Chapter 96
Viewers 18k

🤒အခန်း.၉၆

 á€á€­á€Żá€¸á€á€€á€şá€™á€žá€Ż




သူ့မျက်စိရှေ့တွင် သွေးစီးကြောင်းတစ်ခု ဖြတ်သွားသည့် အခိုက်အတန့်တွင် သူအမြဲတမ်း ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့သော မမြင်နိုင်သော စည်းတစ်ခုက အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။ 

သူ့လက်နှစ်ဖက်နှင့် ထိတွေ့ထားသည့် လူငယ်လေးက ထိုစည်းကို ချိုးဖျက်ခဲ့သူပင်။


****


ချိုးရှောက်ဖျင် ဆေးရုံတက်နေရင်း ရှောက်ယွီဟန်ထံမှ သတင်းရရှိချိန်တွင် သူ တစ်ခါမျှမကြုံဖူးသည့် ဒေါသစိတ်ကို ခံစားလိုက်ရသည်။


A မြို့တွင်နေထိုင်သော ရှောင်မင်၏ အဖေအရင်းက တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ပြီး ထိုလူက ရှောက်ယွီကျယ်နှင့် ရှောက်မင်ကို A မြို့သို့ခေါ်ဆောင်သွားရန် စီစဉ်ထားကြောင်း ပြောဆိုခဲ့သည်။


သူတို့ကို A မြို့ဆီ ခေါ်သွားမလို့လား... ။ သူက အဲဒီလိုမျိုး ဘယ်လိုလုပ်ပြီး အဖြစ်ခံရမှာလဲ...။


သူ၏လွတ်လပ်မှုကို ဆုံးရှုံးသွားသော ၅ နှစ်တာ အချိန်ကာလအတွင်း သူ ဘယ်လိုဘဝမျိုး လျှောက်လှမ်းခဲ့ရသည်လဲ။ အခက်အခဲများကို ဘယ်လိုပင် ခံနိုင်ရည်ရှိပြီး ကျော်ဖြတ်ရပါစေ အရေးမကြီးလှပေ။ သူ လွတ်မြောက်နိုင်သည့် နေ့တစ်နေ့ဆိုတာ အမြဲရှိနေကြောင်း ချိုးရှောက်ဖျင် သိပေ၏။ သူ့ဘဝတွင် ဆုံးရှုံးသွားခဲ့သမျှ အရာအားလုံးနှင့် ထိုကောင်စုတ်လေးကြောင့် ပျက်စီးသွားသမျှ အရာအားလုံးကို ထိုသားအမိနှစ်ယောက်လုံးအား အဆတစ်ရာ ပြန်ဆပ်ခိုင်းရပေမည်။ သူတို့၏ ကျန်ရှိသောနေ့ရက်များအား ဘယ်သောအခါမှ ငြိမ်းချမ်းမှု၏အဓိပ္ပါယ်ကို မသိရှိရလေအောင် သူ သေချာပေါက်ပြုလုပ်ရပေမည်။


သို့သော် ယခုအခါ သူတို့ ထွက်သွားတော့မည်ဖြစ်ကြောင်း တစ်စုံတစ်ယောက်က သူ့ကို ပြောလာခဲ့ပေသည်။ 


သူတို့က သူဆီကနေ လွတ်မြောက်သွားတော့မှာလား...။


ကျေးဇူးကန်းတဲ့ အဲဒီအယုတ်တမာတွေ။


ဟိုအရင် ထိုခွေးမက ဘယ်ကိုမှ သွားစရာနေရာမရှိခဲ့ပေ။ ထိုအချိန်က သူမနှင့်သူ့ဗိုက်ထဲရှိ အရိုင်းအစိုင်း မျိုးစေ့လေးကို တာဝန်ယူစောင့်ရှောက်ခဲ့သူမှာ သူသာဖြစ်၏။ ထိုမျိုးမစစ်လေးကို ပျိုးထောင်ခဲ့သူမှာလည်း သူသာပင်။ သူတို့က တစ်စုံတစ်ခုကို ပြန်မပေးဆပ်ဘဲ မည်သို့ လက်ခံယူနိုင်ရသနည်း။ သူတို့က သူ၏စေတနာကို လက်ခံခဲ့ပြီးဖြစ်သောကြောင့် သူ့ကို ပြန်ဆပ်ရပေမည်။


သို့သော် ထိုပြည့်တန်ဆာမက သူ့ကို မကြိုက်ခဲ့ပေ။ သူ့ဘားရှိ ဧည့်သည်များနှင့် ဖောက်ပြားခဲ့သည်။ ထိုကောင်စုတ်လေးက မည်ကဲ့သို့ ကျေးဇူးတင်ရမည်ကို မသိဘဲ သူ့ကို ဆန့်ကျင်ပုန်ကန်ရန်ပင် သတ္တိရှိခဲ့သည်။ သူ့အား တိုင်ကြားရန် ရဲများကိုပင် ဖုန်းဆက်ခေါ်ခဲ့သည်။


သူ၏ အပြစ်အနာအဆာ အစွန်းအထင်းများကို လူထုကို ထုတ်ပြပြီး သူ့ကို ဘေးဝန်းကျင်မှလူများ၏ လှောင်ပြောင်ရယ်မောစရာ လူတစ်ယောက်ဖြစ်အောင် ပြုလုပ်ခဲ့သည်။ လူတိုင်း၏ကဲ့ရဲ့စရာ ပစ်မှတ်ဖြစ်အောင် ပြုလုပ်ခဲ့ပြီး ထောင်ထဲသို့ ရောက်စေခဲ့သည်။


အခု သူ့တွင် ဘာဆိုဘာမှ မရှိတော့ပေ။ သူ့ကို ပျက်စီးအောင်လုပ်ခဲ့သည့် လူတွေက ဘယ်လိုများ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်နေရသနည်း။


သူတို့က ထိုကောင်စုတ်လေးကို သူ့အဖေမိသားစုထံမှ အသိအမှတ်ပြုမှုကို ခံရကာ ဂုဏ်အဆင့်အတန်းနှင့် စည်းစိမ်ချမ်းသာများကို ခံစားရန် ထိုနေရာသို့ သွားစေချင်နေသည်လား...။


ထင်ယောင်ထင်မှား ဖြစ်နေကြခြင်းပင်။


သူ ရှောက်မင်ကို သူ့သားကဲ့သို့ ပျိုးထောင်ပေးခဲ့သည်။ သူ လိုချင်သည့်အရာကို မရယူနိုင်ခဲ့လျှင် အခြားမည်သူကိုမျှ ရယူခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ထိုအရာကို ဖျက်ဆီးပစ်ရမည်ဆိုလျှင်လျှင်ပင်...။


ရဲစခန်းမှရဲများသာမက အခြားသူများကလည်း ဆေးရုံတွင် သူ့အား စောင့်ကြည့်နေကြကြောင်း သူ သိပေသည်။ ရှောက်ယွီဟန်ထံမှ စာတိုမရရှိမီအချိန်အထိ ဤလူများက မည်သူမည်ဝါဖြစ်ကြောင်း သူ အချိန်အတော်ကြာ သံသယဝင်ခဲ့သည်။ သူက ရှောက်ယွီဟန်၏ စကားများကို ယုံကြည်ခဲ့ပြီး သူ့ကို စောင့်ကြည့်နေသူများမှာ ရှောက်မင်၏အဖေအရင်းက စီစဉ်ပေးခဲ့ကြောင်း အခိုင်အမာ ယုံကြည်ခဲ့သည်။


ထိုကဲ့သို့ တာဝန်ယူကာ စဉ်းစားပေးတတ်သည့် ဖခင်တစ်ယောက်ပင်။


ချိုးရှောက်ဖျင် မနာလိုသဝန်တိုစိတ် ဖြစ်လာခဲ့သည်။ သူ့နှလုံးခုန်သံသည်ပင် မြန်ဆန်လာခဲ့သည်။


ဆေးရုံတွင် နေထိုင်ခဲ့သည့် နှစ်ရက်အတွင်း ချိုးရှောက်ဖျင်မှာ အလွန်အေးဆေးတည်ငြိမ်နေခဲ့သည်။ သတိထားစောင့်ကြည့်နေခြင်းကို ပြေလျော့သွားစေရန် သူ ရဲများနှင့် စောင့်ကြည့်နေသူများကို လှည့်စားခဲ့သည်။ 


ရှောက်ယွီဟန် သူ့ကို ပြောပြခဲ့သည့် အချိန်နှင့်နေရာကို သတိရသွားခဲ့သည်။ သူ ပထမဆုံး အခွင့်အရေးကို ဖမ်းဆုပ်ပြီး ဆေးရုံမှ ထွက်ပြေးလာခဲ့သည်။


ထို့နောက် ကော်ဖီဆိုင်၏ အပြင်ဘက်၌ မျက်နှာပေါ်တွင် ကိုယ့်ကိုယ်ကိုအထင်ကြီးမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် A မြို့မှ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများက ဤကဲ့သို့သော မြို့ငယ်လေးအပေါ် အထင်သေးကာ စက်ဆုပ်ရွံရှာမှုများနှင့် ပြည့်နှက်နေသည်။


ယခုလက်ရှိ သူက ရွှံ့နွံထဲရှိ ဖုန်မှုန်သာသာ လူတစ်ယောက်ဖြစ်နေစဉ် သူတို့က သူ့ထက် အဆပေါင်းများစွာ မြင့်မားပေ၏။ သူကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့်သားက သူ့ထက်မြင့်သော နေရာတစ်ခုသို့ တက်လှမ်းသွားသည်ကို သူက ဘယ်လိုလုပ် သည်းခံခွင့်ပြုပေးနိုင်မည်နည်း။


တုံ့ဆိုင်းခြင်း အရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ သူ့ကို ငရဲအထိ ဆွဲချသွားလိုက်ချင်ပေ၏။


သို့သော် ရုတ်တရက် ပြေးဝင်လာသော တစ်စုံတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့သည်။


ဘယ်သူကများ ရှောက်မင်အတွက် ဓားကို ကိုယ်စားဝင်ခံလိုက်တာလဲ။


ရုတ်တရက် သူ့ကို ကန်လိုက်တဲ့လူက ဘယ်သူလဲ။


ဘာလို့ လူတိုင်းက သူ့လမ်းကို ဝင်ရှုပ်နေရတာလဲ...။ လူတိုင်းက ဘာလို့ သူ့ကို ဆန့်ကျင်နေကြတာလဲ...။


သူတို့အားလုံး ပျောက်ကွယ်သွားစမ်း...။ သူတို့အားလုံး ငရဲကိုသာ ပို့လိုက်ကြစမ်း...။


ချိုးရှောက်ဖျင် ကမူးရှူးထိုးဖြင့် နောက်တစ်ကြိမ် ပြန်ထချင်သော်လည်း သူ့လည်ချောင်းထဲမှ သွေးများ ထွက်လာပြီး နောက်ဆုံးတွင် အားအင်ကုန်ခမ်းမှုကြောင့် မောပန်းနွမ်းနယ်သွားသည်။


ကော်ဖီဆိုင်ထဲတွင် ဧည့်သည်အနည်းငယ်က မှန်တံခါးကို နောက်ပြန်မှီထားသော လူတစ်ဦးရှိရာ ကော်ဖီဆိုင်တံခါးဆီသို့ မျက်လုံးပြူးကျယ်လျက် ကြည့်နေကြသည်။


ထိုလူက ကူညီရန် စွက်ဖက်ခြင်းမရှိသလို ထိတ်လန့်တုန်လှုပ်သွားပုံလည်းမပေါ်ပေ။ ချိုးရှောက်ဖျင် အမြန်ထွက်ပြေးသွားချိန်တွင် အေးစက်စက် မျက်လုံးများဖြင့် ခပ်ဝေးဝေးမှ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် ဦးလေးလျို ပေါ်လာသည်ကို မြင်ပြီး မျက်ဆံများက အနည်းငယ် ကျုံ့သွားပြီး မယုံကြည်နိုင်သည့် အရိပ်အယောင်များနှင့်အတူ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် နောင်တတရားအချို့ပင် ထွက်ပေါ်လာခဲ့သည်။


အခုလတ်တလော အခြေအနေကို အကူအညီ မပေးနိုင်ခဲ့သည့်အတွက် နောင်တရနေ၏။


သူ့မျက်နှာပေါ်ရှိ မောက်မာမှု အရိပ်အယောင်များက ပျောက်ကွယ်သွားပြီဖြစ်၏။


သို့သော်လည်း ဦးလေးလျိုက သူ့ကို တစ်ချက်မျှပင် ကြည့်မလာခဲ့ပေ။ သူက ချိုးရှောက်ဖျင် နောက်သို့ အလျင်စလို ပြေးလိုက်ကာ သေသည်အထိ ရိုက်နှက်ပစ်ချင်ခဲ့ပေသည်။ ထိုအချိန်တွင် သူ့နောက်ရှိ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။


 " မင်း ဘာရပ်လုပ်နေတာလဲ! သူ့ကို ဆေးရုံခေါ်သွားလေ"


ရှောက်မင်က လက်တွေ့အဖြစ်မှန်သို့ ပြန်ရောက်လာပြီး တုန်လှုပ်သွားသည်။ သူ၏အေးစက်ကာ တောင့်တင်းနေသော ခြေလက်များက နောက်ဆုံးတွင် ခွန်အားများ ပြန်လည်ရရှိလာခဲ့သည်။ သူ ကျူးထုန်ကို တစ်ခါတည်း ကောက်ချီလိုက်ပြီး ဆေးရုံရှိရာဆီသို့ ချက်ချင်း ပြေးထွက်သွားလေသည်။


ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားက အစပိုင်းတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ထားခဲ့သော်လည်း သူ့လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး ထိုလူအုပ်စု ထွက်ပြေးသွားသည်ကိုသာ ရပ်ကြည့်နေလိုက်သည်။ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဖုန်းခေါ်ရန် ဖုန်းကို ထုတ်လိုက်သည်။


လမ်းတစ်လျှောက်တွင် နာကျင်မှုကြောင့် ကျူးထုန်၏မျက်နှာက ဖြူဖျော့လာခဲ့သည်။ သူ့လက်များက ရှောက်မင်၏ ပခုံးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။


ရှောက်မင် သူ့နှလုံးသားများ တင်းကျပ်သွားသလို ခံစားလိုက်ရသည်။


သူ စကားပြောရန် ကြိုးစားလိုက်သော်လည်း သူ့လည်ချောင်းက ကြမ်းတမ်းဩရှနေပေ၏။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ့နားထဲသို့ နူးညံ့ညင်သာစွာဖြင့် နှစ်သိမ့်ပေးလာသည်။ 


"ငါအဆင်ပြေပါတယ်၊ ဒါပေမယ့် မင်း..."


"....."


ရှောက်မင် စကားမပြောခဲ့ပေ။ သို့သော် သူ၏ဆုပ်ကိုင်ပွေ့ချီထားမှုကို တင်းကျပ်လိုက်၏။


စကားပြောရန်မှာ လွယ်ကူသည့်ပုံပေါ်သော်လည်း လက်တွေ့တွင် ကျူးထုန်က အတော်လေး နာကျင်မှုကို ခံစားနေရသည်။


သစ်သီးလှီးဓားဖြင့် အခုတ်ခံရခြင်းက သေချာပေါက် အလွန်နာကျင်ပေ၏။


သူ့နောက်ကျောက ဘာဖြစ်သွားတာလဲ...။ သူ့အရေပြားက ကွဲပြဲနေပြီး သွေးထွက်နေတာလား...။ အဲဒါက ဘယ်လောက်တောင် အရုပ်ဆိုးနေလဲ...။


'host မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်က အဆင်ပြေတယ်။ ကျောကဒဏ်ရာက အပေါ်ယံလောက်လေးပဲ။ စိုးရိမ်စရာ မရှိပါဘူး။'


"....."


ကျူးထုန် အမှန်တကယ် သက်သာရာရသော်လည်း နာကျင်နေဆဲပင်။


'စနစ်ရဲ့ developer တွေက host ရဲ့နာကျင်မှုကို လျှော့ချပေးဖို့ ဝန်ဆောင်မှုတွေကိုများ ကမ်းလှမ်းသေးလား။'


စနစ်ကို ပြန်လည်ဝေဖန် ပြောဆိုခြင်းဖြင့်သာ သူ့အာရုံကို လွှဲထားနိုင်ပေသည်။


စနစ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ 'တောင်းပန်ပါတယ်။ ငါတို့က ဆက်လက်ရှင်သန်မှုစနစ်အပေါ် အခြေခံထားတဲ့ တာဝန်တွေပါ။ ကစားသမားရဲ့ အတွေ့အကြုံစနစ်အပေါ် အခြေခံထားတာ မဟုတ်ဘူး။ အဲဒီလိုဝန်ဆောင်မှုမျိုးကို မပေးပါဘူး'


ကျူးထုန်: "....."


ဒါပေမယ့် quest reward ကရော အလုပ်မဖြစ်ဘူးလား...


(quest ဆိုတာ multiplayer online game နဲ့ role-playing game တွေမှာ တွေ့ရအများဆုံးပါ။ မစ်ရှင်နဲ့ဆင်တူပါတယ်။ တစ်ခုခုကို ရှာပြီးစုဆောင်းခိုင်းတာတို့၊ ရှာပြီးသတ်ခိုင်းတာတို့ပါ။ quest တွေ လုပ်ပြီးတိုင်း ဆု(reward)တွေ ရပါတယ်။ gold, exp, diamond, skill နဲ့ item တွေ ရတတ်ပါတယ်။)


သူ၏နှစ်သက်မှုအဆင့်က ၃၀% ကျော်လွန်သွားပြီးနောက် သူ ဖျားနာကာ ဒဏ်ရာရနေဆဲပင်။


ကျူးထုန် ထိုအကြောင်းကို တွေးနေစဉ်မှာပင် ရှောက်မင်က ဆေးရုံသို့ ရောက်ရှိသွားခဲ့သည်။


ဆရာဝန်ကို ရှာဖွေခြင်း၊ အဝတ်အစားချွတ်ခြင်း၊ စစ်ဆေးမှုခံယူခြင်း၊ ပိုးသတ်ခြင်း၊ ဆေးလိမ်းခြင်းနှင့် ပတ်တီးစည်းခြင်း လုပ်ငန်းစဉ်များက ကျူးထုန်နှင့်ရင်းနှီးကျွမ်းဝင်ပြီးသားပင်။


အစမှအဆုံးထိ ဖြစ်စဉ်တစ်ခုလုံးတွင် မည်သူမှ စကားမပြောခဲ့ပေ။ ဘာတွေဖြစ်နေတာလဲ...။


'ဒါက ဆရာဝန်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘူးလား' 

ကျူးထုန် တွေးလိုက်မိသည်။


ဆရာဝန်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဆရာဝန်က ထိုသို့သော "အလိုက်သိပြီး တိတ်ဆိတ်ငြိမ်သက်သည့်" လူနာနှင့်ပတ်သက်ပြီး အလွန်ကျေနပ်ပေသည်။ အနည်းဆုံးအနေဖြင့် လူနာ၏ဒဏ်ရာကို ကုသနေချိန်တွင် သူ့နားထဲ၌ တစ်ယောက်ယောက်၏ အော်သံကို ကြားစရာမလိုပေ။


ဒဏ်ရာကို ပြီးပြည့်စုံစွာ ကုသနိုင်ခဲ့ပြီး ဆရာဝန်က ဆေးလင်ပန်းကို လျှောက်လမ်းဆီသို့ ယူသွားရင်း ပြောလိုက်သည်။ 


"ဒဏ်ရာက မနက်ပါဘူး။ ဆေးလိမ်းပေးနေသရွေ့ ဒဏ်ရာက ရက်အနည်းငယ်အတွင်း သက်သာလာမယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ မင်းရဲ့ဒဏ်ရာက ဓားနဲ့ထိုးခံထားရတဲ့ ဒဏ်ရာလိုပဲ။ ဘယ်လိုလုပ် ဒဏ်ရာ ရသွားတာလဲ"


လူနာ၏အသွင်အပြင်ကို အခြေခံကြည့်ခြင်းဖြင့် ရန်ဖြစ်ရခြင်းကို နှစ်သက်သော လူဆိုးတစ်ယောက်နှင့် မတူပေ။


ကျူးထုန် ခဏမျှ နှုတ်ဆိတ်နေပြီး မည်သူမျှ ပြန်မဖြေသည်ကို မြင်လိုက်ရသဖြင့် သူကိုယ်တိုင် ပြန်ဖြေလိုက်သည်။ 


"ကျွန်တော်က... တရားမျှတမှုအတွက် ရဲရဲရင့်ရင့် လုပ်ဆောင်ခဲ့ရုံပါပဲ"


သူ စကားပြောပြီးသည်နှင့် သူ့ပခုံးပေါ်ရှိ လက်များက ရုတ်တရက် တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။


ဆေးရုံကို ရောက်ပြီးနောက် ရှောက်မင်က တိတ်ဆိတ်နေပြီး ကျူးထုန်ကို လက်လွှတ်လိုက်ရန် ငြင်းဆန်ခဲ့သည်။ ဆေးလိမ်းရန် အချိန်သို့ရောက်လာသောအခါ ကျူးထုန် နာကျင်ရမည်ကို ကြောက်မိသည်။ သူ အနီးနားရှိ ကုလားထိုင်တစ်ခုပေါ်တွင် ဘေးစောင်းထိုင်ကာ ကိုင်ထားရန် တစ်ခုခုကို ရှာဖွေလိုက်သည်။ သင့်တော်သည့်နေရာကို ရှာမတွေ့ခင်မှာပင် ရှောက်မင်က သူ့ရှေ့တွင် ရပ်လိုက်ပြီး သူ့ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လာခဲ့သည်။


ဆေးလိမ်းခြင်းဖြစ်စဉ် ပြီးဆုံးသွားသည့်အချိန်အထိ ကျူးထုန် သူ့ရှေ့ရှိလူထံသို့ ခန္ဓာကိုယ်တစ်ဝက်မျှ မှီထားခဲ့သည်။


ဆေး၏ကျေးဇူးဖြင့် ကျူးထုန် နာကျင်မှုကြောင့် တုန်လှုပ်သွားချိန်တွင် သူ့ပခုံးပေါ်ရှိ ရှောက်မင်၏လက်က တင်းကြပ်သွားခဲ့သည်။


သူ စိုးရိမ်နေမှန်း ကျူးထုန် သိသောကြောင့် သူ့နဖူးကို အတတ်နိုင်ဆုံး မှီထားခဲ့သည်။


နောက်ဆုံး ဆေးလိမ်းပြီးနောက် ကျူးထုန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


ဆရာဝန်က ဆေးလင်ပန်းကို ရွေ့လျားနိုင်သည့် စင်ပေါ်သို့တင်လိုက်ပြီး လှည့်ကြည့်ကာ ဆိုသည်။


"ရဲရင့်တယ်ပေါ့။ မင်းကလား။ မင်းတို့လူငယ်တွေက တရားမျှတလိုစိတ်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် မင်းရဲ့ကန့်သတ်ချက်တွေကိုလည်း မင်း သိထားဖို့လိုသေးတယ်။ မင်းရဲ့အရပ်အမောင်း သေးသေးလေးနဲ့ဆိုရင် မင်းက လေထဲလွင့်နေတဲ့ သစ်ရွက်တစ်ရွက်လိုပဲ။ ဒါတောင် သတ္တိပြချင်သေးတာလား။ အဲဒီအစား မင်းရဲ့ခေါင်းကို လည်စင်းပေးလိုက်တာ မဟုတ်ဘူး"


ကျူးထုန်: "....."


ဤဆရာဝန်က အတော်လေး ခေတ်ရေစီးကြောင်းနှင့်ညီပြီး "လည်စင်းပေးလိုက်" ဟူသော ဂိမ်းအသုံးအနှုန်းကိုပင် သိပေ၏။


သူက ပျော့ညံ့သည့် ကြက်လေးတစ်ကောင်မှန်း ကျူးထုန်လည်း သိပေသည်။ သို့သော် ထိုအချိန်က သူသာ အလျင်အမြန် ပြေးမသွားခဲ့လျှင်...


'host က လရောင်ဖြူလေးအတွက် ဓားကို ကိုယ်စားအထိုးမခံပေးရင်တောင် သူက ဒဏ်ရာရမှာမဟုတ်ဘူး။'


"....."


စနစ်က သူ၏အထိန်းအချုပ်မဲ့နေသော စိတ်ကူးယဉ်ဆန်မှုကို တိုက်ရိုက် ကြားဝင်အနှောင့်အယှက်ပေးလိုက်သည်။


အမှန်စင်စစ်တွင် ချိုးရှောက်ဖျင်က သူ့ကို ရုတ်တရက် တိုက်ခိုက်ချိန်တွင် ရှောက်မင်၏တုံ့ပြန်မှုအပေါ် ခန့်မှန်းဆုံးဖြတ်ကြည့်ခြင်းအားဖြင့် ရှောက်မင်က အဆင်သင့်ပြင်ထားသည့်ပုံပင်။ ထိုဓားဖြင့် တိုက်ခိုက်မှုကနေ ထိခိုက်မှုရှိနိုင်လိမ့်မည်ပင် မဟုတ်ပေ။


'နေပါအုံး... အသင့်ပြင်ထားတာလား'


ကျူးထုန် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူ မော့ကြည့်ချင်သော်လည်း အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။


ဆေးလိမ်းပြီးချိန်တွင် သူ့အဝတ်အစားများကို ချွတ်လိုက်သည်။


သွေးစွန်းနေသော အဝတ်အစားများကို လှည့်ကြည့်လိုက်ရာ ခါးသီးမုန်းတီးခြင်း လှိုင်းလုံးများကို ခံစားလိုက်ရသည်။ ထို့နောက် ဦးလေးလျိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။ 


"ဦးလေး ပြန်သွားပြီး ကျွန်တော့်အတွက် အဝတ်အစားတစ်စုံလောက် ယူပေးလို့ရမလား"


ဦးလေးလျို၏မျက်နှာက မိမိကိုယ်ကို အပြစ်တင်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ကျွင်းကျန်ရစ်သော ဒေါသအရိပ်အယောင်များစသည့် ရှုပ်ထွေးပွေလီသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။


သူ ကျူးထုန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ အခန်းထဲမှ အရင်ထွက်သွားခဲ့သည်။


လော့ရှိုးက သူ၏စူးရှလှသော မျက်လုံးများဖြင့် ဆရာဝန်နှင့် ဦးလေးလျိုတို့ ဆွေးနွေးခန်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူ တံခါးဆီသို့ လှည့်လိုက်ပြီး 


"အရင်ဆုံး ငါ ဆေးသွားယူလိုက်မယ်။ မင်ကော... မင်း သူနဲ့နေခဲ့လိုက်"


"....."


တစ်ချိန်က လူစည်ကားနေသော အခန်းက ရုတ်တရက် လစ်ဟာသွားပေ၏။


သူတို့နှစ်ဦးတည်းသာ ရှိသောကြောင့်ဖြစ်နိုင်သည်။ သို့သော်လည်း အခန်းအတွင်းရှိ လေထုဖိအား ကျဆင်းသွားသည်ကို ကျူးထုန် ခံစားမိသည်။


ရှောက်မင်က ဘာလို့ စကားမပြောတာလဲ...။


အခု သူ ဘာပြောသင့်လဲ...။


သူ၏အတွေးများ ဝိရောဓိဖြစ်နေချိန်တွင် စက်သံသတိပေးချက်တစ်ခု သူ့စိတ်ထဲတွင် မြည်လာသည်။ 'ဂုဏ်ယူပါတယ်။ မင်းက လရောင်ဖြူလေးရဲ့ နှစ်သက်မှု +၁၀% ကို ရရှိသွားပါပြီ။ မင်းရဲ့လက်ရှိနှစ်သက်မှုက ၅၉% ပါ။'


"!"


၁၀% လား...


နောက်အဆင့်ဆုကြေး၏ အရေးကြီးသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် နှစ်သက်မှုအဆင့်က ၄၉% တွင်သာ အချိန်အကြာကြီး ရပ်တန့်နေကြောင်း ကျူးထုန် အမြဲလိုလို ခံစားမိသည်။


ကျင့်ကြံရေးဝတ္ထုများထဲတွင် ပါလေ့ရှိသည့်အတိုင်း မည်သည့်အဓိကဇာတ်ဆောင်ကများ သူတို့ ကျော်ဖြတ်ပြီး အဆင့်မမြှင့်တင်မီအချိန်အထိ ပိတ်ဆို့တားဆီးမှုတစ်ခုနှင့် ကြုံတွေ့သည်ကို တွေ့ဖူးကြသနည်း။


ထိုအကြောင်းပြချက်ကြောင့်ပင် အဆင့်က ၄၉% တွင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့သော်လည်း ကျူးထုန် စိတ်မပူကာ စိတ်ဓာတ်လည်းမကျခဲ့ပေ။


စိတ်ရင်းမှန်ဖြင့်သာဆိုလျှင် အမာကျောဆုံး နှလုံးသားများကိုပင် ပျော့ပျောင်းစေနိုင်သည်ဟု သူ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူ၏နှစ်သက်မှုအဆင့်ကို ၅၀% အမှတ်ထက် ကျော်တက်ရန် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့သည်။


ယခုအခါ ၅၀% အမှတ်ထက်ကိုပင် ကျော်တက်သွားပေပြီ။


ကျော်တက်သွားရုံသာမက နောက်ထပ်အရေးကြီးသောအဆင့်သို့ပင် ချဉ်းကပ်သွားပြီဖြစ်၏။


ကျူးထုန်က သာမာန်အားဖြင့် ယဉ်ကျေးသူတစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင် "Fuck" ဟု အသံကျယ်ကျယ်ဖြင့် ပေါက်ကွဲလုနီးပါးပင်။


နှစ်သက်မှုက ဘယ်လိုလုပ်ပြီး တိုးလာရတာလဲ... ။ သူ ဘာလုပ်လိုက်တာလဲ...။


အာ သူ ရှောက်မင်အတွက် ဓားကို ကိုယ်စားအထိုးခံပေးလိုက်ခြင်းပင်။


ဒီလိုမျိုးဓါးကို ကာပေးလိုက်တာက အကျိုးသက်ရောက်မှု ကောင်းကောင်းကို ရနိုင်တယ်လား...


ဒီတိုးတက်မှုကြီးက အရမ်းမထူးခြားလွန်းဘူးလား...။


မြင့်မြတ်ပြီး ဤကမ္ဘာနှင့် မသက်ဆိုင်သော လရောင်ဖြူများပင်လျှင် သာမန်အတွေးများမှ မလွတ်မြောက်နိုင်ပေ။


ကျူးထုန် စနစ်မျက်နှာပြင်ရှိ တိုးတက်မှုဘားတန်းကို ကြည့်လိုက်သည်။ ၎င်းမှာ တစ်ဝက်သို့ ရောက်နေပြီဖြစ်၏။ ကျူးထုန် စိတ်လွတ်စွာ တွေးမိသည်။ 


'သူ နောက်တစ်ကြိမ် ပြန်လာပြီး အကြိမ်နည်းနည်းလောက် သူ့ကို ဓါးနဲ့ထိုးပေးလို့မလား'


စနစ်: .....


နှစ်သက်မှုအဆင့်တွင် ရုတ်တရက် တိုးတက်လာခြင်းက သခင်ငယ်လေးကျူးကို သတ္တိများရှိလာစေသည်။ အချိန်အတော်ကြာ ခေါင်းငိုက်စိုက်ချထားခဲ့ပြီး နောက်ဆုံးတွင် ခေါင်းကိုမော့ကြည့်လိုက်ချိန်၌ ရေကဲ့သို့ တည်ငြိမ်နေသောမျက်နှာနှင့် ရင်ဆိုင်တွေ့လိုက်ရသည်။


"....."


ရှောက်မင်၏ လက်ရှိအမူအရာကို ကျူးထုန် ဖော်

ပြရလျှင် သူ့အသွင်အပြင်က ကြည့်ကောင်းနေသည် မဟုတ်သလို ရုပ်ဆိုးနေသည်လည်း မဟုတ်ပေ။ သို့သော် အသက်မရှူနိုင်အောင် မွန်းကြပ်သည့်ခံစားချက်ကဲ့သို့ လေးလံသောခံစားမှုကို ပေးစွမ်းနိုင်ပေသည်။


ကျူးထုန် နှစ်သက်မှုဘားတန်းကို တစ်ချက်ကြည့်လိုက်ပြန်သည်။



🤒