🤒အခန်း ၁၁၂
"ခင်ဗျားကရော.."
ကျူးရှို့ရှန်း ဆွံ့အသွားခဲ့လေသည်။
ကျူးထုန်ကလည်းပြန်လည်ပြီးမေးခွန်းထုတ်ခဲ့သည်။
"ခင်ဗျားက ကျွန်တော့်ကို လက်ထပ်ပွဲအတွက် ပစ္စည်းတစ်ခုလိုအသုံးချခဲ့တယ်၊ ခင်ဗျားလည်းကျန်းမိသားစုကိုအသုံးချပြီး အမြင့်ကိုတက်ဖို့ကြိုးစားခဲ့တာပဲမဟုတ်ဘူးလား၊ ခင်ဗျားက သူများတွေထက်မြင့်မြတ်နေလို့လား၊ ခင်ဗျားက အမြော်အမြင်ကြီးတဲ့အဘိုးရဲ့အကူအညီကိုငြင်းခဲ့တယ်၊ ခင်ဗျားကသူ့ကိုသက်သေပြချင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့နိမ့်ကျတဲ့ဂုဏ်သိက္ခာကြောင့်လေ၊ ခင်ဗျားက ကျန်းမိသားစုရှေ့မှာသန်မာကြောင်းပြချင်တယ်၊ အဘိုးက ခင်ဗျားကို အလေးပေးလာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လေ၊ ဒါပေမဲ့ ခင်ဗျားကသူအထင်သေးတာနဲ့ပဲတန်တယ်.."
သူက ခံစားချက်မရှိသောမျက်နှာဖြစ်လုနီးပါး ပြောနေခဲ့သည်။ သို့သော်လည်း သူပြောလိုက်သောစကားလုံးတိုင်းက နှလုံးကိုထိုးဖောက်သွားရအောင် အလုံအလောက်ချွန်ထက်နေလေ၏။
ချင်မန်ဝမ်ပင် သူ့စကားကြောင့် ကြောင်အသွားခဲ့သည်။
ဒါက အရင်က ပါးစပ်ကနေပြောစရာမလိုဘဲနားလည်နေပြီး အေးစက်တဲ့ကျူးထုန်မှဟုတ်သေးရဲ့လား။
ကျူးရှို့ရှန်း၏မျက်နှာက အာရုံကြောတို့ကို အစိမ်းလိုက်ထိခိုက်သွားသည့်နှယ် ခပ်မြန်မြန်ပင်နီမြန်းလာခဲ့သည်။ ဒေါသထွက်လာပြီး ကျူးထုန်ထံသို့လှမ်းသွားလိုက်သည်။ သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ လက်မြှောက်လိုက်မိသည်။ သို့ရာတွင် သူလက်ကပြန်မကျသေးခင်မှာပင် ကျူးထုန်၏မျက်နှာမှာ ချက်ချင်းပင်ဖြူဖျော့သွားလေတော့၏။
'လရောင်ဖြူလေးရဲ့နှစ်သက်မှုရာခိုင်နှုန်းက ဆယ့်ငါးရာခိုင်နှုန်းကျသွားပါပြီ၊ လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက လေးဆယ့်လေးရာခိုင်နှုန်းပါ၊ Host ကျေးဇူးပြုပြီး ပြန်လည်မြှင့်တင်ဖို့ကြိုးစားပါ'
ကျူးထုန်က သူ့နှလုံးကို လိမ်ညှစ်လိုက်သလိုပင်ခံစားလိုက်ရသည်။
ဆယ့်ငါးရာခိုင်နှုန်းတောင်ကျသွားတယ်၊ ဘာလို့လဲ'
သူက အခုရှောက်မင်နဲ့ မိုင်ပေါင်း တစ်သိန်းရှစ်ထောင်အကွာမှာရှိနေခဲ့တာလေ။
ဒီဂဏန်းက နည်းနည်းလေးကံမကောင်းတာများလား။
သူမတုံ့ပြန်နိုင်ခင်မှာပင် အသံတစ်သံကခေါင်းထဲမှထွက်လာလေသည်။
'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှုကို နှစ်ဆယ့်တစ်ရာခိုင်နှုန်းရရှိသွားပါပြီ၊ လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက ခြောက်ဆယ့်ငါးရာခိုင်နှုန်းပါ'
'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးနှစ်သက်မှုကို ငါးရာခိုင်နှုန်းထပ်ရသွားပြန်ပါပြီ၊ လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက ခုနစ်ဆယ်ရာခိုင်နှုန်းပါ'
ကျူးထုန်: "......."
ကျူးထုန်: "???"
ဘာတွေဖြစ်ကုန်တာလဲဟ။
အသက်၏အတက်အကျအနိမ့်အမြင့်ကိုကြုံရပြီးသည့်နောက် ကျူးထုန်မှာ ရုတ်တရက်မူးဝေလာရတော့သည်။ သူ့မျက်လုံးထဲမှအရာအားလုံးက ပြာဝေလာရပြီး သူ့ခန္ဓာကိုယ်က တမဟုတ်ချင်း လည်သွားရကာသတိလစ်၍လဲကျသွားတော့သည်။
****
ကျူးထုန်ကိုဆေးရုံတင်လိုက်ရသည့်အကြောင်းမကြားရသေးချိန်တွင် ချန်ချင်းစုန့်က ဒေါက်တာဂျွန်ဆင်နှင့် ကျူးထုန်၏အခြေအနေကိုဆွေးနွေးနေခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်ရက်က သူ နိုင်ငံခြားသို့ထွက်သွားခဲ့ပြီး ယနေ့မှပြန်လာခဲ့ခြင်းဖြစ်၍ မြေးဖြစ်သူ၏အခြေအနေကိုပိုမိုသိရှိနိုင်ရန် အချိန်ရလိုက်သည်။
နာမကျန်းဖြစ်နိုင်သည်ဟုဆိုထားခဲ့သော်လည်း စစ်ဆေးကြည့်ပြီးသည့်နောက် ထူးထူးခြားခြား မည်သည့်ရောဂါမျိုးကိုမှ မတွေ့ခဲ့ရပေ။
သူ့ခန္ဓာကိုယ်က ပုံမှန်အခြေအနေတွင်ရှိနေခဲ့သည်။ယခင်က နှလုံးရပ်သွားခဲ့သည့်အခြေအနေဖြစ်ခဲ့သော်ငြား ယခုမူ သူ့နှလုံးပင် ပုံမှန်ဖြစ်သွားခဲ့သည်။
သူကျန်းမာနေသည်က အလွန်ကောင်းမွန်သည့်အရာပင်ဖြစ်လေသည်။ သို့ရာတွင် မည်သည့်ထူးခြားမှုမှမရှိဘဲ အပြင်းအထန်နေမကောင်းဖြစ်ရာမှပြန်လည်နာလန်ထူနိုင်ခဲ့သည်ကလည်း အလွန်တရာမှထူးဆန်းနေလေ၏။
"စစ်ဆေးချက်ကမှန်တယ်ဆိုတာ သေချာရဲ့လား.."
ချန်ချင်းစုန့်မှာ အနည်းငယ်မယုံနိုင်စရာဖြစ်ရပ်ဟု ခံစားနေရရှာ၏။
ဂျွန်ဆင်က ခေါင်းညိတ်ပြီးပြန်ဖြေလာခဲ့သည်။
"ဟုတ်ပါတယ်၊ လူကြီးမင်းချန်၊ စစ်ဆေးချက်တွေ တိကျပြီးစိတ်ချသွားရအောင် နောက်တစ်ရက်မှာ သခင်လေးထုန်ကို ဆေးရုံပြန်ပို့ခဲ့ပါသေးတယ်၊ ကိရိယာတွေကိုလည်း ထပ်ပြီးစစ်ဆေးပြီးပါပြီ၊ မှားယွင်းနေတာမျိုး လုံးဝမရှိပါဘူး.."
ချန်ချင်းစုန့်: "....."
သူ့ခမျာ စစ်ဆေးချက်အဖြေစာရွက်အထပ်လိုက်ကြီးကို လက်ထဲတွင်ကိုင်ထားရင်း ပျော်ရမည်လား စိုးရိမ်ရမည်လားပင် မသိတော့ပေ။
ဂျွန်ဆင်: "လုံးဝယုံနိုင်စရာမရှိပေမဲ့ သခင်လေးထုန်ရဲ့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားတာတော့အမှန်ပါပဲ၊ သိပ္ပံနည်းကျစစ်ဆေးချက်တွေကလည်းအမှားမရှိပါဘူး.."
ချန်ချင်းစုန့်: "ဒါဆို သူ့ရဲ့နှလုံးရောဂါက နှစ်လတည်းနဲ့ဘယ်လိုလုပ်ပြန်ကောင်းသွားတာလဲဆိုတာ မင်းသိပ္ပံနည်းတကျနဲ့ရှင်းပြနိုင်လား.."
ဂျွန်ဆင်က ကျွမ်းကျင်သူတစ်ဦးဖြစ်၏။ အလေးအနက်ထားပြီးပြန်ဖြေလိုက်သည်။
"ကျွန်တော် တတ်နိုင်သလောက် အဖြေရှာကြည့်လိုက်ပါ့မယ်.."
"......"
ချန်ချင်းစုန့်က လက်ကိုဝှေ့ယမ်းပြပြီး ထွက်သွားခိုင်းတော့မည့်အချိန် တရစပ်ပေါ်လာသောတံခါးခေါက်သံကြောင့် ရပ်သွားခဲ့သည်။
လူတစ်ယောက်က တံခါးကိုတွန်းဖွင့်ကာ အထဲသို့ဝင်လာရင်းပြောလာလေ၏။
"လူကြီးမင်းချန် လူကြီးမင်းလျိုက အခုလေးတင်ဖုန်းခေါ်လာပါတယ်၊ သခင်လေးထုန်က ကျူးမိသားစုဗီလာမှာ သတိလစ်သွားလို့ ဆေးရုံပို့လိုက်ရပါတယ်တဲ့.."
"...."
ဒေါက်တာဂျွန်ဆင်ခမျာ မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသလိုပင်။
သူတို့ဆေးရုံကို အပြေးရောက်သွားကြသည့်အခါ လူအများအပြားက ခွဲစိတ်ခန်းအရှေ့တွင်ရပ်စောင့်နေကြသည်ကိုတွေ့လိုက်ရတော့သည်။
ချန်ချင်းစုန့်မှာ အသက်ခုနစ်ဆယ်နားကပ်နေပြီဆိုသော်လည်း လမ်းလျှောက်သည့်အရှိန်က လူငယ်လေးများနှင့်မခြားပေ။ သူက ခွဲစိတ်ခန်းတံခါးရှိရာသို့ တရှိန်ထိုးချီတက်သွားခဲ့ပြီး အနားမရောက်မီမှာပင် ဆေးရုံကော်ရစ်တာမှနေ၍ မမြင်နိုင်သည့်ဖိအားတစ်ခုတစ်ခုအား ထုတ်လွှတ်လိုက်သည်။
ကျူးရှို့ရှန်းမှာ ဗီလာအပြင်ဘက်တွင် ကျူးထုန်အားစောင့်နေသူကိုတွေ့လိုက်ရသည့်အခိုက်မှာပင် လျိုကျန်းဖေမှန်းသိလိုက်လေသည်။
အခုတလော ကျူးထုန်အနောက်သို့လိုက်နေသူကို သူမည်သို့များ မေ့နိုင်ပါမည်နည်း။
လျိုကျန်းဖေက ကျူးထုန်အနောက်ကို ဘယ်တုန်းတည်းကလိုက်နေတာလဲ။ သူလည်း ပရော်ဖက်ဆာလျန်ရဲ့ပါတီကိုတက်ခဲ့သေးတာလား။
သူ့ခမျာ ခွဲစိတ်ခန်းအပြင်တွင်စောင့်နေရင်း လက်ဖဝါးနှင့်နောက်ကျောတွင် ချွေးစေးများထွက်လာလေတော့သည်။
သို့သော်လည်း ချန်ချင်းစုန့်က သူ့ကိုလုံးလုံးလျားလျား မျက်ကွယ်ပြုထားပြီး ဦးလေးလျိုကိုသာ တိုက်ရိုက်မေးလိုက်တော့၏။
"အခြေအနေဘယ်လိုရှိလဲ.."
ဦးလေးလျို: "ရုတ်တရက်ကြီးမေ့လဲသွားတာပါ၊ ဘာကြောင့်လဲတော့မသိသေးပါဘူး.."
"....."
A မြို့တွင်နေသော အဒေါ်ချန်နှင့် ချန်ချန့်တို့ကလည်း ချက်ချင်းရောက်လာခဲ့ကြသည်။
အဒေါ်ချန်က ကျူးရှို့ရှန်းကို သံသယဖြင့်ကြည့်လိုက်သေးသော်လည်း မည်သည့်မေးခွန်းကိုမှမမေးပါချေ။ ခွဲစိတ်ခန်းမှ မီးရောင်ကိုသာငေးကြည့်နေလေသည်။
သူတို့အားလုံး ကျူးထုန်ကိုစိုးရိမ်နေခဲ့ကြသည်။
ကျူးရှို့ရှန်းကလည်း ခဏလေးပင်မျှ စိတ်မအေးနိုင်ပေ။ သို့ရာတွင် ကျူးထုန်ကိုစိတ်မပူမိဘဲ သူ့ကိုယ်သူအတွက်သာစိုးရိမ်မိလေသည်။
ကျူးထုန်ဤတစ်ခါနိုးလာပါက ကော်ရစ်တာမှလူများကို အမှန်အတိုင်းပြောလိုက်မလားဟု သူစိုးရိမ်နေမိသည်။
မကြာမီမှာပင် ခွဲစိတ်ခန်းတံခါးက ခပ်မြန်မြန်ပင်ပွင့်သွားခဲ့ပြီး လူတစ်ယောက်က ကော်ရစ်တာကို သုတ်သုတ်လေးလျှောက်လာခဲ့သည်။ ဆရာဝန်က နှာခေါင်းစည်းကိုချွတ်ကာ ချန်ချင်းစုန့်ကိုကြည့်ပြီးပြောလိုက်၏။
"လူကြီးမင်းချန် စိတ်ချပါ၊ သခင်လေးကျူးက စိုးရိမ်ရတဲ့အခြေအနေမှာမရှိတော့ပါဘူး.."
ဦးလေးလျိုကလည်း သူနှင့်အတူရှိနေသည်ဖြစ်ရာ ကျူးရှို့ရှန်းမှာ သားဖြစ်သူကို ကျူးမိသားစုအပိုင်ဆေးရုံသို့မခေါ်သွားရဲဘဲ အနီးဆုံးမှ ချန်မိသားစု၏ဆေးရုံကိုသာခေါ်သွားခဲ့ရသည်။
ယခုဆေးရုံက ကျူးထုန်အတွက် ချန်ချင်းစုန့်အထူးတလည်တည်ဆောက်ပေးထားသောဆေးရုံဖြစ်ပြီး ဆေးရုံထဲမှလူများကလည်း မိသားစုနှစ်စုလုံးမှသိကြသူများပင်ဖြစ်လေသည်။
ဆရာဝန်ထံမှ လေသံအေးအေးဖြင့်ထွက်လာခဲ့သော ပထမဆုံးစကားကြောင့် ကော်ရစ်တာမှလူတိုင်း စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။
"ဒါပေမဲ့ သခင်လေးထုန်က စက္ကန့်ပိုင်းလောက် နှလုံးရပ်ပြီးမေ့လဲသွားခဲ့တာပါ၊ ကျွန်တော်တို့ အသေးစိတ်သိရအောင် ပိုပြီးစစ်ဆေးရလိမ့်မယ်၊ ဒီတစ်ခါ သခင်လေးထုန်မေ့လဲသွားတော့ ဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာ တစ်ယောက်ယောက်သိကြလား.."
ဆရာဝန်စကားဆုံးသွားသည်နှင့် ကော်ရစ်တာမှလူများက ကျူးရှို့ရှန်းကို တပြိုင်တည်းလှမ်းကြည့်လိုက်ကြသည်။
ကျူးရှို့ရှန်းက ခေတ္တမျှငြိမ်ကျသွားခဲ့ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့်ပင်ပြောလာခဲ့သည်။
"သူက စကားပြောနေရင်းကနေ ရုတ်တရက်ကြီးမေ့လဲသွားတာပါ.."
ဆရာဝန်က ခေါင်းညိတ်ပြပြီးထပ်မမေးတော့ပါချေ။
ပထမဆုံးဖြစ်တာမှမဟုတ်တာ။
ကျူးရှို့ရှန်းလည်း ထိုအတိုင်းသာတွေးလိုက်မိသည်။
ကျူးထုန်မေ့လဲသွားသည်က မဆန်းသလို သူကလည်းသူ့ခံစားချက်ကို အခြားသူများထံ ယုံကြည်စိတ်ချစွာဖြင့်ပြောတတ်သူမျိုးမဟုတ်ပေ။ ကျူးထုန်မပြောလျှင် သူ့အဘိုးနှင့် အခြားသူများကလည်းမသိလောက်တော့ပေ။
ကံဆိုးသည်မှာ အဘိုးကြီးချန်ကသူ့ကိုမယုံပေ။ မည်သို့များယုံနိုင်ပါမည်နည်း။ အထူးသဖြင့် ဒေါက်တာဂျွန်ဆင်နှင့် ကျူးထုန်၏ကျန်းမာရေးစစ်ဆေးချက်အဖြေကို ဆွေးနွေးနေခဲ့သည့်အချိန်ကတည်းက ဖြစ်လေသည်။
ကျူးရှို့ရှန်းက အဘိုးကြီးထံမှအကြည့်ခံလိုက်ရ၍ သူ့မျက်နှာက တောင့်တင်းသွားရလေသည်။
မကြာခင်မှာပင် ကျူးထုန်ကို ခွဲစိတ်ခန်းတွင်းမှတွန်းထုတ်လာကြသည်။ ချန်ချင်းစုန့်က ကျူးထုန်မည်သို့မေ့လဲသွားခဲ့သည်ကိုဂရုမစိုက်နေတော့ဘဲ ဆေးရုံ၏ဝန်ထမ်းအနောက်မှတဆင့် လူနာခန်းထဲသို့လိုက်လာခဲ့သည်။
ကျူးထုန်က သတိရလာပြီဆိုသော်လည်း အပြည့်အဝမရလာသေးပေ။
သူမူးဝေနေပြီး မေ့လဲသွားခဲ့ပုံကို မှတ်မိနေခဲ့သည်။
နှစ်သက်မှုရာခိုင်နှုန်းက ငါးဆယ်ရာခိုင်နှုန်းအောက်အထိ ထိုးကျသွားခဲ့သည်။ အမြန်ပြန်တက်လာခဲ့လျှင်ပင် အပြစ်ပေးခံရနိုင်ချေကရှိသေးသည်။
ကျူးထုန်က စနစ်၏ ဆုမပေးဘဲအပြစ်သာပေးနေ၍ အလွန်အမင်းမကျေမနပ်ဖြစ်နေခဲ့၏။ သို့တစေ ရှောက်မင်၏ မသေမချာဖြစ်နေမှုအပေါ် ပို၍ပင်မကျေနပ်ဘဲဖြစ်နေမိသည်။
ဘာလို့ ရုတ်တရက်ကြီး နှစ်သက်မှုကိုဆယ့်ငါးရာခိုင်နှုန်းတောင် ဆုံးရှုံးသွားရတာလဲ။
သူတို့နှစ်ယောက်ကြားမှာ ယုံကြည်မှုလယ်ဗယ်ကို အခြေခံလောက်လေးတော့ရှိသင့်တယ်မလား။
အရင်က သူ့ကိုလိမ်ထားမိတာကတော့ထားပါတော့။ ဒါပေမဲ့အခုတော့ တစ်အိပ်ရာတည်းမှာပဲ အတူအိပ်ခဲ့ကြပြီးပြီလေ။ မြို့နှစ်မြို့လောက်ဝေးနေတာကိုတောင် သူကအဲဒီလူကို လိမ်နိုင်ပါ့မလား။
ဆေးရုံကုတင်ဘေးတွင်စောင့်နေသူက သူ့အတွေးတို့ကိုမသိပေ။ သူကစကားပြောရန် ကြိုးစားနေသလိုမျိုး နှုတ်ခမ်းတို့က ခပ်တိုးတိုးရေရွတ်နေသည်ကိုသာတွေ့လိုက်ရသည်။
အဒေါ်ချန်က ကုတင်ခေါင်းရင်းနှင့်အနီးဆုံးတွင်ရှိနေခဲ့သည်။ သူမကမှီထိုင်လိုက်ပြီး ၎င်းအနားတွင်နားရွက်ကပ်လိုက်ကာ ကျူးထုန်ကြိုးစားပြောနေသောစကားကို အဓိပ္ပါယ်ဖော်ကြည့်ရန်ကြိုးစားနေလေ၏။
"ရှောက်...မင်..ရှောက်မင်ဆိုတာဘယ်သူလဲ.."
ကျူးထုန်ပြောလိုက်သည့်စကားကိုကြားလိုက်ရသည့်အခါ လူနာခန်းထဲမှလူအားလုံး၏မျက်နှာများက ထူးဆန်းသွားကြလေတော့သည်။
ချန်ချင်းစုန့်၏ စိတ်လှုပ်ရှားသွားသောမျက်နှာပေါ်တွင် ရှူပ်ထွေးမှုအချို့ပေါ်လာလေ၏။
ချန်ချန့်က အံ့ဩသွားခဲ့ရ၏။
'ရှောက်မင်ဆိုတာ နို့လက်ဖက်ရည်ဆိုင်ကကောင်လေးမလား'
ကျူးရှို့ရှန်း၏မျက်နှာကလည်း အနည်းငယ်အကျည်းတန်သွားတော့သည်။
အဒေါ်ချန်တစ်ယောက်တည်းသာ ဇဝေဇဝါဖြစ်နေပြီး ချန်ချန့်ကိုလှည့်ကြည့်သည်။
ချန်ချန့်ကဖြေလိုက်၏။
"ထုန်ထုန်ရဲ့အတန်းဖော်လို့ထင်တာပဲ.."
"အတန်းဖော်လား.."
အဒေါ်ချန်က မေးခွန်းထုတ်သလိုပြောလာ၏။
"ထုန်ထုန်က သတိမေ့နေတဲ့အချိန်မှာ ဘာလို့အတန်းဖော်နာမည်ကိုထုတ်ပြောရတာလဲ.."
"...."
'မဟုတ်မှ..ကျူးထုန်ကသေတော့မှာလို့ နောက်ဆုံးအကြိမ်အနေနဲ့ အဲဒီကောင်လေးကိုတွေ့ချင်နေတာများလား'
ချန်ချန့်၏မျက်နှာကလည်း တခဏမျှရှုံ့မဲ့သွားရလေ၏။ လူနာခန်းထဲမှလူများကိုပြောပြီးသည့်နောက် သူအခန်းအပြင်သို့ထွက်လာခဲ့လိုက်၏။
'ရှောက်မင်...'
ချန်ချန်းက စိတ်ထဲတွင်မွှေနှောက်ပြီး ရှာကြည့်လိုက်သည်။ ထို့နောက် မကြာသေးခင်က A မြို့တွင်ကျင်းပသွားခဲ့သော သင်္ချာပြိုင်ပွဲကိုမှတ်မိလိုက်၏။ E မြို့မှ ယှဥ်ပြိုင်သူစာရင်းထဲတွင် "ရှောက်မင်" ဟူသောအမည်ပါနေခဲ့သည်။ ထိုစာရင်းထဲတွင် နောက်တစ်ယောက်လည်းပါနေသေး၏။
သူက ခဏမျှတွေဝေနေပြီးနောက် ဖုန်းစာအုပ်ထဲမှ နံပါတ်တစ်ခုကိုရှာကြည့်လိုက်တော့သည်။
________
လွန်ခဲ့သော တစ်နာရီခွဲခန့်က A မြို့တစ်နေရာရှိ ဘားတစ်ခုတွင်ဖြစ်သည်။
အသက်မပြည့်သေးသူများကိုဝင်ခွင့်မပေးသောဘားတစ်ခုတွင် အရပ်ရှည်ပြီး အရွယ်ရောက်ပြီးပုံရသောမျက်နှာကိုအားကိုးကာ လူငယ်လေးနှစ်ယောက်က ဘားထဲသို့ဝင်ရန်စီစဥ်နေကြလေသည်။
ဘားကအမြဲတစေ ညဥ့်ငှက်လေးများနှင့်ရောနေတတ်သည်။ ညအချိန်ကျရောက်လာသည်နှင့် ဘားက တက်ကြွဖွယ်ရာသံစဥ်များနှင့်ပြည့်နေတတ်ပြီး အရောင်စုံမီးတို့က စည်းချက်နှင့်အညီကခုန်နေတတ်ကြသည်။ လူတစ်ယောက်က နားနေခန်းထဲသို့ လှစ်ခနဲဝင်သွားလျှင်ပင် အေးချမ်းမည်မဟုတ်ပေ။Ti Amo:
အခန်း ၆၃-၂
သို့ရာတွင် လုကျစ်ယွီက ဘား၌အလုပ်လုပ်နေခဲ့သောကြောင့် ယခုလိုပတ်ဝန်းကျင်မျိုးကိုသည်းခံနိုင်လေသည်။
သူနားမလည်နိုင်သည့်အချက်မှာ သင်္ချာပြိုင်ပွဲပြီးသည်နှင့် ရှောက်မင်က သူ့ကို အရက်သောက်ရန်အတွက်နှင့် ဘားသို့ရုတ်တရက်ဆွဲခေါ်လာခဲ့သည်ကိုပင်။
သူက ဘာဖြစ်ချင်နေတာလဲ။
သူက အတူပါလာသည့်ဆရာကိုပင် သတင်းမပို့ခဲ့ပေ။ သတင်းလည်းပို့၍မဖြစ်ပေ။
လုကျစ်ယွီက ဖုန်းထုတ်ပြီး သူတို့နှစ်ယောက် အပန်းဖြေရန်အတွက် အပြင်ထွက်သွားသည့်အကြောင်း ဆရာ့ကိုအလေးအနက်ထားကာရှင်းပြလိုက်ရသည်။ သူတို့၏အဆင့်နှင့်စရိုက်ကြောင့် ဆရာကလည်း ခပ်မြန်မြန်ပင်လှည့်စားခံလိုက်ရတော့၏။
"နားလည်ပါပြီ၊ ကျွန်တော်တို့ တတ်နိုင်သလောက် အမြန်ပြန်လာခဲ့ပါ့မယ်.."
ဖုန်းချလိုက်ပြီးနောက် လုကျစ်ယွီက သန့်စင်ခန်းတံခါးကိုတွန်းဖွင့်ကာ ကောင်လေးအရက်သောက်နေသောနေရာသို့ပြန်သွားလိုက်သည်။
ရှောက်မင်၏စားပွဲခုံအရှေ့တွင် ပုလင်းအလွတ်လေးလုံးရှိနေ၏။ သို့သော်လည်း ဘား၏ကပွဲကြမ်းပြင်တွင် ကခုန်နေကြသော ယောကျ်ား၊မိန်းမများကိုကြည့်နေသည့် ထိုသူ၏မျက်လုံးတို့က ကြည်လင်နေဆဲဖြစ်လေသည်။
သို့တစေ အနီးကပ်ကြည့်လိုက်မည်ဆိုပါက ရှောက်မင်၏မျက်လုံးတို့က ကပွဲကြမ်းပြင်အပေါ်တွင် အာရုံမရှိနေမှန်းသိနိုင်သည်။
သူ့ဘေးတွင် လူတစ်ယောက်လာထိုင်သည်ကို ခံစားမိသည်နှင့် ရှောက်မင်က အကြည့်မလွှဲဘဲ ထည့်ထားသည်မှာကြာပြီဖြစ်သောဝိုင်ခွက်ကိုကမ်းပေးလိုက်သည်။
လုကျစ်ယွီကလည်း လှမ်းယူလိုက်၏။
ရှောက်မင်က စကားမပြောဘဲ လုကျစ်ယွီနှင့်ဝိုင်ခွက်တိုက်လိုက်ရင်း အရက်ကို တကျိုက်တည်းမော့ချလိုက်သည်။
အရက်က သူ့လည်ချောင်းထဲမှဝင်သွားပြီး အစာအိမ်ကလောင်မြိုက်သွားခဲ့သည်။
ဝိုင်ကမည်မျှပင်ပြင်းပါစေ၊ သူ့စိတ်က ယစ်မူးခြင်းမရှိဘဲကြည်လင်နေဆဲဖြစ်လေသည်။
ယခင်က သူတွေ့ခဲ့ရသောဆေးမှတ်တမ်းကို ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။ "အမည်" နေရာတွင် ကျူးထုန်၏အမည်ကို တိတိကျကျရေးထားခဲ့သည်။
လွန်ခဲ့သောရက်အနည်းငယ်က ငှားနေသောအိမ်အပြင်ဘက်တွင် ရှားယန်ကသူ့ကို ရုတ်တရက်ပြောခဲ့သည်။ အစကသူမယုံကြည်ဘဲ ဒေါသဖြစ်ခဲ့သည်။
ရှားယန်က ကျူးထုန်ကို ကျိန်စာတိုက်နေခြင်းဖြစ်မည်ဟု သူထင်ခဲ့မိသည်။
ယင်းအပြင် သူက ကျူးထုန်နှင့် နေရောညပါအတူနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျောင်းကိုအတူသွားကြပြီး အတူပြန်လာခဲ့ကြသည်။ ကျူးထုန်က သူ့အရှေ့တွင်တက်ကြွပြီးလန်းဆန်းနေခဲ့သည်။ အလွန်တက်ကြွပြီး ပျော်ရွှင်နေခဲ့သည်။
သူကဘာလို့သေရမှာလဲ။
သူက ရှားယန်ကို ပါးစပ်ပိတ်ထားဟုအော်လိုက်ချင်ခဲ့သည်။ သို့သော်လည်း ရှားယန်ကမရပ်တန့်ဘဲ သူ့ကိုပြန်အော်ခဲ့သည်။
"သူကသေတော့မှာ၊ သူကသေသင့်နေတာကြာလှပြီ၊ သူကျောင်းမပြောင်းလာခင် ICU ခန်းထဲကထွက်လာခဲ့တယ်ဆိုတာ မင်းသိရဲ့လား၊ သူ့ခန္ဓာကိုယ်ကအကြောင်းမရှိဘဲ အားနည်းနေတယ်ထင်လို့လား၊ သူကဒီလိုဖုန်းဆိုးမြေနေရာကို ဗြုန်းစားကြီးပြောင်းလာတယ်ထင်လို့လား၊ သူကသေတော့မှာမလို့ကွ၊ သူကအကြာကြီးအသက်ရှင်ရတော့မှာမဟုတ်ဘူး၊ သူကသူ့ကိုယ်သူအတွက် ဂူသွင်းဖို့နေရာလာရှာရုံလောက်ပဲ၊ ဒါပေမဲ့ တိတ်တိတ်လေးမသေသွားချင်ဘူးလေ၊ သူကမင်းကိုလာရှုပ်ပြီး ပိတ်မိအောင်လုပ်ချင်သေးတာ၊ ပြီးတော့ အခြားတစ်ယောက်ကိုလက်ထပ်ဖို့ပြန်သွားခဲ့တယ်၊ မင်းကသူမသေခင်လေးမှာ လက်မလျှော့သွားချင်တဲ့ အပျော်ကစားစရာလေးသက်သက်လောက်ပဲ၊ သူကမင်းကိုလည်းဂရုမစိုက်ဘူး၊ မင်းက သူလက်ထပ်ဖို့မကြံရွယ်ထားခဲ့တဲ့ ပါတနာသက်သက်ပဲ၊ သူစိတ်သောကရောက်နေတဲ့အချိန် သူ့တန်ဖိုးကိုသူ နားလည်သွားစေခဲ့တဲ့ ကိရိယာသက်သက်လောက်ပဲကွ.."
နောက်ပိုင်း ဆက်ဖြစ်သွားခဲ့သောကိစ္စများကို ရှောက်မင်လည်းမမှတ်မိတော့ပေ။ ဘာဖြစ်ခဲ့မှန်းလည်းမသိတော့သလို အခန်းကို မည်သို့မည်ပုံပြန်ဝင်လာခဲ့မိမှန်းလည်းမသိတော့ပေ။
အိပ်ခန်းကိုပြန်ရမည့်အစား ကျူးထုန်အခန်းကိုသွားခဲ့သည်။
ကျူးထုန် A မြို့မပြန်သွားခင်နှစ်ရက်လောက်က သူကျူးထုန်နှင့်အတူ ထိုအိပ်ရာပေါ်တွင်အိပ်ခဲ့သည်။
ရှားယန်ပြောသည့်စကားတို့ကို သူဂရုမစိုက်ချင်တော့ပေ။ သို့သော်လည်း ရှားယန်၏စကားတို့က အဓိပ္ပါယ်ရှိပြီး ယုံကြည်ချင်စရာကောင်းနေသောကြောင့် ဂရုစိုက်မှဖြစ်လိမ့်မည်။
ကျူးထုန်မှာ ကျောင်းပြောင်းလာပြီးကတည်းက အခြားသူများ၏မျက်လုံးထဲတွင် "ချူချာသောအလှလေး" ဖြစ်နေခဲ့သည်။
ထိုသူ၏အသားအရေက လူမမာတစ်ယောက်နှယ်ဖြူဖျော့နေခဲ့သည်။ ကျောင်းပြောင်းလာပြီး ဒုတိယမြောက်နေ့မှာပင် အအေးမိပြီးအလာဂျစ်ထလာသောကြောင့် ကျောင်းမှဆေးပေးခန်းကိုသွားခဲ့ရသည်။
သိပ်မကြာခင်မှာပင် သွေးအန်လောက်သည်အထိ အရိုက်ခံရလိုက်ပြန်သည်။
သူက အခြားတစ်ယောက်ကိုကန်ပစ်ခဲ့သည်။ သို့သော် သူ၏ခြေကျင်းဝတ်ကသာ လည်သွားခဲ့သည်။
အသစ်ဖွင့်သောစားသောက်ဆိုင်တွင် အစပ်အနည်းငယ်သာစားခဲ့ပြီး သူ၏အစာအိမ်ကသွေးယိုသွားခဲ့သည်။
ထိုနောက်ပိုင်း ရှောက်မင်က သူ့ကိုအရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်ပေးခဲ့ရသည်။
သူက အာရုံစိုက်တတ်ပြီး တွေးပေးခဲ့သော်လည်း အလွန်အမင်းဂရုမစိုက်ခဲ့မိပေ။
သူဘာလို့အသေးစိတ် ဂရုမစိုက်မိရတာလဲ။
ကျူးထုန်၏ရောဂါက အခြားသူများထံ ပြောပြချင်စရာအကြောင်းအရာမျိုးမဟုတ်၍ဟု ထင်ခဲ့မိသည်။ ၎င်းကြောင့်သာ သူ၏ "ရောဂါ" က သာမန် ခန္ဓာကိုယ်အားနည်းခြင်းမျိုးဟုသာ တွေးစေခဲ့သည်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ပေးမှုမျိုးက
တကယ်တမ်းတွင် သူ့အတွက် အသက်အန္တရာယ်ခြိမ်းခြောက်မှုမျိုး လည်း ဘယ်တော့မှဖြစ်လာမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် ကျူးထုန်က မည်သို့သောလူဖြစ်သည်ကို သိနေသောကြောင့်ပင်ဖြစ်သည်။ သူ့မိသားစုထံမှဖိအားပေးခံရလျှင်ပင် သူကညှိနှိုင်းမည်မဟုတ်ဘဲ မညှိနှိုင်းရန်သာရွေးချယ်ပေလိမ့်မည်။
🤒