Volume 1 (သေမျိုးနယ်မြေ ၀၇၈)
Chapter 78 (ပေါက်ကွဲမှု)
ချန်ဝေး၏တူသည် ကြောက်စရာကောင်းသော်လည်း တပ်သားသစ်များက အနိုင်ရရန်လွယ်ကူသူများမဟုတ်ပေ။
သူတို့အပေါ် တူပြုတ်ခါနီးအချိန်တွင် အလင်းတန်းပေါင်းများစွာက ရုတ်တရက် ထွက်ပေါ်လာပြီး ဧရာမတူနှင့် တိုက်မိကာ တူအောက်ခြေကို ပြင်းထန်စွာခုခံကြသည်။
နှစ်ခုတိုက်မိရာကနေ ပေါက်ကွဲသံများထွက်ပေါ်လာပြီး လေပြင်းတိုက်လာသည်။
အင်အားနှစ်ခုသည် မဆုတ်သာမတိုးသာအခြေအနေတွင် ရှိနေကြပြီး သူတို့က တခဏတာမျှ တူညီလုနီးပါး ဖြစ်နေသည်။
ထိုအချိန်တွင် တခြား [မျက်နှာဖုံး] လေးယောက်သည် လှုပ်ရှားခဲ့ပြီး အနောက်ဘက်ကို တတ်နိုင်သမျှ အမြန်ပြေးခဲ့ကြပြီး စက်ဝိုင်းက လျင်မြန်စွာ ကျုံ့သွားသည်။
"ပြေးတော့။"
ရှေ့ကဖရိုဖရဲစစ်မြေပြင် မည်သို့ပင်ဖြစ်နေပါစေ လင်ချီးယဲ့သည် နောက်ဆုံးတန်းတွင် မတ်တတ်ရပ်ကာ ရုတ်တရတ် အသံတိုးတိုးအော်ပြီး တောင်ဘက်သို့ ခေါင်းလှည့်ပြီးပြေးလေသည်။
သို့သော် မော့လိနှင့် ပိုင်လီဖက်တီးတို့သည် သူတို့ရှေ့က တိုက်ပွဲကို အာရုံစိုက်နေကြသည်။ လင်ချီးယဲ့၏အော်သံကို သူတို့ကြားသောအခါ ထိတ်လန့်သွားပြီးနောက် တုံ့ပြန်ခဲ့ကြသည်။ သူတို့သည် လင်ချီးယဲ့နောက်လိုက်ကာ တောင်ဘက်သို့ခွဲထွက်လာခဲ့သည်။
"ခေါင်းဆောင် လူတချို့က တောက်ဘက်ကို လှည့်ပြီးပြေးသွားကြပြီ။" ထျန်းဖျင်သည် ဒီမြင်ကွင်းကိုမြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။
ဝမ်မြန့်သည် အနည်းငယ် တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။ "မင်းတို့ရှေ့က ဒါဇင်နဲ့ချီတဲ့ တပ်သားသစ်တွေကို အရင်ဂိမ်းထဲကနေဖယ်ထုတ်လိုက်ပြီး ရွှမ်ဝေါက တောင်ဘက်မှာ အရင်အချိန်ဆွဲထားလိုက်။"
"နားလည်ပြီ။"
ရွှမ်ဝေါသည် ချက်ချင်း ဦးတည်ချက်ပြောင်းကာ တောင်ဘက်ကိုခွဲထွက်သွားသော လူသုံးယောက်နောက်ကို လိုက်သွားသည်။
ဤအချိန်တွင် တခြားတပ်သားသစ်များလည်း တုံ့ပြန်ခဲ့ကာ လင်ချီးယဲ့လိုအတုခိုးပြီး တခြားဦးတည်ချက်သို့ခွဲထွက်ရန် ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူခဲ့သည်။ ကံမကောင်းစွာပဲ ဒီတစ်ခေါက် ဝိုင်းထားသောစက်ဝိုင်းကို လုံးလုံးလျားလျားဖွဲ့စည်းထားပြီး လမ်းတစ်ဝက်ကိုပြေးပြီးနောက် တခြား [မျက်နှာဖုံး] အဖွဲ့ဝင်များကြောင့် တိုက်ရိုက် ဖယ်ထုတ်ခံလိုက်ရသည်။
လင်ချီးယဲ့သည် တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ဝက်ပျက်စီးနေသော ဂိုဒေါင်ထဲသို့ တည့်တည့်တိုးဝင်သွားကာ ပိုင်လီဖက်တီးနှင့် မော့လိတို့က အနီးကပ်လိုက်ပါလာခဲ့သည်။
ရွှမ်ဝေါသည် လျှပ်တပြက် ဂိုဒေါင်တံခါးကို မကြာခင်ရောက်လာပြီး သူတို့ထံ အံ့အားသင့်စရာအရှိန်ဖြင့် ချဉ်းကပ်လာသည်။
ဝှီး…
ရွှမ်ဝေါသည် ဂိုဒေါင်ထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် တွန်းလှည်းက သူ့ဆီသို့ ရုတ်တရက် လျှောကျလာသည်။
ရွှမ်ဝေါသည် အစပိုင်းတွင် ထိတ်လန့်သွားပြီး တွန်းလှည်းဆီမှ မသိစိတ်က လှည့်ထွက်သွားသော်လည်း နောက်အခိုက်အတန့်တွင် လုံးဝိုင်းသောအရာက အပေါ်မှညင်သာစွာပြုတ်ကျကာ တွန်းလှည်းထဲသို့ တိကျစွာ ပြုတ်ကျသွားသည်။
ရွှမ်ဝေါမော့ကြည့်လိုက်တော့ အလင်းတန်းပေါ်တွင် လင်ချီးယဲ့သည် ရပ်နေပြီး ခပ်ရေးရေးပြုံးနေတာကို တွေ့လိုက်ရသည်။
ထို့နောက် သူသည်လှည့်ပြီး အနီးနားရှိ လက်နက်စင်တစ်ခုသို့ ခုန်ဆင်းကာ တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးသွားခဲ့သည်။
ရွှမ်ဝေါငုံ့ကြည့်လိုက်တော့ တံခါးအပြင်ဘက်တွင် အလင်းရောင်ဖျော့ဖျော့နှင့်အတူ တွန်းလှည်းထဲက ပစ္စည်းတွေကို သူရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။
ဖောက်ခွဲရေးပစ္စည်းများကို သပ်သပ်ရပ်ရပ်စီစဉ်ထားသော တွန်းလှည်းတစ်ခုဖြစ်သည်။
ပြီးနောက် ဖောက်ခွဲရေးပစ္စည်းများထိပ်တွင်
ရေတွက်ချိန် ၂ စက္ကန့်သာကျန်သော ဗုံးတစ်လုံးရှိသည်။
ရွှမ်ဝေါ၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားသည်။
ဗုန်း…
လွင့်စင်နေသော မီးခိုးငွေ့များနှင့် ရောစပ်နေသော ပြိုးပြိုးပြက်ပြက် မီးတောက်များက ဂိုဒေါင်၏ ကျန်တစ်ဝက်ကို တိုက်ရိုက် မှုတ်ထုတ်လိုက်ပြီး လေ့ကျင့်ရေးစခန်းတစ်ခုလုံး ကျယ်လောင်စွာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ဖောက်ခွဲရေးပစ္စည်းများ လှည်းတစ်ခုလုံးကို ဖောက်ခွဲမှုနှင့်အတူ ဂိုဒေါင်အတွင်းရှိ တခြားသော လက်ပစ်ဗုံးများ၊ ဖောက်ခွဲရေးကိရိယာများနှင့် ယမ်းမှုန့်များလည်း ပေါက်ကွဲခဲ့ပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဒုတိယပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
တပ်သားသစ် ဒါဇင်ပေါင်းများစွာကို ဖယ်ရှားလိုက်သည့် [မျက်နှာဖုံး] အဖွဲ့ဝင်များသည် တစ်ချိန်တည်းတွင် အမူအရာပြောင်းသွားကြသည်။
မီးတောက်သည် ထောက်တိုင်များကဲ့သို့ဖြစ်၍ မီးခိုးများ လျှံထွက်နေသည်။
[မျက်နှာဖုံး] အဖွဲ့၏ လူလေးယောက်သည် ဂိုဒေါင်အပျက်အစီးများဆီသို့ လျင်မြန်စွာ ပြေးသွားကာ သူတို့၏မျက်နှာက အလွန်လေးနက်နေသည်။
မီးတောက်ထဲတွင် အပျက်အစီးများထဲမှ စိတ်ညစ်နေသော အသွင်အပြင်တစ်ခုက ယိမ်းယိုင်စွာထွက်လာပြီး လူတိုင်းက သက်ပြင်းချနိုင်ကြသည်။
စိတ်ညစ်နေသော ရွှမ်ဝေါသည် ကြိမ်ဖန်များစွာ ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး မြေပြင်ပေါ်တွင် ထိုင်ကာ ဆဲဆိုလေသည်။
"လခွမ်း။ ဒီကောင်လေးက အရမ်းယုတ်မာတာပဲ။ ငါသာ အမြန်တုံ့ပြန်ပြီး ဝါးမျိုခြင်းရေဝဲကို အချိန်မီမဖွင့်လိုက်ရင် ငါသေသွားလောက်ပြီ။"
သူသည် မျက်နှာပေါ်က မျက်နှာဖုံးကိုထိလိုက်ကာ ၎င်းက အပူလောင်ခြင်းကြောင့် ပုံသဏ္ဌာန်ဆိုးဝါးသွားပြီး ၎င်းပေါ်တွင် အက်ကွဲကြောင်းကောင်းများရှိနေသဖြင့် သူသာအနည်းငယ် ပို၍ဖိအားပေးလိုက်ပါက ပျက်စီးသွားလိမ့်မည်။
"ကံကောင်းတယ်… ကံကောင်းတယ်။ မျက်နှာဖုံးရှိသေးတာဆိုတော့ မရှုံးသေးဘူးပေါ့။"
"ရွှမ်ဝေါ မင်းက အရမ်းသတိလက်လွတ်ဖြစ်လွန်းတယ်။" ထျန်းဖျင်က သက်ပြင်းချလိုက်သည်။
"ဒီ… ဒီအတွက် မင်းငါ့ကို အပြစ်တင်တာလား။" ရွှမ်ဝေါက ပျော့ညံ့စွာပြောသည်။
ယွဲ့ကွေက ပခုံးတွန့်ကာပြောသည်။ "ငါမင်းတို့ကိုသတိပေးလိုက်မယ်။ ဒီကောင်းကင်တမန်တော်ရဲ့ကိုယ်စားလှယ်က ရင်ဆိုင်ရအရမ်းခက်ခဲတယ်။ ငါတို့ချထားတဲ့ ဒီလောက်တင်းကျပ်တဲ့အခြေအနေမှာတောင် သူကဖိအားပေးထွက်သွားမယ်လို့ မထင်ထားဘူး။"
ဝမ်မြန့်သည် လင်ချီးယဲ့တို့သုံးယောက်ထွက်သွားသော ဦးတည်ရာကို တိတ်တဆိတ်ကြည့်ရင်း သူ့မျက်လုံးများလင်းလက်လာသည်။
"ကိုယ်စားလှယ်တစ်ယောက်ဆိုတဲ့အတိုင်း သူက တကယ်ထူးခြားတာပဲ။"
"…" ရွှမ်ဝေါက သူ့ခေါင်းကို ကုတ်လိုက်သည်။ "ခေါင်းဆောင်။ မင်းက ကိုယ့်ကိုကိုယ်ချီးကျူးနေတာလား။"
"…"
လင်ချီးယဲ့သည် လောင်ကျွမ်းနေသောဂိုဒေါင်ကို လှည့်ကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သည်။
"လုံခြုံသွားပြီ။ သူတို့လိုက်မမီတော့ဘူး။"
ပိုင်လီဖက်တီးသည် မောဟိုက်နေပြီး "ချီးယဲ့ မင်းက အရမ်းရက်စက်တာပဲ။ သူက ပေါက်ကွဲပြီးတော့ မသေဘူးမလား။"
"သူသာ ဒီလိုမျိုးပျောက်ကွယ်သွားမယ်ဆိုရင် အထူးတပ်ဖွဲ့ထဲ ဝင်နိုင်မှာမဟုတ်ဘူး။" လင်ချီးယဲ့က ခေါင်းယမ်းပြီး နောင်တတချို့ဖြင့် ဆိုသည်။ "ကံမကောင်းစွာပဲ ဒီတစ်ခေါက်တော့ သူ့မျက်နှာကိုဖျက်ဆီးဖို့ ကျရှုံးခဲ့ပုံရတယ်။ မဟုတ်ရင် ငါတို့နိုင်သွားပြီ။"
"တခြားလူတွေကို ဒီအတိုင်းချန်ခဲ့တာက မကောင်းဘူးမလား။" မော့လိသည် သူမနောက်ကျောက ဓားရှည်ကြီးဖြင့် လင်ချီးယဲ့ကို ကြည့်လိုက်သည်။
"သူတို့က မလွတ်မြောက်နိုင်ဘူး။" လင်ချီးယဲ့က တည်ငြိမ်စွာပြောသည်။ "သူတို့ရဲ့ပန်းတိုင်က ကြီးမားလွန်းတယ်။ ငါတို့ဖောက်ထွက်နိုင်တဲ့အကြောင်းပြချက်က ငါတို့မှာ လူသုံးယောက်သာရှိတာကြောင့်ပဲ။ မျက်နှာဖုံးလူတွေက လူသုံးယောက်နဲ့ လူဆယ်လေးကျော်ကြားမှာ သူတို့က လူအုပ်ကို ဝိုင်းရံဖို့ ရွေးချယ်ခဲ့ကြတယ်။
ပြီးတော့ ငါတို့သာ လူအရေအတွက်များများနဲ့ ဖောက်ထွက်ခဲ့မယ်ဆိုရင် ငါတို့ကိုကြားဖြတ်ဖို့ သူတို့ရဲ့အဓိကအင်အားကို သေချာပေါက်လွတ်မှာဖြစ်ပြီး ငါတို့ထွက်လာနိုင်မှာမဟုတ်ဘူး။
နောက်ဆုံးခွဲခြမ်းစိတ်ဖြာချက်အရ ငါတို့က [မျက်နှာဖုံး] အဖွဲ့ကို ရွေးချယ်မှုတစ်ခုပြုလုပ်ဖို့ တွန်းအားပေးဖို့အတွက် ငါတို့နဲ့ သူတို့ကြားက အရေအတွက်ကွာခြားချက်ကို အခွင့်ကောင်းယူခဲ့တာ။ ငါတို့အံကြိတ်ပြီး သူတို့နဲ့ဖောက်ထွက်ခဲ့ရင် ဘယ်သူမှလွတ်မြောက်မှာမဟုတ်ဘူး။"
မော့လိက နှုတ်ဆိတ်နေခဲ့သည်။
"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ။" ပိုင်လီဖက်တီးက မေးလိုက်သည်။
"ဒီအချိန်မှာ မိုက်မဲတဲ့တပ်သားသစ်တွေက ဖယ်ရှားခံရလောက်ပြီ။ ကျန်တဲ့တပ်သားသစ်တွေက အများအားဖြင့် အုပ်စုငယ်တွေခွဲထားပြီး လေ့ကျင့်ရေးစခန်းရဲ့ ထောင့်အမျိုးမျိုးတွင် ပြန့်ကျဲနေပြီး [မျက်နှာဖုံး] အဖွဲ့ကိုသတ်ဖို့ အခွင့်အလမ်းတွေရှာဖွေဖို့ ကြိုးစားကြတယ်။"
လင်ချီးယဲ့သည် ငုတ်တုတ်ထိုင်ကာ သူ့လက်ထဲကသစ်ကိုင်းဖြင့် မြေပြင်ပေါ်တွင် ရေးမှတ်ပြီးပုံဆွဲလိုက်သည်။
"အခုချိန်ထိ တိုက်ပွဲထဲမှာ တပ်သားတစ်ရာလောက် ရှိနေသေးတယ်။ တိုက်ခိုက်ရေးစိတ်ဓာတ် ဆုံးရှုံးသွားသူတချို့နဲ့ တိုက်ပွဲရဲ့အဆုံးသတ်ကိုစောင့်မျှော်နေတဲ့ ထောင့်စွန်းမှာ ပုန်းအောင်းနေသူတချို့ကလွဲလို့ အမှန်တကယ် တိုက်ခိုက်ရေးအင်အားက လူကိုးဆယ်ဖြစ်နိုင်တယ်။
ထိပ်တိုက်ရင်ဆိုင်တာဖြစ်ဖြစ် အလစ်ဝင်တိုက်တာဖြစ်ဖြစ် [မျက်နှာဖုံး] အဖွဲ့ကို တိုက်ခိုက်ချင်တယ်ဆိုရင် အနည်းဆုံးလူ ၁၀ ယောက်လောက် တစ်ချိန်တည်းမှာ တိုက်ခိုက်ဖို့လိုအပ်တယ်။ ဒီလူကိုးဆယ်က လေးဖွဲ့ကနေ ရှစ်ဖွဲ့အထိခွဲပြီး စခန်းထောင့်အသီးသီးမှာ ဖြန့်ဝေထားတယ်လို့ ယူဆနိုင်တယ်…"
လင်ချီးယဲ့သည် မြေပြင်ပေါ်တွင် လေ့ကျင့်ရေးစခန်း၏ မြေပုံကိုဆွဲကာ နေရာများစွာကို မီးမောင်းထိုးပြသည်။
"တကယ်လို့ ငါသာ [မျက်နှာဖုံး] အဖွဲ့ဖြစ်ရင် ဒီအဖွဲ့ငယ်တွေကို တစ်ခုပြီးတစ်ခု အနိုင်ယူဖို့ အချိန်ယူရမှာ သေချာတယ်။ ငါထင်တာမမှားရင် နောက်တစ်ဆင့်က အချိန်အများကြီးယူရမယ့် ခံတပ်တိုက်ပွဲနဲ့ လှည့်ပတ်တိုက်ပွဲဖြစ်ရမယ်။
ခံတပ်တိုက်ပွဲအတွက် လေ့ကျင့်ရေးစခန်းမှာ အလစ်ဝင်တိုက်ခိုက်နိုင်တဲ့ ကန်တင်း၊ စာသင်ခန်းတွေ၊ အိပ်ဆောင်တွေ၊ နည်းဗျူဟာဆိုင်ရာသုတေသနအခန်းတွေလိုမျိုး နေရာအများအပြားမရှိဘူး…
ငါအထင်ကတော့ [မျက်နှာဖုံး] အဖွဲ့ နောက်ထပ်ဦးတည်မယ့်နေရာက အိပ်ဆောင်အဆောက်အအုံဖြစ်နိုင်တယ်။"
လင်ချီးယဲ့သည် အိပ်ဆောင်အဆောက်အအုံ၏ နေရာတွင် ကြယ်တစ်ပွင့် ဆွဲလိုက်သည်။
"ဘာလို့လဲ။" ပိုင်လီဖက်တီးက နားမလည်ပေ။
"ဒီနေရာတွေအားလုံးမှာ အိပ်ဆောင်အဆောက်အအုံကသာ အကြီးဆုံးဧရိယာ၊ အလစ်ဝင်တိုက်ခိုက်ဖို့နေရာအများဆုံးနဲ့ အမြင့်ဆုံးဖုံးကွယ်မှုတို့ရှိတယ်။
အဲဒီမှာ အလစ်ဝင်တိုက်ခိုက်မယ့် တပ်သားသစ်အဖွဲ့ တစ်ဖွဲ့ထက်မက ရှိမယ်ထင်တယ်။
ပြီးတော့ [မျက်နှာဖုံး] အဖွဲ့က... အချိန်အရမ်းကြာရင် လှည့်ပတ်တိုက်ပွဲကြောင့် သူတို့ရဲ့စိတ်စွမ်းအားတွေ ကုန်ဆုံးသွားမှာဖြစ်ပြီး အစမှာ ဝါးဖိုးအခက်ခဲဆုံးအရိုးကို သေချာပေါက်ရွေးချယ်ကြလိမ့်မယ်။
ဒါကြောင့် သူတို့က အိပ်ဆောင်အဆောက်အအုံကို တန်းတန်းမတ်မတ် သွားကြလိမ့်မယ်။"
လင်ချီးယဲ့၏မျက်လုံးများလင်းလက်လာပြီး ရုတ်တရက် ခေါင်းမော့လိုက်သောအခါ ပိုင်လီဖက်တီးနှင့် မော့လိတို့က သူ့ကို ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်နေတာကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ။ ငါ့ရဲ့ကျိုးကြောင်းဆင်ခြင်မှုနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လဲ။" လင်ချီးယဲ့က ကြောင်သွားသည်။
ပိုင်လီဖက်တီးနှင့် မော့လိတို့သည် လင်ချီးယဲ့ကိုကြည့်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"ပုံမှန်မဟုတ်တဲ့လူ…"
TK Team (Chapter 78)