Chapter 73
Viewers 18k

🤒အခန်း ၇၃




လော့ရှိုးမှာ မကြာသေးခင်က လုကျစ်ယွီထိုင်သွားသောနေရာကိုလှမ်းကြည့်လိုက်သည်။


 "လောင့်အာ့ ဘယ်ရောက်သွားတာလဲ၊ အသံသွင်းတာကစနေပြီလား.."


နောက်ဆုံးတော့ သူတို့ရှိနေသေးသည်ကို ကျူးထုန်တစ်ယောက်သတိထားမိသွားခဲ့သည်။


 "သူက ဖုန်းသွားပြောဦးမယ်တဲ့.."


လော့ရှိုး: "....."


'လောင်အာ့ကလည်းဖုန်းသွားပြောတာလား'


လော့ရှိုးက အခန်းအပြင်ဘက်ကိုလှည့်ကြည့်ကာမျက်မှောင်ကြုတ်လိုက်သည်။ 


"ဒီလောက်ကြာနေပြီကို ဘာလို့ပြန်မလာသေးတာလဲ၊ မဟုတ်မှ...သူ့မိဘတွေခေါ်တာများလား.."


ကျူးထုန်က ဇဝေဇဝါဖြစ်သွားခဲ့သည်။ 


"သူ့မိဘတွေနဲ့အဆင်မပြေလို့လား.."


အမျိုးသားနေ့အားလပ်ရက်မှာ သူတို့သားသမီးတွေအိမ်ပြန်မလာရင်မိဘတွေကဖုန်းခေါ်တာ ပုံမှန်ပဲမဟုတ်ဘူးလား။ 


လော့ရှိုး: "လောင်အာ့မိဘတွေအကြောင်း မင်းမသိပါဘူး...အာ..ထားလိုက်ပါတော့၊ အဲဒီအကြောင်းမပြောဘဲနေရအောင်.."


ကျူးထုန်: "....."


လူတစ်ယောက်ကို သိချင်လာအောင်လုပ်ပြီးမှ တန်းလန်းကြီးထားခဲ့တာမျိုးက အရမ်းရက်စက်တယ်။


သူ့ခမျာ ဘေးမှလူကိုသာလှည့်ကြည့်လိုက်ရသည်။


ရှောက်မင်က သူ့အတွက်သူ ဘီယာဘူးကိုဖွင့်ကာ တစ်ငုံခန့်သောက်လိုက်သည်။ ထို့နောက် သူ့အားလှည့်ကြည့်ကာပြုံးပြလာလေ၏။ 


"သိချင်လား.."


ကျူးထုန်က ချက်ချင်းမဆိုင်းခေါင်းညိတ်ပြလိုက်သည်။ 

"သိချင်တယ်.."


ရှောက်မင်: "သူ့မိဘတွေက သူအပြင်ထွက်ပြီးအလုပ်လုပ်တာကို လက်မခံကြဘူး.."


ကျူးထုန်: "ဘာလို့လဲ.."


ရှောက်မင်က နှုတ်ခမ်းဖိလိုက်၏။ 


"သူစာလေ့လာတာကို အနှောင့်အယှက်ဖြစ်မှာစိုးလို့လေ.."


ကျူးထုန်က ပိုပြီးနားလည်ရခက်သွားသလို မျက်မှောင်ကြုတ်လိုက်မိသည်။


လုကျစ်ယွီကအမြဲ အဆင့်နှစ်ရနေတာပဲမလား။ ဒါက ဘယ်လိုမဆီလျော်တဲ့အကြောင်းပြချက်ကြီးလဲ။


"ဟက်..ဘာကို 'စာလေ့လာတာကိုအနှောင့်အယှက်ဖြစ်မှာ' လဲ၊ အရှက်မရှိကြတာကိုများ.."

 á€œá€ąá€Źá€ˇá€›á€žá€­á€Żá€¸á€€ မပြောရမနေနိုင်တော့ပေ။ 


"ဟမ့်၊ ၂၀၂၂ ရောက်တော့မယ်၊ သူတို့သားအပြင်ထွက်ပြီးအလုပ်လုပ်တာကို သိက္ခာမရှိဘူးလို့ထင်တဲ့မိဘတွေကရှိနေတုန်း၊ လောင်အာ့ တစ်လကိုဘယ်လောက်ရလဲ၊ အဲဒီ ရှေးရိုးစွဲအိုကြီးအိုမတွေတောင် တစ်နှစ်ကို အဲဒီလောက်အများကြီးမရှာနိုင်ဘူး၊ သူတို့တွေးခေါ်တဲ့ပုံစံကို ငါတော့နားမလည်နိုင်တော့ဘူးကွာ၊ လောင်အာ့နဲ့ပတ်သက်လို့ ဘယ်နားက 'ရှက်စရာ' ရှိနေလို့လဲ.."


ကျူးထုန်စိတ်ထဲတွင်တော့ လော့ရှိုး၏ရှင်းပြချက်က သူမေးသောမေးခွန်း တစ်ခုကိုမှအဖြေပေးနေခြင်းမရှိပေ။ သူက ထပ်လောင်းပြီးသာဖြေလိုက်လေ၏။ 


"သူတို့က ဘာလို့ရှက်နေရတာလဲ.."


အလုပ်လုပ်တာက ဘယ်နေရာရှက်စရာကောင်းလို့လဲ။ ကိုယ့်အားကိုယ်ကိုးပြီးပိုက်ဆံရှာနိုင်တာက ဂုဏ်ယူစရာပဲမဟုတ်ဘူးလား။ အထက်တန်းကျောင်းတောင်မပြီးခင် မိသားစုအတွက် ပိုက်ဆံရှာနိုင်နေပြီလေ။


"လူနေမှုကဒီအတိုင်းဖြစ်နေရင်တောင် လူတိုင်းကတော့ အဲဒီလိုလိုက်မတွေးကြဘူး.." 


ရှောက်မင်ကပြုံးကာ ထပ်ဖြည့်ပြောလာသည်။


လုကျစ်ယွီမိသားစုအခြေအနေက သိပ်မကောင်းပေ။ သူတို့မှာ ထိုသူ ကလေးဘဝတည်းက ကျေးလက်တွင်နေလာခဲ့ကြပြီး "တိုးတက်သော" ကမ္ဘာကြီးအကြောင်းကိုလည်း အနည်းငယ်သာသိကြလေသည်။ သူတို့မှာ စာလေ့လာခြင်းကသာ ဆင်းရဲတွင်းထဲမှရုန်းထွက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဟု အမြဲတွေးခဲ့ကြသည်။


လော့ရှိုးကရှင်းပြလာ၏။


 "လောင်အာ့က မူလတန်း ဂျူနီယာအထက်တန်းကျောင်းတည်းက စာတော်တယ်၊ ကျောင်းမှာအမြဲပထမနေရာရတယ်၊ သူ့မိဘတွေကလည်း သူ့အဆင့်နဲ့ပတ်သက်လို့ သူဘယ်လောက်တော်တဲ့အကြောင်း ရွာထဲကလူတိုင်းကိုလိုက်ကြွားတတ်တယ်၊ အခြားလူတွေရဲ့ကလေးတွေကိုတောင် လိုက်လှောင်တတ်ကြတယ်၊ သူတို့ကိုယ်သူတို့ ပလ္လင်ထက်မှာစံမြန်းနေရသလိုပဲ၊ အဲဒါကပဲ လူတွေအများကြီးရဲ့ဒေါသကို ဆွပေးလိုက်တာပဲ..."


"နောက်တော့ လောင်အာ့က အထက်တန်းကျောင်းကိုရောက်သွားပြီး ပထမဆုံးစာမေးပွဲမှာတင် ဒုတိယနေရာဖြစ်သွားတယ်၊ သူ့မိဘတွေကလည်း ဂျူနီယာအထက်တန်းနဲ့ အထက်တန်းကျောင်းကြားက ပြိုင်ဆိုင်မှု ကွာခြားချက်ကဘယ်လောက်အထိကြီးတယ်ဆိုတာ မသိကြဘူး၊ လောင်အာ့အဆင့်ကျသွားတာလည်းမြင်ရော သူတို့က သူ့ကိုပထမနေရာပြန်ရအောင် ဖိအားပေးကြတယ်၊ ရှောက်မင်က အဆင့်တစ်ဖြစ်နေတော့ လောင်အာ့ကလည်း သူ့အဆင့်ကိုကျော်အောင်မလုပ်နိုင်ဘူးလေ၊ လောင်အာ့ကို လောင်အာ့လိုခေါ်တာကလည်း အဲဒါကြောင့်ပဲ.."


ကျူးထုန်: "....."


"ရွာကလူတွေက လောင့်အာ့နဲ့သူ့မိသားစုကို မနာလိုဖြစ်ကြတယ်၊ သူ့အဆင့်တွေကျလာတယ်လို့လည်းကြားတဲ့အပြင် မြို့မှာနေတဲ့တစ်ယောက်က သူ အင်တာနက်ကဖေးကို အဝင်အထွက်လုပ်နေတာမြင်သွားတယ်၊ အခွင့်ကောင်းယူကြတာပေါ့၊ လောင်အာ့က အထက်တန်းရောက်မှ အဆင့်တွေကျသွားတာက အင်တာနက်ကဖေးကိုအဝင်အထွက်လုပ်နေလို့ဆိုပြီး ဖွပစ်လိုက်ကြရော၊ ပိုပြီးခံပြင်းစရာကောင်းတာက သူ့မိဘတွေကလည်းယုံကြတာကိုပဲ၊ ပြီးတော့ မြို့ကိုတက်လာပြီး သူ့ကိုအသည်းအသန်လာရှာကြတယ်၊ သူဘားအပြင်ကိုရောက်နေတုန်း တည့်တည့်တိုးတော့တာပဲ.."


ကျူးထုန်: "......"


ရွာမှ အိမ်နီးချင်းများ၏ လှောင်ပြောင်အထင်သေးမှုများနှင့် သူတို့မှ အခြားသူများအပေါ်လုပ်ခဲ့သမျှ ဝဋ်လည်မှုများအပြင် သူတို့သားဖြစ်သူ စာမေးပွဲတွင် အဆင့် "ကျ" သွားမှုများ၊ အဆိုးရွားဆုံးက သူတို့သား ဘားအပြင်ကိုထွက်လာချိန်တွင် ဆုံမိကြခြင်းပင်ဖြစ်သည်။


လုကျစ်ယွီမှာ နေရင်းထိုင်ရင်း မြစ်ဝါမြစ်ထဲသို့ခုန်ချကာ သူ့အပြစ်တို့ကိုဆေးကြောလျှင်ပင် မပြောင်နိုင်မည့် ရွှံပေနေသူအဖြစ်သို့ရောက်သွားခဲ့ရသည်။


"ပြီးတော့ လောင်အာ့မိဘတွေကလည်း သူ့ကိုစာမလုပ်ဘူး၊ သူတို့လက်နဲ့ရှာထားတဲ့ပိုက်ဆံတွေကိုယူပြီး အင်တာနက်ဆိုင်သွားလိုက်၊ ကလပ်တက်လိုက်လုပ်နေတယ်လို့ ထင်သွားကြရော၊ အတော်ပဲဖြစ်သွားတာပေါ့၊ သူတို့က လောင်အာ့ရဲ့ အသုံးစရိတ်တွေကိုဖြတ်ပစ်လိုက်ကြတယ်လေ၊ လောင်အာ့ ဘယ်လောက်ပဲရှင်းပြပါစေ အသုံးမဝင်တော့ဘူး.."


"....."


ယင်းက "စစ်သည်တော်" တစ်ယောက်နှင့်ရင်ဆိုင်နေရသောစာသင်သားနှင့်တူနေသည်။ သူမည်မျှ ရှင်းပြပါစေ၊ တဖက်က နားမလည်ပေ။


ကျူးထုန်ကမေးကြည့်လိုက်သည်။


 "ဘာလို့ သူ့မိဘတွေကိုရှင်းပြပေးပါလို့ ဆရာ့ကိုအကူအညီမတောင်းတာလဲ.."


သူ စာတော်တော် မတော်တော် ဆရာတွေရှင်းပြပေးလိုက်ရင် မိဘတွေကနားလည်သွားမှာပဲမလား။ နားလည်ပေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးလေ။ ဟုတ်တယ်မလား။


၎င်းကိုကြားရသည့်အခါ လော့ရှိုးက ပိတ်ထားသောအခန်းတံခါးကိုကြည့်ကာ အသံနှိမ့်လိုက်လေသည်။ 


"ငါ့စိတ်ထဲမှာတော့ လောင်အာ့ကတမင်တကာလုပ်တယ်လို့ထင်တာပဲ.."


"တမင်တကာ.."


"လောင်အာ့က ကလေးတည်းက သီချင်းတွေကိုကြိုက်ခဲ့တာ၊ ဒါပေမဲ့ သူ့မိဘတွေကတော့ သူစာလေ့လာတာကို အနီးကပ်စောင့်ကြည့်ခဲ့ကြတာလေ၊ တစ်ခါကဆိုရင် လောင်အာ့က သူ့မိဘတွေကို သူကဂီတကိုဝါသနာပါတယ်လို့ ပြောဖူးတယ်၊ သူ့မိဘတွေက ချက်ချင်းပဲ အသည်းအသန်ကန့်ကွက်ကြတော့တာပဲ၊ သူတို့က တေးဂီတပိုင်းဆိုတာ ကြာရှည်မခံဘူး၊ ပိုက်ဆံလည်းသိပ်မရဘူးလို့ထင်ကြတာလေ၊ ဒီတော့ သူ့ကိုဆူကြတာပေါ့၊ ပြီးလည်းပြီးရော သူပွဲဦးထွက်ဖို့ဆိုပြီး သူလက်နဲ့ရေးထားတဲ့ သီချင်းစာရွက်တွေကို ခိုးပြီးမီးရှို့လိုက်ကြရော.."


ကျူးထုန်: "...."


"အဲဒါကြောင့် လောင်အာ့က နည်းနည်းဖြစ်ဖြစ် မသိမသာလေး ပုန်ကန်တာပေါ့၊ သူ့မိဘတွေက သူနေထိုင်တဲ့အသုံးစရိတ်တွေကိုဖြတ်တောက်လိုက်တာလည်း သူ့အတွက်တမျိုးကောင်းသွားတာပါပဲ၊ သူက သူ့အားသူကိုးပြီး သီးခြားရပ်တည်နိုင်တယ်လေ.."


ကျူးထုန်ကခေါင်းငုံ့ကာ ဖျော်ရည်ကိုတစ်ငုံသောက်လိုက်သည်။


လုကျစ်ယွီက အပတ်တိုင်း အချိန်ပိုင်းအလုပ် အမြောက်အများလုပ်နေခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သူနေထိုင်ရန်အတွက်သာမက ကျူရှင်ခများကိုလည်းပေးရသေးသည်။ သူ့ရွေးချယ်ထားသည့် တက္ကသိုလ်ကိုသွားချင်လျှင်ပင် ကုန်ကျစရိတ်များအတွက် သူ့ကိုယ်သူပင်အားကိုးရပေမည်။


"ဒါဆို အခု သူ့မိဘတွေကဘာလို့ဖုန်းခေါ်တာလဲ..."


"နောင်တရလို့လေ.." 

လော့ရှိုးက မဲ့ရွဲ့ပြကာဆိုလေသည်။ 


"လောင်အာ့ကပိုက်ဆံရတော့ သူ့မိဘတွေဆီကိုလည်းပို့ပေးတာပေါ့၊ ရလဒ်ကတော့ သူနေတဲ့နေရာက အိမ်နီးချင်းတွေက တနေကုန် ပေါက်ပန်းလေးဆယ်တွေပြောကြရော၊ အိုကြီးအိုမလင်မယားက သူတို့သားကို ဂရုမစိုက်ဘဲရက်စက်ကြတယ်တို့၊ လောင်အာ့ရှာထားတဲ့ငွေတွေက မသန့်ဘူးတို့၊ မကောင်းတာတွေ လုပ်ဖို့ဖိအားပေးခံရတော့ အနှေးနဲ့အမြန် ထောင်ထဲရောက်မှာပဲတို့၊ ကျစ်၊ အဲဒီလူအိုကြီးတွေက အမြင်ကျဥ်းတော့ အဲဒီစကားတွေကိုအဟုတ်မှတ်ပြီး လောင်အာ့ကိုအပြစ်တင်တာနဲ့တင်အဆုံးသတ်သွားကြရော၊ ငါလောင်းရဲတယ်၊ သူတို့က သူ့ကိုပြန်ခေါ်နေတာ၊ အဲဒါမှ မျက်နှာကိုအဖတ်ဆယ်လို့ရမှာ.."


"....."


ကျူးထုန်မှာ ယခင်က ယခုလိုလူမျိုးကိုတစ်ခါမှမမြင်ဖူးပေ။ သူ့ခမျာ တဒင်္ဂခန့် မည်သည့်စကားမျိုးပြောရမှန်းမသိဖြစ်နေခဲ့သည်။


သူ့အတွက် ယခုအကြိမ်မှာလူတစ်ယောက်က သဘောကောင်းလျှင်ပင် အခြားသူများထံမှ ဝေဖန်ခံရနိုင်လောက်ကြောင်း ပထမဆုံးသိလိုက်ရခြင်းပင်ဖြစ်ပေ၏။


ထိုသို့ ကောင်းပေးမှုက အစစ်အမှန်မဟုတ်ဘဲ အတုအယောင်ဟု ခံစားရ၍လည်းဖြစ်နိုင်သည်။ သူတို့မမြင်နိုင်သည့်နောက်ကွယ်တွင် အပေးအယူသဘောတစ်ခုရှိနေသည်ဟု ထင်မိ၍လည်းဖြစ်နိုင်သည်။ ယခုလိုအဖြစ်မျိုးက ဖြစ်နိုင်စရာအကြောင်းမရှိဟုလည်း ထင်မိနိုင်သည်။ ထို့ကြောင့် "ယုံကြည်စရာကောင်းသည်" ဟုမခံစားရခင်အထိ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ယုံတမ်းစကားများကြား၌ ပတ်ချာလည်နေခဲ့ကြခြင်းဖြစ်လိမ့်မည်။


သူတို့က လုကျစ်ယွီလို အထက်တန်းကျောင်းသားတစ်ယောက်မှ သူ့ကိုယ်သူထောက်ပံ့ရန်နှင့် သူ့မိသားစုကို ပိုက်ဆံပင်ပြန်ပို့ပေးနိုင်သည်အထိ ပိုက်ဆံရှာနိုင်သည်မှာ မဖြစ်နိုင်ဟုထင်ခဲ့ကြသည်။ သူတို့က ၎င်းပိုက်ဆံများ၏အရင်းအမြစ်ကို သံသယရှိလာသောကြောင့် အခြေအမြစ်မရှိသောကောလဟလတို့ကို စတင်ဖြန့်ပစ်ခဲ့ကြသည်။


သူ့မိဘများပင် သူ့အားမယုံကြည်ကြပေ။


ကျူးထုန်ကမူ ယနေ့ သူအသစ်အဆန်းတစ်ခုသင်လိုက်ရပြီဟုခံစားရသည်။


သူက ဖျော်ရည်ကို နောက်တစ်ငုံထပ်သောက်လိုက်သည်။


အတန်ကြာမှ ကျူးထုန်က ရုတ်တရက်တစ်ခုခုကိုတွေးမိသွားပြီးမှ ထပ်ပြောလာ၏။ 


"ဒီတော့ သူက မိဘတွေဖုန်းခေါ်လို့အပြင်ထွက်ပြော..."


သူထပ်ပြီး ပါသွားမှာတော့မဟုတ်ဘူးမလား။


"စိတ်မပူနဲ့.." 

ရှောက်မင်က စားပွဲပေါ်မှဘီယာကိုအပြီးမော့လိုက်သည်။ 


"လောင်အာ့ကစိတ်မာတယ်၊ အခေါ်ခံရတာနဲ့ ဖုန်းချလိုက်မှာ.."


ကျူးထုန်: "ဒါဆို ထွက်သွားတာဒီလောက်ကြာနေပြီကို ဘာလို့ ပြန်မလာသေးတာလဲ.."


ရှောက်မင်: "..."


ထိုဘား၏နောက်ထပ် သီးသန့်ခန်းတစ်ခုတွင် အမျိုးသမီးတစ်ယောက်က အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။ အမျိုးသမီးမှာ ဇာဖြင့်လုပ်ထားသော လှိုင်းတွန့် ဒူးဖုံး၊ လက်ပြတ်ဂါဝန်ကိုဝတ်ထားပြီး ရှည်လျားသော ဆံပင်ကောက်ကောက်လေးများရှိလေ၏။ သူမက လက်မြှောက်ကာ ရှေ့ဆံပင်လေးများကိုလိမ်နေလေသည်။


"သူဌေးချန်က အတော်လေး သိက္ခာရှိပြီး ဒီလိုသန့်ရှင်းတဲ့နေရာမျိုးကိုရွေးလိမ့်မယ်လို့မထင်ထားခဲ့ဘူး.."


နောက်ထပ်လူတစ်ယောက်က တုံ့ပြန်လာသည်။ 


"မမလေးကျန်းရဲ့အကြိုက်နဲ့တော့ကိုက်မှာမဟုတ်ပါဘူး၊ ခန့်မှန်းထားတာနဲ့လွဲချော်သွားရင်တော့ စိတ်မကောင်းပါဘူးဗျာ.."


ကျန်းဝမ်က အဓိပ္ပါယ်တစ်မျိုးဖြင့်ပြုံးလာခဲ့သည်။ 


"မဟုတ်ပါဘူး၊ ငါဒီလိုမျိုး လူများတဲ့နေရာမျိုးကိုမရောက်ဖြစ်တာ အရမ်းကြာခဲ့ပြီ၊ အပြောင်းအလဲဖြစ်သွားတာပေါ့.."


အမျိုးသားကခေါင်းညိတ်ပြ၏။ 


"မမလေးကျန်း တစ်ခုခုသောက်ဦးမလားဗျ.."


ကျန်းဝမ်: "ငါက A မြို့ကနေ E မြို့အထိလာပြီး နင့်ကိုရှာရတာ၊ နင်နဲ့အတူသောက်ဖို့မဟုတ်ဘူး ချန်ချန့်.."


သီးသန့်ခန်းထဲမှ နောက်ထပ်အမျိုးသားမှာ ချန်ချန့်ဖြစ်နေလေ၏။


ချန်ချန့်က မျက်ခုံးပင့်ကာ အသံတိတ်နေလေသည်။


ကျန်းဝမ်က တိုက်ရိုက်သာပြောလိုက်ပါ၏။ 


"ငါနောက်တစ်ကြိမ်ကမ်းလှမ်းမယ်၊ နင်ငါနဲ့တစ်ခါအိပ်ဖို့သဘောတူရင် နင်လိုချင်တဲ့ရင်းနှီးမြုပ်နှံမှုကို နှစ်ဆတင်ပေးမယ်.."


ချန်ချန့်က အနည်းငယ်ရှက်သွားပုံရသည်။ 


"ဒီတော့ မမလေးကျန်းမျက်လုံးထဲမှာ ကျွန်တော်က ဒီလောက်ပဲတန်တယ်ပေါ့.."


ကျန်းဝမ်က သူ့ကိုပြက်ရယ်ပြုလေ၏။ 


"ဒါဆို နင်ကဘာလိုချင်လို့လဲ.."


ချန်ချန့်က ခပ်အေးအေးသာပြောလိုက်သည်။ 

"ကျွန်တော်က ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုအကုန်လုံးကိုလိုချင်တာ၊ ခင်များပေးမှာလား.."


ကျန်းဝမ်: "......"


ကျန်းဝမ်က ချက်ချင်းပင် နှုတ်ခမ်းစူကာရန်တွေ့လေ၏။ 


"နင်ငါနဲ့မအိပ်ချင်ရင် ဒီတိုင်းပြောလိုက်...ထားလိုက်တော့၊ အလုပ်အကြောင်းပဲပြောရအောင်.."


သူမက စီးပွားရေးဆန်သောအပြုအမူအရ ခြေထောက်ကိုချိတ်ထိုင်လိုက်သည်။


ချန်ချန့်က ပြုံးကာတုံ့ပြန်လိုက်၏။ 


"အိုကေ၊ ဒါဆိုလည်း.."


သူပြောရုံရှိသေးစဥ် အခန်းအပြင်ဘက်မှ "ဘန်း" ဟူသောအသံက ရုတ်တရက်ပေါ်လာခဲ့သည်။ အခန်းက မည်မျှအသံလုံသည်ဖြစ်စေ၊ ပစ္စည်းကျကွဲသွားသောအသံကို မတားနိုင်ပေ။


ချန်ချန့်က အခန်းတံခါးဝကိုလှမ်းကြည့်လိုက်သည်။


ကျန်းဝမ်က ရုတ်တရက် ထူးထူးဆန်းဆန်းပြုံးကာ ပြောလိုက်လေ၏။ 


"သူဌေးချန်ရှာထားတဲ့ သာမန်ဘားကလည်း သိပ်မသန့်ဘူးထင်ပါတယ်.."


_______


ကျူးထုန်နှင့်ကျန်သူများမှာ အသံကြားသည်နှင့် ဘား၏လျှောက်လမ်းပေါ်သို့ ချက်ချင်းပြေးထွက်လာခဲ့ကြ၏။ အချိန်ကိုက်လေးပင် လူတစ်ယောက်က ရှက်ရွံ့နေသောမျက်နှာဖြင့် ကြမ်းပြင်နှင့်ကပ်နေသောနံရံမှ ကုန်းရုန်းထနေလေသည်။


ကျူးထုန်က ခေါင်းငုံ့ကာ ထိုပုဂ္ဂိုလ်ကိုကြည့်လိုက်သည်။ သူမျက်လုံးပင့်ကြည့်လိုက်ချိန်မှာပင် ဘေးဘက်သီးသန့်အခန်းမှ လူတစ်ယောက်ကလည်း ပြိုင်တူတံခါးဖွင့်လာပြီး ထိုအပြင်ထွက်လာသူကိုမြင်သည်နှင့် သူမသိမသာလေးတုံ့ဆိုင်းသွားတော့သည်။


သူ့ရဲ့ဝမ်းကွဲအစ်ကိုက ဘာလို့ဒီရောက်နေတာလဲ။


သူ့ကိုလာစစ်တာတော့မဟုတ်ဘူးမလား။


သူမထွက်လာခင်က အဒေါ်ဖြစ်သူမှာ အပြင်ထွက်လည်လျှင် အရက်မသောက်ရန် အတန်တန်မှာထားခဲ့သည်။ ယခုတော့ သူ၏ဝမ်းကွဲအစ်ကိုက သူရှောင်းရှင်းအား ဘားခေါ်လာသည်ကိုသိသွားခဲ့ပြီ။


ကျူးထုန်မှာ ကြောင်အသွားလေ၏။ မသိစိတ်အရ သူ့ကိုယ်သူကျုံ့ကျုံ့လေးဖြစ်အောင်လုပ်လိုက်မိပြီး ရှောက်မင်၏ကြီးမားနေသောကိုယ်အပေါ်ပိုင်းကို အခွင့်အရေးယူကာပုန်းနေလိုက်လေသည်။


သူ့အနောက်မှလိုက်ထွက်လာသော ကျူးရှင်းမှာလည်း အံ့ဩသွားတော့၏။ 


"ကော နင်..."


"ရှူး..."


ကျူးထုန်က နှုတ်ခမ်းပေါ်လက်တင်ကာ သူမကိုအရိပ်အချည်ပြလိုက်သည်။ တချိန်တည်းမှာပင် ချန်ချန့် သူတို့ကိုမမြင်ရစေရန် ရှောက်မင်ကိုဆွဲပြီးကာထားလိုက်၏။


လော့ရှိုးက အခန်းထဲမှထွက်လာကာ ရင်ချင်းကပ်နေသောလူသုံးယောက်ကိုမြင်သွားခဲ့သည်။ 


"မင်းတို့တွေ...ဘာကိစ္စ မက်သရိုရှကာအရုပ်တွေလို[matryoshka] ပူးကပ်နေကြတာလဲ..."

[ပုံစံတူအရုပ်တွေကိုကြီးစဥ်ငယ်လိုက်ထည့်ထားတဲ့ဂျပန်အရုပ်တွေပါ]


ကျူးထုန်: "....."


ရှောက်မင်က ကျူးထုန်ပုခုံးကို လက်ဖြင့်ဖက်ထားပြီး ကျူးထုန်ကမူ ကျူးရှင်းပုခုံးကို လက်ဖြင့်ပြန်ဆွဲထားသည်။ ကျူးထုန်ကိုယ်တိုင်မှလွဲပြီး ကျန်နှစ်ယောက်မှာ နားမလည်ကြသေးပေ။


ကျူးထုန်မှာ လော့ရှိုးကိုပါဆွဲခေါ်ရန် အဆင်မပြေပေ။ သူ့ဝမ်းကွဲအစ်ကိုဘက်ကိုလှည့်ကြည့်လိုက်ပြန်ရာ ထိုသူက သူတို့ဘက်ကိုကြည့်မနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း မျက်နှာချင်းဆိုင် လျှောက်လမ်းမှ အသံလာရာဘက်ကိုမူကြည့်နေဆဲပင်။ 


သူတစ်ယောက်တည်းဖြစ်ပုံရပြီး လုကျစ်ယွီကမူ သူတို့နှင့်မဝေးသောနေရာတွင်ရပ်နေကာ လူအများအပြားက သူ့အားဝိုင်းထားကြလေ၏။


သူတို့ထဲမှတစ်ယောက်က အော်ဟစ်လာသည်။


 "လုကျစ်ယွီ မင်းမှာ လူရိုက်ဖို့ သောက်သတ္တိရှိသေးတယ်ပေါ့၊ မင်းအနုပညာကုမ္ပဏီထဲဝင်ဖို့ အခွင့်အရေးရအောင် ဘယ်သခင်လေးကို မင်းခစားခဲ့ရတယ်ဆိုတာ မသိတဲ့သူရှိလို့လား၊ ပြီးတော့ မင်းကို ကုမ္ပဏီကကန်ထုတ်လိုက်တော့ မင်းထွက်သွားတယ်၊ အခုတော့ ဘားကိုပြန်ပြေးလာပြီပေါ့၊ ဘာအတွက်လဲ၊ ခစားစရာသခင်လေးအသစ်ရသွားလို့လား၊ ပွတာပဲ၊ မင်းမှာ စပွန်ဆာရှိသွားပြီပေါ့၊ ဆုံးဖြတ်ပြီးရင်လည်း ဘာလို့သီချင်းရွေးနေသေးလဲ၊ ငါမင်းကို ဆုလာဘ်အနေနဲ့ ငွေအလကားပေးမယ်လေ...ဘယ်လိုလဲ.."


ထိုအမျိုးသား၏စကားမဆုံးခင်မှာပင် လုကျစ်ယွီက အေးစက်နေသောမျက်နှာဖြင့် ရှေ့တိုးသွားလေ၏။


"အားလုံးတွေ့ကြတယ်နော်၊ သူအရင်ငါ့ကို..ထိုးတာ.."


တချိန်တည်းမှာပင် လူအများအပြားက လုကျစ်ယွီကိုဝိုင်းလာကြလေသည်။


"ဖာ့ခ် ငါးယောက်တစ်ယောက်တဲ့၊ အရှက်မရှိချက်.." 


လော့ရှိုးက ဆဲဆိုပြီး ရှေ့ဆုံးကနေပြေးထွက်သွားသည်။


မကြာမီ ရှောက်မင်ကလည်း လိုက်သွားပြီး ရန်ပွဲကကြီးမားလာ၏။ သို့ရာတွင် ရှုံးမည့်သူနှင့်နိုင်မည့်သူကို သံသယဖြစ်စရာမလိုပေ။ လူငါးယောက်က လူသုံးယောက်ထံမှ လှဲသိပ်ခံလိုက်ရပြီး ပြန်ချရန်အားမရှိကြတော့ပေ။


ရန်ပွဲပြီးသွားသည့်နောက် ကျူးထုန်က ကျူးရှင်းကိုဆွဲခေါ်သွားတော့သည်။


"ရရဲ့လား.."


ရှောက်မင်က ယခုလေးတင် လူတစ်ယောက်၏မျက်နှာကိုပိတ်ထိုးထားသော လက်ကောက်ဝတ်အားလှုပ်ကြည့်လိုက်၏။ ထို့နောက် ပြုံး၍ပြန်ဖြေသည်။ 


"ရပါတယ်၊ မကြောက်ပါနဲ့.."


ကျူးထုန်က သူ့ကိုစိုက်ကြည့်လိုက်သည်။


 "ဘယ်သူကကြောက်နေလို့လဲ.."


ယွမ်ရှောင်ကျိုးနဲ့တခြားလူတွေချနေတုန်းကလည်း ငါမစိုးရိမ်ခဲ့ပါဘူး၊ အိုကေလား။


ရှောက်မင်: "မင်းကြောက်နေတယ်မလား၊ အခုလေးတင် မင်းကို ကိုယ့်လက်မောင်းထဲမှာပုန်းနေရအောင်လုပ်လိုက်တာဘယ်သူလဲ.."


ကျူးထုန်: "...."


အခန်းအပြင်ဘက် ခန်းမအလယ်တွင် လူအချို့စုနေသည်ကိုမြင်သွားပြီး မူလကစိတ်ဝင်စားမှုပျောက်နေခဲ့သော ကျန်းဝမ်းမျက်လုံးတို့က အရောင်လက်သွားခဲ့သည်။ 


"ချန်ချန့် နင်က နင့်ကိုယ်နင်အတွက်တော့ တွေးတတ်သားပဲ၊ ဒီလူချောလေးတွေကို ငါမခေါ်သွားခင် နင်ကကြိုတင်လက်ဦးမှုယူထားတယ်ပေါ့လေ ဟုတ်ရဲ့လား၊ နင်ကတကယ်တွေးတတ်တာပဲ.."


ချန်ချန့်တုံ့ဆိုင်းသွားကာ အကြည့်ပြန်လွှဲလိုက်သည််။ 


"မကြည့်နဲ့တော့၊ အဲဒီမှာဖြစ်ပျက်နေတာတွေကို ခင်ဗျားကြည့်လို့မရဘူး..."


ကျန်းဝမ်: "ဘာလို့လဲ.."


ချန်ချန့်က ပေါ့ပေါ့ပါးပါးပင်ပြောလာခဲ့သည်။ 


"ဘာအကြောင်းကြောင့်မှမဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့ကျန်းမိသားစုကို ဒေဝါလီမခံသွားရစေချင်ရင် သူတို့နဲ့သွားမပတ်သက်တာအကောင်းဆုံးပဲ၊ ကျွန်တော်အရင်ပြန်နှင့်ပြီ၊ ရင်းနှီးမြုပ်နှံမှုကိစ္စကတော့ ခင်ဗျားစဥ်းစားထားလိုက်ဦး.."


ကျန်းဝမ်: "....."


သူတို့ ရင်းနှီးမြုပ်နှံမယ့်ကိစ္စကိုမပြောရသေးဘူးထင်တယ်နော်။ ဒီလူက စီးပွားရေးကိစ္စပြောဖို့လာတာလား။ ရက်စက်လွန်းတယ်လို့မထင်ဘူးလား။


ကျူးထုန်က ရှောက်မင်လက်မောင်းထဲတွင် ပုန်းနေခဲ့မိသည်ကိုနားလည်သွားချိန်တွင် သူနှင့်သူ့ဝမ်းကွဲအစ်ကိုကြားမှ "သံချပ်ကာ" ပျောက်သွားကြောင်း သတိပြုမိသွားပြီး လှည့်ကြည့်လိုက်သည်။ သူ၏ဝမ်းကွဲအစ်ကိုက ထိုနေရာတွင်ရှိမနေတော့ပါချေ။


ကျူးထုန်: "....."


_____


စာရေးသူမှာပြောစရာရှိပါတယ်။



🤒