Chapter 80
Viewers 18k

🤒အခန်း ၈၀




လော့ရှိုးကသူတို့နှစ်ယောက်အနောက်သို့ လိုက်ခဲ့ကြသူများကို လှမ်းကြည့်လိုက်သည်။ 


"သောက်ချီး မင်းတို့ကောင်တွေခေါင်းမှကောင်းကြသေးရဲ့လား၊ မြင်းပြိုင်ကွင်းထဲကတာဝန်ရှိသူတွေဘယ်မှာလဲ၊ ဒီလိုကောင်တွေကို ဘယ်လိုစိတ်နဲ့ပေးဝင်ရတာလဲ.."


ဝန်ထမ်းက ဖြေရှင်းပေးလာသည်။ 


"ဧည့်သည်ဗျ၊ စိတ်ချပါ၊ ဒီကိစ္စကို ကျွန်တော်တို့ တာဝန်ယူပြီးဖြေရှင်းပေးပါ့မယ်.."


ဝမ်ယောင်နှင့်ဝူဝမ်က အကြောက်အလန့်ရှိပုံမရချေ။ မျက်နှာပေါ်မှ လှောင်ပြုံးတစ်ချက်ဖြင့် သူတို့ထဲမှတစ်ယောက်က ပြောလာလေသည်။


 "ဘာလို့ ရန်ရှာနေတာလဲ သားကြီးရဲ့၊ ဒါကအပျော်သဘောလောက်ပါ၊ မစီးတတ်ရင် ဘာလို့လာစီးနေတာလဲ၊ ရွှံ့ထဲမှာပဲသွားဆော့နေပါလား.."


လော့ရှိုး: "မင်း..."


ရှောက်မင်က အရင်ဆုံး မြင်းပေါ်မှဆင်းလိုက်ကာ မြင်းကိုထိန်းပေးထားသောဝန်ထမ်းကိုပြောလိုက်၏။ 


"ရဲကိုပဲတိုက်ရိုက်ခေါ်လိုက်ပါဗျ၊ ဒီလူမိုက်နှစ်ယောက်က ရည်ရွယ်ချက်နဲ့ မြင်းပြိုင်ကွင်းကဧည့်သည်တွေကို ထိခိုက်အောင်လုပ်ဖို့ကြိုးစားခဲ့တယ်လို့သာပြောလိုက်ပါ၊ အကူအညီတောင်းပါတယ်ဗျာ.."


ဝူဝမ်နှင့်ဝမ်ယောင်တို့၏မျက်နှာတို့က အနည်းငယ်ပြောင်းလဲသွားလေ၏။ 


"ရဲခေါ်မယ်.."


ရှောက်မင်ကထပ်ပြောလိုက်သည်။ 


"မင်းပဲအပျော်သဘောဆို၊ မင်းတို့အချင်းချင်းကျတော့ ပျော်အောင်အဖော်မလုပ်ပေးကြတော့ဘူးလား၊ ဘာလဲ၊ ထင်ထားတာနဲ့လွဲသွားတော့ မပျော်နိုင်တော့တာလား.."


ဝူဝမ်နှင့်ဝမ်ယောင်: "....."


ရှောက်မင်က သူတို့ကိုလျစ်လျူရှုထားပြီး ကျူးထုန်ကိုကူညီပေးရန်လက်ကမ်းလိုက်သည်။


ကျူးထုန်က သူ့လက်ကိုလှမ်းဆွဲပြီး သူ့ကိုယ်သူထိန်းထားလိုက်သည်။ သူမြင်းပေါ်မှဆင်းတော့မည့်အချိန် မျက်နှာကရုတ်ချည်းဖြူဖျော့သွားရကာ ခပ်တိုးတိုးညည်းတွားလိုက်မိသည်။


ရှောက်မင်၏နှလုံးက တင်းကျပ်သွားခဲ့၏။ 


"ဘာဖြစ်တာလဲ၊ နာနေတဲ့နေရာရှိလို့လား.."


ကျူးထုန် မျက်နှာက ရှုံ့မဲ့နေသည်။ မြင်းပေါ်ကိုနောက်တကြိမ်ပြန်ထိုင်ချလိုက်ကာ ရှောက်မင်ကိုကြည့်လိုက်၏။ 


"မင်း အခုလေးတင် ငါ့ကို ကျိန်စာတိုက်လိုက်တာလား.."


သူ့ပေါင်ခြံက ပွန်းပဲ့သွားသည်ထင်၏။


ရှောက်မင်: "....."


မြင်းက အမြင့်တစ်နေရာကိုရောက်ချိန်၌ ကျူးထုန်မှာ သူ့ပေါင်၌ စပ်ဖျဥ်းဖျဥ်းဖြစ်နေသည်ကိုခံစားခဲ့ရသည်။ ၎င်းက မြင်းကုန်းနှီး၏နှင့်ထိတွေ့ထားခဲ့သည့်နေရာပင်ဖြစ်လေသည်။ သို့ရာတွင် ထိုနာကျင်မှုမှာ ၎င်းအချိန်က ပျော်ရွှင်မှုနှင့်သွေးအတွင်းမှ အက်ဒရီနလင်းတို့ဆူပွက်နေမှုကြောင့် မသိသာခဲ့ပေ။


အခုတော့ သောက်ရမ်းနာနေပြီ။


သူဘယ်လိုဆင်းရတော့မှာလဲ။


ပြေးလမ်းအပြင်မှကြည့်နေသူများမှာ ခဏတွင်းချင်းအထဲသို့ ပြေးဝင်လာကြလေသည်။


သူက ရုံတစ်ခုလုံးတွင် အာရုံစိုက်ရာနေရာတစ်ခုဖြစ်လာခဲ့၏။


ကျူးထုန်မှာ လှုပ်ရှားရန်ပင် ခက်ခဲနေလေသည်။


ရှောက်မင်က တစ်ခုခုကိုသဘောပေါက်သွားပုံရကာ လက်ကိုဆန့်ထုတ်၍ပြောလာခဲ့လေ၏။ 


"ကိုယ်မင်းကိုအောက်ချပေးမယ်.."


"မချနဲ့.." 


ကျူးထုန်မှာ အမြန်ငြင်းလိုက်ရသည်။


မြင်းပြိုင်ကွင်းထဲတွင် လူအများအပြားရှိနေ၏။ သူမြင်းစီးနည်းကိုမသိလျှင်ပင် အောက်ဆင်းရန်အတွက်ပါ ချီပြီးချပေးရမည့်အဖြစ်မျိုးအားမလိုချင်ပါချေ။


သူသိက္ခာဆယ်ရဦးမယ်။


ဒါပေမဲ့ တကယ်နာနေတာ။


ကျူးထုန် ရှောက်မင်ကိုကြည့်လိုက်သည်။ ရှားရှားပါးပါး ဒေါသထွက်နေပုံက ထိုသူ၏မျက်နှာတွင် လျှပ်စီးလက်သလိုပေါ်လာလေ၏။ ဤအချက်ကြောင့်နှင့် ယနေ့၏ ကံဆိုးမိုးမှောင်ကျမှုကိုအပြစ်မတင်သင့်မှန်း သူသိပါသည်။ သူ့ဘက်မှ အလွန်အမင်းဂရုစိုက်ပြီးသတိထားခဲ့သည်။ ယနေ့ ထို အရူးနှစ်ကောင်နှင့်တွေ့ရမည်ဟု မည်သူကထင်ထားခဲ့ပါမည်နည်း။


သူက မြင်းပေါ်တွင်ရှိနေဆဲလူနှစ်ယောက်ကိုလှမ်းကြည့်လိုက်သည်။ ခံစားချက်ပေါင်းစုံက သူ့ရင်ဘတ်ထဲတွင်အုံကြွပြီး ပွက်ပွက်ဆူလာခဲ့သည်။


"ကျွန်တော့်ကို ဖုန်းလေးငှားလို့ရမလား.." 

သူ ဝန်ထမ်းကိုမေးလိုက်သည်။


သူတို့ အကာအကွယ်များကိုဝတ်နေချိန်တွင် ဖုန်းများကို မြင်းပြိုင်ကွင်းအတွင်းမှ လော့ခ်ကာများအထဲတွင်ထားခဲ့ရသည်။


ဝန်ထမ်းကရှောက်မင်ကိုကြည့်ကာ တွေဝေနေလေ၏။


ယခုလေးတင် ဤလူက ရဲကိုဖုန်းဆက်မည်ဟုပြောခဲ့သည်။ ရဲကိုဖုန်းဆက်ခြင်းက နားလည်ပေးနိုင်သေးသည့်တိုင် မတော်တဆမှုအဖြစ်အပျက်ကြီးက မြင်းပြိုင်ကွင်း၏နာမည်အပေါ်သက်ရောက်မှုရှိနိုင်သည်။ သူတို့အနေဖြင့် အထက်မှခွင့်ပြုချက်မရဘဲ ဖုန်းမခေါ်ရဲပေ။


"ဧည့်သည်ဗျ..ဒီလိုလုပ်.."


"စိတ်မပူပါနဲ့..ကျွန်တော် ရဲကိုဖုန်းဆက်မလို့မဟုတ်ပါဘူး.."


"....."


ဝန်ထမ်းက သံသယဝင်နေပြီး ရှောက်မင်ကလည်း သူ့အားရုတ်တရက်ကြည့်လာလေသည်။ ထိုအမျိုးသားက ကြောင်အသွားကာ ဖုန်းကိုခပ်သွက်သွက်ထုတ်ပြီး လှမ်းပေးလိုက်လေသည်။


ဤလူငယ်လေးက စိတ်မရှည်တတ်ပေ။ သူ့အကြည့်က မုချမလွဲ ရင်တုန်စရာကောင်းနေလေ၏။


နှိုင်းယှဥ်ကြည့်ရသော် မြင်းကျောပေါ်မှလူငယ်လေးက အလွန်တရာစိတ်ရှည်တတ်ပြီး ယုံကြည်ချင်စရာကောင်းလေသည်။


ကျူးထုန်က ရဲကိုဖုန်းခေါ်ရန် တကယ်မစီစဥ်ထားခဲ့ပေ။ သူက တိုက်ရိုက်သာဖုန်းခေါ်ခဲ့သည်။


 "ဦးလေးလျို ကျွန်တော်ပါ၊ အခု မြင်းပြိုင်ကွင်းမှာရောက်နေတယ်.."


မြင်းပြိုင်ကွင်းအပြင်ဘက်ဝယ် ဦးလေးလျိုက စီးကရက်သောက်ရင်း ဒရိုင်ဘာထိုင်ခုံတွင်ထိုင်နေခဲ့သည်။ သခင်လေး အပြင်တွင်လျှောက်လည်၍ပြီးလျှင် အကြာကြီးစောင့်နေရမည်ကိုစိုးရိမ်သောကြောင့် တိတ်တဆိတ်ဖြင့်အနောက်မှလိုက်လာခဲ့ခြင်းဖြစ်သည်။ သို့မှသာ သူတချိန်လုံး အသင့်ပြင်ထားနိုင်လိမ့်မည်။


သို့ရာတွင် သခင်လေးကို သူအနောက်မှလိုက်ကြည့်နေကြောင်း သိခွင့်မပေးပေ။ သူ၏လွန်ကဲသောစိုးရိမ်စိတ်ကြောင့် သခင်လေး၏အပျော်ဓာတ်များ ပျက်စီးသွားပါက ဆိုးရွားသွားပေလိမ့်မည်။


ရက်အတန်ကြာ စုံစမ်းပြီးသည့်နောက် ရှောက်မင်ဆိုသောကောင်လေးက အလွန်တရာအားကိုးရသူဖြစ်နေဆဲပင်။ ယနေ့ ရာသီဥတုကကြည်လင်နေသောကြောင့် သခင်လေးအအေးမိမည်ကိုလည်းမပူရချေ။ နေသာပြီးသာယာသောနေ့လေးပင်ဖြစ်ကာ သခင်လေးလည်းနေရောင်အောက်တွင်နေပူစာလှုံနိုင်ပြီး လတ်ဆတ်သောလေထုကလည်း သူ့အနားတွင်ဝန်းရံနေလိမ့်မည်။


ဦးလေးလျို: "မြင်းပြိုင်ကွင်းလား၊ မဟုတ်ပါဘူး၊ ကျွန်တော်က..."


ကျူးထုန်က တိုက်ရိုက်ပင်ကြားဖြတ်ပြောလိုက်သည်။ 


"ကျွန်တော်မြင်းပြိုင်ကွင်းမှာ အရူးနှစ်ကောင်တွေ့ခဲ့တယ်၊ ကျွန်တော်တို့မြင်းအနောက်ကနေ တမင်လိုက်လာကြတာ၊ ကျွန်တော့်ကိုလည်း အန္တရာယ်ဖြစ်အောင်လုပ်ကြသေးတယ်၊ ဦးလေး..."


"ဗျာ၊ မြင်းစီးပြီးအန္တရာယ်ဖြစ်အောင်လုပ်တယ် ဟုတ်လား၊ သခင်လေး ခဏပဲစောင့်၊ ကျွန်တော် နှစ်မိနစ်အတွင်းလာခဲ့မယ်.."


ကျူးထုန်: "....."


ကားတံခါးဖွင့်လိုက်သံက ဖုန်းထဲမှထွက်လာခဲ့သည်။ ကျူးထုန်က ဦးလေးလျို မြင်းပြိုင်ကွင်းအပြင်တွင်စောင့်နေလောက်ပြီမှန်း အတိအလင်းသိနေလေ၏။ သူဖုန်းချလိုက်ကာ ဖုန်းကိုဝန်ထမ်းထံသို့ပြန်ပေးလိုက်လေသည်။


သို့သော်လည်း ဝန်ထမ်းခမျာ စိတ်ပေါ့ပါးသွားသလို သက်ပြင်းမချမိပေ။


ယခုလေးတင်ဖုန်းပြောနေခဲ့သောမှာ အလွန်အမင်းကျယ်နေခဲ့၏။ ဤလူငယ်လေးကိုဖုန်းထဲမှတဆင့် "သခင်လေး" ဟုခေါ်နေသံကိုလည်း သူပီပီသသကြားလိုက်ရသည်။


ဒီလူချောလေးကဘယ်သူလဲ။ မြင်းပြိုင်ကွင်းမှာ ရင်းနှီးမြုပ်နှံထားတာတော့မဟုတ်ဘူးမလား။


ကျူးထုန်ဖုန်းပြောအပြီးမှာပင် ဝင်ပေါက်တွင် ရပ်ကြည့်နေကြသူအများအပြားက အလျင်အမြန်ပြေးလာကြလေ၏။


ဟယ့်ရှောင်းရှောင်းကပြေးလာရင်းပြောနေလေသည်။ 


"ဝမ်ယောင်နဲ့ဝူဝမ်၊ နင်တို့နှစ်ယောက်က တကယ်ပိန်းဥတွေပဲ၊ ငါးနှစ်ခြောက်နှစ်လောက်မြင်းစီးလာကြပြီးတော့ တောသားနှစ်ယောက်ကိုတောင်မနိုင်ကြဘူး၊ အိမ်ပြန်ရောက်မှ နင်တို့ရဲ့မြင်းစီးစကေးကို ကြွားရဲဦးမလားလို့ငါကြည့်နေမယ်.."


ထို့နောက် သူမက ရှောက်မင်ကိုထပ်ကြည့်လိုက်ပြန်သည်။


 "လူချောလေး၊ မြင်းစီးတာအရမ်းတော်တာပဲနော်၊ ငါတို့နှစ်ယောက် ထပ်ပြိုင်ကြည့်ကြရင်ရော.."


သူမက ယခုလေးတင် အမဲဖျက်တော့မည့်အတိုင်းအလိုက်ခံခဲ့ရသည့်အကြောင်းကို ထည့်ပင်မပြောသွားပေ။


သူမအနောက်တွင် နောက်တစ်ယောက်က မြင်းဖြင့်ရောက်လာပြီး သူပေါ်လာသည်နှင့် လူများကမျက်နှာမလွှဲနိုင်ကြတော့ပေ။


လူငယ်လေးပေါ်လာသည်နှင့် ယခုလေးတင်မြင်းပေါ်မှဆင်းလာသောလူနှစ်ယောက်လုံး၏မျက်နှာက တချိန်တည်းမှာပင်အေးစက်သွားခဲ့လေသည်။


ရှားယန်။


ရှားယန်က မြင်းပေါ်မှငုံ့ကိုင်းလာပြီး ပြုံး၍ဆိုလာပါ၏။ 


"ရှောက်မင် တိုက်ဆိုင်လိုက်တာ.."


"......"


ရှောက်မင်ကသူ့ကို ဂရုမစိုက်နေဘဲ မြင်းပေါ်သို့ပြန်တက်လိုက်သည်။


မြင်းက အနည်းငယ်လှုပ်သွားကာ ကျူးထုန်ကလည်ပြန်ကြည့်လာ၏။


 "ဘာလို့ပြန်တက်လာတာလဲ.."


ရှောက်မင်: "ကိုယ် သူ့လိုလူမျိုးကိုခေါင်းမော့ပြီးမပြောချင်လို့..."


"......"


သူကျူးထုန်ခြေထောက်ကို ထပ်ကြည့်လိုက်ကာ ခပ်ရေးရေးမျက်မှောင်ကြုတ်လေ၏။ 


"နာနေလား..."


ကျူးထုန်က ခေါင်းညိတ်ပြချင်သော်လည်း အပြင်လူများရှိနေ၍ မသိစိတ်အလျောက် ခေါင်းယမ်းပြလိုက်သည်။ 


"ရပါတယ်၊ အကြာကြီးမလှုပ်ရှားဘဲနေမိလို့ပါ.."


ရှောက်မင်ကသူထပ်ပြီး သတ္တိရှိသလိုလုပ်ပြနေသည်ကို အကဲခတ်နေသည့်နှယ် မျက်မှောင်ကြုတ်ကာကြည့်နေလေ၏။


သူက ရှားယန်ကို တမင်လျစ်လျူရှုထားပြီး ထိတ်လန့်သွားစေရန် ပြုလုပ်နေသည်။ မြင်းဇက်ကြိုးပေါ်မှလက်များပင် တင်းကျပ်လာခဲ့၏။


ဟယ့်ရှောင်းရှောင်းက ၎င်းကိုမြင်သည့်အခါ ရှားယန်ကိုဘေးတိုက်ကြည့်ပြီး ရှောက်မင်ကိုကြည့်လိုက်ပြန်သည်။ 


"သူငယ်ချင်း၊ နင့်မိသားစုက နှုတ်ဆက်တဲ့အခါပြန်နှုတ်ဆက်တာက ယဥ်ကျေးမှုလို့ မသင်ထားဘူးလား.."


ရှောက်မင်: "အိုး..အခုလေးတင် တစ်ယောက်ယောက်စကားပြောလိုက်တာပဲ.."


ရှားယန်: "......"


ဟယ့်ရှောင်းရှောင်း: "....."


ရှားယန်မျက်နှာက ဖြူဖျော့သွားရကာ သူ့မျက်နှာပေါ်တွင်ရှိနေပြီးသားရန်လိုမှုတို့က သနားစရာကောင်းသည့်ရုပ်မျိုးပေါ်လာခဲ့သည်။ သို့ထိတိုင် ထိုသူက နဂိုတည်းက အလွန်တရာသနားစရာကောင်းနေခဲ့ခြင်းဖြစ်လေ၏။


ဘေးမှဝမ်ယောင်နှင့်ဝူဝမ်တို့၏မျက်နှာက ရုတ်ချည်းအေးစက်သွားရပြီး ရှောက်မင်ကို ခပ်စူးစူးကြည့်လိုက်ကြသည်။


ဟယ့်ရှောင်းရှောင်းမျက်နှာမှာလည်း စူပုပ်သွားလေ၏။


 "သူငယ်ချင်း နင့်ရဲ့ ယဥ်ကျေးမှုတွေ ဘယ်ရောက်သွားတာလဲ.."


ရှားယန်က သူမကိုဆွဲကာ တားလိုက်သည်။ 

"ရှောင်းရှောင်း မပြောနဲ့တော့..."


ဟယ့်ရှောင်းရှောင်းက ပြန်လည်တုံ့ပြန်လာလေသည်။ 


"ငါတို့ သခင်လေးယန်က နင့်ကိုခင်လို့စကားလာပြောချင်စိတ်ရှိတာ၊ သူ ဘယ်လိုလူလဲဆိုတာနင်သိလို့လား၊ အိုး ဟုတ်သားပဲ၊ နင်တို့လိုတောကလူတွေက တစ်သက်လုံး ဂုဏ်ပုဒ်တွေအဆင့်အတန်းတွေဆိုတာ ဘာလဲမှမသိကြတာ၊ လူ့အသိုင်းအဝိုင်းလှေကားပေါ်ကိုတက်ဖို့ဆိုတာ သေပြီးရင်တောင်ရမှာမဟုတ်ဘူး၊ နင်က နင့်နေရာနင်သိနေတော့လည်း ကိုယ့်ကိုယ်ကိုယ်ကြီးကျယ်မြင့်မြတ်တဲ့လူလို့ထင်ရအောင် သူ့ကိုလျစ်လျူရှုထားတာပေါ့ ဟုတ်တယ်မလား၊ နင်လျစ်လျူရှုထားတဲ့ပုံက သနားစရာလေးပဲ.."


သူမက မြင်း၏ကျောပေါ်တွင်ထိုင်ကာ ရှောက်မင်မျက်လုံးထဲသို့ စိုက်ကြည့်လာသည်။


အနည်းဆုံး သခင်လေးယန်၏ အလှအပကိုခံစားနိုင်စွမ်းက တကယ်ကောင်းမွန်သည်။ ဤလူငယ်လေးက အလွန်တရာမှချောမောလှပါ၏။


သို့တစေ ထိုသူ၏သခင်လေးယန်အပေါ် မတူမတန်သလိုဆက်ဆံပုံက သူအကောင်းမြင်ပေးနိုင်သည့်မျှော်လင့်ချက်ထက်ပင် ကျော်လွန်သွားခဲ့သည်။ သူမသာဆိုလျှင် ဤသို့သောလူမျိုးအနောက်ကိုလိုက်နေမည့်အစား ထိုသူကိုသိက္ခာကျအောင်လုပ်ပြီး သူတို့ကြားမှကွာခြားချက်ကို သဘောပေါက်သွားအောင်လုပ်လိုက်မည်။ ပြီးသည့်နောက် ထိုအချက်တစ်ချက်တည်းကို ဆုပ်ကိုင်ထားပြီး ထိုသူကိုတွန်းထုတ်ထားလိုက်မည်။


သူမမျက်နှာမှာ ဒေါသအပြည့်ဖြစ်နေလေ၏။ သို့ရာတွင် ရှောက်မင်ကမူ မတုန်မလှုပ်။ ယဥ်ကျေးသောအပြုံးတစ်ပွင့်ကို မျက်နှာပေါ်တွင်ဆင်မြန်းထားရင်း ဝန်ထမ်းအားပြောလိုက်လေသည်။ 


"ဒုက္ခပေးမိတာ တောင်းပန်ပါတယ်ခင်ဗျာ၊ ကျန်တာကို ကျွန်တော်တို့ပဲဆက်လုပ်လိုက်ပါ့မယ်.."


ထိုဝန်ထမ်းက မြင်းကိုထိန်းပေးရန် ကွင်းထဲဝင်လာခဲ့ပြီးနောက် အချိန်အတန်ကြာသည်အထိ တောင့်တင်းစွာ ရပ်နေရလေ၏။


ဒီနေ့ သူတို့မြင်းပြိုင်ကွင်းထဲကို ဘယ်လိုလူတွေရောက်လာတာလဲ။


အခြေအနေများက ထိန်းချုပ်မရတော့ပြီထင်သည်။


ဝန်ထမ်းနှစ်ယောက်က အပြန်အလှန်ကြည့်လိုက်ကြပြီး မန်နေဂျာကိုရှာရန် ကွင်းသို့ထွက်သွားကြလေသည်။


"သူတို့ရှင်းနိုင်တာ ဘာရှိသေးလို့လဲ.."

 á€á€°á€á€™á€şá€€ သရော်လေသည်။ 


"ဒါပေါ့ သူတို့မိဘတွေကိုသွားခေါ်မှာပေါ့၊ ထိုင်ခုံပျောက်သွားတဲ့သူငယ်တန်းကလေးတွေလိုပဲ၊ ကြည့်၊ မင်းရဲ့ချစ်သူလေးက သူ့မိဘတွေကိုခေါ်ပြီးနေပြီ.."


ဝူဝမ်က ကျူးထုန်ဖုန်းခေါ်လိုက်သည်ကို မကြောက်ပေ။


သူ့နောက်ခံကဘယ်လောက်ကြီးမှာမလို့လဲ။ တောကြိုအုံကြားလိုနေရာကများ။


ဟယ့်ရှောင်းရှောင်းက "ချစ်သူလေး" ဟူသောစကားလုံးကိုသာကြားလိုက်ရသည်။


ဘေးမှမြင်းများကြောင့် ဟယ့်ရှောင်းရှောင်းမှာ သူမအရှေ့တွင်ထိုင်နေသူကို မည်သို့သောပုံစံရှိနေသည်ကို သေချာမမြင်ခဲ့ရပေ။ ယခုတော့ ဝူဝမ်ကထိုသူကိုဖော်ထုတ်လိုက်၍ သူမလည်း လှမ်းကြည့်ရန်သတိရသွားပြီး နှစ်ယောက်သားအနေအထားက မည်မျှနီးကပ်နေမှန်းသတိထားမိသွားလေသည်။


ရှားယန်လည်း အသေအချာမြင်လိုက်ရသည်။ သူ့မျက်လုံးတို့က ဝန်တိုမှုများဖြင့်ရဲရဲနီနေကာ ရှောင်းရှောင်းယခုလေးတင်ပြောလိုက်သောစကားကိုပင်မကြားရပေ။


ကျူးထုန်ခြေထောက်များမှာ နာကျင်လွန်း၍ တဒုတ်ဒုတ်သွေးခုန်နေဆဲဖြစ်လေသည်။ သူ့ခမျာ ခဏခဏစကားပြောချင်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် မျက်နှာပျက်ရမည်စိုးရိမ်နေပြီး ယင်းကြောင့် သူ၏စကားပြောချင်သည့်ဇောအပေါ် အများအပြားသက်ရောက်သွားစေခဲ့သည်။


နောက်ဆုံးတော့ သူနာကျင်နေသည့်ဒဏ်မှာသက်သာသွားပြီး ဘေးဘက်သို့ဖျတ်ခနဲကြည့်လိုက်မိသည်။


ဟယ့်ရှောင်းရှောင်းက ဆက်ပြီးရန်စနေဆဲ။ 


"ငါခုနကပြောခဲ့တာကိုပြန်ရုတ်သိမ်းသင့်တယ်ထင်တယ်၊ နင်ကအရမ်းသတိရှိတာပဲ၊ နင်ကသခင်လေးနဲ့မတန်ဘူးဆိုတာသိနေတော့ အဲဒီလိုလူမျိုးကိုရှာ..."


"နင့်ဘေးကကောင်ဆိုးလေး" ဟူသည့်စကားအား ပြီးအောင်မပြောရသေးနိုင်မီ လမ်းခုလတ်မှာပင်ရပ်သွားခဲ့သည်။ သူမက ကျူးထုန်အနားသို့ချဥ်းကပ်လာသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကိုမြင်လိုက်ရပြီး ထိုသူအား အနည်းငယ် ရင်းနှီးနေသလိုလည်းရှိလေသည်။


ကျူးထုန်က စိတ်အေးသွားသလိုသက်ပြင်းချကာဆိုလာသည်။ 


"မင်းရဲ့ပေါ့ဆမှုက ငါ့ကိုဝမ်းနည်းစေတာပဲ သခင်မလေးဟယ့်၊ မင်းက A မြို့မှာ ဘယ်လိုအဆင့်အတန်းရှိလို့လဲဆိုတာငါသိချင်လိုက်တာ.."


ဟယ့်ရှောင်းရှောင်း စိတ်ရှုပ်ထွေးသွားရသည်။


သူက သူမကိုသိနေတာလား။


ရှားယန်မှာလည်းအသိစိတ်ပြန်ဝင်လာကာ မျက်လွှာချပြီး ရွံရှာစက်ဆုပ်မှုများအပြည့်ဖြင့် သူမကိုသတိပေးလိုက်၏။ 


"သူက ကျူးထုန်.."


"ကျူးထုန်လား.." 

ဟယ့်ရှောင်းရှောင်းမှာ ကြက်သေသေသွားကာ သူမမျက်နှာမှာလည်းသွေးမရှိတော့ချေ။ 


"ကျူးမိသားစုရဲ့သခင်လေး.."


ရှားယန်က ခပ်တောင့်တောင့်ပင် ခေါင်းညိတ်ပြလိုက်သည်။


"......"


ဟယ့်ရှောင်းရှောင်းအသက်ရှူကျပ်သွားကာ သူမ တွေးလိုက်မိ၏။ 

'ကျူးမိသားစုသခင်လေးက ဘယ်လိုလုပ်ဒီမှာရှိနေတာလဲ၊ သခင်လေးယန်သဘောကျနေတဲ့သူနဲ့သူက ဘယ်လိုလုပ်ပြီးအတူရှိနေကြတာလဲ'


ဟယ့်ရှောင်းရှောင်းတင်မကဘဲ ဝမ်ယောင်နှင့်ဝူဝမ်ပါ မှင်သက်သွားကြသည်။


ကျူးမိသားစု၊ A မြို့ကကျူးမိသားစုလား။


သူတို့ ရှားယန်နှင့်အတူ ရှိနေပြီး ရှားမိသားစု၏နေရာက ထိုမိသားစု၏အောက်တွင်သာရှိလေသည်။ ရှားမိသားစုကဲ့သို့ပင် ကျူးမိသားစုသည်လည်း A မြို့စီးပွားရေးလောကတွင် ဦးဆောင်နေလေ၏။


ထိုသူက သူတို့လုံးဝအနိုင်မယူနိုင်မည့်လူများအနက်မှ တစ်ယောက်ပင်။


သူတို့က ဟယ့်ရှောင်းရှောင်းကို မျောက်မီးခဲကိုင်မိသလိုကြည့်နေကြသည်။


နောက်ဆုံး၌ ဟယ့်ရှောင်းရှောင်းလည်း ကျူးထုန်အားတွေ့ခဲ့သည့်နေရာကိုသတိရသွားခဲ့သည်။ ရှားမိသားစုညစာစားပွဲ။

[ ] 

ထိုအချိန်က ရှားယန်မှာ ကျူးထုန်ကိုယ်ပေါ်ကို မတော်တဆရေစင်အောင်လုပ်လိုက်မိပြီး ရှားယန်က ရေစက်များကိုပြန်သုတ်ပေးကာ တောင်းပန်ရန်ကြိုးစားခဲ့သည်။ သို့သော်လည်း တဖက်ကသူ့အားရွံရှာနေခဲ့၏။ ထိုအချိန်က ရှားယန်၏မတရားဆက်ဆံခံရမှုကို သူမက ပထမဆုံးအနေဖြင့်ရပ်တည်ပေးခဲ့သည်။


ကျူးထုန် ညစာစားပွဲမှထွက်သွားသည့်အခါ သူမအဖေက သူမကိုဆုံးမခဲ့ပြီး နောင်အနာဂတ်တွင် ကျူးထုန်ကိုရန်မစရန် သူမကိုသတိပေးခဲ့သည်။


ထိုစဥ်က ကျူးထုန်မှာ သေတော့မည့်ပုံစံဖြစ်နေ၍ သူမက အဖေဖြစ်သူ၏စကားကိုနားမထောင်ခဲ့ပေ။ နောက်ပိုင်း သူတို့ထပ်မတွေ့ဖြစ်ခဲ့ကြပေ။ ယခုလို A မြို့၏အဝေးတနေရာတွင် ထိုသူကို နောက်တကြိမ်ပြန်တွေ့ရလိမ့်မည်ဟု သူမလုံးဝမထင်မှတ်ထားခဲ့ချေ။


သူ အခုလေးတင်ဘာပြောမိတာပါလိမ့်။


ဟယ့်ရှောင်းရှောင်းမျက်နှာကပြောင်းလဲသွားပြီး စိတ်ထဲမှ များပြားလှသောနောင်တတို့ကိုခံစားလိုက်ရတော့၏။ သူမက မျက်နှာပေါ်မှဒေါသတို့ကိုဖယ်ရှားပစ်လိုက်ပြီး စဝင်လာခဲ့စဥ်အတိုင်း ကြင်နာတတ်သောအပြုံးလေးကို ပြန်လည်တပ်ဆင်လိုက်လေ၏။ 


"သခင်လေးကျူး၊ တိုက်ဆိုင်လိုက်တာ၊ ဒီရောက်နေတာလား.."


ကျူးထုန်: "....."


သူမ၏ စီချွမ်းအော်ပရာပြဇာတ်မှ မျက်နှာဖုံးပြောင်းသောအရည်အချင်းမှာ ထိပ်ဆုံးတွင်ရှိနေလေ၏။


ကျူးထုန်က သူမကို လှစ်ခနဲကြည့်ကာ ရှားယန်ကိုကြည့်လိုက်သည်။ 


"မင်းတို့နှစ်ယောက်အတူလာကြတာလား.."


ဟယ့်ရှောင်းရှောင်းက ခေါင်းလှည့်ပြီး ရှားယန်ကိုကြည့်လိုက်သည်။ သူမမျက်လုံးတို့က ခဏတွင်းချင်း လက်ခနဲဖြစ်သွားခဲ့၏။ သူမက ရှားမိသားစုနှင့်ကျူးမိသားစုတို့အကြားမှဆက်ဆံရေးမှာ အတော်လေးကောင်းသည့်အကြောင်းကို အမှတ်ရသွားလေ၏။ ဤအခြေအနေတွင် ၎င်းက အလှည့်အပြောင်းဖြစ်သွားနိုင်သည်။ 


"ဟုတ်တယ်၊ သခင်လေးယန်နဲ့အတူလာတာ၊ နင်တို့ကံကောင်းပါစေလို့ဆုတောင်းပေးတယ်နော်၊ အနည်းဆုံး နင်တို့.."


"မင်းတို့က ရှားယန်အတွက်နဲ့ ငါတို့နောက်ကိုလိုက်တာလား၊ဒါမှမဟုတ် မင်းတို့သူ့ကိုကြိုက်နေလို့လား.."


ကျူးထုန်က ဝမ်ယောင်နှင့်ဝူဝမ်ကိုပါလှည့်ကြည့်လိုက်သည်။


သူက ကောက်မေးလိုက်ခြင်းဖြစ်ပြီး မျက်နှာချင်းဆိုင်မှလူများကလည်း ပြိုင်တူမှင်သက်သွားကြတော့သည်။


အထူးသဖြင့်ရှားယန်ပင်။



🤒