Volume 1 (သေမျိုးနယ်မြေ ၀၉၄)
Chapter 94 (ကျန်ပိုင်)
အရူးချောင်ယွမ်းသည် ဟိန်းဟောက်းပြီး သူ့အသွင်အပြင်က သူ့ရှေ့ကို လျှပ်စီးလက်သလို ပျံတက်သွားသည်။ သူ့လက်ထဲကသစ်သားဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်မီးတောက်က လခြမ်းကဲ့သို့ နည်းပြဟန်ကို ခုတ်လိုက်သည်။
လက်ဗလာဖြစ်နေသော နည်းပြဟန်သည် အနည်းငယ် မျက်လုံးကျဉ်းမြောင်းသွားကာ တခြားဖက်ကို လူးလိမ့်သွားရင်း လခြမ်းကိုရှောင်ရှားပြီး တစ်ချိန်တည်းတွင်း မြေပြင်ပေါ်က ဓားဖြောင့်ကို သူ့လက်နောက်ပြန်ဖြင့် ကောက်လိုက်သည်။
အသံတိုးတိုးဖြင့် ဓားသည် ဓားအိမ်မှ ထွက်လာ၏။
လက်ထဲကဓားဖြင့် နည်းပြဟန်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူ၏လေးနက်သောမျက်လုံးများသည် အရူးချောင်ယွမ်း၏လှုပ်ရှားမှုများကို နားလည်ပုံရသည်။ အရူးချောင်ယွမ်း သူ့ရှေ့ကို လျှပ်တပြက်ရောက်လာသောအခါ သူသည် ရုတ်တရက် ခြေလှမ်းတစ်ဝက်နောက်ပြန်ဆုတ်ပြီး သူ့ဓားကိုဘေးသို့ဝှေ့ယမ်းလိုက်သည်။
ချွင်…
အနက်ရောင်မီးတောက်များ ဝိုင်းရံထားသော သစ်သားဓားသည် နည်းပြဟန်၏ဓားဖြောင့်ဖြင့် တိုက်မိပြီး ရွှေနှင့်သံတိုက်မိသည့်အသံမျိုး ထွက်ပေါ်လာသည်။ အရူးချောင်ယွမ်းသည် ပြုံးပြပြီး ရုတ်တရက် အားစိုက်ထုတ်လိုက်သည်။
နည်းပြဟန်၏ဓားဖြောင့်သည် သစ်သားဓားကြောင့် ဝှေ့ယမ်းခံလိုက်ရသည်။ အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိဘဲ သူသည် အရူးချောင်ယွမ်း၏နောက်ထပ်ဓား လမ်းကြောင်းကို အတိအကျ ခန့်မှန်းကာ အလွယ်တကူ ရှောင်ရှားပြီးနောက် လေးနက်သောမျက်လုံးများဖြင့် ခြေလှမ်းများစွာ ဆုတ်ခွာသွားခဲ့သည်။
"ချီးယဲ့ တားမြစ်အပျက်အစီးတွေကို ဖိနှိပ်ထားတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် ချောင်ယွမ်းက အသုံးပြုနိုင်သေးတာလဲ။" ပိုင်လီဖက်တီးသည် လင်ချီးယဲ့နားဆီရောက်လာပြီး သံသယဖြင့် မေးသည်။
"တားမြစ်အပျက်အစီး နံပါတ်စဉ်မြင့်လေလေ အဲဒီတားမြစ်ပစ္စည်းရဲ့ ဖိနှိပ်မှုအကျိုးသက်ရောက်မှုက အားနည်းလေလေပဲ။ အဲဒါက တခြားတားမြစ်အပျက်အစီးတွေကို ဖိနှိပ်နိုင်ပေမယ့် ချောင်ယွမ်းရဲ့နံပါတ်စဉ်က လုံးဝဖိနှိပ်နိုင်ဖို့ အရမ်းမြင့်တယ်။
ဒါ့အပြင် သူ့ရဲ့တားမြစ်အပျက်အစီးက အရမ်းထူးခြားတယ်။ သူကိုယ်တိုင်တောင် သောင်းကျန်းတဲ့အခြေအနေကို မထိန်းချုပ်နိုင်တာ တားမြစ်ပစ္စည်းရဲ့ အကျိုးသက်ရောက်မှုက ပိုသေးငယ်တယ်။" လင်ချီးယဲ့က သူ့မှန်းဆချက်ကို ပြောသည်။
"ဒါဆို နည်းပြတွေရဲ့ တားမြစ်အပျက်အစီးတွေကလည်း ဖိနှိပ်ခံရမှာပေါ့။" ပိုင်လီဖက်တီးက တစ်ခုခုကိုတွေးနေပုံရသည်။ "ဆိုလိုတာက လူတွေအားလုံးထဲမှာ ချောင်ယွမ်းပဲ တားမြစ်အပျက်အစီးကို အသုံးပြုနိုင်ပြီး အခု နည်းပြဟန်က တိုက်ခိုက်ရေးစွမ်းရည်ကိုပဲအားကိုးပြီး အရူးချောင်ယွမ်းကို တိုက်ခိုက်နေတာလား။
အဲဒါက 'အလွန်အန္တရာယ်မြင့်' ထဲက 'အလွန်အန္တရာယ်အမြင့်ဆုံး'နော်။"
လင်ချီးယဲ့သည် မဖြေဘဲ စင်မြင့်ပေါ်က လူနှစ်ယောက်တိုက်ခိုက်နေတာကို တိတ်တဆိတ် ကြည့်နေသည်။
"အားလုံး လေ့ကျင့်ရေးကွင်းကနေ ချက်ချင်း ဖယ်ကြပါ။" နည်းပြဟန်နှင့် အရူးချောင်ယွမ်းတို့သည် ဓားပေါင်းများစွာကို အဆက်အပြတ်ခုတ်ကြပြီး ချောင်ယွမ်း၏ကြီးမားသောအင်အားကြောင့် ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားပြီး အောက်ကတပ်သားသစ်များကို လေးနက်သောအသံဖြင့် ပြောလိုက်သည်။
သူ့အမြင်အာရုံဖြင့် သူ့ရှေ့က လူငယ်၏တားမြစ်အပျက်အစီးကို သဘာဝကျကျ သဘောပေါက်ထားပြီး သူလည်း လက်ရှိအခြေအနေကို ပဏာမနားလည်ထားသည်။ မည်သို့ပင်ဖြစ်စေ လက်ရှိချောင်ယွမ်းက အလွန်အန္တရာယ်များသည်။ တပ်သားသစ်များသည် တားမြစ်အပျက်အစီးများ ဖိနှိပ်ခံထားရသော သာမန်လူအုပ်စုသာဖြစ်သည်။ ခပ်ကြာကြာနေပါက မတော်တဆမှုများ ဖြစ်ပေါ်လာလိမ့်မည်။
"လခွမ်း ငါ့တားမြစ်အပျက်အစီးကို အခုမခံစားနိုင်တော့ဘူး…" နည်းပြဟန်သည် အံကြိတ်ပြီး သူ့တားမြစ်အပျက်အစီးကို ထုတ်ရန် အဆက်မပြတ်ကြိုးစားသော်လည်း တုံ့ပြန်မှုမရှိခဲ့ဘူး။
ရူးသွပ်သောအခြေအနေတွင် ချောင်ယွမ်းသည် ဝမ်မြန့်ပင်လျှင် ခက်ခဲသောလူဖြစ်သည်။ အရှိန်မြင့်ရန်အချိန်နှင့် [ယိယွမ်း] မရှိသော နည်းပြဟန်သည် သူနှင့်ရင်ဆိုင်ရန် တိုက်ခိုက်ရေးအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကိုသာ အားကိုးနေရသည်။
ထို့ကြောင့် လင်ချီးယဲ့နှင့် တခြားလူများသည် ဤသနားစရာကောင်းသော နည်းပြ၏ ခွန်အားအစစ်အမှန်ကို မြင်တွေ့ခဲ့ရသည်။
အရူးချောင်ယွမ်း၏အရှိန်သည် မည်မျှပင်လျင်မြန်စေကာမူ နည်းပြဟန်က သူ၏လှုပ်ရှားမှုလမ်းကြောင်းကို အမြဲတမ်း ခန့်မှန်းနိုင်သည်။ သူ့လက်ထဲကဓားဖြောင့်သည် တွေးတောနိုင်ပုံပေါ်ပြီး လိပ်ပြာကဲ့သို့ သူ့လက်ထဲတွင် ပျံဝဲနေကာ ချောင်ယွမ်း၏ထိုးနှက်ချက်တိုင်းကို တိကျစွာ တားဆီးထားသည်။
ဝမ်းနည်းစရာက သူသည် တိုက်ခိုက်မှုကို ရပ်တန့်နိုင်သော်လည်း ပုံမှန်မဟုတ်သောစွမ်းအားနှင့် ပြင်းထန်သောမီးတောက်များက သူ့မျက်နှာဆီပြေးဝင်လာတာကို သူတောင့်မခံနိုင်ပေ။
ဒီတိုက်ပွဲက လုံးဝမတရားဘူး။
အရူးချောင်ယွမ်း၏ အပြုံးရယ်မောမှုကြားတွင် နည်းပြဟန်သည် သူ့ကိုယ်သူကယ်တင်နိုင်ရုံမျှသာဖြစ်ပြီး မြဲမြံစွာဆုတ်ခွာခဲ့သည်။
"[ကျောက်စိမ်းအလင်းတန်း]" ပိုင်လီဖက်တီးသည် လည်ဆွဲကို ဝတ်ဆင်ကာ သူ့ဖက်တီးလက်ကို ဆန့်ထုတ်ပြီး ကိုယ်ခံပညာစင်မြင့်ဆီသို့ ညွှန်ပြလိုက်သည်။
တောက်ပသော ရွှေရောင်အလင်းတန်းသည် စုဝေးပြီး ချွန်ထက်သောမြားတစ်စင်းကဲ့သို့ ပျံထွက်သွားကာ သစ်သားဓား၏ဓားသွားကို လေးလံစွာထိမှန်ပြီးနောက် ပုံစံပြောင်းလဲသွားပြီး ရွှေရောင်ကြိုးဖြစ်သွားကာ အရူးချောင်ယွမ်းကို ချည်နှောင်လိုက်သည်။
အရူးချောင်ယွမ်းသည် အကြိမ်အနည်းငယ်ဟိန်းပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်မီးတောက်သည် ပို၍ကြီးမားစွာ တောက်လောင်လာပြီး ပုံစံပြောင်းလဲသွားသော [ကျောက်စိမ်းအလင်းတန်း] ကို လောင်ကျွမ်းရန် နှစ်စက္ကန့်သာလိုပြီး သူကလွတ်မြောက်သွားသည်…
ထို့နောက် သူသည် ခေါင်းလှည့်ကာ စင်မြင့်အောက် ပိုင်လီဖက်တီးကို ကြည့်လိုက်ရင်း ရက်စက်ကြမ်းကြုတ်သောအမူအရာကို ပြသလေသည်။
ပိုင်လီဖက်တီး၏ခန္ဓာကိုယ်တုန်ခါသွားကာ ခြေလှမ်းတစ်ဝက်နောက်ဆုတ်ပြီး တံတွေးမျိုချလိုက်သည်…
"ညီအစ်ကိုချီးယဲ့ ငါ့ကိုကယ်ပါဦး။"
လင်ချီးယဲ့: "…"
"ငါ့ကို ဓားတစ်ချောင်းပေးပါ။" လင်ချီးယဲ့က ကူကယ်ရာမဲ့ ပြောလိုက်သည်။
"အာ… ကောင်းပြီ။" ပိုင်လီဖက်တီးသည် သူ့လက်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး အမြန်ရှာဖွေလိုက်သည်။
ထိုအချိန်တွင် အရူးချောင်ယွမ်းသည် နည်းပြဟန်အပေါ် လက်လျှော့လိုက်ပြီဖြစ်ကာ သူ့ပန်းတိုင်ကို လုံးဝပြောင်းလဲပြီး ပိုင်လီဖက်တီးနှင့် လင်ချီးယဲ့တို့ထံ ပြေးသွားခဲ့သည်။
နည်းပြဟန်၏မျက်နှာက ပြောင်းသွားသည်။ "မြန်မြန်ပြေးတော့။"
သူသည် ခြေဆောင့်ပြီး အရူးချောင်ယွမ်းနောက်လိုက်ရင်း သူတို့နှစ်ယောက်ဆီသို့ ပြေးသွားခဲ့သည်။
လင်ချီးယဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ နေရာတွင်ရပ်နေပြီး သူ့မျက်လုံးများကနေ ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ သူ့အနီးနားတွင် ပြင်းထန်သောအရှိန်အဟုန် ပျံ့နှံ့သွားသည်။
"တွေ့ပြီ။" ပိုင်လီဖက်တီးသည် သူ့အိတ်ကပ်ထဲမှ ကြယ်ဓားနှင့်ဆင်တူသော ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး လင်းချီးယဲ့၏လက်ထဲကို ပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် အရူးချောင်ယွမ်း၏အနက်ရောင်မီးတောက်များက လင်ချီးယဲ့၏မျက်လုံးများကို ရောက်ရှိနေပြီဖြစ်သည်။
ပြင်းထန်သောမီးတောက်များ ရစ်ပတ်နေသည့် သစ်သားဓားသည် လေထဲသို့ ဖြတ်သွားပြီး ပိုင်လီဖက်တီး၏လည်ပင်းကို တည့်တည့်ဖြတ်သွားသည်။ ထိုအခိုက်အတန့်တွင် အဖြူရောင်ဓားတစ်ချောင်းက တောက်ပလာသည်။
ဝှီး
သစ်သားဓားနှင့် ဓားအလင်းရောင်တို့ တိုက်မိကြပြီး နတ်ဆိုးဝိညာဉ်မီးတောက်၏ တိုက်စားမှုကို ခက်ခက်ခဲခဲပိတ်ဆို့ကာ လင်ချီးယဲ့သည် လက်ပြန်ဖြင့် ချောင်ယွမ်း၏သစ်သားဓားကို ဝှေ့ယမ်းလိုက်သည်။
ကြောက်ရွံ့ထိတ်လန့်နေသော ပိုင်လီဖက်တီးသည် လင်ချီးယဲ့နောက်တွင် ရပ်နေပြီး တုန်လှုပ်ချောက်ချားနေသော သူနှလုံးသားကို ပွတ်သပ်လိုက်သည်။
"လခွမ်း… ငါသေလောက်အောင် ကြောက်သွားတာပဲ။"
လင်ချီးယဲ့သည် ခပ်ရေးရေးသရော်ပြီး သူ့လက်ထဲကဓားကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"အခုလေးတင် ငါ သစ်သားဓားကို မထိလိုက်ပါဘူး ဘာလို့…"
"ဒီဓားကို တားမြစ်အပျက်အစီး [ရှောင်ကျန်ပိုင်] လို့ခေါ်တယ်။ ဒါက လူလုပ်တားမြစ်အပျက်အစီးပဲ။ အဲဒါက နံပါတ်စဉ် ၀၆၁ မှော်လက်နက် [ကျန်ပိုင်] ကို အတုယူထားတာ။ ဓားကိုထုတ်လိုက်တဲ့အခါ ငါးမီတာအကွာအဝေးကို လျစ်လျူရှုနိုင်ပြီး အရမ်းအင်အားကြီးတဲ့တားမြစ်ပစ္စည်းတော့မဟုတ်ဘူး။"
ပိုင်လီဖက်တီးက သူ့ဗိုက်ကိုပွတ်လိုက်သည်။ "[ကျန်ပိုင်] အစစ်က ငါတို့မိသားစုရဲ့ စုဆောင်းမှုတစ်ခုပဲ။ အဲဒါက မီတာထောင်ချီအကွာအဝေးကို လျစ်လျူရှုနိုင်တယ်လို့ပြောတယ်။ မီတာထောင်ချီအတွင်း တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ အရာခပ်သိမ်းက အရှုံးပေးရလိမ့်မယ်။"
"ဒီလောက်ချဲ့ကားတာလား။" လင်ချီးယဲ့သည် [ရှောင်ကျန်ပိုင်] ကို ဆော့ကစားရင်း အံ့သြစွာ ပြောလိုက်သည်။
"ဘယ်ဟုတ်မလဲ။ ငါတို့မိသားစုက လေးနက်စွာ စုဆောင်းနိုင်တဲ့ တားမြစ်ပစ္စည်းတွေ အနည်းငယ်ပဲရှိတယ်။ ငါ့အဖေက သူတို့ကို နေ့တိုင်း ရတနာတွေလို စောင့်ရှောက်ထားပြီး ငါတောင် ကြည့်လို့မရဘူး။"
"ဒါကအတော်လေးသုံးလို့ကောင်းတယ်။"
လင်ချီးယဲ့သည် [ရှောင်ကျန်ပိုင်] ကို အလေးချိန်ပြီး ကျေနပ်စွာ ခေါင်းညိတ်နေသည်။
အရူးချောင်ယွမ်းသည် ဟိန်းသံတိုးတိုးကို ထုတ်လွှတ်ပြီး လင်ချီးယဲ့ကို ပြတ်သားစွာကြည့်ရင်း နတ်ဆိုးဝိညာဉ်မီးတောက်က သူ့ခန္ဓာကိုယ်အပေါ်ယံတွင် ရောယှက်လျက် ပို၍ပြင်းထန်လာပြန်သည်။
လင်ချီးယဲ့သည် သူ့မျက်လုံးများကို သတိထားမိပြီး အေးစက်စက်သရော်ကာ ပြန်၍စူးစိုက်ကြည့်ရင်း သူ့မျက်လုံးများထဲတွင် ရွှေရောင်မီးဖိုနှစ်ခု ထွက်ပေါ်လာသည်။
အရူးချောင်ယွမ်၏ဝိညာဉ်ထဲသို့ အကန့်အသတ်မဲ့နတ်စွမ်းအားများ စီးဆင်းသွားသည်။ သူသည်အော်ဟစ်ရင်း ခြေလှမ်းတစ်ဝက်နောက်ပြန်ဆုတ်ပြီး မူးနေသလို သူ့ခန္ဓာကိုယ်က တုန်ခါသွားသည်။
"ဟမ်… နတ်ဘုရားစွမ်းအားက မမျှော်လင့်ပဲ ဒီလူအပေါ် သက်ရောက်မှုရှိပုံပဲ။" လင်ချီးယဲ့သည် သူ့ကိုယ်သူရေရွတ်ရင်း ပိုင်လီဖက်တီးဆီ ခေါင်းလှည့်လိုက်သည်။ "ငါ့ကို နောက်ဆုံးတစ်ခေါက်က [ချိတ်ပိတ်ခြင်းစာလိပ်] ပေးပါ။"
"ကောင်းပြီ။" ပိုင်လီဖက်တီးသည် သူ့အိတ်ကပ်ထဲမှ တိပ်ကိုထုတ်ယူပြီး လင်ချီးယဲ့၏လက်ထဲကို ထည့်ပေးလိုက်သည်။
သူ့ညာလက်တွင် [ရှောင်ကျန်ပိုင်] ကို ကိုင်ထားရင်း လင်ချီးယဲ့သည် သူ့ဘယ်လက်က [ချိတ်ပိတ်ခြင်းစာလိပ်] ၏အပိုင်းကို သူ့သွားဖြင့် အသာအယာကိုက်ဖြတ်ကာ သူ့မျက်လုံးများက နေကဲ့သို့ တောက်ပနေပြီး အရူးချောင်ယွမ်းဆီ အပြေးအလွှားသွားခဲ့သည်။
အရူးချောင်ယွမ်းဆီမှ ငါးမီတာကွာဝေးသေးပြီး လင်ချီးယဲ့၏လက်ထဲက [ရှောင်ကျန်ပိုင်] အကြိမ်အနည်းငယ်ဝှေ့ယမ်းရင်း ချောင်ယွမ်း၏လက်ထဲက သစ်သားဓားကို တိုက်ရိုကမဝှေ့ယမ်းလိုက်သည်။
ချောင်ယွမ်းသည် ဒေါသတကြီးအော်ဟစ်ပြီး ကျန်လက်တစ်ဖက်က လက်သည်းအဖြစ် ပြောင်းလဲသွားကာ နတ်ဆိုးမီးတောက်နှင့်အတူ ရစ်ပတ်ပြီး လင်ချီးယဲ့၏ခန္ဓာကိုယ်ကို လျှပ်စီးကဲ့သို့ ဖမ်းဆုပ်လိုက်သည်။
လင်ချီးယဲ့သည် သူ့လှုပ်ရှားမှုများကို လုံးလုံးလျားလျား မြင်နေပုံရကာ အနည်းငယ် ငုတ်တုတ်ထိုင်ပြီး လက်သည်းကိုရှောင်ရှားရင်း [ရှောင်ကျန်ပိုင်] ကို ထပ်မံဝှေ့ယမ်းလိုက်ပြီး ဓားနောက်ဘက်နှင့် သူ့တံတောင်ဆစ်ကို ထိမှန်သွားသည်။
ချောင်ယွမ်း၏ လက်ထဲမှ သစ်သားဓားက လွင့်ထွက်သွားသည်။
လင်ချီးယဲ့သညိ လျင်မြန်စွာလှည့်ပတ်ပြီး သူ့ဘယ်လက်တွင် ထုတ်ဖော်ထားသော [ချိတ်ပိတ်ခြင်းစာလိပ်] တစ်ဝက်ကို သူ့လည်ပင်းတွင်ရစ်ပတ်ကာ အကြိမ်များစွာရစ်ပတ်ပြီး အနက်ရောင်မီးတောက်များကို လုံးဝတားဆီးပြီးနောက် ရုတ်တရက် ဆွဲချလိုက်သည်။
အရူးချောင်ယွမ်းက မြေပြင်ပေါ်သို့ လဲကျသွားသည်။
『TK: တားမြစ်ပစ္စည်း နံပါတ်စဉ် ၀၆၁:
—ကျန်ပိုင်(Zhan Bai/斩白) = 'အဖြူရောင်ခုတ်ချက်' ဟုအဓိပ္ပါယ်ရသည်။
—[ကျန်ပိုင်] ကို အတုယူထားသော လူလုပ် [ရှောင်ကျန်ပိုင်]; ရှောင်ကျန်ပိုင်(Xiao Zhan Bai/小斩白) = 'အဖြူရောင်ခုတ်ချက်လေး' 』
TK Team (Chapter 94)