Chapter 75
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၇၅)


Chapter 75 (တိုက်ပွဲ)

ဝမ်မြန့်၏စကားသံထွက်သွားသည်နှင့် တပ်သားသစ်ဒါဇင်သည် ချက်ချင်း ပြေးတက်လာကာ မီးတောက်၊ နှင်းခဲ၊ လေပြင်း၊ လေဆာ… တိုက်ခိုက်မှုအမျိုးမျိုးကို ထုတ်လေသည်။

လေ့ကျင့်ရေးကွင်း၏ လေထုသည် ယမ်းစည်ပိုင်းကို မီးတောက်ပြီး ပေါက်ကွဲနေသကဲ့သို့ဖြစ်သွားသည်။

ပိုင်လီဖက်တီးသည် နှစ်ကြိမ်အော်ဟစ်ပြီး ရှေ့ကိုပြေးတက်ချင်လေသည်။

လင်ချီးယဲ့သည် သူ့ကိုဆွဲကာ ဘာမှမပြောဘဲ လေ့ကျင့်ရေးကွင်းကနေ ပြေးထွက်သွားသည်။

"ချီးယဲ့။ မင်းဘာလုပ်နေတာလဲ။ ငါတို့သွားရမယ်လေ"

"မင်းအခု သေချင်နေတာလား။" လင်ချီးယဲ့က ပြေးနေရင်း အော်လေသည်။ "အခုသွားရအောင် မင်းမှာ လက်နက်ရှိလို့လား။ ငါတို့တွေ လေ့ကျင့်ရေးစခန်းကိုဝင်လာတုန်းက ငါတို့လက်နက်တွေကိုသိမ်းသွားခဲ့ပေမယ့် [မျက်နှာဖုံး] တပ်ဖွဲ့ရဲ့ လူ ၅ ယောက်က လက်နက်အပြည့်ရှိတယ်။ မင်းက မင်းခေါင်းနဲ့သွားတိုက်မှာလား"

ပိုင်လီဖက်တီးသည် ခဏလောက် ထိတ်လန့်သွားရာ မသိစိတ်က သူ့အိတ်ကပ်ကို ထိလိုက်သည်။ "တကယ်တော့…"

"ဒါ့အပြင် အထူးတပ်ဖွဲ့လို့ ဘာကြောင့်ခေါ်ရတာလဲဆိုတော့ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက တခြားသူတွေထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေလို့ပဲ။ သူတို့ရဲ့တားမြစ်အပျက်အစီးစွမ်းရည်နဲ့ တိုက်ခိုက်ရေးပုံစံက သူတို့ကောင်း‌သလားဆိုတာ မသိဘဲ ရှေ့ကိုပြေးသွားတာက သေခြင်းတရားပဲ"

လင်ချီးယဲ့သည် နောက်လှည့်ကြည့်ရာ သူ့တွေးထားသည့်အတိုင်းဖြစ်ပုံရကာ ကိုယ်ခံပညာစင်မြင့်ပေါ်တွင် ရုတ်တရက် ပြောင်းလဲမှုဖြစ်ပွားခဲ့သည်။

ခရမ်းရင့်ရောင်ရေဝဲသည် ရုတ်တရက် လေထုအလယ်တွင် ပေါက်ဖွားလာရာ မျက်နှာဖုံးလူများရှေ့တွင် လဲလျောင်းရင်း တိုက်ခိုက်မှုအားလုံးကို စုပ်ယူလိုက်သည်။

နောက်အခိုက်အတန့်တွင် ပန်းရောင်ကျောက်ထုတူကြီးသည် အမည်မသိနေရာမှ ထွက်ပေါ်လာပြီး နှစ်ထပ်တိုက်တစ်ခုကဲ့သို့မြင့်မားကာ လေပြင်းများလှုပ်ခတ်လာပြီး တပ်သားသစ်အားလုံးကို လေထဲသို့ အပြင်းအထန်ရိုက်လိုက်လေသည်။

ထိုအချိန်တွင် တပ်သားသစ်အများစုသည် တစ်ခုခုမှားနေပြီဟု သဘောပေါက်ကြပြီး နောက်လှည့်ကာ ထွက်ခွာချင်နေကြသော်လည်း နောက်ကျသွားပြီဖြစ်သည်။

ရွှမ်ဝေါ၏လက်ချောင်းက အသာအယာမြှောက်လိုက်ရာ ခရမ်းရောင်ရေဝဲသည် လူတိုင်း၏ခေါင်းထက်ကနေ ပြန်ပေါ်လာသည်။

"အခုမှပြေးချင်တာလား။ အရမ်းနောက်ကျသွားပြီ" ရွှမ်ဝေါက မထီမဲ့မြင် ပြုံးလိုက်သည်။

မီး၊ နှင်းခဲ စသည့်တိုက်ခိုက်မှုများသည် ရေဝဲဖြင့်သုတ်သင်ခံရကာ ‌မိုးရေများကဲ့သို့ ကောင်းကင်ကနေပြုတ်ကျလာပြီး ကိုယ်ခံပညာစင်မြင့်မှ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ပူပြင်းသော မီးတောက်များနှင့် မီးခိုးငွေ့များ လျှံထွက်လာပြီး လင်ချီးယဲ့နောက်ကိုလိုက်နေသော ပိုင်လီဖက်တီးက တံတွေးမျိုချပြီး သူ့နောက်ကျောသည် ချွေးအေးများထွက်လာ၏။

"ဒါ…ဒါက 'ကျန်' နယ်ပယ်မှာရှိသင့်တဲ့ တိုက်ခိုက်ရေးစွမ်းအားလား။ သူတို့သာ ခွန်အားအကုန်သုံးရင် ဘယ်လောက်သန်မာလိမ့်မလဲ"

"မဟုတ်ရင် ဘယ်လိုလုပ် အထူးတပ်ဖွဲ့ဖြစ်နေမှာလဲ" လင်ချီးယဲ့က သက်ပြင်းချလိုက်သည်။ "စတင်တာတစ်မိနစ်မပြည့်ခင် လူထက်ဝက်နီးပါး ‌ဆုံးရှုံးသွားပြီ… ပြဿနာပဲ"

ဉာဏ်ထက်မြက်သူက လင်ချီးယဲ့တစ်ယောက်သာမဟုတ်ပေ။ လင်ချီးယဲ့သည် ပိုင်လီဖက်တီးကိုဆွဲခေါ်ပြီး ဦးစွာထွက်ပြေးသွားသောအခါ လူများစွာကလည်း တုံ့ပြန်ကြပြီး ဉာဏ်ရှိရှိထွက်ပြေးသွားတာကြောင့် အသက်ရှင်ခဲ့သည်။

လင်ချီးယဲ့၏ကောင်းမွန်သော စတင်မှုကြောင့်သာ မဟုတ်ပါက ယခုအခါ ရှုံးနိမ့်သွားသည့်လူအရေအတွက်က ပိုများလာလိမ့်မည်။

တဟုန်းဟုန်းတောက်နေသော မီးခိုးငွေ့များကြားတွင် မီးခိုးရောင်အင်္ကျီဝတ်ထားသည့် လူ ၅ ယောက်သည် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ရွှမ်ဝေါသည် သူ့ပတ်ဝန်းကျင်မှာ သတိလစ်နေသော တပ်သားသစ်များကို ကြည့်ပြီး ပြုံးလိုက်ကြသည်။

"ငတုံးအုပ်စုတွေ… ဒီပွဲအနိုင်ယူဖို့က သေချာနေပြီလို့မြင်မိတယ်"

"စောစောစီးစီး ကောက်ချက်မချနဲ့။" ဝမ်မြန့်သည် အဝေးမှ တဖြည်းဖြည်းပျောက်ကွယ်သွားသော တပ်သားသစ်များကို တည်ငြိမ်စွာကြည့်ရင်း ခေါင်းလှည့်ပြီး လခြမ်းမျက်နှာဖုံးနှင့်လူဆီသို့ ပြောလိုက်သည်။

"နောက်ထပ် သူတို့ပစ်မှတ်က ဂိုဒေါင်ဖြစ်နိုင်တယ်။ ယွဲ့ကွေ မင်းတံခါးကို အရင်သွားပိတ်ပြီး အပြင်ကနေ ငါတို့ဝိုင်းထားလိုက်မယ်"

"ကောင်းပြီ။"

ယွဲ့ကွေ့၏အသွင်အပြင်သည် လျှပ်တပြက်ဖြင့် နေရာမှာတင်ပျောက်ကွယ်သွားသည်။


လေ့ကျင့်ရေးစခန်း၏မြေအောက်အခြေစိုက်စခန်း။

နည်းပြအားလုံးသည် ဖန်သားပြင်များရှေ့တွင်ထိုင်ကာ သူတို့လက်ထဲတွင် စာရွက်စာတမ်းအမြောက်အမြားကိုကိုင်ရင်း အနည်းငယ်ခေါင်းယမ်းကြသည်။

"ပထမဆုံး ထိပ်တိုက်ရင်ဆိုင်ရာမှာ လူ ၉၀ ကျော်ဖယ်ရှားခံလိုက်ရပြီ။ ငါတို့တွေ သူတို့ကို အရမ်းမျှော်လင့်ထားသလိုပဲ။"

"နောက်ဆုံးသုံးသပ်ချက်အရ [မျက်နှာဖုံး] က အရမ်းသန်မာတယ်။" နောက်ထပ်နည်းပြတစ်ယောက်က သက်ပြင်းချသည်။ "တစ်ချိန်က လျှို့ဝှက်ဆန်းကြယ် 'ဝူလျန့်' နယ်ပယ်ကို သတ်ပစ်ခဲ့တဲ့ ထိပ်တန်းအဖွဲ့တစ်ဖွဲ့ကို ဒီနေရာဆီလာခိုင်းတာက တပ်သားသစ်တွေအပေါ် ပြီးပြည့်စုံတဲ့အတိုင်းအတာလျှော့ချရေးတိုက်ခိုက်မှုတစ်ခုပဲ"

"မင်း အဲဒီလိုပြောလို့မရဘူးလေ။ သူတို့လည်း သူတို့စွမ်းအားကို 'ကျန်' နယ်ပယ်အထိ ဖိနှိပ်ထားတာပဲ။ ဒါကအနိုင်ကျင့်တာမဟုတ်လေ။"

"ဒါပေမယ့် သူတို့ရဲ့အတွေ့အကြုံနဲ့ အပြန်အလှန်နားလည်မှုတွေက ဒီတပ်သားသစ်အုပ်စု လက်လှမ်းမမီ‌နိုင်အောင် ကျော်လွန်နေပြီး သူတို့ထဲမှာ 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' သုံးခုနဲ့ နတ်ဘုရားကိုယ်စားလှယ်လည်းရှိတယ်။"

"ဟုတ်သားပဲ"

"အရမ်းအဆိုးမမြင်ပါနဲ့။" နည်းပြများဆွေးနွေးနေစဉ် ယွမ်ကန်းသည် ဖြည်းညှင်းစွာ ပြောခဲ့သည်။ "တပ်သားသစ်တွေက ဆုံးရှုံးမှုကြီးကြီးမားမားရှိပုံပေါ်ပေမယ့် တကယ်တော့ [မျက်နှာဖုံး] နဲ့ ယှဉ်ပြိုင်ဖို့ အမှန်တကယ်မျှော်လင့်ချက်ရှိသူ အနည်းငယ်က လွတ်မြောက်သွားပြီ။ နှောင့်ယှက်သူတချို့ကို ရှင်းပစ်ခဲ့တာက သူတို့အတွက် ကောင်းတဲ့အရာဖြစ်နိုင်တယ်။"

သူ့ဘေးရှိ နည်းပြက မှင်တက်သွားသည်။ "ခေါင်းဆောင်ဆိုလိုတာကို နားထောင်ရတာ… ဒီတပ်သားသစ်တွေကို တကယ်အနိုင်ရစေချင်တာလား။"

"မဟုတ်ဘူး။ ဒီကောင်သာရှိနေရင် သူတို့အနိုင်မရနိုင်ဘူး။" ယွမ်ကန်းက ခေါင်းယမ်းလိုက်သည်။

"ငါက… တိုက်ပွဲကောင်းတစ်ခုကို မြင်တွေ့ရဖို့ မျှော်လင့်ရုံပါ။"


"ချီးယဲ့ ဖြည်းဖြည်းပြေးပါ။ ငါမလိုက်နိုင်တော့ဘူး။"

လင်ချီးယဲ့ဆွဲခေါ်လာသော ပိုင်လီဖက်တီးသည် ပြေးနေရင်း ချွေးများစိုရွှဲနေကာ အသက်ရှူမဝလုနီးပါးပင်။

လင်ချီးယဲ့သည် မျက်မှောင်ကြုတ်ပြီး သူ့လက်ကိုလွှတ်လိုက်သည်။ "ဒါဆို မင်းသေရေးရှင်ရေးကို ကံကြမ္မာအရပဲ ငါထားခဲ့မယ်။ ငါအရင်သွားပြီ။"

လင်ချီးယဲ့သည် သူ့ကို ဘေးဖယ်ထားလိုက်တာကို မြင်လိုက်ရတော့ ပိုင်လီဖက်တီးသည် ခဏတာ အံ့အားသင့်သွားပြီး သူ့နောက်ကိုပြေးလိုက်ရန် သူ့အစွမ်းရှိသမျှ အသုံးချလိုက်သည်။

"မရဘူး… မရဘူး။ ငါတစ်ယောက်တည်းနေရင် ငါသေချာပေါက်အဖမ်းခံရလိမ့်မယ်။

ချီးယဲ့။ ညီအစ်ကိုချီးယဲ့။

ငါ့ကိုစောင့်ဦး။"

နောက်ဆုံးတွင် ပိုင်လီဖက်တီးသည် လင်ချီးယဲ့နှင့်အတူ ဂိုဒေါင်တံခါးဆီ ရောက်လာသည်။ တံခါးပိတ်ထားတာကိုကြည့်ရင်း သူရုတ်တရက်အံ့အားသင့်သွားသည်။

"ဘာလို့တံခါးပိတ်ထားတာလဲ။ ကိုယ့်လက်နက်ကိုယ်သွားယူဖို့ သူတို့ပြောခဲ့တယ်မဟုတ်ဘူးလား။"

လင်ချီးယဲ့သည် အနည်းငယ်မျက်မှောင်ကြုတ်ကာ "ငါတို့သွားယူဖို့ပဲပြောတာ။ ငါတို့ယူလို့ရအောင် တံခါးဖွင့်ပေးမယ်လို့မပြောခဲ့ဘူး…"

"ဒါဆို ငါတို့တံခါးကိုဖျက်ဝင်ရမှာလား။" ပိုင်လီဖက်တီးသည် ရှေ့တိုးပြီး ခေါက်လိုက်သည်။ "ဒါကို ဘာပစ္စည်းနဲ့လုပ်ထားတာလဲ။ အတော်လေးခိုင်ခံ့ပုံရတယ်။"

လင်ချီးယဲ့သည် သူ့မျက်နှာပေါ်တွင် ရုပ်ဆိုးသောအမူအရာဖြင့် ဂိုဒေါင်တစ်ဝိုက်ကို လျှောက်သွားကြည့်လိုက်သည်။

သူသည် ပိုင်လီဖက်တီးကို ခေါင်းလှည့်ကြည့်လာသည်။ "မင်းရဲ့တားမြစ်အပျက်အစီးက ဘာလဲ။"

"ငါလား။ ငါ့မှာတားမြစ်အပျက်အစီးမရှိဘူး" ပိုင်လီဖက်တီးက ယုံကြည်မှုရှိစွာ ပြောသည်။

လင်ချီးယဲ့: "…"

ဒီဖက်‌တီးကောင်က ညကင်းစောင့်လူသားထဲကို ဘယ်လိုခိုးဝင်လာတာလဲ။

"ပြဿနာပဲ။" လင်ချီးယဲ့က သက်ပြင်းချရင်း "ငါ့တားမြစ်အပျက်အစီးက ကြီးမားတဲ့ဖျက်ဆီးနိုင်စွမ်းမရှိတာကြောင့် ငါ ဒီတံခါးကို မဖွင့်နိုင်ဘူး…"

ပိုင်လီဖက်တီးသည် ခေါင်းကုတ်လိုက်၏။ "အိုး အဲဒါပဲ တကယ်တော့ ငါက…"

"ဘေးဖယ်လိုက်"

ပိုင်လီဖက်တီး တစ်ခုခုပြောမည့်အချိန်တွင် အေးစက်စက်အမျိုးသမီးအသံက နောက်ကနေထွက်ပေါ်လာကာ ပိုင်လီဖက်တီးက ထိတ်လန့်ပြီး လှည့်ကြည့်လိုက်သည်။

သူ့နောက်မှာ တောက်ပသောအနီရောင်ဆံပင်ရှည်ရှည်ကို သဘာဝအတိုင်း သူမခါးအထိချထားကာ အရပ်ရှည်ရှည် အမျိုးသမီးတစ်ယောက် ရပ်နေ‌တာကို တွေ့လိုက်ရသည်။ တပ်သားသစ်များ၏ ရိုးရှင်းသောစစ်ဝတ်စုံပင် သူမ၏ချောမောလှပသော အသွင်အပြင်ကို ဖုံးကွယ်လို့မရပေ။

သူမသည် ပိုင်လီဖက်တီးကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် နှာမှုတ်ကာ ဂိုဒေါင်တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

"မင်းက…" လင်ချီးယဲ့၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။

ဒီအမျိုးသမီးကို သူ မှတ်မိသည်။ ယနေ့နံနက်တွင် ပိုင်လီဖက်တီးသည် အိပ်ဆောင်အဆောက်အအုံ ဆန့်ကျင်ဘက်တွင် ပြဿနာတက်နေချိန်မှာ သူမသည် မိန်းကလေးများ၏ အိပ်ဆောင်စင်္ကြံတွင် ရပ်ကာ ဒီအရာအားလုံးကို အထင်အမြင်သေးစွာဖြင့် ကြည့်နေသည်။ ထို့နောက် သူတို့က တစ်ယောက်ကိုတစ်ယောက်ကိုပင် ကြည့်လိုက်သည်။

လင်ချီးယဲ့က ထိုကြမ်းတမ်းသောအကြည့်ကို မှတ်မိနေသေးသည်။

"မော့လိ" သူမသည် ပေါ့ပါးစွာဖြေရင်း သူမ၏လက်ဖဝါးဖြူဖြူများကိုဆန့်ထုတ်ပြီး ဂိုဒေါင်တံခါးမျက်နှာပြင်ပေါ်တွင် ညင်သာစွာဖိထားလိုက်သည်။

နောက်အခိုက်အတန့်မှာ ဂိုဒေါင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

TK Team (Chapter 75)