Chapter 85
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၈၅)


Chapter 85 (ကိုယ်စားလှယ်တိုက်ပွဲ)

လင်ချီးယဲ့သည် ရပ်လိုက်ကာ ဝမ်မြန့်၏မျက်လုံးများကိုကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"အဖွဲ့ဝင်တစ်ယောက်ကို ဝိုင်းရံမယ့်အစား ခေါင်းဆောင်ဖြစ်တဲ့ ခင်ဗျားကိုတိုက်ခိုက်ဖို့ရွေးချယ်ခဲ့တယ်။ ဒါက ဒီတိုက်ပွဲမှာ ကျွန်တော်လုပ်ခဲ့တဲ့ အမိုက်မဲဆုံးဖြတ်ချက်ပဲ…

ဒါပေမယ့် တစ်ခါတလေ တစ်ဇွတ်ထိုးလုပ်တာက ကောင်းပါတယ်။"

ဤတိုက်ပွဲကိုအနိုင်ရရန် သော့ချက်မှာ သူတို့အားလုံးကို ဖယ်ရှားခြင်းထက် မျက်နှာဖုံးစွပ်ထားသော ကစားသမားတစ်ယောက်၏ မျက်နှာဖုံးကို ဖယ်ရှားရန်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ဉာဏ်အရှိဆုံးနည်းလမ်းမှာ စိန်ခေါ်မည့်သူအား သတိမဲ့စွာရှာဖွေခြင်းထက် အားနည်းသောအချက်ကို ဝိုင်းထားသင့်သည်။ ဒါကို လင်ချီးယဲ့ ကောင်းကောင်းသိသည်။

သို့သော် ဤတိုက်ပွဲကိုအနိုင်ရသည်နှင့် နှိုင်းယှဉ်ပါက လင်ချီးယဲ့သည် နတ်ဘုရားကိုယ်စားလှယ်အကြောင်း ပိုမိုသိရှိရန် မျှော်လင့်ထားသည်။

လွန်ခဲ့သော ၁၀ နှစ်က ကောင်းကင်တမန်တော်သည် သူ့အား ဘာမှမပြောဘဲ နားမလည်နိုင်စွာ ကြည့်နေခဲ့ပြီး သူ့ကို ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပေးခဲ့သော်လည်း သူ၏နတ်ဘုရားအပျက်အစီးက မပြည့်စုံခဲ့ပေ... ဤမေးခွန်းများအားလုံးသည် လင်ချီးယဲ့၏စိတ်ထဲတွင် လေးလံနေပြီး မည်သူမျှ အဖြေမထုတ်နိုင်ပေ။

ဝမ်မြန့်သည် သူ့ရှေ့တွင် ပထမဆုံးပေါ်လာသော နတ်ဘုရားကိုယ်စားလှယ်ဖြစ်ပြီး ဤအခွင့်အရေးကို လက်လွတ်မခံချင်ခဲ့ပေ။

"မင်းမှာ မေးစရာတွေ အများကြီးရှိတယ်ဆိုတာ ငါသိပါတယ်..." ဝမ်မြန့်သည် ဓားလက်ကိုင်ကို ကိုင်ထားပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ "ဒီတိုက်ပွဲပြီးသွားတဲ့အခါ မင်းအနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ မင်းငါ့ကို စကားလာပြောလို့ရတယ်။"

"ကျေးဇူးပါ။"

လင်ချီးယဲ့သည် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရင်း သူ့လက်ကို ဓားလက်ကိုင်ပေါ် တင်လိုက်သည်။

"ကျွန်တော်တို့ကြား ထိပ်တိုက်ရင်ဆိုင်တာကို ခင်ဗျားက ဒီလှည့်စားတဲ့ပစ္စည်းကို အသုံးပြုချင်တာသေချာလား။" လင်ချီးယဲ့၏မျက်လုံးများသည် ဝမ်မြန့်၏ခါးပေါ်ရှိ အနက်ရောင်ဓားကို စိုက်ကြည့်နေသည်။

ဝမ်မြန့်သည် မျက်မှောင်ကြုတ်ပြီး "ငါ့လက်နက်ငါသုံးတာကို လှည့်စားတယ်လို့ ဘယ်လိုယူဆနိုင်မှာလဲ။"

"…အရှက်မရှိလိုက်တာ။"

"ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။"

ချွင်

လင်ချီးယဲ့က ဦးစွာလှုပ်ရှားခဲ့သည်။

ဓားအိမ်ထဲက ဓားထုတ်လိုက်သည်နှင့် လင်ချီးယဲ့၏ခန္ဓာကိုယ်ပုံသဏ္ဌာန်သည် အပျက်အစီးများထဲတွင် ဖြတ်သန်းနေသောတစ္ဆေကဲ့သို့ အလွန်မြန်ဆန်သည်။

တိုက်ပွဲစတင်ချိန်မှ နေ့တစ်ဝက်ကျော်ကျော် ကုန်ဆုံးသွားခဲ့ပြီး ညကိုရောက်နေပြီဖြစ်သည်။ [ညကောင်းကင်အက] ၏ ပေါင်းစပ်မှုအောက်တွင် လင်ချီးယဲ့၏ အရှိန်သည် အံ့သြဖွယ်ကောင်းလှသည်။

လင်ချီးယဲ့၏အရှိန်အလွန်မြန်ဆန်တာကို ဝမ်မြန့်မြင်သောအခါ အနည်းငယ်ပင့်သက်ရှူပြီး ခဏအကြာတွင် သူ့ခါးရှိ [ယိယွမ်း] သည် ဓားအိမ်ထဲမှ ဖြည်းညှင်းစွာထွက်လာသည်...

ဝှီး

မမြင်နိုင်သောနတ်ဘုရားအပျက်အစီးပွင့်လာပြီး လင်ချီးယဲ့၏မျက်လုံးများတွင် ဝမ်မြန့်၏ဓားဆွဲထုတ်သည့်အရှိန်က မှုန်ဝါးသွားလောက်အောင် အလွန်မြန်ဆန်သည်။ သူ၏စိတ်အာရုံခံစားမှုကြောင့်သာ မဟုတ်ပါက ဝမ်မြန့်လှုပ်ရှားတာကိုပင် မြင်မည်မဟုတ်ပေ။

ထို့နောက်ချက်ချင်းပင် ကျယ်ပြန့်လာသောဓားအရောင်အဝါသည် လေထဲသို့ လျင်မြန်စွာဖြတ်သွားပြီး လင်ချီးယဲ့ဆီသို့ လျှပ်တပြက်ရောက်သွားသည်။

ဝမ်မြန့်ဓားဆွဲထုတ်သည့်အခိုက်အတန့်တွင် လင်ချီးယဲ့၏ကြောက်မက်ဖွယ်ရွေ့လျားအမြင်အာရုံသည် ဓားပြောင်းသွားသည့်လမ်းကြောင်းကို ခန့်မှန်းထားပြီး စောစီးစွာ ရှောင်ရှားရန်အနေအထားကို ပြုလုပ်ထားသောကြောင့် ဓားအရောင်အဝါ၏အရှိန်မှာ အံ့အားသင့်ဖွယ်မြန်သော်လည်း လင်ချီးယဲ့သည် အချိန်မီ လွဲချော်အောင်ပြုလုပ်ပြီး အန္တရာယ်ကို ရှောင်ရှားနိုင်သေးသည်။

ဓားအရောင်အဝါသည် လင်ချီးယဲ့၏ဆံပင်အနားများကို ဖြတ်ကျော်သွားပြီး အနက်ရောင်ဆံပင်အနားများကို ဖြတ်တောက်ပစ်လိုက်သည်။ ကြိုတင်ရှောင်ရှားခြင်းကို စံပြအဆင့်ဟုခေါ်နိုင်ပြီး လင်ချီးယဲ့သည် ဝမ်မြန့်ဆီသို့ တည့်တည့်ပြေးသွားခဲ့သည်။ 

"ဟမ်" ဝမ်မြန့်သည် လင်ချီးယဲ့၏ အရည်အချင်းက ဤမျှ လျင်မြန်မည်ဟု မမျှော်လင့်ထားပုံရသည်။ သူသည် ခဏတာရပ်တန့်သွားပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထ ဓားများကို ဆက်၍ဝှေ့ယမ်းလိုက်သည်။

ထူထပ်သော ဓားအရောင်အဝါများက ဝမ်မြန့်ရှေ့တွင် ဓားပိုက်ကွန်ကဲ့သို့ ရောယှက်သွားသည်။ လင်ချီးယဲ့၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့ကိုယ်ပိုင်ရွေ့လျားအမြင်အာရုံကို ပြင်းထန်စွာ လှုံ့ဆော်ပေးသည်။

သူ့မျက်လုံးထဲတွင် ဝမ်မြန့်၏ လှုပ်ရှားမှုများသည် တဖြည်းဖြည်း နှေးကွေးလာပြီး ဓားများကြားက ကွာဟချက်ကို သူ မှုန်ဝါးဝါးသာ မြင်ရပုံပေါ်သည်။

တခဏကြာပြီးနောက် သူ့မျက်လုံးများက စတင်ကိုက်လာသည်။

လင်ချီးယဲ့သည် သူ့မျက်လုံးများကို နှစ်ကြိမ်မှိတ်လိုက်ပြီး နောက်အခိုက်အတန့်တွင် ထူထပ်သောဓားပိုက်ကွန်က သူ့ရှေ့ကိုရောက်လာသည်။

လင်ချီးယဲ့သည် လုံးဝ တုံ့ဆိုင်းမနေဘဲ သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသလိုမျိုး သူ့ခန္ဓာကိုယ်က ရုတ်တရက် နောက်သို့လဲလိုက်သည်။

တစ်ချိန်တည်းမှာပင် လင်ချီးယဲ့သည် ဓားဖြောင့်ကို လက်နောက်ပြန်ဖြင့် မြေပြင်ပေါ်စိုက်ထားပြီး သူ့နောက်ပြန်ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းထားရုံမျှမက ဓားပိုက်ကွန်အောက်ခြေကို ရှောင်သွားခဲ့သည်။ ချွန်ထက်သောဓားသည် သူ့နှာခေါင်းကို ပွတ်တိုက်သွားပြီး ဓားအရောင်အဝါမှ အေးစိမ့်မှုကိုပင် လင်ချီးယဲ့ခံစားမိသည်။

ဓားအရောင်အဝါပိုက်ကွန်ကို ရှောင်ပြီးနောက် ဓားဖြောင့်ကို ကိုင်ဆောင်ထားသည့် လင်ချီးယဲ့၏လက်သည် ရုတ်တရက် ဖိအားပေးကာ မြေပြင်ပေါ်မှ လူတစ်ကိုယ်လုံးကို တွန်းထုတ်လိုက်ပြီး ဝမ်မြန့်ထံသို့ အမြန်ချဉ်းကပ်ခဲ့သည်။

ဓားအရောင်အဝါသည် လင်ချီးယဲ့ကို ဖြတ်ကျော်သွားပြီးနောက် သူ့ခန္ဓာကိုယ် ပြေလျော့သွားသည်ကို သိသာထင်ရှားစွာ ခံစားလိုက်ရပြီး သူ့မျက်လုံးများတွင် ဝမ်မြန့်၏ အရှိန်နှေးသွားသည်။

အချိန်နတ်ဘုရားအပျက်အစီးမရှိတော့ပါ။

လင်ချီးယဲ့၏ မျက်လုံးများက တောက်ပနေ၏။ မျှော်လင့်ထားသလိုပင် ဝမ်မြန့်၏လက်ရှိနယ်ပယ်နှင့်ဆိုလျှင် အချိန်နတ်ဘုရားအပျက်အစီးကို အချိန်အကြာကြီး ထိန်းထားရန် မဖြစ်နိုင်ပေ။

အစကတည်းက ဝမ်မြန့်သည် သူ၏ခွန်အားကို ထိန်းသိမ်းခဲ့သည်။ တိုက်ပွဲတစ်ခုကြုံလာသောအခါတွင် တခြားအဖွဲ့ဝင်လေးယောက်က လှုပ်ရှားခဲ့သည်။ ရှန်ချင်းကျူနှင့် တခြားသူများ၏ အလစ်ဝင်တိုက်ခိုက်ခြင်းကိုခံရသည့်အချိန်မှာ သူပထမဆုံးလှုပ်ရှားခဲ့သည်။

ထိုအချိန်တုန်းက အချိန်နတ်ဘုရားအပျက်အစီးသည် သုံးစက္ကန့်မျှသာ ကြာမြင့်သည်။

လင်ချီးယဲ့ခန့်မှန်းချက်မှန်ကန်ပါက ဝမ်မြန့်၏လက်ရှိ အချိန်နတ်ဘုရားအပျက်အစီးသည် ငါးစက္ကန့်ထက် ပိုမကြာသင့်ဘဲ အသုံးပြုမှုတိုင်းသည် စိတ်စွမ်းအားများစွာကို မလွဲမသွေ သုံးစွဲရသောကြောင့် ဝမ်မြန့်သည် မလိုအပ်သရွေ့ လှုပ်ရှားမည်မဟုတ်ပေ။

အချိန်နတ်ဘုရားအပျက်အစီးသည် ပြင်းထန်လွန်းပြီး ဝမ်မြန့်၏လက်ရှိနယ်ပယ်နှင့် မလုံလောက်ပါ။ ဒီလောက်ကြာအောင်နေနိုင်သည်က အလွန်ကောင်းနေပါပြီ။

၎င်းသည် နတ်ဘုရားအပျက်အစီးတစ်ခုလည်း ဖြစ်ပေမယ့် လင်ချီးယဲ့၏ [သေမျိုးနတ်ဘုရားနယ်ပယ်] က မပြည့်စုံပုံရသည်။ သူ၏စိတ်စွမ်းအား အာရုံခံစားမှုနှင့် ရွေ့လျားအမြင်အာရုံကို တစ်နေ့ ၂၄ နာရီဖွင့်ထားလျှင်ပင် ပင်ပန်းနွမ်းနယ်မှုကို မခံစားရပေ။ ဒီအတွက်ကြောင့် မပြည့်စုံမှုမှာ အားသာချက်တွေ ရှိနေတာကို တွေ့နိုင်သည်။

ဒီလိုမှမဟုတ်ပါက သူသည် ဝမ်မြန့်ကဲ့သို့ လှုပ်ရှားမှုတစ်ခုကို ငါးစက္ကန့်ကြာအောင် ပြုလုပ်နိုင်သည့် တကယ့်လူတစ်ယောက်ဖြစ်နိုင်သညိ။

အချိန်နတ်ဘုရားအပျက်အစီး၏ ကွာဟချက်ကို အခွင့်ကောင်းယူပြီး လင်ချီးယဲ့သည် ဝမ်မြန့်ဆီကို တိုက်ရိုက်ပြေးသွားပြီး ရုတ်တရက် သူ့လက်ထဲက ဓားဖြောင့်ကို ဝှေ့ယမ်းလိုက်သည်။

ချွင်

ဝမ်မြန့်၏လက်ထဲက [ယိယွမ်း] သည် လင်ချီးယဲ့၏ဓားဖြောင့်ကို ပိတ်ဆို့ခဲ့ပြီး ဓားမှ လင်ချီးယဲ့၏လက်ဆီသို့ အနည်းငယ် တုန်ခါနေသော တွန်းအားတစ်ခု ရောက်ရှိလာသော်လည်း အကန့်အသတ်နဲ့သာဖြစ်သည်။

[ယိယွမ်း] သည် အမြန်နှုန်းအပိုမပါဘဲ ရန်သူ၏လက်ချောင်းများကို ထုံကျင်စေနိုင်သော သာမန်ဓားတစ်လက်မျှသာဖြစ်သည်။

"[သေမျိုးနတ်ဘုရားနယ်ပယ်] က အရှိန်မြင့်တဲ့စွမ်းရည်ရှိတာလား။ မင်းကဘာလြိ့ အရမ်းမြန်ရတာလဲ။" ဓားနှစ်လက်တိုက်မိသည့်အချိန်တွင် ဝမ်မြန့်က သံသယဖြင့် မေးလိုက်သည်။

သူ့ဓားအနည်းငယ်ဖြင့် လင်ချီးယဲ့ကို တိုက်ရိုက်အနိုင်ယူရမည်ဟု သူထင်ခဲ့သော်လည်း လင်ချီးယဲ့သည် အချိန်နတ်ဘုရားအပျက်အစီးတွက် သူ့အရှိန်ကို လိုက်မီနိုင်မည်ဟု သူမထင်ထားခဲ့ပေ။

"ဘာပဲပြောပြော ဒါက ၀၀၃ ပဲ။ ပိုပြီးအစွမ်းထက်တာက ပုံမှန်ပါပဲ။" လင်ချီးယဲ့က ယောင်ဝါးဝါးပြောလိုက်သည်။

"ဟုတ်သားပဲ။"

ဝမ်မြန့်သည် သူ့ကို သံသယမဖြစ်ဘဲ နောက်အခိုက်အတန့်တွင် အချိန်နတ်ဘုရားအပျက်အစီးကို ထပ်မံစတင်ခဲ့သည်။

အချိန်နတ်ဘုရားအပျက်အစီးသည် အချိန်တစ်ခုစီတိုင်း ကြာရှည်မခံတတ်သော်လည်း ကြားကာလတစ်ခုရှိနေသရွေ့ စဉ်ဆက်မပြတ် စတင်ရန် ကြီးကြီးမားမား ပြဿနာမရှိပေ။

ယခုအခါ ဝမ်မြန့်၏ အချိန်နတ်ဘုရားအပျက်အစီး စောင့်ဆိုင်းချိန်က ကုန်ဆုံးသွားသည်။

လင်ချီးယဲ့၏မျက်လုံးထဲတွင် ဝမ်မြန့်၏အရှိန်က တဖန်လျင်မြန်လာပြီး သူ့လှုပ်ရှားမှုများတွင် အရိပ်များပေါ်လာသည်။

ဝမ်မြန့်သညိ လင်ချီးယဲ့၏ဓားဖြောင့်ကို အဝေးသို့ ဝှေ့ယမ်းလိုက်ကာ သူ့လက်ထဲက [ယိယွမ်း] ကို မြှောက်ပြီးနောက်… ပေါ့ပါးစွာ ခုတ်ဖြတ်လိုက်သည်။

"ဒီတစ်ခေါက်တော့ မင်းမလွတ်မြောက်ဘူး။" ဝမ်မြန့်သည် နီးကပ်နေသော လင်ချီးယဲ့ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

ချွင်

လင်ချီးယဲ့၏လက်ထဲက ဓားဖြောင့်သည် [ယိယွမ်း] ကို အလွယ်တကူ ပိတ်ဆို့လိုက်သည်။

ဝမ်မြန့်က အံ့အားသင့်သွားသည်။

ဓားအရောင်အဝါက ဘယ်မှာလဲ။ ငါ့ရဲ့ဓားကြီးအရောင်အဝါက ဘယ်မှာလဲ။

သူ့လက်ထဲက [ယိယွမ်း] ကို ငုံ့ကြည့်လိုက်တော့ [ယိယွမ်း] ဓားပြားပေါ်တွင် မည်သည့်အချိန်ကမှန်းမသိသော တိပ်တစ်စကို ကပ်ထားခဲ့သည်…

"[ချိတ်ပိတ်ခြင်းစာလိပ်] လား။" ဝမ်မြန့်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။

ဝမ်မြန့်၏မျက်လုံးထဲတွင် လင်ချီးယဲ့၏နှုတ်ခမ်းထောင့်က ဖြည်းညှင်းစွာ မြင့်တက်လာသည်။

"အခု ခင်ဗျားရဲ့လှည့်စားမှုက အသုံးမဝင်တော့ဘူး...

ကောင်းကောင်း တိုက်ပွဲဝင်ကြရအောင်။"

နောက်အခိုက်အတန့်တွင် လင်ချီးယဲ့၏လက်ထဲက ဓားဖြောင့်ကိုလှည့်၍ ဝမ်မြန့်ကို ခုတ်ဖြတ်ရန် အစပြုလိုက်သည်။
 
TK Team (Chapter 85)