Chapter 73
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၇၃)


Chapter 73 (ငါတို့က မျက်နှာဖုံး…) 

"အားလုံးကောင်းကောင်းရပ်ကြစမ်း" ယွမ်ကန်းနောက်က နည်းပြသည် အော်လိုက်၏။

ကွင်းပြင်ရှိ တပ်သားသစ်များအားလုံးသည် ရုတ်တရက် ငြိမ်ကျသွားသည်။ တန်းစီခြင်းမှာ တရွေ့ရွေ့ရှိနေသော်လည်း အနည်းဆုံး အတန်းလိုက်ရှေ့ပြေးပုံစံကို မြင်နိုင်သည်။

လင်ချီးယဲ့နှင့် ပိုင်လီဖက်တီးတို့သည် ရောက်လာတာနောက်ကျသောကြောင့် လူတန်း၏နောက်ဆုံးတွင်ရပ်နေသည်။ သို့တိုင် သူတို့သည် စင်မြင့်ပေါ်ရှိ နည်းပြများ၏ ဖိအားများကိုခံစားနေကြရဆဲဖြစ်သည်။

သူတို့သည် တားမြစ်အပျက်အစီးများ၊ လက်နက်များမသုံးထားဘဲ ထိုနေရာတွင်ရပ်နေရုံမျှဖြင့် သူတို့၏အရောင်အဝါသည် ကြီးကျယ်ခမ်းနားသောတောင်ကဲ့သို့ လူတိုင်း၏ရင်ဘတ်ကို ဖိနှိပ်ထားသည်။

ဤအရှိန်အဟုန်သည် သေရေးရှင်ရေးတိုက်ခိုက်ခြင်း စိတ်အခြေအနေမှသာလျှင် ထွက်ပေါ်လာနိုင်ပြီး သူတို့လိုလူသစ်အုပ်စုတွင် မရှိပေ။

ယွမ်ကန်းသည် အောက်ဘက်ရှိလူများကို အချိန်အကြာကြီး တိတ်တဆိတ် စိုက်ကြည့်နေကာ ဖြည်းညှင်းစွာပြောပြီး အသံကကျယ်လောင်သည်။

"မင်းတို့အားလုံးက သာ့ရှတစ်ခုလုံးရဲ့ ပါရမီရှင်တွေဆိုတာ ငါသိတယ်။ မင်းတို့မှာ သာမန်လူတွေအိမ်မက်မက်တဲ့ တားမြစ်အပျက်အစီးတွေရှိရုံသာမက မင်းတို့မှာ အမြင့်ဆုံးအရည်အချင်းတွေနဲ့ ထိတ်လန့်စရာနောက်ခံတွေတောင် ရှိနိုင်တယ်…

ဒါပေမယ့် မင်းတို့ အဲဒီတံခါးကနေ လျှောက်သွားတဲ့အချိန်ကစပြီး မင်းတို့မှာ အထောက်အထားတစ်ခုပဲရှိတယ်…

အဲဒါက တပ်သားသစ်တွေ။

လူသစ်ပဲ။

မဟုတ်ဘူး အခု မင်းတို့က လူသစ်တွေတောင် မဟုတ်သေးဘူး မင်းတို့က အမှိုက်သရိုက်၊ အသုံးမဝင်တဲ့သူပဲ။

အမှန်တကယ် အင်အားကြီးတဲ့လျှို့ဝှက်ဆန်းကြယ်နဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒါက မင်းတို့ကိုသတ်ပြီး မင်းတို့အဖွဲ့ဝင်တွေကိုပဲ ဆုံးရှုံးစေလိမ့်မယ်။ 

တကယ်လို့ မင်းတို့က အမှန်တကယ် ညကင်းစောင့်လူသားဖြစ်လာလိုရင် မင်းတို့သွားရမယ့်ခရီးရှည်ကြီး ရှိသေးတယ်။"

ယွမ်ကန်း၏အသံသည် ပို၍ကျယ်လောင်လာပြီး လေ့ကျင့်ရေးကွင်းတွင် မိုးခြိမ်းသံများကဲ့သို့ မြည်ဟည်းနေသည်။ လင်ချီးယဲ့သည် သူ့အနီးနားရှိ တပ်သားသစ်အများစု၏အမူအရာများက အေးစက်သွားတာကို ရှင်းလင်းစွာခံစားကြည့်နိုင်သည်။

တချို့က ဂုဏ်ယူဝံ့ကြွားစွာ ကြည့်နေကြသည်၊ တချို့က တိတ်တဆိတ် သရော်ကြသည်၊ တချို့က မထီမဲ့မြင်ပြုကြသည်၊ တချို့က ခေါင်းငုံ့ပြီးတွေးနေကြသည်…

"ဘာလဲ။ မင်းတို့က မကျေနပ်ဘူးလား" ယွမ်ကန်းသည် အားလုံး၏အမူအရာများကို မြင်ကွင်းကျယ်ကကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။

မည်သူမျှ ပြန်မဖြေပေမယ့် သူတို့၏အဖြေတွေကို သူတို့မျက်နှာမှာ ရေးထားသည်။

ဟုတ်တယ် ငါလက်မခံဘူး။

"မင်းတို့မှာ အင်အားကြီးတားမြစ်အပျက်အစီးတွေ၊ သာလွန်တဲ့စွမ်းရည်တွေရှိတာနဲ့ တောက်ပတဲ့အနာဂတ်တစ်ခုရမယ်လို့ မင်းတို့ထင်သလား။ ငါဒီမှာရပ်ပြီး မင်းတို့ကိုကြိမ်းမောင်းရတဲ့အကြောင်းရင်းက ငါက မင်းတို့ထက် စောစောမွေးလာပြီး နယ်ပယ်မြင့်တာကြောင့်လို့ မင်းတို့ထင်သလား။

ငါကမင်းတို့ကို အားနည်းပြီး နယ်ပယ်နိမ့်တယ်လို့ ပြောနိုင်ပေမယ့် ငါကမင်းတို့ကို အမှိုက်သရိုက်၊ အသုံးမဝင်တဲ့သူလို့ ပြောလိုမရဘူးထင်နေသလား။"

ယွမ်ကန်းသည် နှစ်ကြိမ်မျှသရော်ကာ "အဓိပ္ပါယ်မရှိဘူး။ ငါပြောတာလုံးဝမှန်တယ်။ မင်းတို့ရဲ့လက်ရှိနယ်ပယ်အရ မင်းတို့က 'ခဲ့လိုင်ယင်း' နယ်ပယ်ကို ရောက်ရှိသွားရင်တောင် မင်းတို့က အရှုံးသမားဖြစ်နေဦးမှာပဲ။ အဲဒီတကယ်သန်မာတဲ့လူတွေနဲ့ မင်းတို့တွေ့တဲ့အခါ လှုပ်ရှားမှုတစ်ခုတောင် ခံနိုင်မှာမဟုတ်ဘူး။

မင်းတို့ယုံလား မယုံဘူးလား။"

လူများစွာသည် အသက်ရှူကျပ်ကာ စင်မြင့်ပေါ်က ယွမ်ကန်းကိုစိုက်ကြည့်ရင်း သူတို့မျက်လုံးများက ဒေါသကြောင့်တောက်လောင်နေပုံရသည်။

"ကျွန်တော်မယုံဘူး"

ထိုအချိန်တွင် စစ်ဝတ်စုံကိုဖွင့်ထားပြီး စစ်ဦးထုပ်နောက်ပြန်ဆောင်းထားသည့် လူငယ်တစ်ဦးသည် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ပီကေကို ပါးစပ်ထဲတွင်ဝါးနေရင်း မျက်နှာမှာ စနောက်မှုပြည့်နေသည်။

"တပ်သားသစ် မင်းနာမည်ဘယ်လိုခေါ်လဲ"

"ရှန်ချင်းကျူ"

"ကောင်းပြီ။ လက်မခံတာဘယ်သူရှိသေးလဲ"

"ကျွန်တော်လည်း လက်မခံဘူး"

"ကျွန်တော်ရောပဲ"

"ကျွန်မရောပဲ"

"…"

ရှန်ချင်းကျူဦးဆောင်လိုက်ပြီး မကျေနပ်သူများက ပို၍များပြားလာကာ နောက်ဆုံးတွင် အဖွဲ့လုံး၏လူတစ်ဝက်လောက်က လက်မြှောက်ကြသည်။

အနောက်တန်းတွင် ပိုင်လီဖက်တီးက လင်ချီးယဲ့ကို တို့လိုက်သည်။

"ချီးယဲ့ မင်းကရော"

"ငါလား။ ငါလက်ခံတယ်"

"…ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ သူပြောတာမှန်တယ်လေ" လင်ချီးယဲ့၏စိတ်ထဲတွင် မိုးသည်းထန်စွာရွာနေသဖြင့် အရာအားလုံးကို သုတ်သင်ပစ်လိုက်ပြီး ပြိုင်ဘက်ကင်း တစ္ဆေမျက်နှာဘုရင်ပေါ်လာသည်။ ပြီးတော့ အမှောင်ထဲမှာ ရပ်နေပြီး သာလွန်သောဉာဏ်ရည်ဖြင့် အရာရာကိုလျှို့ဝှက်စီစဉ်ထားသည့် အမှတ် ၂ အထက်တန်းကျောင်းမှာ နန်ထော်မြွေမိစ္ဆာရှိသည်။

"သူတို့က လျှို့ဝှက်ဆန်းကြယ်နဲ့ ဘယ်တုန်းကမှ အဆက်အဆံမရှိခဲ့သလို အဲဒီသတ္တဝါတွေရဲ့တည်ရှိမှုက ဘာလဲဆိုတာ သူတို့မသိကြဘူး…" လင်ချီးယဲ့၏မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး "သူတို့သာ ငါတွေ့ခဲ့တဲ့လျှို့ဝှက်ဆန်းကြယ်နှစ်ယောက်နဲ့ တကယ်တွေ့ခဲ့မယ်ဆိုရင် ဒီလူ ၂၀၀ ကျော်မှာ အသက်ရှင်ကျန်ရစ်သူ ၁၀ ယောက်ထက်မပိုဘူးလို့ ငါအာမခံနိုင်တယ်။

ဒါတင်မက ဒီကမ္ဘာကြီးမှာ သေချာပေါက် ပိုသန်မာပြီး ပိုပြီးပုံမှန်မဟုတ်တဲ့ လျှို့ဝှက်ဆန်းကြယ်တည်ရှိမှုတွေရှိတယ်… ငါသာ အခု သူတို့နဲ့တွေ့ရင် ဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်ဘူး"

"မင်းက လျှို့ဝှက်ဆန်းကြယ်ကို မြင်ဖူးတာလား။ အစွမ်းထက်သလား"

"အရမ်းအစွမ်းထက်တယ်"

"ကောင်းပြီ။ မင်းလက်ခံတယ်ဆိုတော့ ငါလည်းလက်ခံတယ်" ပိုင်လီဖက်တီးက ဥပဒေမဲ့ဆိုလိုက်သည်။

စင်မြင့်ပေါ်တွင် ယွမ်ကန်း၏နှုတ်ခမ်းထောင့်က အနည်းငယ်မြင့်တက်လာပြီး ခေါင်းညိတ်ကာ ဆက်ပြောသည်။

"ကောင်းပြီ။ မင်းတို့ထဲကတော်တော်များများက လက်မခံတဲ့အတွက် မင်းတို့ဘယ်သူလဲဆိုတာ အသိအမှတ်ပြုဖို့ အခွင့်အရေးတစ်ခု ငါပေးမယ်"

သူပြောပြီးနောက် Walkie-talkie ကိုထုတ်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။ "ထွက်လာတော့"

တီး…

Walkie-talki အသံပိတ်သွားပြီးနောက် ယွမ်ကန်းသည် ကောင်းကင်ပြာကြီးကို မျှော်ကြည့်ရင်း တစ်ခုခုကို စောင့်နေသလိုပင်။

လေ့ကျင့်ရေးကွင်းထဲက အားလုံးသည် မျှော်ကြည့်သော်လည်း ဘာမှမတွေ့သဖြင့် ခဏစောင့်ပြီးနောက် စတင်တိုးတိုးလေးပြောကြသည်။

ရုတ်တရက် လူအုပ်ထဲရှိတစ်ယောက်က အော်လိုက်သည်။

"ကြည့်လိုက်။ တိမ်‌တွေပေါ်ကနေ တစ်ယောက်ယောက် ပြုတ်ကျလာပြီ"

လူတိုင်းက ရုတ်တရက် ခေါင်းမော့လိုက်ကြသည်။

လင်ချီးယဲ့သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

အပေါ်က အပြာရောင် ကောင်းကင်ကြီးတွင် အနက်ရောင်အစက်ခုနစ်စက်သည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး စက္ကန့်အနည်းငယ်ကြာတော့ သူတို့က လူခုနစ်ယောက်မှန်း အားလုံးသဘောပေါက်လိုက်သည်။

မီးခိုးရောင်ဝတ်ရုံ၊ အနက်ရောင်သေတ္တာများနှင့် မျက်နှာဖုံးအမျိုးမျိုးတပ်ဆင်ထားသော လူခုနစ်ယောက်ဖြစ်သည်။

သူတို့ခန္ဓာကိုယ်များတွင် အကာအကွယ်မပါဘဲ တိမ်တွေပေါ်ကနေ ပြုတ်ကျလာသည်။ သူတို့သည် လွတ်လွတ်လပ်လပ် ပြုတ်ကျလာပြီး လျင်မြန်သောအရှိန်ဖြင့် လေ့ကျင့်ရေးကွင်းဆီ ချဉ်းကပ်လာသည်။ လေပြင်းက သူတို့ဝတ်ရုံကို လွင့်ထုတ်နေသည်။

"လခွမ်း။ သူတို့က လေယာဉ်ပေါ်ကနေ ခုန်ချခဲ့တာလား။ သူတို့က လေထီးလည်းမပါဘူး။" လင်ချီးယဲ့ဘေးတွင်ရပ်နေသော ပိုင်လီဖက်တီးက အော်ဟစ်လိုက်သည်။

ထိတ်လန့်တုန်လှုပ်နေတာက ပိုင်လီဖက်တီးတင်မက အားလုံးလည်း အံ့အားသင့်သွားပြီး ဆူညံသံများ ပိုမိုကျယ်လောင်လာသည်။

စင်မြင့်ပေါ်တွင် ယွမ်ကန်းသည် သူ့နှာခေါင်းကိုထိပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ "ကောင်းလိုက်တဲ့နောက်လိုက်တွေ။ ငါဒီအတိုင်းပြောလိုက်တာကို သူတို့ကတကယ်ခုန်ချတယ်… ဒါကအရမ်းပရော်ဖယ်ရှင်နယ်ဆန်တာပဲ"

ကောင်းကင်ထက်တွင်။

အသွင်အပြင်ခုနစ်ခုသည် ပြင်းထန်စွာပြုတ်ကျနေပြီး အသတ်ခံမည့်ကြက်တစ်ကောင်၏အော်သံက လေထဲတွင် ပျံ့လွင့်နေကာ ရေဝဲမျက်နှာဖုံးဝတ်ထားသော အမျိုးသားသည် ခြေလက်များ တုန်ခါသွားခဲ့သည်။

"အား အား အား အား အား။

ကယ်ကြပါဦး။ အား အား အား အား အား။"

"ရွှမ်ဝေါ။ နင်တိတ်တိတ်နေလို့မရဘူးလား။ ငါနားပင်းတော့မယ်" နှင်းဆီမျက်နှာဖုံးဝတ်ထားသော အမျိုးသမီးက ကြိမ်းမောင်းသည်။

"ငါအမြင့်ကြောက်တယ်။ ချန်ဝေး အဲဒီမှာရပ်ပြီး မနာကျင်သလိုမပြောနဲ့။" ရွှမ်ဝေါ၏အသံပြာ‌နေသည်။ "ခေါင်းဆောင်။ အဲဒီလူ ယွမ်ကန်းက လေယာဉ်ပေါ်ကနေ ခုန်ချစေချင်တယ်ပြောတာနဲ့ တကယ်ခုန်ချရောလား။ ဘာလို့လဲ"

အောက်တွင် ဝမ်မျက်နှာဖုံးဝတ်ဆင်ထားသော အမျိုးသားသည် ပေါ့ပါးစွာ ပြောလိုက်၏။ "ဒီနှစ်လူသစ်တွေကို ခြောက်လန့်ဖို့ခက်တယ်လို့ ငါကြားထားတယ်။ နည်းပြယွမ်ကန်းက ငါတို့ကို အကူအညီတောင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။ ငါတို့ကူညီရမယ်"

"အား… ငါတို့ပြုတ်ကျပြီးသေရင် ဘယ်လိုလုပ်မလဲ"

"ငါဒီမှာရှိနေတာကို မင်းပြုတ်ကျပြီးမသေဘူး" သူ့ဘေးနားရှိ ချိန်ခွင်မျက်နှာဖုံးဝတ်ထားသော အမျိုးသားက မျက်ဆန်လှန်ပြသည်။

"မင်းကျွမ်းကျင်မှုရှိလား။ ငါ လတ်တလောကမှ နှစ်ပေါင်တက်ထားတာ။ မင်းငါ့ကိုကိုင်ထားနိုင်လား။"

"…ခေါင်းဆောင် ငါ ဒီကောင်ကို ပြုတ်ကျပြီးသေအောင် လွှတ်ထားလို့ရမလား"

"မရဘူး"

"…"

"အား အား အား အား အား…"

"ကောင်းပြီ တိတ်တိတ်နေတော့" ဝမ်မြန့်သည် အောက်ကိုကြည့်ပြီး ဆက်ပြောသည်။ "ငါတို့ဆင်းတော့မယ်။ ကျယ်လောင်တဲ့အော်သံကို သူတို့တွေကြားရင် အရမ်းရှက်စရာကောင်းတယ်"

"ဒါ… ဒါဆို ငါက တတ်နိုင်သမျှ တိတ်တိတ်လေးအော်ဖို့ ကြိုးစားပါ့မယ်…" ရွှမ်ဝေါက သူ့ပါးစပ်ကိုအုပ်လိုက်သည်။


သူတို့သည် မြေပြင်နှင့် နီးကပ်လာသည်နှင့်အမျှ တပ်သားသစ်များသည် နောက်ဆုံးတွင် သူတို့၏ဝတ်စုံများကို ရှင်းလင်းစွာမြင်လိုက်ရသည်။

"ဒါက [မျက်နှာဖုံး] လား"

"အထူးတပ်ဖွဲ့လေးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ [မျက်နှာဖုံး] လား"

"ဝိုး…"

လူခုနစ်ယောက် မြေပြင်ပေါ်သို့ ပြုတ်ကျတော့မှာကိုမြင်တော့ လူအုပ်ကြီးသည် ထိတ်လန့်တကြားကြည့်နေရင်း ချိန်ခွင်မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားသည် လက်နှစ်ချောင်းကို ဆန့်တန်းကာ ညင်သာစွာ ခါယမ်းလိုက်သည်...

လူခုနစ်ယောက်၏ ဆွဲငင်အားသည် တခဏချင်း ပျောက်ကွယ်သွားပြီး အမွေးအတောင်များကဲ့သို့ မြေပြင်ပေါ်ကို ညင်သာစွာ ဆင်းသက်လာကြသည်။

သူတို့၏ခြေချောင်းများသည် မြေပြင်ထက်တွင် အနည်းငယ်သာရှိ၍ ထိုနေရာတွင် မြဲမြံစွာရပ်နေကြရာ သူတို့၏မီးခိုးရောင်ဝတ်ရုံများသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေပြီး နေရောင်ထဲတွင် အမျိုးမျိုးသောမျက်နှာဖုံးခုနစ်ခုက ပြောင်လက်တောက်ပနေသည်။

ဝမ်မြန့်၏မျက်လုံးများသည် လူတိုင်း၏မျက်နှာကို လှည့်ပတ်ကြည့်၍ ပေါ့ပါးစွာပြောလိုက်သည်။ "အားလုံး မင်္ဂလာပါ။ ငါတို့က [မျက်နှာဖုံး] …"

ဝမ်မြန့်စကားမဆုံးခင် ရွှမ်ဝေါက ခြေထောက်များပျော့ခွေသွားသည်…

ဘုတ်ခနဲဖြင့် သူသည် တပ်သားသစ်များရှေ့တွင် ဒူးထောက်လိုက်သည်။

ရွှမ်ဝေါ: (?????)

မျက်နှာဖုံးလူများ: (▼ヘ▼#)!!

တပ်သားသစ်များ: (?????) ? !! ?

『TK: မျက်နှာဖုံးတပ်ဖွဲ့(ကျာမြန့်တပ်ဖွဲ့)
ခေါင်းဆောင် - ဝမ်မြန့် (ဝမ်မျက်နှာဖုံး)
ဒုခေါင်းဆောင် - ထျန်းဖျင် (ချိန်ခွင်မျက်နှာဖုံး)
အဖွဲ့ဝင် - ရွှမ်ဝေါ (ရေဝဲမျက်နှာဖုံး)
အဖွဲ့ဝင် - ချန်ဝေး (နှင်းဆီမျက်နှာဖုံး)
အဖွဲ့ဝင် - ယွဲ့ကွေ (လဝိညာဉ်)
ကျန်တဲ့အဖွဲ့ဝင်နှစ်ယောက်နာမည်ကတော့ ထန်ရှန်း(စန္ဒကူးပင်)နဲ့ ရှင်းဟန်(ကြယ်အမာရွက်) ဖြစ်ပါတယ်။
ကုဒ်နာမည်တွေကို ဝမ်မြန့်ကလွဲရင် သူတို့စွမ်းရည်နဲ့လိုက်အောင် ပေးထားပြီး မျက်နှာဖုံးကိုလည်း သူတို့စွမ်းရည်အတိုင်းတပ်ဆင်ထားတာပါ။』


TK Team (Chapter 73)