Chapter 92
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၉၂)


Chapter 92 (ပိုက်ဆံစွမ်းအား)

ကန်တင်းအပြင်ဘက်တွင် စူးရှသောဝီစီသံထပ်ထွက်ပေါ်လာသည်။

ဝှီး…

လင်ချီးယဲ့မတုံ့ပြန်ခင် သူ့ရှေ့က [မျက်နှာဖုံး] အဖွဲ့ဝင်ခုနစ်ယောက်သည် ရုတ်တရက်ထရပ်ကာ အပြင်ဘက်ကို စတင်ပြေးလွှားနေခဲ့သည်။

ရွှမ်ဝေါသည် ခြေလှမ်းနှစ်လှမ်းပြေးပြီးနောက် သူက ရုတ်တရက် သတိပြန်လည်လာခဲ့သည်။

"မဟုတ်သေးပါဘူး။ ငါတို့က တပ်သားသစ်တွေမှမဟုတ်တာ… ငါတို့က ဘာကြောင့်ပြေးနေရတာလဲ။"

"…အလိုအလျောက်တုံ့ပြန်မှုပါ။" ဝမ်မြန့်သည် ခေါင်းကုတ်ကာ ခန်းမကိုကြည့်လိုက်ပြီး တပ်သားသစ်အားလုံးက သူတို့အား စိုက်ကြည့်နေမှန်း တွေ့လိုက်ရတော့ ရှက်ရွံ့ကာ ချောင်းနှစ်ကြိမ်ဟန့်လိုက်သည်။

"ဒါဆို… ဆက်စားရအောင်… ဆက်စားရအောင်…"

[မျက်နှာဖုံး] အဖွဲ့ဝင်များသည် အဖြစ်အပျက်ကို လျစ်လျူရှုဟန်ဆောင်ကာ ပြန်ထိုင်ပြီး ဆက်လက်စားသောက်ကြသည်။

တပ်သားသစ်များသည် သူတို့အကြည့်များကိုဆုတ်ခွာပြီး နံရံပေါ်ကအချိန်ကို မသိစိတ်က လှမ်းကြည့်လိုက်သည်။ သူတို့စတင်စားကတည်းက ဆယ်မိနစ်သာရှိသေးပြီး မိနစ်နှစ်ဆယ်ပြည့်ရန် အလွန်စောပါသေးသည်။

ဘာလို့ ဝီစီထပ်မှုတ်ရတာလဲ။

သို့သော် သူတို့သည် လက်ထဲက ဂျုံပေါင်မုန့်ဖြူကို ချလိုက်ပြီး လေ့ကျင့်ရေးကွင်းသို့ ပြေးသွားနေကြဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့နောက်ကျသောကြောင့် မည်သူမျှ ထပ်ပြီးမပတ်ပြေးချင်တော့ပေ။ 

ဂျုံပေါင်မုန့်ဖြူနင်နေသော ပိုင်လီဖက်တီးသည် သူ့ရင်ဘတ်ကိုအပြင်းအထန်ပုတ်ရင်း လင်ချီးယဲ့အား လက်ဝှေ့ယမ်းပြကာ အပြင်ဘက်ကိုပြေးထွက်သွားသည်။

"ကျွန်တော် အရင်သွားပြီ။ ခင်ဗျားတို့ ဆက်စားကြပါ။" လင်ချီးယဲ့သည် လှည့်ပြီးပြောလေသည်။

"အင်း သွားလေ။" ဝမ်မြန့်က အနည်းငယ်ပြုံးလိုက်သည်။ "ငါတို့နောက်တစ်ခါတွေ့ရင် လေ့ကျင့်ရေးစခန်းအပြင်ဘက်မှာ ဖြစ်လိမ့်မယ်။"

"ခင်ဗျားတို့က ထွက်သွားမှာလား။"

"ဟုတ်တယ် မြောက်ဘက်မှာ နောက်ထပ် 'ဟိုင်' နယ်ပယ် လျှို့ဝှက်ဆန်းကြယ်ကိုတွေ့လို့ ငါတို့တွေ စားပြီးရင် အမြန်သွားရမယ်။"

"ကောင်းပြီ ခင်ဗျားတို့ အောင်ပွဲခံပြီးပြန်လာဖို့ ကျွန်တော်ဆုတောင်းပါတယ်။"

လင်ချီးယဲ့သည် သူတို့ကို လက်ပြနှုတ်ဆက်ပြီး ကန်တင်းထဲမှ အမြန်ပြေးထွက်ခဲ့သည်။

ကန်တင်းတစ်ခုလုံးက လူများထွက်သွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားသည်။

"အိုင်းယား တပ်သားသစ်တွေရဲ့ မနာလိုတဲ့မျက်လုံးတွေမရှိတော့ ဒီဟင်းက အရသာမရှိတော့ဘူး။" ရွှမ်ဝေါက သူ့လက်ထဲရှိတူကိုချပြီး သက်ပြင်းချလိုက်သည်။

"…ဘယ်လောက်တောင်ဆိုးတဲ့အရသာလဲ။" ထျန်းဖျင်က မျက်ဆန်လှန်လိုက်သည်။

"ငါတို့ဗိုက်ပြည့်ပြီဆိုတော့ သွားသင့်ပြီ။" မည်သူမျှ တူမလှုပ်ရှားတာကိုမြင်တော့ ဝမ်မြန့်သည် သူ့ဘေးနားက အနက်ရောင်သေတ္တာကို ကောက်ယူပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

"ကဲ သွားကြရအောင်။ လူတွေကို အကြာကြီးမစောင့်ခိုင်းနဲ့။" ယွဲ့ကွေက သူ့ပါးစပ်ကို သုတ်လိုက်သည်။

ကျန်လူများလည်း တစ်ယောက်ပြီးတစ်ယောက်ထရပ်ကာ သူတို့ဝတ်ရုံများဝတ်ရင်း အနက်ရောင်သေတ္တာကို ကောက်ယူပြီး ခြေလှမ်းကြီးများဖြင့် ကန်တင်းထွက်ပေါက်သို့ လျှောက်သွားကြသည်။

ပျော့ပျောင်းသော နေရောင်သည် သန့်ရှင်းသော ပြတင်းပေါက်မှဖြတ်၍ လွတ်နေသော ကန်တင်းထဲသို့ စိမ့်ဝင်သွားသည်။ သူတို့ခုနစ်ယောက်သည် ဘေးချင်းကပ် လျှောက်သွားကာ တံခါးဆီမှ လေညင်းများက မီးခိုးရောင်ဝတ်ရုံထောင့်ကို ညင်သာစွာတိုက်ခတ်လာသည်။

သူတို့၏အသွင်အပြင်သည် အစက်အပြောက်ကင်းသော ကြွေပြားလမ်းပေါ်တွင် ထင်ထင်ရှားရှားထင်ဟပ်နေပါသည်။

သူတို့သည် ကျောနောက်တွင် အနက်ရောင်သေတ္တာကိုသယ်ထားရင်း ခေါင်းငုံ့ပြီး သူတို့၏ကိုယ်စားပြုမျက်နှာဖုံးများကို တပ်ကာ…

ထွက်သွားကြသည်။

ကန်တင်းတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသည်။

ကျဉ်းမြောင်းသော မီးဖိုချောင်တွင် ခါးကုန်းသော လောင်စွန်းသည် မတ်တတ်ရပ်ကာ ထွက်သွားသော သူတို့နောက်ကျောကို တိတ်တဆိတ်ကြည့်နေသည်...

သူ့မျက်လုံးများက အနည်းငယ်နီနေသော်လည်း သူ့မျက်လုံးများတွင် ပြတ်သားမှုအပြည့်ရှိသည်။

နောင်အခိုက်အတန့်တွင်

သူ့ခြေထောက်များကိုဖြောင့်ပြီး ရင်ကော့လျက်

သူတို့ထွက်သွားရာလမ်းကြောင်းကို မျက်နှာမူပြီး

စံပြစစ်တပ်အလေးပြုလိုက်သည်။


လေ့ကျင့်ရေးကွင်း။

"ဒဏ္ဍာရီတွေ၊ ဒဏ္ဍာရီလာတွေနဲ့ ကျေးလက်ကောလဟာလတွေထဲက လျှို့ဝှက်ဆန်းကြယ်သတ္တဝါတွေဟာ ငါတို့ညကင်းစောင့်လူသားရဲ့ အဓိကရန်သူတွေပဲ။"

"သူတို့ရဲ့စွမ်းရည်တွေက ထူးဆန်းပြီး သူတို့ရဲ့စရိုက်လက္ခဏာတွေကလည်း ကွဲပြားတယ်။ ဒါပေမယ့် သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာက လူသားတွေထက် အများကြီးပိုသန်မာတယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။"

"ဆိုတော့ ဒီလိုတည်ရှိမှုမျိုးကို တိုက်ခိုက်ဖို့ ငါတို့က ဘာကိုအားကိုးရမှာလဲ။"

ကိုယ်ခံပညာစင်မြင့်ပေါ်ရှိ အလယ်တွင် ထူးဆန်းသောနည်းပြတစ်ယောက်ရပ်နေကာ သူ့မျက်လုံးများက တပ်သားသစ်များကို လှည့်ပတ်ကြည့်နေသည်။

ရှန်ချင်းကျူက ပျင်းရိစွာ သူ့လက်ကို မြှောက်လိုက်သည်။ "သတင်းပို့ပါတယ်။ အင်အားကြီးတဲ့ တားမြစ်အပျက်အစီးပါ။"

နည်းပြသည် နှစ်ကြိမ်သရော်ကာ "တားမြစ်အပျက်အစီးတွေက… လျှို့ဝှက်ဆန်းကြယ်ကို တိုက်ခိုက်တဲ့အခါ လူသားတွေအတွက် အရေးကြီးဆုံးအားကိုးရာဖြစ်တယ်။ ဒါပေမယ့် မင်းရဲ့တားမြစ်အပျက်အစီးက လက်ညှိုးလေးကွေးလိုက်ရုံနဲ့ လျှို့ဝှက်ဆန်းကြယ်ကို သတ်ပစ်နိုင်လောက်အောင် အရမ်းအင်အားမကြီးသရွေ့ အရာအားလုံးကိုမဆိုလိုဘူး…

မင်းလုပ်နိုင်လား။"

ရှန်ချင်းကျူက မျက်ခုံးပင့်ကာ "ကျွန်တော်လုပ်နိုင်တယ်။"

"မင်းတားမြစ်အပျက်အစီးကဘာလဲ။"

"နံပါတ်စဉ် ၀၆၈ [ချိမင်]"

နည်းပြ: "…"

နည်းပြသည် ဘာမှမကြားသလိုဟန်ဆောင်ကာ မတ်မတ်ရပ်ပြီး "ဘယ်သူ့မှာ တခြားအဖြေရှိသေးလဲ။"

လူအုပ်ထဲတွင် ဖက်တီးလေးတစ်ယောက်က ရုတ်တရက် သူ့လက်ကို မြှောက်လိုက်သည်။

"သတင်းပို့ပါတယ်။ ပိုက်ဆံပါ။"
သတင်းပို့ပါ။ ပိုက်ဆံပဲ!

နည်းပြ: "…"

"ပိုက်ဆံလား။ ငါ့ကိုပြောစမ်းပါ မင်း လျှို့ဝှက်ဆန်းကြယ်ကိုတိုက်ခိုက်ဖို့ ပိုက်ဆံကို ဘယ်လိုအားကိုးမှာလဲ။ ပိုက်ဆံကို ဒင်္ဂါပြားအဖြစ်ပြောင်းလဲပြီး လျှို့ဝှက်ဆန်းကြယ်ကို သေအောင်ရိုက်သတ်မှာလား။" နည်းပြသည် ဒေါသတကြီး ရယ်လိုက်၏။ သူသည် တပ်သားသစ်အားလုံးကို ခေါင်းလှည့်ကြည့်ပြီး လေးနက်စွာပြောလိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်ကိုတိုက်ခိုက်ဖို့ တားမြစ်အပျက်အစီးတွေအပြင် ငါတို့က သန်မာတဲ့ခန္ဓာကိုယ်နဲ့ တိုက်ခိုက်ရေးစွမ်းရည်လည်း လိုအပ်တယ်။

တိုက်ခိုက်ရေးစွမ်းရည်တွေကို အအေးလက်နက်နဲ့ အပူလက်နက်တွေဆိုပြီး ပိုင်းခြားထားတယ်။ အပူလက်နက်တွေက အဆင့်နိမ့်လျှို့ဝှက်ဆန်းကြယ်တွေကို ရင်ဆိုင်ရာမှာ အသုံးဝင်နိုင်ပေမယ့် အဆင့်မြင့်တွေကိုတော့ အအေးလက်နက်တွေနဲ့ တိုက်ခိုက်တာက ဘုရင်အစစ်ပဲ။

ဒီနေ့ အအေးလက်နက် အနီးကပ်တိုက်ခိုက်ရေးကို ငါမင်းတို့ကို သင်ပေးမယ်။"

လေ့ကျင့်ရေးကွင်း၏တစ်ဖက်တွင် နည်းပြဟုန်နှင့် တခြားနည်းပြနှစ်ယောက်သည် ဤမြင်ကွင်းကို အဝေးမှကြည့်ကာ အတူတကွ ရပ်နေကြသည်။

"နည်းပြဟုန် ဒီနည်းပြဟန်က ဘယ်သူလဲ။" သူ့ဘေးရှိနည်းပြက သံသယဖြင့် မေးသည်။

"ဒါက ဌာနချုပ်ကနေ ပြောင်းရွှေ့လာတဲ့ အနီးကပ်တိုက်ခိုက်ရေးကျွမ်းကျင်သူပဲ။ သူက ဒီမနက်ပဲ လေယာဉ်နဲ့ရောက်လာတာ။ သူက တပ်သားသစ်တွေကို ပထမဆုံးဦးဆောင်ဖူးတာဆိုပေမယ့် ငါကတော့ သူနဲ့ပတ်သက်ပြီး အရမ်းအကောင်းမြင်တယ်။" နည်းပြဟုန်၏မျက်လုံးများက ကျေနပ်မှုအပြည့်ရှိသည်။

"သူက ဒီနေ့မှရောက်တာလား။ ပထမဆုံး တပ်သားသစ်တွေကို ဦးဆောင်တာလား။" တခြားနည်းပြက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ "ဘာပြဿနာမှတော့မရှိလောက်ဘူးမလား။"

"မဖြစ်နိုင်ပါဘူး။ ဒီနည်းပြဟန်ရဲ့ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်က နိုင်ငံမှာ ထိပ်တန်းပြီး ဘာမှစိတ်ပူစရာမရှိဘဲ ငါတို့တွေပြန်ပြီး ကတ်ကစားလို့ရတယ်။"

"အိုး… ကောင်းပြီ။"

သုံးယောက်သား ဘယ်သူကိုမှ အနှောင့်အယှက်မပေးဘဲ တိတ်တိတ်လေး ထွက်သွားကြသည်။

ကိုယ်ခံပညာစင်မြင့်တွင် နည်းပြဟန်သည် အအေးလက်နက်များကို စိတ်ဝင်တစားဖြင့် ရှင်းပြနေဆဲဖြစ်သည်။

"ညကင်းစောင့်လူသားထဲမှာ အထူးကိစ္စရပ်တချို့ကလွဲလို့ အများစုက စံပြလက်နက်တွေဖြစ်တဲ့ ကြယ်ဓားတွေကို အသုံးပြုကြတယ်။" နည်းပြဟန်သည် လက်ထဲတွင် ဓားဖြောင့်ကိုကိုင်ကာ ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။

"ဓားဖြောင့်မှာ အားသာချက်တွေအများကြီးရှိတာကြောင့် ငါဒီနေရာမှာ အသေးစိတ်မပြောတော့ဘူး။ ဒီနေ့ ငါက ဓားဖြောင့်အသုံးပြုခြင်းအရည်အချင်းအကြောင်းကို အဓိကထားပြီး မင်းတို့ကိုပြောပြမယ်။

မင်းတို့တွေ ဓားဖြောင့်ကို ကောင်းကောင်းအသုံးပြုချင်ရင် ပထမဆုံးအချက်က မင်းတို့တုံ့ပြန်မှုအရှိန်လိုအပ်တယ်။ သူတို့တုံ့ပြန်မှုအရှိန်ကို ဘယ်လိုမြန်မလဲ ဘယ်လိုနှေးမလဲ…"

စင်မြင့်ပေါ်ရှိ နည်းပြဟန်သည် ဓားဖြောင့်ဖြင့် ဓားထုတ်နည်းနှင့် ဓားရုတ်သိမ်းနည်းအမျိုးအစားပေါင်းများစွာကို သရုပ်ပြကာ တပ်သားသစ်များက စိတ်ပါဝင်စားစွာ နားထောင်ကြသည်။

လင်ချီးယဲ့သည် နားထောင်ရင်း အနည်းငယ်အိပ်ချင်လာသည်။ နည်းပြဟန်ပြောတာက မကောင်းသောကြောင့်မဟုတ်ဘဲ ချန်မုရယ်က ဒီအရာများအား သူ့ကို သင်ကြားပေးခဲ့ပြီး အကြိမ်ပေါင်းမရေမတွက်နိုင်သော နာကျင်မှုများဖြင့် သူ့စိတ်ထဲတွင် ထွင်းထုထားပြီဖြစ်သည်။

ဤအချိန်တွင် အထူးဆက်ဆံပေးခဲ့ခြင်း၏ အကျိုးကျေးဇူးများ ပေါ်လာသည်။ 

"အခု သရုပ်ဖော်ပြသဖို့ ငါလူတချို့ကိုရှာမယ်။" နည်းပြဟန်သည် ဓားနည်းလမ်းကို ရှင်းပြပြီးနောက် သူ့လက်ထဲကဓားဖြောင့်ကို ဘေးသို့ပစ်ချကာ သူ့ဘေးရှိ စင်ပေါ်မှ သစ်သားဓားနှစ်ချောင်းကို ယူလိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်ကို ပိုက်ဆံနဲ့အနိုင်ယူနိုင်တယ်လို့ပြောခဲ့တဲ့ အဲဒီဖက်တီးက ဘယ်မှာလဲ။ လာပြီး အားလုံးကိုပြသချေ။" နည်းပြဟန်သည် လူအုပ်ထဲက ပိုင်လီဖက်တီးကို တစ်ချက်တည်းမြင်ပြီး လက်ဝှေ့ယမ်းပြသည်။

ပိုင်လီဖက်တီးသည် ခေါင်းကုတ်ကာ ကိုယ်ခံပညာစင်မြင့်ပေါ်သို့ ကိုးရိုးကားရားဖြင့် တက်လာပြီး နည်းပြဟန်ဆီမှ သစ်သားဓားကိုယူလိုက်သည်။

"အခုလေးတင် ငါပြောခဲ့တာကို မင်းမှတ်မိလား။"

ပိုင်လီဖက်တီးသည် ခဏလောက်တုံ့ဆိုင်းသွားပြီး "မမှတ်မိဘူး…"

"…မင်းမမှတ်မိရင် မင်းရဲ့ပိုက်ဆံစွမ်းအားကို သုံးလိုက်ပေါ့။" နည်းပြဟန်သည် ရယ်မောကာ "ပိုက်ဆံနဲ့ လျှို့ဝှက်ဆန်းကြယ်ကို ဘယ်လိုအနိုင်ယူမလဲ ငါကြည့်ပါရစေ။

‌ဒီတစ်ခါ ငါတိုက်ခိုက်မယ် မင်းက ငါပြောခဲ့တဲ့နည်းလမ်းအတိုင်း ခုခံကာကွယ်ရမယ်။ မင်းမမှတ်မိရငိ မင်းရဲ့ပိုက်ဆံစွမ်းအားကို အားကိုးပေါ့။"

"အိုး…"

နည်းပြဟန်သည် လက်ထဲတွင် သစ်သားဓားတစ်ချောင်းဖြင့် ပိုင်လီဖက်တီးရှေ့ကို ခုတ်လိုက်ပြီး မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ ပိုင်လီဖက်တီးသည် သူ့တစ်ကိုယ်လုံးတွင်ဟာကွက်များဖြင့် ဓားကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

နည်းပြဟန်သည် သရော်ကာ ရှေ့တိုးပြီး သူ့လက်ထဲကသစ်သားဓားကို လျှပ်စီးကြောင်းအရှိန်ဖြင့် ဝှေ့ယမ်းလိုက်သည်။

ဓားသည် ပိုင်လီဖက်တီးကိုထိခါနီးတွင် တောက်ပသော ကိုယ်ပျောက်ရွှေရောင်ဒိုင်းကာတစ်ခုသည် ရုတ်တရက် ထွက်လာပြီး သူ့ကို အလယ်တွင် ကာရံထားလိုက်သည်။

ဘုတ်…

အသံတိုးတိုးသာ ကြားလိုက်ရပြီး

နည်းပြန်ဟန်၏လက်ထဲက သစ်သားဓားသည်…

သုံးပိုင်းကျိုးသွား၏။

နည်းပြဟန်: (?????)

ပိုင်လီဖက်တီး: | ???) ?

TK Team (Chapter 92)