Volume 1 (သေမျိုးနယ်မြေ ၀၉၇)
Chapter 97 (တောင်ထဲဝင်ရောက်ခြင်း)
မကြာခင်မှာပဲ တပ်သားသစ်များသည် ကျင်းနန်တောင်ခြေရင်းမှာ စုရုံးလာကြသည်။
နည်းပြဟုန်သည် ကျောနောက်တွင်လက်ပစ်လျက် သူတို့ရှေ့တွင်ရပ်နေသည်။ ပတ်ပတ်လည်ကို စစ်ဆေးပြီးနောက် သူကဖြည်းညှင်းစွာ ပြောလိုက်သည်။
"နောက်ထပ် ငါတို့ ပြင်းထန်တဲ့လေ့ကျင့်ရေးစမယ်။
မင်းတို့နောက်က ဒီတောင်တန်းကို မြင်လား။ ခဏနေရင် မင်းတို့တစ်ယောက်ချင်းစီကို ၃၅ ကီလိုဂရမ်အလေးကို တပ်ဆင်ပေးမယ်။ မင်းတို့လုပ်ရမှာက မနက်ဖြန် မိုးမလင်းခင် ဒီတောင်တန်းကို ဖြတ်ကျော်ဖို့ပဲ။"
"သတင်းပို့ပါတယ်။" ကျန့်ကျုံးက အော်လိုက်သည်။
"ပြောပါ။"
"သာမာန်လမ်းခရီးပဲလား။"
"အဲလောက်မရိုးရှင်းဘူး…" နည်းပြဟုန်က ပြုံးပြီး လက်ဝှေ့ယမ်းပြကာ နောက်ဆုံးဘတ်စ်ကားကနေ များပြားသောဒရုန်းများ ရုတ်တရက် ပျံထွက်လာပြီး ဒရုန်းတစ်ခုစီက အောက်ခြေမှာ အသေးစားသေနတ်တစ်ခုကို တပ်ဆင်ထားသည်။
"မင်းတို့ခန္ဓာကိုယ်ပေါ်က အလေးတွေမှာ တည်နေရာပြလုပ်ဆောင်ချက်ပါရှိတယ်။ လေ့ကျင့်ရေးစတာနဲ့ ဒီဒရုန်းတွေက တောင်တွေထဲဝင်ရောက်ပြီး မင်းတို့အားလုံးနောက်ကို လိုက်လိမ့်မယ်။ အဲဒါအပေါ်က ဆေးသေနတ်တွေနဲ့ ထိမှန်ရင် ကျရှုံးတယ်လို့ ဆိုလိုတာပဲ…
ပြီးတော့ ကျရှုံးရင် အရမ်းရက်စက် အရမ်းရက်စက်… အရမ်းရက်စက်တဲ့ပြစ်ဒဏ်ရှိလိမ့်မယ်။"
နည်းပြဟုန်၏နှုတ်ခမ်းထောင့်သည် စိတ်ဝင်စားစရာ တစ်ခုခုကို တွေးနေပုံသကဲ့သို့ မထိန်းနိုင်ဘဲ မြင့်တက်သွားပြီး 'အရမ်းရက်စက်' ဆိုသောစကားလုံးကို သုံးကြိမ်ဆက်တိုက် အလေးပေးပြောကြားကာ တပ်သားသစ်များ၏ဦးရေပြားများ ထုံကျဥ်လာသည်။
"အလေးပေးဖော်ပြလိုတဲ့ စည်းကမ်းတချို့ရှိတယ်။" နည်းပြဟုန်က လက်သုံးချောင်းမြှောက်ကာ
"ပထမအချက် မင်းတို့ခန္ဓာကိုယ်ပေါ်က အလေးကို အချင်းချင်း လဲလှယ်လို့ရတယ်။ ဥပမာ မင်းတို့ထဲတစ်ယောက်က မပြေးနိုင်တော့ရင် မင်းတို့ရဲ့အလေးတချို့ကို တခြားလူဆီပေးလို့ရတယ် ဒါမှမဟုတ် မင်းတို့က အလေးတချို့ကို အချိန်မရွေး ပြန်ယူနိုင်တယ်။ ဒါပေမယ့် အလေးချိန်ကို သီးသန့်လွှင့်ပစ်လို့ မရဘူးဆိုတာ သတိပြုရမယ်။ မဟုတ်ဘဲ အဲဒါကို တွေ့ရှိတာနဲ့ တိုက်ရိုက် ကျရှုံးသွားလိမ့်မယ်။
ဒုတိယအချက် မင်းတို့က ဘယ်နည်းလမ်းနဲ့မဆို တိုက်ခိုက်တာမျိုးမလုပ်ရဘူး ဒါမှမဟုတ် ဒရုန်းကိုတောင် ထိလို့မရသလို ဆေးသေနတ်ကို အဟန့်အတားဖြစ်စေတဲ့ မင်းတို့ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုအရာကိုမှ သယ်ဆောင်လို့မရတဲ့အပြင် မြေအနေအထားရဲ့ မျက်ကွယ်ထောင့်မှာ ပုန်းအောင်းလို့မရဘူး။ ဒရုန်းနဲ့ ရင်ဆိုင်ရတဲ့အခါ မင်းတို့လုပ်နိုင်တာတစ်ခုပဲရှိတယ်... အဲဒါကတော့ ထွက်ပြေးဖို့ပါပဲ။
တတိယအချက် မင်းတို့ အဖွဲ့ဖွဲ့နိုင်ပေမယ့် အချင်းချင်းတိုက်ခိုက်လို့မရသလို တခြားသူတွေရဲ့လှုပ်ရှားမှုတွေကို အတင်းအကျပ်ဝင်ရောက်စွက်ဖက်ခြင်းမပြုရဘူး။"
ဤအချက်သုံးချက်ကို ပြောပြီးသောအခါ နည်းပြဟုန်သည် ကျယ်လောင်စွာ အော်လိုက်သည်။ "မင်းတို့နားလည်လား။"
"နားလည်ပါတယ်။"
"အားလုံး အလေးယူပြီး တောင်ပေါ်တက်ကြတော့။"
အမိန့်ထုတ်ပြီးနောက် တပ်သားသစ်များသည် သူတို့ဘေးတွင် အလေးများထမ်းရန် အလှည့်ကျရောက်လာကြပြီး သူတို့တစ်ယောက်စီအား ဓားမြောင်တစ်လက်ကို ထုတ်ပေးခဲ့သည်။
"ဒီဓားမြောင်က ရောက်လာမယ့် အတားအဆီးတွေကို မင်းတို့အတွက် ဖယ်ရှားဖို့ပဲ။ မင်းတို့တွေ အချင်းချင်းသတ်ဖို့မဟုတ်ဘူး။" ဓားမြောင်များထုတ်ပေးနေသော နည်းပြဟန်လိက လေးလေးနက်နက် ပြောလိုက်သည်။
ချောင်ယွမ်းအလှည့်ရောက်သောအခါ နည်းပြဟန်လိသည် သူ့လက်ထဲက ဓားမြောင်ကို တိတ်တဆိတ်ချလိုက်ပြီး သူ့နောက်ကနေ…
ဇွန်းတစ်ချောင်းထုတ်လိုက်သည်။
"နည်းပြ ဒါက…" ချောင်ယွမ်းက အံ့အားသင့်သွားသည်။
"မင်းက ဓားသုံးလို့မရသလို အခု တခြားလက်နက်တွေမရှာနိုင်တော့ ဒါနဲ့အရင်သုံးလိုက်ပေါ့။" နည်းပြဟန်လိက သူ့ပခုံးကို ပုတ်လိုက်သည်။
ချောင်ယွမ်း: "…"
တခြားလူတွေက ဓားမြောင်နဲ့ အပင်တွေခုတ်လို့ရပေမယ့် ငါက ဒီဇွန်းနဲ့ ဘာလုပ်နိုင်မှာလဲ။ ကိုယ့်ဟာကိုယ် တွင်းတူးရမှာလား။
"စကားမစပ် ဟိုနားက ဖက်တီးကောင်။" နည်းပြဟုန်သည် တစ်ခုခုကိုသတိရပြီး တောင်ထဲဝင်ရန် အဆင်သင့်ဖြစ်နေသော ပိုင်လီဖက်တီးကို တားလိုက်သည်။
"ဟမ်"
"[နေရာလွတ်] ကို ထုတ်လိုက် ပြီးတော့ မင်းခန္ဓာကိုယ်မှာဆွဲထားတဲ့ လည်ဆွဲ၊ လက်ကောက်နဲ့ ပုတီးကြိုးတွေကိုလည်းချွတ်ပြီး ငါ့ကိုပေးခဲ့။" နည်းပြဟုန်က သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ပိုင်လီဖက်တီး၏ခန္ဓာကိုယ်က တုန်ခါသွားကာ လက်နှစ်ဖက်ဖြင့် သူ့ရင်ဘတ်ကိုကာရင်း "နည်းပြ… ဒီပစ္စည်းတွေက အရမ်းဈေးကြီးတယ်။"
"…ငါမင်းပစ္စည်းတွေကို မယူပါဘူး။ ငါယာယီသိမ်းထားပေးမှာ နားလည်လား။ မင်းအထဲဝင်ပြီး တားမြစ်ပစ္စည်းတွေနဲ့ နေရာတိုင်းမှာ ပစ်ပေါက်နေရင် မင်းလေ့ကျင့်ရေးက အဓိပ္ပါယ်မရှိတော့ဘူး။"
"…ကောင်းပြီ။"
ဝမ်းနည်းသောမျက်နှာဖြင့် ပိုင်လီဖက်တီးသည် သူ့အိတ်ကပ်ထဲမှ အဖြူရောင်အိတ်ငယ်ကို ထုတ်လိုက်ပြီး နည်းပြဟုန်အား ပေးလိုက်ကာ သူ့ခန္ဓာကိုယ်ပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းများကိုလည်း လွှဲပေးလိုက်သည်။
"အင်း သွားတော့။" နည်းပြဟုန်သည် ဒီပစ္စည်းများကို တည်ငြိမ်စွာ ယူလိုက်ပြီး ပိုင်လီဖက်တီးအား လက်ဝှေ့ယမ်းလိုက်သည်။
တပ်သားသစ်များအားလုံး တောင်ပေါ်သို့ ရောက်သွားသောအခါ နည်းပြဟုန်သည် အခုလေးတင်ဆောက်ပြီးသော နည်းဗျူဟာတဲထဲ၌ အေးအေးဆေးဆေးထိုင်ပြီး သမ်းဝေနေသည်။
"နည်းပြဟုန် ဒါက အလေးအိတ်နဲ့ တောင်ဖြတ်တာပဲမဟုတ်ဘူးလား။ ဒီလောက်ရှုပ်ထွေးအောင်လုပ်ဖို့ လိုလို့လား။" နည်းပြဟန်လိသည် သူ့ဆီလျှောက်လာပြီး သံသယအကြည့်ဖြင့် သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ဟီးဟီး ဒါက အလေးအိတ်နဲ့ တောင်ဖြတ်ရုံမဟုတ်ဘူး။" နည်းပြဟုန်က ပြုံးလိုက်သည်။ "သူတို့တွေ ဒီတောင်တန်းကနေ ထွက်သွားနိုင်မယ်လို့ မင်းတကယ်ထက်လား။"
"ဟမ်" နည်းပြဟန်လိသည် ဆိုလိုရင်းကို နားမလည်သကဲ့သို့ အံ့အားသင့်သွားသည်။
"ငါတို့က တားမြစ်ပစ္စည်းတွေကို အသုံးပြုပြီး တောင်တန်းတစ်ခုလုံးကို ပိတ်ဆို့ထားတယ်။ ဒီတောင်တန်းအတွင်း မူလမြေအနေအထားက လုံးဝပြောင်းလဲသွားပြီ။"
"မင်းဆိုလိုတာက…"
နည်းပြဟုန်သည် တပ်သားသစ်များထွက်သွားသော ဦးတည်ရာကိုကြည့်လိုက်ပြီး ဆိုးယုတ်သောအပြုံးကို ပြသခဲ့သည်။
"တောင်တန်းတစ်ခုလုံးက ထွက်သွားဖို့မဖြစ်နိုင်တဲ့ ဝင်္ကပါတစ်ခုဖြစ်လာပြီ။ သူတို့ဘယ်လောက်ပဲပြေးပြေး မထွက်သွားနိုင်ဘူး။
ဒါကြောင့် လူတိုင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားမကုန်မချင်း ဒီရှုပ်ထွေးတဲ့ ဝင်္ကပါမှာ အဆုံးမသတ်နိုင်တဲ့ ဒရုန်းတွေကြောင့် သူတို့က အမဲလိုက်ခံရရုံပဲရှိတယ်… ဒီအကျိုးသက်ရောက်မှုက သာမန်အလေးနဲ့တောင်ဖြတ်ကျော်ခြင်းထက် များစွာကောင်းမွန်တယ်။"
နည်းပြဟန်က ခဏလောက် တွေးတောပြီး "မင်းက စိတ်ပျက်အားငယ်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးချင်ပေမယ့် တစ်ယောက်ကိုတစ်ယောက် အလေးချိန်ဖလှယ်ဖို့ သူတို့ကိုခွင့်ပြုထားပြီး သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို ကုန်ဆုံးစေပြီး အချင်းချင်ကြားက ယုံကြည်မှုကိုမွေးမြူခိုင်းရင်း သူတို့ရဲ့စိတ်ဓာတ်ကို စမ်းသပ်တာလား။"
"နည်းပြဟန်က ထင်ထားတဲ့အတိုင်း ပြဿနာကို စေ့စေ့စပ်စပ်မြင်နိုင်တာပဲ။" နည်းပြဟုန်က လက်မထောင်ပြသည်။
"ဒါပေမယ့် ဒရုန်းနဲ့ ဆေးသေနတ်က သူတို့ကို ဖိအားအများကြီးပေးနိုင်ပါ့မလား။" နည်းပြဟန်လိက မနေနိုင်ဘဲ မေးလိုက်သည်။
နည်းပြဟုန်၏မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။ "အချိန်ကျလာရင် မင်းသိလာလိမ့်မယ် ကျရှုံးမှုအတွက် ပြစ်ဒဏ်က… မင်းထင်ထားတာထက် အများကြီးကြောက်စရာကောင်းတယ်။"
…
ကျင်းနန်တောင်။
လင်ချီးယဲ့နှင့် ချောင်ယွမ်းတို့သည် အလေးကိုထမ်းပြီး တောအုပ်ထဲသို့ လျင်မြန်စွာ ရွေ့လျားသွားကြသည်။ ကျင်းနန်တောင်ပေါ်ရှိ သစ်ပင်များသည် အလွန်ဟောင်းနွမ်းပြီး မြင့်မားကာ ထူထပ်သည်။ နေရောင်ခြည်မှုန်ဝါးဝါးက သူတို့သည် ရှေးဦးတောနက်ထဲတွင် ရှိနေသကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။
"မင်းတို့… မင်းတို့ ငါ့ကိုစောင့်ကြဦး။" ပိုင်လီဖက်တီး၏လုံးဝန်းသောခန္ဓာကိုယ်သည် နက်ရှိုင်းသော တောင်တန်းများနှင့် သစ်တောဟောင်းများတွင် နေရာတိုင်းရှိ အပင်များကြောင့် ရှေ့တိုးရန် အလွန်ခက်ခဲသည်။
"ဒါက ဘာလို့အရမ်းလေးရတာလဲ… မင်းတို့နှစ်ယောက် ငါ့ကိုကူသယ်ပေးပါလား။" ပိုင်လီဖက်တီးသည် ခေါင်းမော့ပြီး သူ့ရှေ့ကလူနှစ်ယောက်ကို မျှော်လင့်စွာကြည့်လိုက်သည်။
"မသယ်ဘူး။" လင်ချီးယဲ့က ပြတ်ပြတ်သားသား ငြင်းဆိုသည်။
"ထွက်သွားစမ်း။" ချောင်ယွမ်းက အေးစက်စွာ တုံ့ပြန်ပြီးနောက် လင်ချီးယဲ့ဘက်ကို ခေါင်းလှည့်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ချီးယဲ့ ငါမင်းကို နည်းနည်းကူသယ်ပေးမယ်လေ။"
"…မလိုဘူး။"
ပိုင်လီဖက်တီး: "…"
ဗီး ဗီး…
စကားသံများထွက်လာသည်နှင့် ပြင်းထန်သော ဒရုန်းပျံသန်းသံက သူတို့နောက်မှ ထွက်လာပြီး လင်ချီးယဲ့၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
"ဒရုန်းရောက်လာပြီ။ ငါတို့အရှိန်မြင့်ဖို့လိုတယ် မဟုတ်ရင် ငါတို့ကိုသေချာပေါက် လိုက်မိလိမ့်မယ်။"
ချောင်ယွမ်းသည် ခေါင်းလှည့်ပြီး လှည့်ကြည့်လိုက်သည်။ မူလက တူညီသောဦးတည်ချက်ဖြင့် ကျင်းနန်တောင်ကိုဝင်နေသော တပ်သားသစ်များက စတင်လူစုခွဲလိုက်ကြသည်။ ထို့အပြင် သူတို့သည် စုဝေးနေပါက ဒရုန်းများဖြင့် အပစ်ခံရနိုင်ခြေပိုများသည်။
"ဟူး ဟူး ဟူး… မင်းတို့တွေ ဘာလို့အရင်မသွားတာလဲ။ ဒါကအရမ်းလေးတယ်။ ငါ ဒရုန်းကနေ လွတ်နိုင်မယ်လို့မထင်ဘူး။" ပိုင်လီဖက်တီးသည် အသံက သူနှင့်ပို၍နီးကပ်လာတာကိုခံစားရပြီး ဝမ်းနည်းသောမျက်နှာဖြင့် ပြောလိုက်သည်။
"မင်းအပစ်ခံရပြီး အပြစ်ပေးခံရမှာ မကြောက်ဘူးလား။"
"အပြစ်ပေးခံရလည်း ခံရပါစေတော့… ဒီပြစ်ဒဏ်က အရမ်းကြောက်စရာမကောင်းလောက်ဘူးမလား။" ပိုင်လီဖက်တီးက မသေချာမရေရာမှုများဖြင့် ပြောသည်။
TK Team (Chapter 97)