Chapter 72
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၇၂)


Chapter 72 (လေ့ကျင့်ရေးစပြီ)

လင်ချီးယဲ့ လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိလာပြီး နှစ်ရက်အကြာတွင် တပ်သားသစ်များက တဖြည်းဖြည်း များပြားလာပြီး မူလက ဗလာဖြစ်နေသော အိပ်ဆောင်အဆောက်အအုံသည် မသိလိုက်ဘဲ ပြည့်လုနီးပါးဖြစ်နေသည်။

သုံးရက်မြောက်သောနေ့ မနက်တွင် စင်္ကြံအပြင်ဘက်မှ အသံကြောင့် လင်ချီးယဲ့နိုးလာသည်။ သူသည် ထထိုင်ပြီး အိပ်ချင်နေသော မျက်လုံးများကို ပွတ်သပ်လိုက်သည်။

"ဟမ်။ ဖက်တီးက စောစောထတာလား" လင်ချီးယဲ့သည် သူ့ဘေးနားရှိ ဝက်ခြံနှင့်တူသော ကုတင်ကို ကြည့်ကာ ထိုနေရာတွင် တစ်ယောက်မှ မရှိတာကို တွေ့လိုက်ရသည်။ သူကအံ့သြစွာ မျက်ခုံးပင့်လိုက်သည်။

ဒီချမ်းသာတဲ့လူငယ်က တကယ့်ကို ကွဲပြားပုံပဲ။

နှစ်ရက်ကြာ ပေါင်းသင်းပြီးနောက် လင်ချီးယဲ့သည် ဒီပိုင်လီဖက်တီး၏အကြောင်းကို ပဏာမနားလည်လာခဲ့သည်။ တကယ်တော့ သူက မာနကြီးပြီး ကြီးစိုးတတ်သော လူချမ်းသာသားမျိုးမဟုတ်ပေ။ ယင်းအစား သူသည် သူ၏မိသားစုနောက်ခံကို ဖုံးကွယ်ကာ "သာမန်မိသားစု" မှဖြစ်ကြောင်း ဟန်ဆောင်ရန် ကြိုးစားနေပုံရသော်လည်း သူ၏သရုပ်ဆောင်စွမ်းရည်မှာ ညံ့ဖျင်းလွန်းလှသည်။

သူ၏ဗီဇက မဆိုးသော်လည်း နည်းနည်းတော့ တုံးအသည်။ ဒါက ပိုင်လီဖက်တီးကို လင်ချီးယဲ့၏ပဏာမအကဲဖြတ်ချက်ဖြစ်သည်။

လင်ချီးယဲ့က ဒါတွေကိုမကြောက်ပေ။ အတိုင်းအတာတစ်ခုထိတော့ သူ့အခန်းဖော်သည် မာနကြီးပြီး သူ့အပေါ် အမြဲတမ်း အပြစ်ရှာနေသူဖြစ်ရန်ပင် မျှော်လင့်ထားကာ သူ့ကို တရားမျှတစွာ ရိုက်နှက်ပြီးနောက် တစ်ခန်းလုံးကို သိမ်းပိုက်နိုင်သည်...

ဒါပေမယ့်… သူက အန္တရာယ်ကင်းတဲ့ ငတုံးဖက်တီးကောင်ဖြစ်နေတယ်။

ဒီငတုံးဖက်တီးကောင်က သူနှင့်ပေါင်းသင်းရတာကို နေ့တိုင်းပျော်ရွှင်နေပြီး ယခုကစပြီး သူ့ကိုလက်ဆောင်ပေးလေ့ရှိကာ အလွန်ယဉ်ကျေးစွာပြောဆိုပြီး လင်ချီးယဲ့သည် ဝါဂွမ်းအားထိုးနေရသလို ခံစားရသည်။

သူ့ကိုရိုက်နှက်ချင်ပေမယ့်… ငါမရိုက်နိုင်ဘူး။ ဒါပေမယ့် ငါသူ့ကိုမရိုက်နိုင်ဘူးဆိုရင်… 

ညဉ့်နက်သန်းခေါင်မှာ သူသည် သူ့ခြေထောက်ကို သူ့မျက်နှာပေါ် တိတ်တဆိတ် ထားလိုက်သောအခါ သူဘာမှမတတ်နိုင်ပေ။

စိတ်အနှောင့်အယှက်အဖြစ်စေဆုံးအချက်မှာ လင်ချီးယဲ့သည် အနံ့အသက်ဆိုးများနိုးလာပြီးနောက် ပိုင်လီဖက်တီးသည် သူ၏မျက်လုံးများကို ရိုးရိုးသားသားကြည့်ကာ မျှော်လင့်ချက်ကခုနှစ်ပုံနှင့် ရှက်ရွံ့နေတာသုံးပုံဖြင့် ပြောလာသည်။

"ချီးယဲ့ မင်း ငါ့ခြေထောက်အနံ့ကောင်းသလားဆိုတာ မဖြေရသေးဘူး"

လင်ချီးယဲ့လက်ထဲမှာဓားမရှိတာ ကံကောင်းသည်။ မဟုတ်ပါက ဒီဖက်တီးသည် နောက်နေ့နေထွက်တာကို ဘယ်တော့မှ မြင်ရမည်မဟုတ်ချေ။

လင်ချီးယဲ့သည် ခန္ဓာကိုယ်ကိုဆန့်ကာ ပါးစပ်ထဲကို သွားပွတ်တံထည့်ပြီး မျက်နှာသစ်ရန် ရေပူခွက်အလွတ်ကို ယူလိုက်သည်။

သူတံခါးကိုဖွင့်လိုက်သည်နှင့် ဆန့်ကျင်ဘက်အိပ်ဆောင်အဆောင်တစ်ဝိုက်မှာ လူအုပ်ကြီးစုဝေးနေတာကို သူမြင်လိုက်ရသည်။ လူအုပ်ထဲတွင် တစ်ကိုယ်လုံး ကျောက်မျက်ရတနာများ ကိုင်ဆောင်ထားသော ဖက်တီးတစ်ယောက်သည် သူ၏အသံထိပ်ဖြင့် အော်ဟစ်နေသည်။

"ရဲဘော်ရဲဘက်တို့။ ငါ့ဇာတိမြို့ကနေ မင်းတို့အတွက် ထူးခြားတဲ့ပစ္စည်းတချို့ယူလာခဲ့တယ်။ မင်းတို့ကြိုက်မယ်လို့မျှော်လင့်ပါတယ်။ နောက်နှစ်အထိ မင်းတို့ငါ့က်ု အများကြီးဂရုစိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဟေ့ ဟိုနေရာကညီအစ်ကိုတို့ မလုကြနဲ့ မလုကြနဲ့။ လူတိုင်းအတွက်ရှိတယ်"

ပိုင်လီဖက်တီးသည် မတူညီသောနာမည်နာရီများ တစ်ဒါဇင်ကျော်ကို သူ့လက်မောင်းတစ်ဝိုက်တွင် ရစ်ပတ်ထားတာကို မြှောက်ပြပြီး သူ့လက်ကို မံမီကဲ့သို့ ရစ်ပတ်ထားကာ အလွန်လက်ဖွာလွန်းသည်။

သူတို့ပတ်ဝန်းကျင်မှာ တပ်သားသစ်များက ရုတ်တရတ် တုန်လှုပ်သွားကြသည်။

"ငါ့ကိုအထင်မလွဲပါနဲ့။ ငါက သခင်လေးမဟုတ်ပါဘူး။ ငါက သာမန်မိသားစုက ကလေးတစ်ယောက်ပါ။ ငါမင်းတို့နဲ့ ပေါင်းချင်ရုံပါ…"

—— တောက်

ရှုပ်ယှက်ခတ်နေသော တစ်ဖက်ကအဆောက်အအုံကိုကြည့်ရင်း လင်ချီးယဲ့ကို သူ့ပါးစပ်ကို ထိတ်လန့်စွာ ကျယ်ကျယ်ဖွင့်လိုက်ပြီး သူ့ပါးစပ်ထဲက သွားပွတ်တံက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

"ဒီဖက်တီးကောင်က… ဘာနောက်ခံလဲ" သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ထိုလူချမ်းသာများတောင် ဒီလောက်မချမ်းသာဘူးမလား။ စစ်တန်းလျားတပ်သားသစ်တစ်ခုလုံးတွင် တပ်သားသစ် ၂၀၀ ကျော်ရှိပြီး တစ်ယောက်စီအတွက် နာမည်ကြီးနာရီတစ်လုံးလား။ ဒါက ပိုက်ဆံကို လွင့်ပစ်နေတာပဲ။

သို့သော် အဆောက်အအုံတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည့်တိုင် လူအုပ်ထဲမှ တချို့သည် မလှုပ်မယှက် ဖြစ်နေကြသည်။

တစ်ထပ်တည်းရှိ စင်္ကြံနံဘေးတွင် ဆယ်ကျော်သက်တစ်ယောက်သည် နံရံကို မှီ၍ သူတို့ကို ဂရုမစိုက်ဟန် ကြည့်နေတာကို လင်ချီးယဲ့ သတိပြုမိသည်။
 
သူသည် တခြားကမ္ဘာတစ်ခုတွင် ရပ်နေသကဲ့သို့ သူ့ရှေ့တွင် မမြင်နိုင်သော နံရံတစ်ခုရှိနေသကဲ့သို့ ဆူညံသံများအားလုံးကို သီးခြားခွဲထုတ်ကာ သူ့မျက်လုံးများသည် ရေကဲ့သို့ ငြိမ်သက်နေပြီး လူတို့အား သဟဇာတမဖြစ်စေသော ခံစားချက်ကိုပေးကာ ထိုနေရာတွင် ရပ်နေသည်။

မိန်းကလေးအဆောင်၏ ညာဘက်ခြမ်းက စင်္ကြံတွင် ဆံပင်ရှည်ရှည် မိန်းကလေးတစ်ယောက်လည်း မတ်တတ်ရပ်နေပြီး လူအုပ်ထဲက ပိုင်လီဖက်တီးကို စောင်း၍ကြည့်နေကာ သူမမျက်လုံးများက အထင်သေးမှုပြည့်နေသည်။

သူပို၍လေ့လာလေလေ အမှောင်ထဲတွင် ပုန်းနေပြီး ဒီရုပ်ပျက်ဆင်းပျက်အဖြစ်ကို လေ့လာနေသော လူအနည်းငယ်မျှသာရှိသည်ကို လင်ချီးယဲ့ပို၍တွေ့ရှိလာသည်။ တချို့က လျစ်လျူရှုသည့်အမူအရာ၊ တချို့က နောက်ပြောင်သည့်အမူအရာ၊ တချို့က အထင်းသေးသည့်အမူအရာရှိကြပြီး တချို့က လှုပ်ရှားရန်အဆင်သင့်ဖြစ်နေကြသည်...

ပိုင်လီဖက်တီး၏ လှုပ်ရှားမှုသည် တပ်သားသစ်အဆောင်ရှိ လေထုကို မီးမွှေးနေချိန်တွင် အမှောင်ထဲတွင်လည်း လင်ချီးယဲ့၏မျက်လုံးများထဲမှာ လျှို့ဝှက်ရုပ်သွင်ပေါ်လာခဲ့သည်။

ထို့အတူ လင်ချီးယဲ့က သူတို့ကို သတိပြုမိသောအခါ သူတို့ကလည်း အချင်းချင်း သတိပြုမိကြသည်။

ဤအခိုက်အတန့်တွင် နည်းပြဟုန်နှင့် တခြားနည်းပြအများအပြားသည် သတ်ဖြတ်ခြင်းရည်ရွယ်ချက်ဖြင့် အိပ်ဆောင်ဧရိယာထဲသို့ လျှောက်သွားကာ ဆူညံနေသောအိပ်ဆောင်ကို မော့ကြည့်ပြီး ကြိမ်းမောင်းလိုက်သည်။

"မင်းတို့ဘာလုပ်နေတာလဲ။

ဒါက ဈေးလား။ ဟမ်"

မင်းတို့အတွက် ကပြဖို့ အဖော်အချွတ်မယ်တွေကိုပါ ငါဖိတ်ပေးရဦးမှာလား"

အိပ်ဆောင်အဆောက်အအုံများကြားတွင် ကြိမ်းမောင်းသံများစွာ ပဲ့တင်ထပ်နေသဖြင့် ပိုင်လီဖက်တီးအနီးတွင် စုရုံးနေသော တပ်သားသစ်များသည် ပြန့်ကျဲသွားကာ သူ့လက်မောင်းတွင် နာရီများပြည့်နေသော ပိုင်လီဖက်တီးသာကျန်တော့ပြီး ငြိမ်သက်စွာငုံ့ကြည့်ကာ မြေပြင်ပေါ်တွင် တိတ်တဆိတ်လဲလျောင်းရင်း သူ့ကိုယ်သူတီးတိုးရေရွတ်နေခဲ့သည်။

"ငါ့ကိုမမြင်ဘူး ငါ့ကိုမမြင်ဘူး ငါ့ကိုမမြင်ဘူး…"

နည်းပြဟုန်၏နှုတ်ခမ်းထောင့်က အနည်းငယ် လှုပ်ယမ်းသွားပြီး မျက်နှာထားတည့်တည့်ဖြင့် ဆက်၍အော်သည်။

"လေ့ကျင့်ရေး တရားဝင်မစသေးလို့ မင်းတို့မဆင်မခြင်ပြုမူလို့ရမယ်မထင်နဲ့။ ငါမင်းတို့ကိုပြောလိုက်မယ် မင်းတို့ ဒီတံခါးထဲကိုဝင်လာတာနဲ့ မင်းတို့က စစ်သားတွေပဲ။

စစ်သားတွေဆိုတာ စည်းကမ်းလိုက်နာရမယ်။

ဒါက ပထမဆုံးအကြိမ်မလို့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ်ဆိုရင် ဘယ်သူက ရုန်းရင်းဆန်ခတ်ဖြစ်အောင်ပြုလုပ်ပြီး ပြဿနာရှာနေတယ်ဆိုတာ ငါလိုက်ရှာမယ်။ မင်းတို့ကို ငါသေလောက်အောင် လေ့ကျင့်ပေးမယ်"

နည်းပြဟုန်က ကျယ်လောင်စွာအော်လိုက်သည်။ "နားလည်လား"

"နားလည်ပါတယ်" အိပ်ဆောင်အဆောက်အအုံသုံးခုမှ အသံများထွက်ပေါ်လာသည်။

နည်းပြဟုန်၏ မျက်လုံးများသည် အိပ်ဆောင်အဆောက်အအုံသုံးခုကို ဓားကဲ့သို့ ဝှေ့ကြည့်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။

"ဒီနေ့ နေ့လယ် ၂ နာရီ လေ့ကျင့်ရေးကွင်းမှာ အားလုံးစုကြမယ်"

ပြောပြီးနောက် သူသည် တခြားနည်းပြများစွာနှင့်အတူ အိပ်ဆောင်မှ လှည့်ထွက်လာခဲ့သည်။

ပိုင်လီဖက်တီးသည် စင်္ကြံအပေါက်မှ ငုံ့ကြည့်ကာ အလျင်အမြန်ထရပ်ပြီး သူ့လက်မောင်းပေါ်က နာရီများဖြင့် လင်ချီးယဲ့ဘေးသို့ ပြေးသွားခဲ့သည်။

"ငါကြောက်လို့သေတော့မယ်… ငါမြန်မြန်ပုန်းနေလိုက်တာ ကံကောင်းသွားတယ်။ မဟုတ်ရင် သူတို့ငါ့ကိုရှာတွေ့သွားမှာ" ပိုင်လီဖက်တီးသည် သူ့နှလုံးကိုထိပြီး ကြောက်ရွံ့စွာပြောသည်။

လင်ချီးယဲ့: "…"

"အိုင်းယား ကျန်တဲ့လက်ဆောင်တွေကို ပေးလို့ရမှာမဟုတ်တော့ဘူးထင်တယ်" ပိုင်လီဖက်တီးသည် သူ့လက်ထဲက နာရီများကို ငုံ့ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"မင်း လက်ဆောင်ပေးတာကို ဘာကြောင့် အရမ်းစွဲလန်းနေတာလဲ" လင်ချီးယဲ့က မနေနိုင်ဘဲ မေးလိုက်သည်။

"လက်ဆောင်မပေးရင် တခြားသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်နိုင်မှာလဲ" ပိုင်လီဖက်တီးက သဘာဝအတိုင်းဆိုသည်။ "ငါ့အဖေကပြောဖူးတယ် ဒီကမ္ဘာပေါ်မှာ အရေးဆုံးကြီးက လူသားဆက်ဆံရေးနဲ့ လောကီအသိပညာပဲတဲ့…"

"…" လင်ချီးယဲ့သည် မျက်ဆန်လှန်ပြီး "လူသားဆက်ဆံရေးနဲ့ လောကီအသိပညာသာ ဒီကမ္ဘာမှာရှိရင် လူ့အဖွဲ့အစည်းတစ်ခုလုံး သေသွားပြီ"

ထိုစကားကိုပြောပြီးနောက် ပိုင်လီဖက်တီး နားလည်သလား နားမလည်သလားဆိုတာ သူဂရုမစိုက်ဘဲ သူ့သွားပွတ်တံကို ကောက်ယူပြီး ရေပူခန်းကို ဆက်လျှောက်သွားခဲ့သည်။

ပိုင်လီဖက်တီးသည် နေရာတွင်ကျန်နေခဲ့ပြီး ကြောင်တောင်တောင် ခေါင်းကုတ်နေလိုက်သည်။


နေ့လယ်တွင်။

လင်ချီးယဲ့သည် ထောက်ပံ့ရေးရုံမှ သူရရှိသော စစ်ဝတ်စုံကိုပြောင်းလဲပြီး လေ့ကျင့်ရေးကွင်းသို့ တည့်တည့်လျှောက်လာခဲ့သည်။

ပိုင်လီဖက်တီးသည် သူ့တင်ပါးကို ဘောင်းဘီထဲထည့်ရန် ကြိုးစားနေရင်း လင်ချီးယဲ့နောက်ကို အလျင်အမြန်လိုက်ကာ ရံဖန်ရံခါ အော်ဟစ်နေသည်။ "ချီးယဲ့ ငါ့ကိုစောင့်ဦး"

လူနှစ်ယောက်သည် လေ့ကျင့်ရေးကွင်းကို ရောက်သောအခါ ကွင်းထဲတွင် လူများသည် အခြေခံအားဖြင့် ရောက်လာကြပေမယ့် ဖွဲ့စည်းမှုမရှိသေးချေ။ အားလုံးသည် ကြုံသလို မတ်တတ်ရပ်နေပြီး အရပ်၊ အလေးချိန်နှင့် အရွယ်အစားက မညီမျှပေ။

ကိုယ်ခံပညာစင်မြင့်တွင် နည်းပြ ၂၀ ကျော်သည် ‌ခေါင်းမော့ရင်ကော့ပြီး သပ်သပ်ရပ်ရပ် တန်းစီရပ်နေကာ သူတို့ခန္ဓာကိုယ်များက ထင်းရှူးပင်များကဲ့သို့ ဖြောင့်စင်းနေသည်။

အရှေ့မှာရပ်နေသော ခေါင်းဆောင်နည်းပြယွမ်ကန်းသည် အောက်ကရှုပ်ယှက်ခတ်နေသောလူအုပ်ကို ငုံ့ကြည့်ရင်း သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်...

TK Team (Chapter 72)