေက နှေးကွေးလာသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချောင်ယွမ်းက ထူးထူးခြားခြား အားကောင်းပုံရသည်။ အကြာကြီး ပြေးတာတောင်မှ သူသည် အနည်းငယ် အသက်ရှူထုတ်ပြီး အလွန်မပင်ပန်းပေ။
ပိုင်လီဖက်တီးကတော့... သူ့မှာ သေလုမြောပါး အရိပ်အယောင်တွေ ရှိနေပြီး အချိန်မရွေး မူးလဲသွားမယ်လို ထင်ရသော်လည်း ခွန်အားတွေ ဘယ်ကရလာမှန်းမသိဘဲ ရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း လှမ်းနိုင်အောင် ပံ့ပိုးပေးနေသည်။
ဒီကောင်က ဘာလျှို့ဝှက်ချက်များဖုံးကွယ်ထားလို့ ဒီပြစ်ဒဏ်ကိုအရမ်းကြောက်နေတာလဲ သူမသိဘူး။
လင်ချီးယဲ့သည် သူ့ရှေ့က လမ်းပိတ်ဆို့နေသော နွယ်ပင်များကို ဓားဖြင့်ခုတ်ထစ်ကာ ဖြတ်သွားခါနီးတွင် တစ်ဖက်မှ လှုပ်ရှားသံအသံနှင့် ခပ်တိုးတိုးအသံကို ကြားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ရှန်ချင်းကျူသည် အနီးနားရှိ အတားအဆီးများကို ဓားဖြင့်ခုတ်ကာ လင်ချီးယဲ့၏ရှေ့တွင် ပေါ်လာခဲ့သည်။
မျက်လုံးနှစ်စုံကဆုံမိပြီး လူနှစ်ယောက်က တစ်ချိန်တည်းမှာ မှင်တက်နေကြသည်။
ထို့နောက်ချက်ချင်းပင် ဒရုန်းနှစ်စင်းလှိုင်းလုံးက သူတို့ကို တစ်ခုပြီးတစ်ခု ဝိုင်းရံလာသည်။
"လခွမ်း သေပြီ။" သူတို့က တပြိုင်နက် ဆဲဆိုလိုက်သည်။
TK Team (Chapter 98)