Volume 1 (သေမျိုးနယ်မြေ ၀၇၆)
Chapter 76 (ယွဲ့ကွေ)
ဒတ် ဒတ် ဒတ်…
မော့လိ၏လက်သည် ဂိုဒေါင်တံခါးကိုထိလိုက်သည့်အခိုက်တွင် သတ္တုတံခါးသည် သာမန်မျက်စိဖြင့်ဖမ်းယူ၍မရသည့်အကြိမ်နှုန်းဖြင့် တုန်ခါလာပြီး တံခါးမှ စူးရှသောအသံတစ်ခုထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်တွင် တံခါး၏မျက်နှာပြင်ပေါ်မှာ ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းများပေါ်လာပြီး မော့လိသည် သူမ၏လက်ဖဝါးကိုပြန်ရုတ်ကာ တံခါးပေါ်ကို တစ်ချက်ဆောင့်ကန်လိုက်သည်။ တံခါးသည် အပိုင်းပိုင်းကွဲသွားပြီး ဖျက်ဆီးသွားသည်။
ဖုန်မှုန့်များကြားတွင် မော့လိသည် သူမလက်များပေါ်က ဖုန်မှုန့်များကိုပုတ်ခါပြီး အမူအရာမဲ့စွာ ဂိုဒေါင်ထဲကိုလျှောက်သွားသည်။
"အရမ်းအဖျက်စွမ်းအားရှိတာပဲ" လင်ချီးယဲ့၏ မျက်လုံးများသည် မြေပြင်ပေါ်ရှိ သတ္တုအပိုင်းအစများပေါ်တွင် ကျသွားပြီး သူ့မေးစေ့ကိုထိကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
တံခါးအပြင်ဘက်တွင် ပိုင်လီဖက်တီး၏မျက်လုံးများသည် မော့လိ၏ကျောကို အနီးကပ်စိုက်ကြည့်ပြီး တံတွေးမျိုချလိုက်သည်။
"မင်းဘာဖြစ်နေတာလဲ" လင်ချီးယဲ့သည် သူ၏ထူးဆန်းသောအမူအရာကို မြင်သောအခါ သံသယဖြစ်စွာ မေးလိုက်သည်။
"ချီးယဲ့…" ပိုင်လီဖက်တီးသည် လင်ချီးယဲ့၏နားကိုကပ်ပြီး တိုးတိုးပြောလိုက်သည်။ "မင်းမထင်မိဘူးလား… သူမကအရမ်းချောတယ်လို့"
"…"
လင်ချီးယဲ့သည် မျက်ဆန်လှန်ကာ ပိုင်လီဖက်တီးနှင့် ဆွေးနွေးရန် ရည်ရွယ်ချက်မရှိဘဲ ဂိုဒေါင်၏လက်နက်စင်ဆီသို့ သူတန်းတန်းမတ်မတ်သွားပြီး သာမန်ဓားဖြောင့်တစ်ချောင်းကို ကောက်ယူလိုက်သည်။
လေ့ကျင့်ရေးစခန်းသို့ မရောက်မီတွင် ချန်မုရယ်သည် မလိုအပ်ဘဲ လက်နက်များကို လေ့ကျင့်ရေးစခန်းသို့ ယူဆောင်ခွင့်မပြုကြောင်း ပြောခဲ့သောကြောင့် ကျောက်ခုန်းချိန်၏ဓားကို ဟုန်ယင်း၏၏အိမ်တွင် ကြိုတင်ထားရှိခဲ့သည်။ ကံကောင်းထောက်မစွာ ညကင်းစောင့်လူသားများအတွက် ဤလက်နက်ကိရိယာမျိုးစုံကို ဂိုဒေါင်တွင် ရနိုင်သည်။
ဓားကိုကိုင်ထားစဉ် လင်ချီးယဲ့သည် မော့လိ၏လှုပ်ရှားမှုကို အာရုံစိုက်ရန် စိတ်စွမ်းအားကို အသုံးပြုခဲ့သည်။
မထင်မှတ်ပဲ အမျိုးသမီးသည် နှစ်ဖက်စလုံးရှိ လက်နက်စင်ပေါ်က လှံ၊ ဓားနှင့် ဓားရှည်များကိုတောင် မကြည့်ပေ။ သူမသည် ဂိုဒေါင်၏ အနက်ရှိုင်းဆုံးနေရာသို့ တည့်တည့်လျှောက်သွားကာ ထောင့်စွန်းမှ ဓားရှည်ကြီးကို ထုတ်ကာ ကျောပေါ်တင်ပြီး လှည့်ကာ ဂိုဒေါင်ထဲမှ ထွက်လာခဲ့သည်။
"ဓားရှည်ကြီးလို လက်နက်တွေက သာမန်မဟုတ်ဘူး" လင်ချီးယဲ့ကို သူမဖြတ်သွားသောအခါ လင်ချီးယဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
မော့လိသည် ရပ်တန့်ပြီး လင်ချီးယဲ့ကို ကြည့်လိုက်သည်။ "ငါ ဒါကိုကြိုက်လို့လေ။ ဘာပြဿနာရှိလို့လဲ"
လင်ချီးယဲ့သည် တစ်ဖက်လှည့်ကာ မော့လိ၏မျက်လုံးများကိုကြည့်ပြီး သူ့ညာလက်ကိုဆန့်ထုတ်လိုက်သည်။
"ငါ့နာမည်က လင်ချီးယဲ့ပါ"
"အိုး" မော့လိသည် ပေါ့ပေါ့ပါးပါး တုံ့ပြန်ရင်း လင်ချီးယဲ့နှင့် လက်ဆွဲနှုတ်ဆက်ရန် ရည်ရွယ်ချက်မရှိပေ။
လင်ချီးယဲ့၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားသည်။
"'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး'မလား"
"ငါဘာလို့နင့်ကိုပြောပြရမှာလဲ"
"မင်းအနိုင်မရချင်ဘူးလား"
"အနိုင်ရဖို့နင့်ကိုပြောပြရမှာလား။ နင့်ကိုယ်နင် ဘယ်သူများထင်နေလဲ"
"[မျက်နှာဖုံး] လူ ၅ ယောက်ထဲမှာ အနည်းဆုံး 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' သုံးခုရှိပြီး သူတို့က တစ်ယောက်နဲ့တစ်ယောက်က ပူးပေါင်းဆောင်ရွက်မှု အရမ်းနီးကပ်တယ်။ တကယ်လို့ ဒီနေရာက 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' လူတွေ မစုစည်းဘူးဆိုရင် အနိုင်ရဖို့လုံးဝအခွင့်အရေးမရှိဘူး" လင်ချီးယဲ့က တည်ငြိမ်စွာပြောသည်။
မော့လိက အနည်းငယ်မျက်မှောင်ကြုတ်ပြီး အံ့အားသင့်သွားသလို လင်ချီးယဲ့ကို ကြည့်လိုက်သည်။ "နင်ကလည်း 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' လား"
"မဟုတ်ဘူး" လင်ချီးယဲ့က ခေါင်းယမ်းကာ မော့လိလှည့်ထွက်သွားခါနီးတွင် သူဖြည်းညှင်းစွာ ပြောလိုက်သည်။ "ငါက ကောင်းကင်တမန်တော်ရဲ့ကိုယ်စားလှယ်ပဲ"
မော့လိ၏ခြေလှမ်းများ ရုတ်တရက် ရပ်သွားသည်။
ထိတ်လန့်မှုအပြည့်ရှိသော မျက်လုံးများဖြင့် သူမက ခေါင်းလှည့်လိုက်သည်။ "နင်က နတ်ဘုရားကိုယ်စားလှယ်လား"
"အမှန်ပဲ"
မော့လိသည် လင်ချီးယဲ့ကို ဂရုတစိုက်ကြည့်ကာ ခဏမျှတုံ့ဆိုင်းသွားပြီး ဖြည်းညှင်းစွာ ပြောလာသည်။
"တားမြစ်အပျက်အစီး နံပါတ်စဉ် ၀၇၆ [အရာခပ်သိမ်းကြိမ်နှုန်း]။ တားမြစ်အပျက်အစီးအတွင်း ငါနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်အားဖြင့် ထိတွေ့နေတဲ့ အရာဝတ္ထုအားလုံးရဲ့ တုန်ခါမှုကြိမ်နှုန်းကို ထိန်းချုပ်နိုင်တယ်"
လင်ချီးယဲ့က မျက်ခုံးပင့်လာပြီး အခုလေးတင် သူမက တံခါးကို အလွယ်တကူ ချိုးဖျက်လိုက်သည့်မြင်ကွင်းအား သတိရလိုက်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "အရမ်းသန်မာတာပဲ… မင်း ဒီဓားရှည်ကြီးကိုသုံးချင်တာ အံ့ဩစရာမရှိပါဘူး။"
လူနှစ်ယောက် စကားပြောနေချိန်တွင် ပိုင်လီဖက်တီးသည် အပြေးအလွှား ပြေးလာကာ လူနှစ်ယောက်ကို ချောင်းဟန့်လိုက်ပြီး မော့လိထံသို့ လေးနက်စွာ လက်ဆန့်လိုက်သည်။
"မင်္ဂလာပါ မိန်းကလေးမော့လိ။ ငါ့နာမည်က ပိုင်လီထူမင်ပါ။ ကွမ်ရှန်းမြို့က သာမန်မိသားစုကနေ လာခဲ့တာပါ။"
မော့လိသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပိုင်လီဖက်တီးကို ရွံရှာစွာကြည့်ရင်း အေးစက်စက်သရော်ပြီး ဂိုဒေါင်အပြင်ဘက်ကို လှည့်ထွက်သွားသည်။
"နင့်လိုသခင်လေးတွေကို ငါအမုန်းဆုံးပဲ… ငါသတိပေးလိုက်မယ်။ နင်ငါနဲ့ဝေးဝေးနေ"
ပိုင်လီဖက်တီးသည် ခဏမျှထိတ်လန့်သွားပြီး အလျင်အမြန်ပြောလေသည်။ "မဟုတ်ဘူး။ ငါက သခင်လေးမဟုတ်ဘူး။ ငါတကယ် သာမန်မိသားစုကလာတာပါ…"
"မင်းလက်နက်ဘယ်မှာလဲ" လင်ချီးယဲ့သည် ပိုင်လီဖက်တီး၏လက်ဗလာကိုမြင်တော့ သံသယဖြင့်မေးသည်။
"ငါ လက်နက်တွေကို ဘယ်လိုသုံးရမလဲမသိတာကြောင့် ငါမယူခဲ့ဘူး"
"…"
လင်ချီးယဲ့သည် ခဏမျှတိတ်ဆိတ်သွားပြီး သူ့ပခုံးကိုပုတ်လိုက်သည်။ "အင်း။ ငါမင်းကိုအကြံတစ်ခုပေးလိုက်မယ်။ ဘယ်သူမှရှာမတွေ့မယ့်နေရာကို မင်းရှာပြီးတော့… တိုက်ပွဲပြီးမှထွက်လာရင် မင်းအရိုက်မခံရတော့ဘူး"
ပိုင်လီဖက်တီးသည် သူ့ခေါင်းကိုပြတ်ပြတ်သားသားခါလိုက်သည်။ "မရဘူး။ ငါသူရဲဘောကြောင်သူမဟုတ်ဘူး။ ငါတိုက်ခိုက်ချင်တယ်။"
"…" လင်ချီးယဲ့သည် ခေါင်းယမ်းပြီး ဂိုဒေါင်အပြင်ဘက်ကို တည့်တည့်လျှောက်သွားသည်။ "မင်းပျော်နေသရွေ့ မင်းအပေါ်မူတည်တယ်။"
ထိုအချိန်တွင် လက်နက်ကိရိယာယူရန် ဂိုဒေါင်သို့ တပ်သားသစ်များ ပို၍ရောက်လာသည်။ လင်ချီးယဲ့နှင့် ပိုင်လီဖက်တီးတို့သည် ဂိုဒေါင်တံခါးကို လျှောက်လာသောအခါ မော့လိသည် တစ်စုံတစ်ခုကို စောင့်နေသလိုမျိုး သူမနောက်ကျောပေါ်က ဓားရှည်ကြီးနှင့်အတူ နံရံကိုမှီနေတာတွေ့လိုက်ရသည်။
"မင်းဘာကိုစောင့်နေတာလဲ။" လင်ချီးယဲ့က သူမဘေးကိုသွားပြီး မေးလိုက်သည်။
"နင့်ကိုစောင့်နေတာ။" မော့လိက အေးအေးဆေးဆေးပြောသည်။ "ငါထင်တာမမှားရင် 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' ရှိတဲ့ တခြားလူတစ်ယောက်ရှိတယ်။"
"ဘယ်သူလဲ။"
"ခေါင်းဆောင်နည်းပြ အခုလေးတင် စကားပြောနေတုန်း ပထမဆုံးလက်မြှောက်လိုက်တဲ့လူကို နင်မှတ်မိလား။"
"စစ်ဦးထုပ်ကိုနောက်ပြန်ဆောင်းပြီး စစ်ဝတ်စုံကိုဖွင့်ထားပြီးတော့ သူ့ပါးစပ်ထဲပီကေဝါးနေတဲ့တစ်ယောက်ကို ဆိုလိုတာလား။" ပိုင်လီဖက်တီးသည် ခဏလောက်စဉ်းစားပြီး ကြားဖြတ်ပြောလိုက်သည်။
"ငါသူ့ကိုမှတ်မိတယ်။" လင်ချီးယဲ့လည်း ခေါင်းညိတ်သည်။
"နင်သာသူ့ကိုရ…"
ချွင်…
မော့လိစကားမဆုံးခင် လင်ချီးယဲ့၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားပြီး လျှပ်စီးကြောင်းကဲ့သို့ ဓားဖြောင့်ကိုဆွဲထုတ်ပြီး မော့လိ၏နောက်ကို ခုတ်လိုက်သည်။
ချွင်…
ပြတ်သားသော ပွတ်တိုက်မှုအသံထွက်ပေါ်လာပြီး မော့လိက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူမသည် ရှေ့ကိုလျင်မြန်စွာလှည့်လိုက်ရာ မတ်မတ်ရပ်ပြီး သူမနောက်ကျောက ဓားရှည်ကြီးကို ညာလက်ဖြင့် ကိုင်လိုက်သည်။
ဗလာနတ္ထိတွင် ဓားမြှောင်က ယောင်ဝါးဝါးတောက်ပနေပြီး လင်ချီးယဲ့၏ဓားဖြောင့်က ဓားမြှောင်၏အစွန်းကို ပြတ်သားစွာဖိထားသည်။
လင်ချီးယဲ့၏မျက်လုံးများသည် သူ့ရှေ့ရှိ ဗလာနတ္ထိကို စိုက်ကြည့်နေပြီး သူ့အမူအရာက တဖြည်းဖြည်း လေးနက်လာသည်။
ဗလာနတ္ထိကနေ လခြမ်းမျက်နှာဖုံးကို တပ်ဆင်ထားသော လူတစ်ယောက်က လျင်မြန်စွာ ထွက်လာသည်။
သူသည် ဓားမြှောက်ကို နောက်ပြန်ကိုင်ကာ လင်ချီးယဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ "မင်းငါ့ကိုမြင်နိုင်တာလား။"
"ကံကောင်းသွားတာပါ။" လင်ချီးယဲ့က ပေါ့ပါးစွာပြန်ဖြေသည်။
ယွဲ့ကွေသည် လင်ချီးယဲ့၏မျက်လုံးများကို စိုက်ကြည့်ပြီး ခဏကြာပြီးနောက် ရုတ်တရက် သဘောပေါက်သွားပြီး ပြောခဲ့သည်။
"ငါသိပြီ။ မင်းက ကောင်းကင်တမန်တော်ရဲ့ကိုယ်စားလှယ်ပဲ။ မင်းရဲ့အရောင်အဝါက ခေါင်းဆောင်နဲ့အရမ်းတူတယ်…"
လင်ချီးယဲ့နောက်က မော့လိ၏အမူအရာမှာ အလွန်ရှုံ့မဲ့သွားသည်။ လင်ချီးယဲ့သာ အခုလေးတင် လုပ်ကြံမှုကိုတားဆီးရန် သူမအားမကူညီခဲ့ပါက ထင်ရှားရန်အကြောင်းပြချက်မရှိဘဲ ဂိမ်းထဲကနေ ထွက်သွားရလိမ့်မည်။
ဒါကိုတွေးရင်း သူမသည် စိတ်ထဲကနေဒေါသဖြစ်လာပြီး ရုတ်တရက် သူမနောက်ကျောက ဓားရှည်ကြီးကိုဆွဲထုတ်ပြီး ကြောက်မက်ဖွယ်ကြိမ်နှုန်းနှင့်အတူ ဓားသွားကတုန်ခါသွားသည်။
လင်ချီးယဲ့၏လက်ထဲက ဓားဖြောင့်သည် ယွဲ့ကွေ့၏ဓားမြှောင်ကို ဝှေ့ယမ်းလိုက်ပြီး တွေးတောခြင်းမရှိဘဲ ရုတ်တရက် နောက်သို့ခုန်လိုက်သည်။
နောက်အခိုက်အတန့်မှာ မော့လိ၏လက်ထဲက ဓားရှည်ကြီးကို ဝှေ့ယမ်းလိုက်သည်။
ဝှီး…
ဓားရှည်ကြီးရှေ့ရှိလေသည် ပြင်းထန်စွာတုန်ခါသွားကာ ။ကြောက်မက်ဖွယ်တုန်ခါမှုက လိုက်ပါလာသည်။ ဓားသွားသည် လေကို ကြားခံအဖြစ် အသုံးပြုကာ လွင့်ထွက်သွားသည်။ မြေပြင်ကိုဖြတ်သွားစဉ် ၎င်းသည် ဂိုဒေါင်နံရံကို တိုက်ရိုက်ထိမှန်ကာ ကြောက်မက်ဖွယ်ဓားချက်ကို ထုတ်လွှတ်သွားသည်။
သူ့မျက်နှာရှေ့သို့ ဖုန်မှုန့်များလွင့်ပျံလာရာ အက်ကွဲရာအထက်တွင် ယွဲ့ကွေသည် ငြိမ်သက်စွာ ရပ်နေပြီး သူ့ညာလက်က ပျောက်ကွယ်သွားသည်။
"တကယ့်ကို အန္တရာယ်များတဲ့တားမြစ်အပျက်အစီးပဲ…"
ယွဲ့ကွေသည် သူ့ပါးစပ်ကို ပေါ့ပါးစွာ ဖွင့်လိုက်ပြီး အုံ့ဆိုင်းနေသောလရောင်သည် လေထဲသို့လွင့်ပျံလာပြီး လက်မောင်းထဲကိုစိမ့်ဝင်သွားသည်။
TK Team (Chapter 76)