Volume 1 (သေမျိုးနယ်မြေ ၀၇၁)
Chapter 71 (ပိုင်လီဖက်တီး)
ဖက်တီးလေး၏နောက်မှ သက်တော်စောင့်များသည် လက်ဆောင်သေတ္တာများကို လင်ချီးယဲ့၏ကုတင်ပေါ်တွင် သပ်သပ်ရပ်ရပ်ထားကာ သူတို့သခင်လေးနောက်တွင် ရှည်လျားစွာတန်းစီနေလေသည်။
"ကျစ် မင်းတို့ ဒီမှာ ဘာလို့ရပ်နေတာလဲ။ ဒါက တပ်သားသစ်တွေအတွက် လေ့ကျင့်ရေးစခန်းလေ။ ငါ့အိမ်ရောက်နေတယ်ထင်နေတာလား" ဖက်တီးလေးသည် သူ့လက်ကို စိတ်မရှည်ဟန် ဝှေ့ယမ်းပြီး "သွားတော့ သွားတော့ ငါ့ဆီကနေသွားကြတော့။ ငါ သခင်လေးရဲ့အခန်းဖော်က ငါတခြားသူတွေကို အနိုင်ကျင့်ရတာကြိုက်တယ်ဆိုတဲ့ သဘောထားမျိုးမထားခဲ့နဲ့"
သက်တော်စောင့်တွေက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နောက်ဆုံးတော့ ရွေးချယ်စရာမရှိဘဲ ထွက်သွားကြသည်။
ဖက်တီလေးသည် တောင်လိုပုံနေသောလက်ဆောင်ဘေးမှာ တစ်ယောက်တည်းထိုင်နေပြီး သူ့အဝတ်အစားများကိုငုံ့ကြည့်ကာ သူ့လည်ချောင်းကိုရှင်းပြီး တံခါးဝမှာ မတ်မတ်ထိုင်နေသည်။
လင်ချီးယဲ့သည် ခေါင်းကုတ်ကာ လက်ရှိအခြေအနေက သူ့ကိုနားမလည်လောက်အောင် စိတ်ရှုပ်သွားစေသည်…
ခဏလောက်စဉ်းစားပြီးနောက် သူက သူ့အိမ်ဆောင်ဆီသို့ ဖြည်းညှင်းစွာလျှောက်လာသည်။
စင်္ကြံလွတ်တွင် လင်ချီးယဲ့အသွင်အပြင်ပေါ်လာသောအခါ ဖက်တီလေး၏ မျက်လုံးများ ရုတ်တရက်တောက်ပလာသည်။ သူသည် ရုတ်တရက် မတ်တတ်ထရပ်ကာ ဖြူစင်သပ်ရပ်သောသွားများပြသပြီး ကွင်းထိုးဖိနပ်တစ်ရံကိုစီးကာ ပြုံးလျက် လင်ချီးယဲ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
လင်ချီးယဲ့၏အမူအရာက ထူးဆန်းလာသည်။ ဖက်တီးလေး၏ထူးဆန်းသောအကြည့်အောက်တွင် လမ်းလျှောက်ရမှာပင် သူရှက်ရွံ့လာသည်။
နောက်ဆုံးတွင် လင်ချီးယဲ့သည် အိပ်ဆောင်တံခါးဆီသို့ လျှောက်သွားသည်။
"ဒါက…"
"မင်္ဂလာပါ ငါ့နာမည်က ပိုင်လီထူမင်ပါ။ ဒီနာမည်က နည်းနည်းတော့ခေါ်ရထောက်တယ်ဆိုတာ ငါသိပါတယ်။ မင်းငါ့ကို ထူမင် ဒါမှမဟုတ် ဖက်တီးလို့ခေါ်နိုင်တယ်"
လင်ချီးယဲ့မတုံ့ပြန်ခင် ဖက်တီလေးက ရုတ်တရက် ဦးညွတ်လာကာ လင်ချီးယဲ့သည် ထိတ်လန့်ပြီး ခြေလှမ်းနှစ်လှမ်းမျှပင် နောက်ပြန်ဆုတ်သွားသည်။
"ငါတို့တွေသူငယ်ချင်းတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လာမယ့်နှစ်မှာ ငါ့ကို အကြံဉာဏ်လေးပိုပေးပါဦး"
ဤစစ်ဆင်ရေးလှိုင်းလုံးသည် လင်ချီးယဲ့ကို ဘာမှမလုပ်နိုင်အောင် ဖြစ်စေခဲ့သည်။
"အဟွတ်… ဒါက… ပိုင်လီ… ပိုင်လီ…" လင်ချီးယဲ့သည် ခဏလောက်စဉ်းစားပြီး သူ့နောက်ဆုံးနာမည်နှစ်လုံးက ဘယ်လိုခေါ်သလဲဆိုတာ မေ့သွားပုံရပြီး 'ဖက်တီး' ဆိုတာကိုပဲ သတိရတော့သည်။
"ပိုင်လီ… ဖက်တီးအခန်းဖော် အရမ်းမယဉ်ကျေးပါနဲ့…"
ဖက်တီးလေးသည် ပိုင်လီဖက်တီးဆိုသောနာမည်ကို အလွန်သဘောကျသလို သူ့မျက်လုံးများ တောက်ပလာပြန်သည်။ "ငါမင်းရဲ့နာမည်ကို မမေးရသေးဘူး…"
"အိုး ငါ့နာမည်က လင်ချီးယဲ့ပါ…"
"ညီအစ်ကိုချီးယဲ့ ငါ့ဇာတိမြို့ကနေ မင်းအတွက် အထူးပစ္စည်းတချို့ယူလာခဲ့တယ်။ အဲဒါတွေက တန်ဖိုးကြီးတာတွေတော့မဟုတ်ပါဘူး။ မင်းကြိုက်မယ်လို့ ငါမျှော်လင့်ပါတယ်" သူသည် ပြုံးပြီး သူ့နောက်က လက်ဆောင်ဘူးများကို တစ်ခုပြီးတစ်ခု လင်ချီးယဲ့အားပေးလိုက်သည်။
လင်ချီးယဲ့သည် စိတ်စွမ်းအားဖြင့်ကြည့်လိုက်ရာ သူ့အမူအရာက ရုတ်တရက် အံ့ဩသွားသည်။
"ဒါက… Rolex တစ်ဘူးလား" လင်ချီးယဲ့က မှင်တက်သွား၏။
ဖက်တီလေး၏လက်ထဲက လက်ဆောင်ဘူးထဲတွင် Rolex နာရီ ၁၂ လုံးကို သေသေသပ်သပ်စီရီထားကာ Green Water Ghost၊ Explorer၊ Greenwich… စသည်ဖြင့် စတိုင်အမျိုးမျိုးပါသည်။ လင်ချီးယဲ့သည် ပိတ်ရက်များတွင် မဂ္ဂဇင်းများစွာ မဖတ်ခဲ့ပါက ယခုအခါ သူတို့ထဲကတချို့ကို သူမှတ်မိနိုင်မည်မဟုတ်ပေ။
တစ်ဘူးထဲတွင် Rolex ၁၂ လုံးကိုထည့်ထားကာ အနီရောင် Fuji ပန်းသီးလက်ဆောင်တိုက်ကဲ့သို့ အနည်းငယ်အာရုံရသည်။
"ဘာလဲ။ ညီအစ်ကိုချီးယဲ့က Rolex မကြိုက်ဘူးလား" ဖက်တီးလေးသည် ထိတ်လန့်သွားကာ Rolex လက်ဆောင်ဘူးကို ဘေးဖယ်ထားပြီး တခြားဘူးကိုယူလိုက်သည်။ "Patek Philippe ရောဘယ်လိုလဲ။ Cartier၊ Bucherer လည်းရှိတယ်…
အစတုန်းက ညီအစ်ကိုချီးယဲ့ကို ငါတခြားတစ်ခုခုပေးချင်ပေမယ့် ဒီလေ့ကျင့်ရေးစခန်းမှာ ပစ္စည်းအများစုက အသုံးပြုလို့မရတာကြောင့် နာရီကသာ အသင့်တော်ဆုံးပဲ"
လင်ချီးယဲ့၏လက်မောင်းများထဲတွင် လက်ဆောင်ဘူးများ ပို၍များပြားလာသည်။ အချိန်အတော်ကြာပြီးနောက် သူ့ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"ပိုင်လီဖက်တီး မင်းမိသားစုက… နာရီလုပ်ငန်းလုပ်တာလား"
"မဟုတ်ပါဘူး ငါတို့မိသားစုက လုပ်ငန်းအမျိုးမျိုးမှာ ပါဝင်ပတ်သတ်နေတယ်" ပိုင်လီဖက်တီးသည် ရယ်မောကာ "ဒါပေမယ့် အတွေးမလွန်နဲ့နော်။ ငါက သာမန်မိသားစုက ကလေးတစ်ယောက်ပါ မြင့်မြတ်တဲ့မိသားစုက သားမဟုတ်ဘူး။ ငါက အရမ်းဖော်ရွေတာ… အာ မဟုတ်ဘူး ငါက အရမ်းကျိုးကြောင်းဆင်ခြင်တတ်တာ…"
ငါမင်းကိုယုံပါတယ် ငတုံးရယ်…
လင်ချီးယဲ့သည် တိတ်တဆိတ် မျက်ဆန်လှန်လိုက်ပြီး သူ့လက်ထဲကလက်ဆောက်ဘူးကို ဘေးဖယ်လိုက်သည်။ "ဒါတွေကို ငါမလိုချင်ဘူး"
"ဘာလို့လဲ" ပိုင်လီဖက်တီးက စိုးရိမ်သွားသည်။ "မင်းလက်ခံလိုက်ပါ။ ဘာပဲပြောပြောက ဒါကတန်ဖိုးမရှိဘူးဆိုပေမယ့် နှုတ်ဆက်လက်ဆောင်လေ…"
"ငါက လက်ဆောင်လက်ခံရတာကို မကြိုက်ဘူး"
"ဒါဆို ဒါဆို ငါ…" ပိုင်လီဖက်တီးသည် လင်ချီးယဲ့ကို ကြည့်ပြီးနောက် သူ့လက်ထဲက လက်ဆောက်ဘူးကို ကြည့်ရင်း စိုးရိမ်သောကချွေတွေထွက်လာသည်။
လင်ချီးယဲ့သည် သူ့ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ "မင်း အဲဒါကို အရင်သိမ်းထားလိုက်ပါ။ ငါလိုချင်တဲ့တစ်နေ့ကျရင် မင်းငါ့ကိုပေးလို့ရတယ်"
"ဒါဆို… ကောင်းပြီ" ပိုင်လီဖက်တီးသည် လက်ဆောင်ဘူးကို လေးနက်စွာ ဖယ်ထားလိုက်ပြီး သူ့ခရီးဆောင်သေတ္တာကို ဖြည်းညှင်းစွာဖွင့်ကာ စောင်နှင့် အိပ်ရာခင်းများကို ကုတင်များပေါ် ပစ်တင်လိုက်သည်။
ထို့နောက် သူ့ခြေထောက်များကိုဆန့်ရင်း လဲချလိုက်သည်။
လင်ချီးယဲ့၏နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားသည်။ "မင်းဘာလုပ်နေတာလဲ"
"အိပ်နေတာ" ပိုင်လီဖက်တီးသည် ဘောလုံးတစ်လုံးလို ကြေမွနေသော အမည်မသိအထည်ကို ပုတ်လိုက်သည်။ "ကုတင်က ကောင်းပြီး အိပ်ရာတာ… အရမ်းသက်သောင့်သက်သာရှိတယ်"
လင်ချီးယဲ့: "…"
လင်ချီးယဲ့သည် စပ်စုတတ်သူမဟုတ်ဘဲ ဤဖက်တီလေးက သူ့ကိုမည်သို့ပင်ကြည့်နေပါစေ သံသယရှိပုံပေါက်နေပြီး သူသည် ပြဿနာမဖြစ်လိုသောကြောင့် သူ့မျက်လုံးများကိုမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေသည်။
ခဏအကြာတွင် ပိုင်လီဖက်တီးသည် တိတ်တဆိတ်ထပြီး ညင်သာစွာခေါ်လိုက်သည်။ "ညီအစ်ကိုချီးယဲ့… ချီးယဲ့…"
လင်ချီးယဲ့သည် မျက်လုံးများကိုမှိတ်ထားပြီး လှုပ်ရှားခြင်းမရှိပေ။
ပိုင်လီဖက်တီးသည် ဂရုတစိုက်မတ်တတ်ရပ်ကာ ဗီရိုဘေးသို့ ခြေဖျားထောက်၍သွားပြီး စတင်လှန်လှောနေသည်။
ဒီဖက်တီးကောငိ ဘာလုပ်ချင်နေတာလဲ…
လင်ချီးယဲ့သည် မျက်လုံးများမှိတ်ပြီး သူ့စိတ်အာရုံခံစားမှုဖြင့် ပိုင်လီဖက်တီး၏လှုပ်ရှားမှုတိုင်းကို အာရုံခံရန် ဆက်လက်အသုံးပြုခဲ့သည်။
ခဏအကြာတွင် ပိုင်လီဖက်တီးသည် ပြန်ယူထားသော လက်ဆောင်ဘူးကိုကိုင်ဆောင်ကာ လင်ချီးယဲ့၏အိပ်ရာသို့ရွှေ့ပြီး လင်ချီးယဲ့၏အိပ်ရာအောက်တွင် လက်ဆောင်ဘူးကို တိတ်တဆိတ် တစ်ဘူးပြီးတစ်ဘူးထည့်လိုက်သည်…
လင်ချီးယဲ့: "…"
ဒီဖက်တီးလေးက… ဇွဲကောင်းပါလား။
လင်ချီးယဲ့သည် သူ့စိတ်ထဲတွင် မကောင်းသည့်အတွေးပေါ်လာကာ ရုတ်တရက် သူ့မျက်လုံးကိုဖွင့်ပြီး သူ့ဘေးနားက ပိုင်လီဖက်တီးကိုကြည့်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
ပိုင်လီဖက်တီးသည် ထိတ်လန့်ပြီး မြေပြင်ပေါ်မှာထိုင်ချလိုက်ကာ လင်ချီးယဲ့၏မျက်လုံးများကို ကြောက်လန့်တကြားကြည့်နေရင်း သူ၏ဉာဏ်သိပ်မကောင်းသောဦးနှောက်က အပြင်းအထန်လှည့်ပတ်နေသည်…
ထို့ကြောင့် သူသည် လင်ချီးယဲ့၏ခြေထောက်ဆီသို့ တောင့်တင်းစွာရောက်လာကာ…
အနံ့ခံရင်း…
"ချီးယဲ့ မင်းခြေထောက်က တကယ်အနံ့ကောင်းတယ်"
လင်ချီးယဲ့: "…"
လင်ချီးယဲ့သည် လုံးဝအံ့အားသင့်သွား၏။ သူသည် ဉာဏ်ကောင်းသူဖြစ်သော်လည်း ဒီစကားကို သူမည်သို့ပြန်ပြောရမည်ကို မစဉ်းစားနိုင်ပေ။
ဒါက ဘယ်လိုမျိုးစိတ်လဲ။
လင်ချီးယဲ့သညိ နေရာတွင် အေးခဲနေတာကိုမြင်တော့ ပိုင်လီဖက်တီးသည် ခဏလောက်တုံ့ဆိုင်းသွားပြီး လင်ချီးယဲ့ရှေ့မှာ သူ့ခြေထောက်ကိုဆန့်ထုတ်လိုက်ကာ
ဂရုတစိုက် မေးလိုက်သည်။
"မင်းလည်း… ငါ့အနံ့ခံကြည့်ပါလား"
လင်ချီးယဲ့၏သတ်ဖြတ်ခြင်းရည်ရွယ်ချက်က တဖြည်းဖြည်းမြင့်တက်လာသည်…
…
အဝေးက တခြားအဆောက်အအုံတွင်
နည်းပြယွမ်ကန်းသည် သူ့လက်ထဲကမှန်ပြောင်းကို တိတ်တဆိတ်ချလိုက်ပြီး သူ့မျက်နှာတွင် အံ့အားသင့်နေသောအမူအရာရှိနေသည်။
သူသည် နည်းပြဟုန်ကို လှည့်ကြည့်လိုက်ပြီး အချင်းချင်း ခြေထောက်အနံ့ခံနေသည့် လူနှစ်ယောက်ကို ညွှန်ပြရင်း ထေ့ငေါ့သံဖြင့် ပြောလိုက်သည်။
"ဒါက မင်းပြောတဲ့…
အန္တရာယ်ရှိတဲ့လူ နှစ်ယောက်လား။"
နည်းပြဟုန်: (????)
"မဟုတ်ဘူး…" နည်းပြဟုန်သည် သူ့နားထင်ကိုပွတ်သပ်ရင်း "ဒါက မဟုတ်သေးဘူး။
တစ်ယောက်က စိတ်ကြီးဝင်တဲ့ ကောင်းကင်တမန်တော်ကိုယ်စားလှယ်ဖြစ်ပြီး တခြားတစ်ယောက်က အလိုလိုက်ခံထားရတဲ့ ပိုင်လီအုပ်စုရဲ့သခင်လေးပါ…
ဒီလူနှစ်ယောက်က တူညီတဲ့အမိုးအောက်မှာနေနေတာ ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ။
ဒါပေမယ့်…
သူတို့တွေ ဘယ်လိုလုပ်…"
ယွမ်ကန်းသည် သူ့ပခုံးကိုပုတ်ပြီး အလေးအနက်ပြောလိုက်သည်။ "ဟုန်ဟောက်… မင်း လူတစ်ယောက်ကို သိချင်ရင် သူတို့ရဲ့အထောက်အထားနဲ့ သူတို့ရဲ့နောက်ခံကိုပဲ အာရုံစိုက်လို့မရဘူး…
ဒီကမ္ဘာပေါ်မှာ တူညီတဲ့မိသားစုနောက်ခံရှိသူတွေ မရေမတွက်နိုင်အောင်ရှိနိုင်ပေမယ့် လူသောင်းနဲ့ချီတဲ့ စရိုက်လက္ခဏာနဲ့ ပင်ကိုယ်စရိုက်တွေရှိတယ်"
ယွမ်ကန်းပြောပြီးနောက် သူလှည့်ထွက်သွားသည်။
သူသည် နည်းပြဟုန်၏အမြင်အာရုံမှ လုံးဝပျောက်ကွယ်သွားသောအခါ ယွမ်ကန်းသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာရယ်မောလိုက်သည်။
"စိတ်ဝင်စားစရာပဲ…"
TK Team (Chapter 71)