Volume 1 (သေမျိုးနယ်မြေ ၀၉၅)
Chapter 95 (ပြင်းထန်တဲ့ရန်သူ)
အနက်ရောင်မီးတောက်သည် တဖြည်းဖြည်း လျော့ပါးလာပြီး မူလအသားအရည်ကို ပေါ်လွင်လာစေသည်။ ချောင်ယွမ်းသည် သူ့လည်ပင်းပေါ်ရှိ [ချိတ်ပိတ်ခြင်းစာလိပ်] ကို လက်နှစ်ဖက်ဖြင့် ဆွဲဖယ်လိုက်ရာ သူ့မျက်လုံးမှ သွေးရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပြင်းထန်စွာ ချောင်းဆိုးလေသည်။
လင်ချီးယဲ့သည် သူ့လက်ထဲက တိပ်ကိုလွတ်လိုက်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။
ချောင်ယွမ်း၏ရူးသွပ်မှုအခြေအနေက တကယ်ကိုပြင်းထန်လွန်းသည်။ ဒီတစ်ခေါက် လင်ချီးယဲ့၏လက်ထဲမှာ တားမြစ်ပစ္စည်းနှစ်ခုနှင့် [ဟေးဝမ်ဓားချက်] အပေါ် ထိန်းချုပ်မှုသက်ရောက်နိုင်သော သူ၏နတ်စွမ်းအားမရှိပါက အလွယ်တကူအနိုင်ရမည်မဟုတ်ပေ။
အင်္ကျီဗလာဖြင့် မြေပြင်ပေါ်မှာ လဲလျောင်းနေသာ ချောင်ယွမ်းသည် လေးလံစွာမောဟိုက်နေရင်း သူ့မျက်လုံးများက လင်ချီးယဲ့ပေါ်ကျသွားပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။
"တကယ်မင်းပဲကို…"
"ဘာလဲ။"
"ဒီကမ္ဘာပေါ်မှာ [ဟေးဝမ်ဓားချက်] ကို ဖိနှိပ်နိုင်တဲ့လူ အများကြီးမရှိဘူး။"
"ဟုတ်လား။ ငါထင်တာမမှားရင် [မျက်နှာဖုံး] အဖွဲ့ရဲ့ခေါင်းဆောင်လည်း လုပ်နိုင်တာပဲ။"
"မတူဘူး။ ငါ့အပြစ်တွေကို မင်းပဲဆေးကြောနိုင်တာ။"
"မင်းဘာတွေပြောနေတာလဲ။"
လင်ချီးယဲ့သည် အနည်းငယ်မျက်မှောင်ကြုတ်ကာ ချောင်ယွမ်း၏အဓိပ္ပါယ်ကို သူနားမလည်သလို ချောင်ယွမ်းသည် မြေပြင်ပေါ်မှထရင်း ခေါင်းယမ်းပြီး ဘာမှမပြောခဲ့ပေ။
နည်းပြဟန်သည် သူ့အနားကိုရောက်လာပြီး လင်ချီးယဲ့ကို အချိန်အကြာကြီး ဂရုတစိုက်ကြည့်ရင်း "ဒဏ်ရာမရဘူးမလား။"
"မရပါဘူး။"
"အင်း" နည်းပြဟန်သည် ခေတ္တရပ်ပြီး လင်ချီးယဲ့ကို လက်မထောင်ပြသည်။ "အခုလေးတင် လှုပ်ရှားမှုက အရမ်းလှတယ်။"
လင်ချီးယဲ့က ခပ်ရေးရေးပြုံးလိုက်သည်။
နည်းပြဟန်သည် ချောင်ယွမ်းကို ကူညီပေးရန် လက်ဆန့်လိုက်သည်။ ချောင်ယွမ်းတစ်ခုခုပြောမည့်အချိန်တွင် နည်းပြဟန်က သူ့ကိုတားရန် ခေါင်းယမ်းလိုက်သည်။
"မင်း ဘာမှပြောစရာ မလိုဘူး။ ဒီအဖြစ်အပျက်အတွက် ငါ့မှာတာဝန်ရှိတယ်။ ငါကမင်းကို ဓားအတင်းကိုင်ခိုင်းခဲ့တဲ့လူပါ။ မင်းနဲ့ဘာမှမဆိုင်ပါဘူး။"
တောင်းပန်လိုသော ချောင်ယွမ်းသည် သူ့စကားလုံးများက လုံးလုံးပိတ်ဆို့ခံလိုက်ရတာကိုမြင်တော့ ကူကယ်ရာမဲ့သက်ပြင်းချရင်း သူ့ရင်ဘတ်ရှေ့တွင် လက်အုပ်ချီပြီး အနည်းငယ် ဦးညွတ်လိုက်သည်။
"အော်မီထော်ဖော်"
သိပ်မကြာခင်မှာပဲ လက်နက်အပြည့်အစုံဖြင့် နည်းပြများက အလျင်အမြန်ပြေးထွက်လာကြသည်။ သူတို့သည် ကိုယ်ခံပညာစင်မြင့်ပျက်စီးသွားတာကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
နည်းပြဟန်သည် ရှေ့ကို လျှောက်သွားပြီး အခြေအနေကို နည်းပြများအား ရှင်းပြကာ သူတို့က စိတ်သက်သာရာရသွားသည်။
"နည်းပြဟုန် ငါ့အထင်တော့… ငါက သင်ကြားဖို့အတွက် မသင့်တော်သေးဘူး။"
နည်းပြဟန်သည် နည်းပြဟုန်ကို ဘေးနားသို့ဆွဲခေါ်ပြီး သက်ပြင်းရှည်ကြီးချရင်း တိတ်တဆိတ်ပြောလိုက်သည်။
"ဒါက မင်းအလုပ်စဝင်တဲ့ ပထမဆုံးနေ့ပဲ။ မင်းလက်လျှော့ချင်နေပြီလား။" နည်းပြဟုန်က မျက်မှောင်ကြုတ်လိုက်သည်။
"ကျောင်းသားတွေကိုသင်ကြားပေးတာနဲ့ ရန်သူကို ကိုယ့်ဟာကိုယ်တိုက်ခိုက်တာက လုံးဝမတူကွဲပြားတဲ့အရာနှစ်ခုမှန်း ငါသိလိုက်ရတယ်… ငါမစ်ရှစ်တစ်ခုသွားတဲ့အခါ ရန်သူအုပ်စုကို တိုက်ခိုက်ဖို့ ငါတစ်ယောက်တည်း တိုက်ခိုက်နိုင်တယ်။ ဘယ်လိုအန္တရာယ်မျိုးပဲဖြစ်ဖြစ် ငါမျက်မှောင်ကြုတ်မိမှာမဟုတ်ဘူး။
ဒါပေမယ့် ငါဒီမှာ သင်ကြားပေးတာ မိနစ်အနည်းငယ်ကြာပြီးတော့… ငါက အရှက်တကွဲဖြစ်ပြီး သင်ကြားရင်း မတော်တဆမှုဖြစ်လုနီးပါးပဲ။"
နည်းပြဟုန်သည် နည်းပြဟန်၏စိတ်ဓာတ်ကျနေသောအမူအရာကို ကြည့်ပြီး မရယ်ဘဲမနေနိုင်ပေ။
"မင်းက သင်ကြားရေးမှာ အတော်လေးထူးချွန်တယ်လို့ ငါတကယ်ထင်မိတယ်။ မင်း လူသုံးယောက်ကို ရွေးခဲ့ပြီး တစ်ယောက်က ပိုင်လီမိသားစုရဲ့သခင်လေး၊ တခြားတစ်ယောက်က ကောင်းကင်တမန်တော်ရဲ့ကိုယ်စားလှယ်၊ နောက်တစ်ယောက်က အလွန်အန္တရာယ်မြင့်ထဲက အလွန်အန္တရာယ်မြင့်ဆုံးပဲ…
ဒါကလူလက်တစ်ဆုပ်စာထဲက မဟုတ်ဘဲ တပ်သားသစ် ၂၃၉ ယောက်ထဲကနေ မင်းက အဆိုးဆုံးလူသုံးယောက်ကိုတောင် ရွေးလိုက်တယ်ဆိုတော့ မင်းတကယ်ကံကောင်းတာပဲ။"
"နည်းပြဟုန် ငါ့ကိုမရယ်ပါနဲ့။" နည်းပြဟန်က ရှက်ရွံ့စွာဖြင့် နှာခေါင်းကို ထိလိုက်သည်။
"ရိုးသားစွာပြောရရင် အနီးကပ်တိုက်ပွဲမှာ မင်းထက်ကောင်းမွန်တဲ့ နည်းပြတချို့ရှိကောင်းရှိနိုင်ပေမယ့် သူတို့က နယ်ပယ်တစ်ခုမှာပဲထူးချွန်းပြီး မင်းလိုမျိုး ကိုယ်ခံပညာမျိုးစုံမှာ ကျွမ်းကျင်တဲ့ ဘက်စုံရသူမဟုတ်ဘူး။
ဒီတပ်သားသစ်အဖွဲ့ရဲ့ လက်ရှိအဆင့်က တိကျသေချာတဲ့ အနီးကပ်တိုက်ခိုက်ရေးကို လိုအပ်တာမဟုတ်ဘဲ လက်နက်အားလုံးကနေ အသင့်တော်ဆုံး တိုက်ခိုက်ရေးပုံစံကို ရှာဖွေဖို့ပဲ။ ဒါကို ကိုယ်ခံပညာအားလုံးနဲ့ အကျွမ်းတဝင်ရှိတဲ့ ဆရာတစ်ယောက်က သင်ကြားပြသပေးဖို့ လိုအပ်တယ်။ သာ့ရှရဲ့ ညကင်းစောင့်လူသားတွေထဲမှာ ဟန်လိဖြစ်တဲ့ မင်းတစ်ယောက်မှာပဲ ဒီလိုစွမ်းရည်ရှိတယ်လို့ ငါထင်တယ်။"
"ဒါပေမယ့် ငါ…"
"ဒီတပ်သားသစ်တွေထဲမှာ ခေါင်းကိုက်စေတဲ့လူအနည်းငယ်ပဲရှိတယ်။ တကယ်တော့ မင်းနဲ့ငါ ဒီနတ်ဆိုးအုပ်စုရဲ့ တိုးတက်မှုကို မျက်မြင်တွေ့ခွင့်ရတာက ကောင်းချီးတစ်ခုပဲ မဟုတ်လား။" နည်းပြဟုန်၏ မျက်လုံးများက အဝေးကို ရောက်သွားကာ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်လာသည်။
"ဒီနတ်ဆိုးတွေ လေ့ကျင့်ရေးစခန်းကနေ ထွက်သွားတဲ့အခါ ဘယ်လိုဖြစ်လာမလဲဆိုတာ မင်းမသိချင်ဘူးလား။"
နည်းပြဟန်သည် အနည်းငယ် လန့်သွားပြီး တပ်သားသစ်များကို ကြည့်ရန် မသိစိတ်မှ ခေါင်းလှည့်လိုက်သည်။ သူ့ဘယ်လက်မှာ တိပ်နှင့် ညာဘက်တွင် ဓားကိုကိုင်ထားသော လူငယ်၏အသွင်အပြင်က သူ့စိတ်ထဲမှာ ပေါ်လာပြန်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ငါထပ်ကြိုးစားကြည့်မယ်။"
နည်းပြဟုန်သည် ပြုံးပြီး လက်ဆန့်ကာ နည်းပြဟန်၏ပခုံးကို နှစ်ကြိမ်ပုတ်လိုက်သည်။
"သွားပါ။ ဒီလူသစ်တွေက မင်းရဲ့လေ့ကျင့်ရေးကို စောင့်နေတုန်းပဲ။"
နည်းပြဟန်က ခေါင်းညိတ်ကာ အသက်ပြင်းပြင်းရှူပြီး လေ့ကျင့်ရေးကွင်းသို့ လျှောက်သွားလိုက်သည်။
နည်းပြဟန်ပြန်လာတာကိုမြင်တော့ မူလကစိတ်မငြိမ်မသက်ဖြစ်နေသာ တပ်သားသစ်များသည် ပါးစပ်ပိတ်လိုက်ပြီး လေ့ကျင့်ရေးကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
နည်းပြဟန်သည် အားလုံးကိုကြည့်ကာ ဘေးနားရှိ စင်ပေါ်မှ သစ်သားဓားတစ်ချောင်းကိုယူပြီး တစ်ဝက်ပျောက်ဆုံးနေသော ကိုယ်ခံပညာစင်မြင့်ပေါ်တွင် လမ်းလျှောက်ပြီး ဆက်လက်ရှင်းပြသည်။
"ခုနကပြောခဲ့တဲ့ ဓားနည်းလမ်းက သွက်လက်မြန်ဆန်တယ်ဆိုပေမယ့် ခွန်အားမရှိသေးဘူး…"
…
တစ်မနက်လုံးအချိန်က အနီးကပ်တိုက်ခိုက်မှုလေ့ကျင့်ရေးဖြစ်သည်။ နည်းပြဟန်သည် ဓားနည်းလမ်းများအနည်းငယ်အကြောင်း အတိုချုံးပြောပြီးနောက် သူသည် လက်နှစ်ဖက်ဓားနည်းလမ်းများ၊ တခြားဓားနည်းလမ်းများ၊ သေနတ်ပစ်နည်းလမ်းနှင့် လျှို့ဝှက်လက်နက်တချို့ပင် ဆက်လက်ပြောပြခဲ့သည်။
အအေးလက်နက်လေ့ကျင့်ရေးကို ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်သည်။ နည်းပြဟန်၏ ရှင်းလင်းချက်သည် အခြေခံအားဖြင့် အဓိက အာရုံစိုက်သည်။ နည်းပြဟန်ကလည်း ကြင်နာပြီး သူတို့အားလုံးကို ထိုင်နားထောင်ခိုင်းသည်။ နောက်ဆုံးတော့ တစ်မနက်လုံး ညှဉ်းပန်းနှိပ်စက်ခံထားရသော တပ်သားသစ်များကို အနားယူရန် အချိန်တစ်ခုပေးလိုက်သည်။
နည်းပြဟန်၏ပါးစပ်ခြောက်သွားသောအခါ နေ့လယ်စာစားချိန်ရောက်သွားသည်။
တပ်သားသစ်များသည် ကြီးမားသောမျှော်လင့်ချက်ဖြင့် ကန်တင်းသို့ရောက်လာပြီး နေ့လယ်စာသည် ဂျုံပေါင်မုန့်ဖြူများနှင့် အသားစိမ်းများရှိနေသေးကြောင်း တွေ့ရှိသောအခါတွင် သူတို့၏စိတ်အခြေအနေ ပေါက်ကွဲသွားကာ တချို့လူများက တိုက်ရိုက် အော့အန်သွားကြသည်။
မျက်လုံးစူးရှသည့်လူတချို့ကလည်း ဂျုံပေါင်မုန့်ဖြူများနှင့် အသားစိမ်းများအပြင် လူတစ်ယောက်စီ၏ရှေ့မှာ ဆားရည်စိမ်ဟင်းသီးဟင်းရွက်အနည်းငယ် အပုံလိုက်ရှိနေတာကို တွေ့ရှိခဲ့သည်။
ဒီအရာက စိတ်ဓာတ်ကျနေသော တပ်သားသစ်များကို တဖန်စိတ်တက်ကြွစေခဲ့သည်။
"ညီအစ်ကိုချီးယဲ့ ကန်တင်းက အဘိုးကြီးစွန်းက စိတ်ပြောင်းသွားတယ်လို့ မင်းထင်လား။ သူက ဆားရည်စိမ်ဟင်းသီးဟင်းရွက်တောင် ပြင်ထားပေးတယ်။" ပိုင်လီဖက်တီးသည် ဂျုံပေါင်မုန့်ဖြူထဲသို့ ဆားရည်စိမ်ဟင်းသီးဟင်းရွက်ကိုထည့်ပြီး အလုတ်ကြီးကိုက်လိုက်သည်။
"ငါမသိဘူး။ ဒီလောက်ဟင်းအနည်းငယ်က အလုတ်အနည်းငယ်စားဖို့ မလောက်ဘူးဆိုတာပဲ ငါသိတယ်။" လင်ချီးယဲ့သည် ဆားရည်စိမ်ဟင်းသီးဟင်းရွက်အရေအတွက်ကို သေချာရေတွက်ပြီး မည်းမှောင်သောမျက်နှာဖြင့် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် လူတစ်ယောက်သည် သူတို့၏ စားပွဲဆီသို့ တိတ်တဆိတ် ရွေ့သွားသည်။
ချောင်ယွမ်းသည် သူ၏ဆားရည်စိမ်ဟင်းသီးဟင်းရွက်များကို တိတ်တဆိတ် လင်ချီးယဲ့အား ပေးလိုက်ပြီး အသားစိမ်းစားနေရင်း ပြောလေသည်။ "ငါ့ဟာမင်းကိုပေးမယ်။"
လင်ချီးယဲ့က အံ့အားသင့်သွားကာ ပိုင်လီဖက်တီးသည် မျက်လုံးများပြူးကျယ်ရင်း စိုက်ကြည့်နေသည်။ "ညီအစ်ကို ဒါက ဆားရည်စိမ်ဟင်းသီးဟင်းရွက်တွေလေ။ မင်းမစားချင်ဘူးလား။"
"လင်ချီးယဲ့က စားချင်တယ်ဆိုရင် ငါသူ့ကိုပေးလိုက်မယ်။"
"…" ပိုင်လီဖက်တီးသည် ဒါကိုကြားသောအခါ သူ့ပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်သည်။ "ဒါ… ဒါကို ဘာလို့ခေါ်သလဲသိလား။"
"ဘာလဲ။"
"ခွေးလျက်တာ။"
"ငါပျော်ရွှင်မိပါတယ်။"
"…"
လင်ချီးယဲ့သည် ခဏလောက် တိတ်ဆိတ်သွားပြီး သူ့ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ "မင်း မနက်တုန်းကအတွက် လုပ်တာဆိုရင် ဒီလိုမျိုးလုပ်စရာ မလိုပါဘူး။ ငါဒဏ်ရာမရခဲ့ဘူး…"
"မဟုတ်ဘူး လင်ချီးယဲ့။" ချောင်ယွမ်းသည် ခေါင်းယမ်းလိုက်ပြီး လင်ချီးယဲ့၏ မျက်လုံးများကို အလေးအနက် ကြည့်လိုက်သည်။
"ငါက… မင်းကိုလျက်ချင်ရုံပါ။"
လင်ချီးယဲ့: "…"
ပိုင်လီဖက်တီး၏ခန္ဓာကိုယ်သည် ချက်ချင်းတုန်ယင်သွားပြီး ချောင်ယွမ်းကိုကြည့်သော သူ့မျက်လုံးများက ချက်ချင်း ပြောင်းလဲသွားသည်။
လခွမ်း
ဒါက ပြင်းထန်တဲ့ရန်သူပဲ။
TK Team (Chapter 95)