Chapter 87
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၈၇)


Chapter 87 (လှည့်စားခြင်း)

"ခေါင်းဆောင် ကျွန်တော်ပြောကြည့်… သူတို့ထဲက ဘယ်သူအနိုင်ရမယ်ထင်လဲ။"

မြေအောက်အခြေစိုက်စခန်းတွင် နည်းပြ ၂၀ ကျော်သည် မျက်တောင်မခတ်ဘဲ ဖန်သားပြင်ရှေ့တွင် စုဝေးနေကြသည်။

ယွမ်ကန်းမဖြေခင် တခြားနည်းပြတစ်ယောက်က ပြောလိုက်သည်။ "ပြောစရာလိုသေးလို့လား။ လင်ချီးယဲ့လည်း နတ်ဘုရားကိုယ်စားလှယ်ဆိုပေမယ့် သူက လူသစ်ဖြစ်ပြီး မနိုင်နိုင်ဘူး။"

"ဒါက‌မသေချာဘူး။ အမှန်အတိုင်းပြောရရင် ဝမ်မြန့်ရဲ့နတ်ဘုရားအပျက်အစီးက အားကောင်းလွန်းပေမယ့် အဲဒါက သူ့နယ်ပယ်မြင့်တဲ့အခါမှပဲ။ 'ကျန်' နယ်ပယ်မှာ သူ့စွမ်းအားကို အကန့်အသတ်နဲ့ပဲ အသုံးပြုနိုင်တာ။ ဒါ့အပြင် [ယိယွမ်း] ကို ချိတ်ပိတ်လိုက်ရင် လင်ချီးယဲ့က အနိုင်ရနိုင်ခြေအခွင့်အလမ်း ၅၀-၅၀ ရှိတယ်။"

"ဟုတ်တယ်။ ဝမ်မြန့်နေရာမှာ [ဖီးနစ်] တပ်ဖွဲ့ရဲ့ အသီးနာကိုယ်စားလှယ်နဲ့ အစားထိုးလိုက်မယ်ဆိုရင် လင်ချီးယဲ့ လှုပ်ရှားမှုငါးခုထက်ပိုပြီး ရှင်သန်နိုင်မှာ မဟုတ်ဘူး… အမှန်တော့ အဲဒါက လူသားဆန်တဲ့ Tyrannosaurus Rex(ဒိုင်နိုဆော) ဖြစ်ပြီး အင်အားကွာခြားချက်ကို အရှိန်နဲ့ဖန်တီးလို့မရဘူး။"
 
"ဒါဆို… လင်ချီးယဲ့က တကယ်နိုင်သွားရင် ဘယ်လိုလုပ်မလဲ။" နည်းပြတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။ "ခေါင်းဆောင်ပြောတဲ့အတိုင်း သူတို့ကို လေ့ကျင့်ရေးစခန်း တိုက်ရိုက်ပြီးဆုံးခွင့်ပေးလိုက်မှာလား။"

"…အဲဒီလိုဆိုရင်တော့ အထက်လူကြီးတွေ ငါတို့ဦးနှောက်တွေကို ဖောက်ထုတ်လောက်တယ်။"

ယွမ်ကန်းသည် လူနှစ်ယောက်၏ တိုက်ပွဲကို တိတ်တဆိတ်ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။ "အရင်ကြည့်ရအောင်။ သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာပြောဖို့ စောလွန်းသေးတယ်။"


"မင်းကအစွမ်းကုန်တိုက်ခိုက်ချင်တာလား…"

လင်ချီးယဲ့၏စကားကိုကြားတော့ ဝမ်မြန့်သည် သူ့မျက်လုံးထဲတွင် လေးစားမှုဖြင့် ခေါင်းညိတ်လိုက်သည်။

"အရမ်းကောင်းတယ်။"

ချွင်…

သူတို့နှစ်ယောက်လက်ထဲက ဓားချင်းတိုက်မိပြီး တစ်ချိန်တည်းမှာပဲ အချိန်နတ်ဘုရားအပျက်အစီးက ပြန်ပွင့်လာသည်။

လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူပြီး သူ့စိတ်အခြေအနေကို အထွတ်အထိပ်သို့ ရောက်အောင် စုစည်းလိုက်သည်။ မတော်တဆမှုမရှိပါက သူတို့ကြားက တိုက်ပွဲသည် မကြာမီ အဖြေပေါ်တော့မည်။

[ယိယွမ်း] ၏ဓားသည် လေထဲသို့ ဖြတ်သွားကာ စူးစူးဝါးဝါးအသံ ထွက်လာသည်။ လင်ချီးယဲ့သည် မသိစိတ်က သူ့ဓားကို မြှောက်လိုက်ပြီး [ယိယွမ်း] ကို ခုတ်လိုက်သည်။

ဤအခိုက်အတန့်တွင် မျက်နှာဖုံးအောက်ရှိ ဝမ်မြန့်၏မျက်လုံးများသည် မမြင်နိုင်သောလှိုင်းလုံးများဖြင့် ရုတ်တရက် လှိုင်းထလာပြီး သူ့မျက်လုံးများမှ ပြင်းထန်သော နတ်ဖိအားတစ်ခု ထွက်ပေါ်လာကာ လင်ချီးယဲ့၏ စိတ်ထဲသို့ တိုးဝင်လာသည်။

လင်ချီးယဲ့သည် ကောင်းကင်တမန်တော်၏စွမ်းအားကို အသုံးပြု၍ မရေမတွက်နိုင်သော လူများကို ထိတ်လန့်စေသော်လည်း တခြားသူ၏ နတ်စွမ်းအားကြောင့် သူ ပထမဆုံးအကြိမ် ထိတ်လန့်သွားခြင်း ဖြစ်သည်။ အချိန်နတ်ဘုရား၏ နတ်စွမ်းအား ပေါက်ကွဲလုနီးနီးတွင် လင်ချီးယဲ့၏မျက်လုံးကလည်း ကျုံ့သွားခဲ့သည်။

သူ့မျက်လုံးများတွင် ကြောက်မက်ဖွယ်ရာ လောင်ကျွမ်းနေသော မီးဖိုတစ်စုံကဲ့သို့ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ 

လေထုအလယ်ထဲမှာ မျက်လုံးနှစ်စုံက အချင်းချင်း တိုက်မိသွားသည်။

လူနှစ်ယောက်၏ မျက်လုံးအလယ်မှ လေပြင်းများ ထွက်လာပြီး ပြင်းထန်သော နတ်စွမ်းအားက လူနှစ်ယောက်ကို ဗဟိုပြုကာ မြင်ကွင်းတစ်ခုလုံး လွှမ်းခြုံသွားသည်။

"လခွမ်း ဒီလူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေတာနဲ့ ဘာလို့လေပြင်းတိုက်နေတာလဲ။" ပိုင်လီဖက်တီးက အော်ဟစ်လိုက်သည်။

ထျန်းဖျင်သည် အဝေးက လူနှစ်ယောက်ကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ "အခု… သူတို့နှစ်ယောက်က နတ်ဘုရားတွေ တိုက်ခိုက်နေကြပြီ။"

ကောင်းကင်တမန်တော်၏ စွမ်းအားနှင့် အချိန်နတ်ဘုရား၏ စွမ်းအားတို့သည် စက္ကန့်အတော်ကြာ ပြင်းထန်စွာ တိုက်မိသွားရာ သူတို့နှစ်ယောက်၏မျက်လုံးများသည် သွေးသံတရဲရဲဖြစ်လာသည်။ ယခုတွင် သူတို့သည် သူတို့၏ခွန်အားဖြင့် ပြိုင်ဆိုင်ခြင်း မဟုတ်ဘဲ သူတို့၏ ခန္ဓာကိုယ်ထဲတွင် ဝှက်ထားသော စွမ်းအားများ ဖြစ်သည်။

ဗုန်း

စူးရှသော အသံနှင့်အတူ ဝမ်မြန့်သည် ရုတ်တရက် ညည်းညူပြီး နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ဆုတ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့အနားက အချိန်နတ်ဘုရားအပျက်အစီးသည် တစ်စစီပျက်စီးသွားခဲ့သည်။

လင်ချီးယဲ့၏မျက်လုံးများက တောက်ပလာပြီး ရှေ့ကို တိုးသွားသည်...

ရုတ်တရက် ဓားကိုယမ်းလိုက်သည်။

ယခုတစ်ကြိမ်တွင် ဝမ်မြန့်သည် သူ့ဓားကို တားဆီးရန် အချိန်မရှိပေ။

အပြာနုရောင် ဓားသွားသည် ဝမ်မြန့်၏မျက်နှာဖုံးကို ဖြတ်ပြီး ၎င်းအပေါ်က 'ဘုရင်'(ဝမ်) ဆိုသော စကားလုံးကို နှစ်ခြမ်းခွဲလိုက်သည်။

ကလစ်…

ဝမ်မြန့်၏မျက်နှာဖုံးက… ပျက်စီးသွားခဲ့သည်။

မျက်နှာဖုံးအောက်တွင် နူးညံ့ပြီး တည်ငြိမ်သော မျက်နှာပေါ်လာပြီး သူ့ရှေ့က လင်ချီးယဲ့ကို ကူကယ်ရာမဲ့ ကြည့်နေမိသည်။ 

ကြည့်ရှုသူ လူအုပ်ကြီးသည် ရုတ်တရက် မတ်တတ်ထရပ်ကာ ပင့်သက်ရှိုက်သွားကြသည်။

ဖန်သားပြင်ရှေ့မှာထိုင်နေသော နည်းပြများအားလုံးအပါအဝင် သူတို့၏နှလုံးက ရုတ်တရက် လှုပ်ခတ်လာကာ မကောင်းတော့ဘူးဟု တိတ်တဆိတ် တွေးနေကြသည်။

"တောင်းပန်ပါတယ်…" ဝမ်မြန့်သည် လင်ချီးယဲ့၏မျက်လုံးများကို ကြည့်ပြီး တိုးတိုးပြောလိုက်သည်။

ထို့နောက် ချက်ချင်းပင် သူ့မျက်လုံးထဲမှာ လှိုင်းလုံးများက လှိုင်းထလာပြန်သည်။

အချိန်နတ်ဘုရားအပျက်အစီးကို ထုတ်လွှတ်လိုက်သည်။

လေထုထဲတွင် ပျက်စီးသွားသော မျက်နှာဖုံးအစနများသည် ဝမ်မြန့်၏မျက်နှာပေါ်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည်။ သူ၏နောက်ပြန်ရုပ်သွင်သည် သူ၏မူလအနေအထားကို တဖြည်းဖြည်း ပြန်ရောက်သွားသည်။ သူတို့ပတ်ဝန်းကျင်မှာ မတ်တတ်ရပ်နေကြသည့်လူများက သူတို့မျက်လုံးထဲတွင် ရှုပ်ထွေးသောအကြည့်များဖြင့် ပြန်ထိုင်လိုက်ကြသည်။

လင်ချီးယဲ့၏ခန္ဓာကိုယ်သည် ထိန်းချုပ်လို့မရဘဲ နောက်ပြန်ရောက်သွားကာ ဓားဖြောသ့်သည် မူလလမ်းကြောင်းသို့ပြန်သွားပြီး မျက်နှာဖုံးပေါ်ရှိ အက်ကွဲကြောင်းများက ပြန်လည်ကောင်းမွန်လာကာ ဓားမယမ်းခင် သူ့ခန္ဓာကိုယ်အနေအထားသို့ ပြန်ရောက်သွားသည်...

လင်ချီးယဲ့၏မျက်လုံးများပြူးကျယ်ပြီး ထိတ်လန့်သွားသည်။

အချိန်က သုံးစက္ကန့်အကြာကို ပြန်သွားခဲ့သည်။

ထိုအချိန်တွင် နှစ်ယောက်သားကြားက နတ်ဘုရားတိုက်ပွဲသည် မပြီးဆုံးသေးဘဲ သူသည် ဓားမယမ်းရသေးသလို ဝမ်မြန့်၏မျက်နှာဖုံးက မပျက်စီးသေးပေ။

ပတ်ပတ်လည်က လူအုပ်ကြီးသည် ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားပုံရပြီး သူတို့နှစ်ယောက်ကို အားပေးရန် ကြိုးစားနေဆဲဖြစ်သည်။ လင်ချီးယဲ့တစ်ယောက်သာ… ဖြစ်ပျက်ခဲ့တာကို သတိရနေသည်။

မဟုတ်ပါ။ ဘာဖြစ်သွားသလဲဆိုတာ သိသောသူများသည် လင်ချီးယဲ့အပြင် ဖန်သားပြင်ကိုတစ်ချိန်လုံးကြည့်နေသော နည်းပြအားလုံးလည်းပါဝင်သည်။

"သူ… သူ ဝမ်မြန့်ရဲ့မျက်နှာဖုံးကို ဖြတ်လိုက်တာလား။"

"လခွမ်း။"

"ကံကောင်းလို့… ကံကောင်းလို့ ဝမ်မြန့်က အချိန်ကိုနောက်ပြန်ဆုတ်လိုက်တာ။ မဟုတ်ရင် ငါတို့တကယ်ပြဿနာတတ်ပြီ။"

"ဒါပေမယ့် အချိန်ကိုနောက်ပြန်ဆုတ်တာက 'ကျန်' နယ်ပယ်မှာ အသုံးပြုနိုင်လို့လား။"

"မရဘူး… အခုလေးတင် ဝမ်မြန့်က နယ်ပယ်ကိုထုတ်လွှတ်လိုက်ပြီး အဲဒီအချိန်မှာ သူက အနည်းဆုံး 'ချွမ်း' နယ်ပယ်ကို ရောက်ရှိသွားခဲ့တယ်။"

"အဲဒါက ငါတို့ ရှုံးတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလား။"

"အဟမ်း အခု လင်ချီးယဲ့က ဝမ်မြန့်ရဲ့မျက်နှာဖုံးကို မဖြတ်‌ရသေးတာကြောင့် ငါတို့မရှုံးသေးဘူး။"

"ဒါပေမယ့် သူက နယ်ပယ်ကို ထုတ်လွှတ်လိုက်တာလေ။ ဒါက လှည့်စားတာမဟုတ်ဘူးလား။"

"ပညာရှင်ဖြစ်လာတဲ့အခါ ဒါကို ဘယ်လိုလုပ် လှည့်စားတယ်လို့ ခေါ်နိုင်မှာလဲ။ လေ့ကျင့်ရေးစခန်းသာ ဒီမှာတကယ်ပြီးဆုံးသွားရင် မင်းတို့တကယ်ပျော်နိုင်မှာလား။"

"…"

နည်းပြအားလုံးသည် ရုတ်တရက် စကားများရန်ဖြစ်နေကြပြီး ထိုအချိန်တွင် ယွမ်ကန်းသည် သူ့ထိုင်ခုံမှ ဖြည်းညှင်းစွာထကာ အချိန်ကိုကြည့်လိုက်သည်။

"၉:၀၀ ထိုးနေပြီ။ တိုက်ပွဲပြီးပြီ။"

"ခေါင်းဆောင် နိုင်တာလား ရှုံးတာလား…"

ယွမ်ကန်းသည် သူ့ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "လေ့ကျင့်ရေးကို ဖွင့်မှရမယ်။ ဒါက ငါတို့မျက်နှာအတွက် မဟုတ်ဘူး… ဒီကလေးတွေရဲ့ အနာဂတ်အတွက်ပဲ။"

"ဟုတ်ကဲ့…"


တိုက်ပွဲကွင်းပြင်တွင်။

လင်ချီးယဲ့သည် သူ့လက်ထဲက ဓားကို ငုံ့ကြည့်ပြီး သူ့ရှေ့က ဝမ်မြန့်၏မျက်နှာကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူနောက်ဆုံးတော့ တုံ့ပြန်ခဲ့သည်။ 

"ခင်ဗျားလှည့်စားတာပဲ…"

"ရှူး…"

ဝမ်မြန့်သည် သူ့လက်ချောင်းကို သူ့ပါးစပ်ပေါ်တင်ပြီး လင်ချီးယဲ့၏နားကိုကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"လင်ချီးယဲ့… ငါမင်းကိုရှုံးခဲ့တယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့်… ဒီတစ်ခေါက် တပ်သားသစ်လေ့ကျင့်ရေးစခန်းက ဖွင့်မှရမယ်။ ငါဘာဆိုလိုတယ်ဆိုတာ မင်းနားလည်လား။"

လင်ချီးယဲ့၏အမူအရာက ရုတ်တရက် ထူးဆန်းလာသည်။

"ခင်ဗျားက ကျွန်တော်အနိုင်မရသလို ဟန်ဆောင်စေချင်တာလား။ ဒီလိုမျိုး တစ်ခါမှမဖြစ်ခဲ့သလို ပြုမူစေချင်တာပေါ့။"

"ငါဆိုလိုချင်တာ အဲဒါပဲ။" ဝမ်မြန့်သည် ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။ "ဒါပေမယ့် စိတ်မပူပါနဲ့။ နည်းပြအားလုံးက မင်းရဲ့စွမ်းဆောင်ရည်ကို မြင်လိမ့်မယ်။ ဒီတိုက်ပွဲပြီးသွားရင် အနိုင်ရသူရဲ့ အခြေအနေကို မင်းအသုံးပြုပြီး မင်းကို လျော်ကြေးငွေတချို့ပေးဖို့ သူတို့ကို တောင်းဆိုနိုင်တယ်။"

လင်ချီးယဲ့သည် မျက်မှောင်ကြုတ်ပြီး "ကျွန်တော်က ကိုယ်ကျင့်တရားရှိတဲ့လူတစ်ယောက်ပါ။"

"ငါ့အထင်တော့ မင်းကို စာအိတ်နီ ယွမ် ၅၀၀,၀၀၀ ပေးဖို့ သူတို့အတွက် ပြဿနာမရှိလောက်ဘူး။"

"…ကျွန်တော့်ရဲ့ကိုယ်ကျင့်တရား…"

"ဖြစ်နိုင်တာက သူတို့တွေ မင်းကို ကိုယ့်ကိုကိုယ်ကာကွယ်ရေး တားမြစ်ပစ္စည်းတောင် ပေးလိမ့်မယ်။"

"အဟမ်း ကျွန်တော်…"

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါမင်းအပေါ် အကူအညီတစ်ခု အကြွေးတင်လိုက်မယ်။" ဝမ်မြန့်က လင်ချီးယဲ့၏မျက်လုံးကို ကြည့်လိုက်သည်။ "[မျက်နှာဖုံး] တပ်ဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ငါမင်းအပေါ် အကူအညီတစ်ခု အကြွေးတင်နေတယ်။"

"သဘောတူတယ်။"

TK Team (Chapter 87)