Chapter 72
Viewers 18k

🤒အခန်း ၇၂




လွန်ခဲ့သောနာရီဝက်က ကျူးမိသားစုဗီလာတွင်။


အိမ်ဝယ်ထားသောကိစ္စကြောင့် ကျူးရှို့ရှန်းမှာ ဒေါသပုန်ထနေလေသည်။ ချင်မန်ဝမ်မှာ ကျည်ဆံကိုက်ကာ ထိုသူကိုမျက်နှာချင်းဆိုင်ရင်း ၎င်းအိမ်ဝယ်ထားသောကိစ္စကိုသူမလုံးဝမသိပါကြောင်း ငြင်းဆိုနေခဲ့သည်။


ကျူးရှို့ရှန်းက သူတို့ကို တစ်ကြိမ်လေးပင် မယုံကြည်ခဲ့ပေ။ အဆိုးရွားဆုံးသောကိစ္စမှာ သူ့နောက်ကွယ်၌အိမ်တစ်လုံးဝယ်ထားခဲ့ခြင်းပင်ဖြစ်သည်။ ကျူးထုန်မတော်တဆမှုပြီးသည့်နောက်ပိုင်း သူ၏သတိကြီးမှုက ယခင်ကထက်ပိုကြီးမားလာခဲ့သည်။ ထိုအခိုက်အတန့်မှာပင် အိမ်ဝယ်ထားသည့်ကိစ္စကိုရုတ်တရက်သိလိုက်ရသည့်အခါ ထိုသူက သူမသိသေးသောကိစ္စအားလုံးပေါ်လာသည်အထိ သေချာပေါက် လိုက်စုံစမ်းပေလိမ့်မည်။


"အရစ်ကျငွေချေထားတာက မင်းရဲ့ကတ်ထဲကနေပဲလေ၊ ဒါတောင်မှ မင်းကမသိပါဘူးလို့ငြင်းနေတုန်းလား.."


ကျူးရှို့ရှန်းက ၎င်းဆင်ခြေကို မယုံရေးချမယုံပါချေ။ သူမက ယခုလေးတင်ချင်ကျွင်းဟုန် အကြောင်းပြလာသည့်အတိုင်း တထပ်တည်းပင်ရှင်းပြလာခဲ့သည်။


ရှေ့မတိုးသာနောက်မဆုတ်သာအနေအထားတွင် သူက ယခုကိစ္စအတွက် လူတစ်ယောက်ကိုခေါ်ပြီးစုံစမ်းခိုင်းတော့မည့်အချိန်၌ ရင်းနှီးနေသောလူငယ်လေးတစ်ယောက်က ရုတ်တရက် ဂိတ်ဝသို့လျှောက်လာပြီးကျယ်ကျယ်လောင်လောင်ဖြင့်အော်ဟစ်လိုက်လေသည်။ 


"ကျွန်တော့်အမေက ဒီကိစ္စကိုတကယ်မသိပါဘူး၊ အိမ်ဝယ်ခဲ့တာ ကျွန်တော်နဲ့ဦးလေးပါ.."


ချင်ကျွင်းဟုန် ဂိတ်ဝတွင်ရပ်နေပြီး အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးမှ အထဲသို့ဆက်ဝင်လာခဲ့သည်။


ကျူးရှို့ရှန်း၏မျက်နှာက မည်မျှဒေါသထွက်နေကြောင်းကို ဖော်ပြနေ၏။ 


"မင်းကဝန်ခံတယ်ပေါ့.."


ချင်မန်ဝမ်ကလည်း ဆိုဖာမှထရပ်လိုက်သည်။ သူမမျက်လုံးတို့က နီရဲနေဆဲ။ သူမက ထိတ်လန့်နေသောအသံဖြင့်ခေါ်လာခဲ့သည်။ 


"ကျွင်းဟုန်.."


ချင်ကျွင်းဟုန်: "ကျွန်တော်ဝန်ခံလိုက်တော့ ဘာဖြစ်လဲ၊ ကျွန်တော်အိမ်ဝယ်ခဲ့တယ်ဆိုတာအမှန်ပဲ၊ ကျွန်တော်က ကျွန်တော့်အမေအတွက် လမ်းခင်းပေးလိုက်တာလေ၊ မှားနေလို့လား.."


ကျူးရှို့ရှန်း မျက်မှောင်ကြုတ်သွားပြီး မေးခွန်းထုတ်လာ၏။ 


"လမ်းခင်းပေးတယ် ဟုတ်လား.."


ချင်ကျွင်းဟုန်က ချင်မန်ဝမ်ကိုဖျတ်ခနဲကြည့်ပြီး ရုတ်တရက်ရယ်လိုက်သည်။ 


"ဦးလေးကျူး၊ အိမ်က သန်းနည်းနည်းပဲတန်တာပါ၊ ဒီလောက်ပမာဏလေးနဲ့ ကျွန်တော့်အမေကိုဒေါသထွက်နေတယ်၊ သူကဦးလေးရဲ့ မိန်းမပဲမဟုတ်ဘူးလား.."


"...."


"ကျွန်တော့်အမေ ဦးလေးကိုလက်ထပ်လိုက်ကတည်းက သူ့ကိုပေးရမှာပဲလေ၊ ဦးလေး သူ့ကိုဘာများဝယ်ပေးဖူးလဲ၊ အဝတ်အစား၊ လက်ဝတ်လက်စား၊ တစ်ခုမှမဝယ်ပေးခဲ့ဘူးဗျ၊ သူ့ကိုကတ်တစ်ကတ်ပဲပေးထားခဲ့တယ်၊ ကြိုက်တာဝယ်ခိုင်းခဲ့တယ်၊ ပြီးတော့ သူဝယ်ရင်ရောယုံကြည်ခဲ့လား၊ လွန်ခဲ့တဲ့နှစ်နှစ်က သူ့သူငယ်ချင်းတွေနဲ့ ဒီဇိုင်နာကိုယ်တိုင်ချုပ်တဲ့ ယွန်တစ်သိန်းတန်အိတ်လေးတစ်လုံးဝယ်တာတောင် ဦးလေးသူ့ကိုအသုံးစရိတ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်နေခဲ့တာလေ၊ သူအဲဒီအိတ်ကိုဘာအတွက်ဝယ်တာလဲ သိလား၊ ဦးလေးရဲ့မျက်နှာအတွက်၊ ဟုတ်တယ်၊ အခြားလူတွေအမြင်မှာ ဦးလေးသူ့အပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာသိစေချင်လို့ ဝယ်ခဲ့တာဗျ.."


ချင်ကျွင်းဟုန်က သာမန်ချဥ်းကပ်ပုံနည်းလမ်းကိုပြောင်းလဲလိုက်ပြီး တံခါးမှဝင်လာသည်နှင့် တရစပ် ပြစ်တင်ကြိမ်းမောင်းပစ်လိုက်သည်။


အိမ်ဝယ်ထားသည့်အကြောင်းကို ဖုံးကွယ်ထားရန်ရော ရှင်းပြရန်ပါနောက်ကျသွားခဲ့ပြီဖြစ်၍ သူလုပ်ခဲ့သည့် "အပြစ်" ကို ပေါ့လျော့သွားအောင်ဖန်တီးရန်သာရှိတော့သည်။


ကျူးရှို့ရှန်း ငြိမ်သွားသည့်အခါ သူဆက်ပြောလိုက်သည်။ 


"ဒါပေမဲ့ ဦးလေး သူ့အပေါ်မှာ တကယ်ကောင်းပေးခဲ့လို့လား၊ ဒီလောက်နှစ်တွေအများကြီးကြာခဲ့တာတောင် သူ့ကိုဂရုစိုက်ခဲ့လား၊ သူက ဦးလေးရဲ့လူမမာသည် သားနဲ့ ပြောဆိုရခက်တဲ့သမီးကို စောင့်ရှောက်ပေးခဲ့တယ်၊ ကျူးထုန်ကို ဆရာဝန်နဲ့တွေ့လို့ရအောင်ခေါ်သွားပေးတယ်၊ ရှောင်ရှင်းကျူရှင်တက်နေတဲ့အချိန်တွေမှာလည်း အဖော်လုပ်ပေးခဲ့ရတယ်၊ သူက ကျွန်တော့်ကိုဆို တစ်ခါမှဂရုစိုက်တာမဟုတ်ဘူးဗျ၊ သူက ဘယ်နေရာများ ဦးလေးအပေါ်မှားခဲ့ဖူးလို့လဲ၊ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြန်ဆက်ဆံရတာလဲ၊ လက်ထပ်မှတ်ပုံတင်နဲ့ ကတ်တစ်ကတ်ပေးထားရင် လုံလောက်ပြီလို့ထင်နေတာလား၊ သူ့အပေါ်ကို အခွင့်အရေးယူလို့ရပြီး အိမ်မှာ ဦးလေးမလိုချင်တာတွေကို သူ့ကိုပေးလိုက်ရင်ရပြီလို့တွေးထားတာလား၊ သူက ဦးလေးရဲ့ဇနီးဗျ၊ အိမ်အကူမဟုတ်ဘူး.."


ချင်ကျွင်းဟုန်မှာ စိတ်လွတ်သွားရန် အနည်းငယ်သာလိုတော့သည်။


ကျူးရှို့ရှန်းမှာ ဒေါသထွက်ရလွန်း၍ တဆတ်ဆတ်တုန်ယင်နေပြီး သူ့အားလက်ညိုးထိုးကာဖြင့်...


"မင်း..."


"ဟုတ်တယ်၊ ကျွန်တော် ဦးလေးရဲ့မမြင်ကွယ်ရာမှာ á€Ąá€­á€™á€şá€á€…á€şá€œá€Żá€śá€¸á€á€šá€şá€á€˛á€ˇá€á€šá€ş.." 


ချင်ကျွင်းဟုန်က ကွယ်ဝှက်မထားတော့ဘဲ ပြောလိုက်လေတော့၏။ 


"ကျွန်တော့်အမေအတွက် မတရားသလိုခံစားနေရလို့၊ သူ ဦးလေးကိုချစ်တယ်၊ ဦးလေး သူ့အပေါ် ဘယ်လိုပဲဆက်ဆံပါစေ သူဂရုမစိုက်ဘူး၊ ဒါပေမဲ့ ကျွန်တော်ကတော့သူမဟုတ်ဘူး၊ ဦးလေး သူ့အပေါ် အမှားလုပ်ခဲ့ရင် ကျွန်တော်က သူ့အတွက်တိုက်ခိုက်ပေးမှာပဲ၊ ဦးလေး ကျွန်တော့်ကို ဆူဆူရိုက်ရိုက် ကျွန်တော်လက်ခံနိုင်တယ်၊ ကျွန်တော်က ဦးလေးရဲ့သားမဟုတ်ဘူး၊ ဦးလေးက ဦးလေးရဲ့ကလေးတွေအတွက် ကျွန်တော့်အမေကိုလက်ထပ်ထားတာ၊ ဒါပေမဲ့ အမေကတော့ ဦးလေးကိုသဘောကျလို့လက်ထပ်ထားခဲ့တာ၊ ကျွန်တော်ကတော့

သူ့ရဲ့ကျန်နေတဲ့ဘဝတလျှောက်လုံး အခုလိုမျိုး မမျှမတဆက်ဆံခံနေရမှာကိုစိုးရိမ်တယ်၊ သူအမှားလုပ်မိလို့ ဦးလေး သူ့ကို သံသယဝင်နေရင်ဘယ်လိုလုပ်မလဲ၊ သူ့ကိုမောင်းထုတ်မှာမလား၊ အဲဒါကြောင့်ပဲ ကျွန်တော်သူ့အတွက် အိမ်ဝယ်ခဲ့တာ၊ အဲဒါကြောင့်ဗျ.."


ကျူးရှို့ရှန်းမှာ သူ့စကားကြောင့် အသက်မရှူနိုင်အောင်ဖြစ်သွားခဲ့သည်။


သူအသက်ရှူနေပုံက ပရမ်းပတာဖြစ်လာ၏။


ချင်မန်ဝမ်: "ကျွင်းဟုန်၊ ဘယ်လိုလုပ်စကားကို ဒီလိုမျိုးပြောနိုင်ရတာလဲ၊ မင်းရဲ့ဦးလေးကျူးမရှိဘဲနဲ့ အခုလိုမျိုး နေနိုင်မှာလား၊ တက္ကသိုလ်ကောင်းကောင်းတက်နိုင်ပြီး အလုပ်ကောင်းကောင်းရနိုင်ခဲ့မှာလား၊ ဘယ်လိုလုပ်ဒီလိုမျိုးလုပ်ရတာလဲ၊ မင်း...ဘာလို့ ဒီလောက်တောင် လောဘကြီးရတာလဲ.."


ချင်မန်ဝမ်က စိတ်မကောင်းဖြစ်သွားပုံရသည်။


"....."


သားအမိနှစ်ယောက်လုံးက လိုက်ဖက်ကြပေသည်။ မူလက ကျူးရှို့ရှန်း၏ ချင်မန်ဝမ်အပေါ်ဦးတည်နေသောဒေါသက ချင်ကျွင်းဟုန်၏ "ပြစ်တင်စကားများ" အပေါ် မြှားဦးလှည့်သွားလေသည်။ အငယ်တစ်ယောက်၏စကားကြောင့် ဇဝေဇဝါဖြစ်လာပြီး သူ၏လွှမ်းမိုးနိုင်မှုက လှောင်ပြောင်ခံလိုက်ရသလိုပင်ခံစားလိုက်ရသည်။ သို့သော် လက်ရှိအချိန်တွင် ချင်မန်ဝမ်မှာ အလွန်အမင်း "သတိကောင်း" နေပြီး ချင်ကျွင်းဟုန်ကိုဆုံးမလိုက်ကာ သူ့ "အတွေး" တို့ကိုထုတ်ပြောနေမှုအား တားဆီးလိုက်သည်။


ကျူးရှို့ရှန်း၏ သေးငယ်သောနှလုံးသားထဲတွင် နောက်ဆုံး၌ အပြစ်ရှိစိတ်လေးဝင်လာခဲ့သည်။


သူက ချင်မန်ဝမ်အား ပစ်မှတ်ထားနေသည်ကိုရပ်လိုက်ပြီး ချင်ကျွင်းဟုန်ကိုဆူလေတော့၏။ 


"ထွက်သွား၊ ကျူးမိသားစုထဲကနေထွက်သွားစမ်း၊ ထွက်သွားစမ်းကွာ.."


ချင်မန်ဝမ်က သူ့အားဆက်နေရန်ပြောချင်သလို ပြောလည်းမပြောရဲပေ။


ချင်ကျွင်းဟုန်က ဂရုမစိုက်သလို လက်ကိုခါယမ်းကာ ရဲတင်းစွာဖြင့် ဗီလာအပြင်ကိုထွက်သွားလေတော့သည်။


အိမ်မှထွက်လာပြီးနောက် သူဒေါသမထွက်ခဲ့ပေ။


ယနေ့ ကျူးရှို့ရှန်း၏သဘောထားက ကျူးရှို့ရှန်း၏တကိုယ်ကောင်းဆန်မှုနှင့် အကြင်နာတရားမရှိမှု အဆင့်အတန်းကို သူ့အားနားလည်သွားစေခဲ့သည်။ သူ၏ပိုက်ဆံများသာ အန္တရာယ်ရှိလာခဲ့လျှင် ဆယ်နှစ်ခန့်တအိပ်ရာတည်းအတူအိပ်လာသော ဇနီးသည်ကိုပင် အလွယ်လေးစွန့်ပစ်နိုင်လိမ့်မည်။


နှိုင်းယှဥ်ကြည့်ရပါက သူလိုချင်သည့်အရာနှင့်ပတ်သက်လာလျှင် မည်သည့်အရာကိုမဆို လုပ်နိုင်ပေလိမ့်မည်။

_______


ဘားထဲတွင် ကျူးရှင်း ဖုန်းချလိုက်ပြီး အစေခံက ထောင့်မှခိုးရိုက်ထားခဲ့သောဗီဒီယိုကို ကြည့်နေလေ၏။


ဗီဒီယိုထဲရှိ ချင်မန်ဝမ်မှာ သူမအတွက် သားဖြစ်သူ၏ မခံမရပ်နိုင်မှုတို့ကိုနားထောင်နေပြီး မျက်နှာရောအမူအရာပါကွက်တိပြောင်းလဲသွားခဲ့သည်။ သူမ၏ရဲရင့်သောဇနီးသည်ပုံစံ၊ သူမကိုယ်သူမ မေတ္တာဖြင့်ပေးဆပ်ထားသောမိခင်တစ်ယောက်အဖြစ်၊ ခင်ပွန်းသည်အတွက် နှိမ့်ချတတ်သူအဖြစ် á€•á€źá€Žá€¸á€•á€źá€Šá€şá€ˇá€…á€Żá€śá€…á€˝á€Źá€žá€›á€Żá€•á€şá€†á€ąá€Źá€„á€şá€•á€źá€‘á€Źá€¸á€œá€ąáá‹


ကျူးရှင်းမှာ ချင်မန်ဝမ်က သူမအပေါ် ကလေးအရွယ်တည်းက ကြင်နာပေးခဲ့သောကြောင့် သူမကိုအမြဲတမ်းကျေးဇူးတင်ခဲ့သည်။


သူမအမေကိုဆုံးရှုံးလိုက်ရပြီးသည့်နောက်ပိုင်း သူမကို ယခုလိုကြင်နာပေးမည့်သူမရှိတော့ပေ။


ဆေးရုံတွင် သူမအစ်ကိုကို သွားတွေ့ခွင့်ရရန် တင်းကြပ်ထားလင့်ကစား ချင်မန်ဝမ်ကသူမကို ပုန်းလျှိုးကွယ်လျှိုးဖြင့် ဆေးရုံလိုက်ပို့ပေးခဲ့သည်။


ချန်မန်ဝမ် သူမအပေါ်ဂရုစိုက်ပေးခဲ့ပုံက တုန်နေအောင်ချစ်သည်ဟု ပြော၍ရသည်။ သူမမှာ ချင်မန်ဝမ်နှင့်ချင်ကျွင်းဟုန်တို့အကြား ပြောဆိုနေခဲ့ကြသည့်စကားကို မကြားရခင်အထိ ချင်မန်ဝမ်ကို "အမေ" ဟုခေါ်ရန်ပင်တွေးကြည့်ခဲ့ဖူးသည်။


ထိုသူက သူမအပေါ်ကြင်နာပေးခဲ့သည်။ အကြောင်းမှာ သူမကကျန်းမာသည်။ သူမကအသုံးဝင်သည်။ သူမက လိမ္မာရေးခြားရှိသောကြောင့်ပင်။


ကျူးရှင်းက အေးတိအေးစက်မျက်လုံးများဖြင့် ဗီဒီယိုကိုကြည့်နေလိုက်သည်။


လော့ရှိုးက ကောင်တာမှသောက်စရာများကိုယူလာပြီး အမှတ်မထင် ဘား၏ခန်းမကိုလှမ်းကြည့်မိလိုက်သည်။ အနားတွင်တစ်ယောက်မှမရှိဘဲ ထောင့်၌ရပ်နေသောသူမက အထီးကျန်နေသလိုပင်။ သူမဝတ်ထားသည့်ပုံစံကိုကြည့်ပြီး လော့ရှိုးက ချက်ချင်းသိရှိသွားခဲ့သည်။


"ရှောင်.."


လော့ရှိုး ခေါ်တော့မည့်အချိန် မိန်းကလေးက ရုတ်တရက်ခေါင်းမော့လာပြီး လော့ရှိုးမှာ သူမ၏ မြူတစ်လွှာဖုံးအုပ်ထားသောမျက်နှာကြောင့် ကြက်သေသေသွားခဲ့သည်။


ကျူးရှင်းက သူ့ကိုမြင်သည်နှင့် အေးစက်နေသောမျက်နှာက လျော့ပါးသွားခဲ့သည်။ သူမက ရည်မွန်စွာဖြင့်ပြုံးပြလာလေသည်။ 


"အာ..လော့ရှိုးကော.."


လော့ရှိုး: "....."


သူမမျက်နှာထားက အမြန်ပြောင်းလဲသွားခြင်းဖြစ်ရာ လော့ရှိုးပင် အမြင်မှားသွားခြင်းဖြစ်မည်ဟု အတွေးဝင်သွားခဲ့သည်။


သူအမြင်မှားသွားတာများလား။


ဟုတ်လိမ့်မယ်။


ဒီလိုမိန်းမလှလေးတစ်ယောက်မှာ ဘယ်လိုလုပ် ဒီလိုမျိုးကြောက်စရာကောင်းတဲ့မျက်နှာမျိုးရှိမှာလဲ။


လော့ရှိုးက သောက်စရာများကိုကိုင်ထားရင်း လျှောက်သွားလိုက်သည်။ 


"ဘာလို့ ဒီရောက်နေတာလဲ.."


ကျူးရှင်း: "အခုလေးတင်ဖုန်းပြောလို့ပြီးသွားတာ.."


"အော်.." 

လော့ရှိုးက ရှည်ရှည်ဝေးဝေးမတွေးနေပေ။ 

"ဒါဆိုလည်းအတူသွားကြမယ်လေ၊ မင်းဘာကြိုက်တတ်မှန်းမသိလို့ မိန်းကလေးကြားထဲမှာ အပြောများတဲ့ဟာတချို့ယူလာခဲ့တယ်၊ ကြိုက်တဲ့ဟာကိုရွေးသောက်ပေါ့.."


ကျူးရှင်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။


"ရပါတယ် လော့ရှိုးကောကိုကျေးဇူးတင်ပါတယ်.."


လော့ရှိုးက ရှက်ရှက်နှင့်လည်ကိုဆန့်ထားရင်း သောက်စရာအိတ်ကြီးနှစ်အိတ်ကိုကိုင်ကာ အခန်းထဲသို့ဝင်သွားတော့သည်။


တံခါးဖွင့်လိုက်သည်နှင့် အခန်းထဲတွင်မူလရှိနေခဲ့သောလူသုံးယောက်မှ နှစ်ယောက်သာကျန်လေတော့၏။ လုကျစ်ယွီမှာ လော့ရှိူးမထွက်သွားမှီက နောက်ခံဘုတ်ပြားကြီးပမာ အခန်းထဲတွင်ရှိနေခဲ့ခြင်းဖြစ်၏။


ယခုတော့ လုကျစ်ယွီဘယ်ရောက်သွားသလဲမသိပေ။ ကျူးထုန်နှင့်ရှောက်မင်သာ အခန်းကျဥ်းလေးထဲမှဆိုဖာပေါ်တွင် ပူးကပ်၍ရှိနေခဲ့ကြသည်။ ကျူးထုန်က ဆိုဖာကိုမှီထိုင်နေပြီး ရှောက်မင်က သူ့အပေါ်ကို ကိုယ်တပိုင်းမှီထားခဲ့သည်။


"ငြိမ်ငြိမ်နေနော်.." 

ရှောက်မင်ကပြောနေသည်။


"ရ..ရပြီလား.." 

ကျူးထုန်အသံက အလွန်အမင်းတိုးတိမ်နေလေသည်။


"အခု.."


တံခါးဝမှ လော့ရှိုးနှင့်ကျူးရှင်း: "......"


"မင်..မင်ကော..."


လော့ရှိုးမှာ သူ၏သောက်စရာများ ပြုတ်ကျသွားတော့မတတ် ထိတ်လန့်နေလေပြီ။


ကျူးထုန်ညီမက ဒီမှာရှိနေတာကို။ မင်ကော၊ သူ့အမြွှာအစ်ကိုကိုဘာလုပ်နေတာလဲ။


"ရပြီ.." 

ရှောက်မင်က ပြောပြီးသွားသည်နှင့် ထရပ်ပြီးတံခါးဘက်ကိုလှမ်းကြည့်လိုက်သည်။

 "ဘာဖြစ်လို့လဲ.."


လော့ရှိုး: "...."


ကြည့်ရသည်မှာ သူ တစ်ခုခုကိုအထင်လွဲသွားခြင်းဖြစ်လိမ့်မည်။


လော့ရှိုးက လက်ထဲမှသောက်စရာများဖြင့်အထဲဝင်လာပြီး ဘဲဥပုံဆိုဖာအလယ်မှ စားပွဲရှည်ပေါ်ကိုချလိုက်သည်။


ကျူးရှင်းကမူ အေးဆေးပင် ကျူးထုန်မျက်လုံးပွတ်နေသည်ကိုကြည့်ပြီး ထိုင်ချလိုက်ကာ စိုးရိမ်နေသည့်အသံဖြင့်မေးလိုက်၏။ 


"ငါ့အစ်ကိုမျက်လုံးကဘာဖြစ်တာလဲ.."


ကျူးထုန်က ပြန်ဖြေလိုက်သည်။ 


"ဘာမှမဖြစ်ပါဘူး၊ မျက်လုံးထဲကိုမျက်တောင်ကျွတ်ကျသွားတာ...ဘာလို့ဒီလောက်ကြာနေတာလဲ၊ ဘယ်သူဖုန်းခေါ်တာလဲ..."


ကျူးရှင်းက မျက်နှာထားမပြောင်းပေ။ 


"စစ်စစ်ပါ၊ ငါကဒီရောက်နေတော့ ချိန်းထားတာကိုဖျက်လိုက်တဲ့အကြောင်းပြောဖို့မေ့သွားတာ၊ အဲဒါ သူ့ကို အလေးမထားဘူးလို့ထင်သွားတယ်လေ၊ အဲဒါကြောင့်ငါ့ကိုပြောဆိုနေတာ.."


သူမပြောသည့်စစ်စစ်က ကျူးရှင်းအထက်တန်းကျောင်း၌ ပထမဆုံးရခဲ့သော သူငယ်ချင်းဖြစ်လိမ့်မည်။ သူဆေးရုံတက်နေရစဥ်က သူတို့အတူလာခဲ့ကြသောကြောင့် သူ့အနေဖြင့် သူမကိုသိနေခဲ့သည်။


သူက ထပ်မမေးတော့ပေ။ မျက်တောင်မွှေးဖယ်လိုက်ပြီးသည့်တိုင် အနည်းငယ်ယားယံနေသေးသည်။ သူနောက်တကြိမ်ပွတ်မိသွားပြန်၏။


ထိုအခိုက် သူ့ဘေးမှလက်တစ်ဖက်က သူ့လက်ကိုကိုင်ကာဖယ်လိုက်ပြီး အကူအညီမဲ့နေသည့်အသံဖြင့်ဆိုလေသည်။ 


"မပွတ်နဲ့တော့ မင်းမျက်လုံးက ခဏနေသက်သာသွားလိမ့်မယ်၊ မျက်ရည်ပိုထွက်အောင် မျက်တောင်လေးပဲခတ်နေလိုက်.."


ကျူးထုန်က ကြိုးစားပြီး နှစ်ကြိမ်ခန့်မျက်တောင်ခတ်ကြည့်လိုက်ကာ ပို၍သက်သာလာခဲ့သည်။ သူက အံ့ဩသွားသည့်ပုံစံဖြင့်လှည့်ပြောလိုက်၏။ 


"မင်းဒီနည်းလမ်းကိုဘယ်လိုသိတာလဲ.."


ရှောက်မင်က သက်ပြင်းချလိုက်သည်။ 


"အတွေ့အကြုံအရ၊ ကိုယ်တို့လို မျက်တောင်ရှည်တဲ့လူတွေမှာ အဲဒီဒုက္ခမျိုးရှိတယ်လေ၊ အရင်ကဆို ခဏခဏဖြစ်တတ်လို့ ဘာလုပ်ရမှန်းမသိခဲ့ဘူး၊ နောက်တော့ ဒီနည်းလမ်းက အကောင်းဆုံးပဲဆိုတာသိသွားတာ.."


ကျူးထုန်: "....."


ဒါက ကြွားဝါတာလား။


ရှောက်မင်က နောက်တကြိမ်လက်မြှောက်လိုက်သည်။ 


"မင်းရဲ့မျက်တောင်တွေလည်းရှည်တာပဲလေ.."


ထိုသူက လက်ညိုးလေးကိုဆန့်ထုတ်လာသည်။ ကျွတ်ကျသွားသောမျက်တောင်ကို ထုတ်ပေးခဲ့သော တူညီသည့်လက်ညိုးက ကျူးထုန်၏မျက်လုံးအစွန်နားလေးကိုထိခတ်သွားခဲ့သည်။ ထိုသူ၏လက်ညိုးတွင် မျက်တောင်မွှေးလေးက ရှိနေဆဲပင်ဖြစ်လေ၏။


ကျူးထုန်မှာ ပြောစရာစကားမရှိတော့ပေ။.


ဘာလို့ရှောက်မင်က မလွှင့်ပစ်တာလဲ။


သူက တစ်ရှူးတစ်စကိုဆွဲထုတ်ကာ ဖယ်ပေးလိုက်သည်။


ရှောက်မင်ကဆက်ပြောလာ၏။ 


"ကိုယ်ကြားဖူးတာတော့ မျက်တောင်ကျွတ်ကျရင် ဆုတောင်းပြည့်တယ်တဲ့၊ အဲဒါကို မင်းလက်ထဲမှာထည့်ပြီးဆုတောင်းရင် တကယ်ဖြစ်လာလိမ့်မယ်.."


"....."


ကျူးထုန်မှာ ယခုလို မဟုတ်မဟတ်အယူအဆမျိုးကို သံသယဝင်နေလေ၏။ 


"တကယ်ကြီးလား..."


ရှောက်မင်ကပြုံးပြလိုက်သည်။


 "တကယ်ပြောတာ၊ စမ်းကြည့်ချင်လား.."


ကျူးထုန်: "....."


ထားလိုက်တော့၊ တွေးကြည့်ရုံနဲ့တင် ကြောင်တောင်တောင်ကြီး။


ကျွတ်ကျသွားသောမျက်တောင်ကိုသုတ်လိုက်ပြီဖြစ်သလို တစ်ရှူးဖြင့်လည်းဖယ်လိုက်ပြီဖြစ်သည်။


ရှောက်မင်က သူ့ကိုကြည့်ကာပြုံးနေ၏။ ဤတကြိမ်၌ ကျူးထုန်မျက်လုံးထဲတွင် အလွန်တရာမှ ရူးကြောင်ကြောင်နိုင်နေသည်။


သူ့ဘေးမှလော့ရှိုးကမူ ထပ်သည်းမခံနိုင်တော့၍ ပလက်စတစ်အိတ်ကိုဖွင့်လိုက်သည်။ 


"ရှောင်ရှင်း၊ ဘာသောက်မလဲ.."


သောက်စရာလေးတွေပဲရွေးရအောင်။ ကဲနေတဲ့အဲဒီနှစ်ယောက်ကိုမေ့ထားလိုက်။


ကျူးရှင်းက ရှုပ်ထွေးနေသော စိတ်အခြေအနေဖြင့် ပြန်ကြည့်လာသော်လည်း မေးလိုက်သေးသည်။ 


"ဘာတွေပါလဲ.."


လော့ရှိုးကသောက်စရာနှစ်မျိုးထုတ်လိုက်သည်။ 


"ဘယ်ရီကိုလာနဲ့ အပျော့စားဘယ်ရီသီးဖျော်ရည်၊ နှစ်ခုလုံးက အယ်လ်ကိုဟောမပါဘူး၊ ဒါကိုကျူးထုန်နဲ့သောက်လို့ရတယ်.."


ကျူးရှင်းက ခေါင်းညိတ်ပြလိုက်သည်။ 


"အိုကေ..."


ကျူးထုန်က အပျော့စားဘယ်ရီဖျော်ရည်ကိုယူပြီး သူ့အားကျေးဇူးတင်စကားပြောလာလေသည်။




🤒