Chapter 85
Viewers 18k

🤒အခန်း ၈၅




"မင်း..ဘောင်းဘီလဲချင်သေးလား.."


ကျူးထုန်ကလည်း ငုံ့ကြည့်လိုက်သည်။ လိမ်းဆေးအဆီများပေသွားနိုင်သောကြောင့် ဘောင်းဘီအသစ်ကိုမဝတ်တော့ပေ။ သူလဲရမည်က အောက်ခံဘောင်းဘီသာ။


နေရင်းထိုင်ရင်း သူမျက်နှာပူလာမိသည်။ 


"ငါနောက်မှလဲလိုက်ပါ့မယ်.."


ရှောက်မင် သူ့ဘောင်းဘီကိုညှပ်လိုက်တည်းက ထိုဘောင်းဘီကိုလည်းချွတ်ရတော့မည်ဖြစ်သည်။


ရှောက်မင် ခေါင်းညိတ်ကာ တာတာမိဖျာဘေးမှစာရေးစားပွဲခုံကိုကြည့်ကာ မေးလိုက်၏။ 


"ဒီအခြေအနေနဲ့ အိမ်စာလုပ်ဖို့ကို ဘယ်လိုစီစဥ်ထားတာလဲ.."


ကျူးထုန်: "စာရေးခုံမှာလုပ်မှာလေ.."


တာတာမိဖျာဘေးမှစာရေးခုံမှာ မတ်တပ်ရပ်ရအဆင်ပြေသလို ထိုင်လျှင်လည်း အလွန်အမင်းလှုပ်ရှားစရာမလိုပေ။


ရှောက်မင် စာရေးစားပွဲခုံရှေ့တည့်တည့်မှထိုင်ခုံကိုကြည့်လိုက်ပြန်သည်။ ထိုနေရာတွင်ထိုင်ပါက သူ့ခြေထောက်က အလိုလိုနေရင် တဖက်အပေါ်ကိုတဖက်ချိတ်မိလိမ့်မည်။ ကျူးထုန်သာ ၎င်းပုံစံဖြင့်အိမ်စာလုပ်ပါက သူ့ခြေထောက်တို့က ပေါင်ခြံကို မတော်တဆမတိုက်မိနိုင်ပါဟု အာမမခံနိုင်ပေ။


သူက ခဏမျှအတွေးနက်နေပြီးနောက် ပြောလိုက်သည်။ 


"ခဏစောင့်.."


ကျူးထုန်: "?"


ကျူးထုန်က ရှောက်မင်ကို ဘာလုပ်မလို့လဲဟုမမေးနိုင်မီ အရပ်ရှည်သောလူငယ်လေးက အပြင်ထွက်သွားခဲ့သည်။ တံခါးပိတ်သွားသည်နှင့် သူ့မှာ အဖြတ်ခံထားရသောဘောင်းဘီကိုချွတ်ပြီး အဝတ်မရှိတော့သောခြေထောက်ကို စောင်ဖြင့်အုပ်ထားလိုက်ရတော့သည်။


ရှောက်မင်ပြန်ရောက်လာသည့်အခါ လက်ထဲတွင် ခေါက်စားပွဲလေးတစ်လုံးပါလာခဲ့သည်။


သူက စားပွဲဘေးသို့လျှောက်လာရင်း ပြောလိုက်၏။ 


"ခြေထောက်ချိတ်လိုက်.."


ကျူးထုန်: "ဘာလို့လဲ.."


ရှောက်မင်က ခေါင်းငုံ့ကာ သူ့ခန္ဓာကိုယ်မှအပြောင်းအလဲကိုသတိထားမိပြီး မျက်ခုံးပင့်သွားကာစနောက်လိုက်လေ၏။ 


"အော်၊ ကိုယ်နဲ့အတူရှိနေရင် ရှက်လို့လား.."


ကျူးထုန်မှာ သူ့ထံမှစိုက်ကြည့်ခံနေ၍ ရှက်လာရလေသည်။ 


"မဟုတ်ပါဘူး.."


သူတစ်ယောက်တည်းနေခဲ့ရသော်လည်း ယောကျ်ားလေးများကြားတွင် အဝတ်ဗလာဖြင့်နေခြင်းက ပုံမှန်ပင်ဖြစ်ကြောင်း သူသိထားခဲ့သည်။ အတူရေချိုးကြလျှင်ပင် ရှက်နေစရာအကြောင်းမရှိပေ။


သို့တစေ ရှောက်မင်အရှေ့တွင်တော့ သူရှက်တတ်နေခဲ့သည်။


ယခင်တခေါက်က နှာခေါင်းသွေးလျှံ၍ အရှက်ရခဲ့သည့်အဖြစ်ကိုပင်ပြန်တွေးမိလေသည်။


'အပြစ်ရှိစိတ်ကြောင့်ဖြစ်မယ်' ကျူးထုန်က ရှုပ်ထွေးစွာဖြင့်သာတွေးလိုက်သည်။


ရှောက်မင်က ဂရုမစိုက်ပေ။ ကျူးထုန်ကို ခြေထောက်ထပ်လိုက်ရန် တွန်းအားပေးကာ ခေါက်စားပွဲကိုဖြန့်ခင်းလိုက်သည်။ အမြင့်ကိုချိန်ဆပြီး ကျူးထုန်အရှေ့တွင်ချထားလိုက်၏။


အနံက အသင့်အတင့်ဖြစ်ပြီး ကျူးထုန်လည်းခြေထောက်ကိုကျုံ့ထားနေစရာမလိုပေ။ ကျူးထုန် ခြေထောက် ဟိုသည်ရွေ့နေမည်ကိုလည်းစိတ်ပူစရာမလိုတော့ဘဲ ဒဏ်ရာလည်း အကျက်မြန်သွားနိုင်သည်။


ရှောက်မင်က သူ့အား ကျေနပ်သွားဟန်ဖြင့်ကြည့်ကာ ခေါင်းမော့ပြီးမေးလာလေသည်။ 


"ဘယ်လိုလဲ၊ အလုပ်ဖြစ်လား.."


ကျူးထုန်က အရှေ့မှစားပွဲခုံလေးကိုကြည့်ကာ သူ့ကိုယ်သူအဆင့်မြင့်သွားသလိုခံစားလိုက်ရသည်။ 


"ဒါ စားပွဲခုံလား၊ ဒီလိုစားပွဲခုံမျိုးရှိသေးတာလား.."


ရှောက်မင်ကသူ့အားရှင်းပြလေ၏။


 "ဒါကို လူပျင်းတွေအတွက်ခုံလို့ခေါ်တယ်၊ မင်းနဲ့အဆင်ပြေမယ့်အနေအထားကိုညှိလို့ရတယ်၊ တစ်ခါမှမသုံးဖူးဘူးလား.."


ကျူးထုန်: "တစ်ခါမှမမြင်ဖူးဘူး.."


ယခင်က သူ၏ဆေးရုံသုံးကုတင်ပေါ်တွင် ၎င်းပုံစံအထူးစားပွဲခုံမျိုးတပ်ထားကြသည်။ ဖြစ်နိုင်သည်မှာ ထိုသို့သောစားပွဲမျိုးကို သုံးစရာမလိုခဲ့ခြင်းဖြစ်လိမ့်မည်။


ရှောက်မင်: "....."


သူ၏ နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်တစ်မျိုးက ရစ်နွယ်လာခဲ့၏။ သူကပြုံးကာပြောလိုက်လေသည်။ 


"သခင်လေးကမပျင်းဘူးဆိုတာ ကျွန်တော်သိပေမဲ့ ဒါက အရေးကြီးတဲ့အခြေအနေမလို့ပါ၊ ဒီတော့ ဒီလူပျင်းထိုင်ခုံလေးကိုသုံးလိုက်ပါ၊ မင်းခြေထောက်ထုံလာရင် ထိုင်ခုံကိုရွှေ့ပြီး အကြောဆန့်လို့ရတယ်၊ မင်းပင်ပန်းလာရင် ခေါက်သိမ်းပြီးနားလို့ရတယ်၊ အိုကေလား.."


ထိုသူက အလွန်တရာမှအမြော်အမြင်ရှိသည်ဟုယူဆရသည်။


ကျူးထုန်ကလက်ကိုစားပွဲခုံပေါ်တင်ကာ သူ့အားကြည့်လာလေသည်။


ရှောက်မင်ကမေးလာ၏။ 


"ဘာလို့လဲ၊ မကြိုက်ဘူးလား.."


ကျူးထုန် ခေါင်းယမ်းပြလိုက်ကာ နှလုံးသားထဲမှနွေးထွေးနေသောခံစားချက်တို့ကို လျစ်လျူရှုလိုက်သည်။ သူ ပါးစပ်မှပင်ထုတ်ပြောမိသေး၏။ 


"မင်းဘာလို့ငါ့အပေါ် အရမ်းကောင်းပေးနေတာလဲဟင်.."


ဒီလိုမျိုးသာဆက်လုပ်နေရင် ကျူးထုန်က ဒီလိုဂရုစိုက်ခံနေရတာနဲ့တင် နေသားကျသွားမှာမဟုတ်လား။ ဒီလို သက်သောင့်သက်သာမရှိတော့တဲ့အချိန်ကျရင် သူဘယ်လိုနေရမလဲ။


ရှောက်မင်က အနည်းငယ်မှင်သက်သွားခဲ့သည်။ စားပွဲပေါ်ကိုတံတောင်ဖြင့်ထောက်ကာ သူ့အနားသို့ကပ်လာလေသည်။ 


"ဒါဆို မင်းရောကိုယ့်ကိုသဘောကျမှာလား.."


"......"


ဟမ်။


ရှောက်မင်: "မင်းသာကိုယ့်ကိုသဘောကျမယ်ဆိုရင် အခုထက်တောင်ပိုပြီးကောင်းပေးနိုင်တယ်၊ အဲဒီလိုမျိုးမတွေးမိဘူးလား.."


"...."


မျက်နှာပေါ်မှပြီတီတီအပြုံးဖြင့်ရှောက်မင်မှာ အတည်ပြောနေသလား၊ နောက်နေသလား ဝေခွဲရခက်စေသည်။


သို့ရာတွင် ကျူးထုန်ကယင်းကို စနောက်နေသည်ဟုပင်သဘောထားနေလေ၏။


သူ့နှလုံးကမူ တဒိန်းဒိန်းခုန်နေဆဲ။


' "ပိုပြီးကောင်းပေးနိုင်တယ်" ဆိုတာဘယ်လိုကောင်းတာမျိုးပါလိမ့်'


ကျူးထုန်ကမူ ယခူလည်းကောင်းနေသည်ဟု ထင်နေမိသည်။ ရှောက်မင်က သူ့အပေါ်ပိုပြီးကောင်းကောင်းဆက်ဆံမှာတဲ့လား။


ထို့နောက် သူ့အတွေးကလမ်းလွဲသွားပြန်သည်။ ဆိုလိုသည်မှာ ရှောက်မင်က သူသဘောကျသည့်လူကိုကောင်းကောင်းဆက်ဆံပေးတတ်သည်။ သူ့ထက်အခြားသူတွေအပေါ်ကိုလည်း ဂရုစိုက်ပေးနိုင်လောက်သည်။


ကျူးထုန်လည်ချောင်းထဲတွင် တစ်ခုခုနင်နေသလိုပင်။ သူ ယောင်နနဖြင့်သာပြောနိုင်တော့သည်။ 


"ငါ..."


ထို့နောက် ဧည့်ခန်းထဲမှ ဖုန်းမြည်သံပေါ်လာခဲ့သည်။ ကျူးထုန်ခေါင်းထဲမှ တဝက်တပျက်ပုံပေါ်စအတွေးများအားလုံး ချက်ချင်းအငွေ့ပျံသွားလေတော့၏။


"ဖုန်းလာနေတယ်.." 


ကျူးထုန် အသိပေးလိုက်သည်။


ရှောက်မင်: "ရတယ်၊ မင်းပြောချင်တာကိုပဲ အရင်ပြီးအောင်ပြော..."


ကျူးထုန်: "အခုလေးတင် ဘာပြောမလို့ပါလိမ့်.."


အခုလေးတင် ဖုန်းမြည်လာသံကသာ မနှောင့်ယှက်လိုက်ရင် သူ ရှောက်မင်ကိုဘာပြောမလို့ပါလိမ့်။


သူ ပြောမှာက..စိတ်ထဲရှိတဲ့အတိုင်းလား။ ရူးနေလား။


သူက အလျင်စလိုလက်ဆန့်ထုတ်ကာ ရှောက်မင်၏တံတောင်ကိုတွန်းလိုက်သည်။ 


"သွားကြည့်ရအောင်၊ အရေးတကြီးဖုန်းဆိုရင် ဘယ်လိုလုပ်မလဲ.."


ရှောက်မင်က မျက်လွှာချကာ သူ့အားခဏမျှကြည့်နေပြီးမှ သဘောတူလိုက်သည်။ 


"ကောင်းပြီလေ မင်းပြောတဲ့အတိုင်းပဲ.."


ချက်ချင်းပင် ကျူးထုန်မှာစိတ်အေးသွားရကာ သက်ပြင်းမှုတ်ထုတ်လိုက်သည်။


ရှောက်မင်မျက်လုံးတို့က အုံ့မှိုင်းနေ၏။ သူက ထကာ အခန်းထဲမှထွက်လာခဲ့သည်။ ဖုန်းယူရန် ဧည့်ခန်းထဲသို့ထွက်လာခဲ့၏။ ခဏအကြာ၌ ဒုတိယအကြိမ်မြောက် ဖုန်းမြည်သံထွက်လာခဲ့သည်။


ခေါ်ဆိုသူအမည်ကိုကြည့်ပြီး ရှောက်မင်ကအသံတိုးတိုးဖြင့် 'စုပ်သပ်ကာ ဖုန်းဖြေလိုက်သည်။


"မင်ကော ဘာလို့အခုမှဖုန်းကိုင်တာလဲ၊ ကျူးထုန်ရော၊ အိုကေလား.."


ရှောက်မင်က အေးစက်စက်ဖြင့်ပင်ပြန်ဖြေလိုက်၏။ 


"သူအိုကေတယ်၊ ငါလည်းအိုကေတယ်.."


လော့ရှိုးကရှော့ခ်ရသွားခဲ့သည်။ 


"မင်းတစ်ခုခုဖြစ်နေတာလား၊ ဘာဖြစ်နေတာလဲ၊ ဒဏ်ရာရထားလို့လား.."


"....."


ရှောက်မင် လေကို ခပ်ပြင်းပြင်းရှူသွင်းလိုက်၏။ 


"ဘာကိစ္စရှိလို့လဲ.."


လော့ရှိုးက ပြန်ဖြေလေသည်။ 


"အထွေအထူးမဟုတ်ပါဘူး၊ ကျူးထုန်အခြေအနေကိုစိတ်ပူလို့ပါ၊ သူမြင်းပေါ်ကဆင်းတည်းက မျက်နှာမကောင်းလို့လေ၊ အဲဒါကြောင့် မင်းကို ဖုန်းခေါ်ပြီးမေးကြည့်တာ.."


ရှောက်မင်: "....."


ရှောက်မင် တန်းပြီးဖုန်းချပစ်လိုက်သည်။


သူသာဆက်ပြီးဖုန်းပြောနေမိပါက သူ၏ "အချစ်ဆုံးသူငယ်ချင်း" အား နာမည်တပ်ပြီးတုပ်မိတော့မည်ကို စိုးရိမ်လာသောကြောင့်ပင်။


သူကျူးထုန်အခန်းသိူ့ပြန်ဝင်လာချိန်တွင် လူပျင်းစားပွဲပေါ်၌ စာရေးကိရိယာများနှင့် ဓာတုဗေဒအစမ်းမေးခွန်းစာရွက်တို့အပြည့်ဖြစ်နေပေပြီ။


ကျူးထုန်ကဘောပင်ကိုကိုင်ထားရင်း တံခါးဖွင့်ပြီးနောက် ဝင်မလာသောကောင်လေးကို လှမ်းကြည့်ကာ ယဥ်ယဥ်ကျေးကျေးမေးလိုက်သည်။ 


"ဘယ်သူခေါ်တာလဲ.."


ရှောက်မင်: "လော့ရှိုး..."


"...အာ.."


ဘယ်သူလဲဟုမေးပြီးသည့်နောက် ထပ်မမေးမိတော့ပေ။ ထပ်မေးလျှင်လည်း ရိုင်းပျရာရောက်တော့မည်။


သူက ခေါင်းငုံ့ကာ မေးခွန်းတို့ကိုဖြေနေသော်လည်း တံခါးနားတွင်ရပ်နေသူက အရပ်မြင့်လွန်းနေပြီး မသိသလိုဟန်ဆောင်နေ၍မရပေ။ သူက ခေါင်းမော့ကာမေးလိုက်ရတော့သည်။ 


"အတူတွက်ကြမလား.."


လွန်ခဲ့သည့်နှစ်ရက်လုံး သူတို့အတူရှိနေခဲ့ကြသည်။ သူအိမ်စာမလုပ်လျှင်ရှောက်မင်လည်းမလုပ်ပေ။


ရှောက်မင်က တံခါးနားတွင်ရပ်နေကာ ပြန်မဖြေလာပေ။ 


"ဟင့်အင်း ကိုယ်အခြားလုပ်စရာလေးရှိသေးလို့၊ ကိုယ်ဧည့်ခန်းထဲမှာရှိနေမယ်နော်၊ မင်းတစ်ခုခုလိုအပ်လာရင် ကိုယ့်ကိုခေါ်လိုက်..."


သူ့အတွက်တံခါးပိတ်ပေးမလိုလုပ်ပြီးမှ သတိရသွားသည့်အရာကြောင့် ရုတ်တရက်ပြန်လှည့်လာကာပြောလာပြန်သည်။ 


"ကိုယ်မင်းကို အချိန်မှန်ဆေးလာလိမ်းပေးမယ်၊ ကိုယ့်အတွက်တံခါးဖွင့်ထားဖို့သတိရနော်.."


"အာ.."


သူပင်ပြီးအောင်မပြောရသေးခင် လူငယ်လေးကလှည့်ထွက်သွားလေပြီ။


ကျူးထုန်: "...."


'အရေးကြီးလို့များလား'


သူ တံခါးဟထားသည့်နေရာမှကြည့်လိုက်ပြီး သူဓာတုဗေဒအိမ်စာတွင် အာရုံမစိုက်ထားနိုင်မှန်း သိလိုက်ရသည်။ သူက စက်ဝိုင်းခြမ်းစနစ်၏စာမျက်နှာပေါ်မှ ရာခိုင်နှုန်းပြဘားတန်းကိုသာကြည့်နေမိလေသည်။


'ရှောက်မင် အခုလေးတင်ပြောသွားတဲ့စကားက နောက်နေတာနေမှာပါ'


အခန်းအပြင်တွင် တံခါးပိတ်ပြီးသည့်အခါ ရှောက်မင်မှာ ချက်ချင်းမထွက်သွားသေးပေ။ ခဏနေမှ ဧည့်ခန်းထဲသို့လျှောက်သွားလိုက်လေသည်။


****


နောက်ထပ်နှစ်ရက်ကြာပြီးနောက် ကျူးထုန်မှာ 'လိုတရဖြည့်ဆည်းပေးသူ'ဟူသောစကား၏အဓိပ္ပါယ်ကို ကောင်းကောင်းကြီးကြုံတွေ့လိုက်ရတော့သည်။


ဤတစ်ကြိမ်ရလိုက်သောခြေထောက်ဒဏ်ရာက အလွန်တရာမှဆိုးရွားခဲ့ပုံသော်လည်း သူသတိထားကာဂရုစိုက်ခဲ့သောကြောင့် နောက်တစ်နေ့တွင်ပင် အနာဖေးတက်လာခဲ့သည်။ ၎င်းကွာကျသွားသည့်အခါ ဒဏ်ရာမှာသိပ်မနာကျင်တော့ပေ။ သို့ထိတိုင် စိုးရိမ်ရသောအခြေအနေတွင်သာရှိနေသေးသည်။


ကျူးထုန်က သူကိုယ်တိုင်ဆေးလိမ်းရန် ကြိမ်ဖန်များစွာကြိုးခဲ့စေကာမူ ရှောက်မင်က သူလုပ်သည်နှင့် ဦးလေးလျိုကိုတိုင်ပြောမည်ဟုခြိမ်းခြောက်တတ်သည်။


ကြက်မွှေးကိုင်ထားသည်ဟုထင်ခဲ့လင့်ကစား တကယ်တမ်းတွင် ကိုင်ထားသည်က မြားတစ်ချောင်းဖြစ်နေခဲ့သည်။


၎င်းက သက်ရောက်မှုရှိခဲ့ပါသည်။ ကျူးထုန်ကလည်း ဦးလေးလျိုကိုသာကြောက်တတ်လေ၏။


ငှားနေသည့်အိမ်တွင် နောက်ထပ်နှစ်ရက်ခန့်နေထိုင်ပြီးနောက်ဆုံး၌ ဒဏ်ရာကသက်သာသွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံး၌ ကျူးထုန်လည်းဘောင်းဘီဝတ်နိုင်ပြီး သာမန်လူတစ်ယောက်နှယ်လမ်းလျှောက်နိုင်လေပြီ။


လက်တွေ့တွင် ကနဦးကရှိခဲ့သောအရှက်ရမှုလျော့ပါးသွားသည်နှင့် ကျူးထုန်လည်း ရှောက်မင်မှ သူ့အားချီသွားနေသောအခြေအနေနှင့် အသားကျသွားခဲ့သည်။ သို့ရာတွင် အဝတ်အစားလဲဝတ်ချင်သည့်အခြေအနေမျိုး၌မူ မသင့်တော်တော့ပေ။


အဝတ်အစားလဲသည့်ကိစ္စမျိုးက ရေချိုးခန်းထဲတွင်မူ ခက်ခဲသောကြောင့် ထိုအချိန်တိုင်း ရှောက်မင်ကသူ့အား ဝတ်ပေးချင်ခဲ့သည်။ အောက်ခံဘောင်းဘီလည်းပါဝင်၏။


သူက ငြင်းပြီးရင်းငြင်းခဲ့သည်။ လူတစ်ယောက်ကသူ့အား အောက်ခံဘောင်းဘီပါဝတ်ပေးရသောအခြေအနေအထိ အားမနည်းချင်ခဲ့ပေ။


အမျိုးသားနေ့အားလပ်ရက်နောက်ဆုံးနေ့တွင် ရှောက်မင်က နို့လက်ဖက်ရည်ဆိုင်ကို အလုပ်သွားလုပ်ရသည်။ အချိန်ပိုင်းလုပ်နေခဲ့ကြသော မိန်းကလေးဝန်ထမ်းများမှာ သူ့အနားသို့ချဥ်းကပ်လာကြ၏။ သူတို့၏အချိန်ပိုင်းအလုပ် နောက်ဆုံးရက်မှ သူတို့၏ပစ်မှတ်ကိုတွေ့ကြရတော့သည်။ သူတို့က အုပ်စုဖွဲ့ဓာတ်ပုံရိုက်ရန် စိတ်အားပြင်းပြစွာတောင်းဆိုခဲ့ကြသော်လည်း ရှောက်မင်က "ရိုက်ပြီးပြီ" ဆိုသောဆင်ခြေပေးကာ ငြင်းပယ်လိုက်လေသည်။


ထို့နောက် အချိန်ပိုင်းအလုပ်ကိုပြန်လာလုပ်သောလော့ရှိုးနှင့်တွေ့ရသည်။ သူ၏သူငယ်ချင်း ရှောက်မင်မှာ မိန်းကလေးများဓာတ်ပုံရိုက်ခွင့်တောင်းတိုင်း အကြောင်းပြချက်ပုံသေဖြင့် ထပ်ခါတလဲလဲငြင်းပယ်နေသောကြောင့် အံ့အားသင့်စရာတစ်ခုနှယ်ခံစားလိုက်ရသည်။ သူမေးလိုက်မိလေ၏။ 


"မင်းကိုဓာတ်ပုံရိုက်ဖို့ပြောတိုင်း ဆင်ခြေပေါင်းစုံပေးနေကျပါ၊ အခုကျမှဘာလို့ တစ်မျိုးတည်းပဲပြောနေတာလဲ၊ ငြင်းစရာစကားကုန်သွားလို့လား.."


ရှောက်မင်က ဖြေနေကျအတိုင်းသာဖြေလေသည်။ 


"ဒါက သုံးရတာပိုလွယ်တာကိုး.."


လော့ရှိုး: "....."


'ဒီတော့ရော ဘာအသုံးဝင်လို့လဲ၊ ဘယ်သူနဲ့ရိုက်တာလဲလို့မေးလာရင်ရော'


ရုတ်ချည်းပင် သူ့ခေါင်းထဲတွင် လူတစ်ယောက်ပေါ်လာလေသည်။ လော့ရှိုးက မယုံသလိုမျိုးမေးလာပါ၏။ 


"မင်း...တကယ်တော့ ဓာတ်ပုံမရိုက်ရသေးဘူးမလား.."


လက်တွေ့၌ သူက ထိုသူနှင့်ကျူးထုန်တို့အကြား ဖြစ်နေသမျှကိုတိုက်ရိုက်မေးလိုက်ချင်ခဲ့သည်။ အမျိုးသားနေ့အားလပ်ရက်အတွင်း သူ၏မင်ကောက အိမ်တွင်သာနေခဲ့ပြီး ကျူးထုန်ကိုအိမ်စာများအားလုံးပြီးရန် ရက်များစွာအတူရှိနေပေးခဲ့သည်။


အမျိုးသားနေ့အားလပ်ရက်ကို အိမ်တွင်နေကာ မေးခွန်းများအားလေ့ကျင့်နေခဲ့သည်။ သူ့ခမျာ ဝေ့ကွမ်ကျန်းလိုလူမျိုးကို မည်သို့စနောက်သင့်မှန်းပင်မသိတော့ပေ။


ရှောက်မင်က ပြန်မေးလေသည်။


 "မင်းဘယ်လိုထင်လဲ.."


လော့ရှိုး: "ဘာကိုလဲ.."


ရှောက်မင်က ပြုံးပြလေသည်။


 "ငါက လူတစ်ယောက်နဲ့အတူ ဓာတ်ပုံရိုက်ပြီးပြီလို့မင်းထင်လား..."


လော့ရှိုး: "အင်း.."


တူရုံတင်မက ထိုသူက လိုအပ်သည်ထက်ပိုကပ်တွယ်နေသောဇနီးလေးနှင့်ပင်တူနေသေးသည်။


အခြားသူများနှင့် ဓာတ်ပုံလေးတစ်ပုံရိုက်ရန်ပင် ငြင်းနေခဲ့သည်။


ရှောက်မင်က မျက်ခုံးပင့်ပြသော်လည်း ငြင်းဆန်လာခြင်းမျိုးမရှိပေ။


လော့ရှိုးနှလုံးက ပို၍ပင်အခုန်မြန်လာလေသည်။ သူက နို့လက်ဖက်ရည်ဆိုင်တစ်ခုလုံးကိုလိုက်ကြည့်နေပြီး ရင်းနှီးနေသောမျက်နှာကိုမူမတွေ့ရပါချေ။ သူက ဇဝေဇဝါဖြစ်သွားကာမေးလိုက်လေသည်။ 


"ဒီနေ့ ဘယ်လိုလုပ်ပြီးကျူးထုန်ကမရောက်လာတာလဲ၊ သူ့ခြေထောက်ဒဏ်ရာက မသက်သာသေးဘူးလား.."


ရှောက်မင်ကလှည့်သွားပြီး နို့လက်ဖက်ရည်တစ်ခွက်ကိုအပြည့်ဖြည့်နေကာ ထူးဆန်းသည့်အပြုံးဖြင့်ပြန်ဖြေလာသည်။ 


"သူ..အော်..ဒီနေ့တော့မလာဘူး.."


လော့ရှိုး: "ဘာလို့လဲ.."


ရှောက်မင်ကပြုံးပြီး ဘာမှမပြောလာချေ။


လော့ရှိုးက မမေးရဲတော့ပေ။ ထိုယောကျ်ားပျို၏အပြုံးက အဖြေပေးပြီးသားဖြစ်နေသလိုခံစားရသောကြောင့် တဖက်ကအဖြေရသည်နှင့် သူ့လျှာကိုမထိန်းထားတော့ရန်ပြင်ဆင်ထားခဲ့သည်။


ရှောက်မင်က နို့လက်ဖက်ရည်ကို ဝယ်သူထံပေးလိုက်ပြီးမှ ဆက်ပြောလိုက်၏။ 


"ဘာလို့လဲဆိုတော့ ဒီနို့လက်ဖက်ရည်ဆိုင်မှာ ခရမ်းချဥ်သီးမလိုအပ်လို့.."


လော့ရှိုး: "?"


'ဘာကို ခရမ်းချဥ်သီးလဲ၊ ခရမ်းချဥ်သီးနဲ့ဘာပတ်သက်လို့လဲ'


အကြောင်းမှာ ကျူးထုန်မျက်နှာက ခရမ်းချဥ်သီးတစ်လုံးနှင့်တူနေသောကြောင့်ပင်ဖြစ်လေ၏။


မနက်အစောပိုင်းက မထွက်လာခင် ရှောက်မင်ကမနက်စာပြင်ပြီးသည့်နောက် အခန်းထဲသို့ဝင်ကာ သခင်လေးကိုသွားခေါ်ခဲ့ရသည်။ သို့ရာတွင် တံခါးမပိတ်ထားခဲ့ပေ။


ကျူးထုန်က ဤနှစ်ရက်အတွင်း ဘောင်းဘီမဝတ်ခဲ့၍အကျင့်ဖြစ်နေပေပြီ။ မနက်အိပ်ရာထပြီးသည့်နောက် ယနေ့အပြင်ထွက်ရမည့်အကြောင်းကိုတွေးမိလေရာ အိပ်ရာသိမ်းရန် သူကိုယ်တိုင်စီစဥ်နေခဲ့သည်။ သူ စောင်နှင့်အိပ်ရာခင်းကိုခေါက်နေခဲ့၏။ ထိုအခိုက်အတန့်တွင် သူ့တံခါးက တွန်းဖွင့်ခံလိုက်ရသည်။


ရှောက်မင်က အခန်းတံခါးတွင်ရပ်နေရင်း လူငယ်လေး၏ ရှည်သွယ်ဖြူလျသောခြေထောက်လေးကို မျက်တောင်မခတ်ဘဲကြည့်နေမိသည်။ အထူးသဖြင့် ထိုသူ၏ ညအိပ်ဝတ်ရုံအရှည်မှ မလုံ့တလုံဖုံးထားခဲ့သော ထိုသူ၏အဓိကနေရာလေး။


သူတို့နှစ်ယောက်လုံး စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားခဲ့ကြသည်။


ထို့နောက် ကျူးထုန်၏မျက်နှာက ဝင်းမှည့်နေသောခရမ်းချဥ်သီးတစ်လုံးလို ချက်ချင်းနီရဲသွားလေတော့သည်။ 



🤒