Chapter 74
Viewers 18k

🤒အခန်း ၇၄




ခန်းမထဲရှိ စီစီရီရီတင်ထားသောဝိုင်ပုလင်းများမှာ လူအများအပြား ရုန်းရင်းဆန်ခတ်လုပ်မှုကြောင့် ပြုတ်ကျကုန်ပြီး အနားမှဧည့်သည်များမှာလည်း အထိတ်တလန့်ဖြင့်ထွက်ပြေးသွားခဲ့ကြသည်။


လုကျစ်ယွီက လူတစ်ယောက်၏မျက်နှာကိုတက်နင်းထားဆဲခြေထောက်အား ပြန်ရုတ်လိုက်ပြီး ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့်လှည့်လာကာ အေးအေးလူလူပြောလိုက်လေ၏။ 


"သွားရအောင်.."


ကျူးထုန်က သူလက်ယမ်းပြသည်ကိုကြည့်နေမိသည်။ ယင်းက လေညင်းလေးကြောင့် လွင့်ပြယ်သွားသော ဒြပ်မဲ့တိမ်စိုင်လိုပင် ။ သူ စိတ်ထဲမှတွေးလိုက်မိသည်။ 


'သူက တကယ်ကိုစကားနည်းပြီးပြတ်သားတဲ့လူပဲ'


ကျူးထုန် ရှောက်မင်ကိုပြန်ကြည့်လိုက်သည်။ 


ရှောက်မင်ကသူ့ကိုပြုံးပြလေသည်။ 


"သွားကြမယ်.."


အနိုင်ပိုင်းခံလိုက်ရသူများမှာ ဒေါသထွက်နေလင့်ကစား ပြောစရာစကားမရှိတော့ပေ။


ဤလူစုက လုကျစ်ယွီကို ရန်စချင်ရုံသက်သက်ကြောင့်ရောက်လာကြမှန်း သိသာနေသည်။


သူတို့စကားများနေကြချိန်တွင် ကျူးထုန်မှာ စကားအနည်းငယ်ကြားခဲ့ရသည်။ ထိုလူများက တေးဂီတအဖွဲ့တစ်ခုမှဖြစ်ပုံရသလို ကျောင်းထုတ်ခံလိုက်ရပြီးမှ တေးဂီတအဖွဲ့တစ်ခုကိုထောင်ခဲ့ကြခြင်းလည်းဖြစ်နိုင်သည်။ သူတို့ပြောသည့်စကားအရ ထိုသူတို့က ဘားအတွက် အုပ်စုလိုက်သီချင်းကိုလုပ်ပေးနေရပြီး လုကျစ်ယွီ၏ပြိုင်ဘက်များဖြစ်ပုံရသည်။


ရလဒ်မှာ သူတို့ကျရှုံးပြီးနောက် ညှိနှိုင်းခွင့်မရကြတော့လေရာ တမင်ပင် သီချင်းအသစ်ကိုရွေးချယ်လိုက်ကြပြီး ပြဿနာရှာကြပုံရသည်။။ 


အရှုံးကိုလက်မခံနိုင်သူများအပေါ် ဂရုစိုက်နေစရာမလိုပေ။ သူကပြန်လှည့်ကာ သီးသန့်ခန်းထဲသို့ဝင်ရန် လုပ်လိုက်သည်။ သို့ရာတွင် နှာခေါင်းတွင် ညိုမည်းစွဲနေပြီး ဖူးယောင်နေသောမျက်နှာဖြင့်လူက ကြမ်းပြင်ပေါ်မှကုန်းရုန်းထလာလေသည်။ 


"လုကျစ်ယွီ၊ မင်းရှက်လွန်းလို့ဒေါသထွက်သွားတာလား၊ ခွေးလိုလုပ်မနေနဲ့၊ မင်းကျောင်းကိုပြန်သွားရမှာ ရှက်နေတာမလား၊ မင်းအရင်က လုပ်ခဲ့တာတွေကို မင်းသူငယ်ချင်းတွေကသိကြရဲ့လား.."


လုကျစ်ယွီ သွားနေရာမှရပ်သွားခဲ့သည်။ သူ့မျက်နှာက မပြောင်းလဲသွားသေးဘဲ ပြန်လှည့်လိုက်၏။ သူ့ပုံစံက ထိုလူကို ထပ်ထိုးတော့မည့်ပုံစံဖြစ်နေလေသည်။


ထိုလူကမူ ဖြစ်နေသည့်အရာကိုမသိပါချေ။ သူ အနောက်ကိုပြန်လှည့်ကြည့်လာသည့်အခါ အလွန်အမင်းစိတ်လှုပ်ရှားနေသေးသည်။ 


"ဘာလဲ၊ မပြောနိုင်တော့ဘူးလား၊ မင်းငါ့ကိုထိုးလို့ပဲရတာလေ၊ မင်းငါ့ကိုတကယ်ထိုးရဲရင် ငါပြောတာတွေမှန်နေလို့ပဲ၊ မင်းလို ငတုံးတစ်ကောင်က အနိုင်ရဖို့မတန်ဘူးကွ၊ မင်းကဒီလို ယုတ်မာတဲ့နည်းလမ်းမျိုးသုံးပြီးတော့ပဲ အနိုင်ရနိုင်တာ.."


"မင်းက အထိုးခံရဖို့တန်လို့ သူကမင်းကိုထိုးတာလို့ရော မတွေးမိဘူးလား.."


လုကျစ်ယွီက အသေအချာပြင်ဆင်ထားသော ကန်ချက်ကိုထုတ်မသုံးရသေးခင် ကျူးထုန်က ရုတ်ချည်းဝင်ပြောလာခဲ့သည်။


နားကပ်နှင့်လူ၏ သနားသလိုလုပ်နေသောအပြုံးမှာ ကွယ်ပျောက်သွားခဲ့၏။


ရှောက်မင်က သူ့ရှေ့မှကျော်သွားသောလူကိုငုံ့ကြည့်လိုက်သည်။ လော့ရှိုးကကြောင်အသွားပြီး ကျူးထုန်ကိုပြန်ဆွဲတော့မည်အလုပ်တွင် ရှောက်မင်ကလက်မြှောက်ကာသူ့ကိုတားလိုက်၏။ 


လော့ရှိုးက နားမလည်နိုင်တော့၍လှည့်ကြည့်လိုက်သည့်အခါ ရှောက်မင်၏ပါးစပ်က စိတ်ဝင်စားနေသည့်နှယ် တွန့်ကွေးနေသည်ကိုတွေ့လိုက်ရလေ၏။


"?"


ကျူးထုန်က နားကပ်နှင့်လူကိုကြည့်ကာပြောလိုက်သည်။ 


"ဘာလို့လဲဆိုတော့ မင်းလိုလူမှာ အရမ်းကို အထိုးခံရဖို့လိုအပ်နေတဲ့မျက်နှာမျိုးရှိနေလို့လေ၊ ရှင်းရှင်းပြောရရင် မင်းကိုမထိုးမိဖို့ ငါ့ကိုယ်ငါ မနည်းထိန်းထားရတာ.."


"....."


နားကပ်နှင့်လူက ကျူးထုန်ကိုကြည့်လာသည်။ ရန်ပွဲထဲတွင်ထိုသူကိုမတွေ့ခဲ့ရသည်မှာသေချာသည်။ ထိုကောင်လေးပုံစံက လေတိုက်လျှင်ပင်လဲမည့်ပုံစံဖြစ်နေ၏။ သူ နှာခေါင်းရှုံ့လိုက်သည်။ 


"ဘာလဲ၊ မင်းက လုကျစ်ယွီဘက်ကနေ ပြောပေးချင်နေတာလား၊ မင်းကိုကြည့်စမ်းပါဦး၊ မင်းပုံစံက.."


"သူခိုးတစ်ယောက်က တခြားလူကိုသူခိုးလို့ပြောလိမ့်မယ်၊ သူတို့က သူများကိုလည်း သူတို့လိုပဲလူယုတ်မာတွေလို့မြင်တတ်ကြလို့လေ.."


နားကပ်နှင့်လူက တခဏမျှမှင်သက်သွားကာ ဒေါသတကြီးတုံ့ပြန်လေသည်။ 


"မင်းဘယ်သူ့ကို လူယုတ်မာလို့ပြောနေတာလဲ၊ ငါပြောတာအမှန်ပဲ၊ လုကျစ်ယွီဆိုတဲ့ကောင်က.."


"ငါအဲဒါတွေမသိဘူး.." 

ကျူးထုန်က ဆက်ပြောလေ၏။ 


"ငါကတော့ သူ့ကို စာတော်တဲ့ကျောင်းသားတစ်ယောက်လို့ပဲသိထားတာ၊ မင်းပြောတယ်၊ အမှတ်ပေါင်းခုနစ်ရာကျော်တဲ့ကျောင်းသားတစ်ယောက်က ကျောင်းကိုပြန်သွားဖို့ရှက်တယ်တဲ့၊ ဒါဆိုမင်းလို စာညံ့လိုအထုတ်ခံလိုက်ရတဲ့ကျောင်းသားကရော ကျောင်းကိုအဝေးကနေမြင်နေရတဲ့အချိန် အလေလိုက်နေတာ မရှက်ဘူးလား..."


ထိုအုပ်စုအနေဖြင့် သူတိူ့အိပ်မက်နှင့်ပတ်သက်၍ မတရားခံသလိုခံစားနေရသည်က ပြဿနာမဟုတ်သော်လည်း အခြားသူများ၏အိပ်မက်နှင့်ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အရှက်မခွဲသင့်ပေ။


"ဖွီး"


ကြည့်နေသူများထဲမှ ခပ်တိုးတိုးကျိတ်ရယ်လိုက်သံထွက်လာလေသည်။


ကျူးရှင်းလည်း အနည်းငယ်အံ့ဩသွားမိသည်။


သူ့အစ်ကိုမှာ ဒီလိုမျိုး အဆိပ်ပြင်းတဲ့လျှာရှိတာလား။


နားကပ်နှင့်လူ၏မျက်နှာက ခဏတွင်းချင်းနီရဲသွားလေ၏။


ထိုသူက စိတ်ဆိုးမာန်ဆိုးတုံ့ပြန်လာသည်။


"လုကျစ်ယွီကမှ အရှက်မဲ့တာ၊ သူ အဆင့်ကောင်းတော့ရော ဘာဖြစ်သေးလဲ၊ သူ့မိသားစုက ဆင်းရဲတယ်၊ ဂီတကိုလေ့လာဖို့လည်းပိုက်ဆံမရှိကြဘူး၊ သူသာ သခင်လေးတစ်ယောက်ကို မဖက်ထားရင် ဘယ်လိုနည်းနဲ့အနုပညာကုမ္ပဏီထဲကိုဝင်နိုင်မှာလဲ၊ ဘယ်လိုလုပ်ပြီး သီချင်းတစ်ပုဒ်လုံးကိုရေးနိုင်မှာလဲ၊ ငါကတော့ သောက်ရေးမပါတာလို့ပဲသတ်မှတ်တယ်.."


လုကျစ်ယွီမှာ ကျေးလက်မှဆင်းရဲသားလေးတစ်ယောက်သာဖြစ်သည်။ ဂီတသင်ခန်းစာကို မည်သူကမှအလေးအနက်မထားပေ။ သူတို့လို အဖွဲ့တစ်ဖွဲ့လုံးအတူရေးတာနဲ့တော့ ဘယ်ယှဥ်နိုင်ပါ့မလဲ။


နားကပ်နှင့်လူမှာ မနာလိုမှုများအပြည့်ဖြင့် စွပ်စွဲပြောဆိုနေလေ၏။


ဟုတ်တယ်။ မနာလိုဖြစ်နေတာ။


အဖွဲ့လိုက်သီချင်းရွေးကြစဥ်က သူတို့ လုကျစ်ယွီသီချင်းကိုကြားခဲ့ရသည်။ ၎င်းက အလွန်တရာ နားထောင်ကောင်းနေခဲ့သည်။


သို့ရာတွင် အထက်တန်းကျောင်းသားတစ်ယောက်တည်းက ၎င်းသံစဥ်မျိုးကိုဖန်တီးနိုင်သည်ဟု သူတို့မယုံကြည်ခဲ့ပေ။


လုကျစ်ယွီမှာ နောက်မှအားပေးထောက်ခံမှုကြောင့်သာမဟုတ်လျှင်၊ သူ့အားကူညီပေးသူသာမရှိလျှင် ယခုလိုတစ်ယောက်တည်းနည်းနှင့် မအောင်မြင်နိုင်ပေ။


သူတို့က ပင်ပင်ပန်းပန်းကြိုးစားထားရတာတောင် သူကဘာလို့ သခင်လေးရဲ့အကူအညီကိုရခဲ့တာလဲ။


နားကပ်နှင့်လူ စိတ်ထဲတွင် ခံပြင်းမှုတို့လှိုက်တက်လာလေသည်။


ကျူးထုန်က အေးအေးဆေးဆေးတုံ့ပြန်လိုက်၏။ 


"ရှင်းပါတယ်၊ သူက အရည်အချင်းရှိလို့ပေါ့.."


နားကပ်နှင့်လူ: "....."


လုကျစ်ယွီ: "....."


အမူအရာကင်းမဲ့သောလုကျစ်ယွီမျက်နှာတွင် အက်ကြောင်းရာပေါ်လာခဲ့သည်။


သို့တစေ ကျူးထုန်မှာစကားဆုံးအောင်ပြောပြီးသည့်အခါ သူလည်းခေါင်းရှုပ်သွားရ၏။ သူရှောက်မင်ကိုလှည့်ကြည့်ကာ အနားကပ်သွားလိုက်သည်။


 "သူကတကယ် တော်ပြီးကြမ်းတာပဲ.."


သူကစာတော်သည်။ သီချင်းကောင်းကောင်းရေးတတ်သည်။ ပရိုဂရမ်လည်းဆွဲတတ်ပြီး အချက်အလက်ထိုးဖောက်သည့်အလုပ်လည်းလုပ်နိုင်သည်။ သူက ၎င်းတို့အားလုံးကို ဟန်ချက်ညီအောင်ထိန်းထားနိုင်သည်။


ရှောက်မင်: "......"


ရှောက်မင်မှာ မျက်နှာထက်မှအပြုံးကို ဆက်မထိန်းထားနိုင်တော့ပေ။


သူက ရုတ်တရက် ကျူးထုန်ပုခုံးကိုသိုင်းဖက်ကာ အနောက်ကိုပို့လိုက်သည်။ မျက်နှာချင်းဆိုင်ရှိ ဂီတအဖွဲ့မှလူများကိုလှမ်းကြည့်ကာပြောလိုက်သည်။ 


"မင်းတို့ရဲ့ကြိုးစားမှုအားလုံးကိုတော့ ချီးမြှောက်မခံရနိုင်ဘူးလေ၊ အခြားသူတွေကလည်း နောက်ကွယ်က ကူညီပေးတဲ့လူရှိလို့ အောင်မြင်တာမဟုတ်ဘူး၊ မင်းအောင်မြင်ချင်ရင် အခြားသူတွေကိုလိုက်ပြီးအပုပ်ချနေမယ့်အစား အခြားသူတွေကိုကျော်နိုင်အောင် မင်းတို့ကိုယ်တိုင်တိုးတက်အောင်လုပ်ဖို့ပဲလိုတာ၊ ဘာများအသုံးဝင်လို့လဲ၊ နောက်ဆုံးတော့လည်း မင်းတို့ရှုံးတာကို သက်သေပြလိုက်ရရုံပဲရှိတယ်လေ၊ လောင်အာ့ သွားမယ်.."


သူက ပြောပြီးသည်နှင့် တဖက်လှည့်လိုက်ပြီး ကျူးထုန်က သူ့လက်မောင်းကိုကိုင်ရင်းလှည့်လိုက်သည်။ ဂီတအဖွဲ့ဝင်များ၏မျက်နှာက ပြောင်းလဲနေကြ၏။


အချို့က လက်မခံချင်ကြသေးဘဲ အချို့က အရှက်ရနေကြသည်။


သူတို့အတွေးကို မည်သူကမှ ဂရုမစိုက်ကြပေ။ ရန်ပွဲကြောင့် ပျက်စီးသွားသမျှကိုရှင်းလင်းပြီသည့်အခါ သူတို့ငါးယောက်လုံး သီးသန့်အခန်းကိုပြန်လာခဲ့ကြသည်။


ဘားထဲရှိမျက်လုံးတိုင်းက သူတို့အပေါ်ကိုရောက်နေသောကြောင့် အခန်းတံခါးပိတ်သွားချိန်အထိ ကျူးထုန်ကိုလိုက်ကြည့်နေသော မျက်လုံးတစ်စုံကို မည်သူကမှသတိမထားမိကြချေ။


ကျန်းဝမ် လက်ထဲမှဝိုင်ခွက်ကို သာသာလေးယမ်းနေသည်။ သူမမျက်လုံးထဲတွင်တော့ စိတ်ဝင်စားမှုတို့ဖြင့်တောက်ပနေလေ၏။


"သခင်မလေးခင်ဗျာ.."


လူတစ်ယောက်က ဘေးမှလျှောက်လာပြီး သူမဘေးတွင်လာရပ်ကာ တလေးတစားဖြင့်ခေါ်လာလေသည်။.


ကျန်းဝမ်ကပြုံးပြကာ တုံ့ပြန်လိုက်၏။ 


"အခန်း ၁၀၂ ကလူတွေက ဘယ်သူတွေလဲဆိုတာ သွားစုံစမ်းလာခဲ့.."


"ဟုတ်ကဲ့၊ မမလေးဗျ.." 

လက်ထောက်ကပြောလာလေသည်။ 


"နောက်တစ်ချက်ရှိပါသေးတယ်၊ ကျူးမိသားစုက မယားပါသား ချင်ကျွင်းဟုန်က မမလေးကိုဆက်သွယ်လာပြီး တွေ့ချင်တယ်လို့ပြောပါတယ်.."


ကျန်းဝမ်က မျက်မှောင်ရေးရေးကြုတ်လိုက်သည်။ 


"ချင်ကျွင်းဟုန်တဲ့လား.."


"ဟုတ်ပါတယ်.."


"ငြင်းလိုက်၊ သွားရအောင်.."


"....."


လက်ထောက်က ဖုန်းပြန်ထုတ်လိုက်ကာ ဓာတ်ပုံကိုပြလိုက်သည်။ 


"သူက ဒါကိုလည်းပို့လိုက်ပါတယ်၊ မမလေးသူ့ကိုမတွေ့ချင်ရင် ဒီဓာတ်ပုံကိုအရင်ကြည့်လိုက်ပါတဲ့.."


ကျန်းဝမ်: "....."


ကျန်းဝမ်က မျက်လွှာချကာ ဖုန်းမျက်နှာပြင်ပေါ်မှဓာတ်ပုံကိုကြည့်ကာ သူမမျက်နှာက အတန်အသင့်ပြောင်းလဲသွားလေ၏။ သူမ အခန်းတံခါး ၁၀၂ ကို တစ်ချက်လှည့်ကြည့်ကာ မေးလိုက်သည်။ 


"အဲဒီလူက ဘယ်သူလဲ.."


လက်ထောက်: "သူကတော့ သူ့ညီလေးလို့ပြောပါတယ်.."


ချင်ကျွင်းဟုန်ရဲ့ ညီလေးတဲ့လား။


"ကျူးမိသားစုက သခင်လေး ကျူးထုန်နဲ့တူတယ်.."


"ကျူးထုန် ဟုတ်လား..." 


ကျန်းဝမ်က မသိမသာလေး ဆတ်ခနဲတောင့်သွားခဲ့သည်။


ကျူးမိသားစုက လေတိုက်ရင်တောင်မခံနိုင်တဲ့ လူမမာကလေး သခင်လေးများလား။


သူမ လက်ထောက်ထံမှဖုန်းကိုပြန်ယူကာ ဓာတ်ပုံကိုသေချာကြည့်လိုက်သည်။ ဤမျှလှပလွန်းသောကောင်လေးကို သူမ အခုမှမြင်ဖူးခြင်းပင်။


သူမက တဒင်္ဂမျှငြိမ်နေပြီးနောက် ရုတ်ချည်းမျက်လုံးလှိမ့်ကာ တီးတိုးပြောလိုက်၏။ 


"ကျူးမိသားစုက သခင်လေးက အပြင်မှာပြောနေကြတာနဲ့မတူဘူးပဲ.."


"....."


"......"


"ထားလိုက်တော့၊ အခန်းထဲကလူတွေကို သွားကြည့်စရာမလိုတော့ဘူး၊ ကျူးမိသားစုရဲ့သခင်လေးနဲ့ ချန်ချန့်ကဘယ်လိုပတ်သတ်တယ်ဆိုတာကိုပဲစုံစမ်းလာခဲ့..မဟုတ်ဘူး၊ သူနဲ့ချန်မိသားစုနဲ့ပတ်သက်မှုကိုစုံစမ်းလာခဲ့.."


"ဟုတ်ကဲ့၊ ချင်ကျွင်းဟုန်က.."


ကျန်းဝမ်: "ဒီအတိုင်းထားလိုက်၊ သူ့ကိုဘာမှပြန်မပြောနဲ့၊ ငါမင်းကိုခိုင်းတဲ့အတိုင်းသာလုပ်လိုက်.."


"ဟုတ်ကဲ့.."


ချန်ချန့် ဘားမှမထွက်သွားခင်ပြောသွားသောစကားကိုစဥ်းစားမိပြီး ကျန်းဝမ်၏မျက်လုံးတို့က စိတ်ဝင်စားမှုကြောင့်ကျဥ်းမြောင်းသွားလေသည်။


သူက ကျန်းမိသားစုကိုဒေဝါလီခံစေချင်လည်း ကျူးမိသားစုတွင် ထိုအထိလုပ်နိုင်စွမ်းမရှိပေ။


ဆိုတော့ ချန်ချန့်စကားကဘာသဘောလဲ။


သူမ လက်ထောက်ကို ဖုန်းပြန်ပေးလိုက်သည်။ အခန်းကို ပြန်ကြည့်ပြီးနောက် ဘားမှတခါတည်းထွက်သွားလေ၏။ သူမ၏ဒေါက်မြင့်ဖိနပ်မှအသံက နင်းလိုက်တိုင်း စည်းချက်တကျနှင့် အသံမြည်နေခဲ့လေသည်။


______


သီးသန့်အခန်းထဲ၌မူ ကျူးထုန်မှာ အပြင်ဘက်ရန်ပွဲမှပြန်လာပြီးသည့်နောက် အခန်းထဲမှလေထုအနေအထားက ပုံမှန်မဟုတ်သလိုခံစားနေရသည်။


လူတိုင်းကတိတ်ဆိတ်နေသော်ငြား အချိန်တိုင်း သူ့ကိုသာကြည့်လာကြပြီး သူပြန်ကြည့်လိုက်လျှင်လည်း အမြန်ပင်အကြည့်လွှဲသွားကြလေသည်။


နောက်ဆုံး သူ့ညီမက ထပ်ကြည့်လာသည့်အခါ á€žá€°á€‘á€•á€şá€•á€źá€Žá€¸á€žá€Šá€şá€¸á€™á€á€śá€”á€­á€Żá€„á€şá€á€ąá€Źá€ˇá€˜á€˛ မော့ကြည့်လိုက်၏။ 


"ငါ့မျက်နှာမှာတစ်ခုခုပေနေလို့လား.."


"အာ" 

ကျူးရှင်းက ရှုပ်ထွေးစွာဖြင့်ပြန်ဖြေသည်။ 

"မပေပါဘူး.."


"အဲဒါဆို ဘာလို့ငါ့ကိုလာကြည့်နေတာလဲ.."


"...."


ကျူးရှင်းက တုံ့ခနဲရပ်သွားကာ ပြုံးပြီး ပြန်ဖြေလာ၏။ 


"ကော၊ ငါ့အထင်တော့ နင်အရင်ကထက်ပိုပြီး သွက်လာတယ်၊ အခုလေးတင် နင်ကအရမ်းကြည့်ကောင်းနေတာ.."


ကျူးထုန်:"....."


'ဒါ...ဒါပဲလားဟ'


သူမမှာ ယခင်ကလည်း သူ့ကိုယခုလိုပုံစံမျိုးမမြင်ဖူးသောကြောင့် သိချင်နေသည်မှာမဆန်းပေ။


သူက ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။ 

"ငါကအမှန်အတိုင်းပြောလိုက်ရုံပါ..."


ထို့နောက် သူ လုကျစ်ယွီကို ထပ်ကြည့်မိလိုက်သည်။


လုကျစ်ယွီကသူ့အား တည်တည်ငြိမ်ငြိမ်ပင်ကြည့်လာသည်။ တဒင်္ဂမျှတိတ်ဆိတ်နေပြီးမှ ထိုသူကပြောလာပါ၏။ 


"ကျေးဇူးပဲ.."


ကျူးထုန်: "....."


ယောကျ်ားတစ်ယောက်အတွက် ကျေးဇူးတင်စကားပြောချင်လျှင် ထူးဆန်းနေခြင်းမျိုးမရှိသလို ဘယ်လိုပြောရမှန်းမသိစရာလည်းမရှိ၍ သူ့အား မကြာခဏကြည့်လာခြင်းကလည်း မူမမှန်ခြင်းမျိုးမရှိပေ။


သူက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်လေသည်။ 


"ရပါတယ်၊တကယ်တော့ မင်းပဲအကုန်လုံးကိုထိန်းသွားတာလေ၊ ငါဘာမှမလုပ်လိုက်ရပါဘူး.."


စကားတစ်ခွန်းကိုရွှေတမျှ တန်ဖိုးထားသောလုကျစ်ယွီ: "မင်းကိုဒုက္ခပေးမိပြီ..."


"....."


သူ့ခမျာ ရှင်းပြရန်အခက်တွေ့နိုင်မှန်းသိနေသောကြောင့် အစတည်းက ထိုအတိုင်းမလုပ်ရန်ရွေးချယ်ထားခဲ့သည်။


ကျူးထုန်က အခြားမည်သည့်စကားမှဆက်မပြောတော့ဘဲ လော့ရှိုးကို ကြည့်လိုက်သည်။


လော့ရှိုးက ကြောင်နေပြီး ခပ်မြန်မြန်ပင်ပြောလာ၏။


 "ငါမင်းကိုကြည့်နေတယ်ဆိုတာက သူတို့ကမင်းကိုကြည့်နေလို့ပါ၊ ဘာကြောင့်မှမဟုတ်ပါဘူး၊ ငါတစ်ယောက်တည်း ထူးဆန်းနေတာမျိုးမဖြစ်ချင်လို့.."


"......"


ကျူးထုန်က ရှောက်မင်ကိုကြည့်လိုက်ပြန်သည်။


ထိုသူက စိတ်အခြေအနေမကောင်းသည့်ပုံစံဖြစ်နေသောကြောင့် သူ ရှောက်မင်၏အကြောင်းပြချက်ကိုအကြားချင်ဆုံးဖြစ်နေခဲ့သည်။


သို့ရာတွင် ရှောက်မင်၏ရှင်းပြချက်က ဝတ်ကျေတမ်းကျေဆန်နေ၏။ 


"ကြည့်ကောင်းတယ်.."


ကျူးထုန်: "....."


ရှင်းပြရခက်စွာဖြင့် သူအနည်းငယ်ရှက်လာမိသည်။


သူကပြန်ပြောလိုက်ပါ၏။ 


"မင်းလောက်တော့ကြည့်မကောင်းပါဘူး.."


ရှောက်မင်မျက်လုံးတို့က တောက်ပသွားတော့သည်။ 


"သိပြီ ဒီတော့မင်းက ကိုယ့်ကိုကြည့်ကောင်းတယ်လို့ထင်တယ်ပေါ့.."


ကျူးထုန်: "မင်းက ကြည့်ကောင်းပါတယ်.."


'ဇာတ်လိုက်ရဲ့ လရောင်ဖြူလေးမင်းက ကြည့်မကောင်းပဲရှိပါ့မလား'


'မင်းသာကြည့်မကောင်းရင် ကျောင်းမှာ နတ်ဘုရားဘယ်ဖြစ်ပါ့မလဲ'


'မင်းသာကြည့်မကောင်းရင် နို့လက်ဖက်ရည်ဆိုင်ရဲ့ အသက်လက္ခဏာ ဒီမျက်နှာလေးကို ဘယ်လိုသွားသုံးမှာလဲ'


ရှောက်မင်က အသာလေးမျက်လုံးမှေးလိုက်ပြီး သူ့မျက်လုံးတို့ကနက်မှောင်သွားတော့သည်။


ကျူးထုန်မှာ သူ့အကြည့်ကြောင့် ဒိတ်ကနဲရင်တုန်သွားခဲ့သည်။ 


"ဘာ...ဘာဖြစ်လို့လဲ.."


ရှောက်မင်က ပြုံးလာပါ၏။ 


"ဒါဆို မင်းမြင်ဖူးသမျှထဲမှာ ဘယ်သူကြည့်အကောင်းဆုံးလဲ.."


ကျူးထုန်: "....."


ကျူးထုန်မှာ ရှောက်မင်မျက်နှာပေါ်မှ "ငါ့ကိုချီးမွမ်းပေး" ဆိုသောစာကိုပင် မြင်နေရသည်။


ဒီလို ကိုယ့်ငါးချဥ်ကိုယ်ချဥ်တဲ့လူမျိုးရှိသေးတာလား။


သူက အခန်းထဲမှအခြားလူများကို လိုက်ကြည့်ပြီးမှ ရှောက်မင်ကိုပြန်ကြည့်လိုက်ပြီး တွန့်ဆုတ်ဆုတ်ဖြင့်ပြောလိုက်လေသည်။ 


"မင်းပေါ့.."


ရှောက်မင်က အထွန့်တက်လာ၏။ 


"စိတ်ရင်းကမလုံလောက်သေးဘူး.."


"....."


သူကဘာလို့သူ့ကို စိတ်ရင်းမမှန်ဘူးလို့ထင်နေရတာလဲ။


သူက လူငယ်လေး၏ခံစားချက်များမှာ မည်သည့်နေရာမှရောက်လာမှန်းမသိသော်လည်း ကျူးထုန်က တုံ့ခနဲဖြစ်သွားပြီး အလေးအနက်ဖြင့်ပြောလိုက်သည်။ 


"တကယ်၊ မင်းကငါတွေ့ဖူးသမျှထဲမှာ အချောဆုံးပဲ.."


လူတိုင်းကိုဆွဲဆောင်နိုင်တဲ့ဇာတ်လိုက်ထက်တောင်သာသေးတယ်။


ယင်းမှာ အမှန်တရားပင်။


ရှောက်မင်က ကျေနပ်သွားသည်။ သူ့နှုတ်ခမ်းလေးများက တွန့်ကွေးသွားကာ အကြည့်လွှဲသွားလေသည်။


 "ကောင်းပြီလေ၊ မင်းစစ်ဆေးပွဲကို ခက်ခက်ခဲခဲနဲ့အောင်မြင်သွားပါပြီ.."


ကျူးထုန်: "....."


'ခက်ခက်ခဲခဲအောင်မြင်တယ်...မဟုတ်ဘူး၊ နေပါဦး ငါကဘာကိုထပ်ပြီးအောင်မြင်သွားတာလဲ'


သူက ဘီယာကိုစုပ်သောက်နေသောရှောက်မင်အား သံသယဖြစ်နေသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။ ရုတ်ချည်းပင် တစ်ခုခုကိုသတိရသွားပုံဖြင့် ဘီယာဘူးမှတံဆိပ်ကိုငုံ့ကြည့်လိုက်သည်။ ပြည်တွင်းဖြစ် ဝိုင်။


"မင်း..မင်းအရက်လည်းသောက်တာပဲလား.."


ရှောက်မင်က ဘာမှမကျန်တော့သောဘီယာဘူးကိုလုံးချေပြီး အမှိုက်ပုံးထဲသို့လွှင့်ပစ်လိုက်သည်။ ထိုသူက ခပ်အေးအေးပင်ပြောလာပါ၏။ 


"ဘားမှာဒီလိုမျိုးမသောက်ဖူးဘူးလား၊ နေပါဦး မင်းကအရက်မှမသောက်တာ၊ လူလိမ္မာလေးပဲ.."


ကျူးထုန်: "....."


အရက်သောက်တာက အရေးကြီးတာမလို့လား။


သူတို့က အရက်သောက်ဖို့ ဘားကိုလာခဲ့တာမဟုတ်ဘူးလေ။


ယင်းနောက်...ကျူးထုန်က ရှောက်မင်ရှေ့မှစားပွဲကိုကြည့်လိုက်သည်။ သူအခုလေးတင် အမှိုက်ပုံးထဲပစ်လိုက်သော တစ်ဘူးကိုပါထပ်ပေါင်းကြည့်လိုက်ပါက ထိုသူသောက်နေသည်မှာ သုံးဘူးပင်ရှိနေလေပြီ။


၎င်းက တစ်ဘူးကို ABV ဆယ့်ငါးရာခိုင်နှုန်းစီပါနေ၏။


သို့ရာတွင် ထိုသူက လော့ရှိုး အရက်ဝယ်လာတည်းက အချိန်တိုအတွင်းမှာပင် အကုန်လုံးကိုသောက်ပစ်ခဲ့သည်။


ရှောက်မင် ပလက်စတစ်အိတ်ထဲမှ နောက်တစ်ဘူးထုတ်နေသည်ကိုမြင်သည့်အခါ ကျူးထုန်က ရှောက်မင်မယူနိုင်မှီ အရင်ဆွဲလိုက်သည်။ 


"တော်ပြီ.."


ရှောက်မင်ကမေးလေ၏။ 


"ဘာလို့လဲ..."


ကျူးထုန်: "......"


'ဘာလို့ပြန်မေးနေရသေးတာလဲ၊ အရက်သောက်တာကို ဒီအတိုင်းလွှတ်ပေးထားတာက ကောင်းတာမှမဟုတ်တာ'


သူက တည့်တိုးပင်အကြောင်းပြချက်ပေးလိုက်၏။ 


"မင်းက အသက်မပြည့်သေးဘူး.."


ရှောက်မင်က မျက်ခုံးပင့်လိုက်သည်။


 "ဒါပေမဲ့ ကိုယ်ကသောက်ပြီးနေပြီလေ.."


"ဒါဆို ထပ်မသောက်ရတော့ဘူး.."


သူမူးရင်ဘယ်လိုလုပ်မလဲ။


ရှောက်မင်က နှုတ်ခမ်းလေးများကိုတွန့်ကွေးကာ အပေးအယူလုပ်ချင်စိတ်မရှိသလိုမျိုးပြုံးပြနေလေသည်။


ကျူးထုန်က တဒင်္ဂခန့်တွေဝေနေကာ အဆောတလျင်ပြန်ဖြေလိုက်သည်။ 


"ဘာဖြစ်ဖြစ် မင်းထပ်မသောက်ရတော့ဘူး၊ မင်းထပ်သောက်ရင်...ငါပါလိုက်သောက်မှာနော်.."


ရှောက်မင်: "...

.."


အခန်းထဲမှ ကျန်သောလူသုံးယောက်: "....."


သူတို့အားလုံး ဆွံ့အနေခဲ့ကြသည်။ ယခုလိုခြိမ်းခြောက်မှုမျိုးက ပိုလွန်းနေ၏။


ကျူးထုန်မှာ ပြောပြီးမှနားလည်သွားခဲ့သည်။ အဓိပ္ပါယ်မရှိလိုက်တာ။


ရှောက်မင် အရက်သောက်တာက သူနဲ့ဘာဆိုင်လို့လဲ။


သူကဘာလို့ ရုတ်တရက်ကြီး ပြောလိုက်မိတာလဲ။


သို့ရာတွင် ရှောက်မင်က ပျော်နေပုံရပြီး သူ့မျက်လုံးလေးများပင် တောက်ပနေခဲ့သည်။ ထိုသူက ကြောက်လန့်သွားသလိုလုပ်ပြလာလေသည်။




🤒