Volume 1 (သေမျိုးနယ်မြေ ၀၉၀)
Chapter 90 (ဂျုံပေါင်မုန့်ဖြူနှင့် အသားစိမ်း)
"မင်းငါ့ကိုနောက်နေတာလား။"
ပိုင်လီဖက်တီးသည် ဝမ်းနည်းသောမျက်နှာဖြင့် လေ့ကျင့်ရေးကွင်းသို့ အလျင်စလို ပြေးလာခဲ့သည်။ ဘယ်ကနေအင်အားရလာမှန်းမသိဘဲ ကုတင်ပေါ်တွင် ရွှံ့ဗွက်အိုင်တစ်ခုကဲ့သို့ဖြစ်နေသောသူသည် ယခုအခါ ပျံသန်းနေသကဲ့သို့ လမ်းလျှောက်လာသည်။
ညက မှိန်ဖျော့သွားသည်နှင့်အမျှ လင်ချီးယဲ့သည် သူ့အမြန်နှုန်းဖြင့် လေ့ကျင့်ရေးကွင်းသို့သာ ပြေးနိုင်ခဲ့သည်။ ကံကောင်းထောက်မစွာပင် သူ၏အမြန်နှုန်းသည် ဤတစ်ကြိမ်တွင် သုံးမိနစ်အတွင်း လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိခဲ့သေးသည်။
ဒီတစ်ခါတော့ အချိန်မီရောက်လာသော လူများက သိသိသာသာ များလာသည်။
သို့သော် အခုလေးတင် အကြိမ် ၂၀ ပြီးသွားသောသူများရှိသောကြောင့် နောက်ကနေလဲကျတာပဲဖြစ်ဖြစ် လေ့ကျင့်ရေးကွင်းကို ရောက်သည်နှင့် သူတို့၏မျက်ဆန်လှန်ပြီး တိုက်ရိုက်သတိလစ်သွားသူများလည်း ရှိသည်။
အခုလေးတင် သတိလစ်သွားသောလူကို ဆေးဝန်ထမ်းအုပ်စုသည် ထမ်းစင်ဖြင့် ထမ်းထုတ်ရန် အလျင်အမြန် ပြေးလာသည်။ သဲအိတ်ကို ပစ်ချသလိုမျိုး လူကို ထမ်းစင်ပေါ်တင်ပြီး ဝမ်းသာအားရ ဘယ်နေရာမှန်းမသိ ခေါ်သွားကြသည်။ သူတို့သည် အလွန်ကျွမ်းကျင်သောကြောင့် ဒေါသဖြစ်ခဲ့ကြသည်။
နည်းပြဟုန်သည် အချိန်မှတ်နာရီကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်သည်။
"အရမ်းကောင်းတယ် ဒီတစ်ခါ လူအများစုက အချိန်မီရောက်လာပြီး တိုးတက်မှုရှိလာပြီ။"
ထို့နောက် သူက ဆက်ပြောသည်။ "နောက်ထပ် မိနစ် ၂၀ က မင်းတို့မနက်စားစာမယ့်အချိန်ပဲ။ မင်းတို့တွေ မိနစ် ၂၀ အတွင်းပြန်မလာရင် အကျိုးဆက်ကဘာလဲဆိုတာ မင်းတို့သိပါတယ်။"
ပြောပြီးနောက် သူသည် တခြားနည်းပြနှစ်ယောက်ကိုခေါ်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်။
တပ်သားသစ်များအားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်ကြည့်ရင်း ကန်တင်းဆီသို့ တညီတညွတ်တည်း ပြေးကြသည်။
သေနေသောအကြည့်ဖြင့် ရှေ့ကိုရောက်လာသော ပိုင်လီဖက်တီးပင် ကန်တင်းတစ်ခုလုံးကို အရှင်လတ်လတ် မျိုချတော့မလို သူ့မျက်လုံးများက တောက်ပလာသည်။
ကျားများလို တပ်သားသစ်များသည် ကန်တင်းထဲကို ပြေးဝင်သွားသောအခါ သူတို့ရှေ့ကမြင်ကွင်းကိုတွေ့ပြီး နေရာမှာတင်အေးခဲသွားသည်။
ကြီးမားသောကန်တင်းတွင် ဇလုံးနှစ်လုံးများတင်ထားသော စတုရန်းစားပွဲများရှိကာ တစ်လုံးက ဂျုံပေါင်မုန့်ဖြူနှင့်ပြည့်နေပြီး တစ်လုံးက အသားများဖြင့်ပြည့်နေသည်။
သွေးအနည်းငယ်လည်းပါသော… အသားစိမ်းဖြစ်သည်။
တပ်သားသစ်များသည် ကန်တင်းထဲသို့ မှင်တက်စွာ လျှောက်သွားကာ လေးထောင့်စားပွဲတစ်ခုတွင် ရပ်ပြီး ပတ်ပတ်လည်ကိုကြည့်နေကြသည်။
"ထမင်းကဘယ်မှာလဲ။ ဟင်းကရော။"
"ငါမသိဘူး။"
"ဒါကဘာလဲ။ အမဲသားစိမ်းလား။ ဒါကိုဘယ်လိုစားရမှာလဲ။"
"ခဏနေ သူတို့က စားပွဲတစ်ခုစီကို ဟော့ပေါ့ပို့ပြီး ချက်စားရမှာလား…"
"ငါတော့မထင်ဘူး။"
"…"
လင်ချီးယဲ့နှင့် ပိုင်လီဖက်တီးတို့သည် တူညီသောစားပွဲတွင် ရပ်နေပြီး ပိုင်လီဖက်တီးသည် အိုးအောက်ခြေက အစားအစာကို ရှာချင်နေသကဲ့သို့ ဇလုံးနှစ်လုံးကို ကောက်ယူပြီး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ချီးယဲ့ သူတို့က ဘာကိုဆိုလိုတယ်လို့ ထင်သလဲ။"
"ဘာမှထူးခြားတာမရှိပါဘူး။ သူတို့က ငါတို့ကို စားစေချင်ရုံပါ။"
"ဒါကိုဘယ်လိုစားမှာလဲ။ ဂျုံပေါင်မုန့်ဖြူအတွက် သူတို့က ငါတို့ကို ရေတောင်မပေးဘူး။ ဒီအသားစိမ်းက ငါ့ကိုစိတ်ပျက်စေတယ်… သူတို့တွေ 'လောင်ကန်းမား' တစ်ဘူးပေးရင်တောင် တော်သေးတယ်။"
လင်ချီးယဲ့သည် ဘာမှမပြောဘဲ ဘေးစားပွဲကို ညွှန်ပြသည်။
ဘေးစားပွဲတွင် အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကျန့်ကျုံးသည် အသားစိမ်းများကို အမူအရာမဲ့စွာ ကောက်ယူပြီး စတင်ကိုက်စားနေပြီဖြစ်သည်။ တခြားလက်တစ်ဖက်၌ သူသည် ဂျုံပေါင်မုန့်ဖြူကို ကိုင်ထားပြီး အသားစိမ်းပေါ်က သွေးများကို သုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"ဒါက…" ပိုင်လီဖက်တီးသည် ဤမြင်ကွင်းကို ထိတ်လန့်စွာကြည့်ကာ ခဏတာ စကားမပြောနိုင်ပေ။
"ဒီလူဘယ်မှာလဲ။ ငါ့ရှေ့ထွက်ခဲ့စမ်း။" ရှန်ချင်းကျူသည် ဇလုံထဲက ဂျုံပေါင်မုန့်ဖြူကို လက်နောက်ပြန်ပစ်ချလိုက်ပြီး လေးနက်သောအသံဖြင့် အော်လိုက်သည်။
ခဏအကြာတွင် ဇွန်းကိုင်ထားသော အဘိုးကြီးသည် မည်းမှောင်သောမျက်နှာဖြင့် မီးဖိုခန်းထဲမှ ထွက်လာသည်။ "ဘယ်သူ အော်နေတာလဲ။"
"ဒီအရာတွေက လူတွေစားဖို့လား။ ခင်ဗျား ဘယ်သူ့ကို မထီမဲ့မြင်ပြုနေတာလဲ။" ရှန်ချင်းကျူသည် အဘိုးကြီးကို မျက်စောင်းထိုးကာ အေးစက်စွာ ပြောလိုက်သည်။
"ကြိုက်ရင်စား မကြိုက်ရင်မစားနဲ့။" အဘိုးကြီးသည် စိုက်ကြည့်ပြီး ဒေါသတကြီး ဖြေလိုက်သည်။
"အိုး" ရှန်ချင်းကျူသည် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခု ပြန်ချင်သေးသော်လည်း ထိုအချိန်တွင် လူအနည်းငယ်က ကန်တင်းသို့ ဝင်လာခဲ့သည်။
မီးခိုးရောင်ဝတ်ရုံနှင့် မျက်နှာဖုံးများကို သူတို့လက်ထဲတွင် ကိုင်ထားကာ ကန်းတင်းအလယ်တည့်တည့်သို့ လျှောက်သွားပြီး အတွင်းအကျဆုံး စားပွဲဝိုင်းတွင် ထိုင်နေလိုက်သည်။
ထိုအချိန်တွင် အားလုံး တိတ်ဆိတ်သွားကြသည်။
ဒီတစ်ခါတော့ သူတို့သည် မျက်နှာဖုံးမတပ်ထားပေမယ့် ဘယ်သူဘယ်ဝါဆိုတာ လူတိုင်းသိသည်။
"အိုး မင်းတို့ ကောင်စုတ်လေးတွေပဲ။" ဒီလူခုနစ်ယောက်ကိုမြင်သောအခါ အဘိုးကြီးက ပြုံးလိုက်သည်။
"လောင်စွန်း ဒီလောက်နှစ်တွေကြာတာတောင် ခင်ဗျားမှာ ကန်တင်းမှာ တပ်သားသစ်တွေအတွက် ချက်ပြုတ်ပေးနေတုန်းလား။" ချောမောသောမျက်နှာဖြင့် ဝမ်မြန့်သည် အဘိုးကြီးရောက်လာတာကိုမြင်သောအခါ အမြန်ထ၍ လေးစားစွာပြောလိုက်သည်။
ကျန်သော [မျက်နှာဖုံး] အဖွဲ့ဝင်များလည်း မတ်တတ်ထရပ်ပြီး လောင်စွန်းကို အနည်းငယ် ဦးညွတ်ကြသည်။
"ဟေ့ ငါက အဘိုးကြီးဖြစ်နေပြီး တိုက်ပွဲမဝင်နိုင်တော့တာကြောင့် ငါ့ရဲ့ကျန်ရှိတဲ့စွမ်းအင်ကို ဒီမီးဖိုချောင်အစုတ်မှာပဲ အသုံးပြုနိုင်တော့တယ်။" လောင်စွန်းသည် သူ့လက်ကိုဝှေ့ယမ်းပြီး ဂရုမစိုက်ဟန် ပြောလိုက်သည်။
"အကြာကြီးထွက်သွားပြီးနောက် ကျွန်တော်က ခင်ဗျားရဲ့လက်ရာဟောင်းကို အရမ်းလွမ်းနေတာ။ ဒီတစ်ခါ ကျွန်တော် ခင်ဗျားကို ထပ်ပြီးဒုက္ခပေးရဦးမယ်။"
"အိုး သိပ်ပြီးစိတ်မပူပါနဲ့။ ဒီမှာစောင့်နေ။ ငါမင်းတို့အတွက် ဟင်းတချို့ချက်ပေးမယ်။" လောင်စွန်းသည် ဇွန်းကိုယူကာ လှည့်ပြီး မီးဖိုချောင်ဘက်သို့ လျှောက်သွားရင်း တပ်သားသစ်များကို လေကဲ့သို့ ဆက်ဆံနေသည်။
[မျက်နှာဖုံး] အဖွဲ့ရှိတာကြောင့် တခြားတပ်သားသစ်များသည် လောင်စွန်းကို မတားရဲတော့ဘဲ ဇလုံများထဲက ဂျုံပေါင်မုန့်ဖြူနှင့် အသားစိမ်းများကို မျက်မှောင်ကြုတ်ပြီး ကြည့်ရုံသာတတ်နိုင်ကာ မလှုပ်မယှက် ဖြစ်နေသည်။
"စားပါ။" လင်ချီးယဲ့သည် လက်ဆန့်ပြီး ဇလုံထဲက ဂျုံပေါင်မုန့်ဖြူကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။
ပေါင်မုန့်သည် မာပြီးအရသာမရှိသလို ဖယောင်းကို ဝါးနေရသလို အရသာရှိသည်။
"ငါ… ငါမစားနိုင်ဘူး။" ပိုင်လီဖက်တီးသည် အသားစိမ်းကိုမြင်တော့ ပျို့ချင်လာသည်။
"မင်းမစားရင် ဒီနေ့ လေ့ကျင့်ရေးမှာ မင်းအသက်ရှင်မှာမဟုတ်ဘူး။" လင်ချီးယဲ့သည် ပေါင်မုန့်ကို ကိုက်ဝါးရင်း ပေါ့ပါးစွာ ဆိုသည်။ "ပြီးတော့ မင်း တိုက်ပွဲကိုသွားတဲ့အခါ အမြဲတမ်း စားစရာရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး။ မင်းငတ်မသေချင်ရင် စောစောစီးစီး လိုက်လျောညီထွေဖြစ်အောင်နေဖို့ လိုအပ်တယ်။"
ထိုစကားကို ပြောပြီးနောက် လင်ချီးယဲ့သည် အသားစိမ်းတစ်ပိုင်းကို ကောက်ကိုင်ကာ အသက်ပြင်းပြင်းရှူပြီး မျက်လုံးများမှိတ်ရင်း တစ်ကိုက်ကိုက်လိုက်သည်။
ပိုင်လီဖက်တီးသည် အံကြိတ်ပြီး ဇလုံထဲမှ ပေါင်မုန့်တစ်ပိုင်းကိုယူပြီး စတင်ဝါးစားလိုက်သည်။
ဘေးကနေကြည့်နေသော မော့လိသည် အချိန်အတော်ကြာ ရုန်းကန်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။ သူမသည် ဇလုံထဲက အသားစိမ်းကို ဝါးစားနေစဉ် ဆန့်ကျင်ဘက်မှာရပ်နေသော ချောင်ယွမ်းသည် မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ ဇလုံထဲက အသားစိမ်းအားလုံးကို စားပြီးပြီဖြစ်ကာ အနီးနားက တပ်သားသစ်များအားလုံး ထိတ်လန့်သွားကြသည်။
ရှန်ချင်းကျူ၏မျက်နှာသည် အနည်းငယ် မည်းမှောင်လာပြီး အေးစက်စက် ညည်းတွားပြီးနောက် သူစတင်စားလေသည်။
တဖြည်းဖြည်းနှင့် အစာစားသော တပ်သားသစ်များ ပို၍များလာပေမယ့် အများစုသည် တောင့်ခံနေသောမျက်နှာထားဖြင့် မတ်တတ်နေကြဆဲဖြစ်ပြီး သူတို့ရှေ့တွင် ရှိနေသည့်အရာများကို စားခြင်းထက် ဆာလောင်ခြင်းကြောင့် စားနေတာဖြစ်သည်။
ဒုတိယထပ်ရှိ အခန်းထဲတွင် နည်းပြဟုန်သည် ကန်တင်းတစ်ခုလုံးကို ငုံ့ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်သည်။
"အင်း။ နောက်ဆုံးတစ်ခေါက် လူတွေအများကြီးပိုစားနိုင်တယ်။ သူတို့ထဲမှာ မျိုးစေ့ကောင်းအနည်းငယ်ရှိတယ်။"
"အင်း။ အဲဒီကျန့်ကျုံးက အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ထိုက်သူပဲ။ သူစားသောက်နေတာ မျက်မှောင်တောင်မကြုတ်ဘူး။ အဲဒီလင်ချီးယဲ့လည်း ကောင်းကောင်းစားနိုင်တယ်။ ဒါပေမယ့် အဲဒီရှန်ကျင်းချူကလည်း တကယ်စားမယ်လို့ ငါမထင်ထားဘူး…"
"ဟန့် သူက စစ်တပ်လူဆိုးပဲ။"
"လောင်ဟုန် မင်း လူတွေကိုကြည့်တဲ့အခါ အသွင်အပြင်တွေကိုပဲ ကြည့်လို့မရဘူး။ ငါ့အထင်တော့ သူက အနည်းငယ် ရိုင်းစိုင်းတဲ့ပင်ကိုယ်စရိုက်ရှိပေမယ့် သူ့အတွင်းစိတ်က မဆိုးဘူးထင်တာပဲ…"
"မင်းက သူ့ကို အရမ်းအကောင်းမြင်နေပါလား။"
"လူတွေဆိုတာ အမြဲတမ်းပြောင်းလဲနေတယ်။ ဒီနှစ် လေ့ကျင့်ရေးစခန်းက အရာတွေအများကြီးကို ပြောင်းလဲသွားစေလိမ့်မယ်။ သူတို့ ဒီကနေထွက်သွားတဲ့အခါ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူသိမလဲ။"
နည်းပြဟုန်က ပခုံးတွန့်ပြပြီး မှတ်ချက်မပြုပေ။
"ဒီခေတ်ကြီးမှာ ငါတို့တွေ ဒီလောက်တင်းကြပ်ဖို့ လိုသေးတာလား။" သူ့ဘေးနားရှိ နည်းပြသစ်တစ်ယောက်က တုံ့ဆိုင်းစွာ မေးလိုက်သည်။ "ဘယ်လောက်ပဲ ခက်ခဲနေပါစေ အသားစိမ်းစားဖို့ မလိုအပ်ဘူးလေ ဟုတ်တယ်မလား။"
နည်းပြဟုန်သည် တစ်စုံတစ်ခုကို သတိရနေဟန်ဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားရင်း "လွန်ခဲ့တဲ့ အနှစ် ရှစ်ဆယ်ကျော်က ညကင်းစောင့်လူသားကို စတင်တည်ထောင်ချိန်မှာ နေရာတိုင်းလိုလိုမှာ ဘေးဒုက္ခကြုံခဲ့ရပြီး စားနပ်ရိက္ခာ ရှားပါးလာခဲ့တယ်... အဲဒီနှစ်တွေမှာ စီနီယာတွေအားလုံးက သစ်ခေါက်တွေ၊ မြက်ပင်တွေကို ဝါးစားပြီး ဓားကိုင်ရင်း လျှို့ဝှက်ဆန်းကြယ်တွေကို အပြင်းအထန် တိုက်ခိုက်ခဲ့တယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပေမယ့် တချို့အရာများကို မေးထားလို့မရဘူး။ လေ့ကျင့်ရေးစခန်းကို ရောက်ရှိလာတဲ့တပ်သားသစ်တိုင်းက ပထမဆုံးအစားအစာအတွက် အသားစိမ်းကိုစားရမယ်။ သူတို့ကို မြက်ပင်နဲ့ သစ်ခေါက်တွေမကျွေးတာက ကောင်းမွန်နေပါပြီ။ ဒါက ငါတို့ညကင်းစောင့်လူသားရဲ့ အစဉ်အလာပဲ။ ဒါက အတိတ်မှာ ဖြစ်ခဲ့သလို အခုလည်း ဖြစ်နေပြီး အနာဂတ်မှာလည်း ဖြစ်နေမှာပဲ…"
နည်းပြဟုန်သည် ခေတ္တရပ်ကာ မျက်လုံးများဖွင့်ပြီး ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်ရင်း ဖြည်းညှင်းစွာပြောလိုက်သည်။
"တစ်နေ့ ဒီနိုင်ငံက ညကင်းစောင့်လူသားကို မလိုအပ်တော့တဲ့အခါ ဒီရှေးဟောင်းအစဉ်အလာတွေက အဲဒီအမည်မသိလျှို့ဝှက်ချက်တွေနဲ့အတူ သမိုင်းမှာ ထာဝစဉ် မြုပ်နှံသွားလိမ့်မယ်…"
『TK: လောင်ကန်းမား(老干妈) ဆိုတာက တရုတ်ကထုတ်တဲ့ ငရုတ်သီးအနှစ်ဘူးပါ။ (老干妈) စကားလုံးနဲ့ Google မှာရှာကြည့်ရင်တွေ့ပါလိမ့်မယ်။ မြန်မာမှာလည်း အရမ်းအစားများပါတယ်။』
TK Team (Chapter 90)