Chapter 88
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၈၈)


Chapter 88 (လူငယ်တွေကကြောက်စရာကောင်းတယ်)

"အချိန်ပြည့်ပြီ။ တိုက်ပွဲပြီးသွားပြီ။"

နည်းပြယွမ်ကန်း၏အသံသည် မြေအောက်စခန်းရှိ အသံချဲ့စက်မှ ထွက်ပေါ်လာပြီး ထောင့်တိုင်းတွင် ပြတ်ပြတ်သားသား ပဲ့တင်ထပ်နေသည်။

[မျက်နှာဖုံး] တပ်ဖွဲ့၏ အဖွဲ့ဝင်များသည် ဘေးနားတွင်ထိုင်နေရင်း နောက်ဆုံးတော့ သက်ပြင်းချကြသည်။

"ငါကြောက်လို့သေတော့မယ်။ ခေါင်းဆောင်ရှုံးတော့မယ်လို့ ငါထင်မိတော့မလို့။" ရွှမ်ဝေါက သူ့ရင်ဘတ်ကိုပုတ်ပြီး အကြောက်တရားတချို့ဖြင့် ပြောလိုက်သည်။

ယွဲ့ကွေသည် တခဏမျှ တိတ်ဆိတ်နေပြီး "ငါဘာလို့… ထူးဆန်းသလို ခံစားနေရတာလဲ။"

"ငါလည်း အဲဒီလိုခံစားရတယ်။" ချန်ဝေး၏အမူအရာက အနည်းငယ် ထူးဆန်းနေသည်။ "ဒီခံစားချက်မျိုး ခေါင်းဆောင် အချိန်ကို…"

"အဟမ်း အဟမ်း အဟမ်း"

ထျန်းဖျင်သည် အကြိမ်များစွာ အပြင်းအထန်ချောင်းဆိုးပြီး သူတို့ကို အကြည့်တစ်ချက်ပေးလိုက်သည်။

[မျက်နှာဖုံး] အဖွဲ့ဝင်အားလုံးသည် တညီတညွတ်တည်း ပါးစပ်ပိတ်လိုက်ပြီး သူတို့ရင်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ သူတို့မျက်နှာများမှာ အနည်းငယ်ရှက်သွားကြသည်။

ပိုင်လီဖက်တီးက ခေါင်းကုတ်လိုက်သည်။ "ဘာလဲ။ ချီးယဲ့က မနိုင်သွားဘူးလား။"

"မဟုတ်ဘူး။ အချိန်ပြည့်သွားတာ။ သူက ဝမ်မြန့်ရဲ့မျက်နှာဖုံးကိုဖြတ်ဖို့ ကျရှုံးခဲ့တယ်။" မော့လိက ခေါင်းယမ်းလိုက်သည်။

ပိုင်လီဖက်တီးသည် ကြောင်တောင်တောင် မျက်တောင်ခတ်ရင်း သူ့နှာတံပေါ်က တစ်ဖက်တည်းမျက်မှန်ကို ညွှန်ပြပြီး ပြောလိုက်သည်။

"ဒါပေမယ့် ငါရှင်းရှင်းလင်းလင်း မြင်လိုက်တယ်။ ချီးယဲ့ရဲ့ဓားက… ဝူး ဝူး ဝူး"

မည်သည့်နေရာကနေ ပေါ်လာမှန်းမသိသော လင်ချီးယဲ့သည် ပိုင်လီဖက်တီး၏ပါးစပ်ကို တင်းကျပ်စွာပိတ်ပြီး အမူအရာမဲ့သောမျက်နှာဖြင့် ထောင့်တစ်နေရာသို့ သူ့အားဆွဲခေါ်သွားသည်။ လူဆိုးတစ်ယောက်ကြောင့် ပြန်ပေးဆွဲခံရသော မိန်းမငယ်လေးကဲ့သို့ ပိုင်လီဖက်တီးသည် တစ်စုံတစ်ခုပြောချင်သော်လည်း ဘာမှမပြောနိုင်ခဲ့ပေ။

"မင်းအားလုံးမြင်ခဲ့တာလား။" ထောင့်နားတွင် လင်ချီးယဲ့က ပိုင်လီဖက်တီးကို ကူကယ်ရာမဲ့ကြည့်လိုက်သည်။

"အင်း။"

"မင်းမမြင်သလိုဟန်ဆောင်နေလိုက်။"

ပိုင်လီဖက်တီးက အံ့အားသင့်သွားသည်။ "ဒါပေမယ့်…"

"ဒီတပ်သားသစ်တွေကို မင်းဘယ်လိုထင်လဲ ပိုင်လီဖက်တီး။"

ပိုင်လီဖက်တီးသည် ခဏလောက်စဉ်းစားပြီး "အဲဒီလူအနည်းစုကလွဲရင် တခြားလူတွေက အတော်လေးကောင်းပါတယ်။"

"ဒါဆို ဒီလေ့ကျင့်ရေးစခန်းကို ဖျက်သိမ်းပြီး သူတို့ကို နေရာအမျိုးမျိုးဆီသွားခိုင်းပြီး လျှို့ဝှက်ဆန်းကြယ်တွေနဲ့ ရင်ဆိုင်ခိုင်းတာက ကောင်းတယ်လို့ မင်းထင်သလား။"

"မကောင်းလောက်ဘူး…"

"ဒါကြောင့်…" လင်ချီးယဲ့သည် သူ့ပခုံးကို ပုတ်ကာ ၄၅ ဒီဂရီ ထောင့်ချိုးဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း သူ့မျက်လုံးများသည် လေးနက်ပြီး ကရုဏာသက်မှုအပြည့်ဖြင့်

"ငါအနိုင်ရခဲ့ရင်တောင် ငါမနိုင်ဘူးလို့ ဟန်ဆောင်ရမယ်။

ဒါကို ငါ့အတွက်လုပ်တာမဟုတ်ဘဲ ဒီလူ ၂၀၀ ကျော်ရဲ့အနာဂတ်အတွက် ငါလုပ်တာပဲ…

ဒါကို ဒီအတိုင်းပဲထားလိုက်ပါ။"

ပိုင်လီဖက်တီး၏ခန္ဓာကိုယ်က တုန်လှုပ်သွားကာ လင်ချီးယဲ့ကို ကြောင်တောင်တောင်စိုက်ကြည့်ပြီး အသိစိတ်ပြန်ဝင်ရန် အချိန်အတော်ကြာသွားသည်။

"အဲဒါကြောင့်ကို။ ညီအစ်ကိုချီးယဲ့။ မင်းက ဉာဏ်ကောင်းပြီး တိုက်ခိုက်ရေးကောင်းရုံသာမက ဒီလိုမျိုးတွေးခေါ်နိုင်စွမ်းလည်း မြင့်မားမယ်လို့ ငါမထင်ထားဘူး။ ငါ… ငါက အရမ်းအမြင်ကျဉ်းတာပဲ။"

လင်ချီးယဲ့သည် အနည်းငယ် ခေါင်းညိတ်ပြပြီး "မင်း ဒီကိစ္စကို ပြောလို့မရဘူးနော်။"

"စိတ်မပူပါနဲ့ ငါနားလည်ပါတယ်။" ပိုင်လီဖက်တီးသည် သူ့ရင်ဘတ်ကို လေးလံစွာ နှစ်ကြိမ်ပုတ်ပြီး သူ့မျက်လုံးများက ပြတ်သားမှုအပြည့်ရှိသည်။

"သွားရအောင်။ တိုက်ပွဲပြီးပြီ။ လူစုဖို့အချိန်ကျပြီ…"


နာရီဝက်ကြာပြီးနောက်။

ကိုယ်ခံပညာစင်မြင့်ပေါ်၌ နည်းပြ ၂၀ ကျော်သည် မတ်တတ်ရပ်နေပြီး သူတို့ဘေးတွင် [မျက်နှာဖုံး] အဖွဲ့ဝင်အားလုံးရှိကြသည်။

ယွမ်ကန်းသည် ရှေ့တွင်ရပ်ကာ အောက်ကတပ်သားသစ်များကို ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုပေါ်လာသည်။

"ငါမင်းတို့ကို အရမ်းစိတ်ပျက်မိတယ်…" သူက ဖြည်းညှင်းစွာပြောကာ ညကောင်းကင်ယံတွင် သူ၏လေးနက်သောအသံက ပဲ့တင်ထပ်နေသည်။

ဒါကိုကြားတော့ သူတို့ဘေးနားတွင်ရပ်နေသော [မျက်နှာဖုံး] အဖွဲ့ဝင်များသည် အနည်းငယ်တုန်ယင်သွားပြီး တိတ်တဆိတ် သူတို့ခေါင်းများကိုငုံ့ထားကြသည်…

"လူ ၅ ယောက်ကို လူ ၂၃၉ ယောက်ကတိုက်ခိုက်တာ လူအနည်းစုကလွဲလို့ အများစုက [မျက်နှာဖုံး] အဖွဲ့ရဲ့အင်္ကျီစကိုတောင် မထိနိုင်ကြဘူး။

လှုပ်ရှားမှုတွေက နှေးကွေးတယ်။ အတွေးတွေက ရှုပ်ထွေးနေတယ်။ နည်းလမ်းမရှိကြဘူး။

ငါအရင်ပြောခဲ့တာတွေက လုံးဝမှန်တယ်။ မင်းတို့က အမှိုက်တွေပဲ။ မင်းတို့ဒီလိုသာလုပ်ရင် မင်းတို့အဖွဲ့ဝင်တွေကိုပဲ သတ်ပစ်မိလိမ့်မယ်။"

ယွမ်ကန်းသည် သူ့အသံထိပ်ဖြင့် အချိန်အတော်ကြာ ကြိမ်းမောင်းခဲ့ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားရသဖြင့် နောက်ထပ်စကားတစ်ခွန်းကို ထပ်ထည့်လိုက်သည်။

"သေချာပေါက် လူအနည်းစုကလွဲရင်ပေါ့…"

"ကဲ… မင်းတို့ရှုံးသွားပြီဆိုတော့ ငါအရင်ပြောခဲ့တဲ့အတိုင်းလိုက်နာတော့။ ကိုယ့်ကိုကိုယ်လေးစားမှု၊ မာန၊ အတိတ်ကို မေ့ပစ်ပြီး လေ့ကျင့်ရေးမှာ မြုပ်နှံထားလိုက်ပါ။ 

ဒီလေ့ကျင့်ရေးက တစ်နှစ်ကြာပြီး အပိုင်းနှစ်ပိုင်းခွဲထားတယ်။

ပထမပိုင်းကတော့ အသန့်စင်ဆုံး ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးပဲ။ ဒီခြောက်လမှာ မင်းတို့ခန္ဓာကိုယ်က တားမြစ်အပျက်အစီးတွေကို ဖိနှိပ်ဖို့ တားမြစ်ပစ္စည်းတစ်ခုကို ငါတို့အသုံးပြုမယ်။ မင်းတို့ဂုဏ်ယူရတဲ့ အထူးစွမ်းအားကို ဆုံးရှုံးပြီး လုံးဝသာမန်လူဖြစ်သွားလိမ့်မယ်။

ဒီကာလအတွင်း ငါတို့က မင်းတို့ကို နည်းအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်ပြီး မင်းတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို ပင်ပန်းနွမ်းနယ်စေပြီး အချိန်တိုင်း မင်းတို့က ပြိုလဲခါနီးမှာ ရှိနေစေရမယ်။

မင်းတို့က စိတ်ပျက်အားငယ်နေမယ်၊ နာကျင်မှုခံစားရမယ်၊ သေချင်စိတ်တောင်ပေါက်လိမ့်မယ်… ဒါပေမယ့် ကံမကောင်းစွာပဲ ဒီမှာ မင်းတို့က သေခြင်းတရားကိုတောင် ရှာလို့မရဘူး။

ဒုတိယအပိုင်းကတော့ တားမြစ်အပျက်အစီးတွေ လေ့ကျင့်ရေးနဲ့ နည်းဗျူဟာသီအိုရီတွေပဲ။ မင်းတို့တွေ ဒီခြောက်လကို ရှင်သန်ပြီးမှ ငါမင်းတို့ကို ဖြည်းဖြည်းချင်း ရှင်းပြမယ်..."

ယွမ်ကန်း၏မျက်လုံးများသည် အောက်ကတပ်သားသစ်များကို တစ်ယောက်ချင်းစီ လိုက်ကြည့်ပြီး ခဏအကြာတွင် လှည့်ထွက်သွားသည်။

"မင်းတို့ရဲ့နောက်ဆုံးသက်သောင့်သက်သာအခိုက်အတန့်ကိူ ပျော်ရွှင်ခံစားလိုက်ပါ။ မနက်ဖြန်ကစပြီး… မင်းတို့ရဲ့အိမ်မက်ဆိုးပဲ။"

နည်းပြအားလုံးသည် ယွမ်ကန်းနောက်ကနေလိုက်ကာ ထွက်ခွာသွားကြပြီး [မျက်နှာဖုံး] တပ်ဖွဲ့၏လူအားလုံးလည်း အေးစက်သော ကိုယ်ဟန်အနေအထားဖြင့် ညထဲတွင် ပျောက်ကွယ်သွားကြသည်။

တပ်သားသစ်များအားလုံး ရုတ်တရက် အချင်းချင်း တိုးတိုးပြောကြသည်။

"ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးတဲ့… ဒီကိုလာရတာ ငါနည်းနည်းနောင်တရလာသလိုပဲ။" ပိုင်လီဖက်တီးသည် သူ့ဗိုက်ကိုထိပြီး ဝမ်းနည်းသောမျက်နှာဖြင့် ပြောလိုက်သည်။

"အဲဒါနဲ့ယှဉ်လိုက်ရင် တခြားကိစ္စတစ်ခုကို မင်းစိတ်ပူသင့်တာလို့ ငါထင်တယ်…" လင်ချီးယဲ့က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဘာလဲ။"

"အခုလေးတင် အိပ်ဆောင်အဆောက်အအုံက ပြိုကျသွားပြီလေ။ ငါတို့ ဒီည ဘယ်မှာအိပ်ကြမလဲ။"

"…"

လင်ချီးယဲ့သာမက တခြားတပ်သားသစ်များလည်း ထိုပြဿနာကို မကြာခင် သဘောပေါက်လိုက်သည်။ သူတို့သည် အိပ်ဆောင်ဧရိယာသို့ အမြန်ပြေးသွားပြီး အံ့အားသင့်စွာ မတ်တတ်ရပ်နေကြသည်။

အခုလေးတင် ပြိုကျခဲ့သော အိပ်ဆောင်ကို ယခင်အတိုင်း ပြန်လည်တည်ဆောက်ခဲ့သည်။

နံရံမှာ အက်ကွဲတာမရှိ၊ ကြမ်းပြင်မှာ အပိုင်းအစတစ်ခုတောင် မရှိသလို၊ လူတိုင်း၏ ခရီးဆောင်အိတ်နှင့် အိပ်ရာခင်းများလည်း မပျက်မစီးဘဲ၊ တိုက်ပွဲကြီးဖြစ်သွားသည့် အရိပ်အယောင်တောင် မတွေ့ခဲ့ရပေ။

"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။" တပ်သားသစ်များအားလုံးသည် ဒီမြင်ကွင်းကိုမြင်တော့ လုံးဝအံ့အားသင့်သွားကြသည်။ သူတို့တွေထွက်သွားပြီး ပြန်လာရန် နာရီဝက်သာကြာခဲ့သည်။ ဒါကဘယ်လိုဖြစ်ရသနည်း။

တစ်ဖက်တွင် လင်ချီးယဲ့သည် သူ့မေးစေ့ကိုထိပြီး လေးလေးနက်နက်တွေးတောရင်း အဝေးက မည်းမှောင်သောညကို ခေါင်းလှည့်ကြည့်လိုက်သည်။

"အဟွတ် အဟွတ်… ငါ့ကိုလက်ကမ်းဦး…" ဝမ်မြန့်သည် မျက်နှာဖုံးကိုချွတ်ကာ လမ်းလျှောက်ရင်း ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်လဲလုနီးပါး ဖြစ်သွားသည်။

ရွှမ်ဝေါနှင့် ထျန်းဖျင်တို့သည် သူ့ကို ဘယ်ညာတွင်သယ်ထားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

"ခေါင်းဆောင် ဘာလို့ဒီလိုလုပ်တာလဲ။ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့က အိပ်ဆောင်အဆောက်အအုံကို ပြုပြင်လို့ရတာပဲကို။ အိပ်ဆောင်အဆောင်အအုံကို ပြန်လည်ရယူဖို့ ဘာလို့ အချိန်နောက်ပြန်ဆုတ်တာကို ထပ်ပြီးအသုံးပြုလိုက်တာလဲ။" ရွှမ်ဝေါက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းအဲဒီလိုပြောလို့မရဘူးလေ။ အဲဒီအဆောက်အအုံသုံးခုကို ငါဖြိုချလိုက်တာကြောင့် လုပ်တဲ့သူက ပြန်တာဝန်ယူရမှာပေါ့။" ချောမောမျက်နှာရှိသည့် ဝမ်မြန့်သည် ခေါင်းယမ်းပြီး သူ့နှုတ်ခမ်းက ဖြူဖျော့နေသည်။

"အဲဒီမှာ သက်ရှိတွေမရှိဘူးဆိုပေမယ့် အသက်တစ်ရှိုက်အတွင်း နာရီဝက်ကျော်ကြာသွားအောင် အချိန်နောက်ပြန်သွားတာက စိတ်စွမ်းအားအပေါ် အရမ်းဝန်ထုပ်ဝန်ပိုးဖြစ်လွန်းတယ်။" ထျန်းဖျင်လည်း မျက်မှောင်ကြုတ်လိုက်သည်။

"ရပါတယ်။ ပြန်သွားပြီး ငါ့အတွက် စွပ်ပြုတ်တစ်ပန်းကန်ချက်ပေးဖို့ ချိုက်ချိုက်ကို တောင်းဆိုလိုက်မယ်။"

"စကားမစပ် ခေါင်းဆောင်… ငါတို့ ဒီနေ့ တကယ်ရှုံးသွားတာလား။" ချန်ဝေးက မနေနိုင်ဘဲ မေးလိုက်သည်။

ထျန်းဖျင်သည် ချန်ဝေးကို အကြည့်တစ်ချက်ပေးကာ ဒီအကြောင်းအရာကို အခုမပြောသင့်ဘူးလို့ အချက်ပြနေသည်။

ဝမ်မြန့်၏ခန္ဓာကိုယ်က တန့်သွားပြီး ခဏအကြာတွင် ဖြည်းညှင်းစွာ မတ်မတ်ရပ်လိုက်ပြီး သူ့နောက်တွင်ဆူညံ့နေသော အိပ်ဆောင်အဆောက်အအုံကိူ ခေါင်းလှည့်ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။

"ဟုတ်တယ်။ ငါတို့ရှုံးသွားတယ်… ပြီးတော့ အကူအညီတစ်ခု အကြွေးတင်ခဲ့တယ်။

လူငယ်တွေကကြောက်စရာကောင်းတယ်။" 

TK Team (Chapter 88)