Chapter - 58 (လရဲ့ အရိပ်..) "မင်းက ဒီမှာပဲ" ချင်းယင်သည် ကုန်းပတ်ပေါ်တွင် ရပ်ကာ အဝေးမှ ကြယ်များကို ကြည့်နေပြီး လေပြင်းကြောင့် သူ့နောက်မှ ဝတ်ရုံစသည် လေနှင့်အတူ လွင့်မျောနေသည်။ စစ်သင်္ဘောသည် ယခုအချိန်တွင် အရှိန်ဖြင့် ရွေ့လျားနေပြီး ကျောင်းမြန်သည် ချင်းယင်၏ စစ်သင်္ဘောကို နောက်တစ်ကြိမ် ပြန်စီးရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ မူဟိုင်ဝမ်သို့ သွားကာ ခဏစောင့်လိုက်ပြီး လှေငယ်တစ်စီးဖြင့် အဘိုးအိုတစ်ဦး ဝင်လာသည်ကို တွေ့သောအခါ ထိုလှေဖြင့် သူ့ကို ဒီကို ခေါ်လာခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ကျောင်းမြန်သည် မူလက သူ့ကံကြမ္မာကို စမ်းသပ်ကြည့်ချင်ခဲ့သော်လည်း ချင်းယင်သည် ၎င်းကို မှတ်မိနေလိမ့်ဦးမည်ဟု သူမထင်ခဲ့မိပေ။ "မင်းကို မှတ်မိနေမယ်လို့ ငါမထင်ထားခဲ့ဘူး..." ချင်းယင်လည်း ပြုံးပြီး ပြောလိုက်သည်။ "မင်းပြန်လာချင်တဲ့ အချိန်တိုင်း မူဟိုင်းပင်လယ်အော်ရဲ့ ဒီရေတက်တဲ့ အချိန်မှာ ငါ့ကို စောင့်နေဖို့ ပြောဖူးသားပဲ...." ကျောင်းမြန် ဆိတ်ဆိတ်သာ နေလိုက်သည်။ ချင်းယင်သည် ကျောင်းမြန်အား အချိန်ပြည့် သတ်ပစ်ချင်နေသောကြောင့် အကုန်လုံးကို မှတ်မိနေခြင်းသာဖြစ်လိမ့်မည်။ "ငါပြောပါတယ်...မင်းပြန်လာမှာပါလို့..." ချင်းယင်သည် ရှေ့သို့တိုးသွားပြီး ကျောင်းမြန်၏ ကျနေသော ဆံပင်များကို သပ်ပေးရန် လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောသည်။ "မင်းရဲ့ ရည်ရွယ်ချက်က ဖြူစင်တာပဲ ဖြစ်ဖြစ် မသန့်ရှင်းတာပဲ ဖြစ်ဖြစ်" ခဏအကြာတွင် ကျောင်းမြန်သည် အဓိက လိုရင်းကို တစ်ခါတည်း ပြောလိုက်သည်။ "မင်း... ငါ့ရည်ရွယ်ချက်က မသန့်ရှင်းဘူးဆိုတာ မင်းလည်းသိတာပဲ....ဇာစ်ဘုရင်မရဲ့ အဆိပ်အတွက် ဖြေဆေးလိုချင်တယ် ဆိုရင်ရော ဘယ်လိုအခြေအနေရှိလဲ..." ချင်းယင်သည် မျက်ခုံးကို ပင့်တင်လိုက်သည်။ "အရမ်းကို ရှင်းပါတယ်...ငါက မင်းကို ဒီမှာပြန်လာပြီး နေစေချင်တယ်" ချင်းယင် ပြုံးပြီး ဆက်ပြောလေသည်။ "အခုလိုဖြစ်နေတာ နှစ်အတော်ကြာပြီပဲ..." "ကောင်းပြီလေ" ကျောင်းမြန် အလွန်ရိုးသားစွာဖြင့် အောက်သို့ငုံ့ကာ လက်ကိုဆန့်ထုတ်ပြီး ပြောလိုက်သည်။ "ငါ ဒီမှာ ရောက်နေပြီပဲ.... ဖြေဆေး ဘယ်မှာလဲ" ချင်ယင်လည်း ပြုံးကာ သူ့ဘေးတွင် ရပ်နေသည့် လက်ထောက်ဘက်သို့ လှည့်ကာ မှာလိုက်သည်။ "ဗိုလ်ချုပ်ကျောင်း အတွက် အကောင်းဆုံးအခန်းကို မေးပြီး ပြင်ပေးလိုက်.." "ဟုတ်" ချင်းယင် ထွက်သွားပြီးနောက် သူသည် အရပ်ရှည်ပြီး မုတ်ဆိတ်မွေးများ ထူပိန်းနေသည့် လက်ထောက်နောက်မှ လိုက်သွားပြီး ကုန်းပတ်ပေါ်သို့ လှည့်ပတ်ကြည့်နေလိုက်သည်။ လမ်းတစ်လျှောက်ရှိ အခြားပင်လယ်ဓားပြများသည် ကျောင်းမြန်ကို မြင်သောအခါ တစ္ဆေသရဲမြင်လိုက်ရသကဲ့သို့ မျက်လုံးများပြူးကျယ်သွားကြပြီး အချင်းချင်း တီးတိုးပြောနေကြသည်။ "ဒါက အကျဉ်းသားမဟုတ်ဘူးလား" "အင်းနော်....အကျဉ်းသားတစ်ယောက်နေဖို့နေရာက အရမ်းကောင်းတာပဲ...." "ညှိနှိုင်းလိုက်လို့ များလား..." ထိုတီးတိုးစကားများသည် လက်ထောက်၏နားထဲသို့ ရောက်သွားပြီး ချက်ချင်းရပ်ကာ နောက်လှည့်ပြီး အော်ဟစ်လိုက်သည်။ "မင်းတို့ရဲ့ နားတွေ၊ ခွေးမျက်စိတွေကို သေချာ ကျယ်ကျယ်ဖွင့်ပြီး မြင်အောင်ကြည့်လိုက်ကြစမ်း...ဒါ သခင်လေး ယွီယင်ကွ..." ထိုစကားများ ပြောပြီးသည်နှင် လူတိုင်း တိတ်ဆိတ်သွားကြသည်။ ခဏတာတော့ ပင်မစစ်သင်္ဘောမှ ကင်းထောက်လှေငယ်အထိ လူတိုင်း ဆူညံ့သွားကြသည်။ " လအရိပ်အရှင် ပြန်ရောက်လာပြီ " "ကြားလိုက်လား... လအရိပ်အရှင် ပြန်ရောက်လာပြီတဲ့ နောက်ဆုတ်ကြ...!" "ဒါပေမယ့် ငါကြားဖူးတာတော့ အဲဒီလူက အဖွဲ့ချုပ် ဒါမှမဟုတ် ရေခဲမြစ်က အဆင့်မြင့်အရာရှိဆို" "ငါလည်း သေချာမသိဘူး ဒါပေမယ့် သူက ငါတို့ရဲ့ သခင်လေးယွီယင်ဆိုတာ မင်းသိထားရင်ရပြီ... ဒါကြောင့် သူနဲ့ သွားမရှုပ်နဲ့! အဲဒါ... ဘုရင်မပဲ!" "ယွီယင် ပြန်ရောက်လာပြီလား..!" စီဆဲလ် သည် သူ့စားပွဲတွင် ထိုင်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ဟုတ်ကဲ့...” ကတ်စပါ : “ပင်လယ်ဓားပြသင်္ဘောပေါ်က သူလျှိုတွေရဲ့ တင်ပြချက်အရဆိုရင် သခင်လေး ယွီယင် ပြန်ရောက်လာပြီလို့ ပြောပြီး သူ့ကို ဆက်သွယ်ဖို့ အခွင့်အရေး မရသေးပါဘူး...သူက ပြန်ရောက်လာကတည်းက အခန်းထဲမှာပဲ နေနေတယ်လို့ ပြောပါတယ်..." စီဆဲလ်သည် လအရိပ်ကို ကောင်းစွာသိသည်။ ချင်းယင်၏ဖခင် ကွယ်လွန်ပြီးနောက် ပင်လယ်ဓားပြများ ပရမ်းပတာ ဖြစ်ခဲ့ရသည်။ ခေါင်းဆောင်ရာထူးအတွက် လူတိုင်း တိုက်ပွဲဝင်ခဲ့ကြသည်။ အဆုံးတွင် ချင်းယင်သည် လူတိုင်း၏အလောင်းများကို နင်းဖြတ်ပြီး နန်းတက်ခဲ့သည်။ ထိုအချိန်တွင် သူ့အနားတွင် အလွန်ကျွမ်းကျင်သည့် လူတစ်ယောက်ရှိသော်လည်း စကား ချင်းယင်၏ အနားရှိ လူများ စိတ်မတည်ငြိမ်သလောက် ထိုလူသည် နူးညံ့သိမ်မွေ့သည်ဟု ပြောတာ ကြားဖူးသည်။ သူ့ကို ယွီယင်ဟု ခေါ်ရခြင်းမှာ သူ၏ မကောင်းသည့် စိတ်ထားကြောင့် မဟုတ်ပဲ ထိုလူသည် အနက်ရောင်ဝတ်စုံကိုသာ အမြဲ ဝတ်ဆင်တတ်ပြီး သူ၏ဆံနွယ်များသည် လ၏ အရောင်နှင့် အလွန်တူညီသည့် ငွေပြာရောင်ဖြစ်နေလို့ ဖြစ်သည်။ ပင်လယ်ဓားပြများအတွက် ယွီယင်၏ အဆင့်အတန်းသည် အနီရောင်အရိပ်နှင့် တန်းတူဖြစ်ပြီး အနီရောင်အရိပ်သည် သူနှင့်တန်းတူ အာဏာပေးထားလေသည်။ ထို့ကြောင့် လက်အောက်ခံများသည် အနီရောင်အရိပ်သည် သူတို့၏ 'ဘုရင်' ဖြစ်ပြီး ယွီယင်က 'ဘုရင်မ' ဟု သတ်မှတ်ထားကြသည်။ သို့သော် ယွီယင်၏ သွင်ပြင်အစစ်အမှန်ကို မည်သူမှ မမြင်ဖူးကြပေ။ စီဆဲလ် တိတ်ဆိတ်နေခဲ့သည်။ ကတ်စပါ ကလည်း မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်သည်။ "သူများ....ဖြစ်နိုင်မလား..." စီဆဲလ် : "ဒါဆိုရင် ငါတို့ရဲ့ သူလျှိုတွေကို သူ့ကို ကာကွယ်ဖို့ ပြောလိုက်....ဘာပဲဖြစ်လာဖြစ်လာ သူ့ကိုပဲ ပိုဂရုစိုက်ခိုင်းပါ" "ဟုတ်ကဲ့ပါ..." "မင်းရန်တို့ ဘက်ကိုလည်း ကျောင်းမြန် ဖျားနေလို့ စံအိမ်မှာ နားနေတယ်ဆိုပြီး သတိပေးစာထုတ်ခိုင်းလိုက်....ပင်လယ်ဓားပြတွေနဲ့ ပက်သတ်နေတယ်ဆိုပြီး သူ့ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေတဲ့ သတင်းတစ်ချက်မှ မထွက်လာစေနဲ့...." "ဟုတ်ကဲ့" စီဆဲလ်သည် သူ့ရှေ့မှ အစီရင်ခံစာကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားသည်။ "အား... " စီဆဲလ်သည် စားပွဲ ခုံအား ခပ်ပြင်းပြင်း ထုချလိုက်သည်။ လွန်ခဲ့သည့် ရှစ်နှစ်ကတည်းက လအရိပ်သည် ကျောင်းမြန်မှန်း သူ့စိတ်ထဲမှ သိနေခဲ့သည်။ ကျောင်းမြန်သည် ချင်းယင်နှင့် အတူရှိနေဖူးကြောင်းလည်း ဖော်ထုတ်ခံရဖူးသည်။ "ဘာလို့ ငါနဲ့ မတိုင်ပင်ရတာလဲ" စီဆဲလ်သည် အံကြိတ်ကာ.... "ဒီအတိုင်းပဲ ထားခဲ့ပြန်ပြီ....!" စီဆဲလ်သည် လွန်ခဲ့သည့် နှစ်ရက်အတွင်း အိပ်ချိန်စားချိန် မမှန်တော့ဘဲ သူဘာပဲလုပ်လုပ် စိတ်တိုနေတော့သည်။ ကတ်စပါသည် ခဏရပ်ကာ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "ဒါပေမယ့် ဗိုလ်ချုပ်ကြီး... ဆရာလည်း သူ့ကို Blue Wings နဲ့ Black Phoenix အကြောင်း မပြောခဲ့ဘူးလေ..." စီဆဲလ် ဆွံ့အသွားသည်။ စီဆဲလ်၏ ဒီရက်ပိုင်း အခြေအနေသည် ဆိုးရွားနေသောကြောင့် ကတ်စပါသည် ပြဿနာမရှာဝံ့တော့ဘဲ အနည်းငယ် ဦးညွှတ်ပြီး ထွက်သွားတော့သည်။ စီဆဲလ်၏ ရင်ဘတ်ထဲတွင် တင်းကြပ်ကာ အခုထိ ဒေါသထွက်နေဆဲဖြစ်သည်။ ထိုနေ့က စာကိုမြင်ပြီးကတည်းက စီဆဲလ်သည် ရူးသွပ်သွားပြီး သူ့အား တစ်ရက်နှင့်တစ်ညတိတိ လိုက်ရှာခဲ့ပြီးသည့်တိုင်အောင် မတည်ငြိမ်နိုင်သေးပါ။ ကျောင်းမြန် ထိုသို့ လုပ်လိမ့်မည်ဟု ဘယ်တုန်ူကမှ မထင်ခဲ့ဖူးပါ။ အမြဲတစေ နူးညံ့သိမ်မွေ့ပြီး သီးသန့်ဆန်သောလူသည် ဒေါသထွက်နေလျှင်တောင်မှ သူ့ဘာသာသူ နှုတ်ဆိတ်နေတတ်သူသည် သူ့အား ဘာလို့ အခုလိုမျိုး ထားခဲ့ရသလဲ ဆိုတာ သူမသိတော့ချေ။ ကျောင်းမြန်သည် ဗိုလ်ချုပ်တစ်ဦး စစ်ဦးစီးချုပ်တစ်ဦးဖြစ်ကြောင်း သူသိသော်လည်း... စီဆဲလ်သည် သူ့မျက်နှာကို လက်ဖဝါးဖြင့်ပွတ်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူသည် နှစ်ပေါင်းများစွာကြာအောင် မာနကြီးပြီး မောက်မာကာ ကိုယ့်ကိုကိုယ် အရမ်းဂုဏ်ယူနေခဲ့သူဖြစ်သည်။ စီဆဲလ်သည် အိမ်ထောင်ရေးနှင့် အချစ်ရေးတွင်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေသောကြောင့် ကျောင်းမြန် သူ့အား ထားခဲ့သည့် အချက်အား အခုထိ လက်မခံနိုင်သေးပေ။ "ဒီး.....ဒီး..." စီဆဲလ် သူ့ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ဖုန်းကို ဖြေလိုက်သည်။ "ဘယ်သူလဲ...." "ကျွန်တော်....ဗိုလ်ချုပ် ဒန်နီပါ..." "ငါမဖြေ ပေးနိုင်ဘူး...အတွင်းရေးမှူးဆီက မေးလိုက်.." “မဟုတ်ဘူး…အဲဒါ…” ဗိုလ်ချုပ်သည် သူ့အထက်လူကြီး၏ ဒေါသကို အချိန်မီထိန်းထားလိုက်သည်။ "ကျွန်တော်လည်း အတွင်းရေးမှူးပါ" ဟု ပြန်မပြောခင် ခဏရပ်ကာ.... "အထူး သတိပေးချက်ပါ.... ဗိုလ်ချုပ်ကြီးက ကျွန်တော့်ကို တိုက်ရိုက်သတင်းပို့ခိုင်းထားပါတယ်” "ပြော!" "ဗိုလ်ချုပ်ကြီးကို သတင်းပို့ပါတယ်.... Black Phoenix ရဲ့ ခေါင်းဆောင်ကို ခြေရာခံမိပါပြီ...." စီဆဲလ်၏ မျက်လုံးများ တောက်ပလာသည်။ "ကောင်းပြီ!" ထိုစကားကို ပြောပြီးနောက် စီဆဲလ်သည် သူ့အင်္ကျီကိုယူကာ အလျင်စလို ထွက်သွားတော့သည်။ သူသည် စစ်သင်္ဘောမှ မီးရောင်များသည် ညကောင်းကင်တစ်ဝက်ကိုပင် လင်းထိန်နေစေ၏။ "ပြန်လည်ကြိုဆိုပါတယ်....ငါ့ရဲ့ လမင်း" အနီရောင်အရိပ်သည် သူ့ဝိုင်ခွက်ကို မြှောက်လိုက်သည်။ ချင်းယင်သည် ကျောင်းမြန်အတွက် ဧည့်ခံပွဲကျင်းပသည်။ ဤအခိုက်တွင်၊ ကုန်းပတ်ပေါ်တွင် ပွဲတော်တစ်ခုရှိနေကာ ပတ်ဝန်းကျင်တစ်ခုလုံး ဝိုင်နံ့များဖြင့် ပြည့်လျှံနေပြီး ဆူညံသံများ ထွက်ပေါ်နေပါသည်။ ချင်းယင်နှင့် ကျောင်းမြန်တို့သည် တစ်ဖက်တွင်နေကာ တခြားလူများနှင့် ကင်းကွာနေပြီး ကုန်းပတ်ပေါ်တွင် ရှုခင်းကြည့်ကာ စားပွဲရှည်တွင် အရက်သောက်နေကြသည်။ အဝေးမှ ရှုခင်းများကို ကောင်းကောင်းမြင်နိုင်ပြီး အောက်နားက လူများ၏ စိတ်လှုပ်ရှားမှုကိုလည်း ကောင်းကောင်းမြင်နိုင်လေသည်။ "ချွင်" ဆိုသည့် အသံနှင့်အတူ၊ ကျောင်းမြန်သည် ချင်းယင်၏ ဝိုင်ခွက်အား အမူအယာမဲ့စွာဖြင့် ခွက်ချင်းတိုက်လိုက်သည်။ ချင်းယင်က ပြုံးလိုက်ပြီး ဆို၏။ "မင်းဒီနှစ်တွေမှာ ကောင်းကောင်းနေခဲ့ရတာပဲ..." "အင်း...မဆိုးပါဘူး" ကျောင်းမြန် ခေါင်းညိတ်ပြလိုက်သည်။ မင်း ဒီမှာ ပိုပြီးကောင်းကောင်းနေနိုင်တယ်၊ ဒါမှမဟုတ် မင်းဒီမှာနေတာ ပိုကောင်းတယ်" ချင်းယင်သည် ခွက်ထဲမှ အရည်များကို ခါယမ်းလိုက်ပြီး ပြော၏။ "မင်း...ဒီမှာဆို အရမ်းလွတ်လပ်တယ်...စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့လည်း မလိုသလို.... ပြည်သူတွေရဲ့ အထင် အမြင်တွေကိုလည်း ဂရုမစိုက်စရာ မလိုဘူး....စစ်တပ်နဲ့လည်း ချုပ်နှောင်ထားလို့လည်းမရဘူး...." ချင်းယင် ရှေ့သို့တိုးကာ အနည်းငယ်ငုံ့ပြီး ပြုံးလျက် ပြောလိုက်သည်။ " ငါ့နေရာမှာဆိုရင် မင်းသတ်ချင်တဲ့သူကို အချိန်မရွေး သတ်လို့ရသလို...မင်းလိုချင်တာ မှန်သမျှလည်း ရနိုင်တယ်....." ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ငါ မင်းကို တစ်ခုပြမယ်" အနီရောင်အရိပ်သည် လက်ထောက်ကို ခေါင်းညိတ်ပြကာ ထွက်သွားစေလိုက်သည်။ ခဏအကြာတွင် ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။ အမျိုးသားအများစုကို ကြိုးတုပ်ပြီး ကုန်းပတ်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ထိုအမျိုးသားများသည် အလွန်ပိန်လှီပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြပြီဖြစ်သည်။ သူတို့၏ ဆံပင်များသည် တင်ပါးအထိရှည်ကာ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ အကြီးအသေးလေးများနှင့် အမာရွတ်အဟောင်းများဖြင့် ပြည့်နှက်နေကာ ထိုဒဏ်ရာများသည် ကောင်းမွန်စွာ ကုသမှု မခံရသောကြောင့် အချို့သည် ပုပ်ပွနေပြီဖြစ်သည်။ ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။ "အဲ့ဒါ ဘယ်သူတွေလဲ မှတ်မိသေးလား" ချင်းယင် မျက်တောင်တစ်ချက် ခတ်လိုက်သည်။ ကျောင်းမြန် ဆွံ့အသွားသည်။ သူ သိသွားခဲ့ပြီ...။ ထိုနှစ်တွင် ကျောင်းမြန်သည် မာရှယ်ကျောင်းနှင့် အတူ ပိုင်ဟဲအစိုးရ၏ လျှို့ဝှက်အေးဂျင့်နှင့် တွေ့ဆုံခဲ့သည်။ ကျောင်းမြန်သည် တိုးတိုးတိတ်တိတ် လုပ်ဆောင်ခဲ့သော်လည်း မစ်ရှင်တစ်ခု လုပ်ရန် ထွက်သွားသည့် အချိန်တုန်းက သတိလက်လွတ်ဖြင့် သူ့ကိုယ်သူ မတော်တဆ ဖော်ထုတ်မိသွားသည်။ ထိုအချိန်တွင် ချင်းယင်သည် အာဏာရှိကာ ရည်ရွယ်ချက်ကြီးမားသည် လူငယ်တစ်ယောက်ဖြစ်လေသည်။ ထိုသူသည် ကျောင်းမြန်၏ နေရာတွင် အစားဝင်ကာ ချင်းယင်၏ ဘေးတွင် ဩဇာအာဏာရှိကာ ယုံကြည်ရသောသူဖြစ်လာချင်ခဲ့သည်။ ထို့ကြောင့် ထိုခေါင်းဆောင်သည် ဤအကြောင်းကို သိသွားသည့်အချိန်တွင် ကျောင်းမြန်၏နောက်သို့ အရူးသဖွယ် လိုက်တော့သည်။ ကျောင်းမြန်သည် ပင်လယ်ဓားပြစခန်းမှ လွတ်မြောက်သွားပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာအပြည့်ဖြင့် မာရှယ်ကျောင်း၏ လူများက ကယ်တင်ပေးခဲ့ပြီး ထိုအချိန်မှစ၍ သူသည် ရေခဲမြစ်၏ ရေတပ်ဗိုလ်ချုပ်ကျောင်း ဖြစ်လာခဲ့သည်..။ "ဒီခေါင်းဆောင်က လူတွေကို နောက်ကြောင်းကို အတင်းလိုက်စုံစမ်းတာ အရမ်းအောက်တန်းကျတာပဲ....တစ်ယောက်၊ နှစ်ယောက်... အိုး... ငါးယောက်တောင်ပဲ...." ချင်းယင်က ပြုံးပြုံးလေး ပြောလိုက်သည်။ "စဉ်းစားကြည့်....ဒါ ငါ့ဆီက လက်ဆောင်ပဲ.." "မင်း...သူတို့ကို ဖမ်းထားတာလား...." ကျောင်းမြန် စူးရဲစွာ ကြည့်လိုက်သည်။ ဒါက နှစ်တွေအရမ်းကြာနေပြီလေ.....။ "ဒါပေါ့...." သူက ပခုံးတွန့်လိုက်သည်။ အောက်တွင် ချင်းယင်၏ လက်ထောက်သည် လူသွေးများထည့်ထားသည့် ရေပုံးများကို ပင်လယ်ထဲသို့ လောင်းထည့်ရန် အမိန့်ပေးသည်ကို သူတွေ့လိုက်ရသည်။ ခဏအကြာတွင် ချွန်ထက်မြနေသည့် ပင်လယ်မိစ္ဆာများ၏ ဦးချိုများ ရေထဲမှ ထိုးထွက်လာသည်ကို တွေ့လိုက်ရသည်။ ကျောင်းမြန်သည် ချင်းယင် ဘာလုပ်တော့မည်ကို ယောင်ဝါးဝါး မှန်းဆမိသဖြင့် အံ့အားသင့်သွားကာလှည့်ကြည့်လိုက်သည်။ "ငါ.. မင်းကို လက်စားချေဖို့ ကူညီမယ်" ချင်းယင် ပြုံးလိုက်သည်။ ထို့နောက် လက်ထောက်သည် ပထမလူကို ပင်လယ်ထဲသို့ တွန်းချလိုက်သည်ကို မြင်လိုက်ရသည်။ "ဗွမ်း..." ထို့နောက် ရှိုက်ကြီးတငင်နှင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ခဏအကြာတွင် သွေးများ၊ အသားစများနှင့် ပျက်စီးနေသည့် ကိုယ်တွင်းအင်္ဂါများသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါလောမျောလာသဖြင့် ကုန်းပတ်ပေါ်မှ လူများသည် ဘာစကားမှ မပြောရဲကြဘဲ တိတ်ဆိတ်နေကြသည်။ ပြင်းထန်သော သွေးအနံ့သည် အထက်သို့ပျံ့သွားကာ အမြင့်တွင်ထိုင်နေသော ကျောင်းမြန်ဆီကိုပင် အနံ့ရလာသည်။ ကျောင်းမြန်၏ မျက်နှာ ဖြူဖျော့လာပြီး သူ့တစ်ကိုယ်လုံးရှိ သွေးများ အေးခဲသွားသည်။ အနီရောင်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ ပြီးနောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်ထိ အလှည့်ကျစီ ပင်လယ်မိစ္ဆာများအား ကိုက်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ကျောင်းမြန် ဘာမှစဥ်းစားလို့ မရတော့ဘဲ.... နောက်ကျောတစ်လျှောက် ချွေးများစိုစွတ်လာကာ သူ့လက်ချောင်းများ အေးစက်လာပြီး သတိပါလစ်ချင်လာသည်။ "ကျေနပ်ရဲ့လား..." ချင်းယင်သည် သူ့လက်နှစ်ဖက်ကို ဖြန့်ကာ ပုခုံးတွန့်ပြီး ပြုံးကာပြော၏။ "ကဲ အခုဆို မင်းငါ့အနားမှာ နေလို့ရပြီ..." ချင်းယင် အေးစက်စွာ အော်ဟစ်ကာ "သူတို့သာ မရှိခဲ့ရင် မင်းထွက်သွားမှာမဟုတ်ဘူး" ကျောင်းမြန် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းမော့ပြီး ချင်းယင်အား စိုက်ကြည့်နေလိုက်သည်။ ချင်းယင်သည် ကျောင်းမြန်၏အကြည့်ကြောင့် နူးညံ့စွာပြောလေသည်။ "အာ့မြန်ရယ်...ဒီလူတွေကြောင့်သာ မဟုတ်ရင် မင်းကို ငါဘာလို့ နှင်ထုတ်မှာလဲ...မင်း ဘာပဲလုပ်လုပ် ငါခွင့်လွှတ်ပေးတာ မင်းသိတာပဲ...အဲ့ဒါကို ဘာလို့ အခုမှပြန်လာရတာလဲ...." ကျောင်းမြန် ခေါင်းငုံ့ထားရာမှ ပြန်မော့လိုက်ပြီး ချင်းယင်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ငါ ထွက်သွားသည်ဖြစ်စေ ပြန်လာသည်ဖြစ်စေ အရေးမကြီးဘူး... ဒါပေမယ့် အဲ့လိုဖြစ်နေတာကလည်း သူတို့ကြောင့် မဟုတ်ဘူး" ချင်းယင် ခဏရပ်လိုက်သည်။ "အို့...." ကျောင်းမြန် ပြုံးလိုက်ကာ.... "အဲ့ဒါ မင်းကြောင့်ပဲ" ချင်းယင်သည် ဘာစကားမှမပြောဘဲ ကျောင်းမြန် ကိုသာ ကြည့်နေသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အချိန်တစ်ခုကြာသည်အထိ ကြည့်နေကြသည်။ ခဏနေတော့ ချင်းယင်သည် အကြည့်လွှဲကာ ပြုံးလိုက်ပြီး ပြောသည်။ "မင်း စားတော့...ဗိုက်ပြည့်အောင်စားထား... မနက်ဖြန် ငါတို့ F8စွန့်ပစ်ကြယ်ကို သွားမှာ..." ထို့နောက်ခချင်းယင်သည် အချိန်ကိုကြည့်ကာ လက်ကျန်ဝိုင်ကို မော့သောက်ပြီး ထွက်သွားခဲ့သည်။ လှေကားဘေးမှာရပ်နေသည့် ချင်းယင်သည် မျက်တောင်တစ်ချက်ခတ်ပြီး ပြော၏။ "မြို့ကိုသွားပြီးတော့ လုယက်ကြမယ်..." ချင်းယင် ထွက်သွားသည်ကို ကြည့်ပြီး သူ့ခန္ဓာကိုယ်ထဲက သွေးများ တဖြည်းဖြည်း ဆူပွက်လာတော့သည်။ "သခင်လေး..." ဘေးနားမှ ပင်လယ်ဓားပြသည် ရှေ့ကို ငုံ့ကာ မေး၏။ "သခင်လေးကို ပြန်ခေါ်သွားပေးရမလား" "မလိုဘူး..." ကျောင်းမြန် အေးစက်သောမျက်နှာဖြင့် မတ်တပ်ရပ်လိုက်သည်။ အခန်းထဲပြန်ဝင်လာပြီးနောက် ကျောင်းမြန်သည် အိမ်သာဆီသို့ တန်းတန်းမတ်မတ်သွားကာ ဘေစင်ထဲသို့ အန်ချလိုက်သည်။ ကျောင်းမြန်သည် လက်တစ်ဖက်ဖြင့် ဘေစင်ကိုကိုင်ကာ သူ့ဆံပင်ကို နောက်လက်တစ်ဖက်ဖြင့် သိမ်းလိုက်ပြီး ညမိုးချုပ်သွားသည်အထိ အန်နေသည်။ "ဟွတ်....အဟွတ်....." ကျောင်းမြန် တစ်ညလုံး သည်းခံခဲ့ရသည်။ နောက်ဆုံး အသက်ရှုကြပ်သည်အထိ အော့အန်ပြီးနောက် သူသည် ရေချိုးကန်ဘေးတွင် ထိုင်ချကာ နဖူးပေါ်ရှိ ချွေးများကို တို့ထိလိုက်သည်။ ဘာဖြစ်တာလဲ....။ သူသည် အသက်ပြင်းပြင်းရှူကာ မျက်မှောင် ကြုတ်လိုက်သည်။ သူ ဒီလောက်ထိ နူးညံ့နေလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဘာတွေဖြစ်နေတာလဲ.....။ အသက်ကို မှန်မှန်ရှူရင်း ကျောင်းမြန်သည် သူ့လက်ကောက်ဝတ်တွင် ပတ်ထားသည့် တာမီနယ်ကို သင့်တော်သည့် အနေအထားသို့ ရွှေ့လိုက်ပြီး အွန်လိုင်းဆရာဝန်နှင့် ပြောထားသည့်နေရာကို ဖွင့်လိုက်သည်။ ဒင်ဒေါင်! ဆေးစစ်ချက် ရလဒ်ထွက်လာပြီဖြစ်သည်။ ကျောင်းမြန် မျက်လုံးပြူးသွားသည်။ ဘုရားရေ..... ------------------------------------------------------------------------