Chapter 94
Viewers 18k

🤒အခန်း ၉၄




ကျူးထုန်က သူ့ကိုယ်သူ အလွန်အကြူးလုပ်နေမိမှန်း ရုတ်တရက် နားလည်သွား၏။ စကားတစ်ခွန်းတည်းဆိုရလျှင် ရှက်စရာကောင်းလှ၏။


ကျူးထုန်က "မနက်ဖြန်တွေ့မယ်" ဟုသာ ပြောပြီး မည်သည်ကိုမှ မပြောဝံ့တော့ဘဲ လှည့်ထွက်သွားလိုက်သည်။


ခြေလှမ်းနှစ်လှမ်းမျှ လှမ်းပြီးနောက် သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ဦးလေးလျိုကို လှည့်ကြည့်ကာ မေးလိုက်သည်။


 "ဦးလေးလျို၊ ဘာလို့ ကျွန်တော့်ကို လာကြိုတာလဲ"


ကျူးထုန် တိုက်ခန်းရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။


မီတာ ၂၀၀ ခန့်သာဝေးပေ၏။


ဤမျှနီးသော အကွာအဝေးတွင် သူ့ကို လိုက်စောင့်ရှောက်ပြီး ပြန်ပို့ပေးစရာမလိုဘူး မဟုတ်လား...။


ဦးလေးလျို: "....."


လာကြိုရန် လိုအပ်သည်ဟု ဦးလေးလျိုခံစားရသည်။ မကြာသေးမီက သူ့သခင်ငယ်လေးက ကျောင်းနှင့် မီတာ ၂၀၀ ခန့်အကွာတွင် လူဆိုးများ၏ဝိုင်းရံထားခြင်းကို ခံခဲ့ရသည်။


 á€Śá€¸á€œá€ąá€¸á€œá€ťá€­á€Ż စိတ်ပူသည့်အခါ သခင်ငယ်လေးနောက်သို့ တိတ်တဆိတ် လျှို့ဝှက်စွာ လိုက်လေ့ရှိသည်။ ယနေ့တွင် ရှောက်မင်က သူ့ဆီ စာတိုတစ်စောင် ပို့လာသောကြောင့် သခင်ငယ်လေးကို ပေါ်ပေါ်တင်တင် လာကြိုခြင်းဖြစ်၏။


ဦးလေးလျိုက စကားယဉ်ယဉ်လေးဖြင့် ကွယ်ဝိုက်ကာပြောလိုက်သည်။ 


"သခင်လေး၊ ထူးခြားတဲ့အချိန်တွေမှာ သတိထားတာက ပိုကောင်းပါတယ်"


"....."


အထူးအချိန်တွေ...


ကျူးထုန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။


 "ဦးလေး ဘာကို ဆိုလိုတာလဲ။ ချိုးရှောက်ဖျင်က အန္တရာယ်ရှိလို့လား"


ဦးလေးလျို : "သခင်လေး စိတ်မပူပါနဲ့။ သူ မင်းဆီ ချဉ်းကပ်လာနိုင်တဲ့ အခွင့်အရေးတစ်ခုတောင် ဦးလေးက ပေးမှာမဟုတ်ဘူး"


ကျူးထုန်: "....."


ကျူးထုန် သူ့ကိုယ်သူအတွက် စိတ်မပူပေ။


လမ်းမကြီးတစ်လျှောက် လမ်းလျှောက်လာရင်း ကျူးထုန် ခပ်တိုးတိုးလေး မေးလိုက်သည်။ 


"ဦးလေးလျို၊ လူတွေကို အဝေးနှင်ထုတ်လို့ရမဲ့ နည်းလမ်းတစ်ခုခုများရှိလား"


"တစ်ယောက်ယောက်ကို နှင်ထုတ်ဖို့လား။ ဘယ်လောက် အတိုင်းအတာအထိလဲ"


"!"


ကျူးထုန် ဦးလေးလျိုကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ဦးလေးလျို၏ သာမန်ကာလျှံကာ ပြောလိုက်သောစကားများက သူ့ကို ခွေးသွေးပြဇာတ် မြင်ကွင်းကို ချက်ချင်းမြင်ယောင်သွားစေခဲ့သည်။


ဘယ်လောက် အတိုင်းအတာအထိ... ။ဘယ်လောက် အတိုင်းအတာအထိ လူတစ်ယောက်ကို အဝေးနှင်ထုတ်မှာလဲ... ။အန်ကယ်လျိုက အဲဒါကို ဘယ်လောက်အထိ တွေးထားလို့လဲ...။


ပထမဆုံးအကြိမ်အဖြစ် ဦးလေးလျိုက အနည်းငယ် ကြောက်စရာကောင်းပုံပေါ်ကြောင်း ကျူးထုန် ခံစားမိသည်။


သူ ၎င်းကို စဉ်းစားကာ ပြောလိုက်သည်။ 


"သာ...သာမန်နည်းလမ်း၊ သာမန်နည်းလမ်းနဲ့ သူတို့ကို နှင်ထုတ်တာ"


ဦးလေးလျိုက ခဏမျှ စဉ်းစားလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


"အဲဒါက နည်းနည်းတော့ ဖြေရှင်းဖို့ခက်ခဲတယ်"


ကျူးထုန်: "....."


'...ဒါဆို လွယ်ကူနည်းလမ်းက ဘာလဲ'


ကျူးထုန် ဆက်မမေးဝံ့တော့ပေ။


ဤကဲ့သို့သော ရှောက်မင်၏ကိစ္စများကို ဂရုစိုက်ပေးခြင်းကို ရှောက်မင်က လက်ခံနိုင်လားဆိုတာကို ကျူးထုန် မသိပေ။


သူ အိမ်တံခါးထံသို့ လျှောက်လာရင်း ခေါင်းအနည်းငယ် ကိုက်လာသလို ခံစားရသည်။ ခေါင်းကိုလှည့်ပြီး တံခါးကိုကြည့်လိုက်သည်။ ယနေ့ ဤနေရာတွင် ရှောက်မင် မရှိပေ။ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီး ခြံဝင်းထဲသို့သာ လှည့်ဝင်လာလိုက်သည်။


¤¤¤¤¤


ကျောင်း၏သံတံခါးအတွင်း၌ ရှောက်မင်က လုကျစ်ယွီထံမှ လက်ပ်တော့တစ်လုံးကို ယူသွားခဲ့သည်။


"ဒီနှစ်ရက်အတွင်း မင်း ဒီဟာကို သုံးအုံးမှာလား" 


ရှောက်မင် မေးလိုက်သည်။


လုကျစ်ယွီက ခေါင်းခါလိုက်သည်။

 "မသုံးဘူး။ အခုလောလောဆယ် ငါ့မှာ လုပ်စရာမရှိဘူး... အကူအညီလိုသေးလား"


ရှောက်မင် : "ရတယ်၊ ငါ့ဘာသာငါ ဖြေရှင်းလိုက်မယ်"


လုကျစ်ယွီ နောက်တစ်ကြိမ် ခေါင်းညိတ်ပြပြီး ကျောင်းအိပ်ဆောင်သို့ လှည့်ပြန်သွားခဲ့သည်။


ရှောက်မင် လက်တော့ပ်ကို ယူသွားခဲ့သည်။ သူ ကျောင်းတံခါးဝကနေ တက္ကစီစီးကာ အိမ်ပြန်လာခဲ့သည်။ ရှောက်ယွီကျယ်က တီဗီကြည့်နေရင်း သူ ပြန်လာသည်ကိုမြင်ပြီး အလွန်အံ့သြသွားသည်။


ရှောက်မင်က တံခါးဝ၌ ခဏရပ်ကာ မေးလိုက်သည်။


 "ဒီနေ့ တစ်ယောက်ယောက် အိမ်ကို ရောက်လာသေးလား"


ရှောက်ယွီကျယ် မသိစိတ်က ခေါင်းခါလိုက်ပြီး ဖြေ၏။


 "မလာပါဘူး"


ရှောက်မင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။


တစ်စုံတစ်ယောက်က ရက်အနည်းငယ်အတွင်း လာမည်ဟုပြောခဲ့သော်လည်း သူ့ကို "စစ်ဆေး" ဖို့ စောစော ရောက်မလာဘူးဆိုသည်မှာလည်း အာမခံချက်တော့မရှိပေ။


သူတို့အားလုံးက A မြို့မှဖြစ်၏။ သူ ထိုလူကို ကျူးထုန်နှင့်တွေ့သွားမည်အား မလိုလားပေ။ သူ့အဖေမိသားစု၏ အသိုင်းအဝိုင်းက သူ့ကို အသိအမှတ်မပြုသလို သူကလည်း အသိအမှတ်ပြုရန် မလိုအပ်ကြောင်းကိုလည်း ကျူးထုန်အား မသိစေလိုပေ။


ဧည့်ခန်းထဲတွင် ရှောက်ယွီကျယ်က အနည်းငယ် ထိတ်လန့်သော အမူအရာဖြင့် သူ့ကို ကြည့်နေဆဲပင်။


ရှောက်မင် သူမကို ဘာမှပြန်မပြောဘဲ ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။


 "ဒီနှစ်ရက်လုံး ကျွန်တော် အိမ်မှာနေမယ်"


ထို့နောက် သူ ဧည့်ခန်းကို ဖြတ်သွားပြီး အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။


ရှောက်ယွီကျယ်၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမ အမြန်ထရပ်ကာ တားလိုက်ချင်သော်လည်း အသံထွက်မလာခင်မှာပင် အခန်းတံခါးက ပိတ်သွားပြီဖြစ်သည်။


"....."


သူမ စိတ်ပျက်လက်ပျက်ဖြင့် နဖူးကို ပွတ်သပ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ဆိုဖာပေါ် ပြန်ထိုင်လိုက်သည်။


ညနေခင်းတွင် ရသစုံရှိုးတစ်ခုကို တီဗွီဖန်သားပြင်ပေါ်တွင် ပြသနေလျှက်ရှိ၏။ ထိုအစီအစဉ်က တကယ်ကို ရယ်စရာကောင်းသော်လည်း တင်းမာနေသည့် ပတ်ဝန်းကျင်အခြေအနေကို လျှော့ချမပေးနိုင်ပေ။


ရှောက်ယွီကျယ် ဘာလုပ်ရမည်မှန်း မသိပေ။


အိပ်ခန်းထဲရှိ ရှောက်မင်က လတ်တလော "အဆင်မပြေမှု" ကို လုံးဝ ဂရုမစိုက်သည့်ပုံပင်။ အိတ်ထဲမှ လက်တော့ပ်ကို ထုတ်ကာ တစ်ခါတည်းဖွင့်လိုက်၏။ တစ်ချိန်တည်းမှာပင် ဖုန်းမြည်လာခဲ့သည်။


ရှောက်မင် ဖုန်းကို ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။


ဖုန်းကိုင်ထားသူက ဘာပြန်ပြောရမည်မှန်းကို မသိသဖြင့် ရှောက်မင်က တုံ့ပြန်ဖြေဆိုလိုက်သည်။ 


"သဘက်ခါ နေ့လည် ၁ နာရီ၊ ရင်ပြင်ဈေးက ကော်ဖီဆိုင်မှာ"


သူ ပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။


သူ လက်တော့ပ်ကို နောက်တစ်ကြိမ်ရွှေ့လိုက်ပြီး မတ်မတ်ထားကာ ဆေးရုံရှိလူထံ စာတိုတစ်စောင်ပို့ရန် ရှောက်ယွီဟန်၏အကောင့်ကို အသုံးပြုလိုက်သည်။ စာတိုပို့ပြီးနောက် တစ်ဖက်လူကို အမည်ပျက်သွင်းလိုက်သည်။


ချိုးရှောက်ဖျင် ထောင်က လွတ်လာပြီးနောက် ထိုလူက ရှောက်ယွီဟန်ထံမှတစ်ဆင့် သူ့ဖုန်းကိုပင် ရရှိသွားခဲ့သည်။


ဆေးရုံတက်ပြီးနောက် ချိုးရှောက်ဖျင်က အမှားများကို ဝန်ခံကာ စစ်မှန်သော သဘောထားကို တင်ပြခဲ့သည်ဟု ပြောလာကြသည်။ ရဲအရာရှိအချို့ကပင် ချိုးရှောက်ဖျင် ဆေးရုံကဆင်းပြီးနောက် သူ့အတွက် အလုပ်တစ်ခု စီစဉ်ပေးရန် အစီအစဉ်ဆွဲနေပုံရသည်။


လူကောင်းများက အမြဲလိုလို လှည့်စားရလွယ်ပြီး သတိလက်လွတ် ဖြစ်နေတတ်သည်။


ရှောက်မင်၏မျက်လုံးများက အနည်းငယ် အေးစက်သွားကာ မျက်နှာကျက်ကို မော့ကြည့်မိပြန်သည်။


သူ ဤအခန်းထဲသို့ ပြန်မရောက်ဖြစ်သည်မှာ အတော်ကြာပြီဖြစ်သော်လည်း စားပွဲခုံနှင့် အိပ်ရာခင်းနှစ်ခုလုံးက သန့်ရှင်းနေပြီး ဆပ်ပြာနံ့သင်းသင်းလေးကိုပင် ရှူရှိုက်မိပေသည်။ အိပ်ရာခင်းများက ပြောင်းလဲသွားရုံသာပင်။


သူ ဤနေရာကို ပြန်မလာလျှင်ပင် အခန်းကို ကောင်းကောင်း သန့်ရှင်းပေးထားပေ၏။


အခုလောလောဆယ် ဧည့်ခန်းထဲတွင် တစ်ယောက်တည်းထိုင်နေသော အမျိုးသမီးအကြောင်းကို စဉ်းစားရင်း ရှောက်မင် နောက်တစ်ကြိမ် သက်ပြင်းချကာ တံခါးဆီသို့ လျှောက်သွားပြီး လှမ်းဖွင့်လိုက်လေသည်။


အသေးငယ်ဆုံး လှုပ်ရှားမှုလေးကပင် ထိုအမျိုးသမီးကို ထိတ်လန့်သွားစေရန် လုံလောက်ပေ၏။ သူမ သူ့ကို သတိကြီးစွာထားပြီး ကြည့်လာသည်။


ရှောက်မင် ခဏမျှငြိမ်နေပြီးနောက် ပြောလိုက်သည်။


 "နောက်ကျနေပြီ၊ စောစော အနားယူတော့လေ"


ရှောင်ယွီကျယ် အနည်းငယ် အံ့ဩသွားပြီး ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။


 "အင်း၊ မင်းလည်း စောစော အနားယူသင့်တယ်"


ရှောက်မင်လည်း ခေါင်းညိတ်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။


ဧည့်ခန်းထဲရှိ အမျိုးသမီးက အခန်းတံခါးကို ခဏစိုက်ကြည့်ပြီးနောက် ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။


တံခါးပိတ်ပြီးနောက် ရှောက်မင် ပင်ပန်းလာသလို ခံစားရသည်။


လူမှုရေးအရ ဆက်ဆံရေးကို ထိန်းသိမ်းခြင်းက ကမ္ဘာပေါ်တွင် အပင်ပန်းဆုံးအရာ ဖြစ်ကောင်းဖြစ်နိုင်ပေ၏။


သို့သော် ထိုနည်းတူ "ထိုကောင်လေး" သာဆိုလျှင် သူ ပင်ပန်းသလို ခံစားရမည် မဟုတ်ပေ။


သို့သော် အဘယ်ကြောင့်နည်း။


အဖြေက ရှင်းလွန်းလှပါ၏။


ရှောက်မင် ရိုးရှင်းပြီး ဖြောင့်မတ်ပွင့်လင်းသော လူငယ်လေးဖြစ်သည့် သူ့ထိုင်ခုံဖော်လေးအကြောင်းကို မတွေးဘဲမနေနိုင်ပေ။ သို့သော်ငြား ထိုသူ့ထံတွင် ရှောက်မင် မဖော်ထုတ်နိုင်သည့် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေဆဲပင်။


'သူ အခု ဘာလုပ်နေလဲ'


'သူ့အိမ်စာလုပ်နေတာလား။ အိပ်တော့မှာလား'


ရှောက်မင် သူ့အနားတွင် မရှိသောကြောင့် ကျူးထုန်က သူ မသိသည့်မေးခွန်းများ တွေ့သည့်အခါ အဖြေကို အလွတ်အတိုင်းချန်ထားလောက်လား...။ သို့တည်းမဟုတ် စာကြည့်စားပွဲတွင် သူတစ်ယောက်တည်းဖြစ်နေပြီး စိတ်ဖိစီးနေမည်လား...။


'ဒါမှမဟုတ် အဲဒါတွေအားလုံးက သူ့အပေါ် လုံးဝ မသက်ရောက်ဘဲ အေးအေးဆေးဆေး အိပ်နေလောက်လား။'


ရှောက်မင် ကွန်ပြူတာရှေ့တွင် တွေဝေမှိန်းမောစွာ ထိုင်ချလိုက်ပြီး သူ အသိပြန်ဝင်လာချိန်တွင် သူ့စိတ်ထဲ၌ ထိုလူတစ်ယောက်တည်းနှင့်သာ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။


***


ကျူးထုန်တစ်ယောက် အိမ်တွင်ရှိနေစဥ် ကုတင်ပေါ်၌ လဲလျောင်းကာ မျက်နှာကျက်ကို မော့ကြည့်နေပြီး မျက်လုံးများမှာ မှိုင်းမှုန်နေလျက် မျှော်လင့်ချက်မဲ့မှုတို့အား မျက်နှာထက်အထင်းသား ဖော်ပြ၍နေသည်။


သူ အိပ်၍မပျော်ပေ။


သူ အမှန်တကယ်ကို အိပ်လို့မရခြင်းပေ။


မနေ့ညကတောင် သူ ဆိုဖာပေါ်မှာ အိပ်ပျော်သွားတာ မဟုတ်ဘူးလား။


သူ ဖုန်းကိုထုတ်ကြည့်လိုက်သည်။ ယခုအချိန်မှာ ညသန်းခေါင် ၁၂ နာရီ ရှိပြီဖြစ်၏။ ကျူးထုန် မသိစိတ်က WeChat ကို ဖွင့်လိုက်သည်။ ထိုနေရာတွင် အရေးကြီးသည့်သတင်းများ အများကြီးရှိသော်လည်း သူကြည့်ချင်သည့် သတင်းတစ်ခုမှမရှိပေ။


သူ စိတ်ပျက်လက်ပျက်နှင့် ဖုန်းကိုပိတ်လိုက်ပြီး မျက်နှာကျက်ကို မှင်သေသေဖြင့် ဆက်ကြည့်နေလိုက်သည်။


သူ ဘယ်လိုလုပ် အိပ်မပျော်ရသည်လဲ။


အချို့သောလူများက "အိပ်ရာကို စွဲလမ်းခြင်း" ပြဿနာရှိတတ်သည်ဟု ကျူးထုန် ကြားဖူးသည်။ ဆိုလိုသည်မှာ သူတို့က ကုတင်တစ်လုံးတည်းတွင် အိပ်လေ့ရှိပါက အခြားကုတင်တွင် အိပ်ပျော်နိုင်မည်မဟုတ်ပေ။ အလားတူပင် အချို့သောလူများတွင်လည်း "လူများကို တွယ်တာခြင်း" ပြဿနာရှိပေ၏။


သူ့မှာ ထိုပြဿနာ ရှိနေခြင်းပေလား...။


သူက ဘယ်သူ့ကို တွယ်တာနေတာလဲ... ။ရှောက်မင်ကိုလား... ။ ဒါပေမဲ့ သူတို့နှစ်ယောက်က တစ်အိပ်ရာတည်း အတူတူ မအိပ်ဖူးဘူးလေ။


ဒါ့အပြင် သူ ရှောက်မင်နှင့် ဘယ်လောက်ကြာကြာ အတူနေခဲ့လို့လဲ။ သိပ်မကြာပါဘူး...။ ဟုတ်တယ်မလား...။


အတွေးများ နေရာအနှံ့ ပျံ့လွင့်စဉ် ကျူးထုန်က သူ့မျက်လုံးများကို မှိတ်ထားရင်း အိပ်ပျော်သွားရန် ကြိုးစားလိုက်သည်။ သူ့အသိစိတ်က ဖရိုဖရဲဖြစ်နေပြီး သူ၏ဇီဝနာရီနှင့် သူ့စိတ်ကြားတွင် စစ်ပွဲများဖြစ်ပေါ်နေပေသည်။ ပုစ္ဆာများနှင့် သင်္ချာအိမ်စာများအကြောင်း တွေးနေသေးသော်လည်း သူ အလွန်အမင်း အိပ်လိုက်ချင်နေပေသည်။ ကျူးထုန် ပင်ပန်းနေသော်လည်း သူ့ခန္ဓာကိုယ်က အိပ်ပျော်ရန် ငြင်းဆန်နေ၏။


အဆုံးတွင် ကျူးထုန် မျက်လုံးများမှိတ်ထားသော်လည်း မိုးလင်းသည့်တိုင်အောင် အိပ်မပျော်ခဲ့ပေ။ ကတိအတိုင်း နံနက် ၆ နာရီတွင် ရှောက်မင်ထံမှ "အိပ်ရာနှိုးရန် ဝန်ဆောင်မှုပေးသည့်" ဖုန်းကို လက်ခံရရှိလိုက်သည်။


အနှီဖုန်းခေါ်ဆိုမှုက မနေ့ကကဲ့သို့ပင် အသုံးမဝင်သော်လည်း ထူးဆန်းစွာပင် အိပ်ပျော်သွားနိုင်သည့် စိတ်သက်သာရာရသွားသော ခံစားချက်ကို ကျူးထုန် ခံစားခဲ့ရသည်။


ခက်ခဲသည့်အပိုင်းမှာ သူ ဆက်လက်အိပ်ပျော်ရန် အချိန်မရှိခြင်းပေ။


ကျူးထုန် မတတ်သာစွာဖြင့် အိပ်ရာထလိုက်ပြီး ရေချိုးသန့်စင်ပြီးနောက် အပြင်သို့ ထွက်လာချိန်တွင် ရှောင်မင်က တိုက်ခန်းအပြင်ဘက်၌ သူ့အား စောင့်နေသည်ကို တွေ့လိုက်ရသည်။


"မင်း....."


သူ ရုတ်တရက် နိုးနိုးကြားကြား ဖြစ်သွားပြီး အံ့သြသွားမိသည်။ 


"ဘယ်တုန်းက ပြန်ရောက်တာလဲ"


ရှောက်မင်က ပြုံးပြီး ဖြေ၏။


"အခုမှလေးတင် ရောက်တာ"


ကျူးထုန် ကျောင်းရှိရာနေရာဆီသို့ လှည့်ကြည့်လိုက်သည်။


ရှောက်မင်၏အိမ်က အငှားအိမ်နှင့် ဆန့်ကျင်ဘက်တွင်ရှိကြောင်း ကျူးထုန် သတိရလိုက်သည်။ ဤနေရာသို့ လာခြင်းထက် သူ့အနေဖြင့် ကျောင်းကို တိုက်ရိုက်သွားသင့်ပေသည်။ 


သူက ဘယ်လိုလုပ်ပြီး အငှားအိမ်ကို အရင်ပြန်လာရတာလဲ။


သူ ကျောင်းရှိရာဆီကို ကြည့်လိုက်ပြီးနောက် ရှောက်မင်ကို ကြည့်လိုက်သည်။ 


"ဘယ်လိုလုပ်ပြီး မင်း..."


"ကိုယ် မင်းနဲ့ ကျောင်းအတူ သွားနေကျဆိုတော့ တစ်ယောက်တည်းသွားရတာ အဆင်မပြေသလို ခံစားရတယ်" 


အပြုံးဖျော့ဖျော့လေးနှင့်အတူ ရှောက်မင်က ဆိုလာ၏။


ကျူးထုန်: "....."


ကြောင်လက်ဖဝါးလေးနှင့် လာကုပ်ခြစ်နေသကဲ့ သူ့နှလုံးသားက အနည်းငယ် လှုပ်ရှားသွားရသည်။


သူလည်း ထိုနည်းအတိုင်းပင် ခံစားရ၏။


ရှောက်မင် ကျူးထုန်နှင့်အတူ ရှိနေသည်ကို အသားကျနေပြီဖြစ်၏။ ထို့ကြောင့် ယနေ့ အိပ်ရာထသည်နှင့် အလွန်သက်သောင့်သက်သာမရှိသလို ခံစားရသည်။


သူ့နှုတ်ခမ်းများ အလိုလို လှုပ်ရှားသွားသော်လည်း ကျူးထုန် စကားမပြောရသေးမီမှာပင် ရှောက်မင်က သူ့ကို ဖက်လိုက်သည်။


 "သွားရအောင်။ မင်း နောက်ကျနေရင် အပြင်မှာ မတ်တပ်ရပ်ပြီး အပြစ်ပေးခံရလိမ့်မယ်"


ရှောက်မင်က သူ့ပခုံးကို ဆွဲယူသွားချိန်တွင် သူ့လက်ဖမိုးက သူ့မျက်နှာကို ညင်သာစွာ ပွတ်တိုက်မိသွားသည်။


သူ့လက်တွေက အရမ်းကိုအေးစက်နေတာပဲ...။


ကျူးထုန် ခဏမျှ စိတ်လှုပ်ရှားသွားပြီး သူ့ခေါင်းကို စောင်းကာကြည့်လိုက်သည်။


'အခုလေးတင် ရောက်တာဆိုတဲ့စကားက သူ အမှန်အတိုင်းပြောနေတာလား။ အဲဒီလိုဆိုရင် သူ့လက်က ဘာလို့ အေးစက်နေရတာလဲ။'


သို့သော် ရှောက်မင်က ကြိုတွေးထားပြီးသည့်ပုံပင်။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်သွားပြီး စိတ်ကောင်းဝင်နေပုံရသည်။


ကျူးထုန် တုန့်ဆိုင်းသွားပြီး မေးလိုက်သည်။ 


"ဒေါ်လေးရော အဆင်ပြေလား"


ရှောက်မင် : "အဆင်ပြေပါတယ်"


"မင်း..." 

ကျူးထုန် ချီတုံချတုံဖြင့် မေးလိုက်၏။

 "မင်း မနေ့ညက ဘယ်အချိန် အိမ်ပြန်ရောက်တာလဲ"


ရှောင်မင် ခဏစဉ်းစားလိုက်သည်။


 "ည ၁၁ နာရီလောက်လေ။ ဘာဖြစ်လို့လဲ"


ကျူးထုန်: "ဒီနေ့ညရော မင်း အဲဒီကို ပြန်သွားရမှာလား"


"အင်း" 

ရှောက်မင် ကျူးထုန်ဘက်သို့ ကိုယ်ကိုကိုင်းလိုက်ကာဖြင့် ပြောလိုက်၏။


 "ဘာလို့လဲ။ မင်း သည်းမခံနိုင်တော့ဘူးလား"




🤒