Chapter 89
Viewers 18k

🤒အခန်း ၈၉

[အမှိုက်]




ရှောက်မင် ထိုလူကို နွေးထွေးမှု အနည်းငယ်မျှမပါရှိဘဲ အေးစက်စွာ ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။


 "ခင်ဗျားဆန္ဒအတိုင်း လုံလုံခြုံခြုံနေပြီး ပြန်ပေါ်မလာနဲ့"


ရှောက်မင် ဆိုင်ဝန်ထမ်းထံမှ စာတိုကို လက်ခံရရှိချိန်တွင် ညနေ (၆) နာရီရှိပြီဖြစ်ပြီး ကျောင်းမှဆိုင်သို့ ရောက်ရန် ၁၀ မိနစ်ခန့် အချိန်ယူခဲ့ရသည်။


နေဝင်ချိန်ကောင်းကင်ယံက မှောင်ရိပ်သန်းနေကာ စိတ်မသက်သာဖွယ်လေထုဖြင့် လွှမ်းခြုံထားပြီး မြင်ရသူတိုင်းကို အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ်စေသည်။


လူငယ်တစ်ဦးက ပိန်ပိန်ပါးပါး လူအိုကြီးတစ်ဦးကို မြေကြီးမာမာပေါ်သို့ ရိုက်ချလိုက်ရာ အမှန်တရားကို မသိသော လမ်းသွားလမ်းလာအချို့က ထိုသို့သောအနိုင်ကျင့်မှုကြောင့် ချက်ချင်းပင် ဒေါသထွက်သွားကြသည်။


"ဟားဟားဟားဟားဟား... ကောင်စုတ်လေး၊ ငါမင်းကိုမတွေ့ရတာ ၅ နှစ်ရှိပြီ... မင်း လုပ်နိုင်တာ ဒါအကုန်ပဲလား။ ဒါက လောင်ဇီထက်တောင် ပိုဆိုးနေသေးတယ်၊ ဒါက... ဟာဟားဟား"


သူ့ရယ်သံက ထိတ်လန့်ဖွယ်ရုပ်ရှင်ဇာတ်လမ်းထဲကကဲ့သို့ အေးစက်နေသည်။ ကြားလိုက်ရသည့် လူတော်တော်များများမှာ ကြောက်လန့်သွားကြ၏။


သူ့အပေါ်ထားသည့် လမ်းသွားလမ်းလာများ၏ စာနာသနားစိတ်များမှာ အလွယ်တကူ ‌ပျောက်ကွယ်သွားကြသည်။ တချို့က ထိုလူနှင့်ဝေးရာသို့ ရှောင်ပြေးရန် ခြေလှမ်းတော်တော်များများ နောက်ပြန်ဆုတ်သွားကြသည်။


ချိုးရှောက်ဖျင်က မြေပြင်မှ ကုန်းရုန်းထရင်း အနည်းငယ် ဖရိုဖရဲဖြစ်သွားပုံရသည်။ သို့သော် သူ့မျက်လုံးများက ရှောက်မင်ကို စိုက်ကြည့်နေပြီး သူ့သွားများကို ဒေါသတကြီး အံကြိတ်ထားသည်။ 


"မင်းတို့နှစ်ယောက်က ငါ့နောက်ကွယ်မှာ ထွက်ပြေးသွားပြီး နို့လက်ဖက်ရည်ဆိုင်တောင် ဖွင့်ထားသေးတယ်။ ဇိမ်ရှိတဲ့ဘဝမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပဲ။ အေးချမ်းသာယာတဲ့ဘဝတစ်ခုမှာ နေရဖို့ကို အိပ်မက်မက်နေကြတာမဟုတ်လား။ မင်းတို့က ငါ့ကို အဲဒီအဆိုးဝါးဆုံးနေရာဆီ ငါးနှစ်ကြာအောင် ပို့လိုက်ပြီး ဘယ်လိုတောင် ပျော်ပျော်ရွှင်ရွှင် နေနေကြတာလဲ။ မင်း-"


"ဘန်း!"


ရှောက်မင် ချိုးရှောက်ဖျင်၏ ဝမ်းဗိုက်တည့်တည့်သို့ နောက်တစ်ကြိမ် ဆက်ကန်လိုက်သည်။


ရှောက်မင် မည်သည်ကိုမျှ ပြန်မပြောခဲ့ပေ။ သူ့မျက်လုံးများက အဆုံးမရှိသော ရွှံ့အိုင်တစ်ခုနှင့်တူပြီး ရေသေအိုင်တစ်ခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။


သူ့တိုက်ခိုက်မှုတွင် မည်သည့်သနားညှာတာမှုကိုမှ မဖော်ပြသလို ကန်ထုတ်ခံရသူမှာလည်း နောက်ဆုတ်လိုစိတ် ရှိပုံမပေါ်ပေ။ ကြည့်ရှုသူများမှာ အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်းမရှိကြတော့ဘဲ ဝင်ရောက်စွက်ဖက်လိုသူများမှာမူ တုံ့ဆိုင်းကုန်ကြသည်။ တစ်ဖက်တွင် မြေပြင်ပေါ်ရှိလူက ထိတ်လန့်စရာကောင်းကြောင်း တွေ့ရသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ကန်ကြောက်နေသည့်သူက ပို၍ပင် ကြောက်စရာကောင်းသည်ဟု ယူဆခဲ့ကြသည်။


"ငါ ဘာလုပ်သင့်လဲ။ ရဲခေါ်ရမလား"


"ငါ ခေါ်ပြီးသွားပြီ"


ပတ်ပတ်လည်တွင် တီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာကြသော်လည်း ရန်ပွဲဖြစ်ပွားနေသူများအပေါ် လုံး၀ သက်ရောက်မှုမရှိခဲ့ပေ။


ဤတစ်ကြိမ် ချိုးရှောက်ဖျင် လဲကျသွားချိန်တွင် သူ့ပါးစပ်ကို ထိခိုက်မိပြီး သွေးများစီးကျလာသည်။ နာကျင်မှုကို မခံစားရသကဲ့သို့ ဆက်လက်မတ်တပ်ရပ်လာခဲ့သည်။ သူ့ပါးစပ်ထောင့်က သွေးများကို သုတ်လိုက်ပြီး ပြောပြန်သည်။


"ဟား... မင်းမှာရှိသမျှခွန်အားက ဒါအကုန်ပဲလား။ ဟမ်... လွန်ခဲ့တဲ့ငါးနှစ်တုန်းက မင်း ငါ့ခေါင်းကို အရက်ပုလင်းနဲ့ရိုက်ပြီး ငါ့ကို ဓါးနဲ့ထိုးခဲ့တာလေ။ အဲဒီအချိန်တုန်းက ‌ဒေါသတွေက အခု ဘယ်ရောက်ကုန်ပြီလဲ။ အိုး... မင်းလည်း အရွယ်ရောက်လာပြီဆိုတော့ တရားဥပ‌ဒေအကျိုးဆက်တွေကို ကြောက်လို့လား... ဟမ်"


ချိုးရှောက်ဖျင် သွေးများကို ထွေးထုတ်လိုက်သည်။


ရှောက်မင် နှုတ်ဆိတ်နေပြီး နောက်ထပ်လှုပ်ရှားတော့မည့်အချိန်တွင် နို့လက်ဖက်ရည်ဆိုင်၏တံခါးမှာ နောက်တစ်ကြိမ်ပွင့်လာလေသည်။ ရှောက်ယွီကျယ် ပြေးထွက်လာပြီး အလောတကြီး ပြောလိုက်သည်။ 


"ရှောက်မင် ရပ်လိုက်တော့"


"....."


ရှောက်မင် သူ့ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်သည်။


ချိုးရှောက်ဖျက် ပြေးထွက်လာသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ကို မြှောက်ထားဆဲဖြစ်သည့် ရှောက်မင်ကို ကြည့်လိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ကောက်ကျစ်စွား ပြုံးလိုက်ပြီးပြော၏။


 "ဘာလို့ သူ့ကို ရပ်ခိုင်းနေတာလဲ။ ဥပဒေကို ချိုးဖောက်မှာ ကြောက်လို့လား ဒါမှမဟုတ် သူ့အဖေက သူ့ကို မလိုချင်တော့မှာ စိုးရိမ်လို့လား။ ငါးနှစ်တောင်ရှိပြီ.. လူချမ်းသာယောက်ျားတစ်ယောက်ရဲ့ ဇနီးဖြစ်လာဖို့ဆိုတဲ့ မင်းရဲ့အိပ်မက်တွေကို မမေ့နိုင်သေးဘူးလား။ ဟမ်... ဟားဟား အသိအမှတ်ပြုခံရဖို့ မင်း သူ့ကို သူ့ရဲ့မူလနေရာဆီ ပြန်မပို့ဘူးပေါ့။ သောက်ကျိုးနည်းလောက်အောင် အဲဒီအကြောင်းကို ဒီနှစ်တွေတစ်လျှောက်လုံး စိတ်ကူးယဉ်နေခဲ့တာ မဟုတ်ဘူးလား။ မင်းက အရှက်မဲ့ပြီး အကျင့်ပျက်နေတဲ့ ခွေးမပဲ။ မင်းကိုယ်တိုင်က အရိုက်ခံရဖို့ တောင်းဆိုနေတာလား။ မင်းလိုမျိုး ပြည့်တန်ဆာတစ်ယောက်က ဘယ်ဟာနဲ့မှ မထိုက်တန်ဘူး။ ဒါပေမဲ့ လောင်ဇီရဲ့... "


သူ့အပေါ်ကျရောက်လာသော လက်သီးချက်ကြောင့် သူ့အသံက နောက်တစ်ကြိမ် တိမ်မြုပ်သွားပြန်သည်။


သူ၏အောက်တန်းကျသော စကားလုံးများကြောင့် ရှောက်ယွီကျယ်၏မျက်နှာက ဖြူဖျော့သွားသော်လည်း ရှောက်မင် နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်ကို မြင်လိုက်ရချိန်တွင် သူမ တုန်လှုပ်သွားသည်။ သူမ သူ့ကို ဖျောင်းဖျကာ ဟန့်တားချင်ပေသည်။ လွန်ခဲ့သည့်ငါးနှစ်ကမြင်ကွင်းမှာ သူမ၏မျက်လုံးများရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူမကို ထိုနေရာပင် အေးခဲသွားစေခဲ့သည်။


လွန်ခဲ့သည့်ငါးနှစ်က ၁၂ နှစ်အရွယ် ကောင်လေးက ထိုအမျိုးသားကို အရက်ပုလင်းဖြင့် ခေါင်းကို ရိုက်ခွဲခဲ့သည်။ ထိုယောက်ျား၏ခေါင်းတွင် သွေးများစိုရွှဲနေပြီး ကောင်လေး၏မျက်နှာမှာမူ အမူအရာကင်းမဲ့နေပေသည်။ အရက်ပုလင်းကွဲသွားပြီးနောက် ကောင်လေးက ထိုယောက်ျားကို သတ်ပစ်ချင်နေသကဲ့သို့ ရိုက်နှက်နေခြင်းကို မရပ်တန့်ဘဲ ဆက်လက်ရိုက်နှက်နေခဲ့သည်။


ရဲများ အချိန်မီရောက်မလာခဲ့လျှင် ဘာဆက်ဖြစ်မည်ကို သူမ စဉ်းစားကြည့်လို့ပင်မရပေ။


ငါးနှစ်ကြာပြီးနောက် အခုအချိန်တွင် ကောင်လေးမှာ အရွယ်ရောက်လာခဲ့ပေပြီ။ သူ၏ထိုးချက်များက လွန်ခဲ့သော ငါးနှစ်ကထက်ပင် ပိုမိုပြင်းထန်လာခဲ့သည်။


ဤအတိုင်းသာဆက်သွားလျှင် အမှန်တကယ်ကို ချိုးရှောက်ဖျင် သေသည်အထိ အရိုက်ခံရလိမ့်မည်။


ရှောက်ယွီကျယ် စကားပြောရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်။ သို့သော် လွန်ခဲ့သည့်ငါးနှစ်က သူမ ဖျောင်းဖျပြောဆိုခဲ့သော်လည်း ကောင်လေးက နားမထောင်ခဲ့ပေ။


သူမ ရှေ့သို့ဆက်သွားပြီး ကောင်လေးကို အဝေးသို့ ဆွဲခေါ်သွားချင်သော်လည်း သူမစိတ်ထဲ ပေါ်လာသည့်မြင်ကွင်းမှာ အမူအရာမဲ့ကာ ထုံထိုင်းနေပြီး တစ်ချိန်တည်းမှာပင် သွေးစက်များဖြင့် စွန်းထင်းနေသော ကောင်လေး၏မျက်နှာပင်ဖြစ်၏။


သူမ၏ခြေထောက်များက ထိုနေရာမှာပင် လေးလံပြီး နှေးကွေးလာသလို ခံစားရကာ တစ်လက်မမျှ မလှုပ်ရှားနိုင်ခဲ့ပေ။


"မင်ကော!"


 á€˜á€ąá€¸á€™á€žá€€á€źá€Šá€ˇá€şá€”္သ္ဏ လူအုပ်ကြီးထံမှ ရုတ်တရက် လူတစ်ယောက် ပြေးထွက်လာသည်။


ကွင်းပြင်ရှိမြင်ကွင်းကို မြင်လိုက်ရပြီး လော့ရှိုး၏မျက်ဆံများ ကျုံ့သွားသည်။ သူ အချိန်ခဏမျှ တုန်လှုပ်သွားပြီး ရှေ့သို့ပြေးသွားကာ အော်ဟစ်လိုက်သည်။ 


"မင်ကော တော်တော့။ အစ်ကို သူ့ကို တကယ်သတ်မိသွားလိမ့်မယ်"


"ဟားဟားဟား၊ ငါ့ကိုသတ်ဖို့ကြိုးစားနေတယ်ပေါ့... ဒီအဆင့်နဲ့ မလုံလောက်သေးဘူး။ မင်းက ဘယ်သူမှမလိုချင်တဲ့ မျိုးမစစ်တစ်ယောက်ပဲ။ မင်းအမေ ငါ့ကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ မှတ်မိသေးလား။ မင်းအမေရဲ့လုပ်ရပ်တွေက... အား အဟွတ် ဟားဟား..."


လော့ရှိုး: "....."


ဤမျှမိုက်ရူးရဲဆန်သည့် လူတစ်ယောက်ကို သူ တစ်ခါမှ မတွေ့ဖူးပေ။


ဒီလူက နာကျင်မှုမှာသာယာတတ်တဲ့သူလား...။


သို့သော် သူ့စကားများက ရှောက်မင်အား သိသိသာသာ တစ်စုံတစ်ရာကို တွေးမိသွားစေသည်။ ရှောက်မင်၏မျက်လုံးများက မည်းမှောင်နေပြီး ချိုးရှောက်ဖျင်၏ရင်ဘတ်ကို ကန်လိုက်သည်။ သူ့အဆုတ်ကို ထိမိသွားချိန်တွင် အသက်ရှုကြပ်သွားပြီး သူ့စကားကို ဆုံးအောင်မပြောနိုင်တော့ပေ။


သို့သော် ရှောက်မင်က မရပ်တန့်ခဲ့ပေ။ မြေပြင်ပေါ်ရှိလူက သူ့အလိုလိုကွေးသွားပြီး ရှောက်မင်၏ခြေထောက်များက သူ့လက်မောင်း၊ ပခုံးနှင့် နောက်ကျောပေါ်သို့ ကန်ကျောက်နေပေသည်။ ထိုသို့ကန်ကျောက်နေသည်တောင်မှ အနှီလူ၏ရယ်သံကို တိတ်ဆိတ်သွားအောင် မထိန်းချုပ်နိုင်သေးပေ။


"မင်ကော၊ ကော..."


လော့ရှိုး သူ့ကို တားချင်သော်လည်း သူ ရှောက်မင်၏လက်ကို ထိလိုက်သည်နှင့် ချက်ချင်း ပြန်တွန်းထုတ်ခံလိုက်ရသည်။


လော့ရှိုး ခေါင်းကို အမြန်လှည့်ပြီး နို့လက်ဖက်ရည်ဆိုင်အဝင်ဝရှိ အမျိုးသမီးကို ကြည့်ကာ ဝင်ရောက်တားမြစ်လိမ့်မည်ဟု မျှော်လင့်မိသည်။


သို့သော် ရှောက်ယွီကျယ်က သူမ၏မျက်နှာကို လက်ဖြင့်အုပ်ထားပြီး နာကျင်သောအမူအရာဖြင့် မှန်တံခါးဘောင်ကိုမှီထားလေသည်။


"....."


"ရှောက်မင်!"


သူ့ခေါင်းကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ချိန်တွင် သူ့ရှေ့၌နောက်ထပ် အခြားလူတစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရသည်။


"ဟေး မင်း..."


ရန်ဖြစ်နေခြင်းကြောင့် ကျူးထုန် ထိခိုက်သွားမည်ကို စိုးရိမ်ပြီး အနားသို့တိုးမသွားရန် လော့ရှိုး သတိပေးတော့မည့်ဆဲဆဲအချိန်တွင် ပြေးဝင်လာသောလူငယ်လေးက ရှောက်မင်၏လက်ကို အားကုန်သုံးကာ ပွေ့ဖက်ထားပြီး အော်ဟစ်ပြောဆိုလိုက်သည်။ 


"မင်း ရူးနေလား။ မင်းက သူနဲ့အတူ ကိုယ့်ကိုယ်ကို မြေမြှုပ်သင်္ဂြိုဟ်ချင်နေတာလား"


ကျူးထုန် လူအုပ်ကြီးထဲမှ အတင်းတိုးထွက်လာချိန်တွင် အသိစိတ် လုံးဝပျောက်ဆုံးနေပြီး အကြမ်းဖက်ခြင်းကို အလိုအလျှောက်စနစ်အတိုင်း ပြုမူလုပ်ဆောင်နေပုံရသော ရှောက်မင်ကို မြင်လိုက်ရသည့်တိုင်အောင် သူ အသက်ပင် မရှူနိုင်ခဲ့ပေ။


ယခုမြင်နေရသည့် ရှောက်မင်က ကျူးထုန် မြင်နေကျပုံစံနှင့် လုံးဝခြားနားသကဲ့သို့ စနစ် သူ့အား ဖော်ပြလေ့ရှိသည့်ပုံစံနှင့်လည်း မတူညီပေ။


ယခုအချိန်တွင် ရှောက်မင်က လုံးဝ ရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်ပြီး သူ့အကြည့်များက ရေခဲကဲ့သို့ အေးစက်နေသည်။ အပျက်သဘောဆောင်သည့် ခံစားချက်များအားလုံးက အထိန်းအကွပ်မဲ့ကာ လွတ်ထွက်သွားပြီး အချိန်အတော်ကြာ ချုပ်တည်းထားသော တစ်စုံတစ်ရာက ရုတ်တရက် ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားချက်များအားလုံးက တစ်ခါတည်းနှင့် ပွင့်အံထွက်ကျလာပေ၏။


သူ အရင်က ကြုံတွေ့ဖူးသည့် မည်သည့်ကိစ္စမဆို ယခုအချိန်တွင် သူ့ရှေ့၌မြင်တွေ့ရသောကိစ္စကဲ့သို့ သေချာပေါက် သာမန်စက်ဆုပ်ရွံရှာခြင်း မဟုတ်ကြောင်း ဤအခြေအနေတွင် ကျုးထုန် ချက်ချင်းအတည်ပြုနိုင်ပေသည်။


ရှောက်မင် ရိုက်နေသည့်လူအကြောင်းနှင့်ပတ်သက်ပြီး ကျူးထုန် မသိချင်ပေ။ ရှောက်မင်ကို အသိစိတ်ပြန်ကပ်သွားစေရန် ပြုလုပ်ချင်ရုံမျှသာဖြစ်၏။


အမှိုက်တစ်စအတွက် သူ့ဘဝကို ဖျက်ဆီးပစ်ရန်မှာ မထိုက်တန်လှပေ...။


ရုတ်တရက် သူ့နားထဲတွင် ကြားလိုက်ရသည့် အော်ဟစ်သံကြောင့် ရှောက်မင်၏လှုပ်ရှားမှုများ အနည်းငယ် ရပ်တန့်သွားသည်။ သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ခဏအကြာတွင် သူ့ရှေ့မှလူကို မြင်လိုက်ရသဖြင့် သူ့မျက်ဆံများက ပြန်လည်အာရုံစိုက်နိုင်လာကြသည်။ သူ့အကြည့်က အနည်းငယ် ရွေ့လျားသွားပြီး...


 "မင်း..."


"အဲဒီနေရာမှာ မင်းတို့တွေ ဘာလုပ်နေကြတာလဲ"


လူအများအပြား ရဲစခန်းကို ဖုန်းဆက်ခေါ်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်ဆုံးတွင် ရဲများ ရောက်လာခဲ့သည်။ ရဲကားနှစ်စီး ကွင်းပြင်တွင် အလျင်စလို ကားရပ်လိုက်ပြီး စိုးရိမ်ပူပန်နေသည့် အသွင်အပြင်ဖြင့် ရဲအရာရှိအများအပြား ကားပေါ်မှဆင်းလာပြီး "မှုခင်းဖြစ်ပွားရာနေရာ" သို့ တန်းတန်းမတ်မတ် လျှောက်လာကြသည်။


တစ်ချက်ကြည့်လိုက်ရုံနှင့် "နစ်နာသူ" က မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။


သူ့ခန္ဓာကိုယ်ရှိနာကျင်မှုက ချိုးရှောက်ဖျင်၏ရယ်မောသံကို 'တရွှီရွှီ' မြည်ကာ ဝေဒနာခံစားနေရသောအသံကဲ့သို့ ဖြစ်လာစေသည်။ သူ့ခေါင်းကို အတင်းအကြပ် ဆုပ်ကိုင်ကာကွယ်ထားသောကြောင့် အမှန်တကယ်ကို နစ်နာသူတစ်ယောက်နှင့် တူလှသည်။


ရောက်ရှိလာသော ရဲအရာရှိများ ပထမဦးစွာ ထိုလူကို မတ်တပ်ရပ်နိုင်ရန် ကူညီပေးခဲ့သည်။ ထို့နောက် တင်းမာသောအကြည့်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရှောက်မင်ကို မေးမြန်းခဲ့သည်။


 "မင်း ဒီလူကို ရိုက်ခဲ့တာလား"


ရှောက်မင်က အသိစိတ်ပြန်မရသေးသည့်ပုံပေါ်ပြီး သူ့လက်မောင်းကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ဆုပ်ကိုင်ထားသည့် သူကိုသာ ကြည့်နေသည်။


ရဲအရာရှိက ချိုးရှောက်ဖျင်၏ ဒဏ်ရာများကို စစ်ဆေးခဲ့ပြီးဖြစ်သည်။ ရှောက်မင်၏ နှုတ်ဆိတ်နေမှုကြောင့် သူက ကျူးလွန်သူဖြစ်ကြောင်း ပြောစရာမလိုအောင် သူတို့ လက်ခံလိုက်ကြသည်။ ရဲသားတစ်ယောက်က ရှောက်မင်ကို သင်ခန်းစာပေးရန် လျှောက်လာသည်။


"မင်းက ဒီလူကို ဘာလို့ ရိုက်တာလဲ။ သူ့နံရိုးတွေ ကျိုးသွားပြီ။ ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ လူကြီးတစ်ယောက်အပေါ် ဒီလိုမျိုး အားသုံးခဲ့တယ်ပေါ့။ မင်းမိဘတွေက ဘယ်မှာလဲ"


ရှောက်ယွီကျယ်က ရဲများ ပေါ်လာသည်ကို မြင်လိုက်ရပြီး သူမ၏ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ပင်။ သူမ ရှေ့သို့ လှမ်းသွားတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ယောက်က ရှောက်မင်၏ရှေ့တွင် မတ်တပ်ရပ်နေပြီးဖြစ်၏။


ကျူးထုန် ရှောက်မင်၏လက်ကို လွှတ်လိုက်ပြီး ရဲအရာရှိ၏ အကြည့်များကို ပိတ်ဆို့ကာ မှုန်မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် အေးစက်စွာပြောလိုက်သည်။ 


"အခုလေးမှ ထောင်ကထွက်လာတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ယောက်က သတင်းပေးတဲ့သူကို လက်စားချေဖို့ ရောက်လာတာကို ခင်ဗျားက ခွင့်ပြုပေးမယ်ပေါ့။ ဒါက တာဝန်ဝတ္တရား ပျက်ကွက်မှုတစ်ခုပဲ မဟုတ်ဘူးလား။ ပြီးတော့ ခင်ဗျားက သူ့ကို အပြစ်တင်ချင်သေးတယ်ပေါ့"


ရောက်ရှိလာသောရဲများက ရဲစခန်းမှ သာမန်ရဲအရာရှိများသာဖြစ်၏။ ထို့ကြောင့် ထုံးစံအတိုင်း ချိုးရှောက်ဖျင်၏ ရာဇ၀တ်မှုမှတ်တမ်းကို သူတို့ မသိခဲ့ကြပေ။ ရှောက်မင်ကို စစ်ဆေးမေးမြန်းနေသော ရဲအရာရှိက ကြောင်အသွားပြီး ပြန်မေးလာသည်။


 "မူးယစ်ဆေးဝါး ရောင်းဝယ်သူလား"


ဘေးမှကြည့်ရှုသူအချို့ကလည်း ပြောလာကြသည်။


 "အဲဒီလူက အရမ်းထူးဆန်းတယ်။ အရူးတစ်ယောက်လိုပဲ ပြော‌နေတာ"


"သူက မူးယစ်ဆေးဝါး ရောင်းဝယ်သူလား။ စောင့်ကြည့်စစ်‌ဆေးမှုမရှိဘဲ ဒီလိုလူကို ဘယ်လိုလုပ် လွှတ်ပေးနိုင်ရတာလဲ"


"ထောင်ကျနေတာကြောင့် သူ့စိတ်က မတည်မငြိမ် ဖြစ်နေတာလား"


ဘေးမှကြည့်ရှုသူများ၏ ဝေဖန်ချက်များက ရဲသား၏အမူအရာကို အနည်းငယ် ပြောင်းလဲသွား‌စေခဲ့သည်။ သူတို့ထဲမှတစ်ယောက်က အခုလေးတင် သူတို့ ကူညီပေးခဲ့သည့် "လူအိုကြီး" ကို လှည့်ကြည့်လိုက်သည်။


လောလောဆယ် မထနိုင်ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့်လူက á€›á€Żá€á€şá€á€›á€€á€ş ခွန်အားရှိအပြည့်နှင့် လူငယ်နှစ်ဦးဆီသို့ အရှိန်ဖြင့် ပြေးသွားခဲ့သည်။


ကျူးထုန် သတိမထားမိလိုက်‌ပေ။


သို့သော် ရှောက်မင်က လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ကျူးထုန်ကို သူ့နောက်သို့ ပြင်းထန်စွာ ဆွဲလိုက်ပြီး ချိုးရှောက်ဖျင်ကို ရိုက်ထုတ်ရန် သူ့လက်ကိုသုံးလိုက်သည်။ မထင်မှတ်စွာပင် ဆန့်တန်းထားသည့် သူ့လက်က ပြင်းထန်စွာ စောင့်ဆွဲခံလိုက်ရပြီး သူ့လက်ကောက်ဝတ်တွင် မသိမသာနာကျင်ကိုက်ခဲသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သူ ချိုးရှောက်ဖျင် ကိုက်သည်ကို ခံလိုက်ရသည်။


"အား!"


လူအုပ်ကြီးထံမှ နောက်ထပ် အာမေဋိတ်သံ ထွက်ပေါ်လာသည်။


ရဲများလည်း အံ့သြသွားကြသည်။


သူ့အား ကိုက်နေသောအရူးကို အပြင်းအထန် တွန်းထုတ်လိုက်ချိန်တွင် ရှောက်မင်၏ မျက်ခုံးများက တင်းမာသွားသည်။ ကံကောင်းထောက်မစွာပင် အလျင်စလို ပြေးလာသော ရဲသားများက သူ့ကို ဖမ်းဆီးနိုင်ခဲ့သည်။


"မင်းလက်..."


ကျူးထုန်၏မျက်ဆံများမှာ တုန်လှုပ်သွားကြ၏။ ကျူးထုန် ရှောက်မင်၏လက်ကို ဂရုတစိုက် ဆုပ်ကိုင်ကာ ဒဏ်ရာကို အနီးကပ် သေသေချာချာ စစ်ဆေးလိုက်သည်။ အကိုက်ခံရသည့် ဒဏ်ရာက သွေးများ စတင်စီးကျလာသည်။


ရုတ်တရက် "နစ်နာသူ" ပြောင်းလဲသွားမှုကြောင့် ရဲများလည်း စိတ်ရှုပ်သွားကြသည်။


သူတို့နှစ်ယောက်စလုံးမှာ ရူးနေသည့်ပုံပင်။


ချိုးရှောက်ဖျင်က ထိန်းချုပ်ခံထားရသည်ကို စိတ်အလိုမကျ ဖြစ်နေသည်။ သူ ရှောက်မင်ကို စိုက်ကြည့်ရင်း ပြောနေ၏။


 "ငါ ထောင်က ထွက်လာလာချင်း မင်းရဲ့ဘဝကို သေချာပေါက် သက်ရှိငရဲဖြစ်လာအောင် လုပ်မယ်လို့ လွန်ခဲ့တဲ့ငါးနှစ်က ငါ ပြောခဲ့တယ်။ ငါ ပြောတဲ့အတိုင်း လုပ်ပြမယ်"


ချိုးရှောက်ဖျင်၏မျက်နှာက အလွန်အကျည်းတန်လှပြီး ရဲများ ထိုစကားများကို ကြားချိန်တွင် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုတာကို သူ လုံးဝ ဂရုမစိုက်ပေ။ အမှားအမှန်က မသက်ဆိုင်လာသလိုပင် ထင်ရသည်။


ချိုးရှောက်ဖျင်ကို ရဲများက အမြန်အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။


ဘေးမှကြည့်ရှုသူများက စောင့်ကြည့်ကာ ဓာတ်ပုံအလုံအလောက် ရိုက်ပြီးနောက် လူစုခွဲသွားကြသည်။


ယခုအခါ နို့လက်ဖက်ရည်ဆိုင် အပြင်ဘက်တွင် သူစိမ်းများမရှိတော့ပေ။


လော့ရှိုး စိတ်တည်ငြိမ်စပြုလာသော ရှောက်မင်ကို ကြည့်ပြီး စိုးရိမ်စပြုလာသည်။


 "မင်ကော မင်းလက်..."


ကျူးထုန် ရှောက်မင်၏ ဒဏ်ရာရနေသော လက်ကို အလွန်အမင်း အာရုံစိုက်လျက်ရှိ၏။ သွေးတစ်စက်က ဒဏ်ရာမှစီးကျလာပြီး မြေပြင်ပေါ်သို့ လျှောကျသွားလေသည်။ စီးကျလာသော သွေးတစ်စက်ချင်းစီတိုင်းက သူ့နှလုံးသားကို ကြောက်ရွံ့မှုကြောင့် တင်းကြပ်သွားစေသည်။ ကျူးထုန် ရှောက်မင်ကို ဆွဲခေါ်လိုက်သည်။


 "အ အခု ဆေးရုံကို သွားရအောင်"


သို့သော် သူ ရှောက်မင်ကို ဆွဲမခေါ်နိုင်ခဲ့ပေ။


ရှောက်မင်က 'ထိုက်' တောင်ကြီးကဲ့သို့ စွဲမြဲတည်ငြိမ်နေပြီး သူ၏ခြေဖဝါးများက မြေပြင်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိသည်။


ကျူးထုန် ရှောက်မင်ကို လှည့်ကြည့်လိုက်သည်နှင့် အမေးသံကို ကြားလိုက်ရသည်။ 


"မင်း ဘာလို့ ဒီမှာရှိနေတာလဲ"


ကျူးထုန်က ပြောသည်။


"ငါ စိတ်ပူလို့၊ ဒါကြောင့် ငါ လာကြည့်တာ... အရင်ဆုံး မင်း ငါနဲ့ဆေးရုံကို သွားရအောင်"


ရှောက်မင်ကဆိုသည်။


 "အဆင်ပြေတယ်။ ဒဏ်ရာသေးသေးလေးပါပဲ။ မလိုပါဘူး..."


"မင်း ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါ မဖြစ်အောင် စစ်ဆေးဖို့လိုတယ်။ အဲဒီအရူး ကိုက်တာခံရရင်လည်း ဒဏ်ရာက အဆင်ပြေနေရင်တောင်မှ ပိုးသတ်ဖို့ အရေးကြီးတယ်"


ကျူးထုန် သူ့ကို ပြင်းထန်စွာ စကာ

းဖြတ်ပြောဆိုလိုက်သည်။


ကျူးထုန်၏ပုံစံမှာ လုံးဝ တင်းမာပြီး ရက်စက်သည့်ပုံစံ မပေါ်ပေ။ ကျူးထုန် သူ့ကို ဆူပူကြိမ်းမောင်းနေချိန်တွင် မည်သည့်တွန်းအားမှ မပါရှိဘဲ ကြည့်နေရုံဖြင့်သာ အဆုံးသတ်သွားပေသည်။ အတော်လေးကို ချစ်ဖို့ကောင်းလှပေသည်။


🤒