Chapter 81
Viewers 18k

🤒အခန်း ၈၁



"မင်းတို့က ရှားယန်အတွက်နဲ့ ငါတို့နောက်ကိုလိုက်တာလား၊ဒါမှမဟုတ် မင်းတို့သူ့ကိုကြိုက်နေလို့လား.."


ကျူးထုန်က ဝမ်ယောင်နှင့်ဝူဝမ်ကိုပါလှည့်ကြည့်လိုက်သည်။


သူက ကောက်မေးလိုက်ခြင်းဖြစ်ပြီး မျက်နှာချင်းဆိုင်မှလူများကလည်း ပြိုင်တူမှင်သက်သွားကြတော့သည်။


အထူးသဖြင့်ရှားယန်ပင်။


ဝမ်ယောင်နှင့်ဝူဝမ်က သူ့ကိုသဘောကျနေကြမှန်း သူကောင်းကောင်းသိသည်။ သူ့ကြောင့် သူတို့(ဝမ်,ဝူ)ဘက်မှရှောက်မင်ကိုပစ်မှတ်ထားနေမှန်းသိသည့်တိုင် ယခုအခြေအနေက သူ(ရှားယန်)လည်း ဝင်မပါချင်ပေ။


သူက အသာအယာမျက်မှောင်ကြုတ်သွားကာပြောလိုက်လေ၏။


 "ကျူးထုန်၊ ဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားမျိုးပြောနေတာလဲ၊ ငါတို့က ဒီတိုင်း အတူအပြင်ထွက်လည်ကြတဲ့ သာမန်သူငယ်ချင်းတွေလောက်ပဲ.."


ကျူးထုန်: "......"


၎င်းက ဒဏ္ဍာရီလာ "ငါးကန်စီမံထိန်းသိမ်းရေးစကေး" ဖြစ်လိမ့်မည်။ ဟိုမရောက်သည်မရောက်ဆက်ဆံရေးများကိုဖော်ပြချင်သည့်အခါ ၎င်း "သာမန်သူငယ်ချင်း" ဆိုသောအသုံးအနှုန်းမျိုးကိုသုံးတတ်၏။


ဝမ်ယောင်နှင့်ဝူဝမ်တို့၏အတွေးမှာ ပြောစရာမလိုဘဲနှင့်ပင်သိနိုင်ပြီး တစ်ယောက်မှမရှင်းပြလာကြသလို ငြင်းလည်းမငြင်းကြတော့ပေ။


ဝမ်ယောင်ကပြောလာပါ၏။


 "ဟုတ်တယ်၊ သခင်လေးကျူး၊ မင်းအထင်လွဲနေပြီ၊ ငါတို့က ဒီအတိုင်း သူငယ်ချင်းတွေလောက်ပါပဲ.."


ကျူးထုန်က အကြင်နာတရားကင်းမဲ့စွာဖြင့်တုံ့ပြန်လေသည်။ 


"ဒါဆို မင်းတို့ကဘာလို့ ငါ့ကိုဒီလိုလုပ်ရတာလဲ.."


ဝမ်ယောင်နှင့်ဝူဝမ်: "....."


ငါတို့မှ ကျူးမိသားစုကသခင်လေးကိုမသိတာလို့။


ဝူဝမ် ပျာယာခတ်သွားလေသည်။ 


"သခင်လေးကျူး၊ ငါတို့က..မင်းကိုတွေ့တော့..ငါ့သူငယ်ချင်းနဲ့ငါက မြင်းစီးအရမ်းကောင်းတာ၊ ငါတို့က စနောက်လိုက်ရုံပါ၊ အခြားသဘောမရှိပါဘူး၊ မင်းကသဘောကောင်းပါတယ်၊ ဒီကိစ္စလောက်လေးကိုပုံကြီးမချဲ့ပါနဲ့တော့.."


"စနောက်တယ် ဟုတ်လား.." 


ကျူးထုန်မှာ ယခုလေးတင်ကျော်ဖြတ်နိုင်ခဲ့သော အန္တရာယ်များလှသည့်အခြေအနေကိုပြန်တွေးကြည့်ပြီး သူ့တစ်မျက်နှာလုံး မည်းပုပ်သွားတော့သည်။ 


"အင်း၊ အခုလေးတင် ငါက တန်းကိုကျော်ပြီးစီးခဲ့ရတာကို၊ မင်းသာ အဲဒါကိုဖြတ်နိုင်ရင် ငါမင်းဘက်က စနောက်လိုက်တာဆိုတဲ့စကားကိုယုံပေးမယ်.."


"....."


ဝူဝမ်နှင့် ဝမ်ယောင်တို့က နှစ်မီတာမြင့်သောတန်းကိုတချက်ကြည့်လိုက်ကြကာ သူတို့လည်ချောင်းများကခြောက်ကပ်လာပြီး ခြေထောက်များကတုန်လာသည်ကိုပင်ခံစားလိုက်ရသည်။


ရှောက်မင်မှာ အစက ဝန်ထမ်းကိုမောင်းထုတ်ပြီး ကျူးထုန်ဒဏ်ရာကိုဆေးထည့်ပေးရန်စီစဥ်ထားခဲ့သည်။ ယခုအခြေအနေအထိရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။


သူက ကျူးထုန်အနားသို့ကပ်လာကာ မေးလိုက်၏။ 


"မင်း သူတို့ကိုသိလား.."


ကျူးထုန်: "ငါသူတို့နဲ့ တစ်ခါတော့တွေ့ဖူးပါတယ်.."


ရှင်းရှင်းပြောရရင် မသိဘူးပေါ့။


ရှောက်မင်က စိတ်ဝင်စားသလိုမျက်ခုံးပင့်လိုက်သည်။


မျက်နှာချင်းဆိုင်၌ ဝမ်ယောင်နှင့်ဝူဝမ်တို့က ကျူးထုန်ပြောလာသော တောင်းဆိုချက်ကိုမဖြည့်ဆည်းပေးနိုင်သလို ငြင်းလည်းမငြင်းရဲဖြစ်နေပြန်သည်။ သူတို့မှာ ရှားယန်ကိုအကူအညီလှမ်းတောင်းရုံသာရှိတော့၏။


ရှားယန်က ဒေါသထွက်နေခဲ့သည်။ ယခုလိုဖြစ်မည်ကိုသာသိခဲ့ပါက သူ့အနေဖြင့် ဝမ်ယောင်နှင့်ဝူဝမ်ကို တားခဲ့မည်ပင်။


သူက ကျူးထုန်ကိုကြည့်ကာ "တရားချရန်" တွေးလိုက်သေးသည့်တိုင် ကျူးထုန်က ရှောက်မင်အပေါ်ကို အလွန်အမင်းသဘာဝကျစွာမှီထားမှန်းတွေလိုက်ရသည်နှင့် သူ့အသံကသိပ်မကောင်းတော့ချေ။ 


"ကျူးထုန်၊ ငါတို့က လူရင်းတွေပဲကို၊ ဘာမှမဖြစ်ခဲ့သလိုသဘောထားလိုက်ပါ၊ ဘာလို့ တောင်ကုန်းလေးကို တောင်တန်းကြီးဖြစ်အောင်လုပ်ချင်နေရတာလဲ.."


"မင်းပြောချင်တဲ့သဘောက လူသတ်သမားတစ်ယောက် အကြာကြီးလွတ်နေသရွေ့ အပြစ်ကင်းမယ်ပေါ့.."


"မင်း..."


ရှားယန်မှာ ထိုသူကို ဤမျှအထိ လေးစားမှုမရှိသူဟု မထင်ထားခဲ့ပေ။


ရှောက်မင်ရောကျူးထုန်ပါ ဘာလို့ တစ်ယောက်ကိုမှ သူလှည့်စားလို့မရတာလဲ။


သူနောက်ထပ်စကားမပြောရသေးမီ ကျူးထုန်က သူ့ကိုလှည့်ကြည့်လာသည်။ 


"ပြောကာမှရှားယန်၊ ဒီလူတွေကိုမင်းခေါ်လာတာလား၊ သူတို့ကငါတို့နောက်ကိုအသည်းအသန်လိုက်ခဲ့တယ်၊ ပြီးတော့ လူ့အသက်တွေကိုလည်း ကစားခဲ့တယ်၊ သူတို့ကိုယ်သူတို့ဒီနေရာရဲ့အရှင်သခင်တွေလိုမျိုး မြင်းပြိုင်ကွင်းထဲမှာသောင်းကျန်းခဲ့တယ်၊ မင်းကသူတို့နဲ့သူငယ်ချင်းမဟုတ်လား၊ ဘာလို့ဘာမှမပြောတာလဲ၊ မင်းက ဒီလိုသူငယ်ချင်းတွေနဲ့အပြင်ထွက်လာရဲတယ်၊ မင်းမရှက်ဘူးလား..."


သွယ်ဝိုက်ဖော်ပြရပါက ငှက်မွှေးများ စုပြုံပြီးကျလာသလိုပင်။ ရှားယန် ယခုလိုလူများနှင့်သူငယ်ချင်းလုပ်နေတည်းက သူ့အဆင့်အတန်းကိုပြသရာရောက်နေပြီ။


ရှားယန်မျက်နှာမှာ အကျည်းတန်နေလေပြီ။ 


"သူတို့ကမင်းကို ရည်ရွယ်ချက်နဲ့အန္တရာယ်ပေးပါတယ်လို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ၊ သူတို့မှာ အဲဒီလိုစိတ်မျိုးမရှိဘူး၊ ပြီးတော့ ငါဘာမှမသိခဲ့ဘူး..."


"သူတို့ကမင်းအတွက်လုပ်ပေးနေတာလားလို့ ငါသိချင်တယ်၊ ဒါမှမဟုတ် မြင်းကိုအရှိန်တင်ပြီး အနောက်ကလိုက်တာကအန္တရာယ်များတယ်ဆိုတာ မင်းမသိတာလား၊ မင်းအခြေခံလေးတောင်မသိတာလား၊ အဲဒီလူတွေကို မင်းက ဒီနေရာခေါ်လာခဲ့ကတည်းက သူတို့ဘာလုပ်လုပ် မင်းမှာတာဝန်ရှိသွားပြီ၊ အခု အခြေအနေက ဒီအထိဖြစ်သွားပြီ၊ မင်းနောက်ဆုံးအချိန်အထိတောင်းပန်ခဲ့လား၊ မင်း သူတို့ကို အချိန်မှီတားခဲ့လား၊ မင်းပဲရှောက်မင်ကိုသဘောကျတယ်ဆို၊ ဒါက မင်းကသဘောကျတဲ့ပုံစံလား၊ မင်းက သူတို့မနာလိုဖြစ်နေလို့ ရှောက်မင်ကိုအခက်တွေ့အောင်လုပ်ကြတာကို ကြည့်နေခဲ့တယ်၊ ပြီးတော့ ဘာမှမသိပါဘူးဆိုပြီး ရှောင်ထွက်သွားတယ်၊ မင်းကတကယ် အပြစ်ကင်းပြီး ငွားငွားစွင့်စွင့်ပွင့်နေတဲ့ ပြစ်မျိုးမှဲ့မထင်ကြာပန်းဖြူလေးပဲ.."


သူရှားယန်ကို မြင်းပြိုင်ကွင်းထဲတွင်တွေ့လိုက်ရသည့်အခါ ယနေ့ ရင်ထိတ်သည်းဖို စွန့်စားခန်းက "မထင်မှတ်ထားခဲ့သောဘေးဒုက္ခ" မဟုတ်မှန်း သူသိနေခဲ့သည်။


ပျိုတိုင်းကြိုက်နှင်းဆီခိုင်လေးထွက်လာတိုင်း လရောင်ဖြူလေးမှာ မလွဲမသွေဒုက္ခရောက်လိမ့်မည်။


ရှောက်မင်ဒုက္ခရောက်နေတိုင်း ဘာလို့ တရားခံဖြစ်တဲ့ရှားယန်က အမြဲဘေးထွက်နေရတာလဲ။


အခုလည်းတာဝန်ကနေခေါင်းရှောင်ချင်နေပြန်ပြီ။ သူ့ကိုပဲခွင့်ပြုပေးထားသလိုမျိုး။


သူ့စကားများက ရှားယန်ကိုအရှိုက်ထိသွားစေခဲ့သည်။ သူ့မျက်နှာက မရေတွက်နိုင်သောမတရားမှုတို့ကို ရင်ဆိုင်လိုက်ရသလိုမျိုး ရှော့ခ်ရပြီး မျက်လုံးတို့မှာပြူးကျယ်သွားလေ၏။


ဝမ်ယောင်နှင့်ဝူဝမ်တို့လည်း စကားမပြောရဲကြပေ။


ဟယ့်ရှောင်းရှောင်း မျက်နှာပြောင်းသွားခဲ့သည်။


သူမက ကျူးထုန်ကိုကြောက်သော်လည်း ကျူးထုန်ကိုခေါင်းမော့ပြီးကြည့်ရဲသေးသည်။ သူမအနေဖြင့် ထိုသူကို လွန်လွန်ကဲကဲစကားမျိုးမပြောစေချင်တော့ပေ။


"သခင်လေးကျူး.." 

ဟယ့်ရှောင်းရှောင်းက ဝင်ပြောလာလေသည်။


 "အရင်က သခင်လေးကျူးက ကျန်းမာရေးမကောင်းဘူးလို့ကြားဖူးတယ်၊ မထင်ထားဘူး၊ အတော်လေးလန်းဆန်းနေတာပဲ၊ ဒါပေမဲ့ နင်ကဒီလိုစကားမျိုးတွေကို ရဖို့ခက်တဲ့အဲဒီ..မျက်နှာလှလှလေးအတွက် ပြောပေးနေတယ်ဆိုတာ သတိရပါဦး၊ အဲဒါက ထိုက်တန်လို့လား၊ သခင်လေးကျူး၊ အဲဒီလိုအကျည်းတန်တဲ့စကားမျိုးက ငါတို့သခင်လေးယန်ကိုပြောရလောက်အောင်လေ..."


သူမ၏မူလရည်ရွယ်ချက်မှာ ကျူးထုန်ကို သူကာကွယ်ပေးနေသူက ရှားယန်နှင့်သက်ဆိုင်သူဖြစ်သောကြောင့် နောက်ခံမသိရသောလူတစ်ယောက်ကို သူ၏အရှိန်အဝါဖြင့်ကာကွယ်ပေးနေရာမှရပ်တန့်သင့်ကြောင်းအသိပေးရုံသာဖြစ်လေသည်။ မထင်မှတ်ထားဘဲ သူမပြောလိုက်ပြီးသည်နှင့် ကျူးထုန်၏မူလတည်ငြိမ်နေခဲ့သောမျက်နှာမှာ ပို၍ပင်မကြည်မသာဖြစ်သွားခဲ့သည်။ သူ့အကြည့်က ကျောချမ်းစရာဖြစ်ပြီး လူသတ်ချင်သည့်ရည်ရွယ်ချက်တို့အပြည့်ဖြစ်နေလေ၏။


 "နင်နောက်ထပ်တစ်ခွန်းပဲထပ်ပြောကြည့်၊ နင့်မျက်နှာ ထားစရာနေရာမရှိဖြစ်သွားစေရမယ်.."


၎င်းက ပြတ်သားသည့်ခြိမ်းခြောက်မှုပင်။


သူမကို ချမ်းသာပေးမှာမဟုတ်သည့်အပြင် ညှာတာပေးမည်လည်းမဟုတ်ကြောင်း ယတိပြတ်ပြောလိုက်ခြင်းပင်ဖြစ်လေ၏။


ဟယ့်ရှောင်းရှောင်း မှင်သက်သွားခဲ့သည်။ သူမရင်ဘတ်ထဲတွင် ဒေါသတရားတို့ကဆူတက်လာပြီး မျက်နှာပေါ်တွင် သူမ၏စိတ်ဆိုးနေမှုတို့က ရောင်ပြန်ဟပ်နေခဲ့သည်။


 "လေကျယ်လှချည်လား သခင်လေးကျူး၊ ဒါပေမဲ့ နင့်ကိုယ်နင် အရမ်းမြင့်မြတ်နေပြီလို့ထင်နေတာမဟုတ်ဘူးလား၊ နင့်အဖေနဲ့ငါတို့မိသားစုမှာ ပူးပေါင်းပြီးလုပ်ထားတဲ့စီးပွားရေးကိစ္စတွေရှိသေးတယ်ဆိုတာ ပြောနေစရာတောင်မလိုဘူး၊ နင်က နင့်အဖေစွန့်ပစ်ထားပြီး မလိုချင်တဲ့ သားတစ်ယောက်ပဲ၊ ဘယ်လိုများ အရှက်မရှိရတာလဲ၊ နင့်ကိုယ်နင်ပဲစိတ်ပူပြီး ကျူးမိသားစုဆီကိုပြန်လိုက်ပါလား.."


"သခင်မလေးဟယ့်ဘက်က ကျွန်တော်တို့သခင်လေးအိမ်ပြန်မပြန်ကို စိတ်ပူပေးစရာမလိုပါဘူး၊ သခင်မလေးဟယ့်သာ ကိုယ့်အိမ်ကိုယ်မပြန်နိုင်မှာကိုပဲစိတ်ပူသင့်တယ်.."


လူအများ၏အနောက်ဘက်မှ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်ရှိမည့်အမျိုးသားတစ်ယောက်က ဝင်ပေါက်မှလမ်းလျှောက်ဝင်လာလေသည်။ သူ့မျက်နှာက တုန်လှုပ်ဖွယ်ကောင်းလောက်အောင် မှောင်မိုက်နေ၏။


ဘယ်သူကများ ငါတို့သခင်လေးကို ဒီလိုလေသံမျိုးနဲ့ပြောရဲတာလဲ။


သူ့ကိုထိခိုက်အောင်လုပ်ရဲတဲ့အပြင် သူတို့သခင်လေးကိုအိမ်ရှိပါလျက်နဲ့မပြန်နိုင်ဘူးဆိုပြီး လှောင်နေသေးတယ်။


သူတို့က ကျားကိုကြောင်ထင်နေတာပဲ။ A မြို့က ဒုတိယမျိုးဆက်သူဌေးသားတွေအကုန်လုံး ရွံစရာကောင်းလောက်အောင်စိတ်ကြီးဝင်နေကြတာပဲ။


သူတို့လေးယောက်လုံးလှည့်ကြည့်လိုက်ကြပြီး အမူအရာမဲ့နေသောဦးလေးလျိုကိုမြင်လိုက်ကြရသည်။


"ရှင်ကဘယ်သူလဲ.." 

ဟယ့်ရှောင်းရှောင်းက ခပ်ရိုင်းရိုင်းသာမေးလိုက်သည်။


သူမက ဦးလေးလျိုကိုမသိပေ။


ဦးလေးလျိုက သူမကို လျစ်လျုရှုထားပြီး ကျူးထုန်၏မြင်းထံသို့ တည့်တည့်သွားလိုက်၏။ သူ့သခင်လေးကို ခြေဆုံးခေါင်းဆုံးကြည့်ကာ စိုးရိမ်နေသောအသံဖြင့်ပြောလာလေသည်။ 


"သခင်လေး၊ အဆင်ပြေရဲ့လား.."


ကျူးထုန်: "ကျွန်တော် အဆင်ပြေပါတယ် ဦးလေးလျို၊ သခင်မလေးဟယ့်အဖေရဲ့ ဖုန်းနံပါတ်က ဦးလေးဆီမှာရှိလား.."


"ဟယ့်ပိယို ဖုန်းနံပါတ်လား၊ ရှိပါတယ်၊ သခင်လေး ဘာလုပ်မလို့ပါလဲ.."


"....."


ဟယ့်ရှောင်းရှောင်းမှာ ထိုပုဂ္ဂိုလ်လက်ထဲတွင် သူမအဖေ၏ဖုန်းနံပါတ်ရှိနေကြောင်းကြားရသည့်အခါ သူမမျက်နှာပေါ်၌ အံ့အားသင့်သွားသောအရိပ်အယောင်တို့ဖြတ်ပြေးသွားခဲ့သည်။


ထိုလူက သူ့အဖေကို နာမည်အတိုင်းခေါ်လိုက်ပြီး လေးစားမှုတစ်စက်မှမရှိပါချေ။


သူမမှာ အနည်းငယ် ထိတ်ပျာသွားလေ၏။ 


"သခင်လေးကျူး..."


ကျူးထုန်ကခေါင်းငုံ့ကာ ဦးလေးလျိုကိုပြောလိုက်သည်။ 


"ဖုန်းခေါ်ပြီး ဦးလေးဟယ့်ကိုပြောပေးပါ၊ သူ့သမီးက လူငှားပြီး ကျွန်တော်တို့မြင်းအနောက်ကနေ အလောတကြီးလိုက်ခိုင်းတယ်လို့၊ ကျွန်တော်ရော ကျွန်တော့်အတန်းဖော်ပါ သေတော့မလိုကြောက်သွားခဲ့ရတာ၊ သူတစ်ယောက်တည်းကိုရှင်းခိုင်းလိုက်ပြီး မိသားစုကိုလည်းအချိန်မှီပြောလိုက်ပါ..."


သူဆိုလိုသည့် "မိသားစု" ဆိုသည်မှာ ကျူးထုန်အဘိုးနှင့်ချန်မိသားစုပင်။


ဟယ့်ရှောင်းရှောင်းက ကျူးထုန်ကို မည်သူဖြစ်ကြောင့် တကယ်မသိပေ။ ကျူးထုန်က ကျူးရှို့ရှန်းကိုပြောနေခြင်းဖြစ်မည်ဟုထင်သွားပြီး ကျူးထုန်အဖေက ယခုကိစ္စအသေးအဖွဲလောက်ကို ဂရုမစိုက်နေလောက်ပါဟု သူမကိုယ်သူဖြေသိမ့်နေလိုက်သည်။


ဖုန်းက အမြန်ချိတ်ဆက်မိသွားသည်။ ဦးလေးလျိုပင်မပြောရသေးခင် ဖုန်းထဲမှလူကပြောလာ၏။ 


"ဦးလေးလျို၊ ဒီနေ့ ဖုန်းတွေဘာတွေဆက်လို့ပါလား၊ ကိစ္စရှိလို့လား.."


သူ့အသံက အံ့အားသင့်ကာဝမ်းသာနေပုံရပြီး အလောသုံးဆယ်ဖြစ်သွားမှုတစွန်းတစလေးမှာလည်း ဖုံးဖိထား၍ပင်မရပေ။


ကျူးထုန်အပါအဝင် ရှိနေသူများမှာ တပြိုင်တည်းထိတ်လန့်ကုန်ကြလေ၏။


ဦးလေးလျိုက ဘယ်သူလဲ။ အဘိုးစီစဥ်ပေးထားတဲ့လူရဲ့နောက်ခံက တကယ်ကိုဘာလဲဟ။


ရှားယန်ကလည်း မျက်မှောင်တင်းတင်းကြုတ်မိသွားသည်။


ဟယ့်ပိယိုက သူ့အဖေရှေ့မှာပင် တစ်ခါမှ ယခုလိုပျာယာခတ်နေခြင်းမျိုးမရှိပေ။


ဟယ့်ရှောင်းရှောင်းမျက်နှာက ခဏတွင်းချင်းဖြူဖတ်ဖြူရော်ဖြစ်လာသည်။ သူမအဖေအသံကို သူမသေချာကြားလိုက်ရသည်။


ဦးလေးလျိုအသံက ကျူးထုန်ကိုပြောနေကျအသံအတိုင်း ဂရုစိုက်ကာချစ်ခင်မြတ်နိုးခြင်းတို့မပါဝင်ပေ။ အထက်လူကြီးတစ်ယောက်၏ လေးနက်တည်ကြည်မှုနှင့်တင်းမာမှုတို့သာပေါ်လွင်နေလေ၏။ 


"သခင်ဟယ့်ရဲ့ ကောင်းကောင်းဆုံးမခံထားရတဲ့သမီးလုပ်သူက ကျွန်တော်တို့သခင်လေးမြင်းစီးတာကို အနောက်ကလိုက်ဖမ်းတယ်တဲ့ခင်ဗျ၊ ပြီးတော့ တောင်းပန်ဖို့တောင်ခေါင်းမာနေသေးတယ်၊ သူ့ရဲ့မောက်မာမှုကတော့ ဩချရလောက်ပါတယ်၊ တကယ်ကိုတော်ပါပေတယ်.."


ဟယ့်ရှောင်းရှောင်းက ချက်ချင်းငြင်းဆိုလာ၏။ 


"မဟုတ်ပါဘူး.."


သူမမှာ ကြောက်လွန်း၍မျက်လုံးပြူးနေရပြီ။


သူမ ကျူးထုန်၏မြင်းအနောက်ကို တစ်ခါမှမလိုက်ခဲ့ပေ။ 


ဒီလူက ဘယ်လိုလုပ် ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားမျိုး သူ့အဖေကို ပြောထွက်ရတာလဲ။


ဟယ့်ပိယိုမှာ သူ့သမီးအသံကြားသည်နှင့် ရုတ်တရက်ထပြောလိုက်သည်။ 


"ရှောင်းရှောင်း.."


"သခင်ဟယ့်၊ ကျန်တာကိုတော့ သမီးလုပ်သူနဲ့သာဆက်ပြောလိုက်ပါ.."

 á€Ľá€Žá€¸á€œá€ąá€¸á€€ ဖုန်းကိုတန်းချပစ်ရန်စီစဥ်ထားခဲ့သည်။


ဟယ့်ပိယိုက သူ့ကိုဖုန်းထဲမှတားရန်ကြိုးစားခဲ့ပြီးနောက်ဆုံးတွင် အာမခံလိုက်ရသည်။


 "စိတ်ချပါ ဦးလေးလျို၊ ကျွန်တော် ဒါကို ဖြေရှင်းလိုက်ပါ့မယ်.."


ထို့နောက် ဟယ့်ပိယိုပင် စကားဆုံးအောင်မပြောရသေးခင် ဖုန်းလိုင်းမှာပြတ်တောက်သွားခဲ့သည်။


ခဏအကြာ၌ ဟယ့်ရှောင်းရှောင်း၏ဖုန်းက မြည်လာလေ၏။ သူမ၏ မြင်းစီးစွမ်းရည်မှာမဆိုးလှသောကြောင့် ယုံကြည်ချက်ရှိနေခဲ့ကာ ဝန်ထမ်း၏သတိပေးချက်ကိုလည်းနားမထောင်ဘဲ ဖုန်းကိုသူမနှင့်အတူယူလာခဲ့သည်။


သူမမှာ တုန်ယင်နေသည့်လက်ဖြင့် ဖုန်းကိုင်လိုက်ရ၏။ 


"အဖေ..."


"တော်တော်ကောင်းတဲ့အလုပ်မျိုးလုပ်လိုက်တာပဲ၊ နင့်ကိုမြင်းစီးကွင်းသွားပြီး အရည်မရအဖတ်မရတွေလုပ်ဖို့ဘယ်သူပြောထားတာလဲ၊ သူများကိုပါရန်စသေးတယ်၊ အခုချက်ချင်းအိမ်ပြန်လာခဲ့စမ်း..."


ဟယ့်ရှောင်းရှောင်းက ပျာယာခတ်သွားပြီး ပြန်လည်ချေပရန်ကြိုးစားရှာလေ၏။ 


"အဖေ၊ သမီးလုပ်တာမဟုတ်ဘူး၊ သမီးကသူ့ကိုစကားပြောရုံပဲပြောတာ.."


"ကျူးထုန်ကိုလား၊ ကျူးထုန်နဲ့ဘာပြောစရာရှိလဲ၊ အဲဒါအရေးမကြီးဘူး၊ အခုချက်ချင်းအိမ်ပြန်လာခဲ့၊ ငါနင့်ကို သေချာပြန်ဆုံးမပေးမယ်.."


ထို့နောက် ထိုသူကဖုန်းကိုတန်းပြီး ချပစ်လိုက်သည်။


ဟယ့်ရှောင်းရှောင်းမှာ သူမအဖေ၏ဒေါသကြောင့် ထိတ်လန့်နေဆဲ။ သူမက ကျူးထုန်ကို အူကြောင်ကြောင်ဖြင့်ကြည့်နေပြီး မျက်နှာတွင်လည်းသွေးရောင်ပျောက်နေလေပြီ။ 


"သခင်လေးကျူး ငါ...."


သူမမှာ ၎င်းက ကျူးမိသားစုမဟုတ်မှန်းသိနေ၏။ ယင်းအပြင် သူမအဖေ၏ဒေါသက သူမအပေါ် ယခုလိုတိုက်ရိုက်ကျလာခဲ့သည်။


လျို ဆိုတဲ့နာမည်နဲ့ဒီလူကဘယ်သူပါလိမ့်။ ဘာလို့သူ့အဖေက အရမ်းကြောက်နေတာလဲ။


ချစ်ချစ်တောက်ပူနေသောနေရောင်အောက်တွင် ရပ်နေသည်ဟုထင်ရသော်လည်း သူမမှာ အေးခဲသွားတော့မတတ်ချမ်းအေးနေသလိုခံစားရလေသည်။


သူမက ကျူးထုန်ကိုကြည့်လာသည်။ မျက်လုံးများကမူ နီရဲနေ၏။


ကျူးထုန်က ဂရုမစိုက်သလိုပင်ပြောလာခဲ့သည်။ 


"မင်းငါ့ကိုပြောစရာမလိုပါဘူး၊ အသုံးလည်းမဝင်ဘူး၊ မင်းအိမ်ပြန်ရောက်တဲ့အခါ ဘာပဲကြုံကြုံ၊ မင်းမိသားစုမှာဘာတွေပဲဖြစ်လာပါစေ၊ ရှားယန်နဲ့သူ့လုပ်ရပ်တွေရဲ့အမှားဆိုတာ သတိရလိုက်..."


ဟယ့်ရှောင်းရှောင်းကမူ ကြောင်နေဆဲ။


ရှားယန်ကလည်း ဦးလေးလျိုက မည်သူဖြစ်ကြောင်းတွေးနေ၏။ ရုတ်တရက်ကြီး နာမည်ပါလာသည့်အခါ သူမေးလိုက်မိသည်။ 


"ကျူးထုန် မင်းစကားကဘာအဓိပ္ပါယ်လဲ.."


ကျူးထုန်: "မင်းဒီနေ့လုပ်ခဲ့တာကိုပြောတာ.."


"....."


"မင်းဒီနေ့ မြင်းစီးကွင်းကိုဘာလို့ရောက်လာလဲတော့ငါမသိဘူး၊ ဒါပေမဲ့ ဒီနှစ်ယောက်က..." 

သူ ဝမ်ယောင်နှင့်ဝူဝမ်ကိုကြည့်လိုက်သည်။ 


"သူတို့ကဘာလို့ရှောက်မင်ကို ပစ်မှတ်ထားရတာလဲ၊ ဘာလို့ နေရင်းထိုင်ရင်းသူ့နောက်လိုက်တာလဲ၊ ဝန်မခံလည်းရတယ်၊ သခင်မလေးဟယ့်အတွက်ကတော့ ညစာစားပွဲမှာရှားယန်ဘက်ကနေ ကူပြောပေးခဲ့လည်း ငါဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ ငါ့ကိုဘယ်လိုဒုက္ခရောက်အောင်လုပ်ခဲ့လဲဆိုတာ ပြန်ပြောစရာမလိုတော့ဘူးမလား.."


ဟယ့်ရှောင်းရှောင်း: "......"


ဤတစ်ကြိမ် သူမက ရှားယန်ဘက်မှရပ်တည်ပေးခဲ့ပြီးရှားယန်ဘက်မှကူပြောပေးခဲ့သည်။ ရှောက်မင်ကို "ရရန်ခက်သည့်မျက်နှာလေး" ဟုပင်ပြောခဲ့သည်။ ၎င်းကြောင့် ကျူးထုန်မျက်နှာက လုံးဝပြောင်းလဲသွားရခြင်းပင်ဖြစ်လေ၏။


သို့သော် ယခုတော့ သူရန်မစသင့်သူကိုသွားစမိပြီး ရှားယန်ကလည်း သူမဘက်မှတစ်လုံးပင်မပြောလာပေးခဲ့ချေ။


သူမ ရုတ်တရက်လှည့်ကြည့်လိုက်မိသည်။


ရှားယန်မှာ သူမအကြည့်ကြောင့် ရှင်းပြရခက်သောမသက်မသာဖြစ်မှုကိုခံစားလိုက်ရသည်။


မသိစိတ်အလျောက် သူ့မှာ "သူ့ကိစ္စမဟုတ်ဘူး" ဟုပြောချင်နေခဲ့သည်။ သူ သူတို့ကိုတားခဲ့သည်။ သို့တစေ သူတို့က သူ့စကားကိုနားမထောင်ခဲ့ပေ။


ဒါပေမဲ့ သူ တကယ်တားခဲ့တာရောဟုတ်လို့လား။





🤒