Chapter 83
Viewers 18k

🤒အခန်း ၈၃





ချန်နိုင်း ပြည်သူ့ဆေးရုံအဝင်ဝ၌ Maybach ကားတစ်စီးထိုးရပ်လာကာ အချိန်အတန်ကြာအောင်မရွေ့ဘဲရှိနေလေသည်။


"ဆေးရုံမသွားဘူးလို့.."


ကျူးထုန်က ကလေးဆိုးနှယ် ဆေးရုံသွားသည့်အကြံကို ငြင်းဆန်နေလေသည်။


ဦးလေးလျို: "သခင်လေး၊ ဒဏ်ရာကဘာမှန်းမသိဘူးလေ၊ ဆေးရုံမသွားတော့ဘယ်လိုလုပ်မလဲ၊ ပိုးဝင်သွားရင် ဘယ်လိုလုပ်ကြမလဲ.."


"ဘာပိုးမှမဝင်ဘူး၊ ပြန်ပြီးဆေးထည့်လိုက်ရင်ရပြီ.."


"မရပါဘူး၊ ဆေးရုံမှာ စစ်ဆေးကြည့်ရမယ်.."


"ငါတကယ်ဘာမှမဖြစ်ဘူး.."


"ဆေးရုံကိုသွားပြီး မကြည့်ရသရွေ့ ကိုယ်မယုံနိုင်ဘူး.."


ကျူးထုန် ဆေးရုံမသွားချင်လေရာ အပေးအယူလုပ်လိုက်၏။ 


"ကျွန်တော် အခုတော့ဆေးရုံမသွားဘူး၊ ကျွန်တော့်ဒဏ်ရာသက်သာသွားရင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာစစ်ဆေးဖို့ ဆေးရုံကိုသွားမယ်လို့ကတိပေးတယ်.."


ဦးလေးလျို: "......"


အပေးအယူကတော့ အကြီးစားပဲ။


ဦးလေးလျို: "အပြည့်အစုံစစ်ဆေးဖို့ A မြို့ဆေးရုံကိုပြန်သွားမလို့လား.."


ကျူးထုန်က အာမခံသလိုဖြေလိုက်သည်။ 


"အင်း..."


မည်သို့ပင်ဖြစ်စေ၊ နှစ်သက်မှုရာခိုင်နှုန်းက ငါးဆယ်ရာခိုင်နှုန်းရောက်နေပြီးနောက် A မြို့ဆေးရုံကို အသေးစိတ်ဆေးစစ်ရန်သွားလည်း ပြဿနာမရှိပေ။


ယခု သူဆေးရုံမသွားရသရွေ့ရသည်။


ဒဏ်ရာရထားသည့်နေရာက အလွန်တရာမှရှက်စရာကောင်းပြီး သူစိမ်းဆရာဝန်ကိုပါပြပေးရဦးမည်တဲ့လား။


လုံးဝပဲ။


တွေးကြည့်ရုံဖြင့်ပင် ကြက်သီးထလာမိလေ၏။


ဦးလေးလျို တွေဝေနေသည်ကိုမြင်ရသည့်အခါ ကျူးထုန်က ထပ်ဖြည့်ပြောလာခဲ့သည်။ 


"ကျွန်တော်ဆေးလိမ်းလိုက်ပါ့မယ်၊ ရှောက်မင်အိမ်မှာ ဆေးအစုံရှိတယ်၊ မယုံရင်မေးကြည့်လိုက်.."


ပြောနေရင်းဖြင့် သူ ရှောက်မင်ကိုတံတောင်ဖြင့်တွက်လိုက်သည်။


ရှောက်မင်က အပြုံးမပျက်သေးပေ။ သို့ရာတွင်ကျေးဇူးတင်စရာကောင်းစွာဖြင့် မျက်လွှာချထားမိ၍ သူ့အတွေးတို့ကို ဖတ်ရန်ခက်ခဲနေလေသည်။ အတို့ခံလိုက်ရသည့်အခါ သူမျက်လုံးပင့်ကာ ခေါင်းညိတ်ပြလိုက်သည်။ 


"စိတ်မပူပါနဲ့၊ ကျွန်တော်သူ့ကိုသေချာကြည့်ထားပါ့မယ်၊ ပြင်းထန်လာရင် ကျွန်တော်သူ့ကိုဆေးရုံပို့လိုက်ပါ့မယ်.."


ကျူးထုန်က ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။


ဦးလေးလျိုကမူ တွန့်ဆုတ်နေဆဲ။


သခင်လေး ဆေးရုံမှဆင်းခွင့်တောင်းသည့်အခါ ဆရာဝန်က အနည်းဆုံးတစ်လတွင်တစ်ခါ ပြန်လည်စစ်ဆေးရန်အတွက် ဆေးရုံကိုပြန်လာသင့်သည်ဟုပြောခဲ့သည်။ ယခုတော့ တစ်လကုန်သွားပြီ။ သူ့သခင်ကလည်း သခင်လေး၏ကျန်းမာရေးကိုစိတ်ပူနေဆဲပင်။


သူ တဒင်္ဂခန့်ငိုင်နေပြီးသည့်အခါ စိတ်ဆုံးဖြတ်လိုက်သလို ဆေးရုံမှမောင်းထွက်လာခဲ့လိုက်သည်။


ကျူးထုန်က ရုတ်တရက် သက်ပြင်းရှိုက်ထုတ်လိုက်လေ၏။


ဦးလေးလျိုက သူတို့အား အငှားအိမ်သို့ပြန်ပို့ပေးခဲ့သည်။ ကျူးထုန်က သူဟာသူသွားချင်သော်လည်း ခြေထောက်ကိုကားလိုက်သည်နှင့် တဆစ်ဆစ်နာကျင်မှုကိုခံစားလိုက်ရပြီး နောက်ဆုံး၌ ရှောက်မင်သယ်သွားပေးသည်ကိုသာ လိမ်လိမ်မာမာဖြင့်ခံလိုက်ရတော့သည်။


ရှောက်မင်ကသူ့အား "ကျဥ်းသည်" ဟုအထွန့်ထားသော ဆိုဖာပေါ်တွင်ချပေးလိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ ဆေးသေတ္တာသွားယူနေလေသည်။


ကျူးထုန်က စိတ်အေးသွားသလိုသက်ပြင်းချပြီး ချက်ချင်း ခြေထောက်ကိုမြှောက်လိုက်သည်။ 


ရှောက်မင်က ဆေးသေတ္တာနှင့်ဆိုဖာဘေးတွင်ထိုင်လိုက်သည်ကိုကြည့်နေရင်း ကျူးထုန်မှာ အထိတ်တလန့်ဖြင့်ပြောလိုက်ရသည်။ 


"မင်းအခုလေးတင်.."


ရှောက်မင်က တုံ့ပြန်လာ၏။ 


"အချိန်ဆွဲနေရင် ဘောင်းဘီကဒဏ်ရာနဲ့ကပ်သွားလိမ့်မယ်.."


ကျူးထုန်: "....."


ဒါက နည်းနည်း တည့်တိုးကြီးဖြစ်နေသလိုပဲနော်။


သူက သူ့အခန်းကိုတစ်ချက်ကြည့်လိုက်သည်။ 


"ဒါဆိုလည်း ဒါဆိုလည်းငါ့အခန်းကိုပြန်ပြီး ငါ့ဟာငါပဲဆေးလိမ်းလိုက်ပါ့မယ်.."


ရှောက်မင်က တခစ်ခစ်ရယ်လာသည်။


 "ဘာလဲ၊ ကိုယ်မြင်သွားမှာကြောက်လို့လား.."


ကျူးထုန်က သူဟာသူတွေးပြီး ငြိမ်သက်သွားလေသည်။ 


"နည်းနည်းတော့.."


သူခေါင်းငုံ့ကာပြန်ဖြေလိုက်၏။ 


"မဟုတ်ဘူး၊ နည်းနည်း..နေရခက်လို့.."


ရှောက်မင်က ဆေးသေတ္တာကိုဖွင့်လိုက်သည်။


 "ဟမ်၊ ဘာလို့လဲ.."


ကျူးထုန်: "....."


သူတကယ်ကို ဘာကြောင့်မှန်းမသိပေ။


သို့ရာတွင် ရှောက်မင်က သူ့ပေါင်ခြံကိုဆေးလိမ်းပေးနေမည်ဟုတွေးလိုက်ပြန်လျှင်လည်း ထူးဆန်းနေသလိုခံစားရသည်။


ဒါမှမဟုတ်..စိတ်မကောင်းဖြစ်တာမျိုးလား။


ဘယ်လိုလုပ် ဒီလိုကို့ရို့ကားယားနေရာကြီးမှာ ဒဏ်ရာဖြစ်ရတာလဲ။


ရှောက်မင်ကမူ ဆေးသေတ္တာထဲမှလိမ်းနေကျဆေးကိုထုတ်နေပြီဖြစ်သည်။ ကျူးထုန်က သူ၏ကျွမ်းကျင်စွာလုပ်ကိုင်နေခြင်းကိုကြည့်နေပြီး အနည်းငယ်စိတ်ကျဥ်းကျပ်သွားခဲ့သည်။ 


'မင်းကဘာလို့အရမ်းတော်နေရတာလဲ၊ မကြာခဏလုပ်နေကျမလို့လား'


ယနေ့ဖြစ်ပျက်ခဲ့သော ဘေးဒုက္ခအတွင်းပတ်သက်ခဲ့ရပုံကိုတွေးမိပြီး ကျူးထုန် မေးလိုက်သည်။ 


"အရင်ကရော ဒါမျိုးကြုံဖူးလား.."


ကောက်ကာငင်ကာ ခေါင်းစဥ်ပြောင်းသွားလေရာ ရှောက်မင်မျက်ခုံးပင့်လိုက်မိသည်။ 


"ဘာပြောလိုက်တာလဲ.."


ကျူးထုန်: "အရင်ကရော မင်းကိုဒီလိုမျိုး ဒုက္ခရောက်အောင်လုပ်တဲ့လူရှိလား.."


ရှောက်မင်က ရိုးရိုးသားသားပင်ပြန်ဖြေသည်။ 


"ရှိတယ်.."


"ဒါဆို မင်း..."


"ရန်သူကို အလုံးအရင်းနဲ့ရင်ဆိုင်ဖို့ဆိုတာ ရေတက်လာတာကို မြေကြီးနဲ့ဖို့ရသလိုပဲ၊ တိုက်လို့ရရင်တိုက်၊ မရရင်ပြေးပေါ့၊ အားလုံးကျသွားရင်တော့ တိုင်းပြည်ကိုအကူအညီတောင်းပေါ့၊ ဘယ်လိုလဲ၊ ကိုယ်က အရည်အချင်းရှိတဲ့ နိုင်ငံကြီးသားမလား.."


ကျူးထုန်: "....."


အရည်အချင်းရှိတဲ့ နိုင်ငံကြီးသားတို့ မရှိတဲ့နိုင်ငံကြီးသားတို့ဆိုတာမျိုးကရှိလို့လား။


သူ မထိန်းထားနိုင်တော့၍ ပြုံးလိုက်မိသော်လည်း ထိုအပြုံးက နောက်တဖန်မှိန်ဖျော့သွားခဲ့ပြန်သည်။


ရန်သူဘက်ကလှုပ်ရှားလာရင် ဖြေရှင်းလို့ရသေးတယ်။ ရန်သူက သူတို့စကားကိုသုံးလာရင်ရော ဘယ်လိုလုပ်မလဲ။


ဟယ့်ရှောင်းရှောင်းကဲ့သို့ ဘဝင်မြင့်နေသောလူမျိုး အများအပြားရှိသည်။ ထိုသို့သောလူများက ရှားယန်ကိုသဘောကျနေ၍ ရှောက်မင်ကိုမနာလိုဖြစ်ကြသည်။ ကျောင်းမှာရော သူ့ကိုဘာပြောကြမလဲ။


သူ့အရှေ့မှာတော့ အဲဒီလိုမပြောရဲပေမဲ့ နောက်ကွယ်မှာရော။


သူ့နောက်ကွယ်တွင် အတင်းပြောနေကြသူအများအပြားရှိပြီး ရှောက်မင်က အချို့ကိုနားစွန်နားဖျားကြားခဲ့ရသည်။ ထိုစကားမျိုးကြားရပါက သူဘယ်လိုများနေမည်နည်း။


"မင်း..." 

ကျူးထုန်က တွေးဆဆဖြင့်ပြောလိုက်ပါ၏။ 

"နောင်မှာ မင်းဒုက္ခရောက်ရင် ငါ့ကိုပြောလေ၊ ငါ..ငါ သူတို့ကို မင်းအတွက်ပြောပေးမယ်.."


"......"


ရှောက်မင်က ဆေးပုလင်းကိုအဖုံးဖွင့်နေရာမှရပ်သွားခဲ့သည်။ 


"သူတို့ကိုရန်သွားစမိမှာမကြောက်ဘူးလား..."


ကျူးထုန် တောင့်တင်းသွားပြီး အံ့အားသင့်နေသလိုပြောလာခဲ့သည်။ 


"ဘယ်သူ့ကိုကြောက်ရမှာလဲ၊ ဘယ်သူလဲ..."


ရှောက်မင်: "......"


သူ့မျက်နှာက နောက်တစ်စက္ကန့်မှာပင် တိုက်ခိုက်ရန်အသင့်ဖြစ်နေသလိုပင်။ ရှောက်မင်မှာ နှလုံးသားထဲမှလှုပ်ခတ်သွားမှုကိုခံစားလိုက်ရပြီး သူ့နှုတ်ခမ်းတို့က အသာအယာကော့တက်သွားကာ တည်တည်ငြိမ်ငြိမ်ပင်ပြောလာခဲ့သည်။


 "မဟုတ်ပါဘူး၊ ဒီအတိုင်းပဲမေးကြည့်တာ.."


ကျူးထုန်က သက်ပြင်းချလိုက်သည်။ ခဏမျှတွေးနေပြီးမှ သူပြန်ဖြေလိုက်လေ၏။


 "မင်းလူတွေကိုရန်စမိရင်တောင် မကြောက်နေသင့်ဘူး..."


တစ်နိုင်ငံလုံးတွင် သူရန်မစရဲသူလည်းသိပ်မရှိပေ။


'နေပါဦး၊ ဒီနိုင်ငံကလူတွေပဲမလား'


ကျူးထုန်မှာ မူလဝတ္ထုထဲမှရှားယန်၏ နောက်လိုက်အရေအတွက်ကို ပြန်တွေးကြည့်မိသည်။ ရှိန်လောက်သောနိုင်ငံခြားသားများ မပါလောက်ပေ။


သူက ပေါ့ပေါ့လေးသာပြောလိုက်သည့်တိုင် ရှောက်မင်ကမူ မျက်လုံးမှေးလိုက်မိသည်။


ယနေ့ မြင်းပြိုင်ကွင်းရောက်ခဲ့ချိန်တွင် ကျူးထုန်၏နောက်ခံက မူလက သူခန့်မှန်းထားခဲ့သည်ထက် ပိုရှုပ်ထွေးနေမှန်းသိလိုက်ရသည်။


သူ A မြို့မှ ကျူးမိသားစုအကြောင်းကိုသိပါသည်။ မိသားစုကြီးဆိုသော်လည်း သူတို့နာမည်က ဟယ့်ပိယိုလိုလူမျိုးကို နာမည်ကြားရုံဖြင့် ကြောက်ဒူးတုန်သွားရစေသည်အထိမဖြစ်သင့်ပေ။


ဟယ့်ပိယိုကို ကြောက်အောင်လုပ်လိုက်တဲ့ဦးလေးလျိုက ကျူးထုန်ဘေးက သက်တော်စောင့်နဲ့ဒရိုင်ဘာပဲမဟုတ်ဘူးလား။


ရှောက်မင်က အဓိပ္ပါယ်တစ်မျိုးဖြင့်ပြောလေသည်။ 


"ဒီတော့ ကျွန်တော်တို့သခင်လေးက ရှိန်လောက်စရာလူများလား.."


"......"


ကျူးထုန်မှာ ရှောက်မင်ကသူ့အား "ကျွန်တော်တို့သခင်လေး" ဟု သုံးနှုန်းလိုက်ပုံကြောင့် နှလုံးသား၏ထိပ်မှ ရှင်းပြရခက်လောက်အောင်တုန်ယင်သွားရ၏။ ထိုအသံက တုပပြောနေသည်မှာ သိသာလွန်းနေသည်။ သူက အလိုအလျောက်တုံ့ပြန်လိုက်မိသည်။


 "မဟုတ်ဘူး၊ ငါကဒီတိုင်း.."


မှားနေတယ်။"တုပ"တာကဘာလို့လဲ။


ဆန့်ကျင်ဘက်ဖြစ်သင့်တာမဟုတ်ဘူးလား။


ကျူးထုန်က ရုတ်တရက်မျက်လွှာပင့်ကာ သူ့အားကြည့်လာခဲ့သည်။


ရှောက်မင်က ပြုံးကာမေးလာ၏။


 "ဘာဖြစ်လို့လဲ.."


ကျူးထုန်၏လေသံက သံသယအပြည့်ဖြင့်ဖြစ်နေသည်။


 "မင်း..မင်းလိုလူမျိုးက ငါ့နောက်ခံကိုဖုံးကွယ်ထားလို့ရမယ့်လူမှမဟုတ်တာ၊ ဟုတ်တယ်မလား.."


သူ မြင်းပြိုင်ကွင်းတွင်လုပ်ခဲ့သည့်ပုံစံက ဟယ့်ရှောင်းရှောင်းနှင့် အခြားသူများလုပ်ခဲ့သည့်အတိုင်း မကွာခြားပေ။ လက်တံရှည်ပြီး ရိုက်ချနိုင်သည့်ကိစ္စများလည်းရှိနိုင်သည်။ ဒါကြောင့်နဲ့တော့ ရှောက်မင်ကငါ့ကို အထင်မလွဲလောက်ပါဘူးနော်။


သူရှင်းပြလိုက်ရသည်။


 "တကယ်တော့ ငါမုန်းတဲ့လူတိုင်းကို ဒီလိုမလုပ်ပါဘူး၊ ငါ့အဆင့်အတန်းကို တခြားသူတွေဆီမှာ လိုက်ကြွားတတ်တဲ့သူမျိုးလည်းမဟုတ်ဘူး၊ ငါကမျက်လုံးတစ်လုံးဆိုရင်မျက်လုံး ပြန်ပေးတာကိုပဲကြိုက်တာ၊ ငါကအရမ်းကိုသာမန်ဆန်ပါတယ်၊ မင်းလိုမျိုးမထူးမခြားပါပဲ.."


ရှောက်မင်မှာ ဖြည်းဖြည်းချင်းအေးခဲသွားခဲ့သည်။


ဒီသခင်ငယ်လေးဆီမှာ ဘယ်လိုသမားရိုးကျအတွေးမျိုးရှိနေတာဖြစ်နိုင်လဲ။


မထင်ထားဘဲ ၎င်းက အလုပ်ဖြစ်သွားခဲ့သည်။


ရှောက်မင်က ခဏမျှငြိမ်သွားကာ အလေးအနက်ထားကာပြောလိုက်ပါသည်။ 


"သိပါတယ်၊ မင်းက သူတို့နဲ့ကွာတယ်ဆိုတာ.."


"...."


"ကိုယ်မင်းကို လျစ်လျူရှုလိုက်မှာ ကြောက်နေတာလား.."


ကျူးထုန်: "ကြောက်တာပေါ့၊ ပြီးတော့ မင်းကငါ့ရဲ့..."


လမ်းတဝက်မှာတင် သူစကားကိုရပ်လိုက်ရသည်။


ရှောက်မင် မျက်လုံးတို့က တောက်ပလာ၏။


 "ကိုယ်ကမင်းအတွက်ဘာလဲ.."


ကျူးထုန်: "......"


ထိုသူက သူ၏ ပထမဆုံးသော သူငယ်ချင်းအရင်းကြီးပင်။


သာမန်သူငယ်ချင်းများထက်ပင် ကျော်နေနိုင်လောက်သည်။


ရှောက်မင်က သူ့ကို အလွန်အမင်းဂရုစိုက်ပေးခဲ့သည်။ သူ့အပေါ်ကို မည်သူကမှ ယခုလိုမဆက်ဆံပေးခဲ့ဖူးပေ။


အဘိုးနှင့်ချန်မိသားစုကလည်း သူ့အပေါ်ကောင်းပေးခဲ့သော်လည်း သူတို့ကမိသားစုဝင်များသာဖြစ်လေသည်။


ရုတ်တရက်ဖြစ်နေ၍ သူ့မှာ မည်သို့ဖော်ပြရမည်မသိဖြစ်နေ၏။ သူက အချိန်အကြာကြီးတွန့်ဆုတ်နေပြီးမှ ပြောနိုင်တော့သည်။ 


"ဘာပဲဖြစ်ဖြစ် အဲဒါက.."


"အိုကေ သိပြီ.."


ရှောက်မင်က ခပ်တိုးတိုးရယ်ကာ သူ့စကားကိုဖြတ်ပြောလာခဲ့၏။


 "စိတ်ချပါ၊ ကိုယ်မင်းကို လျစ်လျူရှုထားမှာမဟုတ်ပါဘူး၊ မင်းရဲ့နောက်ခံကိုလည်းစိတ်မဝင်စားပါဘူး၊ ကိုယ်ကမင်းနဲ့ထိုက်တန်လာတဲ့အထိ ကြိုးစားမှာပါ.."


"......"


"ဘယ်လိုလဲ၊ စိတ်ကူးကောင်းတယ်မလား.."


ကျူးထုန်: "......"


'အင်း၊ ကောင်းလိုက်တဲ့စိတ်ကူးပဲ'


ထူးဆန်းနေရုံသာရှိသည်။


သူက ရုတ်တရက်ပြုံးလိုက်ကာ အတည်ပေါက်ဖြင့်တုံ့ပြန်လိုက်သည်။


 "မင်းကလုံးဝကိုအောင်မြင်မှာ.."


ရှောက်မင် ကြက်သေသေသွားခဲ့သည်။ 


"မင်း ကိုယ့်ကိုအရမ်းယုံတာပဲလား.."


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။ 


"ယုံတာပေါ့ နေပါဦး၊ မင်း အဲဒီကတ်ကြေးနဲ့ဘာလုပ်မလို့လဲ.."


ရှောက်မင်က လက်ထဲတွင် ဆေးရုံသုံး ကတ်ကြေးတစ်လက်ကိုကိုင်ထားလေသည်။


သူက ကျူးထုန်၏အနည်းငယ်ပြဲနေသောဘောင်းဘီကို ငုံ့ကြည့်နေလိုက်သည်။ သူက မော့ကြည့်ကာပြုံးပြလာသည်။


 "မင်းဘောင်းဘီကိုချွတ်ချင်လား ဒါမှမဟုတ် ကိုယ်ဖြတ်လိုက်ရမလား.."


ကျူးထုန် ငုံ့ကြည့်လိုက်သည်။


သူက ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။ သူ့ခြေထောက်က အနည်းငယ်ကားနေပြီး မလှုပ်ရှားသရွေ့နာကျင်မည်မဟုတ်ပေ။ 


ရှောက်မင် ကတ်ကြေးယူလာရသည့်အကြောင်းအရင်းကိုသဘောပေါက်သွားသည်နှင့် သူ တဒင်္ဂမျှတောင့်ဆတ်သွားခဲ့သည်။ သူ့နားရွက်တို့က အနည်းငယ်နွေးလာလေ၏။ သူက လက်ဆန့်ထုတ်ကာပြောလိုက်သည်။ 


"ငါဟာငါလုပ်မယ်.."


ရှောက်မင်က သူ့ကို ခဏကြည့်နေပြီးနောက် မတ်တပ်ရပ်လိုက်သည်။ 


"ရတယ်၊ ကိုယ် ဦးလေးလျိုကိုပဲသွားပြော..."


"နေဦး..."


ကျူးထုန် သူမသွားခင် စိတ်အလိုအရလှမ်းဆွဲလိုက်သည်။


ရှောက်မင်ကခေါင်းငုံ့လာ၏။


ကျူးထုန်၏မျက်နှာက အနည်းငယ်နီမြန်းသွားခဲ့သည်။ 


"မင်း..မင်းပဲ..ဖြတ်လိုက်ပါ.."


သူကိုယ်တိုင်လည်းတွေးနေမိသည်။ 


'ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်ကို ခြေထောက်ပြရတာလေ၊ ဘာမှမဖြစ်ပါဘူး'


ရှောက်မင်၏နှုတ်ခမ်းတို့က ကော့တက်သွားကာ အပြုံးတစ်ပွင့်ဖြစ်လာခဲ့၏။ 


"မင်းဘောင်းဘီကိုဖြတ်ပေးရမှာလား"


ကျူးထုန်က ခေါင်းသာညိတ်ပြသည်။ 


ရှောက်မင်ရှေ့မှာ ဘောင်းဘီချွတ်ပြရတာထက်တော့ သာပါတယ်။


ရှောက်မင်က မျက်ခုံးပင့်ကာ စနောက်လာလေသည်။


 "အိုး..နှမြောစရာကြီးကွာ.."


ကျူးထုန်: "!"



🤒