Chapter 84
Viewers 18k

🤒အခန်း ၈၄




ဘာကိုနှမြောတာလဲ။ 


အဖြေ: သူ့ဘောင်းဘီကိုပဲဖြတ်ရလို့ နှမြောတာ။ 


အမှန်ပင်။ ရှောက်မင်က သူ့ဘောင်းဘီကိုချွတ်ပြီး ကျူးထုန်၏ခြေထောက်ကိုတိုက်ရိုက်မြင်ချင်နေသည်။ သို့ရာတွင် ဘောင်းဘီက ကျူးထုန်၏ ပွန်းနေသောအသားဖြင့်ကပ်နေ၍ အဆင်မပြေဘဲ အနည်းငယ်လှုပ်လိုက်လျှင်ပင် နာကျင်စေလိမ့်မည်။ 


ကျူးထုန်၏ဒဏ်ရာကိုတွေးမိသည့်အခါ သူ၏မဖွယ်မရာ ညစ်ညမ်းလှသောအတွေးတို့က ခဏတွင်းချင်းပျောက်ကွယ်သွားတော့သည်။ 


ရုတ်တရက် နီးကပ်လာသောအကွာအဝေးနှင့် ရုတ်တရက်ကွာခြားသွားသောအရပ်ကြောင့် ကျူးထုန်ကို စိတ်လှုပ်ရှားစေသည်။ 


ရှောက်မင်က သူ့ဘောင်းဘီကိုဖြတ်ပစ်လိုက်ပြီး ကျန်သည့်ကိစ္စများကိုဆက်လုပ်နေ၏။ 


ကျူးထုန်၏ခြေထောက်တို့က ဖြူဖွေးနေသည်။ သွယ်လျသောခြေကျင်းဝတ်နှင့် ဖြောင့်စင်းရှည်လျားသော ခြေထောက်မျိုးရှိသည်။ ကတ်ကြေးက ဒူးခေါင်းတလျှောက်ဆက်တက်သွားပြီး ဖြူဖွေးသောအသားအရေက ရုတ်ချည်းရဲတွတ်သွားခဲ့သည်။ ရှောက်မင် မနေနိုင်တော့ဘဲ မျက်ခုံးကြုတ်လိုက်မိသည်။ 


"နာနေလား.." 


ကျူးထုန်၏ကိုယ်လေးက တောင့်တင်းသွားခဲ့သည်။ 


"ရပါတယ်.." 


ရှောက်မင်ကခေါင်းမော့ကာ ဖျတ်ခနဲကြည့်လာသည်။ 


"နာနေရင် အမှန်အတိုင်းပြော၊ ကြိတ်မခံနေနဲ့.." 


ကျူးထုန် ခေါင်းညိတ်လိုက်သည်။ 


အသားအရေပေါ်မှစုတ်ပြဲရာက အမှန်တကယ် ပြင်းထန်နေခဲ့သည်။ ကျူးထုန်၏အသားအရေကနဂိုတည်းက အလွန်နူးညံ့သောကြောင့် မြင်းကဆုန်ပေါက်ပြေးနေစဥ်အတွင်း မြင်းကုန်းနှီးမှပွတ်တိုက်မှုက အသားအရေကို ကွဲထွက်သွားစေသည်။ 


ကျူးထုန်ကိုယ်တိုင်လည်း အနည်းငယ်ကြောက်နေမိ၏။ 


သူအလွန်နာနေခဲ့သည်မှာ မထူးဆန်းတော့ပေ။ ဦးလေးလျိုသာယင်းကိုမြင်သွားပါက သူ့ကို ဆေးရုံသို့အတင်းခေါ်သွားပေလိမ့်မည်။ 


သူ ရှောက်မင်ကို စိတ်မပူဘဲမနေနိုင်တော့ပေ။ 


"မင်းရရဲ့လား.." 


သူတို့ မြင်းတစ်ကောင်တည်းကိုသာအတူစီးခဲ့ကြပြီး မြင်းကုန်းနှီးတစ်ခုတည်းအပေါ်တွင်ထိုင်ခဲ့ကြသည်။ သူတို့နှစ်ယောက်လုံး ပွတ်တိုက်မှုကိုထပ်တူညီပမာဏဖြင့်ရခဲ့ကြသည်။ 


ရှောက်မင်: "ရပါတယ်၊ ကိုယ်ကအရေထူတယ်လေ.." 


ကျူးထုန်: "....." 


အကြောင်းအရင်းအချို့ကြောင့် ရှောက်မင် ထိုသို့ပြောလိုက်စဥ်တွင် လေဖိအားကအနည်းငယ်နိမ့်ဆင်းသွားသလိုခံစားရသည်။ 


ရှောက်မင်က ခြေထောက်နှစ်ချောင်းကြားမှ နီရဲနေသောအသားအရေကိုကြည့်ပြီး သူ့မျက်လုံးတို့က နက်မှောင်သွားလေသည်။ 


သေချာတာပေါ့၊ မြင်းပြိုင်ကွင်းထဲက အဲဒီမိမဆုံးမ ဖမဆုံးမတွေကိုသူလွှတ်မပေးလိုက်သင့်ဘူး။ 


စိတ်ထဲတွင် ကသောင်းကနင်းဖြစ်နေသည့်တိုင် သူပါးစပ်ဟလိုက်သည့်အခါ အသံက အလွန်တရာမှနူးညံ့နေခဲ့၏။ 


"အရင်ဆုံး ကိုယ်တို့ ဒဏ်ရာကိုသန့်ရှင်းရေးလုပ်ရမယ်၊ သွေးတွေကခြောက်နေပြီ၊ စိုသွားအောင်အရင်ဆုံး အရက်ပြန်နဲ့ပွတ်ရမယ်၊ နည်းနည်းတော့စပ်လိမ့်မယ်၊ သည်းခံလိုက်နော်.." 


ကျူးထုန်က အေးဆေးစွာဖြင့်ခေါင်းညိတ်ပြလာသည်။ 


ရှောက်မင် ထိုအပေါ်ကို အရက်ပြန်ဆွတ်ပေးနေသည့်အချိန်တွင် သူအေးမြမှုကိုခံစားရသည်။ ထို့နောက် စပ်ဖျဥ်းဖျဥ်းဖြစ်လာပြီး အံကြိတ်ကာ မသိစိတ်အရ ခြေထောက်များကိုပင်ကျုံ့လိုက်မိသည်။ 


ရှောက်မင်က သူ့ခြေထောက်တို့ကိုညှစ်ပြီးပြောလိုက်သည်။ 


"သိပ်မကြာခင်ပြီးတော့မှာပါ၊ မလှုပ်နဲ့နော်.." 


"...." 


သူက ကျွမ်းကျင်စွာဖြင့် သုတ်လိမ်းနေခဲ့သည်။ အဝတ်စကိုဖြတ်ကာ ဒဏ်ရာကိုသန့်စင်ပေးနေလေသည်။ ကျူးထုန်မှာ သည်းမခံနိုင်တော့ဘဲ နောက်တကြိမ်ခြေထောက်တို့ကိုကျုံ့လိုက်မိသည်။ ထိုသူက ခြေထောက်ကိုအောက်သို့ချကာ ဒဏ်ရာကိုလေဖြင့်မှုတ်ပေးလာလေ၏။ 


"!" 


သူ့ခြေထောက်ကြားတွင် အေးသွားသလိုခံစားရသည်။ ကျူးထုန်မှာ ရုတ်ချည်းရှော့ခ်ရသွားကာ မျက်နှာမှာလည်းအပူလောင်သလိုနီရဲနေလေ၏။ 


ရှောက်မင်ကလည်း အချိန်ကိုက်ကိုခေါင်းမော့လာခဲ့သည်။ 


"ဘယ်လိုလဲ၊ ပိုကောင်း..." 


ထိုသူကမူ ရိုးရိုးတမ်းတမ်းမေးလိုက်ခြင်းပင်ဖြစ်ပါ၏။ သူမော့ကြည့်လိုက်သည့်အခါ ကျူးထုန်၏နီမြန်းနေသောမျက်နှာကိုမြင်သွားပြီး သူအခုလေးတင် လုပ်လိုက်မိသည့်ကိစ္စကိုသဘောပေါက်သွားတော့သည်။ 


လက်ရှိအနေအထားက တကယ့်ကို ထူးဆန်းနေသည်။ 


ကျူးထုန်က ဆိုဖာပေါ်တွင် ခြေထောက်ကိုကားထားရင်းထိုင်နေခဲ့သည်။ ရှောက်မင်ကမူ သူ့ခြေထောက်များကြားတွင် ဆောင့်ကြောင်ထိုင်ကာ ဒဏ်ရာကိုသန့်စင်ပေးနေခဲ့သည်။ 


၎င်းက အစတွင် ရိုးရိုးသားသား ဒဏ်ရာကိုဆေးလိမ်းပေးနေခြင်းပင်။ ကျူးထုန်၏ နေရင်းထိုင်ရင်း ရှက်သွေးဖြာနေမှုက မရှင်းမလင်း အရိပ်အယောင်မျိုးဖြစ်လာစေခဲ့သည်။ 


သူ့ဒဏ်ရာကြောင့် မူလကရှိနေခဲ့သော ရှောက်မင်၏အပြုံးတစွန်းတစက မရိုးမရှင်းနှင့် အမူအရာမှာ မှောင်မိုက်လာတော့သည်။ 


"ဘာလို့မင်းမျက်နှာကအရမ်းနီနေတာလဲ.." 


ကျူးထုန်ကိုယ်လေးက ဖြည်းဖြည်းချင်းတောင့်တင်းလာခဲ့သည်။ 


"ငါ..." 


ကြက်သေသေနေတာ။ 


ဒဏ်ရာကိုဆေးထည့်ပေးနေတုန်း ဘာလို့လေနဲ့မှုတ်ရတာလဲ။ 


ရှောက်မင်မှာလည်း သူမျက်နှာနီနေရသည့်အကြောင်အရင်းကိုသိသော်လည်း လက်ရှိအခိုက်အတန့်လေးတွင် မစနောက်ချင်ပေ။ ထိုအစား သူကခေါင်းငုံ့ကာ ပြောလိုက်သည်။ 


"ကိုယ်ကလေးအရွယ်တုန်းက ဒဏ်ရာရလို့ငိုတဲ့အခါ အမေက ကိုယ့်ကိုဒီလိုမျိုးလုပ်ပေးတယ်လေ.." 


ကျူးထုန်က ပြန်မေးမိသည်။ 


"အဒေါ်ကလုပ်ပေးတာလား..." 


"အင်း..." 

ရှောက်မင်က ဆေးဘူးကိုယူကာ သူ့ကိုလိမ်းပေးလိုက်သည်။


"သူကပြောတယ်၊ အမေ မနာအောင်လုပ်ပေးမယ်တဲ့၊ မင်းဘယ်လိုထင်လဲ.." 


ကျူးထုန်: "....." 


တကယ်လည်း အဲဒီလောက်မနာတော့ပါဘူး။ 


သို့သော် ထို "ကလေးအရွယ်က" ဆိုသောစကား ကလေးများ ဒဏ်ရာရသည်ကပုံမှန်ပင်ဆိုသော်လည်း ကျူးထုန်မှာ ထူးထူးဆန်းဆန်းပင် ရှောက်မင်၏နှိပ်စက်တတ်သောအဖေကိုတွေးမိသွားခဲ့သည်။ 


ရှောက်မင်က မပြောပြသော်လည်း ယထာဘူတကျစွာတွေးရပါက ဇနီးကိုပင်ရိုက်နှက်နေသောပထွေးဖြစ်သူက ကလေးကိုလည်း ရိုက်နှက်နိုင်သည်မလား။ 


ထိုအတွေးက ကျူးထုန်ကိုစိတ်ဓာတ်ကျသွားစေပြီး ဒဏ်ရာပေါ်သို့လိမ်းပေးနေသောအေးစက်စက် လိမ်းဆေးအဆီကိုပင် သတိမထားမိတော့ပေ။ 


ရှောက်မင်က ဆေးလိမ်းပြီးသွားသည့်အခါ ခေါင်းမော့ကာ ကျူးထုန်၏ထိုင်းမှိုင်းနေသော မျက်လုံးတို့ကိုသာတွေ့လိုက်ရတော့သည်။ 


ကျူးထုန်မှာလည်း သူ ရုတ်တရက်ကြီး ကြည့်လာလိမ့်မည်ဟုမထင်ထားခဲ့ပေ။ 


ရှောက်မင်က အသာပြုံးကာ သူ့အနားသို့တမင်တိုးကပ်လာပြီး မေးလေ၏။ 


"ဘာလဲ၊ နာနေတုန်းလား၊ နောက်တစ်ခါထပ်မှုတ်ပေးရမလား.." 


"မ..မလိုပါဘူး..." 


ကျူးထုန်မှာ အလိုလို ခြေထောက်ကိုပြန်စေ့လိုက်မိသည်။ 


ရှောက်မင်က သူ့ကိုထိန်းထားပေးရင်း ပြောလာခဲ့၏။ 


"ခြေထောက်ကိုမစေ့လိုက်နဲ့၊ သတိထား၊ ဒဏ်ရာကပိုးဝင်သွားလိမ့်မယ်၊ ပြီးတော့ သေချာမကုရင် အမာရွတ်လည်းကျန်ခဲ့လိမ့်မယ်.." 


"....." 


သူက ကျူးထုန်၏ အဝတ်မရှိသောခြေထောက်ပေါ်ကိုလက်တင်ထားပြီး အသားချင်းကို အပြည့်အဝထိတွေ့ထားခဲ့သည်။ သူတို့နှစ်ယောက်လုံး တချိန်တည်းမှာပင် မှင်သက်သွားခဲ့ကြ၏။ 


ရှောက်မင်က မျက်လွှာချကာ ပေါင်ခြံမှဒဏ်ရာကိုကြည့်လိုက်သည်။ ထိတ်လန့်စရာပင်ဆိုသော်လည်း ရှင်းပြရခက်သော ပူလောင်မှုကိုလည်းခံစားနေရသည်။ 


ထိုသူ၏မျက်လုံးတို့ကနက်မှောင်နေကာ သူငယ်အိမ်မှာလည်း ဆုံချက်ပျောက်နေလေသည်။ 


ကျူးထုန်မှာလည်း ရှောက်မင်၏ထူးဆန်းသောအကြည့်ကိုငေးနေမိသည်။ သူ့ပေါင်ကိုတင်ထားသော ရှောက်မင်၏လက်မှအပူချိန်ကိုလည်းခံစားမိနေပြီး ရုတ်ချည်း ရှက်စိတ်ဝင်လာစေခဲ့သည်။ အလွန်တရာထူးဆန်းသောခံစားချက်က သူ့နှလုံးသားအတွင်းပိုင်းကို မွှေနှောက်နေလေသည်။ 


နေရခက်စွာဖြင့်သူပြောလိုက်မိ၏။ 


"ဒါက ပတ်တီးစည်းဖို့လိုသေးလား.." 


ရှောက်မင်၏ မဖွယ်မရာအတွေးတို့က ချက်ချင်းဆိုသလိုအငွေ့ပျံသွားလေသည်။ သူက ခရင်မ်ရောင်ပေါင်တံလေးအား မတန်မဆထိတွေ့ချင်နေစိတ်ကို ချုပ်တည်းထားရင်းလက်ပြန်ရုတ်လိုက်၏။ 


"မလိုပါဘူး၊ ရာသီဥတုကပူပြီးစိုထိုင်းထိုင်းနဲ့၊ á€™á€„á€şá€¸á€’á€á€şá€›á€Źá€€ ကိုယ့်အိမ်ကပတ်တီးစည်းထားရင် နေရခက်ပြီး သက်သာတော့မှာမဟုတ်ဘူး၊ ဒဏ်ရာကိုဂရုစိုက်၊ အချိန်မှန်ဆေးလိမ်းပေး.." 


ကျူးထုန်: "ဒါဆို ဘောင်းဘီဝတ်လို့ရောရလား.." 


ရှောက်မင်: "....." 


ကျူးထုန်က စိတ်ထဲမှအတိုင်းမေးလိုက်ခြင်းဖြစ်ပြီး တချိန်တည်းမှာပင် ထိုမေးခွန်းကြောင့် သူအခက်တွေ့သွားတော့သည်။ 


ဘောင်းဘီဝတ်တော့ဘာဖြစ်လဲ။ 


ဒါကပြဿနာပဲ။ 


ရှောက်မင်အတွက် သူဘောင်းဘီမဝတ်ထားလည်းပြဿနာမရှိစေကာမူ လူတစ်ယောက်က အပေါ်ပိုင်းအဝတ်တစ်ထည်တည်းဖြင့် ဧည့်ခန်းထဲတွင်လျှောက်သွားနေမည့်ပုံကို သူစိတ်ကူးကြည့်၍မရပေ။ ယင်းက သူ့နှလုံးအတွက် ကောင်းမည်မဟုတ်ချေ။ 


သူ ရုတ်တရက် လက်မြှောက်ကာ မျက်နှာလေးကိုကာထားလိုက်သည်။ 


ကျူးထုန်က ရှောက်မင် ထူးဆန်းနေသည်ကိုသိလိုက်သည်။ သူမေးလိုက်မိလေ၏။ 


"ဘာဖြစ်နေတာလဲ.." 


ရှောက်မင်: "ဘာမှမဟုတ်ဘူး၊ ရုတ်တရက်ကြီးမျက်နှာပူလာလို့.." 


ကျူးထုန်: "?" 


ဘာကိုမျက်နှာပူတာလဲ။ 


ရှောက်မင်ကသူ့ကိုလှည့်ကြည့်လာသည်။ 


"ကိုယ်က မင်းကိုမြင်းစီးဖို့ခေါ်သွားပေးပြီး မင်းပဲဒဏ်ရာရလာတယ်လေ.." 


ကျူးထုန်: "ငါဒဏ်ရာရတာမင်းကြောင့်မဟုတ်ပါဘူး၊ ဟယ့်ရှောင်းရှောင်းနဲ့သူ့အဖွဲ့..." 


"ဒါပေမဲ့ မြင်းပြိုင်ကွင်းကိုခေါ်သွားပေးခဲ့တာကိုယ်လေ၊ တော်သေးလို့ မဟုတ်ရင် ဒီနှစ်ရက်လုံး မင်းအပြင်ထွက်နိုင်မှာမဟုတ်ဘူး..." 


ကျူးထုန်က တုံ့ဆိုင်းသွားကာ သူ့အတွေးတို့ကိုပြန်စုစည်းနေမိသည်။ ထို့နောက် တုံ့ပြန်လိုက်၏။ 


"ငါအပြင်ထွက်လည်း ရပါတယ်၊ ငါနှစ်ရက်ကစားပြီးရင် အိမ်စာလည်းပြီးပြီလေ.." 


ဘာပဲဖြစ်ဖြစ် အပြင်မထွက်ရတာက သူ့အတွက်ပုံမှန်ပါပဲ။ 


ရှောက်မင် သူ့ခြေထောက်ကိုကြည့်ပြီး မျက်လုံးတို့က မည်းမှောင်သွားတော့သည်။ 


"မင်း...မင်းလမ်းလျှောက်တာကိုလျှော့ဖို့လိုတယ်.." 


သူ့ခြေထောက်များကြားမှ ပွတ်တိုက်မှုကိုလျှော့ချရန် အတတ်နိုင်ဆုံး ခြေထောက်ကိုခွဲလျှောက်မှရလိမ့်မည်။ 


ကျူးထုန် သူ့လမ်းလျှောက်ရမည့်ပုံစံကိုတွေးမိပြီး မျက်ခုံးလှုပ်သွားသလိုခံစားလိုက်ရလေသည်။ 


ရှောက်မင် သူ့ကိုသတိမပေးလည်း သူ့ဘက်မှအတတ်နိုင်ဆုံး လမ်းလျှောက်ရမည့်အလုပ်ကိုလျှော့လိုက်မည်သာ။ 


ဆေးလိမ်းပြီးသည့်နောက် ရှောက်မင်က သူ့အားသတိပေးခဲ့ပုံကိုတွေးမိပြီး ကျူးထုန် ခေါင်းညိတ်ပြတော့မည့်အချိန် ရှောက်မင်ကဆက်ပြောလာခဲ့၏။ 


"အဲဒီတော့ မင်းသွားချင်တဲ့နေရာရှိရင် ကိုယ့်ကိုပြော၊ ကိုယ်မင်းကိုချီသွားပေးမယ်.." 


ကျူးထုန်: "....." 



ကျူးထုန်မှာ ရုတ်ချည်း အေးခဲသွားရလေ၏။


ရှောက်မင်ကမေးလာလေသည်။ 


"ဘာဖြစ်တာလဲ၊ ကိုယ့်ရဲ့တောင်းဆိုချက်က ဆိုးနေလို့လား.."


ကျူးထုန်မှာ တဒင်္ဂမျှတုံ့ဆိုင်းနေပြီးမှ ပြန်ဖြေနိုင်လေသည်။ 


"မဟုတ်ပါဘူး ငါက..."


သူက သူ့ကိုယ်သူပင်ဂရုမစိုက်နိုင်သော မသန်စွမ်းတစ်ယောက်မဟုတ်ပေ။ သူသာတနေ့လုံး ကိစ္စတိုင်းမှာ အချီခံနေရရင် ဘာနဲ့တူသွားလောက်မလဲ။


ဒါပေမဲ့ သူရှောက်မင်စကားကို လက်မခံရင် ဘဲတွေလို ခြေနှစ်ချောင်းကိုကားပြီးလျှောက်နေရမှာပေါ့။ တော်တော်ကြည့်ရဆိုးမှာပဲ...။


သူ ရှောက်မင်ကို နောက်တစ်ကြိမ်ကြည့်လိုက်မိပြန်သည်။ 


ရှောက်မင်က သူ့ဆုံးဖြတ်ချက်ကို စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းပေးနေလေ၏။


ကျူးထုန်: "ဒါဆိုရင်တော့ မင်းပဲဒုက္ခများလိမ့်မယ်.."


ရှောက်မင်: "မများပါဘူး၊ မင်းကပေါ့ပေါ့လေးပဲကို.."


ယင်းအပြင် ယခုလိုကိစ္စမျိုးတွင် သူ့အနေဖြင့် ဒုက္ခများရန်တောင်းဆိုခံရသင့်သည်။


ကျူးထုန်: "...."


အမှန်ပဲ။ သူကပိန်တယ်လေ။


ထို့နောက် သူထိုနေ့ကမြင်ခဲ့ရသော ရှောက်မင်၏ပေါင်မုန့်ခြောက်လုံးကို မြင်ယောင်မိသွားခဲ့သည်။ သူ သက်သာသွားသည့်အခါ သူ့ကိုယ်သူအတွက် ဝမ်းဗိုက်တွင်ကြွက်သားထွက်လာအောင်လေ့ကျင့်သင့်သည်။


သူက ၎င်းအတွေးများကြားတွင် နစ်မြုပ်သွားခဲ့လေသည်။


သူက အမြဲတမ်း တစ်ရက်ပြီးတစ်ရက်ကို အသက်ရှင်ဖို့အတွက်ပဲနေလာခဲ့ရတာ အခုတော့ အနာဂတ်အကြောင်းတွေးတတ်လာပြီပဲ။


"ဒါဆို မင်း..." 

ကျူးထုန်၏နားရွက်တို့မှာ နီရဲလာခဲ့သည်။ သူကခေါင်းငုံ့ထားရင်းပြောလိုက်၏။ 

"ဒါဆိုမင်းကိုပဲ ဒုက္ခပေးရတော့မယ်..."


ရှောက်မင်က ဆေးသေတ္တာကိုသိမ်းနေရင်း နှုတ်ခမ်းတို့ကယောင်ယောင်မျှတွန့်ကွေးသွားခဲ့သည်။ သူက ဘေးတွင်ထိုင်ချကာပြောလာခဲ့လေ၏။ 

"ကဲ ဒီလိုဆိုရင် သခင်လေးဗျ၊ ဘယ်နေရာကိုအရင်သွားချင်ပါသလဲ.."


ကျူးထုန်က အခန်းရှိရာဘက်သို့လှမ်းကြည့်ပြီး ပြောလိုက်သည်။ 

"ငါ့အခန်းကိုပြန်ချင်တယ်၊ အဲဒါမှ ငါအိမ်စာပြီးအောင်လုပ်လို့ရမှာ.."


"....."


'အမြဲတမ်း စာကျက်ဖို့က ပထမဦးစားပေးပဲ'


ရှောက်မင်မျက်လုံးထဲတွင် ကယ်ရာမဲ့မှုတစွန်းတစလေးက ထင်ဟပ်သွားခဲ့သည်။ သူက ထိုသူရှိရာသို့ လျှောက်သွားကာပြောလိုက်၏။ 


"အိုကေ၊ လာခဲ့.."


ကျူးထုန်မှာ တွန့်ဆုတ်ဆုတ်ဖြင့်လက်ဆန့်ပေးလိုက်သော်လည်း တချိန်တည်းမှာပင် ရှောက်မင်က ငုံ့ကိုင်းလာခဲ့သည်။ သူ့လက်ကို တဖက်လူ၏ကျောပြင်တဝိုက်တွင်တွယ်ချိတ်လိုက်ကာ ကျန်တစ်ဖက်ဖြင့် ဒူးခေါင်းအားဆွဲလိုက်ပြီး သတို့သမီးလေးကိုပွေ့ချီသလိုသယ်လိုက်လေ၏။


အနွေးဓာတ်မှာ ကျူးထုန်၏ဒူးခေါင်းအောက်မှတဆင့် ထိစပ်ထားသောလက်ဖဝါးပြင်သို့စီးကူးလာလေ၏။ နူးညံ့အိစက်ပြီး ရှောက်မင်၏အသက်ရှူသံကိုပင် လေးပင်သွားစေခဲ့သည်။


အသယ်အပို့လုပ်ပေးရမည့်ခရီးက ဝေးလွန်းနေသည်ဟုပင် သူတစ်ယောက်တည်းတွေးလိုက်မိသည်။


သူ့အနေဖြင့် မည်မျှပင်ယခုလိုအခြေအနေမျိုးကိုကြုံရသည်ဖြစ်စေ၊ ကျူးထုန်မှာ လူတစ်ယောက်ထံမှရုတ်တရက်အချီခံရတိုင်း သူကပေါ့ပါးနေသည်ဆိုသောအချက်ကို လက်မခံနိုင်ပေ။ သူက မသိစိတ်အလျောက် ရှောက်မင်၏ပုခုံးကိုပင် အမှီသဘောဖြင့်ဆွဲထားမိသေးသည်။


ရှောက်မင်က သူ့အခန်းတံခါးကိုရှိရာအထိသယ်သွားပြီး ရုတ်တရက်ရပ်လိုက်ကာ ခပ်တိုးတိုးမေးလာခဲ့၏။ 


"အခုလေ သတို့သားက သတို့သမီးလေးကို မင်္ဂလာအခန်းအထဲခေါ်လာတဲ့ပုံလေးနဲ့မတူဘူးလား.."


ကျူးထုန်က သေချာမကြားလိုက်ရပေ။ 


"ဟမ်.."


"ဘာမှမဟုတ်ဘူး၊ နောက်တာ..."


သူက ပြောပြောဆိုဆိုပင် ကျူးထုန်၏ကျောလေးကိုပုတ်ပေးနေပြီး တံခါးဖွင့်ပေးလိုက်သည်။


အတူနေခဲ့ကြသည့်ရက်များက ကြာခဲ့ပြီဆိုသော်လည်း ရှောက်မင်က ကျူးထုန်အခန်းထဲသို့လာလေ့မရှိပေ။ ကျူးထုန် စာလေ့လာရာတွင် အခက်အခဲရှိနေသည့်အချိန်တိုင်း ထိုသူကသူ့အခန်းထဲသို့တိုက်ရိုက်လာကာ အကူအညီတောင်းတတ်သည်။ လေးစားမှုထားသည့်အနေဖြင့် ရှောက်မင်က ကိစ္စမရှိဘဲ ဤအခန်းထဲသို့ခြေချလေ့မရှိချေ။ အခန်း၏ "ပိုင်ရှင်အသစ်" ကလည်း ရှိနေပြီဖြစ်သည်။


ယခုတော့ သူ ထိုအခန်းထဲသို့ပထမဆုံးအကြိမ်ခြေချရပြီ။ အခန်းပြင်ဆင်ထားပုံက မပြောင်းလဲသေးပေ။


စက်ဝိုင်းခြမ်းပုံစံပြတင်းပေါက်က တာတာမိဖျာနှင့် မျက်နှာချင်းဆိုင်ထားပြီး တဖြောင့်တန်းအနေအထားတွင်ရှိနေလေသည်။ ခဲရောင်အိပ်ရာအခင်းကိုမူ အဖြူရောင်နှင့်လဲထားလေ၏။ အလင်းတန်းက ပြတင်းပေါက်မှတဆင့်ကျရောက်နေပြီး သနပ်ခါးရောင်ခန်းစည်းနှင့်စာအုပ်စင်အပြင် အခန်းထဲတွင် လင်းထိန်နေလေသည်။


ရှောက်မင်မှာ အခန်း၏စတိုင်အသစ်ကိုကြည့်ပြီး အသက်ရှူကျပ်သွားရသည်။ မဟုတ်တမ်းတရားပစ္စည်းမျိုးထားရန် လုံးဝနေရာမရှိပေ။


သူ ကျူးထုန်ကို တာတာမိဖျာပေါ်ချပေးလိုက်သည်။


ကျူးထုန်၏အသန့်ကြိုက်သောအကျင့်ကိုတွေးမိပြီး ရှောက်မင်မှာစိုးရိမ်သွားရသည်။ သူသတိပေးလိုက်၏။ 


"မင်းဒဏ်ရာက အနည်းဆုံးနှစ်ရက်လောက် ရေစိုလို့မရဘူး၊ ဒီတော့ရေလည်းချိုးလို့မရဘူး၊ ရေပတ်တိုက်လို့ပဲရမယ်.."


ကျူးထုန်က ပြောစကားနားထောင်ပြီးခေါင်းညိတ်ပြသည်။


"မင်းကိုယ်မင်းသတိထား၊ ဒဏ်ရာကိုဘာနဲ့မှမထိမိစေနဲ့.."


ကျူးထုန်က ဆက်လက်ပြီး

ခေါင်းညိတ်ပြပြန်သည်။


သူက စကားတစ်လုံးမှမပြောဘဲ အလွန်တရာမှလိမ္မာပြနေလေသည်။


ရှောက်မင်ကို ခေါင်းပုတ်ပေးချင်လာသည်အထိ။


ရှောက်မင်က တွန့်ဆုတ်နေပြီးနောက် သူ့ခြေထောက်ကိုငုံ့ကြည့်ကာမေးလာသည်။ 


"မင်း..ဘောင်းဘီလဲချင်သေးလား.."



***


စာရေးသူမှာ ပြောစရာရှိပါတယ်။



ကျူးထုန်: ငါကသေးသေးလေးဖြစ်နေလို့များလား။



🤒