Chapter 93
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၉၃)


Chapter 93 (နည်းပြဟန်၏ကျရှုံးမှု)

နေရာရှိ လေထုက ရုတ်ချည်း အေးခဲသွားသည်။

ရွှေရောင်အလင်းတန်းဖြင့် မီးလုံးကြီးကဲ့သို့ လင်းလက်နေသော ပိုင်လီဖက်တီးသည် သူ့ခေါင်းကိုကုတ်လိုက်ပြီး [ကျောက်စိမ်းအလင်းတန်း] ကို အမြန်ပိတ်လိုက်ကာ ရွှေရောင်အလင်းတန်းက အစအနမရှိဘဲ ကွယ်ပျောက်သွားသည်။

တားမြစ်အပျက်အစီးများကို ဖိနှိပ်နိုင်သည့် တားမြစ်ပစ္စည်းသည် လူ့ခန္ဓာကိုယ်ရှိ တားမြစ်အပျက်အစီးအတွက်သာ ထိရောက်ပုံရပြီး အထူးပစ္စည်းများဖြစ်သော တားမြစ်ပစ္စည်းအရာများအပေါ်တွင် သက်ရောက်မှုမရှိပေ။

သူက ရှက်ရွံ့မှုတချို့ဖြင့် ပြောလိုက်သည်။ "ဒါက… နည်းပြဟန် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် အခုလေးတင် အလိုအလျောက်အရေးပေါ်မုဒ်ကို ပိတ်ဖို့ မေ့သွားတယ်…"

နည်းပြဟန်သည် သူ့လက်ထဲက သစ်သားဓားကို ကြည့်လိုက်ပြီး ပိုင်လီဖက်တီးကို မဖော်ရွေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

ပိုင်လီဖက်တီးသည် သူ့လည်ဆွဲကိုချွတ်ပြီး အိတ်ကပ်ထဲပြန်ထည့်ကာ ရိုးသားသောမျက်နှာထားဖြင့် ပြောသည်။ "ကျွန်တော်တောင်းပန်ပါတယ်။ နည်းပြဟန် ထပ်လုပ်ကြည့်ပါလား။"

နည်းပြဟန်သည် အသက်ပြင်းပြင်းရှူကာ လက်ထဲက ကျိုးနေသောသစ်သားဓားကို ဘေးသို့ပစ်ချလိုက်ပြီး သစ်သားဓားအသစ်ဖြင့် ပြောင်းလိုက်သည်။

"ကောင်းပြီ၊ ထပ်လုပ်ရအောင်။"

ဝှီး…

ကျီး…

ယခုတစ်ကြိမ်တွင် သစ်သားဓားကို ထူးဆန်းသော ရွှေရောင်ဒိုင်းကာဖြင့် ပိတ်ဆို့ထားခြင်း မရှိသော်လည်း သစ်သားဓားသည် ပိုင်လီဖက်တီးနှင့် ထိခါနီးတွင် တိုက်ရိုက် လောင်ကျွမ်းသွားသည်။

စက္ကန့်ဝက်မျှကြာသောအခါ နည်းပြဟန်၏လက်ထဲက သစ်သားဓားသည် လက်ကိုင်သာကျန်တော့သည်အထိ လောင်ကျွမ်းသွားသည်။

နည်းပြဟန်: "…"

"အား။ ကျွန်တော် အလိုအလျောက် [မီးနံရံ] ကို ပိတ်ဖို့မေ့သွားလို့ပါ နည်းပြဟန်။" ပိုင်လီဖက်တီးသည် သတိပြန်လည်လာပြီး သူ့လက်ကောက်ဝတ်က ပုတီးကြိုးကို အမြန်ချွတ်လိုက်သည်။

"ကျွန်တော်တို့ထပ်ပြီး…"

"ထွက်သွားစမ်း။"

"ဟုတ်ကဲ့ပါ။"

နည်းပြဟန်သည် သူ့လက်ထဲက မီးလောင်နေသောတုတ်ကို ပစ်လိုက်ပြီး သူအနည်းငယ်ပင်ပန်းနေသလို မျက်လုံးထောင့်များကို ပွတ်သပ်လိုက်သည်…

ခဏအကြာတွင် သူ သက်ပြင်းချကာ သူ့မျက်လုံးများသည် တပ်သားသစ်အားလုံးကို စစ်ဆေးပြီး ပိုင်လီဖက်တီးဘေးရှိ လင်ချီးယဲ့ကို ညွှန်ပြသည်။

"မင်းတက်လာခဲ့။"

"အိုး"

လင်ချီးယဲ့သည် ကိုယ်ခံပညာစင်မြင့်ပေါ်ကို အလွယ်တကူတက်လာကာ သူ့ရှေ့တွင်မတ်တတ်ရပ်ပြီး သူ့လက်ထဲတွင် သစ်သားဓားကို ကိုင်ထားသည်။

"မင်း… မင်းမှာ တားမြစ်ပစ္စည်းတွေမရှိပါဘူးနော်" နည်းပြဟန်က လင်ချီးယဲ့ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။

"မရှိဘူး"

"ကောင်းပြီ ငါအခုလေးတင် သင်ကြားခဲ့တာကို မင်းမှတ်မိလား။"

"မှတ်မိပါတယ်။"

"အင်း။ နောက်ထပ် ငါတိုက်ခိုက်မှုနည်းလမ်းအသစ်တစ်ခုအကြောင်းကို ပြောပြမယ်။ မင်း အဲဒါကို မတားနိုင်လောက်ပေမယ့် ကိစ္စမရှိပါဘူး ငါအရမ်းမခုတ်ဘူး။" နောက်ဆုံးတော့ သာမန်လူတစ်ယောက် ရောက်လာတာကိုမြင်သောအခါ နည်းပြဟန်က စိတ်ခံစားချက် အတော်လေးပျော်နေပုံရသည်။

သူက တပ်သားသစ်များအားလုံးကို မျက်နှာချင်းဆိုင်ပြီး စတင်ရှင်းပြသည်။ "ငါ အခြေခံဓားနည်းလမ်းများစွာအကြောင်းပြောခဲ့ပြီး အခု ငါ ပိုပြီးခက်ခဲတဲ့ဓားလှုပ်ရှားမှုကို မင်းတို့ကိုပြသမယ်။ ဒီလှုပ်ရှားမှုက လူ့အမြင်အာရုံရဲ့မျက်ကွယ်ကို လိမ္မာပါးနပ်စွာ အသုံးပြုပြီး ဓားရဲ့အရှိန်ကို အမြင့်ဆုံးဖြစ်စေနိုင်တယ်။ ဒါကအရမ်းလက်တွေ့ကျပြီး အင်အားကြီးတယ်။

ငါမင်းတို့ကို သရုပ်ပြမယ်။"

နည်းပြဟန်သည် လှည့်ကာ လင်ချီးယဲ့ကို မျက်နှာချင်းဆိုင်ရင်း ခြေလှမ်းတစ်ဝက်ရှေ့တိုးပြီး သူ့လက်ထဲကသစ်သားဓားကို ချက်ချင်းဝှေ့ယမ်းကာ အလွန်ရှုပ်ထွေးလှသော ထောင့်တစ်ခုကနေ လင်ချီးယဲ့ကို ခုတ်လိုက်သည်။
 
တက်…

ခပ်တိုးတိုးအသံသာ ထွက်ပေါ်လာပြီး

လက်တစ်ဖက်တွင် ဓားကိုင်ကာ လင်ချီးယဲ့သည် လျှင်မြန်သော ထိုးနှက်ချက်ကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။

နည်းပြဟန်: "(°?°)?"

လင်ချီးယဲ့: "(~▽~)~*မိုက်လိုက်တာ။ ဓားရေးကောင်းတာပဲ။

သူတို့နှစ်ယောက်သည် တွဲလျက် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းကြည့်နေကြသည်။

နည်းပြဟန်သည် ပါးစပ်ဖွင့်ကာ သူ့မျက်လုံးများက 'မင်း ဒါကိုဘယ်လိုတားဆီးလိုက်တာလဲ' ဟု ပြောနေပုံရသည်။

လင်ချီးယဲ့: ဟမ်။ ဒါကခက်လို့လား။

"အဟမ်း အဟမ်း အဟမ်း… ဒါက ရိုးရှင်းတဲ့သရုပ်ပြရုံပါ။ ဒီတပ်သားသစ်ရဲ့ ဓားရေးအခြေခံက အရမ်းခိုင်မာပြီး တုံ့ပြန်မှုငလည်း အရမ်းမြန်ဆန်တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်… နောက်ထပ် ငါမင်းတို့ကို တရားဝင်သရုပ်ပြသပါမယ်။"

နည်းပြဟန်သည် အရှက်ရမှုကို ဖြေရှင်းရန် ကြိုးစားရင်း နောက်သို့ ဆုတ်သွားကာ သစ်သားဓားကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

တက်…

လင်ချီးယဲ့က တားဆီးခဲ့သည်။

နည်းပြဟန်သည် မယုံနိုင်ဘဲ သူ့လက်ထဲရှိ သစ်သားဓား၏ခုတ်ချက်က ပို၍မြန်ဆန်လာသည်။

တက် တက် တက်…

သစ်သားဓားများ တိုက်မိသံများက ဆက်တိုက်ထွက်ပေါ်လာပြီး လင်ချီးယဲ့၏လက်ထဲမှ သစ်သားဓားသည် အရိပ်များထွက်လာတော့မည်ဖြစ်ကာ နည်းပြဟန်၏တိုက်ခိုက်မှုတိုင်းကို ဆက်တိုက်ဆိုသလို ပိတ်ဆို့ထားခဲ့သည်။

ဆယ်စက္ကန့်အကြာတွင် နည်းပြဟန်သည် သူ့လက်ထဲကဓားကို တိတ်တဆိတ် ချလိုက်သည်။

သူသည် သူ့ရှေ့က အပြစ်ကင်းသောလင်ချီးယဲ့ကို သရဲတစ္တေမြင်နေရသကဲ့သို့ ကြည့်လိုက်သည်။

"ဓားကို ဘယ်လိုအသုံးပြုရသလဲဆိုတာ မင်းသင်ခဲ့ဖူးလား။"

"နည်းနည်းပါ။"

"မင်းဘယ်သူ့ဆီက သင်ခဲ့တာလဲ။"

"၁၃၆ တပ်ဖွဲ့ခေါင်းဆောင် ချန်မုရယ်ဆီက"

"…" နည်းပြဟန်သည် ဖြည်းညှင်းစွာ သူ့မျက်လုံးများကိုပိတ်လိုက်ရင်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ "မင်း… ဆင်းသွားတော့"

"အိုး"

လင်ချီးယဲ့သည် လူတန်းစီသို့ အမူအရာမဲ့စွာ ပြန်ရောက်လာသည်။ သူ့အနီးနားရှိ လူများသည် သူ့ကိုထူးဆန်းစွာကြည့်နေမှန်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

နည်းပြဟန်သည် တိတ်တဆိတ်လှည့်၍ တစ်စုံတစ်ခုကို တိုးတိုးပြောနေသည်။

"လုပ်စမ်းပါ။ ဟန်လိ။ မင်းလုပ်နိုင်တယ်။ သူတို့က တပ်သားသစ်အုပ်စု၊ လူသစ်အုပ်စုပဲ… ပုံမှန်မဟုတ်တဲ့သူ အများကြီးမရှိပါဘူး။

လုပ်လိုက်စမ်း။ လက်မလျှော့နဲ့။

ငါဒီတစ်ခါသေချာလုပ်ရမယ်။"

သူသည် အသက်ပြင်းပြင်းရှူရင်း လှည့်ကြည့်လိုက်ပြီး တပ်သားသစ်များ၏မျက်နှာကို ဂရုတစိုက် စစ်ဆေးကြည့်လေသည်။ 

မကြာခင်မှာပဲ သူ့မျက်လုံးများက သာမန်‌ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အပေါ် ကျသွားသည်။ ထိုဆယ်ကျော်သက်ကောင်လေးသည် မျက်နှာအကြောသေနေပုံရပြီး သူ့ခန္ဓာကိုယ်က အလွန်မသန်မာဘူး… သူပဲ။

"မင်းတက်လာခဲ့။" နည်းပြဟန်က ပေါ့ပါးစွာ ပြောလိုက်သည်။

ချောင်ယွမ်းသည် ခဏလောက် အံ့အားသင့်သွားပြီး ခဏတာတုံ့ဆိုင်းပြီးနောက် ကိုယ်ခံပညာစင်မြင့်ပေါ်ကို လျှောက်သွားခဲ့သည်။

"မင်းမှာ တားမြစ်ပစ္စည်းတွေရှိသလား။"

"မရှိဘူး။"

"မင်းကို တစ်ယောက်ယောက်က ဓားသင်ပေးဖူးသလား။"

"မသင်ပေးဖူးဘူး။"

"အင်း… ကောင်းပြီ။" နည်းပြဟန်သည် စိတ်သက်သာရာရပြီး နောက်ဆုံးတော့ သူ သာမန်လူတစ်ယောက်နှင့် တွေ့ခဲ့သည်။

သူသည် သူ့လက်ထဲက သစ်သားဓားကို ချောင်ယွမ်းဆီ ပစ်ပေးလိုက်သည်။ "လာစမ်းပါ ခဏလောက် လေ့ကျင့်ရအောင် မင်းတားဆီးလိုက်ပါ… ထားလိုက်ပါတော့ ဒီတစ်ခေါက် မင်းတိုက်ခိုက်လိုက်ပါ ငါခုခံကာကွယ်ရေး သရုပ်ပြမယ်။"

ဘုတ်…

ချောင်ယွမ်းသည် ဓားကိုဖမ်းရန် လက်မလှမ်းခဲ့ဘဲ သစ်သားဓားက သူ့ခြေရင်းသို့ ပြုတ်ကျသွားသည်။

နည်းပြဟန်သည် မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားပြီး သူ့လေသံက အနည်းငယ် မဖော်မရွေဖြစ်လာသည်။ "မင်းဘာအဓိပ္ပါယ်လဲ။ ဓားကိုကောက်လိုက်။"

ချောင်ယွမ်းက ခေါင်းယမ်းလိုက်သည်။ "ကျွန်တော် ဓားကိုင်လို့မရဘူး။"

"ဘာလို့လဲ။"

"ကျွန်တော့်ကိုယ်ကျွန်တော် မထိန်းချုပ်နိုင်မှာစိုးလို့ပါ။"

"ဒါက သစ်သားဓားလေးပါ။"

"သစ်သားဓားလည်း ဓားပါပဲ။ အဲဒါက ဓားနဲ့တူနေသရွေ့ ကျွန်တော် ပြီးစလွယ် ထိလို့မရဘူး။"

"…" နည်းပြဟန်သည် မျက်မှောင်ကြုတ်ကာ ဒါတွေက ဘယ်လိုထူးဆန်းသော ပြဿနာများလဲ။

"ငါမင်းကို ကောက်လိုက်လို့ပြောနေတယ်။ မင်းကောက်လိုက်။"

"ကျွန်တော်တကယ် ကိုင်လို့မရ…"

"ကောက်လိုက်စမ်း။ ဒါကအမိန့်ပဲ။"

"…" ချောင်ယွမ်းသည် ကူကယ်ရာမဲ့ သက်ပြင်းချရင်း "ဒါဆို… ကောင်းပြီ။"

သူသည် ကိုင်းညွတ်ပြီး ဓားကိုကောက်ကိုင်ရန် အသင့်ပြင်လိုက်သည်။

တစ်ချိန်တည်းမှာပင် လင်ချီးယဲ့နှင့် တခြားသူများသည် မျက်နှာများပြောင်းလဲသွားပြီး မီတာဆယ်နှင့်ချီ၍ နောက်ပြန်ဆုတ်သွားကာ နည်းပြဟန်ကို စာနာစိတ်အပြည့်ဖြင့် ကြည့်နေကြသည်...

ဒီမြင်ကွင်းကိုမြင်တော့ နည်းပြဟန်သည် ခဏတာ အံ့အားသင့်သွားပြီး သူ ရုတ်တရက် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ရှိခဲ့သည်။

သူတစ်ခုခုပြောမည့်အချိန်တွင် ချောင်ယွမ်း၏လက်က ဓားလက်ကိုင်ကို ထိလိုက်ပြီဖြစ်သည်။

ဗုန်း

အနက်ရောင်နတ်ဆိုးဝိညာဉ်သည် ချောင်ယွမ်းကို ဗဟိုပြု၍ ပေါက်ကွဲခဲ့သည်။ အနက်ရောင်မီးတောက်တစ်ခုသည် ကောင်းကင်သို့ လွင့်ပျံသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် လေ့ကျင့်ရေးကွင်းတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် နားနေခန်းထဲတွင် Landlord ကစားနေသော နည်းပြသုံးယောက်သည် အမူအရာပြောင်းကာ မတ်တတ်ရပ်လိုက်ကြသည်။

"သွားရအောင်။ တစ်ခုခုမှားနေပြီ။"

"သွားမယ် သွားမယ်။ သွားကြည့်ရအောင်။"

နတ်ဆိုးဝိညာဥ်သည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လေ့ကျင့်ရေးစခန်းရှိ နည်းပြအားလုံးကို ထိတ်လန့်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် လေ့ကျင့်ရေးကွင်းကို ကြည့်ရင်း တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်ကြသည်။

လေ့ကျင့်ရေးကွင်းတွင်။

အနက်ရောင်နတ်ဆိုးမီးတောက်များသည် ချောင်ယွမ်းပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။ သူသည် အင်္ကျီမဝတ်ထားဘဲ မီးတောက်နေသော သစ်သားဓားတစ်ချောင်းကို သူ့ပခုံးပေါ်တွင်တင်ထားကာ နည်းပြဟန်ကို ပြုံးပြနေသည်။

နည်းပြဟန်: "???"

ဒါကဘာကြီးလဲဟ။

ဓားလက်ကိုင်ကိုထိလိုက်တာနဲ့ သူက ဘယ်လိုလုပ် ဒီလိုဖြစ်လာတာလဲ။

ငါ…ငါက သူတို့ကို ဓားဘယ်လိုအသုံးပြုရသလဲ သင်ပေးချင်ရုံပါ။

ဒီစခန်းရဲ့တပ်သားသစ်တွေက နည်းနည်းလောက် ပိုပြီးသာမန်ဖြစ်ပေးလို့မရဘူးလား။

အားးး…

ဘုရားရေ…

နည်းပြဟန်သည် သူ့မျက်စိရှေ့က နတ်ဆိုးပုံစံချောင်ယွမ်းကို ကြည့်ပြီးနောက် သူ့လက်ထဲက သစ်သားဓားကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ခေတ္တမျှ တိတ်ဆိတ်နေပြီး… သူ့လက်ပြန်ဖြင့် လွင့်ပစ်လိုက်သည်။

လခွမ်းတဲ့မှပဲ။

TK Team (Chapter 93)