Chapter 75
Viewers 18k

🤒အခန်း ၇၅





ရှောက်မင် အရက်သောက်တာက သူနဲ့ဘာဆိုင်လို့လဲ။


သူကဘာလို့ ရုတ်တရက်ကြီး ပြောလိုက်မိတာလဲ။


သို့ရာတွင် ရှောက်မင်က ပျော်နေပုံရပြီး သူ့မျက်လုံးလေးများပင် တောက်ပနေခဲ့သည်။ ထိုသူက ကြောက်လန့်သွားသလိုလုပ်ပြလာလေသည်။



"မင်းကအခု မင်းကိုယ်မင်းနဲ့ရင်းပြီး ကိုယ့်ကိုခြိမ်းခြောက်နေတာလား..." 


ကျူးထုန်: "....." 


သူ့စကားကိုပြန်ရုတ်သိမ်းဖို့ နောက်ကျသွားပြီလား။ 


သေချာတာပေါ့။ 


ရှောက်မင်က ညစ်ကျယ်ကျယ်ပြုံးပြီးရှေ့တိုးလာသည်။ 


"မင်းကကိုယ့်ကိုအနိုင်ကျင့်နေတာလား.." 


ကျူးထုန်က ခြင်သံလေးဖြင့်ပြောလိုက်၏။ 


"မဟုတ်ပါဘူး.." 


"ကောင်းပြီ၊ မင်းခြိမ်းခြောက်တာ အောင်မြင်တယ်၊ ကိုယ်မသောက်တော့ဘူး.." 


ကျူးထုန်: "တကယ်လား.." 


ရှောက်မင် ခေါင်းညိတ်ပြလိုက်သည်။ 


သခင်လေးက ကလေးဆိုးလေးပမာလုပ်ပြတတ်သည်က ရှားလွန်းသောကြောင့် ထိုသူလမ်းကြောင်းအတိုင်း မြောပြီးလိုက်ပေးလိုက်၏။ 


သူ့ရည်မှန်းချက်အောင်မြင်သွားသော်လည်း ကျူးထုန်က သူ့အရှေ့မှ ပန်းပွင့်သလိုအပြုံးမျိုးပြုံးနေသော ဆယ်ကျော်သက်လေးကိုကြည့်ပြီး ရုတ်ချည်း နောင်တရမိသွားသည်။ 


ဘာကိုစိတ်အခြေအနေမကောင်းရမှာလဲ။ သူကရောဘာလို့ ထပ်မသောက်တော့ပါဘူးလို့ ကတိပေးနေတာလဲ။ 


ဒီလူက စိတ်ဆိုးနေတာမဟုတ်ဘူး။ သောက်ခွက်ပြောင်နေတာပဲ။ 


ရှောက်မင်က တကယ် ဘီယာဘူးကိုချလိုက်ပြီး ကျူးထုန် မကြာသေးခင်ကသောက်နေသော ဘယ်ရီသီးအပျော့စားဖျော်ရည်ကိုတစ်ငုံယူသောက်လိုက်သည်။ 


"အင်း၊ အရသာလေးကောင်းတာပဲ.." 


ကျူးထုန်: "....." 


လော့ရှိုးနှင့်လုကျစ်ယွီ: "....." 


လက်ရှိအချိန်တွင် သူတို့အားလုံး ကိုယ်ပျောက်နေသလိုခံစားနေရသည်။ 


ကျူးရှင်း: "....."

'ဒီလိုမျိုး အရမ်းချစ်ကြတဲ့ညီအစ်ကိုတွေဖြစ်နေတာ ကောင်းတာပါပဲ' 


သူမက တွေးလိုက်မိလေသည်။


မကြာမီ လူတစ်ယောက်က တံခါးလာခေါက်ပြီး လုကျစ်ယွီကိုလာရှာခဲ့သည်။ မတိုင်ခင်က ဂီတအဖွဲ့၏ပြဿနာမှာ လုကျစ်ယွီ၏အလုပ်အပေါ်သက်ရောက်မှုမရှိဘဲ အဖွင့်သီချင်းအားအသံသွင်းခြင်းကိုလည်း ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်ခဲ့သည်။


အလုပ်ပြီးသွားသည့်အခါ ငါးယောက်လုံး ဘားမှပြန်ထွက်လာခဲ့ကြ၏။


အပြင်ဘက်ရှိနေရောင်မှာ မြေပြင်ထက်သို့ဖြာကျနေပြီး တမြို့လုံးရွှေရောင်တောက်ပနေလေ၏။


"ပြန်တော့မလို့လား၊ ဒီနေ့မှ ကျောင်းပိတ်ရက်နှစ်ရက်မြောက်ပဲရှိသေးတာကို.." 


ကျူးထုန်မှာ ကျူးရှင်းက မနက်ဖြန် လေယာဥ်ဖြင့်ပြန်တော့မည့်ဖြစ်ပြီး ယနေ့သူတို့နှင့်အတူ ကုန်းရွှေစီရင်စုကို ပြန်မလိုက်တော့သည့်အကြောင်းကြားလိုက်ရ၍ မေးလိုက်ခြင်းဖြစ်လေသည်။ သူ အလွန်တရာမှအံ့အားသင့်သွားခဲ့ရ၏။


ကျူးရှင်းက ပြန်ပြောလာခဲ့သည်။


 "ငါပြန်ရောက်တာနဲ့ အနုပညာတန်းကိုအချိန်ပိုနှစ်ရက်တက်ရမှာ၊ အဲဒါကြောင့် ငါ့ရဲ့အားလပ်ရက်နှစ်ရက်က ဒီနေ့ဆိုကုန်သွားပြီ.."


"....."


ချီတုံချတုံဖြစ်နေခဲ့သော်လည်း နောက်ဆုံး၌ ကျူးထုန်မှာ ညီမဖြစ်သူကို အဒေါ်အိမ်သို့ပြန်လိုက်ပို့ပေးရန် ဦးလေးလျိုကိုပြောလိုက်ရသည်။


ကားပေါ်မတက်ခင် ကျူးရှင်းကရှောက်မင်ကို ထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်၏။ ထို့နောက် သူမအစ်ကိုကို နှုတ်ဆက်ကာ ကားပေါ်တက်သွားခဲ့သည်။


လော့ရှိုးကလည်း အလွန်အမင်းတက်ကြွစွာဖြင့်ဖြင့် သူမအားလက်ဝှေ့ယမ်းပြလိုက်၏။ 


"တာ့တာ ရှောင်ရှင်း၊ နောက်တစ်ခေါက်လာလည်ဦးနော်.."


လုကျစ်ယွီကမူ ထုံးစံအတိုင်း တိတ်ဆိတ်နေလေသည်။


ကျူးထုန်က ကားထွက်သွားရာဘက်သို့ကြည့်နေ၏။


ရှောက်မင်က သူ့ထံသို့လျှောက်သွားလိုက်သည်။ 


"စိတ်မကောင်းဖြစ်နေတာလား.."


ကျူးထုန်ကခေါင်းယမ်းပြလိုက်သည်။ 


"တော်သေးလို့ ငါအကျင့်ဖြစ်နေပြီ၊ ငယ်ငယ်လေးတုန်းကဆိုရင် အကြာကြီးခွဲနေရပြီးမှ အတူရှိနိုင်ကြတာ.."


"...."


"ဒီနေ့ကျတော့...သူက ငါ့ဆီကို တကူးတကလာလည်ရတာလေ၊ ငါသူ့ကိုပျော်အောင်တောင်မလုပ်ပေးလိုက်ရဘူး၊ စိတ်မကောင်းဖြစ်မိတယ်.."


အဓိကမှာ သူက တစ်နှစ်ပတ်လုံး "ကမ္ဘာကြီးနှင့်အဆက်အသွယ်ဖြတ်" ခံခဲ့ရသည်။ အခြားသူများက အားလပ်ရက်တွင် မည်သို့ကုန်ဆုံးကြမှန်းမသိသလို ၎င်းက မည်မျှအရသာရှိပြီး ပျော်စရာကောင်းမှန်းလည်းမသိခဲ့ပေ။ သူ့တွင် "အားလပ်ရက်အပန်းဖြေ" ပုံနှင့်ပတ်သက်၍ သိထားသည့်အရာမရှိချေ။


သူကပြုံးကာ ပြန်လှည့်လိုက်သည်။ 


"ငါတို့လည်းသွားရအောင်လေ.."


ရှောက်မင်က မလှုပ်ပေ။


ကျူးထုန်: "?"


ရှောက်မင်ကသူ့အား တခဏမျှကြည့်နေပြီးမှပြောလိုက်လေသည်။ 


"ပြန်ရင် မြင်းသွားစီးကြမလား.."


ကျူးထုန်မှာ ၎င်းအကြံပေးချက်ကြောင့် မှင်သက်သွားလေ၏။ 


"မြင်းစီးတာလား.."


"အင်း.." 

ရှောက်မင်က ဆက်လက်၍ပြောပြလာခဲ့သည်။ 

"ဆင်ခြေဖုံးဒေသတွေမှာဆိုရင်သိပ်မကြာသေးခင်ကမှ မြင်းပြိုင်ကွင်းအသစ်တွေဆောက်ထားတာ၊ သွားကြည့်ချင်လား.."


ကျူးထုန်ကပြုံးပြီးပြန်မေးလိုက်သည်။


 "ဘာလို့ ရုတ်တရက်ကြီး ငါ့ကိုမြင်းစီးဖို့ခေါ်နေတာလဲ..."


ရှောက်မင်က မျက်ခုံးပင့်ကာပြန်ဖြေလေ၏။


 "မင်းပဲမပျော်လိုက်ရလို့ စိတ်မကောင်းဖြစ်တယ်ဆို၊ ကိုယ်လည်းလက်ခံတယ်၊ ကျောင်းပိတ်ရက်ကြီးမှာ အပြင်ထွက်မလည်ရတာ နှမြောစရာကြီးလေ.."


ကျူးထုန်: "ငါဆိုလိုတာက..."


သူပြောသည့် စိတ်မကောင်းဖြစ်မိသည်ဆိုသည်မှာ ညီမဖြစ်သူကိုလျှောက်လည်ရန် မခေါ်သွားပေးနိုင်ခဲ့သည့်အတွက်ဖြစ်ပြီး သူ မလည်လိုက်ရ၍မဟုတ်ပေ။


သူ့အတွက်တော့ အေးစက်နေသည့်ဆေးရုံခန်းထဲတွင် တစ်နေ့လုံးမနေရသရွေ့ အဆင်ပြေပါသေးသည်။


ရှောက်မင်ကဆက်မေးလာလေ၏။


 "ဒါဆို မင်းဘယ်သွားချင်လဲ.."


ကျူးထုန်က ခဏမျှတွေးကြည့်နေပြီးမှ အင်တင်တင်ဖြင့်ဖြေလိုက်လေသည်။ 


"ဒါပေမဲ့ ငါမှမြင်းမစီးတတ်တာ.."


ယခင်ကျောင်းတွင်တက်ခဲ့စဥ်က မြင်းစီးရသောအတန်းချိန်ပါသော်လည်း သူကအားနည်းသောကြောင့် တစ်ခါမှမသင်ခဲ့ပေ။


ရှောက်မင်ကပြုံးရုံသာပြုံးလာ၏။


 "ရတယ်၊ ကိုယ်မင်းကိုခေါ်သွားပေးမယ်၊ ဒီတော့ သွားချင်လား.."


ကျူးထုန်က ရှောက်မင် မြင်းစီးနေမည့်ပုံကို မြင်ယောင်ကြည့်လိုက်သည်။ သူကပြုံး၍ခေါင်းညိတ်ပြလိုက်ပါ၏။ 


"သွားချင်တယ်.."


ရှောက်မင်၏အပြုံးက ပိုပြီးတောက်ပသွားခဲ့သည်။


သူတို့လေးယောက် ကုန်းရွှေစီရင်စုကိုပြန်ရောက်ပြီး ငှားနေသည့်အိမ်သို့ပြန်ရောက်သည့်အခါ ညခုနစ်နှစ်နာရီပင်ရှိနေပြီဖြစ်သည်။


လုကျစ်ယွီက အချိန်ပိုင်းအလုပ်နောက်မကျစေရန်အတွက် အဖွဲ့ထဲမှအရင်ဆုံးပြန်သွားခဲ့သည်။


ကျူးထုန်က ငှားနေသောအိမ်အပြင်တွင်ရပ်ကာ လုကျစ်ယွီ၏နောက်ကျောကိုကြည့်ရင်း စိတ်မကောင်းသလိုမေးလိုက်သည်။ 


"သူက အရမ်းအလုပ်ကြိုးစားတာပဲလား.."


လော့ရှိုး: "လောင်အာ့က အမြဲတမ်းဒီအတိုင်းပဲ၊ သူပျင်းနေတာမျိုး ငါတစ်ခါမှမမြင်ဖူးဘူး.."


ကျူးထုန်က မှတ်ချက်ပေးလိုက်၏။ 


"သူကတကယ်ကို အလုပ်ကြိုးစားတာပဲ.."


လော့ရှိုးက ခေါင်းညိတ်ပြသည်။ 

"အင်း၊ ငါလက်ခံပါတယ်၊ သူဘာလို့ ပိုက်ဆံကိုအသည်းအသန်ရှာနေတာလဲတော့ငါမသိဘူး၊ ငတ်မသေအောင်လို့ပဲ.."


ပြောနေရင်းမှ လော့ရှိုးမှာ အခြေအနေကမူမမှန်သလို ရုတ်တရက်ခံစားလိုက်မိသည်။ သူမသိစိတ်အရ နောက်လှည့်ကြည့်လိုက်ရာ လူတစ်ယောက်က မျက်နှာပေါ်မှအပြုံးတစ်ပွင့်ဖြင့် သူ့အားကြည့်နေသည်ကိုတွေ့လိုက်ရလေ၏။


အခန်းထဲတွင်ရှိနေခဲ့စဥ်ကလည်း သူ့အနေဖြင့် ထိုမျက်နှာထားကိုမြင်ခဲ့ရပြီး နောက်ဆက်တွဲရလဒ်ကြောင့် ထပ်မမြင်ချင်တော့ပေ။ သို့ဖြစ်၍ ကျူးထုန်ဘက်သို့သာပြန်လှည့်လိုက်သည်။ 


"နောက်ကျနေပြီ၊ ငါအရင်ပြန်နှင့်တော့မယ်၊ မနက်ဖြန် မြင်းပြိုင်ကွင်းမှာတွေ့ကြမယ်.."


ကျူးထုန်: "....."


လော့ရှိုး၏စကားက မသိလျှင် စကားလမ်းကြောင်းပြောင်းသွားသလိုပင်။


သူက အတွေးများမနေတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။


လော့ရှိုးက ပြေးထွက်သွားခဲ့လေ၏။


ကျူးထုန်က ငှားနေသည့်အိမ်အပြင်တွင် ခဏမျှရပ်နေပြီး ရုတ်တရက် လေအေးတိုက်သွားသောကြောင့် တုန်ယင်သွားရလေသည်။


ရုတ်ချည်းပင် ပုခုံးထက်နှင့်ကျောမှနွေးထွေးမှုကိုခံစားလိုက်ရပြီး ခေါင်းပေါ်မှ ရင်းနှီးနေသောအသံတစ်သံကိုကြားလိုက်ရသည်။ 


"သွားရအောင်၊ အပြင်မှာအေးတယ်.."


ကျူးထုန်ကခေါင်းညိတ်ပြကာ သူ့အနောက်မှလိုက်ဝင်လာခဲ့၏။


ဦးလေးလျိုပြန်မလာခင် သူက အကျင့်ပါနေသည့်အတိုင်းလှည့်ကြည့်ပြီးမှ အကြည့်ပြန်လွှဲကာပြောလိုက်သည်။ 


"လုကျစ်ယွီ အနုပညာကုမ္ပဏီက ဘာလို့ထွက်လာတာလဲဆိုတာ မင်းသိလား.."


ရှောက်မင်က တံခါးဖွင့်နေစဥ်တွင် ကျူးထုန်၏ရုတ်တရက်မေးလာသောမေးခွန်းကိုကြားလိုက်ရသည်။ သူက ခဏမျှရပ်နေပြီးမှ ပြန်မေးလိုက်သည်။ 


"မသိဘူးလေ၊ ဘာလို့လဲ.."


ကျူးထုန်ကခေါင်းယမ်းပြလိုက်သည်။ 


"ဘာမှမဟုတ်ပါဘူး၊ သိချင်လို့ပါ..."


လုကျစ်ယွီက သူ့အတိတ်နှင့်ပတ်သက်၍ မည်သည့်အကြောင်းကိုမှမပြောပြခဲ့ကြောင်း လော့ရှိုးကလည်းပြောခဲ့လေရာ သူလည်းမမေးမိခဲ့ပေ။


"သိခဲ့ရင် သူ့ကိုကူညီလို့ရတာပဲ.."


ရှောက်မင်: "....."


ကလစ်ဆိုသော ခပ်တိုးတိုးအသံဖြင့် တံခါးသော့ကပွင့်သွားခဲ့သည်။ ရှောက်မင်က ကျူးထုန်ကိုအရင်ဝင်ခိုင်းလိုက်ပြီး ပေါ့ပါးသည့်အသံလေးဖြင့်ပြောလိုက်လေ၏။ 


"ကိုယ်တို့ သူ့ကိုဘယ်လိုကူညီနိုင်လဲ.."


"အင်း၊ ငါတို့တွေ ကောလဟလဖြန့်နေတဲ့လူကို အရင်ဆွဲထုတ်ရမယ်.." 

ကျူးထုန်ကဆက်ပြော၏။ 

"သိခဲ့ရင် ငါတို့ သူ့အတွက် သက်သေပြပေးနိုင်ပြီ.."


ရှောက်မင်: "ဘားက ကောလဟလတွေကို ကျောင်းကလူတွေကတစ်ယောက်မှမသိဘူးလို့ ဘာလို့မင်းကထင်ရတာလဲ.."


ကျူးထုန် ကျောင်းပြောင်းလာခဲ့သည်မှာကြာခဲ့ပြီဆိုသော်လည်း ကျောင်းတွင် လုကျစ်ယွီနှင့်ပတ်သက်သော အရင်းအမြစ်မရှိသည့်ကောလဟလများကိုမူ မကြားဖူးခဲ့ပေ။


ရှောက်မင်က ထိုအတိုင်းပြောလာသည့်အခါ သူအတန်ငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။ 


"ဘာလို့လဲ.."


ရှောက်မင်ကပြန်ဖြေလေ၏။ 

"ရှင်းပြီးသားမလို့နေမှာပေါ့.."


"....."


ကျူးထုန် ပြန်မေးလိုက်သည်။ 

"ဘာသဘောလဲ.."


"ကိုယ်အခုလေးတင်ပြောလိုက်တယ်လေ.." 

ရှောက်မင်က ရှေ့မှနေကာ ဧည့်ခန်းထဲသို့ဝင်သွားပြီး ဆိုဖာပေါ်တွင်ထိုင်လိုက်ရင်း ဆက်ပြောလိုက်လေသည်။


 "ကျောင်းမှာ အဲဒီလို ကောလဟလမျိုးက ပြန့်သွားတာနဲ့ဖျက်ချခံရတယ်၊ ဒါပေမဲ့လည်း ဆက်ပြောနေမယ့်လူတွေကတော့ရှိနေမှာပဲလေ၊ ကိုယ်တို့ အင်တာနက်ဖိုရမ်ကို ထိန်းချုပ်ထားနိုင်ရင်တောင် အတင်းပြောတဲ့ပါးစပ်တွေကိုတော့ထိန်းချုပ်လို့ရမှာမဟုတ်ဘူး၊ သက်သေပြဖို့ကတော့ လောင်အာ့ကိုယ်တိုင် သူ့ဇာတ်လမ်းကိုငြင်းမှပဲရတော့မှာ၊ သူမသိစေချင်ရင်ပေါ့.."


ကျူးထုန်က တခဏမျှငြိမ်ကျသွားကာ ဆိုဖာပေါ်တွင်ထိုင်ချလိုက်သည်။ 


"ဆိုတော့ အဲဒီလိုမျိုးပေါ့..."


သူတို့ တတ်နိုင်သည့်အရာမရှိပေ။


သူထိုင်လိုက်သည်နှင့် ရှောက်မင်က ရုတ်တရက်ကြီးသူ့အနားကိုကပ်လာကာ သူ့အားတည့်တည့်ကြည့်လာ၏။ 


"မင်းကသူ့ကိုအရမ်းဂရုစိုက်တာပဲနော်.."


ကျူးထုန်: "ဘာကိုဂရုစိုက်တာလဲ.."


"....."

'အော်၊ လုကျစ်ယွီကိုပြောတာပဲ' သူ နားလည်သွားလေသည်။


"အဲဒီလောက်လည်းမဟုတ်ပါဘူး.." 

ကျူးထုန်ပြောလိုက်သည်။ 

"ငါကနည်းနည်းဂရုစိုက်ရုံပါ.."


ရှောက်မင်၏မျက်လုံးတို့က မည်းမှောင်သွားခဲ့သည်။


 "မင်း..မင်းက တခြားလူတွေကိစ္စကို အရမ်းဂရုစိုက်ပေးတာပဲလား.."


ကျူးထုန်: "ဟမ်.."


သူဘယ်တုန်းက တခြားလူတွေကိစ္စကို ဂရုစိုက်မိလို့လဲ။


"ဒီနေ့ဘားမှာ ရန်ဖြစ်တဲ့လူကလောင်အာ့မဟုတ်ရင် မင်းသူတို့ဘက်မှာနေမှာလား.."


ရှောက်မင်က အနားကိုကပ်ပြီးရင်းကပ်လာသောကြောင့် ကျူးထုန်မှာ ဘေးကိုကပ်မိသွားလေသည်။


သူ့စိတ်ထဲတွင် လက်ရှိရှောက်မင်က အနည်းငယ်ကြောက်စရာကောင်းသည်ဟုခံစားနေရသည်။ သူ အနည်းငယ်ထိတ်ပျာသွားခဲ့၏။ 


"ဘာ...မင်းဘာဖြစ်နေတာလဲ.."


ရှောက်မင်: "..."


ရှောက်မင်ကိုယ်တိုင်လည်း ဘာဖြစ်နေမှန်းမသိပေ။ ထိုအတိုင်း...မပျော်မရွှင်ဖြစ်နေမိရုံလေးသာ။


ကျူးထုန်က ရှေ့ထွက်လာပြီး လောင်အာ့အတွက်ကူပြောပေးခဲ့သောကြောင့် သူအလွန်ဝမ်းသာနေခဲ့သည်မှာအမှန်ပင်။ သို့ပါသော်လည်း ကျူးထုန်က လောင်အာ့၏ကောင်းပုံများကို နှစ်သက်မှုအပြည့်ဖြစ်နေသောမျက်နှာဖြင့်ပြောလာသည့်အခါ သူအလွန်တရာမှ မကျေမနပ်ဖြစ်မိနေသည်။ ၎င်းက သူ့နားထဲတွင် ကိုးလို့ကန့်လန့်ဖြစ်နေလေ၏။


၎င်းက အခြားလူတစ်ယောက်ကို ပုံမှန်အတိုင်းချီးကျူးပေးခြင်းဖြစ်နေသည်မှာ သိသာနေပြီး လောင်အာ့နှင့်ပတ်သက်လာလျှင်လည်း ၎င်းက အမှန်ပင်ဖြစ်နေသည်။ သူက အဘယ်ကြောင့်များ မပျော်မရွှင်ဖြစ်နေရပါသနည်း။


ရှောက်မင်လည်း အဖြေမသိပေ။ သူမပျော်မရွှင်ဖြစ်နေရသည်ကိုသာသိလေသည်။


အထူးသဖြင့် အိမ်ပြန်သည့်အခါ ကျူးထုန်က "တဖက်လူ" အကြောင်းကို ထပ်ပြောလာပြန်သည်။


သူဘာလို့ လုကျစ်ယွီကို မတရားဂရုစိုက်နေရတာလဲ။


လုကျစ်ယွီက "အရမ်းတော်" နေပြီး ကျူးထုန်ကလည်း အဲဒီလိုမျိုးကို ချီးကျူးတတ်လို့လား။ ဒါမှမဟုတ် စိတ်ရှုပ်စရာကောင်းတဲ့ လူတွေကို ဒီလိုမျိုး ကူပြီးအရှက်ခွဲပေးတတ်လို့လား။


သူဆိုတဲ့ ရှောက်မင်ကရော... ကျူးထုန်က "မတရားမှုတွေကိုတိုက်ခိုက်တဲ့နေရာမှာ ကူညီပေးတတ်တဲ့လူ သက်သက်ပဲလား။


ရှောက်မင်မှာ တစ်ခါမှမကြုံခဲ့ရဖူးသောခံစားချက်တို့က နှလုံးသားအောက်ခြေမှ ကြွတက်လာသလိုခံစားလိုက်ရသည်။ ချဥ်စူးမှုများဖြင့် သူ့လျှာကချော်သွားပြီးအတည်ပြုပေးလိုက်သည်။ 


"ကိုယ်မနာလိုဖြစ်တယ်.."


"....."


ကျူးထုန်မှာ မိုးကြိုးပစ်ချခံလိုက်ရသလိုပင် ခံစားလိုက်ရ၏။


သူနားကြားလွဲသွားသည်ဟုပင် သံသယဝင်သွားခဲ့သေးသည်။ 


"ဟမ်.."


ရှောက်မင်ကပြုံးကာ နောက်တစ်ကြိမ်ပြောလိုက်၏။ "အင်း၊ ကိုယ်သဝန်တိုနေတယ်.."


ကျူးထုန်: "..."


ကျူးထုန် သက်ပြင်းချကာ မျက်လုံးမှိတ်လိုက်သည်။ စိတ်မျက်လုံးကိုသုံးကာ စနစ်၏စာမျက်နှာကိုကြည့်လိုက်၏။ နှစ်သက်မှုရာခိုင်နှုန်းကလက်ရှိတွင် တစ်ဝက်ပြည့်လုနီးပါးဖြစ်နေပြီ။


အင်း။ သူရှောက်မင်ရဲ့စကားကိုယုံတယ်။


ပြီးတော့ လက်ရှိဘားတန်းက လေးဆယ့်ရှစ်ရောက်နေပြီ။


ယခုလိုနှစ်သက်မှုပြဘားတန်းပုံစံပါသော ဝတ္ထုအများအပြားကို သူဖတ်ခဲ့ဖူးသည်။ တစ်ခုချင်းစီတိုင်းတွင် နှစ်သက်မှုတစ်ရာရာခိုင်နှုန်းမှ အောင်မြင်သည်ဟုယူဆကြသည်။


ရှောက်မင်က ဘားကိုမရောက်ခင် လမ်းခုလတ်မှာတည်းက သဝန်တိုနေတာလား။ သူ့ကိုသဝန်တိုနေတာက ပိုဖြစ်နိုင်တယ်။


သူ ရှောက်မင်ကို meme ပုံလေးအတိုင်း ရှုပ်ထွေးစွာဖြင့်ကြည့်နေလိုက်သည်။ (မထုံတက်တေးမျက်နှာ)


ရုတ်တရက်မျက်နှာပြောင်းလဲသွားမှုက ရှောက်မင်စိတ်ထဲမှ တစ်စုံတစ်ခုကို ခလုတ်နှိပ်ပေးလိုက်သည်။ နောက်ပြန်ဆုတ်သွားမည့်အစား သူကြိုမေးလိုက်၏။


 "မင်း လောင်အာ့ကိုဘာလို့ကူညီချင်ရတာလဲ.."


ကျူးထုန်: "....."


ဒါက "သဝန်တို"တဲ့လူတွေရဲ့ စံပြမေးခွန်းမလား။ လုကျစ်ယွီနဲ့ဘာဆိုင်လို့လဲ။


ဘာလို့ကူညီသင့်တာလဲ။


ကျူးထုန်က အမှန်အတိုင်းသာဖြေလိုက်လေ၏။ 


"သူကမင်းရဲ့သူငယ်ချင်းပဲမဟုတ်ဘူးလား.."


ရှောက်မင် ကြက်သေသေသွားခဲ့သည်။


"မင်းကသူ့ကိုကူညီတာ..ကိုယ့်သူငယ်ချင်းဖြစ်နေလို့လား.."


ကျူးထုန်က သိသာနေသလိုမျိုး တုံ့ပြန်လိုက်၏။ 


"မဟုတ်ရင် ငါကမှသူနဲ့မရင်းနှီးတာ.."


သူနှင့်လုကျစ်ယွီမှာ သူကျောင်းပြောင်းလာတည်းက စကားအနည်းငယ်သာပြောဖြစ်ခဲ့ကြသည်။ နို့လက်ဖက်ရည်ဆိုင်ထဲတွင် ဆုံဖြစ်ခဲ့ကြလျှင်ပင် စကားသိပ်မပြောမိကြပေ။ သူတို့ကို ရင်းနှီးသောအတန်းဖော်များဟုပင် မခေါ်နိုင်ချေ။


သူက အခြားသူများ၏ကိစ္စတွင်ဝင်ပါရန် ပျင်းနေခြင်းမဟုတ်သလို ကိုယ်နှင့်မသက်ဆိုင်သောကိစ္စများကြောင့် ဒုက္ခရောက်မည်ကိုလည်းမနှစ်သက်ပေ။


ရှောက်မင်: "....."


သူ့ခမျာ ဝေခွဲရခက်သည့်အခြေအနေကိုပင်ကျော်လွန်နေခဲ့သည်။


အချိန်အတန်ကြာနှုတ်ဆက်နေပြီးမှ ရုတ်ချည်းအနားကိုပိုကပ်သွားလိုက်ကာ သူ့နှုတ်ခမ်းထောင့်က ဆတ်ခနဲတွန့်သွားခဲ့သည်။ 


"မင်း.."


"ဟေ့..မင်း.."


သူတို့နှစ်ယောက်ကြားမှအကွာအဝေးက ပိုကပ်လာပြီး ကျူးထုန်ကို ရှက်သွေးဖြာလာစေခဲ့သည်။ သူက သူ့အတွက်သူရှင်းပြချင်နေရုံသာဖြစ်ပြီး "ချောမောသည့်မျက်နှာကို အနီးကပ် HD" ကြည့်ရရန်အတွက် မဟုတ်ပေ။


တချိန်တည်းမှာပင် ကျူးထုန်ကလက်ပြန်ရုတ်လိုက်သည်။ ဆိုဖာက ကျဥ်းနေသောကြောင့် သူ့လက်က ဆိုဖာအစွန်းမှချော်ထွက်သွားလေ၏။ ကမ္ဘာမြေဆွဲအားကိုကျေးဇူးတင်ရမည်။ သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းမဲ့သွားပြီး အနောက်ကိုအဆွဲခံလိုက်ရ၏။


"သတိထား.."


ရှောက်မင်မျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ အလိုအလျောက် လူငယ်လေးကိုလှမ်းဆွဲရန်ပြင်လိုက်၏။ သို့သော်လည်း သူရှေ့ကိုကိုင်းထားသည့်အားကများနေ၍ မြေဆွဲအား၏အလယ်ဗဟိုကိုလှုပ်ခါသွားစေခဲ့သည်။ ရလဒ်မှာ သူလည်း ကျူးထုန်ကိုယ်ပေါ်ကို တိုက်ရိုက်ပစ်ကျသွားတော့သည်။


ကျူးထုန်မှာ ကျောဘက်၌အောင့်ခနဲဖြစ်သွားပြီး ဆိုဖာပေါ်သို့ပစ်ကျသွားခဲ့သည်။ သူ့မှာ မသိစိတ်အတိုင်း မျက်လုံးမှိတ်လိုက်မိ၏။ နောက်ဆုံးတော့ ပြုတ်ကျသည်ကရပ်သွားခဲ့သည်။ သူက ရှုထောင့်ပြောင်းလဲသွားခြင်းကိုကြည့်ရန် နောက်တစ်ကြိမ်မျက်လုံးဖွင့်လိုက်သည်။ သူရှောင်ရှားချင်နေခဲ့သော မျက်နှာချောချောလေးက ပိုပြီးပင်ကပ်လာခဲ့ပြီး သူ့မျက်နှာရှေ့တွင် နှစ်စင်တီမီတာမျှသာခြားနေလေသည်။


ရှောက်မင်: "....."


ကျူးထုန်: "....."




🤒